( ဒီမီးဖိုကို ဘယ်က ရခဲ့တာလဲ?)
Vol. 3 Ch. 42
ရှကျိုးယွီရဲ့ နောက်ကျောကို ကြည့်နေပြီး အကြာကြီးနေမှသာ လီချင်းလွမ့် ပြန်ပြောနိုင်ခဲ့သည်။
“ ဒီတရှားရဲ့ ဘုရင်က တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ”
လျိုချင်းချန် ပြုံးသွားကာ
“ ငါလဲအဲ့လိုပဲ ထင်တယ်”
ဒါပေမဲ့ လီချင်းလွမ့်က အကောင်းဘက်ကို သဘောမတူနိုင်သေးဘူး။
“ ဒါပေမဲ့ဒါက အပေါ်ယံ မှန်းဆချက်ပါ။.အခုလို ထျန်းချီတာဝါကို စိတ်တိုအောင်လုပ်ထားပြီးရင် ရင်ဆိုင်ရမှာ သေးမှာမဟုတ်ဘူး”
ပြောပြီးတာနဲ့ ဘေးဘက်က တော်ဝင်အစောင့်တွေကို လှည့်ကြည့်လိုက်သည်။
“ ထားတော့ ထားတော့။ သူ့အကြောင်း မတွေးတော့ဘူး။ အရင် ဆေးလုံးစမ်းသပ်ခန်းဆီ သွားတာပေါ့။ တရှားရဲ့ ဘုရင် ငါ့အတွက် ဘယ်လိုမျိုး မီးဖို ပြင်ထားပေးမလဲ အရမ်းသိချင်နေပြီ။ အရမ်း စုတ်ပြတ်မနေဖို့ပဲ မျှော်လင့်တယ်။ မဟုတ်ရင် လူလွှတ်ပြီး ငါ့မီးဖိုဟောင်းကို သွားယူခိုင်းနေရမှာ”
လျိုချင်းချန် နားထောင်နေခဲ့သည်။
သူမ တစ်ခုခု ပြောမလို့ပုံပါပဲ။ ဒါပေမဲ့ အဆုံးမှာတော့ ဘာမှမပြောဘဲ ခေါင်းရမ်းလိုက်လေသည်။
“ နင်ကတော့”
ထိုလေသံကြောင့် လီချင်းလွမ့် အံ့သြသွားကာ
“ ငါ ဘာဖြစ်လို့လဲ? နင် မသိပါဘူး။ ပေါင်းဖိုရဲ့ အရည်အသွေးက ရလာမဲ့ဆေးလုံးကို တိုက်ရိုက် ဆုံးဖြတ်ပေးနိုင်တယ်။ တစ်ခါတစ်လေကျ အဲ့ဒါကောင်းမှ ထူးချွန်ပြောင်မြောက်တဲ့ ဆေးလုံးမျိုး ဖန်တီးနိုင််မှာ”
“ တရှားရဲ့ ဘုရင်အနေနဲ့အရမ်းကောင်းတာကြီး ပေးလာဖို့ မမျှော်လင့်ထားပါဘူး။ အနေတော်လေး ဖြစ်နေရင်ကို ရပြီ”
“ ထားပါ ထားပါ။ နင့်ပြောနေလဲ ဘာသိမှာမလို့လဲ?”
လီချင်းလွမ့်က ပြောပြီးတာနဲ့ လျိုချင်းချန်ရဲ့ လက်ခံပုံမရတဲ့ မျက်နှာထားကို ကြည့်လိုက်သည်။ သူမရဲ့ မျက်လုံးထဲမှာလဲ နင်မသိပါဘူးဆိုတဲ့ အထင်သေးမှုတစ်ချို့ကို သယ်ဆောင်ထားလေ၏။
လျိုချင်းချန် ခေါင်းပဲ ညိတ်ပြပေးလိုက်သည်။
လီချင်းလွမ့် ခဏလောက် တုံ့ဆိုင်းနေပြီးနောက်မှာ ပြောလိုက်သည်။
“ ဟေး နင် ကူညီပေးလို့ရရင် ထျန်းချီတာဝါကို သူ့ကိုယ်စား ပြောပေးလိုက်ပါ”
“ ဘာလို့လဲ? ထျန်းချီတာဝါက ငါဘယ်သူလဲ သိမှာမလို့လား?”
သူမတို့နှစ်ယောက်လုံးရဲ့ မျက်လုံးထဲမှာ အချင်းချင်းအတွက် အထင်သေးမှုတွေ ရှိသည်။
ထို့နောက်မှာ နှစ်ယောက်လုံး အတွေးထဲ နစ်သွားကြသည်။
ဒီလိုနဲ့ သူမတို့တွေ ဆေးလုံးစမ်းသပ်ခန်းဆီ ရောက်လာခဲ့သည်။
…..
