← Chapters

မြေးလေး

Vol. 21 Ch. 301

မြေးလေး

Vol. 21 Ch. 301

ဂနိုင်သား၏ နှလုံးခုန်သံတို့ မြန်ဆန်လာသည်ကို ခံစားလိုက်ရ၏။ ၎င်းသည် ဂိမ်း တစ်ခုသာ ဖြစ်လင့်ကစား၊ သူ၌ ပုံမှန်ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုများ ရှိနေခဲ့သည်။

ကာကွယ်သူများအဖြစ် တာဝန်ယူထားသည့် အခြားဂိမ်းမာ ဆယ်ဦးမှာလည်း နေရာယူထားပြီးသား ဖြစ်သည်။

အရှင်ရှားလော့ခ်သည် ဆာမေးလ်၏ ဦးခေါင်းခွံကို ဆွဲကိုင်ကာ မြေကြီးနှင့် ဆောင့်၍ ထုရိုက်နေခဲ့၏။

ရှားလော့ခ် ထုရိုက်နေသည့် နေရာမှ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ရှားလီကို လွင့်စင် ထွက်သွားစေခဲ့သည်။

"အခုပဲ။ ဒါ ငါတို့ အခွင့်အရေးပဲကွ။"

ဂိမ်းမာများက ၎င်းအား ဘော့စ်တိုက်ပွဲ၏ အဆင့်သစ် တစ်ခုဟု ထင်မှတ်လိုက်ကြသည်။

ဂနိုင်သားသည် ရှေ့သို့ ပြေးဝင်သွား၏။ ရှားလော့ခ်၏ လက်သီးဖြင့် ထုရိုက်ထား၍ ချိုင့်ဝင်နေသော နေရာ၌ သွေးသံရဲရဲ ဖြစ်နေသော ဆာမေးလ်သည် ပြန်လည် ထရပ်လိုက်သည်။

ဒိုင်းကာများ ကိုင်ဆောင်ထားသော အဝတ်ဗလာ ဂနိုမ်းအနည်းငယ်သည် လျှောက်လာကြပြီး ညစ်ညမ်းသော စကားလုံးများဖြင့် အော်ဟစ်ကြလေသည်။

"သောက်ကျိုးနည်း။ မြေးကောင်။"

"ငါက မင်း အဖေကွ။ ဒီငတုံးရဲ့။"

"ငါ့ကို ရိုက်လေ။ လာရိုက်စမ်း။"

"ငါ့ကို မိအောင်ဖမ်း၊ မင်းကို ဉာဏ်ရည်တိုးဆေးရည် တိုက်မယ်။"

"ဝါးးးးးး။"

ဆာမေးလ်၏ အဝတ်အစားများမှာ လုံးဝ စုတ်ပြတ်သတ်သွားလေပြီ။ သူ၏ ပျက်စီးနေသော အသားစိုင်များနှင့် ကြွက်သားများမှာ တဆတ်ဆတ် တုန်ခါနေပြီး ဒဏ်ရာများမှာလည်း ပြန်လည် ကျက်နေသည်။ သူ၏ ကိုယ်ခန္ဓာမှာ စုတ်ပြဲနေပုံ ပေါက်နေ၏။

ဆာမေးလ်သည် မာနာစွမ်းအင် အနက်ရောင်ကို ထုတ်လွှတ်လိုက်ပြီးနောက် လူသားတစ်ဦး၏ အသံမဟုတ်သော အသံဖြင့် ဟိန်းဟောက်လိုက်သည်။

"ဝေါင်း—။"

သူ၏ ဟိန်းဟောက်သံ နှင့်အတူ ပါးစပ်သည် ပုံကြီးချဲ့ကာ ဟလိုက်သည့် အလား အကျယ်ကြီး ပွင့်ဟသွားပြီး သူ၏ ပါးပြင်များပင် စုတ်ပြဲ ထွက်သွားတော့သည်။

ရှေ့သို့ ပြေးဝင်လာသော ဂိမ်းမာများသည် ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ခဏတာ ရပ်တန့် သွားကြသော်လည်း၊ ခေတ္တ ရပ်နားပြီးနောက် ဆက်လက် ပြေးဝင်လာကြသည်။

