ဤအရာ အတွက်
Vol. 21 Ch. 302
ဆာမေးလ်သည် သိုးအုပ်ထဲ ဝင်သည့် ဝံပုလွေ တစ်ကောင်ပမာ ဂိမ်းမာများကြားထဲသို့ ပြေးဝင် တိုက်ခိုက်လေ၏။ ဂိမ်းမာများ၏ ဝိညာဉ်တို့ကို ချုပ်နှောင်ပြီးနောက် ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်း နှိပ်စက်ရန် ကြံစည်ပြီး သူ၏ လှံရှည်ကို အရမ်းကာရော လွှဲယမ်းနေခဲ့သည်။
သူတို့ ညှဉ်းပန်းနှိပ်စက် ခံရပြီး နာကျင်နေကြသည်ကို သူ မြင်ချင်သည်။ သူတို့ကို ပုရွက်ဆိတ်များပမာ ဖြစ်စေကာ သူတို့၏ ဂုဏ်သိက္ခာကို စွန့်လွှတ်စေပြီးနောက် သနားညှာတာမှု တောင်းခံလာစေရန် သူ အလိုရှိသည်။
ဆာမေးလ်သည် သူတို့ကို ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းပေါင်း သန်းချီ၍ စဉ်းစားထားပြီး ဖြစ်သည်။ ပထမဦးစွာ သူသည် သူတို့၏ ကြောက်ရွံ့မှုကို မြည်းစမ်းကြည့်ချင်ခဲ့၏။
ဆာမေးလ်သည် ထိုသနားစရာ ကောင်းသော သာမန်လူသားတို့၏ မျက်ဝန်းထဲမှ ကြောက်ရွံ့မှုကို ယခင်က မြင်တွေ့ခဲ့ဖူးသည်။
ထို့ကြောင့် သူသည် သူတို့ အားလုံးကို မသတ်ခဲ့ပေ။ ထိုးဆင်း တိုက်ခိုက်ပြီးနောက် သူ့ကို "မြေးကောင်"ဟု ခေါ်သော အဝတ်မပါသည့် ဂနိုမ်းကို နင်းသတ်လိုက်သည်။ ထို့နောက် ဆုတ်ခွာရန် ကြိုးစားနေသည့် ဓားမြောင်နှစ်လက်ကိုင် ဂနိုမ်းကို ဖမ်းဆွဲလိုက်သည်။
ဆာမေးလ်သည် သူ့ကို ဖြည်းဖြည်းချင်း ညှစ်သတ်ရန် ရည်ရွယ်လိုက်၏။
ထိုဂနိုမ်းသည် ထိတ်လန့်နေသော်လည်း ဆာမေးလ် မျှော်လင့်ထားသကဲ့သို့ ကြောက်ရွံ့နေခြင်းတော့ မရှိချေ။ ထိုအစား၊ ထိုဂနိုမ်းသည် သူ့ကို ရမ်းကား ထိုးနှက် တိုက်ခိုက်နေခဲ့သည်။
ဂနိုမ်း ရင်မွှေးမီးလောင်သည် ဆာမေးလ်၏ လည်ပင်းညှစ်ခြင်းကို ခံနေရပြီး သူ၏ မျက်နှာမှာ အညိုအရောင်သို့ ပြောင်းသွားသည်။ သို့သော် သူသည် ကျန်ရှိနေသေးသော သူ၏ အသက်ရှုအားဖြင့် "အလျားခုတ်ချက်၊ စိတ်ရိုင်းဝင်တိုက်ကွက်၊ အလျားခုတ်ချက်၊ စိတ်ရိုင်းဝင်တိုက်ကွက်..."ဟု အော်ဟစ်နေခဲ့သည်။
အောက်မှ ဂနိုမ်းတစ်ဦးက အော်ပြောလိုက်သည်။ "ရင်မွှေး သေပြီကွ။ မင်းကို သူ့ ပစ်မှတ်ဆွဲမနေနဲ့လို့ ငါ ပြောသားပဲ။ အဓိပ္ပာယ်မရှိတာတွေ မအော်ဘဲနဲ့ တိုက်ကြစမ်း။ တိုက်ခိုက်ရေးသမားတွေ အားလုံး ဆုတ်။ မသေစေနဲ့။ မသေခင် ကိုယ့်လက်နက်တွေကို အဆင်ပြေတဲ့ နေရာမှာ လွှင့်ပစ်ခဲ့ကြ။"
