← Chapters

ဗစ်တိုးရီးယားနှင့်ပတ်သက်၍ မှတ်သားရန်အချက်များ

Vol. 21 Ch. 308

ဗစ်တိုးရီးယားနှင့်ပတ်သက်၍ မှတ်သားရန်အချက်များ

Vol. 21 Ch. 308

"မင်္ဂလာပါ၊ ကျွန်တော့် နာမည်က မထိမတို့နိုင်သောသူပါ။ ကျွန်တော်က သက်သတ်လွတ်စားသူ ဖြစ်ပြီး တိရစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်သူ တစ်ယောက်ပါ။ ကျွန်တော်က ဗစ်တိုးရီးယားရဲ့ ရုက္ခဗေဒ သင်တန်းဆရာအသစ်ပါ။"

ညှိုးခြောက်နေသော အပင်များဖြင့် ပြုလုပ်ထားသော အတွင်းခံ ဝတ်ဆင်ထားသည့် အသားမည်းသော အက်လ်ဖ် တစ်ဦးသည် ခန္ဓာကိုယ် တစ်ပိုင်း ဗလာကျင်းလျက် ရှိသည်။ ထိုအက်လ်ဖ်၏ အသားအရေမှာ ဆီလိမ်းထား၍ ပြောင်လက်နေခဲ့သည်။

"ကျွန်တော့်ကို ဟေးလ် လို့ခေါ်ပါတယ်။ ရေနွေးငွေ့စွမ်းအင်သုံး အင်ဂျင်နီယာ တစ်ယောက်ပါ။ ကျွန်တော်က ဗစ်တိုးရီးယားရဲ့ ရေနွေးငွေ့စွမ်းအင်သုံး စက်ပစ္စည်းတွေကို တာဝန်ယူပါတယ်။" ၎င်းမှာ မုတ်ဆိတ်ရှည်နှင့် လူပုတစ်ဦး ဖြစ်သည်။ သူသည် ကျန်လူများ ကြားတွင် အပုံမှန်ဆုံးပုံ ပေါက်နေခဲ့သည်။

"ကျွန်တော်က ဘုရင်ပါ။ ဟေးလ်က ကျွန်တော့်ညီပါ။ ကျွန်တော်က ဗစ်တိုးရီးယားရဲ့ ပန်းပဲဆရာပါ။ ဖဲတစ်ဝိုင်းလောက် ကစားချင်လား။" ၎င်းမှာ ဟေးလ်ဟု ခေါ်သော လူပုနှင့် တူသည့် နောက်ထပ် လူပုတစ်ဦး ဖြစ်သည်။

နောက်ဆုံး လူမှာ ခေါင်းပြောင် ဖြစ်ပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ သူသည် ဘုန်းတော်ကြီး တစ်ပါးကဲ့သို့ ဝတ်စားထားပြီး သူ၏ မုတ်ဆိတ်မှာ ကျစ်ဆံမြီး ကျစ်ထားသည်။ သူ၌ မဟာမှော်အရှင်တစ်ပါး၏ ရုပ်သွင် ရှိသည်။

"အရှင်သခင်၏ သတင်းကောင်းကို နားထောင်ချင်ပါသလား။ ကျွန်တော့်မှာ မေးခွန်းစာအုပ်ငယ် တစ်အုပ် ရှိပါတယ်။ အဲဒါက ခင်ဗျားကို ကောင်းကင်ဘုံကို ထိတွေ့ စေနိုင်ပါလိမ့်မယ်။"

...

လန်ဆလော့သည် သူတို့အား မိမိကိုယ်ကို မိတ်ဆက်ပြီးနောက် နေရာလွတ် တစ်ခုရှာကာ ထိုင်ချလိုက်သည်။

သူသည် သူတို့ အကြောင်းကို မေးမြန်းခဲ့သည်။ အက်လ်ဖ် တစ်ဦး၊ လူပု နှစ်ဦးနှင့် ထူးဆန်းစွာ ဝတ်စားထားသော လူသားမဟာမှော်အရှင် တစ်ဦး၊ သူတို့ လေးဦးစလုံးမှာ ရှားလော့ခ်၏ ခေါ်ယူခြင်း ခံခဲ့ရသူများ ဖြစ်ကြသည်။

သူတို့ အားလုံး တစ်နှစ်သက်တမ်းရှိ တူညီသော ခေါ်ယူမှု စာချုပ်များ ရှိကြပြီး၊ စာချုပ်များ အားလုံးမှာ ပြင်းထန်သော မာနာဖြင့် ချည်နှောင်မှု ပါရှိသည်။

လစဉ်လစာနှင့် ပတ်သက်၍မူ...

