( တုနှိုင်းမမှီတဲ့ အုပ်ချုပ်သူ)
Vol. 3 Ch. 39
……
( ပိုင်ရှင်ရဲ့ အပြုအမူက အချိုးမပြေဘူး။.တိုင်းပြည်ကို ဂရုမစိုက်ဘဲ ထိပ်သီးဂိုဏ်းကို ရန်စခဲ့တာမို့ တိုင်းပြည်ကို အန္တရာယ်ထဲ ဖိတ်ခေါ်သလို ဖြစ်ခဲ့တယ်။.ဘုရင်ဆိုး တစ်ယောက်ရဲ့ လုပ်ရပ်ပဲ)
( ကံကြမ္မာအမှတ်၅၀၀၀ လျော့တယ်။ လက်ရှိမှာ ၃၄၅၀၀ပဲ ကျန်တော့တယ်)
( ဆုလာဘ်- နဂါးကိုးကောင် ဒယ်စောက်)
အမှတ် ငါးထောင်းတောင်!
ထိပ်သီးဂိုဏ်း ဆိုတဲ့အတိုင်းပဲ!
နည်းနည်းလောက် စကားများလိုက်တာနဲ့ အမှတ်ငါးထောင် ရလိုက်တာပဲ! ဟဟ!
ငါ့ရဲ့ ပြည်ဖျက်မဲ့အစီအစဥ်ကြီး တော်တော် တိုးတက်သွားပြီကွ!
ဒါပေမဲ့ ဆုလာဘ်က…
ရှကျိုးယွီ ဘေးဘက်ကို ကြည့်လိုက်တာနဲ့ ကြီးမားတဲ့ အနက်ရောင် ဒယ်စောက်ကြီးကို မြင်လိုက်ရသည်။
( နဂါးကိုးကောင် ဒယ်စောက်.- ဆေးလုံးဖန်တီးရာမှာ အသုံးပြုတယ်)
စနစ်ရဲ့အသံကို ထပ်ကြားလိုက်ရသည်။
ထိုဒယ်စောက်ရဲ့ ထိပ်မှာ ရွှေရောင်နဂါး တစ်ကောင် ခွေနေသည်။ တစ်ချက် တစ်ချက် လင်းနေတဲ့ နဂါးကြောင့် ကြည့်ရတာ ထည်ဝါသည်။
ချက်ချင်းပဲ ထိုဒယ်စောက်အတွင်းကို လေတွေ အဆက်မပြတ် ဝင်ရောက်လာခဲ့သည်။
ဒါပေမဲ့ ရှကျိုးယွီ သေချာသိနေသည်။
ဒါက သာမာန် ဒယ်စောက်တစ်ခုပါပဲ။
ပုံစံပဲလှနေတာ။ တစ်ကယ် ဆေးလုံးဖန်တီးတဲ့ နေရာမှာသုံးပြီးလို့ ဆေးလုံးတွေ ရလာခဲ့ရင်တောင်မှ စနစ်ကပေးတဲ့ ဆေးလုံးကို မှီမှာမဟုတ်ဘူး။
ထားတော့။ ဆေးဖော်ခန်းကိုပဲ သွားပစ်ထားလိုက် တော့မယ်။
ထို့နောက်မှာ ရှကျိုးယွီ အော်လိုက်သည်။
“ လာကြစမ်း!”
ချက်ချင်းပဲ ရာချီတဲ့အစောင့်တွေ ပေါ်လာလေ၏။
“ အရှင်မင်းကြီး”
“ ဒါကို ဆေးလုံးစမ်းသပ်ခန်းထဲ သွားထားလိုက်”
ရှကျိုးယွီ ပုံမှန်လို ပြောလိုက်သည်။
အစောင့်တွေအကုန် ကြောင် သွားလေ၏။
“ အရှင်မင်းကြီး နန်းတော်ထဲမှာ ဆေးလုံးစမ်းသပ်ခန်း မရှိသေးပါဘူး”
ရှကျိုးယွီ ကိုယ့်နှဖူးကိုယ် ရိုက်မိသွားသည်။
သူ.ဘယ်လိုတောင် မေ့သွားခဲ့ရတာလဲ?
