← Chapters

1462

Vol. 104 Ch. 1462

1462

Vol. 104 Ch. 1462

အခန်း (၁၄၆၂) အခုမှအစပဲရှိသေးတယ်

ရွှီဖေး၏ အသိစိတ်များ တဖြည်းဖြည်းဝေဝါးလာသည်။

သူ၏ခန္ဓာကိုယ်သာ ကျောက်သားရုပ်တုအဖြစ် ပြောင်းလဲသည်မဟုတ်ပေ။ သူ၏ဝိညာဉ်သည်လည်း သေဆုံးခြင်းဆီသို့ လွင့်ပျံလျှက် ရှိသည်။

မရေမတွက်နိုင်သော မြင်ကွင်းများက သူ၏ မျက်ဝန်းများထဲတွင် ဖြတ်သန်းလှုပ်ရှားလာသည်။

ဝါဒတောင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့်အချိန်၊ ရှီကျွင်း၏တပည့် ဖြစ်လာခဲ့သည့်အချိန်။

ရှီစုန်းထောင်းလက်အောက်တွင်စောင့်ရှောက်မှုနှင့် သင်ကြားမှုများကို ခံယူခဲ့ရသည့်အချိန်။

ရှဲ့ယိုချန်နှင့် ပထမဆုံးတွေ့ဆုံခဲ့သည့်အချိန်၊ ရန်ကျောက်ကဲကြီးပြင်းလာသည်ကို တွေ့မြင်ခဲ့ရသည့်အချိန်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် ဝါဒတောင်ဂိုဏ်း အင်အားကြီးမားလာသည်ကို တွေ့မြင်ခဲ့ရသည့်အချိန်များ...။

ထို့နောက် ရှီစုန်းထောင်း အမှောင်ထုထဲကျဆုံးပြီးနောက်ပိုင်း ပျက်ဆီးသွားသည့်မြင်ကွင်းများ။

ဆရာဖြစ်သူ ရှီတိကွယ်လွန်သွားသည့်အချိန် ရှီကျွင်းကို တပည့်အဖြစ် လက်ခံခဲ့ရသည်မျာ။

ရှဲ့ယိုချန်နှင့် သူ မင်္ဂလာဆောင်ခဲ့စဉ်အချိန်များ... အားလုံး ဖြစ်လေသည်။

မရေမတွက်နိုင်သော မြင်ကွင်းများက သူ၏မျက်ဝန်းများထဲတွင် ဖြတ်သန်းလှုပ်ရှားသွားသည်။ တစ်ခုချင်းစီသည် မမေ့နိုင်စရာ အမှတ်တရများဖြစ်ပြီး မေ့လျော့ရန် မဖြစ်နိုင်ပေ။

ရွှီဖေး ခေါင်းများမူးဝေနေစဉ်မှာပင် သူ့အနီးတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

“ဂိုဏ်းတူအစ်ကိုရွှီ...”

သူ့အနားသို့ ရန်ကျောက်ကဲ ချဉ်းကပ်လာလေသည်။

ရွှီဖေး၏ ခန္ဓာကိုယ်တစ်ခုလုံးက ကျောက်သားရုပ်တုအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။

ရန်ကျောက်ကဲကိုတွေ့တော့ ရွှီဖေး၏နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားပြီး အားတင်းပြီး ပြုံးပြလိုက်သည်။

“ငါ သေရည်ကို ကုန်အောင်မသောက်နိုင်တော့ပေမယ့် ခွဲခွာရလို့ ဝမ်းမနည်းတော့ပါဘူး ၊ ခွဲခွာရမှာကို အရေးမစိုက်နေနဲ့တော့ ၊ ပြန်ဆုံနိုင်ကြရင်တော့ ငါတို့တွေ မူးအောင်သောက်ကြတာပေါ့”

သူက တိုးလျစွာ ပြောလိုက်ပြီး ရှီကျွင်း ၊ ယင်ယွီကျန်း၊ ရန်ကျောက်ကဲနှင့် အခြားသူများကို နောက်ဆုံးအကြိမ် တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူက ဖျော့တော့စွာပြုံးရင်း မျက်လုံးများကို မှိတ်လိုက်သည်။

ရွှီဖေးတစ်ကိုယ်လံဒး မီးခိုးရောင်ဖုံးလွှမ်းသွားပြီး ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားသည်။

ရုပ်တု၏ မျက်နှာသွင်ပြင်က အသက်ဝင်လှသည်။ သို့သော် လူသားတစ်ယောက်နှင့်ကွာခြားသည်က ကျောက်သားပမာ ကြမ်းတမ်းနေခြင်း ဖြစ်၏။

“ရပ်လိုက်...”

