( ဆေးဆရာတစ်ယောက်?)
Vol. 3 Ch. 34
“ ဒါက…”
လျိုချင်းချန် အလွန်အံ့သြစွာဖြင့် ဆေးလုံးကို ကြည့်နေမိသည်။
အတိအကျပြောရရင် ရှကျိုးယွီရဲ့ လက်ထဲက ဆေးလုံးကိုပဲ!
ထိုဆေးပုလင်းထဲကနေ တစ်ကယ်ကို ထူးခြားတဲ့ အစွမ်းတစ်ခု အာရုံခံလို့ ရနေသည်။
မျက်စိနဲ့ကြည့်ရုံနဲ့တင် အလွန်ထူးခြားမှန်း ပြောလို့ရသည်။
တစ်ကယ်ကို နတ်ဆေးလုံးပဲ!
“ဒါ ဘယ်သူဖန်တီးထားတာလဲ? နတ်အစွမ်းကိုပါ ထည့်ပေါင်းပြီး ဖန်တီးနိုင်တယ်? ဒီဆေးလုံးက အဆင့်ဘယ်လောက်လဲ?’
လျိုချင်းချန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
“ရော့ ယူပြီးအနီးကပ်ကြည့်လေ”
ရှကျိုးယွီ ပြောရင်းနဲ့ ဆေးလုံးလှမ်းပေးလိုက်သည်။ သူ့ရဲ့ မျက်လုံးထဲမှာ ခံစားချက်မရှိဘူး။
လျိုချင်းချန် ခဏလောက် အံ့သြသွားပြီးနောက်မှာ အခါးရည်ခွက်ကို ခပ်ဖြည်းဖြည်း ယူလိုက်သည်။
သူမ ဆေးလုံးကို သေချာမကြည့်သေးဘူး။ မျက်စိနဲ့ကြည့်ပြီး အနံ့ ခံလိုက်သည်။
“ ဒါက!!”
လျိုချင်းချန် ရုတ်တရက် ရှကျိုးယွီဘက် ကြည့်လိုက်လေကာ သူမရဲ့ မျက်နှာမှာ အံ့သြရိပ်တို့ စွန်းထင်းလာသည်။
သူမ အနီးကပ် အနံ့ခံရုံနဲ့တင် ကိုယ်တွင်းမှာ အချိန်အကြာကြီး နှောက်ယှက်နေခဲ့တဲ့ ခံစားချက် ဖိအားတွေ ပျောက်ကွယ်သွားတာ တွေ့လိုက်ရလို့ပဲ။
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ!
အခုလို ဖိနှိပ်လို့မရနိုင်ဘူးလေ!
ဒီလောက် အလွယ်လေး အနိုင်ယူနိုင်ရင် သူမကို အချိန်အကြာကြီး နှိပ်စက်ခွင့် ပေးထားတာ ဘယ်လိုဖြစ်နိုင်မှာလဲ?
ဒါပေမဲ့ အခုတော့ အနံ့ရရုံနဲ့တင် အနည်းငယ် ဖိနှိပ်နိုင်သွားသည်။
တစ်ကယ်ကို အံ့သြဖွယ်ရာပဲ!
လျိုချင်းချန်ရဲ့ အမူအရာကြောင့် ရှကျိုးယွီ မနေနိုင်စွာ မေးလိုက်သည်။
“ဘာမှားလို့လဲ? ဒီဆေးလုံးက တစ်ခုခု ဖြစ်နေလို့လား?”
လျိုချင်းချန် ကြောင်ပေါက်လေးလို ခေါင်းရမ်းပြလိုက်သည်။
ထို့နောက်မှာ သူမ နောက်တစ်ကြိမ် ရှုသွင်းလိုက်သည်။ ကိုယ်ထဲက ခံစားချက်တွေ ထပ်မံ ဖိနှိပ်ခံလိုက်ရလေပြီ။
ထို့နောက်မှာ သူမ ရုတ်တရက် မော့ကြည့်လိုက်သည်။
“အရှင်မင်းကြီး ဒါဘာဆေးလုံးလဲ?”
