← Chapters

( ဆေးလုံးက ထျန်းချီတာဝါက ရောက်လာတာလား?)

Vol. 3 Ch. 40

( ဆေးလုံးက ထျန်းချီတာဝါက ရောက်လာတာလား?)

Vol. 3 Ch. 40

ထိုက်အန်း မြို့တော်တစ်ခုလုံး ကြောက်လန့်ကာ ခြိမ်းခြောက်မှု ခံစားနေရသည်။

လူတွေအားလုံးက မဟာတံတိုင်းကြောင့် အစထဲက စိတ်ဆင်းရဲနေခဲ့တာပင်။ အခုလိုမျိုး ပထမအဆင့် ကျင့်ကြံသူ နတ်တစ်ပါး ရောက်လာတာပါ ကြုံလိုက်ရတော့ သူတို့ရဲ့ မျက်နှာတွေ ဖြူဖွေးကုန်တော့သည်။ ဖြူဖွေးနေတဲ့မျက်နှာနဲ့ ရောက်လာမဲ့ ကံကြမ္မာကိုပဲ စောင့်ဆိုင်းနေလေတော့၏။

ဒီလိုနဲ့ ထျန်းချီတာဝါဘက်က ဆုံးဖြတ်မှုကို စောင့်စားနေရင်း စကားဝိုင်းတွေ ပြန်စတင် လာခဲ့သည်။

“ မင်းတို့ကြားပြီးပြီလား? အရှင်မင်းကြီးနဲ့ ထျန်းချီတာဝါရဲ့ ကျင့်ကြံသူက အချင်းချင်း အလျော့မပေးကြဘူးတဲ့”

“ ပြီးသွားပြီ! အကုန်ပြီးသွားပြီ! ငါတို့တိုင်းပြည်တော့ ပျက်ဆီးပြီ!”

“ မင်းဘာကို ဆိုလိုတာလဲ?”

လူတစ်ယောက်က ရှုတ်ထွေးစွာ မေးလိုက်သည်။

ဒါပေမဲ့ ရှင်းပြသံ မထွက်လာခင်မှာပဲ နောက်လူတစ်ယောက်က အော်ဟစ်လိုက်သည်။

“ ပထမအဆင့် ကျင့်ကြံသူလား? ပထမအဆင့်အထိ ရောက်ပြီး နတ်ဖြစ်သွားတဲ့ သူပေါ့!”

ထိုလူက ဆက်ပြောသည်။

“ ထိပ်သီးဂိုဏ်းတွေက ပထမအဆင့် ကျင့်ကြံသူတွေက ကောင်းကင်နဲ့​ မြေကြီးတစ်လျှောက် စိတ်ကြိုက်သွားနိုင်ပြီး ဓားတစ်ချက် လှုပ်ရှားရုဲနဲ့တင် တစ်မြို့လုံးကို ဖျက်ဆီးနိုင်တယ်တဲ့”

“ ဘာ? အဲ့ဒါ ချဲ့ကားပြောတာပါကွာ”

ဒါပေမဲ့ အစောက လူက ဆက်ပြောသည်။

“ အရှင်မင်းကြီးသာ စကားကောင်းတွေ ​ပြောခဲ့ပြီး ထျန်းချီတာဝါက လုချန်ကို လွှတ်ပေးခဲ့မယ်ဆိုရင် အခွင့်အရေး ရှိနေနိုင်တယ်။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ လက်ရှိ အပြုအမူက ငါတို့တရှားတိုင်းပြည် တစ်ခုလုံးကို အန္တရာယ်ထဲ ဖိတ်ခေါ်နေတာပဲ!”.

ဒီစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မကျေမနပ် အနေအထားကို ပြောင်းသွားခဲ့သည်။

လူအများကြီးက အစောက ပြောခဲ့တဲ့သူကို ဝိုင်းကြည့်လာကြသည်။ တစ်ချို့ဆို ရယ်လိုက်​သေးကာ

“ မင်း ဘယ်လိုပြောလိုက်တာလဲ? မင်း ပြောသလိုဆို ထျန်းချီတာဝါက လုပ်ချင်ရာလုပ်တဲ့ ဂိုဏ်းတစ်ခုပဲပေါ့”

တစ်ခြားသူတွေလဲ လိုက်ပြောလာကြသည်။

“ ဟုတ်တယ်။ အပြင်လူတစ်ယောက် ရောက်လာပြီး တရှားတိုင်းပြည်ရဲ့ ပိုင်နက်ထဲမှာ အနိုင်လာကျင့်တာကို ဘယ်လိုလုပ် ခွင့်ပြုပေးနိုင်မှာလဲ! အရှင်မင်းကြီးရဲ့ လုပ်ရပ် မှန်တယ်လို့ ငါထင်တယ်!”

“ ငါရောပဲ!”

