← Chapters

ပြောင်းလဲသွားသည့်အခြေအနေ

Vol. 104 Ch. 1455

ပြောင်းလဲသွားသည့်အခြေအနေ

Vol. 104 Ch. 1455

အခန်း (၁၄၅၅) ပြောင်းလဲသွားသည့်အခြေအနေ

ရန်ကျောက်ကဲသည်လည်း အဝေးတစ်နေရာတွင် တင့်တယ်စွာတောက်ပနေသည့် ရွှေရောင်မီးအိမ်နှင့် အစိမ်းရောင်ကြာပန်းကို စူးစိုက်ကြည့်နေသည်။

ဖန်းယွင်ရှန်းက ထိုနေရာတွင် ဖိနှိပ်ခံထားရဆဲဖြစ်သည်။

နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ ရောကရှိလာသဖြင့် ဖုလော်ကျီနှင့် အခြားသူများ ရွှီဖေးတို့နောက်သို့ လိုက်မသွားနိုင်စေရန် တားဆီးနိုင်ခဲ့ပြီး ရန်ကျောက်ကဲ၏ စိုးရိမ်ပူပန်မှုများကို သက်သာစေခဲ့သည်။

သို့သော် သူ့အနေဖြင့် ဖန်းယွင်ရှန်း လွတ်မြောက်အောင် ကူညီရပေဦးမည်။

"ဂိုဏ်းတူအစ်ကိုနျဲ့၊ ဂိုဏ်းတူအစ်မယွီ... မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းအပြင် အဲဒီနေရာက တခြား ဘာတွေရခဲ့သေးလဲ”

နျဲ့ကျင်းရှန်က ခေါင်းညိတ်လိုက်ပြီး...

“အဲဒါက အစီအရင်ပညာကျွမ်းကျင်တဲ့သူတွေ အုပ်စုလိုက်အသုံးပြုမှ ဖြစ်နိုင်လိမ့်မယ်”

ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး...

“ဒီထက်ပိုကောင်းတာ မရှိနိုင်တော့ပါဘူး ၊  ကျွန်တော်တို့ထဲက လူ(၄)ယောက်ကျော်လောက်က စန့်ချင်အဆက်အနွယ်ဓားသိုင်း ကျွမ်းကျင်ကြတယ်လေ”

ရန်ကျောက်ကဲတို့အုပ်စုက နျဲ့ကျင်းရှန် ၊ ယွီယဲ့တို့နှင့်အတူ နတ်ဘုရားသတ်ဖြတ်ဓားနှင့် ပူးပေါင်းလိုက်ကြောင်း တွေ့မြင်သည့်အခါ ရန်သူများ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

အစောပိုင်းတိုက်ပွဲတွင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျွမ်းကျင်သူများသာလျှင် ယွီယဲ့၏ နတ်ဘုရားသတ်ဖြတ်ဓားကို ရှောင်တိမ်းနိုင်ခဲ့ကြပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အောက် ရှိသူများကတော့ ဆိုးရွားသောအခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။

ယွီယဲ့က မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းဖြင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အောက်ရှိ ရန်သူများကို ယုံကြည်စိတ်ချစွာ ရင်ဆိုင်နိုင်ခဲ့ပြီးဖြစ်သည်။

သူမလက်ထဲတွင် နတ်ဘုရားသတ်ဖြတ်ဓားကိုကိုင်ဆွဲလျှက် ထိတွေ့မိသူတိုင်း မရဏကမ္ဘာသို့ ချီတက်ပွဲကြီး ကျင်းပလျှက် ရှိတော့သည်။

နတ်မိစ္ဆာမျိုးနွယ်၊ ဗုဒ္ဓဘာသာကျင့်ကြံသူများ ၊ ငရဲကိုးထပ်မှနတ်ဆိုးများ ရက်စက်စွာ သုတ်သင်ခံခဲ့ရသည်။

