← Chapters

တတိယဘီတာ စမ်းသပ်မှု စတင်ခြင်း။

Vol. 21 Ch. 309

တတိယဘီတာ စမ်းသပ်မှု စတင်ခြင်း။

Vol. 21 Ch. 309

[ဆာဗာများသည် စက္ကန့် ၃၀အတွင်း ပိတ်သိမ်းပါမည်။ ပစ္စည်းများ ဆုံးရှုံးမှုမှ ကာကွယ်ရန်၊ အွန်လိုင်း ဖြစ်နေသော ဂိမ်းမာအားလုံး ချက်ချင်း အော့ဖ်လိုင်း ဖြစ်ကြပါ။]

နောက်ဆုံး ဝန်ဆောင်မှု အပြည့် ကြေညာချက် ထုတ်ပြန်လိုက်သော အခါ ဂိမ်းမာအားလုံး အော့ဖ်လိုင်း ဖြစ်သွားကြပြီ ဖြစ်သည်။

ဖိုးဉာဏ်ကျယ်သည် တိတ်ဆိတ်နေသော ထာဝရတိုင်းပြည်ကို ကြည့်ရင်း သူ၏ မှတ်တမ်းစာအုပ်တွင် ရေးမှတ်လိုက်သည်။

ဆင်းဘ၊ မုဖာဆာနှင့် မိုရိုးစ်တို့သည် အလုပ်ရပ်နား လိုက်ကြသည်။ သူတို့သည် ဆင်းဘ၏ အိမ်တွင် စကားစမြည် ပြောခြင်း၊ လက်ဖက်ရည် သောက်ခြင်းနှင့် သတ္တုချောင်းများ ရှိုက်ဖွာခြင်းတို့ ပြုလုပ် နေကြသည်။

သားရဲကောင်နှင့် ယိုဒါတို့မှာ တစ်ချိန်က ကုန်သည်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်ခဲ့သောကြောင့် ပိုမိုရင်းနှီး နေကြသည်။

ဆောင်းတောင်ကုန်းမြို့၏ အဖြစ်အပျက်များ အပြီး ရှားလော့ခ်၏ အကူအညီနှင့် ကူညီပံ့ပိုးမှု များကြောင့် ဆောင်းတောင်ကုန်းမြို့သည် အိဗလင်း၏ ဖမ်းဝရမ်းကို ပြန်ပယ်ဖျက် ပေးခဲ့သည်။

ရှားလော့ခ်က သူမအား အလုပ်အသစ် ရှာဖွေပြီး ဘဝသစ် စတင်ရန် အားပေးခဲ့သော်လည်း တိုးတက်မှု မရှိခဲ့ပေ။ အိဗလင်းက "အလုပ်ရှာရတာ မလွယ်ဘူး။ အားနာပေမဲ့ အရှင့်ကို ရက်အနည်းငယ်လောက် အားကိုးချင်ပါတယ်။ အရှင်ရှားလော့ခ် အတွက် ကျွန်မ ကြိုးစား လုပ်ဆောင်ပါ့မယ်။"ဟု ပြောခဲ့သည်။

ရှားလော့ခ်သည် သူမ၏ တောင်းဆိုချက်ကို ငြင်းပယ်မည် မဟုတ်ပေ။

အမှန်တကယ် အခြေအနေမှာ အကြောင်း အမျိုးမျိုးကြောင့် အိဗလင်းသည် အလုပ်များကို အလေးအနက် မထားဘဲ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကိုယ်ရေးရာဇဝင် များကို ပေးပို့ပြီး အောင်မြင်ခဲ့လျှင်ပင် အကြောင်းအမျိုးမျိုး ပြကာ ပြန်ငြင်းပယ် ခဲ့သည်။ ရှားလော့ခ်သည် သူမအား အားပေးရုံသာ တတ်နိုင်ခဲ့သည်။ သူ ဘာများ ထပ်ပြောနိုင်ဦးမည်နည်း။ ပြုံးနေခြင်းသာ အကောင်းဆုံး ဖြစ်ပေသည်။

ဂိမ်းမာ အားလုံး အော့ဖ်လိုင်း ဖြစ်နေကြသည်။ အလုပ်များနေခဲ့သော အိဗလင်းသည်လည်း အနားယူနိုင်ခဲ့သည်။ သူမသည် ဆောင်းတောင်ကုန်းမြို့တွင် ဈေးဝယ်ထွက်ခြင်းနှင့် လည်ပတ်ခြင်းတို့ ပြုလုပ်နေခဲ့သည်။

အစေခံ အများအပြား ခေါ်ယူမည် ဟူသော သတင်းကို သူတို့ထံ ထုတ်ပြန်ထားပြီး ဖြစ်သောကြောင့် လူတိုင်း မိမိတို့၏ အားလပ်ချိန်ကို ပျော်ရွှင်စွာ ကုန်ဆုံး နေကြသည်။ သူတို့သည် မကြာမီ ဂိမ်းမာဦးရေ ငါးဆနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

