( မဟာတံတိုင်း တည်ဆောက်မယ်?)
Vol. 3 Ch. 29
“ အရှင်မင်းကြီး!”
“ ဝေ့တိုင်းပြည်နဲ့စစ်တိုက်ချိန်မှာ ကျွန်တော်မျိုး အနိုင်ရခဲ့တာ မှန်ပေမဲ့ တရှားတိုင်းပြည်ရဲ့ နယ်စပ်နားမှာရှိတဲ့ ပုန်းနေတဲ့အန္တရာယ်တစ်ချို့ကို ကျွန်တော်မျိုး သတိထားမိခဲ့တယ်။ တစ်ဖက်က တိုက်ဖို့ လွယ်ပြီး ပြန်ခုခံဖို့ခက်တယ်။ တရှားတိုင်းပြည်ရဲ့ နယ်မြေကို ကာကွယ်နိုင်ဖို့ မိုင်တစ်သောင်းလောက်အထိ တံတိုင်းမြင့်ကြီး တစ်ခု တည်ဆောက်ဖို့ အကြံပြုချင်ပါတယ်”
ကျူးကော့လုံက ခိုင်မာစွာ ပြောလိုက်သည်။
“ အလို?”
ရှကျိုးယွီ ခန္ဓာကိုယ် မတ်သွားသည်။
မိုင်တစ်သောင်းလောက်အထိ တံတိုင်းအမြင့်ကြီး ဆောက်မယ်တဲ့လား?
တရုတ်ပြည်ရဲ့မဟာတံတိုင်းကြီး တည်ဆောက် သလိုမျိုးလား?
ဟုတ်သားပဲ။
ငါဘာလို့ မတွေးမိတာလဲ?
ငါအရင်က သိခဲ့ရသလောက်က အဲ့ဒီမဟာတံတိုင်းကို တည်ဆောက်ခဲ့တဲ့ ပထမဆုံးမင်းဆက်က တံတိုင်းဆောက်တဲ့ နေရာမှာ ပိုက်ဆံအကုန်သုံးခဲ့လို့ မွဲသွားတယ် ဆိုလားပဲ..
ဘဏ္ဍာငွေတွေ အကုန်ပြောင်သွားလို့ လူတွေ ငတ်ပြတ်ကုန်ရတယ်တဲ့။
တရှားတိုင်းပြည်ရဲ့ လက်ရှိပိုက်ဆံနဲ့ဆိုရင် အဲ့ဒီလို တံတိုင်းကြီးသာ ဆောက်လိုက်လို့ကတော့ သေချာပေါက် ဘဏ္ဍာတိုက်တစ်ခုလုံး ပြောင်မှာပဲ။ ကံကြမ္မာအမှတ်ကို ငါဘာကြောင့် ကြောက်နေရမှာလဲ?
ရှကျိုးယွီ ရယ်လိုက်သည်။
“ လက်ခံတယ်! တည်ဆောက်စေ! တံတိုင်းကို မဖြစ်မနေ ဆောက်ရမယ်။ ချင်းရို့မြို့ကနေပြီးတော့ တောင်ပိုင်းကော၊ မြောက်ပိုင်းကောကိုပါ ဖြန့်ကျပ်ရမယ်။ မဟာတံတိုင်းကို အမြန်ဆုံး တည်ဆောက်စေ!”
“ အမိန့်တော်ရေးစေ။ ဒီနေ့ကစပြီး တရှားတိုင်းပြည် တစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး မဟာတံတိုင်းကို တည်ဆောက်ရမယ်”
ရှကျိုးယွီရဲ့ ရည်ရွယ်ချက်က တံတိုင်းတည်ဆောက်ရင် လူအင်အားကော၊ ငွေအင်အားကော အလကား အသုံးပြုလိုက်ရမှာ ဖြစ်ပြီး ကံကြမ္မာအမှတ် သေချာပေါက် လျော့နိုင်သည်။
ဒါပေမဲ့ ကျူးကော့လုံအတွက်တော့ လုံးဝ မတူညီတဲ့အဓိပ္ပါယ် ဖြစ်သည်။
အချိန်ခဏလောက်အထိ အံ့သြသွားလေ၏။
ကျူးကော့လုံ ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
“ ဒါဆို အရှင်မင်းကြီးက နာမည်တောင် စဥ်းစားပြီးပြီပေါ့? မဟာတံတိုင်းတဲ့လား.. ပြောင်မြောက်ပါတယ်! ကြီးမြတ်လိုက်တဲ့ ဉာဏ်ပညာ”
အရှင်မင်းကြီးက လုံးဝကို အစီအစဥ် ဆွဲပြီးပြီလို့ သူ ထင်နေလေရဲ့။
လက်ရှိမှာ သူ့ရဲ့တင်ပြချက်က အရမ်းမမျှော်လင့်ပဲ ပြောလိုက်တာပင်။
တိုင်းပြည်ရဲ့ အရင်းအမြစ်အားလုံး အသုံးပြုပြီး မဟာတံတိုင်း တည်ဆောက် မယ်တဲ့… တစ်ကယ်ကို ထိုက်တန်တဲ့ အရှင်မင်းကြီးပဲ!
