← Chapters

( အနိုင်ကျင့်ရတာ အရမ်းကြိုက်နေလား?)

Vol. 3 Ch. 38

( အနိုင်ကျင့်ရတာ အရမ်းကြိုက်နေလား?)

Vol. 3 Ch. 38

လူသားကနေ နတ်ဖြစ်အောင် ကျင့်ကြံနိုင်ခဲ့တဲ့ ကျင့်ကြံသူ ပေါ်လာခဲ့သည်!

ဒါကြောင့် အခုချိန်အထိ ထိုက်အန်းမြို့တစ်မြို့လုံး အသေကောင်လို တိတ်ဆိတ်နေဆဲပဲ။

အစောက အဖြူရောင် ဝတ်စုံနဲ့ လူ ရပ်သွားတဲ့နေရာကိုပဲ အကုန်လုံး.ဗလာမျက်လုံးများနဲ့ စိုက်ကြည့် နေကြ၏။

ဒီလူရဲ့ နောက်ခံကို အကုန်လုံး သိကြသည်…

ထျန်းချီတာဝါ!

ထိပ်သီးဂိုဏ်းတစ်ခု!

ပထမအဆင့် ကျင့်ကြံသူများစွာ ရှိတဲ့ဂိုဏ်း!

ရွှမ်ထျန်း နယ်မြေကြီးရဲ့ ထိပ်သီးဂိုဏ်းက အခု ထိုက်အန်းမြို့တော်ကို ရောက်လာခဲ့ပြီ!

ပထမအဆင့် ကျင့်ကြံသူဆိုတာ သွားရှုတ်လို့ မရဘူး!

တရှားတိုင်းပြည်ကြီး တစ်ခုလုံးဆီကို အခုလိုမျိုး ပထမအဆင့် မသေမျိုး တစ်ယောက်ရောက်လာတာက ဒါပထမဆုံးအကြိမ်လို့ ပြောလို့ရသည်!

အရှင်မင်းကြီး တစ်ကယ်ပဲ ဘာတွေ လုပ်ခဲ့တာလဲ!

လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ အမှုကြီးကြောင့်လား?

ဒါပေမဲ့ ရက်ပိုင်းပဲ ရှိသေးတာလေ!

ရောက်လာတာ အရမ်းမြန်တယ်!

…..

နန်းတော်ထဲက တော်ဝင်စာဖတ်ခန်းတွင်…။

ရှကျိုးယွီ မြို့ထဲက သတင်းကိုကြားတော့ အံ့သြသွားခဲ့သည်။

ထျန်းချီတာဝါ..

ဘုရားရေ! ငါဒီအချိန်ကို စောင့်နေတာကြာပြီ!

နောက်ဆုံးတော့ ရောက်လာပြီလား!

ရှာလိုက်! ပြဿနာတွေ!

စိတ်ကြိုက်သာရှာ!

ငါ့နန်းတော်ကိုပါ ဖျက်ဆီးပစ်လိုက်ရင် အကောင်းဆုံးပဲ!

ထိုက်အန်းတစ်မြို့လုံးပါ ဖျက်ဆီးချင် ဖျက်ဆီးသွားကွာ!

စိတ်ကြိုက် သောင်းကြမ်းလိုက်စမ်းပါ!

မီးရှို့မယ်ဆိုပြော ဓာတ်ဆီအသင့်ရှိတယ် ဟားဟား

ရှကျိုးယွီ ပျော်ရွှင်စွာ တွေးလိုက်သည်။

ထိုအချိန်မှာ သူ ဖိအားတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။

ဒါကြောင့် မျက်မှောင်ကြုတ်သွားကာ

“ ဘာဖြစ်နေတာလဲ? ဆူညံနေတာပဲ”

ရှကျိုးယွီ စကားဆုံးတာနဲ့ တော်ဝင်စာဖတ်ခန်း အပြင်က ခြေသံအများကြီးကို ကြားလိုက်ရသည်။ ထိုအချိန်မှာ မိန်းမစိုးငယ် တစ်ယောက်ရဲ့အသံ ထွက်လာခဲ့သည်။

“ အရှင်မင်းကြီး မကောင်းတော့ဘူး! မကောင်းတော့ဘူး!!”