နတ်ဘုရားသတ်ဖြတ်ဓားက ခေတ်အဆက်ဆက် ချုပ်နှောင်ခံထားရပြီး ယခု ပြန်လည်ထွက်ပေါ်လာသည့်အချိန်တွင် သွေးသောက်ပွဲကို အပြည့်အဝ ခံစားလျှက်ရှိတော့၏။

ဖုလော်ကျီ ၊ မြူခိုးအရိပ်နတ်ဆိုးဘုရင်နှင့် အခြားထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကျွမ်းကျင်သူများက ဓားချက်များကို အချိန်မီရှောင်တိမ်းနိုင်ခဲ့သော်လည်း သူတို့၏ တိုက်ပွဲအနိုင်ယူလိုစိတ်အားမာန် ဆုံးရှုံးသွားရပေမည်။

အခြားသူများကတော့ တိုက်ခိုက်လိုစိတ်များ တဖြည်းဖြည်းကျဆင်းနေကြပြီ ဖြစ်သည်။

အဆိုးဆုံးအချက်မှာ စန့်ချင်အဆက်အနွယ် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ဓားသိုင်းကျင့်ကြံသူတစ်ဦးဖြစ်သည့် ကောင်းချင်းရွှမ်လည်း ဤနေရာတွင်ရှိနေခြင်းပင်။

ယွီယဲ့သည် နတ်ဘုရားသတ်ဖြတ်ဓားကို ချက်ချင်းပင် ကောင်းချင်းရွှမ်ထံ လွှဲပြောင်းပေးလိုက်သည်။

သူမက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံထားခြင်းမရှိသော်လည်း နတ်ဘုရားသတ်ဖြတ်ဓား၏ တန်ခိုးစွမ်းအားကို အသုံးပြုနိုင်ဆဲ ဖြစ်သည်။

စန့်ချင်အဆက်အနွယ် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးအနေဖြင့် သူမက တိုက်တိုင်းအောင်ဗုဒ္ဓမှလွဲ၍ ဤနေရာတွင်ရှိနေသူတိုင်းကို တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိသည်။

နောက်တစ်ချက်မှာ ကောင်းချင်းရွှမ်က ယွီယဲ့နှင့် မတူညီပေ။

သူမက နတ်ဘုရားသတ်ဖြတ်ဓားကို မည်မျှအသုံးပြုပါစေ စွမ်းအားကုန်ခမ်းမသွားနိုင်ဘဲ ခံနိုင်ရည်ရှိပေသည်။

နေရာတွင်ရှိနေသူများအားလုံးထဲတွင် တိုက်တိုင်းအောင်ဗုဒ္ဓတစ်ဦးတည်းသာ သူမကို ရင်ဆိုင်နိုင်စွမ်းရှိသည်။

သို့သော် တိုက်တိုင်းအောင်ဗုဒ္ဓ၏ အဓိကရည်မှန်းချက်မှာ ရှီကျွင်းနှင် ယင်ယွီကျန်းမဟုတ်သလို ၊ အခြားသူများလည်း မဟုတ်ပေ။

သူက ဖန်းယွင်ရှန်းတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားခြင်း ဖြစ်၏။

လက်ရှိအချိန်တွင် ဖုလော်ကျီနှင့် မြူခိုးအရိပ်နတ်ဆိုးဘုရင်တို့ ဗလာနယ်ကိုဖြတ်သန်းသွားနိုင်သည့်တိုင် ရှီကျွင်းတို့ကို ဆက်လက်ရှာဖွေရန် မဖြစ်နိုင်တော့ပေ။

ဤအခြေအနေက ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် နတ်မိစ္ဆာမျိုးနွယ်များကို မထိခိုက်စေခဲ့သော်လည်း ငရဲကိုးထပ်မှ နတ်ဆိုးများကိုတော့ ဒေါသထွက်စေခဲ့သည်။

သူတို့အနေဖြင့် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။

ယခု မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားခြင်း အာမခံချက်ရှိစေရန်အတွက် နတ်ဆိုးအများအပြား ငရဲကိုးထပ်မှ ထွက်ခွာလာခဲ့ကြသည်။