"ညီလေး၊ မင်း အရမ်း များများ မေးလွန်းတယ်လို့ မထင်ဘူးလား။ ငါက မြို့ရဲ့ ကွဲပြားစုံလင်မှုကို ခံစားဖို့ ဒီနေရာကို အဝေးကြီးကနေ အလုပ်လာလုပ်တာ။ မင်းရဲ့ ထူးဆန်းတဲ့ အကျင့်တွေကို ငါ လေးစားတယ်။ မင်းရဲ့ သံမဏိ ဖိနပ်တွေမှာ သားရေ မပါဘူးဖို့ ငါ မျှော်လင့်တယ်။ မင်းက,ကော ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကို ဘာလို့ မလေးစားတာလဲ။ မင်း အသားစားတယ်လို့ ငါ မထင်ဘူးနော်၊ ဟုတ်တယ်မလား။" သက်သတ်လွတ်စားပြီး တိရစ္ဆာန်များနှင့် ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်သူ အက်လ်ဖ်က အလွန် ပွင့်လင်းစွာ ပြောလိုက်သည်။

"လစာလား။ ငါက ရည်မှန်းချက်ကြီးတဲ့ လူပုတစ်ယောက်ကွ။ မင်းက ဘာလို့ ဒီလို ညစ်ညမ်းတဲ့ ကိစ္စကို ပြောနေရတာလဲ။"

"လစာအကြောင်း မပြောခင် ဖဲတစ်ဝိုင်းလောက် ကစားချင်သေးလား။"

"မင်း မေးခွန်းစာအုပ်ငယ်ကို စမ်းလုပ်ကြည့်ချင်စိတ် မရှိဘူးလား။"

လန်ဆလော့သည် သူတို့၏ လစာများမှာ မမြင့်မားဟု ခံစားလိုက် ရသည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ လစာမှာ သနားစရာပင် ကောင်းသောကြောင့် ဖြစ်သည်။

သူ နောင်တ ရနေသော်လည်း စာချုပ်မှာ အတည်ဖြစ်သွားခဲ့ပြီ။ ဗစ်တိုးရီးယားမှ လွဲ၍ သူ ဘယ်သွား ရမည်ကို မသိခဲ့ချေ။ ဤသည်မှာ တကယ်ပင် မြို့တစ်မြို့ ဟုတ်ပါလေစ။

"လူအားလုံး ရောက်နေကြပြီနဲ့ တူတယ်။"

လန်ဆလော့ မေးခွန်းများဖြင့် ပြည့်နှက်နေစဉ် လျှို့ဝှက် ဆန်းကြယ်သော ရှားလော့ခ်သည် သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

"ဗစ်တိုးရီးယားမှ ကြိုဆိုပါတယ်။ ဒါက တောအုပ် တစ်ခုသာ ဖြစ်နေပေမဲ့ မကြာခင်မှာ ကြီးကျယ် ခမ်းနားတဲ့ လွတ်လပ်သော မြို့တစ်မြို့ ဖြစ်လာပါလိမ့်မယ်။"

လန်ဆလော့သည် တစ်စုံတစ်ခု ပြောလိုသော်လည်း ရှားလော့ခ်က လက်ညှိုး တစ်ချောင်း ထောင်ကာ သူ့ကို တားလိုက်သည်။ "မမေးနဲ့။ မင်း မေးရင် ဆောက်လုပ်ရေး လုပ်သားတွေ လမ်းမှာ ရောက်နေပြီလို့ ဆိုလိုတယ်။"

"ငါ မင်းတို့ကို အသေးစိတ် ရှင်းပြမှာ မဟုတ်ဘူး။ မင်းတို့ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းလုပ်ဖို့ပဲ လိုတယ်။"

ရှားလော့ခ်သည် ရင်းနှီးဖော်ရွေသည့် အနေဖြင့် သူ၏ ဦးထုပ်ကို ချွတ်လိုက်ပြီး "အနာဂတ်မှာ ငါ မင်းတို့နဲ့ အပြန်အလှန် ဆက်သွယ်နိုင်မှာ မဟုတ်တော့ဘူး။ မြို့စားကတော် ဗစ်တိုးရီးယားက ဗစ်တိုးရီးယားမြို့ကို စီမံခန့်ခွဲလိမ့်မယ်။ မင်းတို့ သူမနဲ့ ကောင်းကောင်း အလုပ်လုပ်နိုင် ကြလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။"ဟု ဆိုလိုက်သည်။