ဂိမ်းမာအုပ်စုသည် စစ်ရေးကျွမ်းကျင်မှု အပြည့်ဖြင့် လျင်မြန်စွာ ကွဲထွက် သွားကြသည်။
ဂိမ်းမာ နှစ်ဦးသည် ခုန်ပေါက်ကာ ၃၆၀ ဒီဂရီ နောက်ပြန်လှည့် ကနွဲ့ကငြောင်း လုပ်ပြလိုက်ကြသည်။
သူတို့ ဘာကြောင့် ထိုသို့လုပ်ကြသည်ကို ဆာမေးလ် နားမလည်ခဲ့ချေ။ သန်းကောင်များ ကဲ့သို့ အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများသည် လျင်မြန်စွာ လူစုကွဲ ထွက်သွားသောကြောင့် ဆာမေးလ်သည် သူတို့ အားလုံးကို သတ်နိုင်ခြင်း မရှိခဲ့။
ဆာမေးလ်သည် သူ၏ လက်ထဲတွင် ကိုင်ထားသော ဂနိုမ်းကို ကြေမွသွားအောင် ချေမွလိုက်ပြီး အသက်မဲ့ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ဆာမေးလ်သည် အော်ဟစ်နေသော ဂနိုမ်းထံသို့ လျှောက်သွားသည်။
ဘော့စ်သည် သူ၏ အရင်ပစ်မှတ်ကို သတ်ပြီးနောက် ပစ်မှတ်လွှဲသွားသော ဂိမ်းမာတစ်ဦး နောက်သို့ လိုက်နေခြင်း ဖြစ်သည်။
ပစ်မှတ်ဆွဲယူမှု နှင့် ပတ်သက်၍ မူ...
"သောက်ကျိုးနည်း၊ ပစ်မှတ်ထားခံရတာက အသံကျယ်တဲ့ အပေါ် မူတည်တာလားကွ။"
"ရယ်လိုက်ရတာ။ ဘောင်းဘီ၊ မင်းတော့ သေပြီ။"
"ဘောင်းဘီ၊ ဘော့စ်က မင်းဆီ လာနေပြီဟေ့။"
"ရယ်ချင်သလောက် ရယ်ကြ။ ဘော့စ်ရဲ့ ပစ်မှတ်ကို ဆွဲထားကြစမ်း။" ဘောင်းဘီမဝတ်သူသည် အော်ဟစ်ရင်း ထွက်ပြေးနေသည်။ အမှန်မှာ သူ ပြေးစရာ နေရာ မရှိတော့ခြင်းပင်။
အဝတ်မပါသော ကာကွယ်သူ ဂိမ်းမာများသည် ဆာမေးလ်ထံ ပြေးဝင်လာကြပြီး သူ့ကို အော်ဟစ် ပြောဆိုကြသည်။
"ဒီည၊ မင်း အမေ သေလိမ့်မယ်။"
"ငါက မင်း အမေကို ပြန်ရှင်တဲ့ ချပ်ဝတ် (Immortal Item) ဝတ်ခိုင်းပြီး နှစ်ခါသတ်ပစ်မယ်။"
"ဟိုအရပ်ရှည်ဘော့စ်ကြီး မင်း နောက်လိုက်နေပြီဟေ့။"
"အမလေး၊ ဒါက ဘာအဓိပ္ပာယ်လဲ။"
"နေကို လိုက်ဖမ်းနေတာ။"
"ဟို့ယိက မင်း နောက်ကို လိုက်နေပြီ။"
"နေကို ပစ်ချမလို့လား။"
"တိုင်တန်းနစ်ကော ဘယ်လိုလဲ။"
"ဖန်ဆင်းရှင်နတ်သမီးက,ကော။ ကောင်းလား။"
"မုန်တိုင်းနဲ့ လေပြင်းရှိရင် ငါတို့ ကမ္ဘာကို အုပ်စိုးမယ်။"
"ရယ်လိုက်ရတာ၊ ဒီငတုံးတွေရယ်။ မင်းတို့တွေ ဒါတွေ ဘယ်က သင်လာကြတာလဲ။ ဟားဟားဟား။"
"ပညာမတတ်ရင် မွန်းစတားတိုက်လို့ မရဘူးကွ။"
"ငါက အွန်လိုင်းဂိမ်းတွေထဲမှာ အများကြီး သင်ယူခဲ့တာ။"
"မင်းတို့ အားလုံး ဘာလို့ ဒီလောက် အဆင့် မရှိကြတာလဲ။"