လျိုချင်းချန်ရဲ့ မျက်နှာကို အသေးစိတ် လေ့လာနေတဲ့ ရှကျိုးယွီ ခပ်ဖွဖွ ပြုံးလိုက်သည်။
“ ဒါလား သာမာန်ဆေးလုံးလေးပါ..ဘာမှ မဟုတ်ဘူး”
လျိုချင်းချန် ပိုပြီးသိချင်စိတ် ပြင်းလာရသည်။
အနီရောင် နှုတ်ခမ်းတွေက အနည်းငယ် စေ့သွားကာ သူမရဲ့အကြည့်က တည့်တည့် ကျရောက်လာသည်။
အံ့သြမှုစွန်းထင်းနေတဲ့ မျက်လုံးလှလှ တစ်စုံက ရှကျိုးယွီထံမှ မလွှဲတော့ပေ။
သာမာန်ဆေးလုံးတဲ့လား?
ဒါက သာမာန်ဆေးလုံးတဲ့လား?
လျိုချင်းချန် အနည်းငယ် မထိန်းနိုင်တဲ့ မျက်လုံးတွေနဲ့ ရှကျိုးယွီကို ကြည့်လိုက်သည်။ ဒီအချိန်မှာ ဆေးလုံးကနေ ရနိုင်သမျှ အနံ့အသက်တွေကို သူမ လောဘတကြီး စုပ်ယူနေတော့၏။
သူမရဲ့ အမူအရာကလဲ ထိန်းချုပ်မရအောင် စွဲလန်းနေပုံပင်။
ကိုယ်တွင်းက ခံစားချက်တွေကို ဖိနှိပ်ပေးနိုင်တဲ့အစွမ်းကြောင့် လျိုချင်းချန် အရင်လိုမျိုး ဟန်မဆောင်နိုင်တော့ဘူး။
ရှကျိုးယွီရဲ့ မျက်နှာထားလဲ အနည်းငယ် ပြောင်းလဲလာခဲ့သည်။
ဒါပေမဲ့ သူဘာမှမပြောသေးပေ။
စိတ်ရှည်ရှည်နဲ့ လျိုချင်းချန်ကို စောင့်နေလိုက်သည်။
အမွှေးတိုင်တစ်ချောင်းစာ..
အမွှေးတိုင် နှစ်ချောင်းစာ..
….
အမွှေးတိုင် သုံးချောင်းစာလောက် ကုန်သွားပြီးနောက်မှာတော့ ရှကျိုးယွီ ဆက်စိတ်မရှည်နိုင်တော့ဘူး။
ဒီကောင်မလေး ဘာဖြစ်နေတာလဲ?
ဘာလို့ ဆေးလုံးကိုပဲ နမ်းနေတာတုန်းဟ?
အဲ့လောက် မွှေးနေလို့လား?
လျိုချင်းချန်ရဲ့ မျက်နှာကတော့ ကျေနပ်နေဟန်ပင်။
ဒီခံစားချက်က သူမကို ဖြေသိမ့်နေသလိုပဲ။
ဒီအချိန်အတွင်းမှာ သူမရဲ့ ကိုယ်ထဲက တောင့်တမှုတွေက ဆက်တိုက်ပြေလျော့နေသည်။
ထို့ကြောင့် သူမ ဆေးလုံးမှာပဲ နစ်မြုပ် နေလေတော့၏။
ဆေးလုံးကို လက်ထဲကိုင်ထားရင်း..
သူမ ချက်ချင်းပဲ စားပစ်လိုက်ချင်နေသည်။
သူမ သတိလက်လွတ် မြိုချပစ်ချင်နေသည်!