ရန်ကျောက်ကဲ အော်ဟစ်လိုက်သည်။

သူ့လက်ထဲတွင် ကျမ်းစာလိပ်တစ်ခု ပေါ်လာသည်။

ထိုကျမ်းစာက မြေကမ္ဘာဘုရင်မ၏ကျမ်းစာ ဖြစ်သည်။

ထိုကျမ်းစာ၏စွမ်းအားများမှာ အကြိမ်ကြိမ်အသုံးပြုထားသဖြင့် ကုန်ခမ်းနေပြီး တန်ခိုးစွမ်းအားလည်း အတော်လေး လျော့နည်းနေပြီ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ ထိုအချက်ကို ဂရုမစိုက်နိုင်တော့ပေ။

သူက ကျမ်းစာလိပ်ကိုဖွင့်လိုက်ပြီး ရွှီဖေးမှ ပြောင်းလဲသွားသော ကျောက်ရုပ်တုထက်သို့ တင်လိုက်သည်။

ဖြူစင်သောရောင်ဝါအောက်တွင် မီးခိုးရောင်ကျောက်ရုပ်တုက အသက်ဝင်သောအငွေ့အသက် ပြန်လည်ထွက်ပေါ်လာသည်။

အသက်ရှိနေသော ရုပ်တုတစ်ခုနှင့်ဆင်တူသည်။

သို့သော် ဤရောင်ဝါသည် တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်လျက်ရှိသည်။

ဤအတိုင်းဆက်ဖြစ်နေပါက မကြာမီ ဤရောင်ဝါက လုံးဝ လွင့်ပြယ်ပျောက်ကွယ်သွားပေမည်။

နှောင်းပိုင်းမြေကမ္ဘာကျမ်းစာပင်လျှင် ၎င်းကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

“ဒါက ဘယ်လိုဖြစ်ရတာလဲ”

နောက်ဆုံး ရန်ကျောက်ကဲက ဖြစ်ပျက်ခဲ့သည်များကို သိရှိရန်ဆုံးဖြတ်လိုက်သည်။

ရှီကျွင်းနှင့် ယင်ယွီကျန်းအခြေအနေကို စစ်ဆေးကြည့်လိုက်ပြီး အခြားသူများပြောပြသည်ကို နားထောင်လိုက်သည်။

နောက်ဆုံး ရန်ကျောက်ကဲမျက်နှာက ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုပမာ မည်းမှောင်နီစွေးလာလေသည်။

ယခင်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရွှီဖေးက သူနှင့် အရင်းနှီးဆုံး ညီအစ်ကိုဖြစ်ခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရှီတိကွယ်လွန်သွားစဉ်က ရန်ကျောက်ကဲနှလုံးသားထဲတွင် နက်ရှိုင်းသောနာကျင်မှုတစ်ခု စွန်းထင်းကျန်ရစ်ခဲ့သည်။

ယခု ရွှီဖေးသည်လည်း သူ့ရှေ့တွင် သေဆုံးသွားသည်ဖြစ်ရာ သူ့ရင်ထဲ နာကျင်မှုအသစ်တစ်ခု ထပ်မံထွင်းထုခံရသလို နာကျင်မှုအဟောင်းများသည်လည်း ပြန်လည်ထွက်ပေါ်လာသည်။

ရှီတိနှင့် ရှီစုန်းထောင်းတို့၏ ကြီးမားသောအဖြစ်ဆိုးများက ယနေ့ထိ ဆက်လက်ဖြစ်ပေါ်နေသယောင် ခံစားရသည်။

“မြေခွင်းပုလဲ... မြေခွင်းပုလဲ”

ရန်ကျောက်ကဲ သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး နက်နက်နဲနဲ တွေးတောဆင်ခြင်လိုက်သည်။

“မြေခွင်းပုလဲကို မျိုချလိုက်တယ်... ပြီးတော့ နတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို သုံးလိုက်တယ်”

ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားသည်။

“ဖြစ်နိုင်တာက...”