ပစ္စည်းတွေ အသင့်ဖြစ်ပေမဲ့အခုထိ အခန်း မစီစဥ်ရသေးတာပဲ။
ဒါ အချိန်ဆွဲလို့မရဘူး။ အမြန်ဆုံး စီစဥ်မှရမည်။
ရှကျိုးယွီ ပြောလိုက်လေသည်။
“ ဟုတ်ပြီ။ မိုးဦးနန်းဆောင်မှာ အကုန်လုံးကိုခေါ်သွားပြီး နေရာရှင်းထား! ပြီးရင် အဲ့ဒီနေရာကို ဆေးလုံးစမ်းသပ်ခန်းအဖြစ် ပြောင်းရမယ်။ ဒီဒယ်စောက်ကိုပါ ယူသွားပြီး အဲ့ဒီထဲ ထည့်ထားလိုက်”
အစောင့်တွေ ထပ်မံ အံ့သြရပြန်ပြီ။
ဆေးလုံး စမ်းသပ်ခန်းတဲ့လား?
အရှင်မင်းကြီး ဘာတွေ စီစဥ်နေတာလဲ?
အခုလေးတင် ထျန်းချီတာဝါရဲ့ ဆရာကြီး ထွက်သွားခဲ့တာကို ဆေးလုံးစမ်းသပ်ခန်း လုပ်ဖို့ အမိန့်ပေးနေတာလား?
နည်းနည်း လွဲမနေဘူးလားလို့..?
ထျန်းချီတာဝါနဲ့ ပတ်သတ်ပြီး အရင်ဖြေရှင်း သင့်တာ မဟုတ်ဘူးလား?
ဒါပေမဲ့ ဘယ်သူကမှ အရှင်မင်းကြီးကို မေးခွန်း မထုတ်ရဲကြပေ။
ဒါကြောင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီးပဲ ပြောလိုက်နိုင်သည်။
“ အမိန့်တော်အတိုင်းပါ!”
ထို့နောက်မှာ ချက်ချင်းပဲ ထွက်သွားကြလေ၏။ ဆေးလုံးစမ်းသပ်ခန်း ဖန်တီးဖို့အတွက်ပေါ့!
…….
တစ်ချိန်ထဲမှာပဲ ကျင်းယိအစောင့်တပ်ရဲ့ ရုံးတော်အရှေ့မှာ လီဖူ ထပ်ပေါ်လာခဲ့သည်။
အစောကလိုမျိုး ခမ်းနားတဲ့ ဝင်ရောက်ခြင်း မဟုတ်ဘဲ လူမသိ သူမသိ ရောက်လာတာပင်။
“ ချီးပဲ!”
“ ကောင်းလိုက်တဲ့ဘုရင်!”
“ ဉာဏ်ကိုမရှိဘူး! ထျန်းချီတာဝါကို ဘယ်လိုတောင် ရိုင်းဆိုင်းရဲတာလဲ?”
“ ငါ ဒီကိစ္စကို သေချာစုံစမ်းပြီးတာနဲ့ တစ်ချက်ထဲနဲ့ကို အဲ့ဘုရင်ကို အသေသတ်ပစ်အုံးမယ်။ ပြီးရင် ခေါင်းဖြတ်ပြီး တရှားမြို့တော်ရဲ့ မြို့ရိုးထိပ်မှာ ချိတ်ထားပေးမယ်! ဒါမှ အင်အားကြီးတယ်ဆိုတာ.ဘာမှန်း နားလည် သွားကြမှာ! ထျန်းချီတာဝါရဲ့ အာဏာကို သူတို့ သိသွားစေရမယ်!”