ရှကျိုးယွီရဲ့ မျက်လုံးထဲက ခိုင်မာမှုတစ်ချို့အပြင် တက်ကြွမှုတစ်စိတ်တစ်ပိုင်းကိုပါ သူ မြင်တွေ့နေရသည်။
ဒီမဟာတံတိုင်းကြီးသာ ဆောက်ပြီးတာနဲ့ ရွှန်ထျန်းနယ်မြေကြီးတစ်ခုလုံး အံ့သြအထင်ကြီးသွားကြမှာပဲ။
‘ တစ်ကယ်ကို အရှင်မင်းကြီး စီစဥ်ထားတာ ကြာနေပုံပါပဲ! အခွင့်အရေးမရှိသေးလို့ အကောင်အထည် မဖော်နိုင်သေးတာပဲ ဖြစ်ရမယ်!’
ကျူးကော့လုံရဲ့ အထင်ကြီးလေးစားမှုတွေ မြင့်တက်လာခဲ့သည်။
အံ့သြမှုတို့နဲ့အတူ အချိန်ကြာတာနဲ့အမျှ ပိုပြီး ခိုင်မာလာခဲ့ပြီး သူ လျင်မြန်စွာ ဦးညွတ် အရိုအသေပေးလိုက်သည်။
“ ကျေးဇူးတင်တော်မူပါတယ် အရှင်မင်းကြီး! ကျွန်တော်မျိုး အတတ်နိုင်ဆုံးကြိုးစားပြီး.မဟာတံတိုင်းကို ဆောက်လုပ်သွားပါ့မယ်!”
ရှကျိုးယွီပင် အနည်းငယ် အံ့သြစွာ လှည့်ကြည့်မိသွားသည်။ ဒီကျူးကော့လုံက တစ်ကယ် လုပ်နိုင်တဲ့သူပဲ!
“ ကျောက်ကောင်း”
“ အမိန်တော်ရေးစေ၊ အမတ်ချုပ်ကျူးကော့လုံက ဝေ့တိုင်းပြည်ကို စစ်ဆင်နွဲပြီးအနိုင်ခဲ့တယ်။ တရှားတိုင်းပြည်ရဲ့ သြဇာကို ကြီးမားစွာ ကူညီပေးခဲ့တယ်။ အခုလဲ သစ္စာရှိအမတ်တစ်ယောက် အနေနဲ့ ကောင်းမွန်တဲ့ တောင်းဆိုချက်ကို တင်ပြခဲ့တယ်။.ရွေတုံးတစ်သောင်း ချီးမြှင့်စေ! ကျန်းပိုင်မင်းသား ဘွဲ့တော်ချီးမြှင့်မယ်! နယ်စပ်ကို စောင့်ကြပ်ရင်း မဟာတံတိုင်း ဆောက်လုပ်တဲ့နေရာမှာ ခေါင်းဆောင် ဖြစ်လာရမယ်!”
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ကျူးကော့လုံကော ကျောက်ကောင်းကော နှစ်ယောက်လုံး ရှကျိုးယွီကို မယုံနိုင်စွာ အသက်ပင်မရှုဘဲ ကြည့်နေလေရဲ့။
တိုင်းပြည်ရဲ့ အရင်းအမြစ်ကို စိတ်ကြိုက်သုံးခွင့်ပေးပြီး မဟာတံတိုင်း တည်ဆောက်တာကိုက တော်တော် အံ့သြဖို့ကောင်းနေပြီ။ အဲ့ဒါကို အခု နောက်လူတစ်ယောက်ကို မင်းသားဘွဲ့ခံယူစေတယ် တဲ့လား?