သူက ရှေ့သို့သွားပြီး ရွှီဖေး၏ ကျောက်ရုပ်တုကို ထမ်းလိုက်သည်။

ထို့နောက် ဖန်းယွင်ရှန်းကို လှည့်ကြည့်ပြီး...

“ယွင်ရှန်း... ငါ့နောက်လိုက်ခဲ့...”

ဖန်းယွင်ရှန်း အံ့အားသင့်သွားသည်။

သို့သော် သူမက ထပ်မံမေးခွန်းမထုတ်ဘဲ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ...”

ရန်ကျောက်ကဲက ခဏမျှတုံ့ဆိုင်းပြီးမှ...

“အကြီးအကဲတို့နှစ်ယောက်က သူတို့ကို ထျန်းစူးစကြာဝဠာကို ပြန်ခေါ်သွားပေးပါ”

သူက ဆက်ပြောလိုက်သည်။

“ဒီကိုလာရင်း ကျွန်‌တော့်အဖေနဲ့ ဆရာဘိုးဘိုး လုန်ရှင်းချွမ်ကို ဆက်သွယ်ခဲ့တယ် ၊ သူတို့ မကြာခင် ရောက်လာကြလိမ့်မယ် ၊ အဲဒီအချိန်ကျ သူတို့နဲ့ ပြန်လိုက်သွားလို့ရပါတယ်”

“ကျွန်တော်တို့ ရန်သူအများစုကိုတော့ ရှင်းပစ်လိုက်ပြီ ၊ ဒါပေမဲ့ ကံကောင်းပြီး အသက်ရှင်နေတဲ့သူတွေလည်း ရှိနိုင်သေးတယ် ၊ ဒါမှမဟုတ် စစ်ကူတွေထပ်ရောက်လာတာမျိုးလည်း ဖြစ်နိုင်တယ် ၊ ဒီတော့ အားလုံးပဲ သတိထားကြပါ”

ဟုန်တိဧကရာဇ်နှင့် ငြိမ်းချမ်းဧကရာဇ်တို့က ရန်ကျောက်ကဲ၏ရည်ရွယ်ချက်ကို နားမလည်သော်လည်း စကားပြန်ပြောလိုက်ကြသည်။

“ငါတို့အတွက် စိတ်မပူပါနဲ့”

ရှီကျွင်းက ရန်ကျောက်ကဲကို စိတ်အားထက်သန်စွာကြည့်လိုက်ရင်း...

“ဆရာဦးလေး’ရန်’...”

ရန်ကျောက်ကဲက...

“ရှီကျွင်း... အရင်ပြန်သွားပါ ၊ အရမ်းမမေးနဲ့ ၊ အခု မင်းရဲ့ဒဏ်ရာတွေကိုပဲ ဂရုစိုက် ၊ ငါပြန်ရောက်လာရင် မင်းအတွက် နည်းလမ်းရှာပေးမယ် ၊ ပြီးတော့ အစ်မယွီကျန်းသတိရလာရင် သူ့ကိုလည်း ဂရုစိုက်ပေးလိုက်ပါ”

သူက ဆက်ပြောလိုက်သည်။

“အခု မင်းတို့နှစ်ယောက်လုံးမှာ နတ်ဆိုးသင်္ကေတ မရှိတော့ဘူး ၊ သန့်စင်သွားပြီ ၊ တခြားနတ်ဆိုးတွေ နတ်ဆိုးသင်္ကေတ အသစ်တစ်ခု ထပ်မထည့်သရွေ့ မင်းတို့တွေ ဘေးကင်းပါပြီ”

ရှီကျွင်းက...

“ဟုတ်ကဲ့ပါ ဆရာဦးလေးရန်”

သူက ရွှီဖေးနှင့် ခွဲခွာရမည်ကို တွန့်ဆုတ်နေသော်လည်း ၊ နောက်ဆုံး ယင်ယွီကျန်းကိုခေါ်ဆောင်ကာ ဟုန်တိဧကရာဇ် ၊ ငြိမ်သက်ဧကရာဇ်တို့နှင့်အတူ ထွက်ခွာသွားလေသည်။

“သွားရအောင်...”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ဝေးလံသောဗလာနယ်ထဲသို့ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

