( အရှင်မင်းကြီးမှာ တစ်ခြားအစီအစဥ် ရှိနေတာလား?)
Vol. 3 Ch. 31
(ဟောင်ရန်းထျန်းကျန်းသိုင်း… ဒါက စိတ်ဝိညာဥ်သန့်စင်ခြင်း သိုင်းပညာတစ်ခု ဖြစ်တယ်။ အသက်ရှုခြင်းဆိုင်ရာ သိုင်းပညာတစ်ခုပဲ။ ကမ္ဘာကြီးရဲ့ မိုင်တစ်ထောင်လောက်က ချီစွမ်းအင်ကို ရှုသွင်း…)
စနစ်မှ ပြပေးထားတဲ့ ရှင်းလင်းချက်ကို ရှကျိုးယွီ မကြည့်ခဲ့ဘူး။ ထိုအစား သူ အတွေးနစ်နေခဲ့သည်။
“ စိတ်ဝိညာဥ်သန့်စင်ခြင်း တဲ့လား?”
“ ဒီရက်ပိုင်းထဲ တာအိုကော သိုင်းပညာကော လေ့ကျင့်နေရတာကိုက တော်တော် ဒုက္ခများနေပြီကို”
“ အခုလဲ စိတ်ဝိညာဥ်သန့်စင်ခြင်း နယ်ပယ်တဲ့လား? ငါ တစ်ခါမှတောင် မကြားဖူးဘူး”
“ ကျောက်ကောင်း ဒါကို တော်ဝင်စာဖတ်ခန်းမှာ သွားထားလိုက်”
ရှကျိုးယွီ ပုံမှန်လိုပဲ ကျောက်ကောင်းအား ပေးလိုက်သည်။
ကျောက်ကောင်း အမြန်ယူလိုက်လေ၏။ ချက်ချင်းပဲ အင်အားတစ်ခုကို သူ ခံစားလိုက်ရသည်။
သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို နွေဦးရေနဲ့ လောင်းချလိုက်သလိုမျိုး ပေါ့ပါးသွားခဲ့သည်။
ဒါကြောင့် သူမနေနိုင်စွာ လက်ထဲက စာလိပ်ကို ငုံ့ကြည့်လိုက်လေ၏။
သူ.မြင်လိုက်ရတာက “ ဟောင်ရန်းထျန်းကျန်း” ဆိုတဲ့ စာလုံးကြီးလေးလုံး..။
ပုံစံကြည့်ရင် လုံးဝကို သာမာန်ဆန်သည်။.ဒါပေမဲ့စိတ်ဝိညာဥ် စွမ်းအားတစ်ချို့ ကပ်ညှိနေသလို ခံစားရသည်။
ရှကျိုးယွီကတော့ ကျောက်ကောင်းရဲ့ နောက်ကျောကို ကြည့်နေရင်း ပျင်းရိစွာ အကြောဆန့်လိုက်သည်။
သူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ ဒီနေ့ ကံကြမ္မာအမှတ်တွေ တော်တော် လျော့သွားခဲ့တာပဲ။ ဒီတော့ ငါလေး နားသင့်ပြီ။ ဖူယွဲ့လေး ငါ့ကို လွမ်းနေမလားမသိဘူး!”
ဒီလိုနဲ့ ရှကျိုးယွီ ဖူယွဲ့နန်းဆောင်ဆီ ခြေဦး ပြင်တော့သည်။
သူမက မှန်ရှေ့မှာ အင်္ကျီပြင်နေတာပင်။ ရှကျိုးယွီကို မြင်တာနဲ့ ပျော်ရွှင်စွာ နှုတ်ဆက်လာခဲ့သည်။
“ အရှင်မင်းကြီး နောက်ဆုံးတော့ ရောက်လာပြီ”
ရှကျိုးယွီ စပ်ဖြဲဖြဲ ဖြစ်သွားကာ
“ ဘာလို့လဲ? မိဖုရားလေးက ကိုယ်တော့်ကို လွမ်းလို့လား?”
ဖူယွဲ့ ရှက်သွားပုံပဲ။ နီရဲနေတဲ့ မျက်နှာနဲ့ အော်လိုက်တော့သည်။
“ အရှင်မင်းကြီး ဘာတွေလာပြောနေတာလဲ? ကျွန်တော်မျိုးမက စိတ်ပူလို့ပါနော်။ ဒီနေ့ ကြားလိုက်တာ အမတ်တွေနဲ့ တွေ့ဆုံတဲ့အချိန် စကားအခြေအတင် ပြောလိုက်ရတယ်ဆို။ အကယ်လို့ အရှင်မင်းကြီး ဒီရောက်နေမှန်းသာ သူတို့သိသွားရင် သူတို့..”