သို့သော် ယခုတော့ သူတို့ကြိုးပမ်းမှုများ အချည်းအနှီးဖြစ်ရပြန်သည်။

နတ်ဆိုးအုပ်စုက ရန်ကျောက်ကဲကို မကျေမနပ် စူးစိုက်ကြည့်လိုက်ပြီး ရှီကျွင်းတို့ပျောက်ကွယ်သွားရာ ဗလာနယ်ထဲသို့ လှမ်းကြည့်လိုက်သည်။

သူတို့အနေဖြင့် ရှီကျွင်းတို့ကိုတားဆီးရန် နတ်ဆိုးအင်အား ထပ်မံဖြည့်တင်းရန်သာ မျှော်လင့်နိုင်တော့၏။

***

ယခု ရွှီဖေး၊ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ မြေခွင်းပုလဲ၏အလင်းရောင်ဖြင့်ဖန်ဆင်းထားသော နယ်မြေထဲတွင်ရှိနေကြသည်။

သူတို့က ညှိုးနွမ်းနေသောသစ်ပင်အမြစ်များထဲတွင် မြှုပ်နှံခံထားရပြီး သစ်ပင်နှင့်အတူ ဗလာနယ်ထဲတွင် မျောပါလျှက် ရှိကြ၏။

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် ထျန်းကျွင်းနယ်ပယ်အဆင့်ရှိ နတ်ဆိုးဘုရင်’ကျုန်းယွမ်’ ကို ဖိနှိပ်ခြင်းလုပ်ငန်းစဉ်က ပြီးဆုံးလုနီးပေပြီ။

ဤလုပ်ငန်းစဉ် ပြီးစီးသွားသည်နှင့် ဒုက္ခပေါင်းစုံသည်လည်း သူတို့နှင့်အတူ အဆုံးသတ်သွားပေလိမ့်မည်။

ရှီကျွင်း၏မျက်နှာက တည်ကြည်လေးနက်နေပြီး ရန်ကျောက်ကဲ သင်ပေးထားသည့်နည်းလမ်းအတိုင်း ယင်ယွီကျန်းနှင့် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသော နတ်ဆိုးသင်္ကေတကို သန့်စင်ရန် အပြည့်အဝ အာရုံစိုက်ထားသည်။

ရွှီဖေးက မြေခွင်းပုလဲကိုကိုင်ထားပြီး ရှီကျွင်းတို့သားအမိဘေးတွင် ရှိနေလေသည်။

သူတို့အနေဖြင့် ပြင်ပလောကတွင်ဖြစ်ပျက်နေသည်များကို အာရုံစိုက်ရန် အချိန်မရှိခဲ့ပေ။ သူတို့ရှေ့တွင်ရှိနေသော ရန်သူကိုကိုင်တွယ်ရန်သာ အာရုံစိုက်နိုင်ခဲ့သည်။

သူတို့အတွက် အခြေအနေများက ခက်ခဲနေဆဲ ဖြစ်သော်လည်း အောင်ပွဲကလည်း လက်တစ်ကမ်းအလိုရောက်နေပေပြီ။

သို့သော်...

ရုတ်ချည်းပင် သူတို့ပတ်ဝန်းကျင်တစ်ခုလုံး အနည်းငယ်တုန်ခါလာကြောင်း ခံစားလိုက်ရသည်။

ရန်လိုပြီး ညစ်ညမ်းသော နတ်ဆိုးချီစွမ်းအားများက ရုတ်တရက် ပိုမိုထူထပ်လာသည်။

အပြင်ဘက်မှ အန္တရယ်များ ရောက်ရှိလာနေပေပြီ။

ကျယ်ပြန့်လှသော စကြဝဠာဗလာနယ်မှ နတ်ဆိုး(၂)ယောက် ချဉ်းကပ်လာနေလေသည်။

စစ်မြေပြင်၏ပြင်ပနယ်မြေသို့ရောက်ရှိလာသော ဤနတ်ဆိုးများက ညှိုးနွမ်းနေသောသစ်ပင်အနားသို့ ချဉ်းကပ်လာကြသည်။