“ ဆေးဆရာမ ဒါက ဆေးလုံးစမ်းသပ်ခန်းပါ”
အစောင့်ခေါင်ဆောင်က ပြောပြီးတာနဲ့ ပြန်ဖြေ သံကိုပင် မစောင့်တော့ဘဲ လက်တစ်ဖက်ယမ်းပြကာ ထွက်သွားလေ၏။
လီချင်းလွမ့်ရဲ့ အကြည့်က ကန္တရလို ခြောက်ကပ်နေတဲ့ ဆေးလုံးစမ်းသပ်ခန်းဆီ ကျရောက်သွားခဲ့သည်။
အတိအကျပြောရရင် အခန်းရဲ့ အလယ်တည့်တည့်မှာ ထီးထီးကြီး ရှိနေတဲ့ အမဲရောင် အိုးကြီးအပေါ်ကိုပဲ။
ထိုအိုးက လုံးဝကို မဲနက်နေခဲ့သည်။
ပတ်ပတ်လည်မှာ လေပြေတွေရှိသည်။
အိုးရဲ့ထိပ်ပိုင်းမှာ ရွှေရောင်နဂါးတစ်ကောင် ခွေနေသည်။
ထင်ရှားတဲ့ အရှိန်အဝါတစ်ခု ထုတ်ပေးနေ၏။
လီချင်းလွမ့် အမြန်ပဲ အရှေ့တိုးကာ အနီးကပ် လေ့လာတော့သည်။
“ ဒါက..”
သူမ ရေရွတ်လိုက်သည်။
လီချင်းလွမ့် တစ်ခုခု မှားနေမှန်း လျိုချင်းချန် မှန်းဆမိသည်။ အရှေ့က အမဲရောင် ပေါင်းဖိုကို ကြည့်လိုက်မိချိန်မှာ သူမလဲ ထူးဆန်းတဲ့ ခံစားချက်ရနေသည်။ ထိုခံစားချက်ကို သူမ ဖော်ပြလို့မရနေဘူး။ နောက်ဆုံး သူမ မနေနိုင်စွာ မေးလိုက်သည်။
“ ဘာဖြစ်လို့လဲ? ဒါကလုံးဝ အရည်အသွေး မကောင်းလို့လား?”
“ ဒါက ကမ္ဘာ့နံပါတ်တစ် ပေါင်းဖိုပဲ! မြွေ နဂါးကိုးကောင် ဒယ်စောက်! ဒါက ရွှမ်းဂိုဏ်းရဲ့ အထွဋ်အမြတ်ထားတဲ့အရာပဲ။ ဒီနေရာကို ဘယ်လိုရောက်နေတာလဲ?”
“ ဒီဘုရင် ဘယ်လိုရခဲ့တာလဲ?”
လီချင်းလွမ့် အံ့သြနေခဲ့သည်။ အရှေ့က မြွေ နဂါးကိုးကောင် ဒယ်စောက်ကို သူမရဲ့ လက်တွေက အဆတ်မပြတ် ပွတ်သပ်နေပြီး မျက်လုံးတွေကလဲ အကြည့်မလွှဲနိုင်တော့ပေ။ ထိုပေါင်းဖိုဆီမှာ ဖမ်းစားခံလိုက်ရပုံပဲ။
လျိုချင်းချန်လဲ အံ့သြသွားခဲ့သည်။
“ ဘာ? ဒါက မြွေနဂါးကိုးကောင် ဒယ်စောက်လို့ ပြောနေတာလား?”
လီချင်းလွမ့် ဆက်ပြောလိုက်သည်။
“ ငါမသိဘူး။ ငါက ရှေးစာလိပ်တစ်ချို့ထဲမှာ ဖတ်ခဲ့ဖူးတာ။ အပြင်မှာ မမြင်ဖူးဘူး”
“ ဒီမှာကြည့်လေ”
လီချင်းလွမ့် ချက်ချင်းပဲ ရှေးစာအုပ်တစ်ခုကို ထုတ်ယူလိုက်သည်။
စာရွက်တွေ လှန်လှောပြီးအဆုံးမှာ.လိုချင်တဲ့ နေရာကို ရှာတွေ့ခဲ့ပြီ။
စာအုပ်ထဲမှာ..