"အရှင်ရှားလော့ခ်၊ ပြင်ဆင်မှု အားလုံး ပြီးဆုံးပါပြီ။ ဆာဗာများကို အင်တာနက်မှ ဖြတ်တောက်ထား ပြီးပါပြီ။ ဂိမ်းမာအားလုံး ဒန်ဂျင်သို့ ပြန်ရောက်နေကြပါပြီ။ ဘယ်သူမျှ ဂိုဏ်းခွဲပြောင်းလဲဖို့ တောင်းဆိုခြင်း မရှိပါဘူး။ ဒါက အရှင့်ရဲ့ ဒန်ဂျင်စီမံခန့်ခွဲမှု အောင်မြင်ကြောင်း သက်သေပြနေပါတယ်။ သူတို့က အရှင့်ရဲ့ စီမံခန့်ခွဲမှု ပုံစံကို ကြိုဆိုကြပါတယ်။"

ဘရုသည် ရှားလော့ခ်အား မြှောက်ပင့် ပြောဆိုကာ သူ၏ မာနကို စုစည်းနေစေခဲ့သည်။

"ဆာဗာတွေက အစီအစဉ်အတိုင်း တစ်နာရီအတွင်း ပြန်လည် စတင်ပါလိမ့်မယ်။ ဂိမ်းမာတွေကို သူတို့ရဲ့ ဂိုဏ်းခွဲတွေဆီ ခွဲဝေ ချထားလိုက်ပါ။"

ဘရုက ချက်ချင်း ဆိုသလို ဆိုလိုက်သည်။ "စိတ်မပူပါနဲ့ အရှင်ရှားလော့ခ်၊ ကျွန်တော် အစီအစဉ် အားလုံးကို စီစဉ်ပြီးပါပြီ။ လေဒီလီလိုလည်း သူ့ရဲ့ ပြင်ဆင်မှုတွေကို ပြီးဆုံးသွားပါပြီ၊ ပြီးတော့ ကျွန်တော်တို့ မာနာနဲ့ ချိတ်ဆက် ထားပြီးသားပါ။ မြေပေါ်လောကမှာ ရှိတဲ့ မာနာအသုံးပြုမှု အားလုံး အတွက် လေဒီလီလိုရဲ့ မာနာကို ကျွန်တော် အသုံးပြုသွားမှာပါ။"

ရှားလော့ခ်သည် ခေါင်းညိတ်ကာ ဂိမ်းမာများ၏ မေးမြန်းချက်များကို ကြည့်ရှုနေခဲ့သည်။

...

တောက်ပပြီး ကျယ်ဝန်းသော အခန်း တစ်ခုတွင် ပရိဘောဂများမှာ နန်းတော် တစ်ခုကဲ့သို့ ခမ်းနား ထည်ဝါစွာ တန်ဆာဆင် ထားသည်။

ခုနစ်မီတာမှ ရှစ်မီတာ မြင့်သော စက်ဝိုင်းပုံ တိုင်လုံးလေးတိုင်မှာ အခန်း၏ အထောက်အကန် တိုင်များ ဖြစ်ကြသည်။

အခန်း၏ အလယ်တွင် ဂိမ်းလှဲလျောင်း ထိန်းချုပ်ခန်းစက် တစ်ခု ထားရှိထားပြီး အစေခံနှစ်တန်းမှာ ဘေးတွင် ရပ်နေကြသည်။

ဂိမ်းလှဲလျောင်း ထိန်းချုပ်ခန်းစက်သည် အစိမ်းရောင် အလင်းတန်းများဖြင့် လင်းလက်လာပြီးနောက် တံခါးသည် တဖြည်းဖြည်း ပွင့်လာခဲ့သည်။ လျှို့ဝှက် ဆန်းကြယ်သော အရည်အနည်းငယ်သည် လှဲလျောင်း ထိန်းချုပ်ခန်းစက်မှ စိမ့်ထွက်လာသော်လည်း အများစုမှာ စက်ထဲသို့ ပြန်လည် စီးဝင်သွားခဲ့သည်။

၁.၈ မီတာမြင့်သော ငယ်ရွယ် ချောမောသည့် လူငယ်တစ်ဦး ထွက်လာခဲ့သည်။ သူ၌ ထင်ရှားသော ကြွက်သားများ ရှိပြီး တင်းကျပ်သော တီရှပ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားသည်။ သူ၏ နောက်မှ အမျိုးသမီး အစေခံများသည် တောက်ပသော မျက်လုံးများဖြင့် ကြည့်ရှု နေကြသည်။