သူမရဲ့အကြည့်က နေရာမှာ မလွဲသေးဘဲ လက်ထဲက ဆေးလုံးကို လေ့လာလိုက်သည်။
ကျင့်ကြံသူတွေက စိတ်နှလုံးကို.ထိန်းချုပ်နိုင်စွမ်း မြင့်သည်။
ဒါပေမဲ့ ဒီလောက်သေးငယ်တဲ့ ဆေးလုံးလေးက လျိုချင်းချန်ရဲ့ အသိစိတ်ကို မွှေနှောက်သွားကာ ယာယီ သတိလွတ်သွားစေသည်။
လျိုချင်းချန်ရဲ့ ခန္ဓာကိုယ်မှ စွမ်းအင်တစ်ချို့ စိမ့်ထွက်လာခဲ့သည်။
သူမ အတတ်နိုင်ဆုံး ကြိုးစားပြီး ထိန်းချုပ် နေဟန်ပဲ။
ဒါပေမဲ့ ရှကျိုးယွီ စိတ်မရှည်တော့ဘူး။
သူ ဒီနေ့ ရောက်လာရတာက အရည်အချင်း ရှိတဲ့ဆေးဆရာတွေအကြောင်း လျိုချင်းချန်ကို မေးမြန်းဖို့ပင်။
ဒါပေမဲ့ သူမက ဘောက်မဲ့ကြောင့် ဆေးလုံးရဲ့ အနံ့ကိုပဲ ထိုင်ရှုနေတာတုန်းဟ?
ငါလာတာ ဆေးဆရာ ရှာမလို့လေ! ငါမင်းကို ဘယ်လို မေးရတော့မှာလဲ!
ကြည့်ရတာ ပိုက်ဆံတွေ၊ လူတွေရဲ့ခွန်အားတွေကို ထင်သလို သုံးပြီး လုပ်ချင်ရာလုပ်ခဲ့တဲ့ ဘုရင်တစ်ယောက် ဖြစ်နေလဲ ငါဘာမှ အသုံးမကျသေးပုံပဲ။
ဒီဆေးလုံးကလဲ… ငါ့ရဲ့ တိုင်းပြည်ဖျက်ဆီးကိန်းမှာ အစိတ်အပိုင်း တစ်ခုပဲ။
တော်ဝင်ဆရာမကြီးရဲ့ အကူအညီနဲ့ဆိုရင် သေချာပေါက် ပိုလွယ်ကူလိမ့်မယ်။
ရှကျိုးယွီ တွေးမိလေလေ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်အတွက် ဂုဏ်ယူမိလေလေပဲ။
ဒါပေမဲ့ အခုချိန်မှာ လျိုချင်းချန်ရဲ့ ပုံစံက နည်းနည်း ထူးဆန်းနေသည်။
ဒါကြောင့် သူ မနေနိုင်စွာ အော်ခေါ်လိုက်သည်။
“ တော်ဝင်ဆရာမကြီး?”
