← Chapters

( ဟောင်ရန်းထျန်းကျန်းသိုင်း)

Vol. 3 Ch. 30

( ဟောင်ရန်းထျန်းကျန်းသိုင်း)

Vol. 3 Ch. 30

ထျန်းချီ ခန်းမရဲ့ အပြင်ဘက်တွင် ဖြစ်သည်။

ရှည်လျားတဲ့ သစ်ပင်တို့ရဲ့ အရိပ်ကြားမှာ ဝါကျင့်ကျင့် နံရံရဲ့ ပါရမီဖြည့်မှုကြောင့် လွမ်းမောဖွယ် ရှုခင်းတစ်ခု ဖြစ်ပေါ် နေခဲ့သည်။

သစ်ပင်ပေါ်၌ အော်သံတစ်စာစာနှင့် အတောင်ဖြန့်ကာ ဆော့ကစားနေသော ကျေးငှက်များပင် ရှိသည်။

အပေါ်ဘက်ရှိ တောက်လောင်နေတဲ့ နေလုံးကြီးရဲ့ ထောက်ပံ့မှုကြောင့် ပတ်ဝန်းကျင်က ရွှေရောင် လွှမ်းနေလေ၏။

ထျန်းချီခန်းမရဲ့ ခေါင်မိုးထိပ်ကနေ စပြီး ကျယ်ပြန့်တဲ့ စွမ်းအင်လှိုင်းကြီး ဖြာထွက်နေသည်။ မသိရင် မရေမတွက်နိုင်အောင် များပြားတဲ့ နဂါးကြီးတွေ လှည့်ပတ်သွားလာပြီး တရှားတိုင်းပြည်ကို ကာကွယ်နေသည့်နှယ် စွမ်းအင်တွေနဲ့ ဖုံးလွှမ်းထားသည်။

ခန်းမထဲမှာ မားမားမတ်မတ်ရပ်နေရင်းဖြင့် ကျောက်ကောင်းက ပတ်ဝန်းကျင်ကို လေ့လာနေသည်။

ခန်းမအပြင်မှာ ရပ်နေတဲ့ အရာရှိတွေကတော့ အပေါ်က နေလုံးကြီးကြောင့် ချွေးတစ်ပြိုင်းပြိုင်း ကျနေလေပြီ။

ထို့ကြောင့် စိတ်မရှည်ပုံရတဲ့ တစ်စုံတစ်ယောက်က စတင် အော်ဟစ်လိုက်သည်။

“ အရှင်မင်းကြီး ဘာတွေလုပ်နေတာပါလဲ? ဒီအသက်ကြီးလှတဲ့ အဘိုးကြီးက မခံနိုင်တော့ပါဘူး!”

ဒီလိုနဲ့ နောက်က အသံတွေ လိုက်လာတော့သည်။

“ အရှင်မင်းကြီး ကျေးဇူးပြုပြီး တွေ့ခွင့်ပေးပါ။ တော်ဝင်မျိုးနွယ်မဟုတ်တဲ့ အပြင်လူကို မင်းသားဘွဲ့ပေးတာ တစ်ကယ်ပဲ မသင့်တော်ပါဘူး။ ကျွန်တော်မျိုးရဲ့ အကြံပြု စကားကို နားထောင်ပေးပါ!”

“ ဟုတ်ပါတယ်။ အခွန်ဋ္ဌာန အမတ်ကြီးပြောတာ အမှန်ပဲ။ လက်ရှိမှာ ဘဏ္ဍာတိုက်ထဲကို ငွေတွေအမြောက်အမြား စုနိုင်ခဲ့တယ်။ တစ်ခြားသူကိုသာ မင်းသားဘွဲ့ပေးလိုက်ရင် အဲ့ဒီအာဏာကို မတော်မတရား အသုံးပြုပြီး ဘဏ္ဍာငွေကို လိုသလို သုံးလာပါလိမ့်မယ်။ ကျွန်တော်မျိုးတို့ရဲ့ တရှားတိုင်းပြည် ပျက်ဆီးရပါလိမ့်မယ် အရှင်မင်းကြီး!!”

“ အကယ်လို့ အမတ်ချုပ်ကျူးကော့လုံ ပုန်ကန်လာခဲ့ရင် ကျွန်တော်မျိုးတို့ တရှားတိုင်းပြည်ကြီး ဘယ်လိုလုပ်ရပါတော့မလဲ?”