ဂိမ်းမာများသည် ဆာမေးလ်၏ ပစ်မှတ်ကို ဆွဲယူရန် သူ့အား ညစ်ညမ်းသော စကားများဖြင့် အော်ဟစ် နေကြသည်။ ဆာမေးလ်သည် အစပိုင်းတွင် ဘောင်းဘီမဝတ်သူ နောက်သို့ လိုက်နေသော်လည်း၊ သူတို့၏ စော်ကားမှုများကို ကြားပြီးနောက်၊ အချို့ စကားလုံးများကို နားမလည်သော်လည်း၊ သူ့တွင် အမေ မရှိသော်လည်း၊ သူ ဒေါသထွက်လာသည်။
ဆာမေးလ်သည် ခေါင်းလှည့်ကာ သူ၏ လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ တိုက်ခိုက်မှု အဝန်းအဝိုင်း အတွင်းရှိ ဂိမ်းမာများကို သူ သတ်ပစ်လိုက်သည်။ သို့သော် ဂိမ်းမာများသည် ပျော်ရွှင်မြူးတူးစွာ ပြုံးနေကြဆဲပင်။ သူတို့ လုံးဝ ကြောက်ရွံ့ခြင်း မရှိကြချေ။
သူတို့သည် အလွန်အမင်း ပျော်ရွှင်ပြီး စိတ်လှုပ်ရှား နေကြသည်။ သေဆုံးသွားသော ဂိမ်းမာများသည် လေထဲတွင် မာနာအမျှင်တန်းများအဖြစ် ပျောက်ကွယ် သွားကြသည်။ ထို့နောက် အစားထိုးလူတစ်ဦး ရောက်လာပြီး ဆာမေးလ်ကို ဆက်လက် စိန်ခေါ် လှောင်ပြောင်နေသည်။
ဆာမေးလ်သည် ဂိမ်းမာ အားလုံးကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်သောအခါ ရှားလော့ခ်သည် ပြန်လျှောက်လာသည်။
သူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေသော်လည်း သူ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း မရှိချေ။
"ဆာမေးလ်။" ရှားလော့ခ်သည် ဆာမေးလ်ထံသို့ လျှောက်သွားပြီး "မင်း ငါတို့ကို အနိုင်မတိုက်နိုင်ဘူး။ ငါ့မှာ မြေအောက်လောကရဲ့ သတ္တိ အရှိဆုံး စစ်သည်တော်တွေ ရှိတယ်။ ငါ မရှိရင်တောင် သူတို့ မင်းကို တားဆီးလိမ့်မယ်။"ဟု ဆိုလိုက်သည်။
"မင်းက ဒီအစိမ်းရောင် အသားအရေနဲ့ သတ္တဝါတွေကို ရည်ညွှန်းနေတာလား။ ဒီညစ်ပတ်တဲ့ သတ္တဝါလေးတွေက ငါ့ကို တားနိုင်လိမ့်မယ်လို့ မင်း ထင်နေရင်တော့ မေ့လိုက်တော့။ ဒူးထောက်ပြီး ငါ့ ဆီမှာ အညံ့ခံစမ်း၊ ရှားလော့ခ်။"
ဆာမေးလ်သည် သူ၏ အောင်ပွဲကို ကြေညာနေသည့် အလား လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။ သူ၏ စွမ်းအားသည် ဆက်လက် တိုးပွားလာပြီး သူ၏ ပခုံးများမှာ ဖောင်းကြွလာသည်။ အနက်ရောင် အရည်များ စိမ့်ထွက်လာသည် နှင့်အတူ အနက်ရောင် တောင်ပံတစ်စုံ ထွက်ပေါ်လာသည်။
ဆာမေးလ်တွင် အပြည့်အဝ ဖြန့်ကားထားသော တောင်ပံလေးဖက် ရှိနေပြီ ဖြစ်သည်။ တောင်ပံအသစ်များ တိုးလာသည် နှင့်အမျှ သူ၏ စွမ်းအားသည် အဆင့် အသစ် တစ်ခု သို့ တိုးမြှင့်သွားပုံရသည်။