လမ်းတွင် ရန်ကျောက်ကဲက မေးလိုက်သည်။

“ဟို လူယုတ်မာ ဘယ်မှာလဲ”

ဖန်းယွင်ရှန်းက သူမ၏လက်ဖဝါးကိုဖြန့်လိုက်ပြီး တောင်တစ်ခုနှင့်ဆင်တူသည့် နက်ပြာရောင်မီးတောက်မီးလျှံတစ်ခုကို ပြသလိုက်သည်။

ထို့နောက် သူမက မေးလိုက်၏။

“ကျွန်မတို့ ဘယ်ကိုသွားမှာလဲ”

ရန်ကျောက်ကဲက နေရာတစ်ခုအမည်ကို ခပ်တိုးတိုးပြောလိုက်ပြီးနောက် သူက နက်ပြာရောင်မီးလျှံတောင်ထဲသို့ ချက်ချင်းခုန်ဝင်သွားလျှက် အရိပ်အယောင်မရှိ ပျောက်ကွယ်သွားသည်။

ဖန်းယွင်ရှန်း ပင့်သက်ရှိုက်လိုက်သည်။

သူက လက်ကိုပြန်ရုပ်သိမ်းလျှက် မီးလျှံတောင်ကို သိမ်းဆည်းလိုက်ပြီး မရပ်မနား ရှေ့ဆက်သွားလိုက်သည်။

နက်ပြာရောင်မီးလျှံတောင်ထဲတွင် သီးခြားကမ္ဘာငယ်တစ်ခု ရှိနေသည်။

နက်ပြာရောင်မီးတောက်များက ကမ္ဘာငယ်ထဲတွင် ခုန်ပေါက်လျှက်ရှိနေပြီး တစ်ခုနှင့်တစ်ခုယှက်နွယ်ကာ မီးလျှံသံကြိုးများပမာ ဖြစ်တည်နေသည်။

သံကြိုးများက အလယ်ဗဟိုတွင် စုစည်းနေပြီး ထိုနေရာတွင် လူတစ်ယောက် ချုပ်နှောင်ခံထားရသည်။ တစ်ချက်ပင် လှုပ်ရှားမရနိုင်အောင် ချုပ်နှောင်ခံထားရခြင်း ဖြစ်လေသည်။

ရန်ကျောက်ကဲက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ထိုသူ ခေါင်းမော့ကြည့်လိုက်တော့ ဖြူဖျော့သောမျက်နှာကိုတွေ့မြင်ရသည်။

အခြားသူမဟုတ် ၊ ချန်ချန်းဟွာပင် ဖြစ်၏။

ချန်ချန်းဟွာက ရန်ကျောက်ကဲကို ကြည့်လိုက်သည်။ သူ၏ရောင်ဝါက အားနည်းနေသော်လည်း သူက ပြုံးရယ်လိုက်ပြီး...

“မင်း ဒီကို ရောက်လာပြီလား...”

သူက ဆက်ပြောလိုက်သည်။

“မြေကမ္ဘာပလ္လင်နတ်ဆိုးရဲ့ရောင်ဝါက အားနည်းသွားတယ် ၊ ဘာဖြစ်သွားတာလဲ... သူ သေသွားပြီလား”

သူက ခေါင်းခါယမ်းလိုက်သည်။

“မြေကမ္ဘာပလ္လင်နတ်ဆိုးရဲ့ကျင့်ကြံခြင်းက အရမ်းမြင့်မားတယ် ၊ သူ့ရဲ့ အနာဂတ်လှုပ်ရှားမှုတွေကိုလည်း မခံမှန်းနိုင်ဘူး ၊ အခု ငါက အကျဉ်းချခံရပြီး မူလကောင်းကင်ကျမ်းစာတွေကို အသံမုးပြုနိုင်တော့ဘူး ၊ ဒီတော့ သူ့အနာဂတ်ကို ပိုပြီးမခန့်မှန်းနိုင်တော့ဘူး”

ချန်ချန်းဟွာက ကျင့်ကြံခြင်းအဆင့် ကွာခြားမှုကြောင့် မြေကမ္ဘာပလ္လင်နတ်ဆိုး၏အနာဂတ်ကို မဖတ်နိုင်ခဲ့ခြင်းအပေါ် အရေးစိုက်ခြင်း မရှိပေ။

သို့သော် ချန်ချန်းဟွာ ကျင့်ကြံခြင်းအဆင့် မြင့်တက်လလျှင်တော့ များစွာသောအရာများက သူ့အတွက် လျှို့ဝှက်ချက် မဖြစ်နိုင်တော့ပေ။

မည်သို့ပင်ဖြစ်စေ သူက ရန်ကျောက်ကဲ၊ ရန်တိ၊ နှင့် နျဲ့ကျင်းရှန်ကဲ့သို့သော လူများကို ပို၍ စိတ်ဝင်စားသည်။

ချန်ချန်းဟွာက သက်ပြင်းချရင်း...