ဒီလိုဘွဲ့တော်မျိုး မချီးမြှင်ခဲ့တာ နှစ်သုံးရာတောင် ကြာမြင့်ခဲ့ပြီ!
“ အရှင်မင်းကြီး”
“ မဖြစ်ပါဘူး!”
“ ကျွန်တော်မျိုးလို အမတ်တစ်ယောက်က အဘယ်ကြောင့် မင်းသားဘွဲ့တော် ခံယူရဲမှာလဲ?”
“ တရှားတိုင်းပြည်ရဲ့ မဟာတံတိုင်းကို ကျွန်တော်မျိုး အားသွန်ခွန်စိုက် ဆောက်လုပ်ပါ့မယ်။ ဒါပေမဲ့ ကျန်းပိုင်မင်းသား ဘွဲ့တော် မခံယူပါရစေနဲ့လား အရှင်မင်းကြီး”
ကျူးကော့လုံ ဒူးထောက်ချလိုက်ကာ အရှင်မင်းကြီးကို ပြန်စဥ်းစားပေးဖို့ တောင်းဆိုလိုက်သည်။
ရှကျိုးယွီ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ့ရဲ့အကြည့်ကပါ အေးစက်သွားကာ
“ အမတ်ချုပ်က ငါအရှင်မင်းကြီးရဲ့ အမိန့်ကို နာခံရမယ်!”
“ လက်ခံလိုက်!”
ရှကျိုးယွီ လက်နောက်ပစ်ကာ နောက်လှည့်လိုက်သည်။ ရှင်ဘုရင်တစ်ယောက်ရဲ့ ဟိတ်ဟန်ကို ဖော်ထုတ်လိုက်သည်။
ကျူးကော့လုံ ခဗျာ မျက်ရည်အပြည့်နဲ့ လက်ခံရုံမှအပ မတတ်နိုင်တော့ပေ။
“ အကုန်သွားကြတော့ ငါကိုယ်တော် ပင်ပန်းနေပြီ”
ရှကျိုးယွီ တည်ငြိမ်စွာ လက်တစ်ဖက် ယမ်းလိုက်လေသည်။
“ ကျွန်တော်မျိုးတို့ သွားပါတော့မယ်”
လူတွေ ထွက်သွားတာနဲ့ ချက်ချင်းပဲ စနစ်ရဲ့ အသံကိုကြားလိုက်ရသည်။
“ ပိုင်ရှင်က တိုင်းပြည်ရဲ့ငွေကြေးကို ဂရုမစိုက်ဘဲ တံတိုင်းဆောက်လုပ်ဖို့ ခေါင်းစဥ်နဲ့ လူအင်အားကော၊ ငွေအင်အားကောကို ဖြုန်းခိုင်းရင်း တံတားကိုလဲ အရှည်ကြီး ဆောက်ခိုင်းခဲ့တယ်။ ဒါ့အပြင် မင်းသားဘွဲ့တော်ပါ ချီးမြှင့်လိုက်သေးတယ်။ အခုလိုမျိုး ခံစစ်ကြီးတည်ဆောက်ခြင်းက အားကောင်းတဲ့ စစ်တပ်ဖန်တီးမဲ့ အရိပ်အယောင်ရှိတယ်။ တိုင်းပြည်ကို ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်တဲ့ ဘုရင်ဆိုး လုပ်ရပ်ပဲ”
“ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ၅၀၀၀ လျော့တယ်။ လက်ရှိမှာ ၄၂၅၀၀ ပဲ ကျန်တော့တယ်!”
“ ဆုလာဘ်- စိတ်ဝိညာဥ်သန့်စင်ခြင်း ကျင့်စဥ်”
ဟာဟာဟာဟား ဟီးဟီးဟီးဟီး ဟူးဟူးဟူးဟူး
ရေ့ရေ့…တိုင်းပြည်ကြီး ပျက်တော့မယ် တူနဲ၊တယ်နဲ့ ဗြောင်..
………..
“ အမတ်ချုပ်ကျုးကော့ ဂုဏ်ပြုပါတယ်”
ကျောက်ကောင်းထံမှ ချီးကျုးစကားပင်။
“ မိန်းမစိုးကျောက်.. ကျေးဇူးပြုပြီး မနောက်ပြောင်ပါနဲ့”
“ ဒီမင်းသားရာထူးကို ကျွန်တော် မထိုက်တန်ပါဘူး”
“ ဒီကိစ္စကိုသာ လူတွေသိသွားခဲ့ရင် အရာရှိတွေကြား ကျွန်တော် မျက်နှာဘယ်လို ပြရတော့မလဲ?”