“ အရှင်မင်းကြီး မကြားသလိုပဲ နေတော့မှာလား?”

“ အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကို အဖက်မလုပ်ဘဲ အထဲမှာပဲ တစ်နေ့လုံးနေနေတယ်။ တိုင်းပြည်အရေးကို ဂရုမစိုက်တော့ဘူး။ တရှားတိုင်းပြည်ကြီး ပျက်ဆီးဖို့က ကောင်းကင်ဘုံရဲ့ အလိုများလား!”

“ အရှင်မင်းကြီး ဒီလိုမလုပ်သင့်ပါဘူး!”

ပြောရင်းဆိုရင်းနဲ့ မာန်တွေပါလာပြီး သူတို့ရဲ့ မျက်နှာတွေပါ နီရဲလာတော့သည်။

ကျောရိုးတစ်လျှောက်လဲ ချွေးတွေ စီးနေလေ၏။

“ အရှင်မင်းကြီး တစ်ကယ်ပဲ မကြားချင်ယောင် ဆောင်တော့မှာပါလား?”

“ ဒီနေ့ကိစ္စကြောင့် အသက်ပေးရမယ် ဆိုရင်တောင်မှ တရှားတိုင်းပြည်ကြီး အခုလို ပျက်ဆီးမှာကို ရပ်ကြည့်မနေနိုင်ပါဘူး!”

“ အမှန်ပဲ! အရှင်မင်းကြီး ဒီကိစ္စကို ပြန်ရုတ်သိမ်းပေးတော်မူပါ!!”

ပြောပြီးတာနဲ့ ထိုအမတ်က အခွင့်အရေးယူကာ အရှေ့တိုးလိုက်သည်။

ကျန်တဲ့အရာရှိတွေလဲ အသင့်ပြင်ပြီး အနောက်က လိုက်ဝင်ဖို့ရန် ဟန်ပြင်တော့သည်။

ထိုအချိန်မှာ ကျောက်ကောင်း အရှေ့တိုးလိုက်ပြီး

“ အမတ်တို့က ပုန်ကန်မလို့လား!”

“ လမ်းဖယ်စမ်း မိန်းမစိုးကများ! မင်းက အားလုံးကို ထိန်းချုပ်နိုင််မယ် ထင်နေလား?”

ခေါင်းဆောင် အမတ်က ပြောရင်းဖြင့် ကျောက်ကောင်းကို တွန်းလွှတ်ဖို့ လုပ်လိုက်သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီရဲ့ အသံ ထွက်ပေါ်လာလေသည်။

“ ဝင်ခိုင်းလိုက်!”

ကျောက်ကောင်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထို့နောက်မှာ လမ်းဖယ်ပေးလိုက်တော့၏။ ဒီလိုနဲ့ အမတ်တွေအားလုံး အထဲဝင်သွားကြသည်။

“ အရှင်မင်းကြီး မင်းသားဘွဲ့ပေးအပ်တဲ့ ကိစ္စကို သေချာပြန်စဥ်းစားပေးပါ!”

“ ပြန်လည်စဥ်းစားပေးတော်မူပါ!”

“ ပြန်လည်စဥ်းစားပေးတော်မူပါ!”

“......”

အရာရှိတွေအားလုံး သံပြိုင်ပြောလိုက်လေ၏။

ရှကျိုးယွီကတော့ အကုန်လုံးကို ကြည့်နေရင်း ခပ်ဖြည်းဖြည်း မတ်တပ်ရပ်လို​က်သည်။

“ ဒီကိစ္စမှာ အမတ်တို့ရဲ့ ထင်မြင်ချက်တွေ တော်တော်များတာပဲ”

“ ဒါဆို ငါကိုယ်တော် မေးပါရစေ။ အမတ်ချုပ်ကျူးကော့လုံက ဝေ့စစ်တိုက်ကို အနိုင်တိုက်ပြီး အောင်မြင်မှုကြီး ယူနိုင်ခဲ့တယ်။ အမတ်တို့ငြင်းစရာရှိလား?”

ဘယ်သူမှ မပြောကြပေ။

ရှကျိုးယွီ ဆက်ပြောလိုက်သည်။

“ ဘယ်သူမှ ငြင်းချက်မထုတ်နိုင်တဲ့ဟာကို မင်းသားဘွဲ့တော် ချီးမြှင့်တာနဲ့ ပတ်သတ်ပြီး ဘာဖြစ်သလဲ?”