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ဖိနှိပ်ခံနေရပြီး သူ၏စွမ်းအားရောင်ဝါက ယခင်ကထက်ပင် ပိုမိုအားနည်းသွားပေပြီ။

ထို့ကြောင့် အဝေးရောက်နေသည့်နတ်ဆိုးများအနေဖြင့် နေရာအတိအကျကို အာရုံမခံနိုင်တော့သလို မူလစိတ်ဝိညာဉ်နတ်ဆိုးပင်လျှင် ဘာမှမတတ်နိုင်တော့ပေ။

ထို့ကြောင့် ငရဲကိုးထပ်မှနတ်ဆိုးများက ရှီကျွင်းတို့ကိုရှာဖွေရန် နယ်မြေများအားလုံးကိုပိတ်ဆို့ပြီး လူအများ ဖြန့်ကျက်ထားခဲ့သည်။

ဤနတ်ဆိုး(၂)ယောက်က ကံကောင်းစွာဖြင့် ညှိုးနွမ်းနေသောသစ်ပင်ကို မတော်တဆ တွေ့ရှိခဲ့ကြခြင်းပင်။  သစ်ပင်နားသို့ချဉ်းကပ်မိသည်နှင့် နတ်ဆိုးများက သစ်ပင်မှထွက်ပေါ်နေသည့် ရောင်ဝါကို အာရုံခံမိခဲ့ကြသည်။

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် နတ်ဆိုးဘုရင်’ကျုန်းယွမ်’ မှာ သေမင်းတံခါးဝသို့ ရောက်ရှိနေပေပြီ။

ထို့ကြောင့် နတ်ဆိုး(၂)ယောက်က ချက်ချင်းလှုပ်ရှားရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ဗလာနယ်အခြားတစ်ဖက်တွင် အလင်းတန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး မီးလျှံနဂါးတစ်ကောင် လေထုကိုဖြတ်ကျော်ပျံသန်းလာသည့်အလား ထင်မှတ်ရသည်။

အလင်းတန်းပျောက်ကွယ်သွားသည်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ ပုံပန်းသဏ္ဌာန် ထင်ရှားထွက်ပေါ်လာသည်။

အခြားတစ်ဖက်တွင်တော့ ခရမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး ပိုးသားဧကရာဇ် – ဖုယွင်ချီ၏ ပုံသဏ္ဌာန်သည် ပေါ်ထွက်လာသည်။

ရန်ကျောက်ကဲက ငရဲကိုးထပ်၏ အဓိကအင်အားများကို ခုခံကာကွယ်ရန် အစီအမံများ ပြင်ဆင်ထားရုံသာမက အပြင်ဘက်တွင်လည်း အချို့သော ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

သူတို့အတွက် စစ်ကူရရှိရန် ၊ သို့မဟုတ် ပြန်လည်ဆုတ်ခွာသည့်အချိန်တွင် ကူညီပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားခဲ့၏။

နွယ်ပင်ဧကရီကိစ္စ ဖြစ်ပျက်ခဲ့ပြီးသည့်နောက် ထိုသို့သောအဖြစ်အပျက်မျိုး ထပ်မံပေါ်ပေါက်လာစေခြင်းမျိုး မဖြစ်စေချင်တော့ပေ။

ရန်ကျောက်ကဲတို့အုပ်စုက ငရဲကိုးထပ်နတ်ဆိုးများကဲ့သို့ အင်အားမများသော်လည်း သူတို့တွင် ရန်သူများထက် အားသာချက် အနည်းငယ်ရှိခဲ့သည်။