“ သူတို့ပဲလား? သူတို့ကို ခဏဘေးချိတ်လိုက်။ မင်းလေး ကိုယ့်ကို လွမ်းနေလားဆိုတာပဲ သိချင်တယ်”
ရှကျိုးယွီ ပြောပြီးတာနဲ့ သူမကို လှမ်းဆွဲလိုက်သည်။
မျက်စိရှေ့က မိဖုရားဖူယွဲ့ရဲ့ မျက်နှာလေးက ပန်းသီးတစ်လုံးလို ရဲတွတ်သွားလေ၏။
သူမရဲ့ တစ်ကိုယ်လုံးလဲ တောင့်တင်းသွားသည်။
ရှကျိုးယွီ ခပ်ဖြည်းဖြည်းချင်း သူမရဲ့ နူးညံ့တဲ့ လက်တစ်ဖက်ကို ဆွဲယူကာ ပွတ်သပ်လိုက်သည်။
“ အရှင်မင်းကြီး!”
“ ဟင့်အင်း!”
ခဏကြာပြီးနောက်မှာ…
နှစ်ယောက်လုံးရဲ့ကိုယ်မှာ ချွေးတွေ ရွှဲသွားခဲ့ပြီ။
ဖူယွဲ့နန်းဆောင်တစ်ခုလုံးကို ညည်းသံတွေ ဖုံးလွှမ်းသွားပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာလေ၏။
……
ထိုအချိန်မှာပဲ အရာရှိတွေအားလုံးထံကို မင်းသားဘွဲ့တော် ချီးမြှင့်တဲ့ကိစ္စ ပျံ့နှံ့သွားလေ၏။ မရေမတွက်နိုင်တဲ့ ဆူညံသံတွေ ထွက်လာတော့သည်။
အလုပ်ခန့်အပ်ခြင်း ဋ္ဌာနရဲ့ အမတ်ကြီး နေအိမ်တွင်…
အမတ်ကြီးချန်ရှုံးက ထိုင်ခုံမှာ မားမားမတ်မတ် ထိုင်နေသည်။
သူ့ရဲ့မျက်နှာက တည်တင်းနေ၏။ စားပွဲပေါ်က တရှားမြေပုံကို ကြည့်နေရင်း ဒေါသပြည့်နေတဲ့ မျက်လုံးများဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်နေသော ဝတ်စုံနက်နဲ့ လူကို မေးလိုက်သည်။
“ အရှင်မင်းကြီးက တရှားတိုင်းပြည်နဲ့ ဝေ့တိုင်းပြည်ကြားမှာ မဟာတံတိုင်း ဆောက်ဖို့ လုပ်နေတယ်လို့ ပြောလိုက်တာလား!”
“ ဟုတ်ပါတယ်”
“ ဒါဆို ငါတို့ရဲ့ လုပ်ရပ်တွေကို သတိထားမိနေတဲ့ သဘောလား?”
“ ကျွန်တော် မသိပါဘူး”
“ လုပ်နိုင်စွမ်းမရှိတဲ့ အဲ့ဒီအရူးဘုရင်က ငါတို့ရဲ့ အစီအစဥ်ကို သတိထားမိပြီး အခုလို ကြိုကာကွယ်လိမ့်မယ် မထင်ထားဘူး”
ဝတ်စုံနက်နဲ့ သူက အနည်းငယ် အံ့သြသွားကာ ကြောက်လန့်တကြား မေးလိုက်သည်။
“ ဒါဆို အရှင်မင်းကြီးက သိနေတာပါလား?”
“ ဒါပေမဲ့ ဒီအမိန့်က ရူးမိုက်တာပဲ”
ထိုစကားကိုကြားမှ ဝတ်စုံနက်နဲ့သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ ဒါပေမဲ့ ခဏအကြာမှာ တစ်စုံတစ်ခုကို တွေးမိပြီး
“ ဒါဆိုရင် တစ်ကယ်ပဲ မဟာတံတိုင်းကို ဆောက်လိုက်ရင် ဝေ့တိုင်းပြည်နဲ့ ကျွန်တော်တို့ရဲ့ အပေးအယူ ပျက်ဆီးရပါလိမ့်မယ်”
ချန်ရှုံး ပြုံးလိုက်ပြီး
“ အခုလို စီမံကိန်းကြီးအတွက် ဘာတွေလိုအပ်မယ်လို့ မင်းထင်လဲ?”
