← Chapters

တိုက်တိုင်းအောင်ဗုဒ္ဓကိုဖိနှိပ်ခြင်း

Vol. 104 Ch. 1459

တိုက်တိုင်းအောင်ဗုဒ္ဓကိုဖိနှိပ်ခြင်း

Vol. 104 Ch. 1459

အခန်း (၁၄၅၉) တိုက်တိုင်းအောင်ဗုဒ္ဓကိုဖိနှိပ်ခြင်း

မြူခိုးအရိပ်နတ်ဆိုးဘုရင်က ဗလာနယ်ပြောင်းလဲခြင်းပညာရပ်တွင် ကျွမ်းကျင်ပြီး အခြားသူများထက် ပိုမိုမြန်ဆန်စွာ ထွက်ပြေးရန်ကြိုးစားခဲ့သည်။

သို့သော် သူ လှုပ်ရှားရန် အခွင့်အရေးမရခင်မှာပင် နတ်ဘုရားသုတ်သင်အစီအရင်အတွင်းမှဓားဖြင့် အသတ်ခံလိုက်ရတော့သည်။

ဖုလော်ကျီက လျင်မြန်ရုံသာမက စွမ်းအားလည်းကြီးမားသည်။ သူက အသက်မသေအောင် ထွက်ပြေးနိုင်ခဲ့သော်လည်း အတောင်တစ်ဝက်ကတော့ ဖြတ်တောက်ခံလိုက်ရသည်။

မပျက်ဆီးနိုင်သော ရွှေခန္ဓာ ကျင့်ကြံအောင်မြင်ထားသည့် ဗုဒ္ဓဘာသာ ဗောဓိသတ္တတစ်ပါးမှာလည်း ဓားဖြင့်ခုတ်ပိုင်းခံရခြင်းမှ မလွတ်မြောက်ခဲ့ပေ။

သို့သော် ဗုဒ္ဓဘာသာ၏ အဆင့်မြင့်ပညာရပ်များက သူ၏ရုပ်ခန္ဓာကို သန်မာစေသည့်အတွက် အနီးစပ်ဆုံး အသက်ရှင်သန်ရန် ကြိုးစားနိုင်ခဲ့၏။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့် နတ်ဆိုးတစ်ယောက်ကတော့ အဆက်မပြတ်ရှောင်တိမ်းရင်း လေထုထဲတွင် ပုံရိပ်များစွာ ချန်ထားခဲ့သည်။

သူက ပုံရိပ်များစွာ ချန်ထားခဲ့သဖြင့် ဓားအလင်းတန်း၏ဖြတ်တောက်မှုကို တောင့်ခံထားနိုင်သော်လည်း သေလုနီးပါးအခြေအနေသို့ ရောက်ရှိနေသည်။

သူ အသက်ရှူချိန်မရခင်မှာပင် အနက်ရောင်ဓားအလင်းတန်းတစ်ခုက သူ့မျက်လုံးများရှေ့တွင် လှစ်ခနဲ ဖြတ်သန်းသွားသည်။

နတ်ဆိုး၏မျက်လုံးများ အဆုံးထိ ပြူးကျယ်သွားသည်။ သို့သော် ရှောင်တိမ်းနိုင်ခြင်းမရှိတော့ဘဲ ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသည်။

ဖန်းယွင်ရှန်းက သူ့ဓားကိုပြန်လည်သိမ်းဆည်းလိုက်ပြီး သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။

အစီအရင်က အပြင်ဘက်သို့ ချဲ့ထွင်လာသည်ဖြစ်ရာ သူမလည်း အစီအရင်ထဲသို့ ရောက်ရှိနေပေပြီ။

တိုက်တိုင်းအောင်ဗုဒ္ဓ၏ ဖိနှိပ်မှုမှ လွတ်မြောက်ခဲ့သော်လည်း သူမ ပြင်းထန်စွာနာကျင်ခံစားနေရဆဲ ဖြစ်၏။

ရန်ကျောက်ကဲ၏ အစီအရင်ပညာ ကျွမ်းကျင်မှုနှင့် အစီအရင်စွမ်းအားကို သိမ်မွေ့စွာထိန်းချုပ်နိုင်မှုကြောင့်သာ သူမ ဤနေရာတွင် ရှိနေနိုင်ခဲ့ခြင်းပင်။

မဟုတ်ပါက နတ်ဘုရားသုတ်သင်အစီအရင်က သူမကို ငြင်းပယ်နိုင်သလို တိုက်ခိုက်ခြင်းကိုလည်းခံရနိုင်သည်။