ကျူးကော့လုံ သက်ပြင်းချလိုက်သည်။
“ စိတ်မပူပါနဲ့။ ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်ပဲ။ မင်းသားသာ အရှင်မင်းကြီးကို ကောင်းကောင်းခစားနေသရွေ့ ကျန်တာ ဘာအရေးကြီးမှာလဲ?”
ကျောက်ကောင်းရဲ့ အပြောကို ကျူးကော့လုံ ပြန်မဖြေကြားနိုင်တော့ပေ။ ဒါကြောင့် သူလှည့်ပဲ ထွက်သွားလိုက်လေ၏။
နာရီဝက်ကြာပြီးနောက်မှာ တော်ဝင်ဘဏ္ဍာတိုက် အတွင်းပွက်လောရိုက်နေခဲ့သည်။
“ဘာ? အရှင်မင်းကြီးက ငွေတုံးသိန်းနှစ်ဆယ်လုံးကို အကုန်တံတိုင်း ဆောက်ဖို့ သုံးခိုင်းလိုက်တယ်? ပြီးတော့ ကျူးကော့လုံကိုပါ နောက်ထပ် မင်းသားဘွဲ့ ပေးလိုက်သေးတယ် ဟုတ်လား? အရှင်မင်းကြီး ရူးသွားပြီလား?”
“ အဓိပ္ပါယ်မရှိဘူး! ဒါလုံးဝ အဓိပ္ပါယ်မရှိဘူး! နယ်စပ်က ဒီလောက်ကျယ်တာ! တံတိုင်းအမြင့်ကြီးဆောက်ချင်ရင် ငွေတုံး သိန်းနှစ်ဆယ်ရှိရင်တောင် မပြောနဲ့.. သိန်းငါးဆယ် ရှိရင်တောင် မလောက်ဘူး!”
“ ပြီးတော့ နောက်ထပ် တော်ဝင်မျိုးနွယ်မဟုတ်တဲ့ အပြင်လူကို မင်းသားဘွဲ့တော်ချီးမြှင့်တာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စပဲ! ပြီးတော့ ကျူးကော့လုံက အခုလိုမြင့်တဲ့ဘွဲ့တော်ကိုယူပြီး နယ်စပ်ကို သွားမယ်။ ပိုက်ဆံကော၊ လူအင်အားကောက အကုန်သူ့စိတ်ကြိုက် အမိန့်အောက်မှာပဲ။ ငါတို့တွေလဲ သူ့ရဲ့အမိန့်ကို ငြင်းဆိုခွင့် မရှိတော့ဘူး။ အဲ့ဒီအချိန်မှာ များပြားလှတဲ့ အရင်းအမြစ်တွေနဲ့ သူ စစ်တပ်တည်ထောင်ပြီး ပုန်ကန်လာခဲ့ရင် ဘယ်သူက သူ့ကိုတားနိုင်တော့မှာလဲ!”
“ ဟုတ်တယ်။ တံတိုင်းဆောက်တဲ့တင်ပြချက်က အတုအယောင်ပဲ ဖြစ်ရမယ်။ မဖြစ်ဘူး! အရှင်မင်းကြီးကို အခုပဲ တင်ပြမှဖြစ်မယ်!”
စစ်ဋ္ဌာနရဲ့ အမတ်ကြီး ကောကျီရှင်းနဲ့ အကြံပေး တိရန်တို့ရဲ့ စိတ်ထဲက မကျေနပ်ချက်တွေ ချက်ချင်း ထွက်လာတော့သည်။
လီလင်ပု တစ်ယောက်သာ အတွေးလွန်နေဟန် ရှိသည်။ အရှင်မင်းကြီးရဲ့ လုပ်ရပ်တိုင်းက နက်ရှိုင်းတဲ့အဓိပ္ပါယ်ရှိမှာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက် ထိုရည်ရွယ်ချက်ကို သူ မဖမ်းဆုတ်နိုင်နေဘူး။
ဒါပေမဲ့ သူ ပြောလိုက်သည်။
“ အကုန်လုံး တိတ်ကြပါ! အရှင်မင်းကြီးက ပြောလာပြီဆိုမှတော့ သေချာပေါက် အနောက်မှာ အဓိပ္ပါယ်နဲ့ရည်ရွယ်ချက် ရှိလို့ပဲ။ ငါတို့ ဝင်ဖျက်လို့မရဘူး။ အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း ဆောင်ရွက်ကြပါ”
“ သခင်ကြီးလီ ကျွန်တော်တို့ တစ်ကယ်ပဲ ငွေတုံးတွေ ထုတ်ပေးလိုက်ရင် နောက်ပုန်ကန်တဲ့အခါ သေချာပေါက် ကြံရာပါ ဖြစ်လာမှာပဲ!”