“ ဒီနှစ်တွေထဲမှာ စစ်ပွဲတွေ မကြာခဏဖြစ်တဲ့အတွက် နယ်စပ်မြို့က ပြည်သူတွေ ခံစားရတာ မနည်းဘူး။ ဝေ့တိုင်းပြည်ရဲ့ ဘုရင်က ဉာဏ်ပြေးတယ်။ လျင်မြန်တဲ့တိုက်ခိုက်ရည် ရှိသလို ခုခံမှုအတွက် သူတို့မြို့ရိုးမှာ နံရံကြီးတွေ တည်ဆောက်ထားပြီး ကိုယ်တော်တို့ကို တိုက်ခဲ့တာ နှစ်မနည်းဘူး။ ဒီတော့ ငါကိုယ်တော်လဲ တရှားရဲ့ နယ်မြေကို ထိန်းသိမ်းနိုင်ဖို့ မဟာတံတိုင်း ဆောက်လုပ်ခိုင်းတာ ဘာမှားသလဲ?”

“ ဒါပေမဲ့ အရှင်မင်းကြီး ဒီကိစ္စမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေ ရှိ….”

ငြင်းဆိုသံ ထွက်လာခဲ့ပေမဲ့ ရှကျိုးယွီ ပြောခွင့် မပေးဘဲ ပိတ်ပြောလိုက်သည်။

“ မမြင်နိုင်တဲ့ အန္တရာယ်ဟုတ်လား? အဲ့ဒါ ပြောစရာကို မလိုဘူး။ စကားပုံရှိတယ်။ မင်း အလုပ်ပေးလိုက်ရင် အလုပ်သမားကို ယုံကြည်ပါ။ မယုံကြည်ရင် အစတည်းက အလုပ်မပေးခဲ့နဲ့။ ငါကိုယ်တော်က အမတ်ချုပ်ကို ကျင်းပိုင် မင်းသားဘွဲ့တောင် ချီးမြှင့်ခဲ့ပြီးပြီပဲ.. သူ ပုန်ကန်မှာ စိုးရိမ်နေမယ် ထင်လား?”

ရှကျိုးယူ ပွက်ပွက်ဆူနေတဲ့ သွေးများဖြင့် မဲဆွယ်လိုက်သည်။

ခန်းမထဲက အရာရှိတွေရဲ့ မျက်နှာတွေ ပြောင်းလဲလာသည်။

ဒါပေမဲ့ ခေါင်းဆောင်အရာရှိက ပိုပြီးကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ မဟုတ်ဘူး!”

“ ဒါ အဓိပ္ပါယ်မရှိပါဘူး!”

“ အရှင်မင်းကြီး ဘာတွေ လုပ်နေလဲ သိပါရဲ့လား?”

“ အရှင်မင်းကြီးက တရှားတိုင်းပြည်ကို အဆုံးစွန် တွန်းပို့နေသလို ဖြစ်နေပါပြီ”

“ ဝေ့တိုင်းပြည်လို တိုင်းပြည်ငယ်တစ်ခုက တံတိုင်းတွေ ဆောက်နိုင်တာ ဘယ်လို ဖြစ်နိုင်မှာလဲ? အခုတည်ဆောက်မဲ့ ကိစ္စမှာလဲ တိုင်းပြည်ရဲ့အရင်းအမြစ်တွေ အများကြီး ထုတ်သုံးရမှာပါ! ဝေ့တိုင်းပြည်ငယ်က ဘယ်လိုများ အခုလောက်ကြီးမားတဲ့ ကိစ္စကို ဆောင်ရွက်နိုင်မှာလဲ?”

ထိုအမတ်ရဲ့ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်လာကာ အသံရှုသံလဲ ပြင်းလာသည်။

“ မင်းက ငါကိုယ်တော့်ကို မေးခွန်းထုတ်နေတာလား?”

ရှကျိုးယွီရဲ့ အကြည့်ကချက်ချင်းပဲ ထိုအမတ်ဆီ ရောက်သွားသည်။

အရှိန်အဝါတစ်ခုနဲ့အတူ မျက်လုံးတွေက စူးရှလာ၏။

ရှကျိုးယွီရဲ့ခန္ဓာကိုယ်ကနေ ရှင်ဘုရင်တစ်ယောက်ရဲ့ လွှမ်းမိုးနိုင်စွမ်းတွေ ထုတ်လွှတ်​နေသည်။

အဆုံးမရှိတဲ့စွမ်းအင်တွေ လှည့်ပတ်ထားသလိုပဲ။

အခန်းထဲက လူတွေအကုန် ပင့်သက်ရှိုက်လိုက်ကြသည်။

တစ်ယောက်မှ အသံမထွက်ရဲတော့ဘူး။

“ မင်းက ငါကိုယ်တော့်ကို ဘာလုပ်ရမယ် ပြောနေတာလား?”