“ယွင်ရှန်း ၊ ရှီကျွင်းဘက်ကိုသွားကြည့်ပါ ၊ အဲဒီမှာ တစ်ခုခုဖြစ်နေပုံရတယ်”

ရန်ကျောက်ကဲက အစီအရင်ကိုထိန်းချုပ်ရင်း ပြောလိုက်သည်။

ထို့နောက် ယွီယဲ့ ၊ လုန်ရွှယ်ကျီး ၊ တိမ်လွှာခွင်းဧကရာဇ်တို့နှင့်အတူ နောက်ထပ်ဓားတစ်လက် ထုတ်လွှတ်လိုက်၏။

သူတို့၏တိုက်ခိုက်မှုများက မိုးကြိုးသွားများအဖြစ်ပြောင်းလဲကာ သူတို့အထက်ရှိ ဓား(၄)လက်ပေါ်တွင် လွင့်မျောလျှက် ရှိသည်။

နတ်ဘုရားသုတ်သင်ဓားမှ ဓားအလင်းတန်းများ ထပ်မံထွက်ပေါ်လာပြီး တိုက်တိုင်းအောင်ဗုဒ္ဓဆီသို့ ဖြတ်သန်းဝင်ရောက်သွားသည်။

တဟုန်ထိုး လှုပ်ရှားနေသော အဝါရောင်မြူများနှင့် ရွှေရောင်အလင်းတန်းများက အထက်သို့ ဆက်လက်ပျံတက်သွားသည်။

နောက်ဆုံး ရွှေရောင်မီးအိမ်များနှင့် အစိမ်းရောင်ကြာပန်းထက်တွင်ထိုင်နေသော တိုက်တိုင်းအောင်ဗုဒ္ဓက သူ၏ ပုံစံအစစ်အမှန်ကို ပြသလိုက်ပြီး သူ၏ပုံရိပ်က ဖန်သားပမာ ကြည်လင်လာသည်။

အစီအရင်စွမ်းအားများက သူ့ထံသို့ တဟုန်ထိုးဝင်ရောက်လာပြီး တိုက်တိုင်းအောင်ဗုဒ္ဓကို အစီအရင်အတွင်းသို့ ဆွဲသွင်းရန် ကြိုးစားနေသည်။

ဖန်းယွင်ရှန်း ထွက်ခွာသွားသည်ကိုတွေ့မြင်သည်နှင့် တိုက်တိုင်းအောင်ဗုဒ္ဓက ထပ်မံတိုက်ခိုက်လိုက်ပြီး သူမ၏ လမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

ထိုအချိန် အောက်ဘက်ရှိ အစီအရင်မှ ဓားတစ်လက်ထွက်ပေါ်လာပြီး သူ့ကို ထိုးခုတ်ဖြတ်တောက်လိုက်ပြန်သည်။

နတ်ဘုရားသုတ်သင်အစီအရင်က အလွန်အစွမ်းထက်သော အစီအရင်တစ်ခုဖြစ်သည်။

တစ်ကြိမ်တိုက်ခိုက်တိုင်း များပြားလှသော စွမ်းအင်သုံးစွဲမှု လိုအပ်သည်။

အထူးသဖြင့် သူတို့တွင် နတ်ဘုရားသုတ်သင်ဓား(၄)လက်အနက် နတ်ဘုရားသတ်ဖြတ်ဓား(၁)လက်သာ ရှိသည့်အချိန်မျိုးတွင် ဖြစ်၏။

ရန်ကျောက်ကဲအပြင် ယွီယဲ့နှင့် လုန်ရွှယ်ကျီးတို့မှာ ပင်ပန်းနွမ်းနယ်သည့် လက္ခဏာများကို ပြသနေပေပြီ။ တိမ်လွှာခွင်းဧကရာဇ်က သူတို့ထက် အခြေအနေပိုကောင်းသည့်တိုင် သူလည်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

ရန်ကျောက်ကဲသည် တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားပြီး အော်ဟစ်လိုက်သည်။

“ယား...”