နောက်ဆုံးတော့ လျိုချင်းချန် အသိ ကပ်သွားခဲ့ပြီ။
အခုမှပဲ ဆေးလုံးကို မြိုချမဲ့ အတွေးကို လက်လျော့လိုက်ကာ သေချာကြည့်လာလေ၏။
“ အရှင်မင်းကြီး ဒီဆေးလုံးကို ဘယ်က ရခဲ့တာလဲ? ဒီဆေးက အရမ်းကို ဆန်းကြယ်တယ်။ စစ်မှန်တဲ့ တာအိုဆရာ တစ်ယောက်တောင်မှ ဒါကိုဖန်တီးနိုင်ဖို့ လွယ်ကူမှာမဟုတ်ဘူး။ ပြီးတော့ ဒီထဲမှာ အနည်းဆုံး ဆေးပင် ၁၃၀ ကျော်လောက် ပါအုံးမှာရယ်.. သေချာပေါက် ဖန်တီးမှုပိုင်းကလဲ ရိုးရှင်းမှာ မဟုတ်ဘူး”
လျိုချင်းချန် သူမရဲ့ ဟိတ်ဟန်များတဲ့ ပင်ကိုယ် ပုံစံ ပျောက်သွားကာ ဆက်တိုက် ပြောလိုက်သည်။
ဒါပေမဲ့ ရှကျိုးယွီ လက်တစ်ဖက် ယမ်းပြလိုက်သည်။
“ အဲ့ဒါအရေးမကြီးပါဘူး။ ငါကိုယ်တော် ဒီနေ့ ရောက်လာခဲ့တာက ဆေးလုံးဖန်တီးပေးနိုင်လား မေးဖို့ မဟုတ်ဘူး။ တော်ဝင်ဆရာမကြီးများ အခုလို ဆေးလုံးဖန်တီးရာမှာ ထူးချွန်တဲ့ ပါရမီရှင် ဆေးဆရာတစ်ယောက် သိသလား မေးဖို့ပဲ”
“ အကယ်လို့ သိတယ်ဆိုရင် ငါကိုယ်တော်နဲ့ မိတ်ဆက်ပေးစေချင်တယ်”
“ ဒီဆေးလုံးကို တော်ဝင်ဆရာမကြီးကို ပေးခဲ့မယ်”
ရှကျိုးယွီ တစ်ချက် ရယ်လိုက်သည်။
ပြောရရင် သူအခု သိုင်းပညာမှာ ပထမအဆင့် သိုင်းနတ်ဘုရားနယ်ပယ် ရောက်သွားခဲ့ပြီ။ ဒါကြောင့် ဒီဆေးလုံးကို ထပ်မလိုတော့ဘူးလေ။
“ ဒါက.. အရှင်မင်းကြီး..”
လျိုချင်းချန် ငြင်းဆိုချင်ခဲ့သည်။
ဒါပေမဲ့ ဆေးလုံးရဲ့ စွဲဆောင်မှုက ပြင်းထန်လွန်းတာမို့ ငြင်းဆိုမဲ့စကားပင် မထွက်နိုင်တော့သလိုပဲ။
သူမ တစ်ကယ် လိုချင်သည်!
သူမရဲ့ နှလုံးသား အနက်ပိုင်းက တောင်းဆိုနေသည်!
ဒါကြောင့် သူမ မဝေးတဲ့နေရာမှာ ထိုင်နေတဲ့ ရှကျိုးယွီကို ကြည့်လိုက်သည်။
ရှကျိုးယွီရဲ့ ပုံစံက တည်ငြိမ်နေသည်။ မသိရင် သာမာန်ကိစ္စတစ်ခုကို ပြောလိုက်တဲ့အတိုင်းပဲ။
ရှကျိုးယွီ ဟန်ဆောင်နေတာလဲ မဟုတ်ဘူး။
သူ့ရဲ့ပုံစံအတိုင်း နေနေတာပဲ။
လျိုချင်းချန်ရဲ့ သိချင်စိတ်တွေ ပိုပြင်းထန်လာခဲ့သည်။
လက်ရှိ ဘုရင်က တစ်ကယ်ပဲ ဘယ်လိုလူများလဲ?
သူ ဖန်တီးချင်တဲ့ ဆေးလုံးကကော ဘယ်လို ဆေးလုံးများလဲ?
သိချင်စိတ်ကြောင့် သူမရဲ့ တည်ငြိမ်တဲ့ ဟန်ပန် ပျက်သွားကာ ရှကျိုးယွီကို မျက်တောင်မခတ်စတမ်း ကြည့်နေမိတော့သည်။
ရှကျိုးယွီကလဲ ပြန်ကြည့်နေတာကိုပင် သူမ သတိမထားမိတော့ဘူး။
နောက်ဆုံး ရှကျိုးယွီ သတိပေးလိုက်တော့မှပဲ သူမ ပြန်တုံ့ပြန်လာခဲ့သည်။
“ ဘာဖြစ်လို့လဲ? တော်ဝင်ဆရာမကြီး ငါကိုယ်တော့်ရဲ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား?”