ရှားလော့ခ်သည် အစိမ်းရောင် အသားအရေ ရှိသော ကလေးငယ်ကို လှမ်းခေါ်လိုက်သည်။ ထို့နောက် သူက သူတို့အား "မနက်ဖြန်မှာ မြို့သားတစ်သုတ် ရောက်လာလိမ့်မယ်။ ကျေးဇူးပြုပြီး စာချုပ်ပါ လိုအပ်ချက်အတိုင်း အလုပ်လုပ်ကြပါ။ နှုတ်ဆက်ပါတယ်။"ဟု ဆိုလိုက်သည်။

"နေဦး၊ ဘာစာချုပ် လိုအပ်ချက်လဲ။"

လန်ဆလော့သည် အံ့အားသင့်သွားသည်။ သူသည် သူ၏ စာချုပ်ကို ထုတ်ယူလိုက်စဉ် လူပု ဟေးလ်က "မင်း စာချုပ်ကို မဖတ်ဘူးလား။"ဟု မေးလိုက်သည်။

"ခပ်မြန်မြန် ေး ဖတ်လိုက်ရုံနဲ့ မလုံလောက်ဘူးလား။" လန်ဆလော့သည် ထိတ်လန့်နေခဲ့သည်။ စာချုပ်မှာ ချည်နှောင်မှု ရှိကြောင်း သူ သိသော်လည်း ထူထဲသော စာသားများကို မြင်သောအခါ သူ အသေးစိတ် မဖတ်မိခဲ့ပေ။

လန်ဆလော့သည် စာချုပ်ကို သက်ဆိုင်ရာ စာမျက်နှာများသို့ လှန်လိုက်ပြီး စတင်ဖတ်ရှုလိုက်သည်-

၁: ဗစ်တိုးရီးယား မြို့သားများသည် စကားအပြောအဆို ကြမ်းတမ်းနိုင်သည်။ သူတို့ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ပါက ကျေးဇူးပြု၍ အရေးမစိုက်ပါနှင့်၊ အဘယ်ကြောင့်ဆိုသော် သူတို့ ပြောင်းလဲသွားမည် မဟုတ်သောကြောင့် ဖြစ်သည်။

၂: ဗစ်တိုးရီးယား မြို့သားများသည် သင့်ကို ထိခိုက်စေမည် မဟုတ်ပါ။ သူတို့သည် အန္တရာယ် မရှိသောကြောင့် သူတို့ အပေါ် သင်၏ လက်နက်များကို အသုံးမပြုပါနှင့်။

၃: အစားအစာထက် သူတို့ ရွှံ့စေးကို ပိုနှစ်သက်နိုင်သည်။ အံ့ဩမနေပါနှင့်၊ သူတို့သည် ရွှံ့စေးစားသော ယဉ်ကျေးမှုမှ လာခဲ့ကြသူများ ဖြစ်သည်။ တဖြည်းဖြည်း သူတို့ ပုံမှန် အစားအစာများကို စားသုံးလာလိမ့်မည်။ အနည်းနှင့် အများပေါ့။

၄: ငါ သင့်တော်သော စားဖိုမှူး တစ်ဦးကို မခန့်အပ် ရသေးပါ။ ကျေးဇူးပြု၍ သင်၏ အစားအစာများကို ကိုယ်တိုင်စီစဉ်ပါ။ ဗစ်တိုးရီးယားမြို့သားများ အတွက် စိတ်မပူပါနှင့်၊ သူတို့ ကိုယ်တိုင် သူတို့၏ အစားအစာများကို စီစဉ်ပါလိမ့်မည်။

၅: အကယ်၍ မြို့သားတစ်ဦး မြေပြင်ပေါ်တွင် သေဆုံး လဲကျသွားပါက၊ ၎င်းသည် ဆာလောင်မှု၊ ပင်ပန်းနွမ်းနယ်မှု သို့မဟုတ် သွေးထွက်လွန်မှုကြောင့် ဖြစ်နိုင်သည်။ ကျေးဇူးပြု၍ သူတို့၏ အလောင်းကို မရွှေ့ပြောင်းပါနှင့် သို့မဟုတ် မြှုပ်နှံခြင်း မပြုပါနှင့်။

၆: သူတို့နှင့် အပြန်အလှန် ဆက်သွယ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ သူတို့ ပြောဆိုသည်များကို သင် နားလည်နိုင်မည် မဟုတ်ပါ။