အစီအရင်အငွေ့အသက်က ပိုမိုပြင်းထန်လာသည်။

ဓားအလင်းတန်းများ စုစည်းလာပြီး တစ်ခုတည်းအဖြစ်ပေါင်းစီးကာ ဗလာနယ်ကိုဖြတ်သန်းလျှက် တိုက်တိုင်းအောင်ဗုဒ္ဓ၏ စစ်မှန်သောပုံစံဆီသို့ ပစ်လွှတ်ဝင်ရောက်သွားသည်။

ဓားအလင်းတန်း ဖြတ်သန်းသွားသည်နှင့် ယိုယင်းနေသောဗုဒ္ဓနယ်မြေတစ်ဝက်ကို ဖြတ်တောက်လိုက်ရာ ထိုနယ်မြေမှာ ချက်ချင်းပြိုကွဲပျံ့လွင့်သွားသည်။

ဤမြင်ကွင်းကိုတွေ့သည်နှင့် တိုက်တိုင်းအောင်ဗုဒ္ဓ မဆင်မခြင် မလုပ်ရဲတော့ပေ။

နောက်ဆုံး ဖန်းယွင်ရှန်းကိုတားဆီးမည့်အစီအစဉ်ကို စွန့်လွှတ်လိုက်ရသည်။

သူက ဦးခေါင်းထက်ရှိ ရောင်စုံရွှေရောင်တိမ်တိုက်ကို ဖယ်ရှားလိုက်ပြီး တိမ်တိုက်ထက်မှ ရွှေမီးအိမ်ကို အောက်သို့ ပြုတ်ကျစေလိုက်သည်။

မီးလျှ့များ အောက်သို့ဆင်းသက်လာည်နှင့် သရီရဓာတ်တော်တစ်ခုက ရုတ်ချည်းပင် လျှပ်စီးကဲ့သို့မြန်နှုန်းဖြင့် နတ်ဘုရားသုတ်သင်အစီအရင်အတွင်း ဝင်ရောက်သွားသည်။

ထို့နောက် တိုက်တိုင်းအောင်ဗုဒ္ဓက လက်ကိုဆန့်ထုတ်ပြီး ဓားအလင်းနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်၏။

ရလဒ်အနေဖြင့် သူ၏လက်ဖဝါး ပေါက်ထွက်သွားလေသည်။

သို့သော် သရီရဓာတ်တော်က နတ်ဘုရားသုတ်သင်အစီအရင်၏ တံခါးတစ်ခုကို ဖျက်ဆီးနိုင်ခဲ့သည်။

လင်ချင်းဦးဆောင်နေသည့် နတ်ဘုရားသုတ်သင်ဓားနှင့်သက်ဆိုင်သော တံခါးဖြစ်သည်။

အစီအရင်အတွင်းရှိ ဓားလေးချောင်းအနက် တစ်ချောင်းသာ စစ်မှန်သည်။

ဓားနှစ်လက်က အတုဖြစ်ပြီး တစ်လက်က ပုံရိပ်ယောင် ဖြစ်သည်။

လင်ချင်းက စန့်ချင်ဓားကျင့်ကြံသူမဟုတ်သည့်အပြင် နတ်ဘုရားသုတ်သင်ဓားတွင် ကျွမ်းကျင်မှုမရှိပေ။

သူမက ကောင်းချင်းရွှမ်ကဲ့သို့ ဓားအဖြစ် ပြောင်းလဲရန် မဖြစ်နိုင်ပေ။

ဤသည်က အစီအရင် တည်ဆောက်ရာတွင် တစ်ခုတည်းသော အားနည်းချက်ဖြစ်သည်။

သို့သော် လူအင်အားမလုံလောက်မှုကြောင့် ဤပြဿနာကို ဖြည့်ဆည်းမပေးနိုင်ခဲ့ပေ။

အစောပိုင်း အစီအရင်လည်ပတ်နေစဉ် သူတို့အားလုံး တစ်စုတစ်စည်တည်း အချင်းချင်း ကာကွယ်ပေးခဲ့ကြသည်။

ရလဒ်အနေဖြင့် တိုက်တိုင်းအောင်ဗုဒ္ဓအားလည်း မည်သည့်ထိခိုက်မှုမျှ ဖြစ်ပေါ်စေနိုင်ခဲ့ပေ။

ယခုတော့ တိုက်တိုင်းအောင်ဗုဒ္ဓက အစွမ်းကုန်ထုတ်ကာ အခွင့်အရေးကိုအသုံးချပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို ဖောက်ထွင်းလိုက်သည်။