ဖုယွင်ချီနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အချိန်မီရောက်ရှိလာပြီး ညှိုးနွမ်းနေသောသစ်ပင်ကို တိုက်ခိုက်ရန်ပြင်ဆင်နေကြသည့် နတ်ဆိုး(၂)ယောက်ကို စတင်ရင်ဆိုင်လိုက်ကြသည်။

အနက်ရောင်ပိုးသားဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏လက်ချက်ဖြင့် သေဆုံးသွားပြီးနောက် သူတို့နှစ်ယောက်ကြားမှရန်ငြိုးသည်လည်း အဆုံးသတ်သွားခဲ့သည်။

တူညီသောအဆက်အနွယ်မှဖြစ်သဖြင့် သူတို့နှစ်ယောက် အတူပူးပေါင်းကာ ပြင်ပရန်သူဖြစ်သော ငရဲကိုးထပ်ကို ရင်ဆိုင်ခဲ့ကြသည်။

ဖုယွင်ချီရော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ရောက နတ်ဘုရားအဆင့်တွင် ထူးခြားသော ကျင့်ကြံသူများအဖြစ် သတ်မှတ်ခံထားရသူများဖြစ်၏။

ထိုနတ်ဆိုး(၂)ယောက်သည်လည်း တာအိုဝါဒ အစစ်အမှန်နတ်ဘုရားများနှင့် အဆင့်တူညီကြသူများ ဖြစ်သည်။

သို့သော် ဖုယွင်ချီနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့က ၎င်းတို့ကို ရက်စက်ပြတ်သားစွာ အနိုင်ယူခဲ့ကြသည်။ တိုက်ပွဲက ခဏမျှသာပြင်းထန်ပြီး နတ်ဆိုး(၂)ယောက် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိကြတော့ပေ။

နတ်ဆိုး(၂)ယောက်ကို သတ်ဖြတ်ပြီးနောက် သူတို့က ညှိုးနွမ်းနေသောသစ်ပင်နောက်သို့ ဆက်လိုက်ရန် ရည်ရွယ်ခဲ့ကြသည်။

သို့သော် ရုတ်ချည်းပင် သူတို့၏မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

ဗလာနယ်ထဲတွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ရောင်ဝါများစွာ ဆင်းသက်လာသောကြောင့် ဖြစ်လေသည်။

သို့သော် ထိုသူများက ငရဲကိုးထပ်မှနတ်ဆိုးများ မဟုတ်ခဲ့ပေ။

ထိုသူများက အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ ဖြစ်ကြသည်။ အဝေးတစ်နေရာမှပင် ယုံကြည်ခြင်းစွမ်းအားအလင်းရောင်များက စကြာဝဠာတစ်ခုလုံးအား လွှမ်းခြုံလို့နေသည်။

ဖုယွင်ချီနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

သူတို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မျက်မှောင်ကြုတ်လျှက် ရေရွတ်လိုက်ကြသည်။

“ပြင်ပတာအိုကျင့်ကြံသူတွေက ဒီကိစ္စထဲဝင်စွက်ဖို့ အင်အားရှိသေးတယ်လား”

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံကြား စစ်ပွဲမပြီးဆုံးသေးပေ။ တစ်ဖက်နှင့်တစ်ဖက် ဆက်လက်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

ထို့ကြောင့် အခြားသူများက နတ်ဆိုး(၂)ပါး ပြန်လည်မွေးဖွားလာမှုကို အာရုံစိုက်နေကြသော်လည်း သူတို့ကတော့ ထိုကိစ္စတွင် အနည်းငယ်သာ ပါဝင်ခဲ့ကြသည်။

အကြောင်းမှာ သူတို့က စစ်ပွဲအပေါ် အာရုံစိုက်နေရသောကြောင့် ဖြစ်၏။

အထူးသဖြင့် အမတခုံရုံးက အင်အားနည်းနေသဖြင့် အခြားကိစ္စများကို အာရုံစိုက်ရန် မတတ်နိုင်ခဲ့ပေ။