ဒါပေမဲ့ အစောက လူက တည်ငြိမ်နေခဲ့သည်။

“ ဒီကမ္ဘာကြီးမှာ တစ်ကယ်ပဲ တရားမျှတမှုက တည်ရှိတယ်ထင်လား?!”

ထိုလူက ဆက်ပြောသည်။

“ ငါကြားဖူးတာ အရင်က တိုင်းပြည်တစ်ခုက ထိပ်သီးဂိုဏ်းကို ရန်စဖူးတယ်တဲ့။ အဲ့ဒီဂိုဏ်းရဲ့ အင်အားကြီးတပည့်တစ်ယောက်​က တော်ဝင်မိသားစု တစ်ခုလုံးကို ဓားတစ်ချက်နဲ့ ဖြေရှင်းခဲ့တယ်။ အဲ့ဒီနေ့က ဖြစ်ရပ်ကို တော်တော်များများ သိကြတယ်!”

“ ဟီးစ်! ထိပ်သီးဂိုဏ်းတွေက အဲ့လောက် ကြောက်ဖို့ကောင်းတာလား?”

အကုန်လုံး ထိတ်လန့်သွားကြသည်။ သူတို့ရဲ့ မျက်လုံးထဲက ပိုသိသာလာတဲ့ ​ကြောက်ရွံ့မှုတွေကို အထင်းသား မြင်နိုင်သည်။

……

လမ်းတစ်လျှောက်မှာ သွားနေရင်း လျိုချင်းချန်နဲ့ ညီမဖြစ်သူ သတင်းတွေကြားတော့ အံ့သြကာ မျက်မှောင်ကြုတ်သွားကြသည်။

“ နင့်ရဲ့ဆေးလုံးကို အဲ့ဒီအရူးဘုရင်စုတ် ပေးခဲ့တာ သေချာရဲ့လား? ငါဘာလို့ ဆုံးဖြတ်ချက် အချမှားခဲ့ပြီဆိုတဲ့ ခံစားချက် ရနေတာလဲ?”

မျက်မှောင်ကြုတ်နဲ့ မေးလာတဲ့ ထိုကောင်မလေးရဲ့ မျက်လုံးထဲမှာ သံသယ တစ်ချို့ ရှိနေသည်။

အစောပိုင်းက ခံစားခဲ့ရတဲ့ ဖိအားက အစစ်အမှန်ပဲ။ အခု မြို့တော်တစ်ခုလုံးလဲ ပရမ်းပတာ ဖြစ်နေကြသည်။

ဒါပေမဲ့ လျိုချင်းချန် ပြန်မေးလိုက်သည်။

“ ဘာလဲ? နောင်တ ရနေတာလား?”

ထိုကောင်မလေးက ရယ်လိုက်ကာ

“ တစ်ကယ်တော့ မရပါဘူး။ ပထမအဆင့် ကျင့်ကြံသူက အင်အားကြီးပေမဲ့ သတ်ချင်တိုင်း သတ်နေတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ သိချင်မိတယ်။ ဘာတွေရှိနေလို့ အရှင်မင်းကြီးက သတ္တိရှိရှိနဲ့ အခုလို ထိပ်တိုက် ရင်ဆိုင်ရဲနေတာလဲ ဆိုတာ”

လျိုချင်းချန် ခဏရပ်သွားသည်။

အစောပိုင်းရက်တွေက ရှကျိုးယွီရဲ့ အပြုအမူတွေကို ပြန်စဥ်းစားမိသွားသည်။

မောက်မာတယ်..

လုပ်ချင်ရာလုပ်တယ်..

ဒါပေမဲ့ အမှန်က လူတွေကို မထင်ထားတဲ့ အံ့သြစရာတွေ ပေးတတ်တာပဲ ဖြစ်မယ်!

“ နင်မသိတာ အများကြီးပါ”

လျိုချင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။

“ လျိုချင်းချန် နင်နဲ့ မတူနေဘူးနော်”

“ တစ်ကယ် အဲ့ဒီဘုရင်နဲ့ အတူမအိပ်ရသေးတာ သေချာလား?”

ထိုကောင်မလေး နောက်ဆုံးတော့ မနေနိုင်တော့ဘူး!

ပြောပြီးတာနဲ့ မထိန်းနိုင်စွာပဲ လျိုချင်းချန်ကို ထပ်ခါထပ်ခါ ကြည့်လိုက်သည်။ မသိရင် တစ်ခုခုကို အတည်ပြုဖို့ ကြိုးစားနေသလိုပဲ။

“ လီချင်းလွမ့်!”

လျိုချင်းချန် ထိုအကြည့်ကြောင့် ဒေါသူပုန် ထတော့သည်။ သူမ အံကြိတ်သံနဲ့ အော်လိုက်လေ၏။

ဒါပေမဲ့ လီချင်းလွမ့် အခုထိ မကျေနပ်သေးဘူး။ ဒါကြောင့် အကဲစမ်းစွာ မေးလိုက်သေးသည်။

“ တစ်ကယ်ကြီးလား?”