“ ငါဘုရင်ကို မင်းတို့က အပျော်ကစားနေတယ် ထင်လို့လား?”

ရှကျိုးယွီ တစ်ယောက်ချင်းဆီကို ကြည့်ပေးလိုက်သည်။

“ အရှင်မင်းကြီး… မင်းသားဘွဲ့တော် ချီးမြှင့်တာနဲ့မဟာတံတိုင်း ဆောက်လုပ်တာက တရှားကို တစ်ကယ်ပဲ ပျက်ဆီးစေပါလိမ့်မယ်”

အရာရှိတွေရဲ့ခေါင်းဆောင် အခွန်ဋ္ဌာနက အမတ်ကြီးက လက်မလျော့နိုင်သေးပေ။

“ အိုး? ဒါဆို ငါကိုယ်တော်က မင်းအကြံကို နား​ထောင်သင့်တာပေါ့။ တော်ဝင်အမိန့်ကို ပြန်ရုတ်သိမ်းရမှာပေါ့။ ဒါဆိုနောက်ပိုင်း တိုင်းပြည်အရေးကို မင်းပဲ ဆုံးဖြတ်လိုက်ပါ့လား? ဘယ်လိုလဲ?”

ရှကျိုးယွီ ထိုအမတ်ကို တည့်တည့် ကြည့်လိုက်သည်။

“ ကျွန်တော်မျိုး မလုပ်ရဲပါဘူး!”

အခွန်ဋ္ဌာနရဲ့ အမတ်ကြီး ချက်ချင်းပဲ မျက်နှာပျက်သွားကာ မြေပြင်ပေါ် အကြိမ်ကြိမ် ဦးညွတ်လိုက်လေ၏။

“ မင်း မလုပ်ရဲရင် ပါးစပ်ပိတ်ထား!”

“ အခွန်ဋ္ဌာနရဲ့ အမတ်ကြီးက ငါအရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို မှန်းဆဝေဖန်ရဲတယ်။ ဒါကို ပထမဆုံးအကြိမ်အဖြစ် သတ်မှတ်ပြီး သေဒဏ်က ကင်းလွှတ်ပေးလိုက်မယ်”

“ အမိန့်တော်ရေးစေ! အခုကစပြီး အခွန်ဋ္ဌာနရဲ့ အမတ်ကြီးကို နေအိမ်မှာ လဝက်တိတိ အကျယ်ချုပ်ချမယ်! ငါအရှင်မင်းကြီးရှေ့ ထပ်ပေါ်လာရဲရင် ကွက်မျက်ပစ်မယ်!”

ရှကျိုးယွီ လက်တစ်ဖက်ကို ဟန်ပါပါယမ်းလိုက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။

သူ့ရဲ့အနောက်မှာ မြင့်တက်လာတဲ့ အရှိန်အဝါတွေက မြင့်လွန်းလို့ အဆုံးမရှိတဲ့ တောတောင် မြစ်ချောင်းတွေကိုပါ ကျော်ဖြတ်ပြီး တစ်လောကလုံးကို လွှမ်းမိုးတော့မယ့်ဟန် ရှိသည်။

နဂါးတစ်ကောင်ရဲ့ ဟန်ပန်က သူ့ကိုယ်တွင်းမှာ ထင်ဟပ်နေသလိုပဲ။

ရှေးကျပြီး အာဏာပြင်းတဲ့ နဂါး..။

အခန်းထဲက လူအားလုံးကို မမြင်နိုင်တဲ့ ဖိအားတွေနဲ့ ဖိသိပ်ထားနိုင်သည်။

ထိုဖိအားအောက်ကနေ ဘယ်သူမ မရုန်းထွက်နိုင်တော့ဘူး။

ထိုအချိန်မှာ ရှကျိုးယွီ ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ ငါကိုယ်တော် ပင်ပန်းနေပြီ!”