လီဖူရဲ့ မျက်လုံးထဲမှာ ကြောက်မက်ဖွယ် အရိပ်တို့ ထင်ဟပ်လာခဲ့သည်။
သူ တွေးမိလေလေ၊ ဒေါသထွက်လေလေပဲ။
သူ့ရဲ့ အသံရှုသံပင် မြန်လာခဲ့သည်။
အချိန်အကြာကြီးနေပြီးမှသာ သူ စိတ်လျော့ နိုင်သွားသည်။
ဒါပေမဲ့ သူ ချက်ချင်း မလှုပ်ရှားသေးပေ။
သူ့ရဲ့သံသယ အကြည့်က အရှေ့က ရုံးတော်ဆီ ရောက်သွားသည်။
“ ဒါပေမဲ့ ဒီကိစ္စက သေချာကြည့်လေလေ သံသယဝင်စရာ တစ်ခုခု ရှိသလို ခံစားရလေလေပဲ”
“ ထျန်းချီတာဝါရဲ့ အကြောင်းကို နားလည်ရက်နဲ့တရှားရဲ့ ဘုရင်က ငါ့ကို ဘာကြောင့် သေချာရန်စရတာလဲ?”
အတွေးဆုံးတာနဲ့ သူ့ရဲ့ ခန္ဓာကိုယ်က အလင်းဖြာသွားပြီး လေပြေတစ်ချက်မှာ ထိုအလင်းက များစွာတဲ့ အလင်းမျှင်တွေ အဖြစ် ပျံ့ကျဲသွားသည်။ အချိန်ခဏအထိ ကမ္ဘာကြီးက ရပ်တန့်နေသလိုပဲ။
“ အချိန်စက်ဝန်း ပြန်ဆုတ်စေ!”
လီဖူရဲ့မန္တာန် အော်သံအပြီးမှာ ကမ္ဘာကြီးတစ်ခုလုံးက စိတ်ကူးယဥ်ပုံရိပ်ထဲ ဝင်ရောက်သွားပုံပဲ။
တောင်တွေ.. ပင်လယ်တွေ..
မြို့တွေ..
စွမ်းအင်တွေ..
အရာအားလုံးက သူ့ရဲ့စကားအောက်မှာ ထိန်းချုပ်ခံလိုက်ရပုံရှိသည်။
အရာအားလုံးက မရှိတော့သလို ပျောက်ကွယ်သွားခဲ့သည်။
လီဖူက ရုံးတော်အရှေ့မှာ မတ်တပ်ရပ်နေဆဲပဲ။
တောင်တန်းနဲ့ပင်လယ်ကို တိတ်တဆိတ် ကြည့်ရှုရင်း ကောင်းကင်ထက်က ပြောင်းလဲမှုကို လေ့လာနေပုံပင်။
ထိုအချိန်မှာပဲ…
လီဖူရဲ့မျက်စိရှေ့ကို ရှေ့ရက်ပိုင်းရဲ့ အဖြစ်အပျက်တွေက အချိန်နောက်ဆုတ်ကာ ပြန်ဝင်ရောက်လာခဲ့သည်။
အရာရှိတွေနဲ့ လုချန်ရဲ့စကားဝိုင်းရယ်…
လုချန်ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်တွေ အားလုံးက သူ့ရဲ့အာရုံထဲ ဝင်ရောက်လာခဲ့သည်။
“ဒါက..”
လီဖူ လန့်သွားသည်။
“ ငါတို့ဘက်က လူက အရာရှိတွေနဲ့ပတ်သတ်ခဲ့တယ်”
လီဖူရဲ့ မျက်နှာက အေးစက်သွားလေ၏။
“ အရာရှိတွေနဲ့ပူးပေါင်းပြီး သူများရဲ့ တိုင်းပြည်အရေးကို ဝင်စွတ်ဖက်တယ်။ ထျန်းချီတာဝါရဲ့ အမိန့်ကို မနာခံဘူး။ ဒီကောင် သေသင့်တယ်!”
“ ဒါဆို ငါ တရှားရဲ့ဘုရင်ကို အထင်မှားခဲ့တာများလား?”
လီဖူရဲ့ မျက်လုံးတွေက တည်တင်းသွားခဲ့သည်။
ရှကျိုးယွီနဲ့သူနဲ့ တွေ့ဆုံခဲ့တဲ့ ကြာချိန်က ဆယ့်ငါးမိနစ်လောက်ပဲ ရှိမည်။
ရှကျိုးယွီရဲ့အပြုအမူက..
မောက်မာပြီး တစ်ကိုယ်ကောင်း ဆန်ခဲ့သည်!