လျိုချင်းချန် ထိုအခါမှာ ရင်ထဲက သိချင်စိတ်တွေကို ထိန်းချုပ်ရင်း ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်သည်။ သူမ ပြုံးလိုက်ကာ
“ အရှင်မင်းကြီးရဲ့ကြင်နာမှုကို ကျွန်တော်မျိုးမ ကျေးဇူးတင်မိပါတယ်။ ဒီဆေးလုံးက အရမ်း အဖိုးတန်တယ်။ အရှင်မင်းကြီးပဲ ယူထားသင့်ပါတယ်။ ဆေးဆရာရှာတဲ့ ကိစ္စကတော့..”
လျိုချင်းချန် ခဏလောက်တွေးလိုက်သည်။
သူမရဲ့အာရုံထဲကို ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
သူမနဲ့ အသက်အရွယ် တူမဲ့ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်…။
ထိုကောင်မလေးကလဲ တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်ပေမဲ့ ဆေးလုံးဖန်တီးမှုမှာပဲ အာရုံစိုက်ထားတော့ နှစ်တွေကြာခဲ့တာတောင် အဆက်အသွယ် မလုပ်မိခဲ့ကြဘူး။
သူမက ဆေးလုံးဖန်တီးရာမှာ အရမ်းထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။
သာမာန်ဆေးဆရာတွေ အားလုံးကို ကျော်လွန်နိုင်တဲ့ အရည်အချင်းရှိသည်။
ပါဝင်ပစ္စည်း မစုံလင်လို့သာ ဒီနှစ်တွေထဲမှာ အောင်မြင်တဲ့ဆေးလုံး မဖန်တီးနိုင်သေးတာပဲ။
အရှင်မင်းကြီးရဲ့ ထောက်ပံ့မှုကိုသာ ရလို့ကတော့…
သူမရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဆေးလုံးတွေ ကမ္ဘာပေါ် ရောက်လာနိုင်လောက်တယ်!
လျိုချင်းချန် ပညာသားပါပါ ပြောလိုက်သည်။
“ မြို့တော်မှာ တစ်ကယ်ပဲ လူတစ်ယောက် ရှိတယ်။ အရှင်မင်းကြီး သူ့ကို မဖိတ်ကြားနိုင်လောက်ဘူး”
“ အိုး ပြောပါအုံး”
ရှကျိယွီ ချက်ချင်းပဲ တုံ့ပြန်လိုက်သည်။
ဒါပေမဲ့ သူ ပေးထားပြီးသား ဆေးပုလင်းကိုတော့ ပြန်မတောင်းခဲ့ဘူး။
ဒါပေမဲ့ အနည်းငယ် အံ့သြသွားသည်။
ဖိတ်လို့မရဘူးတဲ့လား?
ဘုရင်တစ်ယောက် ဖြစ်ရက်နဲ့ ဆေးဆရာ တစ်ယောက်ကို မဖိတ်ကြားနိုင်ဘူးဆိုတာ ဒါ နောက်နေတာပဲကွ!
ရိုးရိုး ဖိတ်မရလို့ ဖမ်းရမယ်ဆိုလဲ ဖမ်းတာပေါ့!