“နှမျောစရာပဲ... အဲဒီသားအမိ နတ်ဆိုးတွေဖြစ်သွားရင် မင်း သူတို့ကို ဘယ်လိုရင်ဆိုင်မှာလဲ”

ရန်ကျောက်ကဲ၏ အေးစက်သောအကြည့်က ရုတ်တရက် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ချန်ချန်းဟွာ၏ အမြင်အာရုံများဝေဝါးသွားပြီး မကြာမီ ရန်ကျောက်ကဲက သူ့ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။

သူ၏လက်ချောင်းများမှ အလင်းရောင်တန်းတစ်ခုထွက်ပေါ်လာပြီး ထိုအလင်းတန်းက ဓားသွားအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲက ဓားကိုဝှေ့ယမ်းပြီး ချန်ချန်းဟွာကို ခုန်ပိုင်းချလိုက်သည်။

တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ်...။

ချန်ချန်းဟွာက ပြင်းထန်သောနာကျင်မှုကို ခံစားနေရသည့်တိုင် မတုန်လှုပ်သော မျက်နှာအမူအရာဖြင့်...

“ဘာလဲ... မင်းက ငါ့ကို ‌ထောင်နဲ့သောင်းနဲ့ချီတဲ့ဓားချက်တွေနဲ့ ခုတ်ပိုင်းမလို့လား”

ရန်ကျောက်ကဲက သူ့မေးခွန်းကို မဖြေဘဲ ချန်ချန်းဟွာကို ဆက်လက်ခုန်ပိုင်းပစ်နေသည်။

မကြာမီ ဒဏ်ရာများက ချန်ချန်းဟွာ၏ တစ်ကိုယ်လုံးအားဖုံးလွှမ်းသွားပြီး သေမင်းတံခါးဝသို့ ရောက်ရှိသွားလေသည်။

ချန်ချန်းဟွာက အားနည်းဖျော့တော့စွာ ရယ်မောလိုက်ရင်း...

“မင်း ဒေါသထွက်နေတာလား ၊ ဟားဟား...”

သို့သော် နောက်ထပ်ကြုံတွေ့ရသည့်ကိစ္စအတွက် သူ မရယ်မောနိုင်တော့ပေ။

အကြောင်းမှာ သူ၏ ယခင်ဒဏ်ရာများအားလုံး ပျောက်ကွယ်သွားပြီး ထိုဒဏ်ရာများက ထင်ယောင်ထင်မှားများသာ ဖြစ်ကြောင်း သဘောပေါက်လိုက်သောကြောင့်ပင်။

ထို့နောက် ရန်ကျောက်ကဲက ခံစားချက်ကင်းမဲ့သည့်အမူအရာဖြင့် ထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။

ချန်ချန်းဟွာ မျက်လုံးများ ပြူးကျယ်သွားသည်။

ရန်ကျောက်ကဲ ဓားဖြင့်ခုတ်ပိုင်းသည်ပုံစံက ပထမဆုံး ခုတ်ပိုင်းသည့်ပုံစံနှင် အတိအကျ တူညီသည်။

ခုတ်ပိုင်းသည့်နေရာ ၊ ခုတ်ပိုင်းသည့်အတိုင်းအတာ ၊ အသုံးပြုသည့်အင်အား ၊ ဓားဒဏ်ရာ အရှည် ၊ ဓားဒဏ်ရာအနက် အားလုံး တူညီလျှက်ရှိသည်။

“မင်း ဘာလုပ်နေတာလဲ”

ဘာကိုမှအရေးမစိုက်သော ချန်ချန်းဟွာ ထိတ်လန့်သွားဟန်ဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ဘာလို့ အလျင်လိုနေတာလဲ ၊ ဒါက အစပဲရှိသေးတယ်”

All Chapters