(ကောင်းလိုက်တဲ့အကွက်ပဲ)
Vol. 3 Ch. 32
“ အရှင်မင်းသား ကျွန်တော်တို့ ဂိုဏ်းပေါင်း ၃၆ ဂိုဏ်း ဖမ်းမိတဲ့အပြင် သူတို့ရဲ့ပုန်းခိုစခန်း ၃၂ ခုကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အခု လက်ရှိ ကျန်းနန်၊ ကျန်းပိုင်နဲ့ဟွာနန်းမှာရှိတဲ့ လက်ကျန်ဂိုဏ်းတွေလဲ လက်နက်ချလာခဲ့ပြီ”
“ တစ်ကယ်ကိုအောင်မြင်မှု ကြီးပါပဲ!”
ကျန်းနန်မြို့ရဲ့ အုပ်ချုပ်သူ စံအိမ်တွင် ဖြစ်သည်။
စားပွဲမှာ ထိုင်နေတဲ့ ချင်မင်းသား ရှထိုက်အန်းရဲ့ အကြည့်က တရှားတိုင်းပြည်ရဲ့ မြေပုံပေါ်တွင် ရှိပြီး စိတ်ကျေနပ်နေဟန် ရှိသည်။
“ ဒီအတောအတွင်းမှာ ငွေတုံးဆယ်သိန်းနဲ့ စစ်မြင်းငါးရာအပြင် ထပ်ပြီး…”
လက်အောက်ငယ်သားတွေက အားတက်သရော တင်ပြလာသလို သူတို့ရဲ့ မျက်နှာကလဲ ရွှင်လန်းနေကြသည်။
“ တော်တယ်။ တော်တယ်။ ဒီတစ်ခေါက် အကုန်လုံးလုပ်တာ တော်တယ်! ဆုချီးမြှင့်မယ်”
“ လိုက်ရေးထား…”
…..
အမိန့်တွေအများကြီး ချပြီးနောက်မှသာ ရှထိုက်အန်း စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
သူ့ရဲ့ မျက်လုံးထဲမှာကျေနပ်မှုတို့ ရှိသည်။
ရှကျိုးယွီကို သူ တော်တော် လေးစားမိသည်။
ရှကျိုးယွီ ဘာကြောင့် သူ့ကိုစေလွှတ်ခဲ့လဲ အစက သူ နားမလည်ခဲ့ဘူး။
အခု ဒီနေရာကို ရောက်လာမှသာ ပြဿနာတွေကို တွေ့ခဲ့ရသည်။
ဒီနေရာကို သိုင်းဂိုဏ်းများစွာက ဝင်ရောက်ခြယ်လှယ်နေပြီး အရာရှိတွေက အာဏာ အလွဲသုံးစားလုပ်နေကြသည်။ ပြည်သူတွေရဲ့အခြေအနေက တော်တော် ဆိုးဝါးနေခဲ့သည်။
စီးပွားရေးအချက်အချာမြို့ကြီး သုံးမြို့က လက်တွေ့မှာ တော်တော် ခံစားနေခဲ့ရတာပင်။
‘ ဒီလောက် ရှုတ်ထွေးနေတဲ့အခြေအနေကို ဖြေရှင်းနိုင်ဖို့ အင်အားကြီးတဲ့သူကိုသာ မစေလွှတ်ခဲ့ရင် တစ်ကယ် ပြဿနာ တက်သွားမှာ!’