“ များပြားတဲ့ ငွေကြေးအထောက်အပံ့နဲ့ လူအင်အားပဲ!”
ချန်ရှုံး ဆက်ပြောသည်။
“ ဒီလိုဆိုမှတော့ ပြည်သူတွေ အရှင်မင်းကြီးရဲ့ အခုအမိန့်တော်ကို ဘယ်လိုတုံ့ပြန်ကြမယ် ထင်လဲ?”
“ ရုံးတော်က အရာရှိတွေက အကောင်းဘက်က တွေးခဲ့ရင်တောင်မှ ပြည်သူတွေက သေချာပေါက် အပြစ်ပြောကြမှာ”
“ ဒါကိုသာ ငါတို့အသုံးချနိုင်ရင် ငါတို့အတွက် လှုပ်ရှားရလွယ်ကူသွားမယ်”
“ နည်းနည်းလောက် ခလောက်ဆန်လိုက်လဲ အပျင်းပြေတာပဲမလား?”
“ ဒီရက်ပိုင်း မြို့တော်က ငြိမ်းချမ်းနေတာ ကြာပြီ”
“ ဒီသတင်းကို ပြည်သူတွေကြားမှာ ဖျန့်ခိုင်းလိုက်။ ကိစ္စကြီးသွားလေ ပိုကောင်းလေပဲ။ အရှင်မင်းကြီး.ဘယ်လို ကိုင်တွယ်မလဲ ငါသိချင်မိတယ်”
ပြောပြီးတာနဲ့ အမတ်ကြီးချန်ရှုံးက လက်ထဲက လက်စွပ်ကို လှည့်နေကာ အတွေးလွန်နေတော့သည်။
…….
လီချန်ချိုး သူ့လက်ထဲက တော်ဝင်ဓားကို.ပွတ်သပ်နေရင်း အနည်းငယ် ပျင်းရိနေသည်။
ကျူးကော့ မောင်နှမရဲ့ လက်စွမ်းကြောင့် ပြည်သူတွေကြောက်လန့်ပြီး ဘယ်သူမှ ပြဿနာ မရှာရဲတော့ဘူး။
သူ့အနေနဲ့ လုပ်စရာ မရှိဘူးဖြစ်နေသည်။
အရာရှိတွေလဲ သူ့ကိုဆို ကြောက်လို့ ရှောင်နေကြသည်။ ယောင်ဖန်းရဲ့ ကိစ္စကြောင့် မြင်တာနဲ့ကို ပြေးကြတာပဲ။
“ အာ”
“ အထီးကျန်လိုက်တာကွာ!”
လီချန်ချိုး သက်ပြင်းချလိုက်ပြီး တံခါးဖွင့်ကာ အပြင်ဘက်က နေရောင်ကို ခံယူလိုက်သည်။.ဒီနေ့အတွက် သူ့ရဲ့ ကင်းလှည့်မှု စတင်ရတော့မည်။
ဒါပေမဲ့ ထိုအချိန်မှာ အစောင့်တစ်ယောက် အလောတကြီး ပြေးဝင်လာကာ
“ လက်ရှိစုံစမ်းမှုအရ အလုပ်ခန့်အပ်ခြင်းဋ္ဌာနက အမတ်ကြီး ချန်ရှုံးက လတ်တလောမှာ တိုင်းပြည်အရေးထဲ ဝင်ပါနေပါတယ်တဲ့”
“ ချန်ရှုံး? ဘာအကြောင်းလဲ သိခဲ့ရလား?”
“ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ အမိန့်နဲ့ ပတ်သတ်နေမယ် ထင်ပါတယ်”
“ ဒီအဖိုးကြီးက မရိုမသေ လုပ်နေတာပဲ!”
လီချန်ချိုး ခဏလောက် အံ့သြသွားကာ
“ ဆက်စုံစမ်းလိုက်။ ဒီကိစ္စကို အတိအကျ သိချင်တယ်”
“ ဟုတ်ကဲ့!”
“ မြန်မြန်သွားလေ! မင်းက ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ?”