ဒါပေမဲ့လဲ ဒါက တစ်ကယ်ပဲ သူ့ရဲ့တိုင်းပြည်လေ။
ရှကျိုးယွီက သူ့ကို သေချာ ရန်စသည်လို့ အစက ထင်ခဲ့မိသည်။
ထျန်းချီတာဝါရဲ့ တပည့်ကို သေချာ အကျဥ်းချခဲ့တယ်လို့ပေါ့။
ထျန်းချီတာဝါရဲ့ သတင်းစုဆောင်းမှုကို ဖျက်ဆီးတယ်ဆိုတဲ့…
ဒေါသနဲ့ သူ ရောက်လာခဲ့တာပင်!
ဒါကို သူဝန်ခံပါသည်။
ဒါပေမဲ့ လုချန်ရဲ့ လုပ်ရပ်ကိုမြင်တော့ ရှကျိုးယွီကို သူ ဒုတိယအကြိမ် ပြန်တွေးခဲ့ရသည်။
ချက်ချင်းပဲ ဒီဘုရင်က သာမာန်လူ မဟုတ်ဘူးလို့.. သူခံစားမိလိုက်သည်!
ထိပ်သီးဂိုဏ်းနဲ့ ရင်ဆိုင်ဖို့လဲ..
မကြောက်ခဲ့ဘူး။
သူ့ရဲ့ထိပ်တိုက် ခြိမ်းခြောက်မှု ခံရတာတောင်မှ..
တစ်ချက် မတုန်လှုပ်ခဲ့ဘူး!
နည်းနည်းမှ မကြောက်တဲ့မျက်နှာထားနဲ့ အစောင့်မပါဘဲ အတူယှဥ်တွဲ ရပ်ခဲ့သေးသည်!
တစ်ကယ့် မင်းကောင်းမင်းမြတ် တစ်ယောက်ရဲ့ အပြုအမူအတိုင်းပဲ…။
ဒါပေမဲ့ လီဖူ ချက်ချင်းပဲ ခေါင်းရမ်းလိုက်သည်။
ဒီလိုဆိုရင်တောင်မှ…
သူ့မှာ သံသယ တစ်ချို့ရှိဆဲပဲ။
“ ထျန်းချီတာဝါရဲ့ အမှားပဲ ဖြစ်မယ်လို့ ငါမယုံနိုင်သေးဘူး”
ဒီလိုနဲ့ အကျဥ်းထောင်ထဲက လုချန်ရဲ့အရှေ့ကို လီဖူ ရောက်သွားခဲ့သည်။
လုချန်ရဲ့ ပုံစံက အရင်လို ဟိတ်ဟန်မရှိတော့ဘူး။ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ သွေးတွေ ဖုံးလွှမ်းနေခဲ့သည်။
ဒါကိုမြင်တော့ လီဖူ မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ အေးစက်စွာ မေးလိုက်လေသည်။
“ မင်း ကိုယ့်အပြစ်ကိုယ် ဝန်ခံလား?”
ထိုအသံကို ကြားတော့ လုချန် အံ့သြသွားကာ ကြိုးစားပမ်းစား ခေါင်းမော့လိုက်လေ၏။
လီဖူရဲ့ ပုံရိပ်ကို သေချာ မြင်လိုက်ရတော့မှ သူ့ရဲ့မျက်လုံးထဲမှာ မျှော်လင့်ချက် အရိပ်အယောင်တွေ ဝင်ရောက်လာခဲ့သည်။
ဒါ ထျန်းချီတာဝါကပဲ!
ထျန်းချီတာဝါက ငါ့ကို လာကယ်ပြီ!
လုချန် စိတ်လှုပ်ရှားမှုကြောင့် ထခုန်မိတော့ မတတ်ပင်။
သူချက်ချင်း အော်လိုက်သည်။
“ ကယ်ပါ….ကယ်ပါ!”
ဒါပေမဲ့ လီဖူက မလှုပ်ရှားဘဲ ရပ်ကြည့်နေလေရဲ့။
“ ငါမေးမယ်။ ထျန်းချီတာဝါရဲ့ပထမဆုံး စည်းမျဥ်းက ဘာလဲ?”