‘ ကံကောင်းလို့ ငါက အင်အားကြီးပြီး အကုန်လုံး ဖြေရှင်းနိုင်လို့သာပဲ။ ဒီသတင်းကိုသာ သိရရင် ငါ့ရဲ့တူတော်လေး လန့်သွားမှာ သေချာတယ်။ ဒါပေမဲ့ အခြေအနေတွေက အခုထိ မတည်ငြိမ်သေးဘူး။ တည်ငြိမ်ဖို့ အရင် ဦးစားပေးလုပ်ရမယ်’
‘ ဒီနေရာတစ်ခုလုံး လုံးဝ အဆင်ပြေသွားမှပဲ တူလေးကို ပြောရတာပေါ့’
‘ အံ့သြစရာကြီး ချပေးလိုက်မယ် ဟားဟား’
ရှထိုက်အန်း တွေးနေရင်းဖြင့် သူ့ရဲ့မျက်လုံးက ပိုအရောင်တောက်လာခဲ့သည်။
မာနရဲ့ အရိပ်အယောင်တွေ ထင်ဟပ်လာတော့သည်။
ဟိတ်ဟန်ပါပါနဲ့ပဲ စားပွဲပေါ်က ဝိုင်ခွက်ကိုမကာ သောက်လိုက်လေ၏။
…….
ရှကျိုးယွီ ဖူယွဲ့နန်းဆောင်က ထွက်လာလာချင်းပဲ အံ့သြတကြီး မျက်နှာနဲ့ ပြေးလာနေတဲ့ ကျောက်ကောင်းကို တွေ့လိုက်ရသည်။
“ အရှင်မင်းကြီး”
“ ကျောက်ကောင်း မင်းဘာတွေ လန့်နေတာလဲ?”
ရှကျိုးယွီ ပုံမှန်လို မေးလိုက်တာပင်။
သူ့ရဲ့စိတ်ထဲမှာက အခွန်တိုးကောက်မဲ့ကိစ္စနဲ့ပဲ အာရုံများနေခဲ့သည်။
ကျောက်ကောင်း ချက်ချင်း ပြောလိုက်သည်။
“ ကျွန်တော်မျိုး… မပြောရဲပါဘူး”
“ ငါကိုယ်တော် ပြောခိုင်းနေရင် ပြောလိုက်”
ရှကျိုးယွီ မျက်မှောင်ကြုတ်သွားသည်။
“ နန်းတော်အပြင်မှာ သတင်းတွေ ပျံ့နေပါတယ် အရှင်မင်းကြီး။ မဟာတံတိုင်း တည်ဆောက်မဲ့ကိစ္စကို ပြည်သူတွေ သိသွားပါပြီ။ အခု မြို့တော်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေပါတယ်။ သူတို့ပြောနေတာ.. အရှင်.. အရှင်မင်းကြီးက..”
ကျောက်ကောင်း ဆက်မပြောနိုင်တော့ပေ။
ရှကျိုးယွီ မျက်မှောင်ကြုတ်လိုက်ကာ
“ပြောစမ်း!”
“ အရှင်မင်းကြီးကို မကောင်းတဲ့ အရူးဘုရင်လို့ ပြောနေပါတယ်! ပြည်သူတွေရဲ့ ဘဝကို ဂရုမစိုက်ဘဲ အသုံးမဝင်တဲ့ နံရံကြီး ဆောက်ဖို့ လုပ်နေတာမို့ အရှင်မင်းကြီးကြောင့် တရှားတိုင်းပြည်ကြီး မွဲပြာကျတော့မယ်လို့ ပြောနေတာပါ!”
“ ကြည့်ရတာ ဒီကိစ္စမှာ အမတ်တစ်ချို့ အနောက်က ပါထားပုံပါပဲ”
ရှကျိုးယွီ ချက်ချင်းပဲ ကိုယ့်ပေါင်ကိုယ် ရိုက်လိုက်သည်။
‘ တော်တယ်! ငါဘာလို့ မတွေးမိခဲ့တာလဲ? ပြည်သူတွေရဲ့အင်အားက အဆုံးမရှိဘူးလေ! သူတို့ကိုသာ အသုံးချရင် ကံကြမ္မာအမှတ်လဲ ဘယ်ခံနိုင်တော့မှာလဲ!’