သို့သော် တစ်ချိန်တည်းပင် ရက်စက်ကြမ်းတမ်းသောဓားအလင်းက အပြည့်အဝ ပေါက်ကွဲထွက်လာသည်။

ဓားအလင်းက တောက်ပခြင်းမရှိဘဲ ကိုယ်တိုင်က ပရမ်းပတာအခြေအနေ တည်ဆောက်ထားသည်။

ဓားအလင်းဖြတ်သန်းသွားသည်နှင့် တိုက်တိုင်းအောင်ဗုဒ္ဓ၏ လက်မောင်းလေးခုကို ဖြတ်တောက်လိုက်သည်။

လည်ဆွဲ ၊ ထီး ၊ မှော်တံမြက်စည်း ၊ ရတနာတံစဉ်း ၊ ရွှေခေါင်းလောင်း ၊ ရွှေလေးညှို့ ၊ ငွေလှံရှည်နှင့် အလံတို့ ပြုတ်ကျသွားသည်။

တိုက်တိုင်းအောင်ဗုဒ္ဓ၏ ဖန်သားပမာကြည့်လင်သော ရောင်ဝါများထုတ်လွှတ်နေသည့် ခန္ဓာကိုယ်ထက် ချိုင့်ဝှမ်းတစ်ခုပမာ နက်ရှိုင်း‌သော ဒဏ်ရာတစ်ခု ပြတ်ရှခံလိုက်ရသည်။

နတ်ဘုရားသုတ်သင်အစီအရင်အတွင်း၌မူ ရွှေရောင်အလင်းတန်းများနှင့် အဝါရောင်မြူများ ပျံ့လွင့်သွားပြီး အင်းသင်္ကေတများ ပြိုကွဲသွားသည်။

လင်ချင်း သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး ဖျက်ဆီးခံရသော တံခါးမှ ပြုတ်ကျသွားသည်။

အစီအရင်ကို ထိန်းချုပ်နေသော ရန်တိနှင့် အခြားသူများ၏ ခန္ဓာကိုယ်များမှာလည်း ပြင်းထန်စွာတုန်ခါသွားပြီး သွေးများအန်ထုတ်လိုက်ကြသည်။

အစီအရင်အတွင်းမှ မိစ္ဆာချီက တဟုန်ထိုးထွက်ပေါ်လာပြီး ဗလာနယ်ကိုစုတ်ဖြဲကာ ကျန်ရှိနေသောဓားအလင်းတန်းများက နောက်တစ်ကြိမ် ထပ်မံဖြတ်တောက်လိုက်သည်။

ဖုလော်ကျီနှင့် ဗောဓိသတ္တတစ်ပါးက ယခင်ကတည်းက ဒဏ်ရာအပြင်းအထန် ရရှိထားပြီးဖြစ်သည်။

တိုက်ခိုက်လာခြင်းကို ပိတ်ဆို့ရန်နည်းလမ်းမရှိတော့သဖြင့် ဓားအလင်းက သူတို့အသက်အားနှုတ်ယူသွားသည်ကို စိတ်ပျက်လက်ပျက်ကြည့်နေရုံသာ တတ်နိုင်သည်။

ယခု ဖုလော်ကျီအပါအဝင် အစီအရင်ထဲသို့ ရောက်ရှိလာသော ရန်သူအားလုံး လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။

အစီအရင် ပြိုကွဲသွားသည်နှင့်အမျှ အာကာသလည်း စုတ်ဖြဲခံရပြီး အလွန်ထိတ်လန့်ဖွယ်ရာ တွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာသည်။

သွေးနီရောင်ကြယ်နတ်ဆိုးဘုရင် သူ့ကိုယ်သူ ဖျက်ဆီးလိုက်သည့်အချိန်က ဖြစ်ပေါ်လာသော တွင်းနက်ကြီးပင်လျှက် ယခုဖြစ်ပေါ်လာသော တွင်းနက်ကြီးလောက် ထိတ်လန့်ဖွယ်ရာ မဟုတ်ခဲ့ပေ။

အလွန်ပြင်းထန်သော စုပ်ယူအားက အတွင်းရှိလူအားလုံးကို ဆွဲသွင်းလိုက်သည်။

ကောင်းချင်းရွှမ်တစ်ဦးတည်းသာ သူမ၏ ရပ်တည်ရာကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

အစီအရင် လွင့်ပြယ်သွားပြီးနောက် သူမက နတ်ဘုရားသတ်ဖြတ်ဓားကို ဆုပ်ကိုင်လိုက်ပြီး တိုက်တိုင်းအောင်ဗုဒ္ဓဆီသို့ ထိုးညွှန်လိုက်သည်။