လုချန် ချက်ချင်းပဲ တွန့်သွားသည်။
တစ်စုံတစ်ခုကို အမှတ်ရသွားတာမို့ သူ့ရဲ့ မျက်နှာလဲ ချက်ချင်း ဖွေးစုတ်သွား၏။
“ အဲ့ဒါက”
လီဖူရဲ့ မျက်နှာက ပိုအေးစက်လာခဲ့သည်။
“ပြောစမ်း!”
လီဖူ ဆက်ပြီးပြောလိုက်သည်။
“ တော်ဝင်အမိန့်ကို မဆန့်ကျင်ရဘူး။ တိုင်းပြည်အရေးမှာ ဝင်မပါရဘူး။ သီးသန့် လာဘ်ထိုးတာ လက်မခံရဘူး!”
လုချန် ပိုပြီး ထိတ်လန့်လာခဲ့သည်။ ထျန်းချီတာဝါရဲ့စည်းကမ်းကို သူ သိပါသည်။ ပြီးတော့ ဘယ်လိုအပြစ်ပေးလဲဆိုတာလဲ ကောင်းကောင်းသိသည်။
ဒီကိစ္စမှာ ရှကျိုးယွီဘက်က မမှားခဲ့ဘူးလို့ ပြောလို့ရသည်။
ဒါပေမဲ့ သူ လက်မခံချင်ဘူး!
ဒါကြောင့် သူ အမြန်ရှင်းပြလိုက်သည်။
“ ကျွန်တော် မှားသွားပါတယ်။ ဒီ သူလျှို အမှားလုပ်မိခဲ့တာပါ! ဝန်ခံပါတယ်! ဒါပေမဲ့ တရှားတိုင်းပြည်ရဲ့ ဘုရင်ကလဲ ထျန်းချီတာဝါကို အပြစ်ပြုခဲ့တယ်လေ!”
ဒါကို ကြားတော့ တရှားတိုင်းပြည်ဘက်က လုံးဝ မမှားခဲ့မှန်း.လီဖူ သဘောပေါက်သွားသည်။ သူ့ရဲ့ ခေါင်းကို အသာယမ်းလိုက်ကာ ပြောလိုက်လေ၏။
“ မှားတယ် ဟုတ်လား? မင်းကြောင့်နဲ့ ထျန်းချီတာဝါ ဘာတွေ ဆုံးရှုံးခဲ့ရလဲ မင်း နားလည်လား? ထျန်းချီတာဝါက ဘာကို အလေးအထားဆုံးလဲဆိုတာ မင်းသိလား?”
“ မင်း မသိပါဘူး”
“ မင်း သိတာက ငွေပဲ!”
“ ထျန်းချီတာဝါရဲ့ တပည့်အနေနဲ့ မင်းက ပိုက်ဆံကြောင့် မျက်ကန်းဖြစ်ခဲ့တယ်”
“ မင်းက ကယ်တင်ဖို့ တန်လား?”
လီဖူရဲ့ အမေးကြောင့် လုချန် ပြောစရာ ပျောက်ဆုံးသွားခဲ့သည်။
အစောက လုချန်ရဲ့ စကားထဲကနေ လီဖူ ကောင်းကောင်း သဘောပေါက်သွားပြီပင်။
“ တရှားရဲ့ ဘုရင်ဘက်က အဲ့ဒီလိုပုံစံမျိုး ဖြစ်နေတာ မအံ့သြတော့ပါဘူး”
“ ဒါတွေ အကုန် မင်းကြောင့်ပဲ!”
“ ငါ သူများကို မှားယွင်း အကဲဖြတ်မိခဲ့တယ်!”
“ ဒီလိုမျိုးသာ တစ်ခြားဘုရင်တွေဆီမှာ ဖြစ်ခဲ့ရင် သူတို့တွေ သည်းခံလိုက်ကြမှာ!”
“ဒါပေမဲ့ တရှားရဲ့ ဘုရင်က တစ်ကယ်ကို ဖြောင့်မတ် မှန်ကန်ပြီး ထူးချွန်တဲ့ အုပ်ချုပ်သူ တစ်ယောက်ပါလား”
…………..