ဆာမေးလ်သည် သူ၏ ခြေထောက်များကို ချဲရပ်လိုက်ပြီး လှံရှည်ကို ဂိမ်းမာများထံ ဦးတည် ချိန်ရွယ်လိုက်သည်။

ပုံရိပ် တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး ဆာမေးလ်၏ ကိုယ်ကို ဝင်တိုက်သည်။ ရှားလော့ခ်၏ ဒူးသည် ဆာမေးလ်၏ ရင်ဘတ်ကို ဆောင့်တိုက် လိုက်ပြီးနောက် သူ၏ သဲအိတ်လက်သီးကို မြှောက်ကာ ဆာမေးလ်၏ မျက်နှာကို အဆက်မပြတ် ထိုးနှက်တော့သည်။

ဂိမ်းမာများသည် ယခုအခါ ဆာမေးလ်၏ ဘေးသို့ ရောက်ရှိနေကြပြီ။

ရှားလော့ခ်က ဆာမေးလ်အား သူ့ အောက်တွင် ချုပ်ထားသောကြောင့် ကာကွယ်သူများမှာ များစွာ အသုံးမဝင်တော့ချေ။ အနီးကပ် တိုက်ခိုက်သည့် တိုက်ခိုက်ရေးသမား ဂိမ်းမာများက ရှေ့သို့ တိုးဝင်ကာ တတ်နိုင်သမျှ ပျက်စီးမှုများ ဖြစ်ပေါ်စေရန် တိုက်ခိုက်ကြသည်။

"အလျားခုတ်ချက်။ စိတ်ရိုင်းဝင် တိုက်ကွက်။ အလျားခုတ်ချက်။ စိတ်ရိုင်းဝင်တိုက်ကွက်။"

ဓားမြောင် နှစ်လက်ကိုင် ရင်မွှေးမီးလောင်သည် ဆာမေးလ်၏ ဘေးသို့ လှိမ့်ဝင်သွားသည်။ သူသည် ဆန်းပြားသောရုပ်ပုံ တစ်ခုကို ရေးဆွဲနေသည့် အလား ဆာမေးလ်၏ ကိုယ်အပေါ်ပိုင်းကို အရူးအမူး ထိုးစိုက်နေတော့သည်။

ရင်မွှေးမီးလောင်၏ အရာမရောက်သော တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်ပါက ဂနိုင်သား၏ တိုက်ခိုက်မှုက ပို၍ အစွမ်းထက်လှသည်။

ဂနိုင်သားသည် သူ၏ လှံရှည်ဖြင့် ဆာမေးလ်၏ နံရိုးကြားထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်လိုက်သည်။ လှံရိုးသည် ဆာမေးလ်ထံမှ ယိုစီးကျနေသော အနက်ရောင် အရည်ကြောင့် ချက်ချင်း ဆိုသလို အရည်ပျော်သွားလေသည်။

ဂိမ်းမာများ၏ လက်နက်များသည် ဆာမေးလ်၏ ကိုယ်ခန္ဓာကို ထိမိသည်နှင့် တဖြည်းဖြည်း တိုက်စား ပျက်စီး သွားကြသည်။ လက်နက်၏ အရည်အသွေး ပိုကောင်းလေ၊ တိုက်စားမှု နည်းပါးလေ ဖြစ်သည်။

ရှားလော့ခ်က ဆာမေးလ်အား ဖိချုပ်ထားစဉ် ဂိမ်းမာများသည် အရူးအမူး တိုက်ခိုက် နေကြသည်။ ထို့နောက် ဆာမေးလ်သည် အလွန်အမင်း ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ဂိမ်းမာများမှာ အလန့်တကြား ထွက်ပြေးသွားကြတော့သည်။

ဆာမေးလ်သည် ပြန်ထလာသည်။

ထို ဘော့စ်သည် အလွန်အမင်း အစွမ်းထက်လှသည်။ အရှင်ရှားလော့ခ် မရှိပါက အနီးကပ် တိုက်ခိုက်ရေးသမား တစ်ဦးတစ်ယောက်မျှ သူ၏ အနီးသို့ မကပ်ဝံ့ကြချေ။