လျိုချင်းချန်ရဲ့ နှုတ်ခမ်းတွေ အရုပ်ဆိုးစွာ ပုံပျက်သွားပြီး

“ မဟုတ်ဘူးဟဲ့!! မဟုတ်ဘူး!”

ဒါကိုကြားတော့ လီချင်းလွမ့် သံသယ ရှိနေဆဲပဲ။ ဒါပေမဲ့ ဆက်မမေးတော့ဘူး။ သူမ ​ပြုံးကာပဲ ပြောလိုက်သည်။

“ ကျွတ် ဘယ်သူယုံမှာလဲ? ဒါပေမဲ့ ငါက အဲ့ဒီဆေးလုံးအကြောင်းပဲ သိချင်တယ်”

အခုမှပဲ လျိုချင်းချန် စိတ်သက်သာစွာ သက်​ပြင်းချနိုင်တော့သည်။

စိတ်ထဲမှာ သူမ လျို့ဝှက်စွာ အံ့သြနေခဲ့သည်။

ရှကျိုးယွီ အကြောင်း ပြောလိုက်တာနဲ့တင် သူမရဲ့နှလုံးသားက ဘာကြောင့် လှုပ်ရှားနေရတာလဲ?

လျိုချင်းချန် မတုံ့ပြန်လာတာ မြင်တော့ လီချင်းလွမ့် ဆက်ပြောလာသည်။

“ အဲ့လို ဆေးလုံးမျိုးရဖို့ဆို သေချာပေါက် ဖန်တီးတဲ့နည်းပညာကိုက ဆန်းကြယ်မှာ”

လျိုချင်းချန်ရဲ့ နှုတ်ခမ်းတွေ ကွေးတက်သွားပြီး

“ ဆေးလုံးအ​ကြောင်း ပြောတာနဲ့တင်ကို အဲ့လောက် စိတ်လှုပ်ရှားနေတာလား? အဲ့လောက် မိုက်လို့လား? နင် ဒီနှစ်တွေထဲမှာ ဆေးလုံးလုပ်တာလဲ မမြင်ဖူးပါဘူး။ ပြီး အဲ့ဒီစွဲလန်းမှုကြောင့်ပဲ အခုလို မွဲတေနေရတာ မဟုတ်ဘူးလား!”

လီချင်းလွမ့်ရဲ့ မျက်နှာကြီး မဲ့ရွဲ့သွားလေတော့၏။

“ နင် ဘာသိလို့လဲ? ဆေးလုံးဖန်တီးတယ်ဆိုတာ ပစ္စည်းကောင်းရှိဖို့ပဲ မဟုတ်ဘူး။ အပူချိန်နဲ့ မီးဖိုကောင်းလဲ လိုသေးတယ်”

“ နင့်လက်ထဲက ဆေးလုံးကိုပဲ ပြောရရင် အဲ့လိုဆေးလုံးကို မီးဖိုကောင်းမရှိဘဲ ဘယ်လိုမှ ဖန်တီးလို့မရနိုင်ဘူး”

လီချင်းလွမ့် ပြောပြီးတာနဲ့ သူမရဲ့ ခေါင်းထဲ အတွေးတစ်ခု ပေါ်လာတာမို့ ဆက်ပြောလိုက်သည်။

“ အဲ့ဒီဆေးလုံးက ထျန်းချီတာဝါက လို့တောင် ငါသံသယ ဝင်နေတာ”

လီချင်းလွမ့်ရဲ့ ခေါင်းထဲကို များပြားတဲ့ အတွေးတွေ ဝင်ရောက်လာခဲ့သည်။

ဒီကိစ္စကို သူမပိုပိုပြီး စိတ်ဝင်စားလာလေပြီ။

“ မှန်တယ်။ အဲ့လိုပဲ ဖြစ်ရမယ်။ မဟုတ်ရင် ထျန်းချီတာဝါက ပထမအဆင့် ကျင့်ကြံသူ လွှတ်လာမှာ မဟုတ်ဘူး”

“ ဒါနဲ့ နင် အဲ့ဒီဘုရင်ဆီမှာ လှည့်စားခံထားရတော့ မဟုတ်ဘူးမလား? ငါတို့ကိုပါ နန်းတော်ထဲ လိမ်ပြီး လာခိုင်းတယ်လို့ ထင်နေတယ်။ ဘာလို့ဆို ငါတို့ရဲ့ တာအိုဂိုဏ်းကိုပါ..”