သို့သော် ယခု အမတခုံရုံးမှ ဧကရာဇ်တစ်ပါးဖြစ်သည့် နက်ရှိုင်းနတ်ဘုရားတစ်ပါး ထွက်ပေါ်လာလေရာ လူတိုင်းအံ့အားသင့်သွားရသည်။

ပြီးတော့ နောက်ပိုင်း သူတို့ဘက်မှ အားကောင်းသောကျွမ်းကျင်သူများ ထပ်မံထွက်ပေါ်လာဦးမည်လား မည်သူမှ မသိနိုင်ပေ။

“လမ်းမှားရောက်နေတဲ့လူယုတ်မာတွေ ၊ မင်းတို့ ရှေ့ဆက်မမှားရအောင် ငါတို့ အမတခုံရုံးက မင်းတို့ကို လမ်းပြပေးမယ်”

ကျယ်လောင်သည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

ဖုယွင်ချီနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့လည်း ထိုသူများ၏ရည်ရွယ်ချက်ကို နားလည်လိုက်ကြသည်။

အမတခုံရုံးမှလူများက တာအိုဝါဒအဆက်အနွယ်များကိုရှာဖွေပြီး ယုံကြည်ခြင်းအလင်းတန်းဖြင့် အတင်းအကျပ် ဉာဏ်အလင်းပေးရန် ကြံစည်နေခြင်းပင်။

သူတို့က အင်အားမလုံလောက်မှု ဖြည့်စွမ်းရန်အတွက် ဤသို့သောနည်းလမ်းကို အသုံးပြုနေကြခြင်း ဖြစ်သည်။

“လောလောဆယ် သူတို့နဲ့တွေ့တာ ငါတို့နှစ်ယောက်ပဲ ရှိသေးတယ်”

ပိုးသားဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထံ အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“ဒီနေရာမှာ တိုက်ခိုက်လို့မဖြစ်ဘူး ၊ သူတို့ကို မျှားခေါ်သွားကြမယ် ၊ ဒါမှ ညှိုးနွမ်းနေတဲ့သစ်ပင်ကို သူတို့ရှာမတွေ့မှာ”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခေါင်းညိတ်လိုက်ရင်း...

“ဟုတ်တယ် ၊ မိတ်ဆွေလေး’ရန်’ ရဲ့ သူငယ်ချင်းတွေက သိုင်းသူတော်စင် ဒဿမအဆင့်ကိုတောင် မရောက်ကြသေးဘူး ၊ ပြင်ပတာအိုကျင့်ကြံသူတွေ သူတိုစိတ်ထဲ လမ်းမှားမျိုးစေ့မထည့်သွင်းမိအောင် ကာကွယ်ရမယ်”

သူက ဆက်ပြောလိုက်သည်။

“တခြားနည်းလမ်းမရှိဘူး ၊ ဒီလိုပဲလုပ်ကြတာပေါ့”

သူတို့နှစ်ယောက် ချက်ချင်းပင် လျှင်မြန်လွန်းသောအရှိန်အဟုန်ဖြင့် ထွက်ပြေးသွားကြပြီး အမတခုံရုံးမှလူများကို မျှားခေါ်သွားကြသည်။

ဗလာနယ်ထဲတွင် ညှိုးနွမ်းနေသော သစ်ပင်တစ်ပင်သာကျန်ရစ်ခဲ့ပြီး စကြာဝဠာအမှောင်ထုထဲ တိတ်ဆိတ်စွာ မျောပါနေလေတော့သည်။

သို့သော် မကြာမီ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ညှိုးနွမ်းနေသောသစ်ပင်ဆီသို့ ချဉ်းကပ်လာသည်။

ထိုသူက လက်ကိုဆန့်တန်းလိုက်ပြီး ညှိုးနွမ်းနေသောသစ်ပင်ကို ဆုတ်ဖြဲလိုက်လေရာ ရှီကျွင်းတို့ရှိနေသည့် အလင်းရောင်အစုအဝေး ထုတ်ဖော်ခံလိုက်ရလေတော့၏။

All Chapters