ဤမြင်ကွင်းကိုတွေ့သည်နှင့် ဒဏ်ရာရထားသော တိုက်တိုင်းအောင်ဗုဒ္ဓမှာ ဖန်းယွင်ရှန်းကို လိုက်လံဖမ်းဆီးရန် မဖြစ်နိုင်တော့ကြောင်း သိရှိလိုက်သည်။

နတ်ဘုရားသတ်ဖြတ်ဓားကို ကိုင်ဆောင်ထားသော ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးကို ရင်ဆိုင်ရသည့်အခါ သူ့အနေဖြင့် သတိမထားဘဲနေလို့မရပေ။

ဆိုးရွားသည့်အရာများ မဖြစ်ပေါ်သည့်တိုင် သူ့အနေဖြင့် လွယ်လွယ်နှင့် အနိုင်ယူနိုင်မည် မဟုတ်ပေ။

သူ ကောင်းချင်းရွှမ်ကို ဖယ်ရှားနိုင်ခဲ့လျှင်ပင် ဖန်းယွင်ရှန်း ထွက်ပြေးသွားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ဖန်းယွင်ရှန်း၏ပုံရိပ် တဖြည်းဖြည်း ဝေးကွာသွားသည်ကိုကြည့်ရင်း တိုက်တိုင်းအောင်ဗုဒ္ဓ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

ထို့နောက် သူကတည်ငြိမ်သောအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဗလာနယ်ထဲမှ ပျောက်ကွယ်သွားလေသည်။

ကောင်းချင်းရွှမ်သည် ဓားကို ဆက်လက်ကိုင်စွဲထားရင်း တစ်ချက်လေးပင် သတိမလွတ်ခဲ့ပေ။

သူမက တိုက်တိုင်းအောင်ဗုဒ္ဓထွက်ခွာသွားသည်ကို တင်းကျပ်စွာ စိုက်ကြည့်နေပြီးနောက် ရန်ကျောက်ကဲတို့အုပ်စုနှင့်အတူ တွင်းနက်ထဲသို့ ပြုတ်ကျသွားတော့သည်။

သူမ မည်သူ့ကိုမှ မကယ်တင်နိုင်တော့သဖြင့် အားလုံး ဘေးကင်းရန်သာ မျှော်လင့်မိသည်။

နတ်ဘုရားသုတ်သင်အစီအရင် ပြိုကွဲမှုက စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။

အဝေးတွင်တိုက်ခိုက်နေသည့် ချန်ချန်းဟွာနှင့် ခွန်နင်ကျီကျီတို့သည်ပင် အစီအရင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော လှိုင်းလုံးများကို ခံစားမိခဲ့သည်။

“ဒီတန်ခိုးစွမ်းအား... ဒီလောက် ရက်စက်ကြမ်းတမ်းတဲ့ဓားဝိညာဉ်”

ချန်ချန်းဟွာက သိချင်စိတ်ဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။

သူ အာရုံပျံ့လွင့်သွားသည်ကိုအခွင့်ကောင်းယူပြီး ခွန်နင်ကျီက သူ့ကိုဖြတ်ကျော်ရန် ကြိုးစားလိုက်သော်လည်း အကျိုးမရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင် ယိုယွင်းနေသော အလင်းရောင်နယ်မြေတွင် နတ်ဆိုးချီများ တဟုန်ထိုးထွက်ပေါ်လာပြီး ပြင်းထန်သောအခြေအနေသို့ ရောက်ရှိလာသည်။

ယင်ယွီကျန်းက ကြာပန်းအနေအထားဖြင့် ထိုင်နေသည်။

သူမ၏ မျက်လုံးများက ဆက်လက်မှိတ်ထားဆဲဖြစ်သော်လည်း နဖူးထက်ရှိ နတ်ဆိုးသေင်္ကတက ကွယ်ပျောက်သွားခဲ့သည်။

သို့သော် သူမ၏ရောင်ဝါက လူတို့ကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်သည်။

သူမရှေ့တွင် ရှီကျွင်းက ဒူးတစ်ဖက်ထောက်လျှက်ရှိနေပြီး အသက်ရှူသံများက ပြင်းထန်ကြမ်းတမ်းနေသည်။

သူက ခက်ခဲစွာ ခေါင်းမော့ကြည့်လိုက်ရာ လူတိုင်းကို ထိတ်လန့်သွားစေမည့် ထူးဆန်းသောမျက်နှာတစ်ခုအား တွေ့လိုက်ရသည်။