‘ နံရံဆောက်လိုက်တာနဲ့အကုန်လုံး ဆန့်ကျင် ကြလိမ့်မယ်။ စီမံကိန်းတောင် မစရသေးဘူး။ ပြဿနာတွေ ရောက်လာနေပြီ။ အခွန်ပါ တိုးကောက်လိုက်လို့ကတော့ ပိုမဆိုးသွားလောက်ဘူးလား?’
‘ ဆုပေးရမယ်! နောက်ကွယ်က ပါရမီရှင်လေးကိုမှ ဆုပေးရင် ဘယ်လိုလူကို ငါပေးရတော့မလဲ!’
ချက်ချင်းပဲ သူ မေးလိုက်သည်။
“ နောက်ကွယ်က ဘယ်သူလဲ မင်းသိလား?”
ကျောက်ကောင်း ချက်ချင်း ပြန်ဖြေလိုက်သည်။
“ စုံစမ်းရသလောက်တော့ အလုပ်ခန့်အပ်ရေး ဋ္ဌာနရဲ့ အမတ်ကြီး ချန်ရှုံးပါ”
“ အိုး? ချန်ရှုံးလား? ဒီကိစ္စကို ဘယ်လို ကိုင်တွယ်သင့်တယ်လို့ မင်းထင်လဲ?”
ရှကျိုးယွီ ကျောက်ကောင်းကို လှမ်းကြည့်လိုက်သည်။
“ ကျွန်တော်မျိုး ဝင် မပြောရဲပါဘူး”
“ လွတ်လွတ်လပ်လပ် ပြောပါ။ ငါကိုယ်တော့်ကို အကြံပေးတယ်လို့ မှတ်လိုက်”
“ အရှင်မင်းကြီး…”
“ ပြော!”
ရှကျိုးယွီရဲ့ တည်တံ့နေတဲ့ မျက်နှာကို မြင်တော့… ကျောက်ကောင်း ကူကယ်ရာမဲ့လာသည်။
“ ဒါဆို ကျွန်တော်မျိုး ပြောပါ့မယ်။ ဒီအချိန်မှာ ဖြေရှင်းဖို့ နည်းမရှိသေးဘူး ထင်ပါတယ်”
“ အိုး ဟုတ်လား?”
ရှကျိုးယွီ ချက်ချင်း စိတ်ဝင်စားသွားသည်။
“ အကောင်းဆုံးက ဒီကိစ္စကို တိတ်တဆိတ် ဖြေရှင်းပြီး သတင်းတွေကို တားဖို့ နည်းလမ်းရှာရမယ်ထင်ပါတယ်”
“ အိုး?”
“ တိတ်တဆိတ်လား?”
ရှကျိုးယွီ အစက မထင်ခဲ့မိဘူး။ ကျောက်ကောင်းက တိတ်တဆိတ် ဖြေရှင်းဖို့ တောင်းဆိုလာခဲ့တာပဲ။ သူ ချက်ချင်းပဲ စိတ်ဝင်စားသွားသည်။
“ သေချာပြောပြ”
“ အခု အမတ်ချန်ရှုံးရဲ့ လှုပ်ရှားမှုကနေ ရုံးတော်ရဲ့ ပြဿနာကို ပြသပေးသွားခဲ့တယ်။ အရှင်မင်းကြီးသာ ဒီကိစ္စကို ပေါ်ပေါ်ထင်ထင် ဖြေရှင်းလိုက်ရင် မသင့်တော်ရာ ကျသွားနိုင်တယ်။ ဒါပေမဲ့ ဒီကိစ္စကို လူမသိအောင် ဖြေရှင်းလိုက်ပြီး အဘက်ဘက်ကနေ မရေရာတဲ့ ခန့်မှန်းချက်တွေ ဖြစ်ပေါ်စေမယ်ဆိုရင် အမတ်တွေအကုန် အတွေးများပြီး ငြိမ်သွားမယ်လို့ ယုံကြည်ပါတယ်”
“ မနေ့ကလိုမျိုး ထိပ်တိုက်အချင်းများစရာ မလိုတော့ဘူး..”