ဆွဲဲပြထားတဲ့ ပုံကြမ်းက အရှေ့က အမဲရောင် ဒဲစောက်နဲ့ လုံးဝကို တစ်ပုံစံထဲပဲ။
ဒါပေမဲ့ ခေါင်းထိပ်က မြွေနဂါးတစ်ကောင် ဖြစ်သည်။ ရွှေရောင်နဂါး မဟုတ်ခဲ့ဘူး။
မကြာခင်မှာ လီချင်းလွမ့် သတိထားမိသွားသည်။
ဒါကြောင့် အံ့သြစွာ အော်လိုက်လေ၏။
“ မဟုတ်ဘူး မဟုတ်ဘူး။ ဒါက မြွေ နဂါးကိုးကောင် ဒယ်စောက်မဟုတ်ဘူး။ စာအုပ်ထဲက အတိုင်းဆို ဒီထိပ်မှာ မြွေနဂါးရှိနေရမှာ”
လျိုချင်းချန်လဲ စိတ်ပျက်စွာ ခေါင်းရမ်းလိုက်တော့သည်။
“ အဲ့လိုလား? ဒါဆို ငါ့ညီမလေး စိတ်ပျက်သွားမှာပဲ”
စိတ်ပျက်မယ်?
သေချာပေါက် လီချင်းလွမ့် စိတ်မပျက်နေဘူးလေ!
ဘာလို့ဆို အရှေ့က ပေါင်းဖိုကနေ သာမာန်မဟုတ်တဲ့ အရှိန်အဝါကို ရနေတာ မလို့ပဲ။
“ မဟုတ်ဘူး။ ဒါက မြွေနဂါးကိုးကောင် ဒယ်စောက် မဟုတ်ရင်တောင်မှ ဒီအိုးကရတဲ့ လေးလံသိပ်သည်းတဲ့ အရှိန်အဝါကို ဘယ်သူမဆို အာရုံခံနိုင်တယ်။ ဒီအရှိန်အဝါက ရှေးဆန်တယ်။ ပြီးတော့ ဒီထိပ်မှာ မြွေနဂါးမဟုတ်ဘဲ ရွှေရောင်နဂါးအစစ်ပဲ။ ကြည့်လိုက်တာနဲ့ ဒါက လုံးဝကို မြွေနဂါးကိုးကောင်ဒယ်စောက်ထက် အရည်အသွေးနိမ့်မှာ မဟုတ်ဘူး”
လီချင်းလွမ့် ခဏ ရပ်ပြီးနောက်မှာ ဆက်ပြောလိုက်သည်။
“ ဒီပေါင်းဖိုရဲ့ ဇစ်မြစ်က မြွေနဂါးကိုးကောင် ဒယ်စောက်ထက် ပိုရှေးကျနေလောက်တယ်”
တည်ငြိမ်စပြုနေတဲ့ လျိုချင်းချန် ပြန်ပြီး အံ့သြရပြန်သည်။
သူမ ပြန်မပြောရသေးခင်မှာပဲ လီချင်းလွမ့် ဆက်ပြောလိုက်သည်။
“ ဒီဘုရင် တစ်ကယ်ပဲ ဘယ်နေရာက သွားယူထားတာလဲ?”
လျိုချင်းချန် မနေနိုင်စွာ ခေါင်းရမ်းလိုက်သည်။
“ ဒါဆို ညီမလေး ကျေနပ်ရဲ့လား?”
လီချင်းလွမ့် ချက်ချင်းဖြေလိုက်သည်။
“ မမ နင်မသိလောက်ပေမဲ့ ဒါမျိုးပေါင်းဖိုတွေက အရမ်းရှားပါးတယ်။ တစ်ချို့ဆို လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ ရှိရင်လဲ ထိပ်သီးဂိုဏ်းတွေမှာပဲ ရှိတတ်တယ်။ တန်ဖိုးကြီး ရတနာတွေပဲ။ ဒီသတင်းသာ လူသိသွားရင် တစ်လောကလုံးက ဆေးဆရာ အားလုံးကို သွေးတိုးစမ်းသလို ဖြစ်သွားမှာ။ သူတို့ရဲ့ လောဘကြောင့် တရှားတိုင်းပြည် တစ်ခုလုံး ကပ်ဘေးစိုက်သွားနိုင်တယ်!”
လျိုချင်းချန် ရုတ်တရက် အလင်းပေါက်သွားသည်။
သူမ နေရာမှာတင် အံ့သြစွာ အေးခဲသွားလေ၏။
“ ဘာ!!”