"အနီးကပ် တိုက်ခိုက်ရေးသမားတွေ၊ ဆုတ်။ အဝေးပစ်သမားတွေ၊ တိုက်ခိုက်။ ကာကွယ်သူတွေ၊ အသင့်ပြင်ထား။ အဝေးပစ်သမားတွေ၊ ရှားလီကို မထိခိုက်စေနဲ့။" အမိန့်ပေးနေသော ဘောင်းဘီမဝတ်သူက အော်ဟစ်လိုက်သည်။ အနီးကပ် တိုက်ခိုက်ရေးသမားများ လျင်မြန်စွာ ဆုတ်ခွာ သွားကြပြီး မြားမိုးတစ်သီကြီး ပစ်လွှတ်လိုက်ကြသည်။

ဆယ်ဗားနပ်စ်နှင့် လေးသမားများသည် ဆာမေးလ်ထံသို့ မြားများကို လျင်မြန်သော နှုန်းဖြင့် ပစ်ခတ်ကြသည်။

ဆာမေးလ်သည် ရှားလော့ခ်နှင့် ဂိမ်းမာများ၏ ညှပ်တိုက်ခြင်းကို ရင်ဆိုင်နေရသည်။

ဂိမ်းမာများ၏ တိုက်ခိုက်မှုကြောင့် ဖြစ်သော ပျက်စီးမှုမှာ မပြောပလောက်သော်လည်း၊ အနှောင့်အယှက် ပေးမှုမှာမူ အောင်မြင် ထိရောက်သည်။

ဆာမေးလ်၏ ကြွက်သားများ ဖောင်းကြွလာသည်။ သူသည် ရှားလော့ခ်၏ တိုက်ခိုက်မှုများကို တွန်းလှန်ချင်သော်လည်း ရှားလော့ခ်အပေါ် သူ၏ အာရုံကို စုစည်းနိုင်ခြင်း မရှိချေ။

ရှားလော့ခ်နှင့် ဂိမ်းမာများက ဆာမေးလ်အား တိုက်ခိုက်နေစဉ်တွင် သူ၏ ကိုယ်ပေါ်မှ ကြွက်သားများမှာ တစ်စထက်တစ်စ ကြီးမားလာသည်။ ဂိမ်းမာများနှင့် တိုက်ခိုက်နေသော မြွေမျက်နှာ အစေခံများသည် မြေပြင်ပေါ်သို့ လဲကျ သွားကြပြီး သူတို့၏ သွေးများမှာ ဆာမေးလ်ထံသို့ စီးဝင်သွားကြ၏။

ဂိမ်းမာ အချို့သည် ထိုသွေးများကို တားဆီးရန် ကြိုးစားခဲ့ကြသော်လည်း သူတို့ ထံတွင် အိုးများ မပါရှိ၍ မအောင်မြင်ခဲ့ကြချေ။ ဂိမ်းမာ အချို့ကမူ ထိုသွေးများကို ကုန်းသောက်ရန်ပင် ကြိုးစားခဲ့ကြသေးသော်လည်း သွေးများမှာ သူတို့၏ တင်ပါးများမှ ပြန်ထွက်ကျလာပြီး ဆာမေးလ်ထံသို့ ဆက်လက် စီးဝင်သွားသည်။

ချုပ်တည်းခံထားရသော ဆာမေးလ်သည် စွမ်းအင် အမြောက်အမြားဖြင့် ပေါက်ကွဲ ထွက်လာပြီး ရှားလော့ခ်ကို နောက်သို့ ဆုတ်သွားစေသည်။ ထို့နောက် ဆာမေးလ်သည် သူ့ထံ စီးဝင်လာသော သွေးအားလုံးကို စုပ်ယူလိုက်သည်။

သွေးစီးကြောင်းများသည် ဆာမေးလ်၏ ကိုယ်ခန္ဓာထဲတွင် စုပုံလာသည်။

လေးသမားများသည် ဆာမေးလ်ထံ မြားများ ပစ်ခတ်ကြသော်လည်း မြားများမှာ ယခင်ကဲ့သို့ ပျက်စီးမှု မဖြစ်စေတော့ချေ။