ချက်ချင်းပဲ ထိုလူက ကတုန်ကယင် ထရပ်လိုက်၏။
လီချန်ချိုးရဲ့ ငယ်ရွယ်တက်ကြွတဲ့ အာဏာက တစ်နေ့တစ်ခြား ပိုပြင်းလာသလိုပဲ။
အရှင်မင်းကြီးနဲ့ တွေ့ဆုံချိန်သာ သူ့ရဲ့ပုံစံက လေးစားဟန်ရှိသည်။
အခုချိန်မှာသူက မနေ့တစ်နေ့ကမှ အစောင့်ခေါင်းဆောင် ဖြစ်လာတဲ့ လူငယ်လေး မဟုတ်တော့ဘူး။
ယောင်ဖန်းရဲ့ ကိစ္စ ပြီးတာနဲ့ သူ့ရဲ့အရှိန်အဝါက ပိုပြင်းထန်လာခဲ့သည်။
တော်ဝင်ဓားတော်ကို လက်ထဲကိုင်ထားရပြီးမှ သုံးစရာနေရာမရှိတော့ လက်တောင် ယားနေသလိုပဲ။
ထွက်သွားတဲ့ လက်အောက်ငယ်သားရဲ့ နောက်ကျောကို ကြည့်ရင်း လီချန်ချိုး ခန္ဓာကိုယ်ကို မတ်လိုက်သည်။
ခဏလောက် တွေးပြီးနောက်မှာ အမဖြစ်သူထံ သွားတွေ့ဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။
……
ရှကျိုးယွီ ဖူယွဲ့နန်းဆောင်မှာ နိုးလာခဲ့သည်။
မိဖုရားဖူယွဲ့ရဲ့ စကားကို နားထောင်နေရင်း အခါးရည်သောက်နေလိုက်သည်။
“ မဟာတံတိုင်း တည်ဆောက်တဲ့ ငါကိုယ်တော့်ရဲ့ ဆုံးဖြတ်ချက်ကို မိဖုရား.ဘယ်လိုထင်လဲ?”
ဖူယွဲ့ ရင်တစ်ချက်ခုန်သွားသည်။
သူမ သက်ပြင်းချလိုက်တော့သည်။
မဟာတံတိုင်းကို တည်ဆောက်တယ်ဆိုတဲ့ ကိစ္စကိုက အကျိုးအကြောင်းမရှိသလိုပဲ။
ဒါ့အပြင် ပိုက်ဆံက အများကြီး ကုန်ကျအုံးမည်။
အမတ်တွေပါ လာတွေ့ရတယ်ဆိုတော့ ဘယ်လောက်အရေးပါတဲ့ကိစ္စလဲ တွေးစရာကို မလိုတော့ဘူး။
ဒါက အစပဲရှိသေးသည်။ ဒီကိစ္စကိုသာ ဆက်လုပ်နေရင် ဘယ်လို ပြဿနာတွေ ထပ်ဖြစ်လာအုံးမလဲ ဘယ်သူမှ မသိဘူး။
မဟာတံတိုင်း ဆောက်တဲ့အတွက် အခွန်တိုးကောက်မှာက သေချာပေါက်ပဲ။ လူအင်အားအများကြီး သုံးရအုံးမှာဆိုတော့ ဘာတွေ ရင်ဆိုင်ရမလဲ စိတ်ကူးလို့တောင် မရဘူး!
ခဏလောက် တွေးပြီးနောက်မှာ…
ဖူယွဲ့ သက်ပြင်းတစ်ချက်ချပြီး ရှကျိုးယွီကို ကြည့်လိုက်သည်။
“ အရှင်မင်းကြီး တံတိုင်းဆောက်တာက ပြည်သူတွေအတွက် အကျိုးရှိစေမှာ သေချာပေါက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်မျိုးမ စိုးရိမ်တာက တံတိုင်းမပြီးသေးဘဲ ဘဏ္ဍာငွေတွေ ကုန်သွားပြီး အခွန်တိုးကောက် ရမှာကိုပဲ။ ဒါဆိုရင် တရှားတိုင်းပြည်ရဲ့ ပြည်သူတွေအားလုံး…”
ဖူယွဲ့ စကားပြောနေတာ ရပ်လိုက်သည်။
ရှကျိုးယွီရဲ့ မျက်လုံးထဲက အံ့သြမှုတစ်ချို့ကို အာရုံခံလိုက်မိလို့ပင်။
‘ ဖြစ်နိုင်တာ… အရှင်မင်းကြီးမှာ တစ်ခြား အစီအစဥ်ရှိနေလို့လား?’
ဒါပေမဲ့ သူမ မသိခဲ့တာက ရှကျိုးယွီရဲ့ အတွေးပဲ။
သူမရဲ့ စကားတွေကြောင့် ရှကျိုးယွီတစ်ယောက် ကမ္ဘာသစ်တစ်ခု ပွင့်သွားသလို ခံစားလိုက်ရသည်။
အခွန်တိုးကောက်မယ်?
အခွန်တိုးကောက်မယ်တဲ့..ဟားဟား?!
ကောင်းလိုက်လေ ပြည်ဖျက်ဖို့ အဲ့မှာနောက်တကွက်ရပြီ
………..