လီချင်းလွမ့်ရဲ့ အကြည့်က တစ်ချက်လေးမှ နဂါးကိုးကောင်ပေါင်းဖို ကနေ မလွှဲဖယ်သေးပေ။ သူမက အမဖြစ်သူရဲ့ ထိတ်လန့်မှုကို လျစ်လျူရှုထားလေ၏။
“ ဘာဖြစ်ဖြစ် ဒါကိုလူတွေသိသွားလို့ မဖြစ်ဘူး။ ငါအစက ထင်ခဲ့တာက ဒီဘုရင်က ထျန်းချီတာဝါကို ရန်စပြီး ငါတို့တာအိုဂိုဏ်းနဲ့ ထျန်းချီတာဝါကို ထိပ်တိုက်ရင်ဆိုင်စေရင်း ငါတို့ကို ဖျက်ဆီးချင်နေတာလို့ပဲ။ ကြည့်ရတာ ငါအထင်မှားခဲ့ပုံပဲ”
“ အရမ်းမှားခဲ့တယ်!”
“ ဒီပေါင်းဖိုကိုသာ ပေးလိုက်လို့ကတော့ တိုက်ပွဲစထားလို့ အချင်းချင်း မျက်နှာ နာစရာတွေ ဖြစ်ထားရင်တောင်မှ ရန်ပွဲကို ချက်ချင်းရပ်ပစ်လိုက်လို့ရတယ်”
“ ဒီဘုရင်မှာ ရည်မှန်းချက်ကြီးကြီး ရှိနေပုံပဲ”
ရှကျိုးယွီရဲ့ ပုံရိပ်ကို သူမ ပြန်မြင်ယောင် မိသွားသည်.
ရုတ်တရက် ရှကျိုးယွီက ပိုပြီးခံ့ညားလာသလိုပဲ။
“ တရှားတိုင်းပြည်ကြီး.. တိုးတက်လာတော့မယ် ထင်တယ်!”
လျိုချင်းချန်လဲ အချိန်အကြာကြီး အတွေးများသွားသည်။ နောက်ဆုံးမှာ သူမ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ဘာလို့ဆို သူမလဲ ရှကျိုးယွီကို အတွေးမှားခဲ့မိလို့ပဲ။
ဒါပေမဲ့ ရှကျိုးယွီရဲ့ တစ်ကယ့်အတွေးကို သူမတို့ သိခဲ့ကြရဲ့လား….?
ထိုအချိန်မှာ လျိုချင်းချန် တစ်ခုတွေးမိသွားသည်။
“ဒီပေါင်းဖိုနဲ့ဆိုရင် ညီမလေး ဆေးလုံး ဖန်တီးနိုင်လောက်လား?”
“ သေချာပေါက် ရတာပေါ့။ ဒီပေါင်းဖိုနဲ့သာဆိုရင် ရှေးစာလိပ်တွေမှာ ပါတဲ့ ထူးခြားတဲ့ဆေးလုံးတွေ ငါလုပ်နိုင်လောက်ပြီ။ အဲ့ဒီဆေးလုံးတွေ မကြာခင် ကမ္ဘာကြီးထဲ ပေါ်လာတော့မှာ!”
လီချင်းလွမ့် အလွန် ယုံကြည်ချက်ပြင်းနေခဲ့သည်။
တစ်ကယ်တော့ သူမက တစ်ကြိမ်မှ ကိုယ့်ရဲ့အရည်အချင်းကိုယ် အထင်မသေးခဲ့ဖူးဘူး။
အခုချိန်မှာ ပိုလို့တောင် ခိုင်မာနေတော့သည်။
ဆေးလုံးကောင်းတစ်ခုကို ဖန်တီးနိုင်ဖို့က သူမဘဝရဲ့ အိပ်မက်ကြီးပဲ။
အခု ရှကျိုးယွီက သူမကို ယုံကြည်ပြီး အခုလို ပေါင်းဖိုမျိုးပါ ပေးထားမှတော့…
သူမ သေချာပေါက် စိတ်ကျေနပ်စရာ အဖြေပြန်ပေးမည်!
“ ဟုတ်ပြီ”
“ ဒါဆို နင်ဒီမှာ အေးဆေးနေပြီး ဆေးလုံးလုပ်နေလိုက်ပါ”
“ နင်နဲ့ငါနဲ့ တွေးထားသလိုပဲ ထျန်းချီတာဝါနဲ့ ရင်ဆိုင်ဖို့ အရှင်မင်းကြီးမှာ အစီအစဥ် ရှိပြီးသား ဖြစ်လောက်တယ်”
လျိုချင်းချန် ပြောလိုက်သည်။
စာစဉ်ပြီး၏