ချက်ချင်းပဲ အရှိန်အဝါတွေ ပျောက်ကွယ်သွားလေ၏။

ရှကျိုးယွီ အကုန်လုံးကို လှည့်ကြည့်လိုက်သည်။

သူ့မျက်လုံးထဲမှာ ဖိအားတွေမရှိတော့ဘူး။ လက်နောက်ပစ်ကာ အနောက်လှည့်လိုက်လေ၏။

“ အရှင်မင်းကြီးရဲ့ အရှိန်အဝါက အံ့သြဖို့ ကောင်းလိုက်တာ”

ကျောက်ကောင်း အံ့သြတကြီး ရေရွတ်လိုက်မိသည်။ သူလဲ ဒီအခန်းထဲမှာ မနေရဲတော့ဘူးလေ။

ရှကျိုးယွီ အနောက်လှည့်လိုက်မှသာ အခန်းထဲက အရာရှိတွေ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့ဘူး။ သူတို့ရဲ့ နဖူးပြင်မှာ ချွေးတွေ ပြည့်နေပြီလေ။

ဒီလိုနဲ့ မခိုင်တော့တဲ့ ​ခြေထောက်တွေနဲ့ ထျန်းချီခန်းအပြင်ကို ထွက်လိုက်ကြသည်။

အင်္ကျီတစ်ခုလုံးလဲ ချွေးတွေ စိုနေကြပြီ။

အားမရှိတဲ့ခြေထောက်တွေနဲ့ မျက်လုံးတွေလဲ အသက်မပါတော့ဘူး။ မျက်နှာတွေလဲ မရွှင်လန်းနိုင်တော့ဘူး။

စိတ်ဝိညာဥ်ပျောက်ဆုံးသွားတဲ့သူတွေလို အချင်းချင်း တွဲကူရင်း နန်းတော်အပြင်ကို ခပ်ဖြည်းဖြည်း ထွက်သွားကြလေ၏။

အချိန်ဘယ်လောက် ကုန်သွားမှန်းတောင် မသိကြတော့ဘူး။

“.ပြီးသွားပြီ။ အကုန်ပြီးသွားပြီ။ အရှင်မင်းကြီးက စိတ်ဆုံးဖြတ်ပြီးသွားပြီ”

“ လုံးဝကို ရူးနေတာပဲ! မဟာတံတိုင်းကို မဖြစ်မနေ ဆောက်ရမယ်ဆိုရင်တောင်မှ ကျူးကော့လုံကိုပဲ ခွင့်ပေးလိုက်လို့မရဘူးလေ! တစ်ခြားသူတွေကိုပါ ခွဲပေးရင်တောင် အဆင်ပြေသေးတယ်”

“ အရှင်မင်းကြီးက အမတ်ချုပ်ကျူးကော့လုံကို အရမ်းယုံတာ ပြလိုက်တာပဲ”

“ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို မမှန်းကြရအောင်လား..”

“ဘန်း!”

ထိုအချိန်မှာ လေးလံတဲ့ပစ္စည်းတစ်ခု ပြုတ်ကျသံ ထွက်ပေါ်လာခဲ့သည်။

ထျန်းချီခန်းမရဲ့ လှေကားထစ်တွေကနေ အခွန်ဋ္ဌာနရဲ့အမတ်ကြီး ပြုတ်ကျသွားတာပင်!

လှေကားထစ်တွေအောက်ကို လှိမ့်ဆင်းကာ ပြုတ်ကျသွားလေ၏။

ထိုအချိန်မှာပဲ စနစ်ရဲ့ အသံကို ရှကျိုးယွီ ကြားလိုက်ရသည်။

( ပိုင်ရှင်က တိုင်းပြည်ရဲ့အမတ်တွေကို အရေးမလုပ်ဘဲ အာဏာပြခဲ့တယ်။ အမတ်တွေရဲ့ ထောက်ပံ့မှုကို မြင့်မားစွာ ထိခိုက်စေနိုင်တယ်။ သူတို့ရဲ့စိတ်ကို ဒဏ်ရာရစေမယ်။ တိုင်းပြည်ရဲ့ကံကြမ္မာကို ကြီးစွာထိခိုက်စေတယ်”

(ကံကြမ္မာအမှတ် ၁၀၀၀ လျော့တယ်။ လက်ရှိအမှတ် ၄၁၅၀၀ ကျန်ပါတယ်)

( ဆုလာဘ်- ဟောင်ရန်း ထျန်းကျန်း သိုင်း)

အို လျော့ပြန်ပြီလား.. ငါကွ ပြည်ဖျက်တဲ့ကောင်ဆိုးလေး

…………….

All Chapters