“ ဘာဖြစ်နေတာလဲဟ?”

ရှကျိုးယွီ တည်ငြိမ်စွာ မေးလိုက်သည်။

“ ထျန်းချီတာဝါက လူတွေ ရောက်လာပြီ! နန်းတော်အပြင်မှာ တွေ့ခွင့်တောင်း နေတယ်”

မိန်းမစိုးလေးခမျာ ကြောက်လွန်းလို့ တုန်ယင် နေရှာသည်။

အပြင်ဘက်က အင်အားကြီးတဲ့ အရှိန်အဝါကြောင့် ကြောက်ရွံ့နေတာ သိသာသည်။

သူတင်မကဘူး။ ထိုက်အန်းတစ်မြို့လုံး ကြောက်နေကြတာပဲ။

ဒါပေမဲ့ ရှကျိုးယွီကတော့ ဂရုမစိုက်စွာ လက်တစ်ဖက် ယမ်းပြလိုက်သည်။

“ ရောက်တော့ရော ဘာဖြစ်သလဲ? ဘာတွေ ကြောက်ပြနေတာလဲ?”

မိန်းမစိုးက အမြန်ရှင်းပြလာသည်။

“ အပြင်က ကြားခဲ့တာ သူ..သူက ပထမအဆင့် ကျင့်ကြံသူ ဖြစ်မဲ့ပုံပဲတဲ့!”

“ အိုး ဟုတ်လား? အဲ့တော့?”

“ ငါကိုယ်တော်က ငါ့ရဲ့ပိုင်နက်ဖြစ်တဲ့ တရှားတိုင်းပြည်အတွင်းမှာပဲ။ ကြောက်စရာလား?”

ဒါ ချဲ့ကားပြောလိုက်တာ မဟုတ်ပေ။

အခုချိန်မှာ သူလဲပဲ ပထမအဆင့် သိုင်းသမား ဖြစ်လာခဲ့ပြီ။ ဒါကြောင့် နည်းနည်းတောင် မကြောက်မိဘူး!

ကျင့်ကြံခြင်း အမျိုးအစား လေးမျိုးထဲမှာ သိုင်းသမားတွေကို သန်မာမှုကြောင့် အသိများသည်။

အခုလို ပထမအဆင့် ရောက်ခဲ့ပြီးနောက်မှာ ရှကျိုးယွီ ကိုယ့်ကိုယ်ကို ပိုပြီး အင်အားကြီးလာသည်လို့ ခံစားရသည်။

“ အရှင်မင်းကြီး…”

ရှကျိုးယွီရဲ့ ပုံစံကိုမြင်တော့ မိန်းမစိုးလေးက သံသယမျက်လုံးနဲ့ ကြည့်လာခဲ့သည်။

ထိုအချိန်မှာ ရှကျိုးယွီက အနီးဆုံးခန်းမတစ်ခုကို လှမ်းကြည့်လိုက်ပြီး လက်နှစ်ဖက်နောက်ပစ်ကာ ပြုံးလိုက်သည်။

“ ရောက်လာပြီဆိုမှတော့ ဘာကိစ္စ ပုန်းနေတာလဲ?”