အနက်ရောင် အမွှေးအတောင်များမှာ မြေပြင်ပေါ်သို့ တဖြည်းဖြည်း ကြွေကျနေသည်။
ဆာမေးလ်သည် မော့ကြည့်လိုက်ပြီး သူ၏ လက်သည်းများကို သူ၏ ခေါင်းထိပ်ပေါ်သို့ တင်လိုက်သည်။
အားပြင်းသော ထိုးနှက်ချက် တစ်ခုသည် ဆာမေးလ်၏ ခေါင်းဘေးသို့ ကျရောက်လာပြီး သူ လွင့်စင်ထွက် သွားသည်။ သူသည် အနီးအနားရှိ နံရံ တစ်ခုတွင် ကပ်ရိုက် ခံလိုက်ရသည်။
ဆာမေးလ်၏ ကြီးမားသော ကိုယ်ခန္ဓာကို အနက်ရောင် လှံရှည်တစ်ချောင်းဖြင့် စိုက်ဝင်ထားရာမှ ဗဟိုပြု၍ ဖြာထွက်နေသည့် အက်ကြောင်းများသည် နံရံတွင် ဖြစ်ပေါ်နေသည်။ သူသည် ထိုလှံရှည်မှ တွဲလောင်းကျနေခဲ့သည်။
အနက်ရောင် ဩဇာအရှိန်အဝါ ထုတ်လွှတ်နေသော ထိုလှံရှည်သည် ဆာမေးလ်၏ ခေါင်းကို ထုတ်ချင်းပေါက် ဖောက်ဝင်သွားပြီး နံရံထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသည်။ ဆာမေးလ်သည် နာကျင်နေပြီး သူ၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ အနက်ရောင် မြူခိုးများ စိမ့်ထွက်လာသည်။ မကြာမီ သူ ပျောက်ကွယ်သွားတော့သည်။
ဆာမေးလ်၏ လှံရှည်သည် တဖြည်းဖြည်း ကြေမွပျက်စီးသွားပြီး သူ၏ နောက်ကျောမှ တောင်ပံလေးဖက်မှာလည်း ညှိုးနွမ်းကာ အရည်ပျော် ဝင်သွားသည်။
"ရှားလော့ခ်၊ ဒါ မင်းရဲ့ အကြံအစည်လား။ ဆာမေးလ်ကို လွှတ်ပေးပြီး မင်းက ရုတ်ရုတ်သဲသဲ ဖြစ်အောင် ဖန်တီးဖို့ ရည်ရွယ်ခဲ့တာလား။"
စကတ်ဝတ်ဆင်ထားသော သွယ်လျသော ပုံရိပ် တစ်ခုသည် လှံရှည်ပေါ်တွင် ရပ်နေသည်။
ဆာမေးလ်၏ ဧရာမကိုယ်ထည်နှင့် နှိုင်းယှဉ်လျှင် လီလို၏ ကိုယ်ခန္ဓာသည် အလွန် သေးငယ်လှသည်။
တောက်ပသော အနက်ရောင် တောင်ပံတစ်စုံသည် လီလို၏ နောက်ကျောမှ ဖြန့်ကား ထွက်ပေါ်နေပြီး မာနာစွမ်းအင်၏ တောက်ပမှုသည် သူမထံမှ ထွက်ပေါ်နေသည်။
"မဟုတ်တာဘဲ။" ရှားလော့ခ်သည် လီလိုကို စိုက်ကြည့်ရင်း ပြုံးလိုက်ပြီး အရည်ပျော် ကျနေသော ဆာမေးလ်ရှိရာကို လက်ညှိုးထိုး ပြလိုက်သည်။ ကြီးမားပြီး အဖိုးတန်သော ပုလဲတစ်လုံးသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားသည်။
"ငါ ဒါတွေ အားလုံးကို ဒီပုလဲအတွက် လုပ်ခဲ့တာ။ ဒါက ကောင်းကင်ဘုံတိုင်းပြည်ကို အောင်နိုင်ဖို့ သော့ချက်ပဲ၊ လီလို။"