သွေးများ စုပုံလာခြင်းနှင့် ကြွက်သားများ ဖောင်းကားလာခြင်းတို့ကြောင့် ဆာမေးလ်၏ ကိုယ်ခန္ဓာသည် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။ ကျယ်လောင်သော စုတ်ပြဲသံ နှင့်အတူ ဒုတိယမြောက် အမွှေးမပါသော တောင်ပံတစ်ဖက်သည် သူ၏ ပခုံးမှ ထွက်ပေါ်လာသည်။

ဒုတိယတောင်ပံ ပေါက်လာသည်နှင့်အမျှ ဆာမေးလ်၏ ဩဇာအရှိန်အဝါသည် ပို၍ လွှမ်းမိုးလာနိုင်သည်။

"အလိုလေး၊ အရှင်ရှားလော့ခ်၊ အရှင့်ရဲ့ သာမန်ထက်ထူးကဲတဲ့ လက်သီးက ဆာမေးလ် အပေါ်မှာ အရာမရောက်တော့ပါလား။" ဘရုက စိုးရိမ်စွာ ပြောလိုက်သည်။

"ကျွန်တော်တို့ မှော်အမြောက်တွေကို သုံးကြည့်ကြမလား။ ကျွန်တော်တို့ ဘာလို့ မှော်အမြောက်တွေကို မသုံးခဲ့ကြတာလဲ၊ ပြီးတော့ ဘာလို့ အရှင်က ဂိမ်းမာတွေကို အဲဒါတွေ မသုံးဖို့ တားမြစ်ထားတာလဲဆိုတာ သိချင်နေတာ။ အရှင့်အနေနဲ့ မာနာစွမ်းအင်တွေ ကုန်ခမ်းသွားမှာကို စိုးရိမ်နေတယ် ဆိုရင်တောင်၊ အမြောက်တွေကသာ ဆာမေးလ်ကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် မှုတ်ထုတ်နိုင်ခဲ့မယ်ဆိုရင် ဒါက တန်ပါတယ်။"

"စိတ်မပူပါနဲ့၊ ငါ အခြေအနေကို ထိန်းချုပ်နိုင်ပါသေးတယ်။" ရှားလော့ခ်က ဖောင်းကားလာသော ဆာမေးလ်ကို ကြည့်ရင်း ပြောလိုက်သည်။ အမွှေးမပါသော တောင်ပံနှစ်ဖက်မှာ အနက်ရောင်သို့ ပြောင်းလဲလာပြီး အမွှေးအတောင်များ စတင် ပေါက်လာသည်။ ရှားလော့ခ်သည် ခဏ စဉ်းစားပြီးနောက် "အတော်အသင့်တော့ ဟုတ်နေပြီ။"ဟု ဆိုလိုက်သည်။

သူ၏ ပုံစံပြောင်းလဲပြီးနောက် ဆာမေးလ်သည် သူ၏ တောင်ပံများကို ခတ်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။ ကြီးမားသော အနက်ရောင် တောင်ပံကြီးများမှာ လေထဲတွင် ဖြန့်ကားနေသည်။ ထို့နောက် သူသည် ဂိမ်းမာများ ထံသို့ ထိုးဆင်း တိုက်ခိုက်လာသည်။ သူ၏ ရည်ရွယ်ချက်မှာ သူတို့ကို ချေမှုန်း ဖျက်ဆီးပစ်ရန် ဖြစ်သည်။

"ကာကွယ်သူတွေ၊ တိုက်ပွဲ အတွက် ပြင်ဆင်ကြ။" ဘောင်းဘီမဝတ်သူက အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဂနိုင်သားသည် ရှေ့သို့ ထွက်လာပြီး ထိုးဆင်းလာသော ဆာမေးလ်ကို ရဲဝံ့စွာ ခုခံရင်း "မြေးလေး"ဟု အော်ဟစ်လိုက်သည်။

All Chapters