ထိုအချိန်မှသာ ပုံရိပ်တစ်ခုထွက်ပေါ် လာခဲ့သည်။

အဖြူရောင်ဝတ်စုံနဲ့ လူရွယ်တစ်ယောက်က သူ့ကို ကျောပေးထားသည်။

ညာလက်က ခန့်ညားစွာ ကျောနောက်မှာ နေရာယူနေပြီး ဓားရှည်ရဲ့အရိပ်က ခြေထောက်အောက်မှာ မြင်နေရသည်။

နေရာမှာတင်ရပ်နေပြီး သူ့ရဲ့အကြည့်က ထိုက်အန်းတစ်မြို့လုံးပေါိ ကျရောက်နေသည်။ လေပြေကြောင့် အဖြူရောင် ဝတ်ရုံစက လွင့်မြောလို့..။

ထိုလူငယ်ကို ​မြင်တော့ မိန်းမစိုးလေး အစပိုင်းမှာ အံ့သြသွားသေးသည်။

ထို့နောက်မှာ အော်တော့သည်။

“ လုပ်ကြံသူ.. လုပ်ကြံသူရှိတယ်!”

ဒါပေမဲ့ သူ့ရဲ့စကားသံ မဆုံးခင်မှာပဲ ရှကျိုးယွီရဲ့အသံ ထွက်ပေါ်လာသည်။

“ ရတယ်။ မင်း အရင်သွားနှင့်”

ဒါကိုကြားတော့ မိန်းမစိုးက အံ့သြသွားပြီး အရှေ့က လူရွယ်ကို သိချင်စိတ်အပြည့်နဲ့ ကြည့်လိုက်သည်။ ဒါပေမဲ့ မင်းမိန့်ကို မလိုက်နာပဲ မနေရဲတာမို့ အမြန် ထွက်သွားလေ၏။

တစ်ချိန်ထဲမှာပဲ…

နန်းတော်တစ်ခုလုံးမှာ…

လေးလံတဲ့ ခြေသံများစွာကို ကြားနေနိုင်သည်။

ထိုပုံရိပ်ကို မြင်တာနဲ့ မရေမတွက်နိုင်တဲ့ အစောင့်တွေ အပြေးရောက်လာကြသည်။

ရာချီတဲ့ အစောင့်တွေက စက္ကန့်ပိုင်းအတွင်း နေရာကို ဝိုင်းလိုက်ကြလေ၏။

တစ်ယောက်ချင်းဆီရဲ့ လက်ထဲမှာ ထက်မြတဲ့ဓားရှည်တစ်ချောင်းဆီနဲ့ အကြည့်တွေက စူးရှ​နေသည်။

ဒါပေမဲ့ သူတို့ရဲ့ ဓားထိပ်တွေက အနည်းငယ် တုန်ယင်နေသည်။

ထိုအဖြူရောင် လူငယ်ကတော့ အစကနေ အဆုံးထိ လှုပ်ရှားမှုမရှိပေ။ နန်းတော်ထက်မှာ ရိုးရှင်းစွာ ရပ်နေတာပင်။

လက်နောက်ပစ်လို့ပေါ့!

“ ဘာလုပ်နေတာလဲ? သွားကြ”

ရှကျိုးယွီ အေးစက်စွာ အော်လိုက်သည်။

ဒါကိုကြားတော့ အစောင့်ခေါင်းဆောင်က အမြန်ပြောလိုက်သည်။

“ အရှင်မင်းကြီး အဲ့ဒီလူက..”

“ မင်းတို့မကြားဘူးလား? ငါကိုယ်တော်ရဲ့ ခွင့်ပြုမိန့်မရဘဲ ဘယ်သူမှ နန်းဆောင်နား ချဥ်းကပ်ခွင့်မရှိဘူး”

ရှကျိုးယွီ မကျေနပ်စွာ အော်လိုက်သည်။

ဒါကိုကြားတော့ အစောင့်တွေ အချင်းချင်း ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

ဒါပေမဲ့ အဆုံးမှာ အမိန့် မနာခံဘဲ မနေရဲကြဘူး။ ဒါကြောင့် ခပ်ဖြည်းဖြည်း အနောက်ဆုတ်သွားလေ၏။