…..
သိပြီ!
ကောင်းလိုက်တဲ့အကွက်!
ကျောက်ကောင်းက မဆိုးဘူးပဲ!
ဘယ်တုန်းက ဒီလောက် ဉာဏ်ကောင်းသွားတာလဲ?
ဒါပေမဲ့ သူ့ရဲ့အကြံအစည်က တစ်ဖက်သတ် ဆန်နေတယ်။
ပြောရရင် အလုပ်ခန့်အပ်ရေးဋ္ဌာနရဲ့ အမတ်ကြီးဆိုမှတော့ ချန်ရှုံးရဲ့အနားမှာ အဆင့်မြင့် သက်တော်စောင့်တွေ ရှိမှာပဲ။
အခုလို လုပ်လိုက်လို့ အောင်မြင်ခဲ့ရင်တောင်မှ အမတ်ကြီးတစ်ယောက်ရဲ့ရုတ်တရက် သေဆုံးမှုက တိုင်းပြည်အနှံ့မှာ ကောလဟာလတွေ ဆူညံစေလိမ့်မယ်။
ကျိုးကြောင်းသင့်တဲ့ လှုပ်ရှားမှုဆိုပေမဲ့ မမြင်ရတဲ့ အန္တရာယ်တွေ ရှိတယ်။
ဘယ်လိုပဲ ဉာဏ်ကောင်းကောင်း ကျောက်ကောင်းလဲ နန်းတော်ထဲ အနေကြာတော့ စဥ်းစားတာ အကွက်မကျ တော့ဘူးပဲ။
ပြီးတော့ ဒီလောက်အားကောင်းတဲ့ အကူအညီကြီးကို ငါဘာကြောင့် သတ်ရမှာလဲ?
ကျောက်ကောင်းက ငါ့ကို အသိပေးလိုက်တာပဲ။
ဒီလောက်တော်တဲ့ ပါရမီရှင်ကို ပုန်းကွယ်နေစေလို့ မဖြစ်တော့ဘူး!
“ ဒီလိုဆိုမှတော့ ဒီကိစ္စကို သေချာ ဖြေရှင်းရမယ်”
ရှကျိုးယွီ ပြောလိုက်သည်။
“ ကျောက်ကောင်း ငါကိုယ်တော် အမိန့်ပေးမယ်”
“ အရှင်မင်းကြီး ပြောကြားတော်မူပါ”
ကျောက်ကောင်း မထိန်းနိုင်စွာ စိတ်လှုပ်ရှား လာခဲ့သည်။
အရှင်မင်းကြီးက ငါ့ကို ရှေ့ထွက်ခိုင်းတော့မှာ များလား? ငါ့လို မိန်းမစိုးတစ်ယောက်က အကြံပေးပြီး အရှင်မင်းကြီးကိုယ်စား ဆောင်ရွက်ပေးနိုင်မယ်လို့ မထင်ခဲ့မိဘူး!
နောက်ဆုံးတော့ ငါ့အချိန် ရောက်ခဲ့ပြီ!
ငါ အရှင်မင်းကြီးကိုယ်စား အကောင်းဆုံး ဖြေရှင်းရမယ်!
သဲလွန်စတစ်ခုတောင် မကျန်စေဘဲ သတ်ပစ်ရမယ်!
ကျောက်ကောင်း တွေးလေလေ ပိုပြီး စိတ်လှုပ်ရှားလာသည်။
သူ့ရဲ့မျက်နှာကပါ ပျော်ရွှင်မှုကြောင့် လက်ထနေ၏။
ရှကျိုးယွီက အပူအပင်ကင်းစွာ ပြောလိုက်သည်။
“ ဒီနေ့ကစပြီး အမတ်ချန်ရှုံးကို တိတ်တဆိတ် ကာကွယ်ရမယ်။.ဘယ်လို အန္တရာယ်မျိုးမှ မကျအောင် သေချာဂရုစိုက်ရမယ်”
“ ကျွန်တော်မျိုး အမိန့်တော်အတိုင်း…အတိုင်း..ဟမ်”
ကျောင်းကောင်း ဆွံ့အသွားသည်။
ကာကွယ်ရမယ်?