၇: ဘီလီသည် ကုသရေးကို တာဝန်ယူသည်။ သူ့ကို မယုံသင်္ကာ မဖြစ်ပါနှင့်။ သူသည် အကောင်းဆုံး ကုသရေး မဟာမှော်အရှင် ဖြစ်သည်။ သင် ထိခိုက်ဒဏ်ရာ ရရှိပါက ဗစ်တိုးရီးယား မြို့သားများထံ အကူအညီ မတောင်းပါနှင့်၊ အဘယ်ကြောင့်ဆိုသော် သူတို့ သင်၏ အခြေအနေကို ပိုဆိုးစေနိုင်သောကြောင့် ဖြစ်သည်။ ဘီလီကို တိုက်ရိုက်ရှာပါ။ ခေါင်းပြောင် မဟာမှော်အရှင်မှာ ဘီလီ ဖြစ်သည်။

လန်ဆလော့သည် ခေါင်းမော့ကာ ခေါင်းပြောင် မဟာမှော်အရှင်ကို လှမ်းကြည့်လိုက်သည်။ သူသည် လေ့ကျင့်ခန်း စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားပြီး လန်ဆလော့အား ရင်းနှီး ဖော်ရွေစွာ ပြုံးပြနေခဲ့သည်။

သူ၏ အလုပ်နှင့် မှတ်သားရန် အချက်များနှင့် ပတ်သက်၍ နောက်ထပ်များစွာ ကျန်ရှိ နေသေးသည်။

လန်ဆလော့သည် ရောက်ရှိလာမည့် မြို့သားများ အကြောင်း သိချင်နေခဲ့သည်။ ဤလူများ ဘာတွေ ကြံစည်နေကြပါလိမ့်။

...

ထာဝရတိုင်းပြည် ဒန်ဂျင်ထဲတွင်...

"တတိယဘီတာ စမ်းသပ်မှု အဆင့်မြှင့်တင်ဖို့ ဂိမ်းပိတ်သိမ်းဖို့ ဆယ်မိနစ်ပဲ ကျန်တော့တယ်။ ကိုယ့်ပစ္စည်းတွေ ချထားပြီး အော့ဖ်လိုင်း ဖြစ်ကြတော့။" ကြင်နာတတ်သော ဂိမ်းမာတစ်ဦးက ဒန်ဂျင်အရှင် ခန်းမဆောင် အပြင်ဘက်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဂိမ်းမာများမှာ ယခင်က မကောင်းသော အတွေ့အကြုံများ ရှိခဲ့ကြသည်။ ဤတစ်ကြိမ်တွင် သူတို့ ဂိမ်းပိတ်သိမ်းတော့မည် ဆိုပါက လျှောက်မပြေးတော့ပေ။ သူတို့သည် မိမိတို့၏ ပစ္စည်းများကို ချထားပြီးမှ အော့ဖ်လိုင်း ဖြစ်ကြသည်။

အကယ်၍ သူတို့၏ ပစ္စည်းကိရိယာများ ဆုံးရှုံးသွားရပါက တန်ဖိုးရှိမည် မဟုတ်ပေ။

အာသာသည် သူ၏ အဖော်များ နှင့်အတူ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ ခန်းမဆောင်သို့ လိုက်ပါ သွားခဲ့သည်။ ဗစ်တိုးရီးယား ဂိုဏ်းခွဲကို အသစ်ဖွင့်လှစ် လိုက်သော်လည်း အလေးအနက် စဉ်းစားပြီးနောက် သူတို့ ဂိုဏ်းခွဲ မပြောင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ မြေအောက်လောကသည် စိတ်ဝင်စားစရာ ကောင်းပြီး သူတို့ အနာဂတ်တွင် မြေပေါ်လောက ဂိုဏ်းခွဲကို တွေ့ကြုံခံစားနိုင်မည် ဖြစ်သည်။

သူတို့ ဂိမ်းအကြောင်း သိရှိထားသည်များအရ အရေးကြီးဆုံး အချက်မှာ မြေပေါ်လောကရှိ မြို့တော်မှာ အခုမှ စတင်ခြင်း ဖြစ်သောကြောင့် ဗစ်တိုးရီးယား ဂိမ်းမာများသည် သူတို့၏ အသက်ရှင် ရပ်တည်ရေး အတွက် အပြင်းအထန် ကြိုးစားရပေဦးမည်။

All Chapters