အခုတော့ ရှကျိုးယွီနဲ့ လီဖူ ပဲ ရှိတော့သည်။

ထိုအချိန်မှာ ခနဲ့သံ စွန်းနေတဲ့ လီဖူရဲ့ အသံ ထွက်လာခဲ့သည်။

“ တရှားတိုင်းပြည်ရဲ့ ဘုရင်က မင်းလား? သတ္တိတော့ရှိသားပဲ”

ဒါပေမဲ့ ရှကျိုးယွီ မတုံ့ပြန်ပေ။

“ အင်း”

ရှကျိုးယွီရဲ့ အဖက်မလုပ်တဲ့ပုံကြောင့် လီဖူ မျက်မှောင်ကြုတ်သွားသည်။

တည်ငြိမ်နေလိုက်တာ။

ဘယ်လိုပဲ တိုင်းပြည်ရဲ့ ဘုရင်ဆိုအုံးတော့။ ပထမအဆင့် ကျင့်ကြံသူအရှေ့မှာ ဘယ်သူမှ ဒီလောက် မတည်ငြိမ်နိုင်ဘူး။

ဒါပေမဲ့ သူ တိုက်ခိုက်ဖို့ အလောတကြီး မလုပ်ခဲ့ဘူး။ ထိုအစား တည်ငြိမ်စွာ ပြောလိုက်သည်။

“ ငါဘာလို့ ရောက်လာလဲ သိလား?”

ရှကျိုးယွီ ရယ်လိုက်သည်

“ လုချန်ရဲ့ ကိစ္စမလား? ဘာလဲ? မင်းတို့ ထျန်းချီတာဝါရဲ့ လူတွေက ဒီအချိုးပဲလား? အာဏာနဲ့ သူများကို အနိုင်ကျင့်နေတာ။ အရမ်းတွေ မြင့်မြတ်နေတာပဲ?”

“ ငါကိုယ်တော်ပြောမယ်။ တရားမျှတမှုဆိုတာ နေရာတိုင်းမှာ ရှိသင့်တယ်။ ဒီလိုအချိုးနဲ့ကတော့ အဖမ်းခံရဖို့ပဲ တန်တယ်!”

ရှကျိုးယွီ အထင်သေးစွာ ပြောလိုက်သည်။

“ အိုး? မင်းက ငါ့ကို မကြောက်ဘူးပဲ”

လီဖူ မျက်မှောင်ကြုတ်နေခဲ့သည်။

တရှားရဲ့ ဘုရင်က သူ့လိုမျိုး ပထမအဆင့် ကျင့်ကြံသူရဲ့ မျက်နှာရှေ့တည့်တည့်မှာ အခုလို အဆိပ်ပြင်းတဲ့စကားတွေ ပြောရဲမယ်လို့ လုံးဝ မထင်ခဲ့မိဘူး။

ဒါ ပုံမှန်မဟုတ်ဘူး။

လုံးဝကို ပုံမှန်မဟုတ်နေဘူး။

နေအုံး။

တရှားရဲ့ဘုရင် အခု ဘာလုပ်နေတာလဲ?

သူ ရယ်နေတာလား!

ထျန်းချီတာဝါကို ဘယ်လို သတ္တိနဲ့ ရယ်ရဲတာလဲ!

ဒီလို တိုင်းပြည်ငယ်လေးက နည်းနည်း အဆင်ပြေလာတာနဲ့ ကမ္ဘာကြီးရဲ့အင်အားကြီး ပုဂ္ဂိုလ်တွေကို မထိမဲ့မြင် ပြုရဲနေတာပဲ!

“ မင်းကို ကြောက်ရမယ်? ဘာကိစ္စ ကြောက်ရ မှာလဲ? ဒါက တရှားတိုင်းပြည် ဖြစ်သလို ငါကိုယ်တော်က တရှားရဲ့ ဘုရင်မင်းမြတ်ပဲ!”