“ ရိုးရိုးသားသားပြောရရင် သူ့ရဲ့စရိုက်က ထူးဆန်းတယ်။ အသုံးပြုတဲ့ ဆေးပင်တွေကလဲ ဆန်းကြယ်တယ်။ တော်တော်များများက ရှားပါးဆေးပင်တွေနဲ့ ဈေးကြီးတဲ့ဆေးပင် တွေကြည့်ပဲ။ ပြီးတော့ ဒီနှစ်တွေထဲ သူ့သတင်း မကြားရတာလဲ ကြာပြီ။ ဒါပေမဲ့ သူက တာအိုဂိုဏ်းရဲ့ အပြင်တပည့်တစ်ယောက်ပါ”
လျိုချင်းချန် သေချာ ပြောပြလိုက်သည်။
ရှကျိုးယွီ လုပ်ချင်တဲ့ ဆေးလုံးကလဲ သေချာပေါက် ထူးခြားမှာ အမှန်ပဲလေ။ အခု ပေးလာတဲ့ဆေးလုံးကိုက ပုံစံကြည့်တာနဲ့ အများနဲ့မတူဘဲ ကွဲထွက်နေတဲ့ ဆေးလုံးပဲကို။
ဒါကြောင့် သူမ အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။
‘ လျိုချင်းချန် ပြောတဲ့တစ်ယောက်က ဆေးလုံးကော ဖန်တီးဖူးရဲ့လား?’
‘ ထူးဆန်းတဲ့ ဆေးပင် သုံးတာတွေဆိုတာလဲ ကလေးသူငယ်တွေ၊ တရိစ္ဆာန်တွေကို ထည့်မသုံးသရွေ့ ငါ လွှတ်ပေးလို့ရတယ်။ ဘာလို့ဆို ပိုရှားပါးတဲ့ဆေးပင်တွေ သုံးလေလေ ရလာမဲ့ဆေးလုံးက ပိုစွမ်းမှာပဲလေ!’
‘ အဲ့ဒီလူက တာအိုဂိုဏ်းကပဲတဲ့လား?’
‘ ဒါဆိုကြည့်ရတာ အရည်အချင်း ရှိမဲ့ပုံပဲ’
‘ ပြီးတော့ တော်ဝင်ဆရာမကြီးကိုယ်တိုင် ညွှန်းလာတဲ့သူပဲ။ သူ့ရဲ့အရည်အချင်းက သူများထက် သာလွန်လောက်တယ်။ အကောင်းဆုံးအချက်က တာအိုဂိုဏ်းနောက်ခံ ရှိနေတာပဲ’
‘ ကောင်းတယ်။ ကွက်တိပဲ’
‘ ဒါဆို ဒီတိုင်းသတ်မှတ်လိုက်ပြီ!’
ရှကျိုးယွီ တွေးနေရင်းနဲ့ ပိုပြီး စိတ်လှုပ်ရှားလာရသည်။
သူ ချက်ချင်း မေးလိုက်သည်။
“ အဲ့ဒီပါရမီရှင်က အခု ဘယ်မှာလဲ?”
လျိုချင်းချန် အနည်းငယ် ရှုတ်ထွေးသွားသည်။ သူမရဲ့ မျက်လုံးထဲမှာ သတိကြီးကြီးထားမှု အနည်းငယ်ကို မြင်တွေ့နေရသည်။ ဒါပေမဲ့ သူမ ချက်ချင်း.ပြန်ဖြေလိုက်ပါသည်။
“ အဲ့ဒီလူက လက်ရှိမှာ မြို့တော်အပြင်ဘက်က ပိုင်ဟွာ ဘုရားကျောင်းမှာ နေနေပါတယ်။ သူမက ကျွန်တော်မျိုးမရဲ့ တပည့်တွေထဲက တစ်ယောက်ပဲ။ အရှင်မင်းကြီး အရင်ဆုံး ပိုင်ဟွာ ဘုရားကျောင်းကို သွားပြီး သူမကို လေ့လာပြီးမှ ဆုံးဖြတ်ချက်ချလို့ ရပါတယ်”
ဆုံးဖြတ်ရမယ်?
လိုသေးလို့လား?
ငါရွေးလိုက်ပြီ။ သူမပဲ!
အဲ့ဒီလို အရည်အချင်းရှိတဲ့သူကို ခေါ်ပြီးသွားရင် ပြည်ဖျက်မဲ့ကိစ္စကို ငါစိတ်ပူစရာ မလိုတော့ဘူးလေ!
ဟားဟား!
………….