“ဟုတ်တယ်! လုံးဝပေးလို့မရဘူး! ကျွန်တော်တို့က တရှားရဲ့အမတ်တွေပဲ! တိုင်းပြည်ကို ကြည့်ရှုရမယ်! အခုလို ဘဏ္ဍာငွေတွေ အလဟသ ဖြစ်မှာ မကြည့်နေနိုင်ဘူး!”
“ ကျွန်တော့်ရဲ့အသက် ပေးရရင်တောင်မှ ဒီနေ့ ရအောင်တားမယ်!”
“ အမှန်ပဲ!”
ကောကျီရှင်းက ပြောပြီးတာနဲ့ ထွက်သွားဖို့ ပြင်လိုက်သည်။ အနောက်က တိရန်ကလဲ လိုက်ထလေ၏။
ဒါကိုမြင်တော့ လီလင်ပု ရွေးစရာမရှိဘဲ သက်ပြင်းတစ်ချက်ချကာ ခပ်ဖြည်းဖြည်း မတ်တပ်ရပ်လိုက်သည်။
“ လုံလောက်ပြီ!”
“ အရှင်မင်းကြီးက မလိုအပ်ဘဲ တိုင်းပြည်ရဲ့ ငွေကြေးကို ဖြုန်းတီးမယ်ထင်လား?”
“ မဟုတ်ဘူး!”
“ အရှင်မင်းကြီးရဲ့ အမိန့်တော်က အမြဲတမ်း ရည်ရွယ်ချက်ရှိပြီးသားပဲ။ အရှင်မင်းကြီးက ကြိုပြီးအကွက် မြင်နိုင်တယ်!”
လီလင်ပုရဲ့ မျက်လုံးတွေက အရာအားလုံးကို သိနေသလိုမျိုး ခိုင်မြဲနေသည်။
ကောကျီရှင်း မကျေနပ်သေးဘူး။
“ ဒါဆိုသခင်ကြီးလီက နောက်ကွယ်က ရည်ရွယ်ချက်ကို သိပါသလား?”
လီလင်ပု မျက်ခုံးတစ်ဖက် ပင့်သွားပြီး ပြတ်သားစွာပြောလိုက်သည်။
“ ငါမသိဘူး။ အရှင်မင်းကြီးသိတယ်။ စောင့်ကြည့်လိုက်ကြပါ!”
“ အရှင်မင်းကြီးရဲ့ လုပ်ရပ်က တရှားတိုင်းပြည်ရဲ့ ပြည်သူတွေကို နှစ်တစ်သောင်းလောက်အထိ လုံခြုံအောင် ကာကွယ်ပေးနိုင်မယ်ဆိုတာ သေချာတယ်”
“ ပြီးတော့ အမတ်ချုပ်ကျူးကော့လုံက ဝေ့စစ်တပ်ကို အနိုင်ယူပြီး ကြီးမားတဲ့အောင်မြင်မှုကို ရယူခဲ့တဲ့သူပဲ။ သူ့ရဲ့မြင့်မြတ်မှုနဲ့ အောင်မြင်မှုက ငြင်းဆိုလို့ မရဘူး။ အရှင်မင်းကြီးရဲ့ အခုလို ယုံကြည်ပေးလိုက်မှုက သူပုန်ကန်မှာ မဟုတ်တာ သေချာလို့ပဲ။ ပြီးတော့ အမတ်တို့က အရှင်မင်းကြီးရဲ့ လုပ်ရပ်ကို ခန့်မှန်းပြီး အပြစ်ပြောနေကြတယ်။ ဒါက အရှင်မင်းကြီးကို မလေးမစားလုပ်နေတာပဲ!!”
“ ဒီကိစ္စကို ဆက်ပြီးမဆွေးနွေးရတော့ဘူး။ ကျန်းပိုင်မင်းသားနဲ့ ပူးပေါင်းပြီး မဟာတံတိုင်း တည်ဆောက်ဖို့ ကူညီပေးလိုက်ကြ!”
………….