ရှကျိုးယွီ အသက်ပြင်းပြင်းရှုကာ အောက်က မြို့တော်ကို ငုံ့ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

ဒီအချိန်မှာ သူ သောက်ရမ်း ယုံကြည်မှု ရှိနေတာလေ။

ဒီလောက် ရန်စနေတာမျိုးဆို ဟိုက ဒေါသူပုန် ထသင့်နေလောက်ပြီ!

လုပ်လေ! သောင်းကြမ်းတော့!

ထိုက်အန်းတစ်မြို့လုံးကို ဆွဲဖြဲပြီး တရှားကို ပြောင်းပြန်လှန်ပစ်လိုက်!

မင်းမြန်မြန်ဖျက်ဆီးလေ၊ ငါလည်း နတ်ဘုရားမြန်မြန်ဖြစ်လေပဲ၊ ကျေးဇူးရှင်လေးရေ လုပ်ချလိုက်တော့

ရှကျိုးယွီ လုံးဝကို အဆင်သင့် ပြင်နေစဥ်မှာ လီဖူက ရုတ်တရက် ဖိအားတွေ ရုတ်သိမ်းလိုက်သည်။ သာမာန် လူတစ်ယောက် အနေအထား ဖြစ်စေလိုက်သည်။

ထို့နောက်မှာ အနောက်လှည့်လာကာ ရှကျိုးယွီကို တစ်ကိုယ်လုံးကို လေ့လာလိုက်သည်။

ဒါပေမဲ့ အကြာကြီး လေ့လာပြီးတာတောင်မှ သံသယ ဝင်စရာ တစ်ခုမှ မတွေ့ခဲ့ဘူး။

ဒီတိုင်း အရှေ့က လူရဲ့ အပြုအမူက ပုံမှန်မဟုတ်ဘူးဆိုတဲ့ ခံစားချက်သာ ရှိသည်။ ဒါပေမဲ့ သူ အချိန်မဆွဲပေ။ ချက်ချင်းပဲ မောက်မာစွာ ပြောလိုက်လေ၏။

“ တရှားရဲ့ဘုရင်က ကောင်းလိုက်တာ”

“ မောက်မာတယ်!”

“ ရိုင်းစိုင်းတယ်!”

“ ထျန်းချီတာဝါရဲ့အကျိုးသင့်အကြောင်းသင့် ပြုမူရမယ်ဆိုတဲ့ အချက်ကြောင့်သာ မဟုတ်ရင် ငါ သတ်ပြီးတာ ကြာပြီ!”

“ ဒါပေမဲ့ အရေးမကြီးပါဘူး။ အနှေးနဲ့ အမြန် မင်းက အသတ်ခံရမှာပဲ!”

“ ဘာလို့ဆို ထျန်းချီတာဝါရဲ့ တပည့်က ဘယ်တော့မှ စည်းမကျော်ဘူး။ ငါယုံတယ်!”

လီဖူ ပြောလို့ပြီးတာနဲ့ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။

ချက်ချင်းပဲ စနစ်ရဲ့အသံကို ရှကျိုးယွီ ကြားလိုက်ရသည်။

( ပိုင်ရှင်က အချိုးမပြေဘူး။ တိုင်းပြည်ရဲ့ လုံခြုံမှုကို ဂရုမစိုက်ဘဲ အင်အားကြီးဂိုဏ်းတစ်ခုကို ရန်စခဲ့တယ်။ အဲ့ဒါက တရှားတိုင်းပြည်ကို အန္တရာယ်တွေ ခေါ်ဆောင်လာစေနိုင်တယ်။ ဘုရင်ဆိုး တစ်ယောက်ရဲ့ အပြုအမူပဲ)

( ကံကြမ္မာအမှတ် ငါးထောင်လျော့မယ်။ လက်ရှိ ၃၄၅၀၀ ပဲ ကျန်တော့တယ်)

( ဆုလာဘ်- နဂါးကိုးကောင် ဒယ်စောက်)

…………….

All Chapters