ငါ လူသွားသတ်ရမှာ မဟုတ်ဘူးလား?
ဘယ်လိုကနေ ဘယ်လို ကာကွယ်ဖို့ ဖြစ်သွားတာတုန်းဟ?
အရှင်မင်းကြီးက ငါ့အကြံကို မကြားလိုက်တာလား?
ဒါမှမဟုတ် အရှင်မင်းကြီးမှာ တစ်ခြား အကြံရှိနေတာလား?
အဲ့လိုပဲ ဖြစ်ရမယ်။ အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ငါနားမလည်ပေမဲ့ သေချာပေါက်နောက်ကွယ်က အဓိပ္ပါယ် ရှိမှာပဲ!
ဟုတ်သားပဲ။ အလုပ်ခန့်အပ်ရေး ဋ္ဌာနက ရေကြောင်းစီမံမှုရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောရမယ်။ ငါးဖမ်းကုန်သည်စီးပွားရေးပိုင်းရဲ့ လုပ်ပိုင်ခွင့် ရောင်းချတာတွေ၊ သင်္ဘော ပို့ဆောင်ရေးပိုင်းတွေ အကုန်လုံးက အလုပ်ခန့်အပ်ရေးဋ္ဌာနနဲ့ ဆက်နွယ်နေတာ။ လက်ရှိမှာ မဟာတံတိုင်းတည်ဆောက်ဖို့အတွက် ရေကြောင်းပို့ဆောင်ရေးက မဖြစ်မနေ လိုအပ်တယ်! ဟုတ်တယ်! အရှင်မင်းကြီးက ပြည်သူတွေအတွက် စဥ်းစားပေးတာပဲ!
ငါတို့အရှင်မင်းကြီးက ဘယ်လောက်တောင် ကြီးမြတ်လိုက်သလဲ!
ပြည်သူအတွက် ဒီလောက်တွေးပေးတဲ့ အရှင်မင်းကြီး..!
ကျောက်ကောင်းရဲ့ မျက်လုံးမှာ မျက်ရည်တွေ စို့လာလေရဲ့။
“ ဒီလိုမျိုး ပြည်သူကို ဂရုစိုက်တဲ့ ရှင်ဘုရင်က စစ်မှန်ပြီး ကျေးဇူးပြုနိုင်တဲ့ လူသားတွေရဲ့ စံပြပုဂ္ဂိုလ်ပဲ! အဲ့ဒီ အသုံးမကျတဲ့ အမတ်တွေ အရှင်မင်းကြီးရဲ့ စေတနာကို နားမလည်တာ အံ့သြစရာပဲ။ သူတို့ကပဲ အရှင်မင်းကြီးကို မတရားပြောဆိုကြသေးတယ်!”
ကျောက်ကောင်း သက်ပြင်းချလိုက်သည်။
တစ်ချိန်ထဲမှာပဲ ရှကျိုးယွီ တစ်ယောက် စနစ်ရဲ့ အသံကို ကြားလိုက်ရသည်။
( ပိုင်ရှင်က လုပ်ချင်ရာလုပ်တဲ့အတွက် ပြည်သူတွေရဲ့ ထောက်ပံ့မှုလျော့စေပြီး ပြည်သူတွေကို စိတ်ပျက်စေခဲ့တယ်။ ဘုရင်ဆိုးတစ်ယောက်ရဲ့ အပြုအမူပဲ)
( ကံကြမ္မာအမှတ် ၁၀၀၀ လျော့တယ်။ လက်ရှိမှာ ၄၀၅၀၀ ကျန်တယ်)
အိုးးး မင်္ဂလာရှိလိုက်တာ
………….