အစေခံနှစ်ဦး ရှေ့သို့ ထွက်လာပြီး သူ၏ အင်္ကျီနှင့် ဘောင်းဘီကို ချွတ်ပေးရန် ကူညီခဲ့ကြသည်။ ထို့နောက် အစေခံတစ်ဦးက သဘက်တစ်ထည်ယူကာ သူ့ကို သန့်စင်အောင် သုတ်ပေးပြီးနောက် အဝတ်အစား အသစ်တစ်စုံ လဲလှယ် ဝတ်ဆင်ပေးခဲ့သည်။

လူငယ်လေးသည် ကြီးမားသော အခန်းမှ ထွက်လာခဲ့ရာ ခေါင်းပြောင် အိမ်တော်ထိန်းတစ်ဦး သူ့ကို စောင့်ဆိုင်းနေပြီး ဖြစ်သည်။ သူ့ကို မြင်သောအခါ သူသည် လူငယ်လေးထံသို့ လျှောက်သွားပြီး "သခင်လေး မာ၊ ဒါက သခင်လေးရဲ့ မျက်နှာစုံညီပွဲ အတွက် ချိန်းဆိုထားတဲ့ သူပါပဲ။ အချိန်က ညနေ ၆ နာရီ..."ဟု ဆိုလိုက်သည်။

"ငါ မသွားဘူး။ မိနစ်လေးဆယ်အတွင်း ငါ့ကို ပြန်သတိပေးပါ။ ဂိမ်းက တစ်နာရီကြာ ပြုပြင်ထိန်းသိမ်းမှု လုပ်နေတယ်။ ဆာဗာ ပြည့်နေလို့ ဝင်ခွင့်မရတာမျိုး ငါ မဖြစ်ချင်ဘူး။" လူငယ်လေးက မဆိုင်းမတွ ဖြတ်ဆိုလိုက်သည်။

"ဒါပေမဲ့ သခင်လေး၊ ဒီချိန်းဆိုမှုက သခင်လေးအဖေရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်ရဲ့ တူတော်စပ်သူပါ။ သခင်လေး ငြင်းပယ်လိုက်ရင်..."

လူငယ်လေးသည် ခဏမျှ စဉ်းစားပြီးနောက် "ဒါဆိုလည်း ငါနဲ့ ကိုယ်လုံးကိုယ်ပေါက် ဆင်တူပြီး ငါနဲ့ ရုပ်ချင်းလည်း ဆင်တဲ့ သူနဲ့ ချိန်းဆိုမှု တစ်ခု စီစဉ်ပေးလိုက်ပါ။ အရင်တစ်ယောက်က တော်တော်လေး ကောင်းတယ်။ ညပိုင်း နောက်ကျမှ နေရာတစ်ခုမှာ စီစဉ်လိုက်။ ကျန်တာကတော့ မင်း သဘောပဲ။"ဟု ဆိုလိုက်သည်။

"နားလည်ပါပြီ သခင်လေး။"

အိမ်တော်ထိန်းသည် သူ၏ သခင်လေး၏ ခိုင်မာသော သဘောထားကို မြင်တွေ့ရသောကြောင့် တိတ်ဆိတ်စွာ နေလိုက်သည်။ သူ ဦးညွှတ်ကာ ဘေးသို့ လျှောက်သွားခဲ့သည်။

အခြား လူလတ်ပိုင်းအရွယ် လူတစ်ဦး တက်လာပြီး လူငယ်လေး၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။ လူငယ်လေးသည် ခေါင်းညိတ်ကာ ထိုသူနှင့် အတူ အိမ်တွင်းကား အပေါ်သို့ တက်သွားခဲ့သည်။ သူတို့ ကားဖြင့် ထွက်ခွာ သွားကြသည်။ အမျိုးသမီး အစေခံများနှင့် ခေါင်းပြောင် အိမ်တော်ထိန်းသည် သူတို့၏ သခင်လေး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ဦးညွှတ် နေခဲ့ကြသည်။

လူငယ်လေးနှင့် လူလတ်ပိုင်းအရွယ် လူသည် အိမ်တွင်းကားကို မိနစ်အနည်းငယ်မျှ မောင်းနှင်ပြီးနောက် အပြင်ဘက် မြင်ကွင်း ရှိသော ဖန်သားအခန်း တစ်ခုသို့ ရောက်ရှိခဲ့ကြသည်။ အပြင်ဘက်တွင် အထူးစုံစမ်း ထောက်လှမ်းရေးသမားများ ကဲ့သို့ ဝတ်စားထားပြီး နားကြပ် တပ်ဆင်ထားသော ဗလတောင့်တောင့် လူဖြူအမျိုးသား နှစ်ဦး ရပ်နေကြသည်။ သူတို့သည် လူငယ်လေးအား ဦးညွှတ်ကြပြီး လူဖြူအမျိုးသား တစ်ဦးက သူ၏ မျက်လုံးကို တံခါးဘေးတွင် ထားရှိသော မျက်လုံးသူငယ်အိမ် စစ်ဆေးသည့် စက်တွင် နေရာချ လိုက်သည်။

သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုပြီးနောက် ကြီးမားသော အခန်း၏ တံခါး ပွင့်လာခဲ့သည်။

လူငယ်လေးသည် လူလတ်ပိုင်းအရွယ် လူနောက်သို့ လိုက်၍ ဖန်သားအခန်းထဲသို့ ဝင်ရောက် သွားခဲ့သည်။

ဖန်သားပြတင်းပေါက် အပြင်ဘက်တွင် အပြာရောင် ပင်လယ်ပြင်၏ သာယာလှပသော မြင်ကွင်း ရှိနေခဲ့သည်။ ပင်လယ်ပျော် ငှက်များနှင့် အဆုံးတွင် မီးပြတိုက် တစ်ခု ရှိနေခဲ့သည်။ ပင်လယ်နှင့် ကောင်းကင်တို့ ပေါင်းစပ်ကာ လှပသော ရုပ်ပုံလွှာ တစ်ခုကို ဖန်တီးနေခဲ့သည်။

လူငယ်လေးသည် တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ သူ ထိုင်ရန်နေရာ တစ်ခု ရှာဖွေပြီး လူလတ်ပိုင်းအရွယ် လူထံမှ စာရွက်စာတမ်းထုပ် တစ်ခုကို လက်ခံ ရယူလိုက်သည်။ သူ ထိုစာထုပ်ကို ဖွင့်ကာ အတွင်းမှ အကြောင်းအရာများကို စစ်ဆေး ကြည့်ရှုခဲ့သည်။

"ကျွန်တော်တို့ အချိန်အတန်ကြာ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ဒီ 'ဒန်ဂျင်' ဂိမ်းမှာ ဝန်ထမ်း တစ်ယောက်တောင်မှ မရှိပါဘူး။ ဂိမ်းလှဲလျောင်း ထိန်းချုပ်ခန်းစက်တွေ ထုတ်လုပ်တဲ့ စက်ရုံတောင် ရှာမတွေ့ပါဘူး။ ဖြစ်နိုင်ခြေ ရှိတဲ့ နည်းပညာမြင့် ကုမ္ပဏီ အားလုံးကို ကျွန်တော်တို့ စုံစမ်းစစ်ဆေး ခဲ့ပေမဲ့ ဂိမ်းကုမ္ပဏီက လေထဲကနေ ရုတ်တရက် ပေါ်လာသလိုပါပဲ။ သတင်း အချက်အလက် လုံးဝ မရှိပါဘူး။"

"ငါ နားလည်ပြီ။ အဲဒီကိစ္စက,ကော။"

လူငယ်လေးသည် စာရွက်စာတမ်းထုပ်ကို လူလတ်ပိုင်းအရွယ်လူထံ ပြန်ပေးလိုက်ရာ သူက ခေါင်းညိတ် လိုက်သည်။ သူသည် စာရွက်စာတမ်းထုပ် အသစ် တစ်ခုကို လူငယ်လေးထံ ပေးအပ်လိုက်ပြီး "သခင်လေး စုံစမ်းချင်တဲ့ လူရဲ့ သတင်းအချက်အလက် တွေက ဒီအထုပ်ထဲမှာ ရှိပါတယ်။"ဟု ဆိုလိုက်သည်။

လူငယ်လေးသည် ထိုအထုပ်ကိုဖွင့်ကာ ပထမဆုံး စာရွက်ကို ဆွဲထုတ်လိုက်သည်။ ထိုစာရွက်ပေါ်တွင် ရှက်ကိုးရှက်ကန်း ပြုံးနေသော သာမန်ရုပ်ရည် ရှိသည့် မိန်းကလေးငယ် တစ်ဦး၏ ဓာတ်ပုံ ရှိနေခဲ့သည်။

"သခင်လေးရဲ့ ညွှန်ကြားချက် အတိုင်း သူ့ရဲ့ အွန်လိုင်းသတင်း အချက်အလက်တွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ သူ့ကို လူကိုယ်တိုင် ဆက်သွယ်ခြင်း မပြုခဲ့ပါဘူး။"

လူငယ်လေးသည် ခေါင်းညိတ်ကာ အချိန်ကို ကြည့်လိုက်ပြီးနောက် ထရပ်လိုက်သည်။

"ငါ သွားတော့မယ်။ ဂိမ်းလှဲလျောင်း ထိန်းချုပ်ခန်းစက်ဆီ ပြန်ပြီး ဆွေးနွေးခန်းဖိုရမ်ကို ကြည့်ရှုဖို့ ငါ သွားတော့မယ်။"

All Chapters