ဒါပေမဲ့ စကားမဆုံးခင်မှာပဲ လျိုချင်းချန် ဖြတ်ပြောလိုက်သည်။

“ ဘာတွေ ပြောနေတာလဲ? နင် မလိုက်ချင်ရင် မလို​က်နဲ့”

လီချင်းလွမ့် ချက်ချင်း ပါးစပ်ပိ​တ်သွား တော့သည်။ သူမ အမြန်ပြောလိုက်လေသည်။

“ သွာမယ်! သွားမယ်! ဘာကိစ္စမသွားရမှာလဲ?”

“ အဲ့ဒီဘုရင်စုတ် ဘယ်လို ပါဝင်ပစ္စည်းတွေနဲ့ မီးဖိုတွေ ပြင်ဆင်ထားမလဲ သိချင်မိတယ်။ ကမ္ဘာပေါ်က နာမည်အကြီးဆုံး မီးဖိုးတွေက ထိပ်သီးဂိုဏ်းတွေဆီမှာပဲ ရှိကြတာ။ ဒီလိုမျိုး လူကြားထဲ ရောက်နေမှာ မဖြစ်နိုင်ဘူး”

လီချင်းလွမ့် လမ်းလျှောက်ရင်းနဲ့ ဆက်ပြောနေသည်။

“ ထားပါ။ မီးဖိုက စိတ်ကျေနပ်စရာ မကောင်းနေရင်လဲ အဲ့ဒီဘုရင်စုတ်ကို ငါ့အတွက် နောက်တစ်ခု ပေးဖို့ ပြောလို့ရနေတာပဲ!”

“ အေး နင် အမြဲတမ်း ဘုရင်စု​တ် ဘုရင်စုတ် လုပ်နေတာ။ နန်းတော်ထဲဝင်ရင် သတိထားအုံး။ အခုလဲ ဒီထိရောက်လာခဲ့ပြီကို တွေးနေတာ မီးဖိုတဲ့လား?”

လျိုချင်းချန် သတိပေးလို​က်သည်။

လီချင်းလွမ့်က မေးခွန်းနဲ့ ပြန်တုံ့ပြန်လေ၏။

“ ဘာဖြစ်သလဲ? တစ်တိုင်းပြည်လုံးက လူတွေ အဲ့လိုခေါ်နေတာပဲမဟုတ်ဘူးလား?”

လျိုချင်းချန် တည်ငြိမ်စွာ ပြောလို​က်သည်။

“ လူတွေက လူတွေ၊ ငါ့တာအိုဂိုဏ်းက ငါ့တာအိုဂိုဏ်းပဲ။ အရှင်မင်းကြီးဘက်က အရင် ငါတို့ဂိုဏ်းကို ထောက်ပံ့ချင်နေမှတော့ ငါတို့အနေနဲ့ လေးစားမှု ပြန်ပြပေးရမှာပဲ”

လီချင်းလွမ့်လဲ အနည်းငယ် စိတ်ယိုင်သွားလေသည်။

“ ကျွတ်ကျွတ်ကျွတ် နင် အရင်က ဒါမျိုးပြောတာ ငါ မကြားဖူးပါဘူး”

လျိုချင်းချန် မျက်မှောင်ကြုတ်သွားကာ

“ တည်တည်တံ့တံ့ နေစမ်း!”

“ အေးပါဟ သူသာ ပြောထားသလို အနှစ်ငါးဆယ်လုံး ထောက်ပံ့ပေးရင် ငါလဲ လေးလေးစားစား ဆက်ဆံမှာပါ”.

လီချင်းလွမ့် ပြောပြီးတာနဲ့ ရယ်လိုက်သည်။

သူမတို့နှစ်ယောက် မြို့တော်အလယ်ကို ရောက်တဲ့အချိန်မှာ လူစုလူဝေးတွေတောင် ကျဲ ကုန်ကြပြီ။

နန်းတော်ထဲက တော်ဝင်အစောင့်တွေလဲ စိတ်ပူနေကြသည်။

တရှားတိုင်းပြည်ကြီး ပျက်ဆီးတော့မှာဆိုတဲ့ သတင်းက မြို့တော်တစ်ခုလုံးကို တောမီးလိုမျိုး လှိုက်စားပျံ့နှံ့လျက် ရှိသည်။ အကုန်လုံးလဲ စိတ်လှုပ်ရှားလို့ ဇောချွေး ပြန်နေရပြီ!

တော်ဝင်အစောင့်အဖွဲ့က အင်အားကြီး သားရဲတွေလိုမျိုး ရဲဝင့်စွာဖြင့် မြို့တော် တစ်လျှောက် ကင်းလှည့်နေကြသည်။ နေရောင်ရဲ့အလင်းအောက်မှာ ကြေးနီရောင် ဒိုင်းတွေက လက်ထနေလေ၏။

“ ဝင်ရအောင်!”

လီချင်းလွမ့် ခဏလောက် ရပ်သွားပြီးမှ ပြောလို​က်သည်။

……………..

All Chapters