သူ၏မျက်နှာဘယ်ဘက်ခြမ်းက ချောမော‌သော လူငယ်လေးပုံစံ ကျန်ရှိနေဆဲ ဖြစ်သည်။ သို့သော် ညာဘက်ခြမ်းတွင်တော့ ထူထပ်သော နတ်ဆိုးသင်္ကေတများဖြင့်ပြည့်နက်နေပြီး ငရဲကိုးထပ်အမှောင်ထုထဲမှ နတ်ဆိုးတစ်ကောင်နှင့် ဆင်တူနေသည်။

သူ၏ညာလက်နှင့် ညာခြေထောက်မှ နတ်ဆိုးအလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်းတို့သည် သူ၏ခန္ဓာကိုယ်ဆီသို့ ဆက်လက်တွားသွားပျံ့နှံ့နေကြသည်။

သူ၏လက်ရှိပုံစံက လူသားတစ်ဝက် နတ်ဆိုးတစ်ဝက်အနေအထား ဖြစ်၏။

သူ၏မျက်နှာ၏ညာဘက်ခြမ်းက ထူးဆန်းစွာ ပုံပျက်နေပြီး ညာဘက်မျက်လုံးမှ မဲနက်သော နတ်ဆိုးအလင်းများ တောက်ပနေသည်။

ထိုမျက်လုံးထဲမှ ထူးဆန်းသော ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

“ဒီလူက တကယ်သေသင့်တယ် ၊ သူသာ အလကားသက်သက် ခုခံမနေဘူးဆိုရင် ဒီလူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ငါပိုင်ပြီးနေလောက်ပြီ”

သူ့ရှေ့တွင်ရှိနေသည့် ယင်ယွီကျန်းက မျက်လုံးမဖွင့်ဘဲ တည်ငြိမ်သော‌လေသံဖြင့် ပြောလိုက်သည်။

“အပိုတွေပြောနေတာရပ်စမ်း ၊ အဲဒီခန္ဓာကိုယ်ကို အမြန်ဆုံးသိမ်းပိုက်လိုက်”

“ဟုတ်ကဲ့ပါ သခင်ကြီး”

ထို့နောက် ရှီကျွင်း၏ ညာဘက်မျက်လုံးမှ တောင်တစ်လုံးပြိုကျစေနိုင်လောက်သော အာရုံခံစွမ်းအားဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ရှီကျွင်းက အသက်ကိုခက်ခဲစွာရှူရင်း ခေါင်းကိုမော့လျှက် ယင်ယွီကျန်း၏ အေးစက်နေသောမျက်နှာကိုကြည့်လိုက်သည်။

“အိပ်မက်... မက်မနေနဲ့”

ထို့နောက် သူက ဒရွတ်ဆွဲလျှက် ခန္ဓာကိုယ်ကို ရှေ့သို့တိုးလိုက်ပြီး မိခင်ဖြစ်သူနှင့် ပိုမိုနီးကပ်ရန် ကြိုးစားလိုက်သည်။

သို့သော် သူ၏ညာလက်နှင့် ညာခြေထောက်သည် သူ့စကားကိုနာခံခြင်း မရှိတော့ပေ။ ထို့ကြောင့် သူ၏လှုပ်ရှားမှုများ နှေးကွေးသွားပြီး မြေပြင်ထက်သို့ ပြန်ပြုတ်ကျသွားသည်။

သူ၏ ညာဘက်မျက်လုံးထဲမှ နတ်ဆိုးဘုရင်’ကျုန်းယွမ်’ ၏အသံ ထွက်ပေါ်လာသည်။

“သခင်ကြီးနဲ့ ကျုပ်ရဲ့ ပြန်လည်မွေးဖွားခြင်းက  ကံကြမ္မာအတိုင်း ပြဋ္ဌာန်းပြီးပါပြီ ၊ နောက်ထပ်တစ်လှမ်းရှေ့တိုးနိုင်ရင် ဒီတိုက်ပွဲအဆုံးသတ်ပြီး ကျုပ်တို့ အောင်မြင်စွာ ရပ်တည်နိုင်တော့မှာပါ”

ရှီကျွင်း၏ညာလက်က ထိန်းချုပ်မရစွာ လှုပ်ရှားလာပြီး လူငယ်လေးကို လုံးဝရွေ့လျားမရအောင် သူ၏ဦးခေါင်းကို မြေပြင်ထက်သို့ ဖိနှိပ်ထားလိုက်လေ၏။

All Chapters