← Chapters

အစည်းအရုံးဝင်များ ခေါ်ယူခြင်း (အပိုင်း ၂)

Vol. 21 Ch. 311

အစည်းအရုံးဝင်များ ခေါ်ယူခြင်း (အပိုင်း ၂)

Vol. 21 Ch. 311

ထာဝရတိုင်းပြည်ရှိ ဒန်ဂျင်အရှင် ခန်းမဆောင်၏ ဝင်ပေါက်တွင်၊ ဇာတ်ကောင်များမှာ အစိမ်းရောင် အသားအရေရှိ ဂိုဘလင်များ ဖြစ်ကြသော တတိယဘီတာ ဂိမ်းမာအုပ်စု တစ်စုသည် ဆိုင်ခန်း တစ်ခု အရှေ့တွင် တန်းစီ နေကြသည်။

တတိယဘီတာ ဂိမ်းမာများသည် သူတို့၏ နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ်မစ်ရှင်များကို လက်ခံ ရရှိထားပြီး၊ ၎င်းတို့တွင် အဓိကအားဖြင့် သတ္တုရိုင်း တူးဖော်ခြင်း၊ ထာဝရတိုင်းပြည်၏ နယ်နိမိတ် ချဲ့ထွင်ခြင်းနှင့် အဆောက်အအုံ အသစ်များ တည်ဆောက်ခြင်းတို့ ပါဝင်သည်။

တတိယဘီတာ ဂိမ်းမာ အများစုသည် သူတို့၏ အချိန် အများစုကို ဆွေးနွေးခန်း ဖိုရမ်တွင် ကြည့်ရှုရင်း ကုန်ဆုံးခဲ့ကြရသည်။ သူတို့ ဂိမ်းကစားခွင့် မရခဲ့ ကြသော်လည်း ကျယ်ပြန့်သော နည်းဗျူဟာ လမ်းညွှန်များကို ဖတ်ရှုပြီးနောက် ဂိမ်းကို စိတ်ဖြင့် ကစားပြီးနှင့်ပြီ ဖြစ်နေကြသည်။

သူတို့ အများစုသည် ထာဝရတိုင်းပြည်၏ မြေပုံကို အလွတ် ကျက်မှတ်နိုင်ကြသည်။ ဒဏ္ဍာရီလာ မြင့်မြတ်သော သူရဲကောင်းကို တွေ့ကြုံခံစားနိုင်ရန် သူတို့သည် နေ့စဉ် ကျူရှင် တက်ကြပြီး သူတို့၏ စွန့်ပစ်ထားသော ကျောင်းစာအုပ်များကို ပြန်လေ့လာခဲ့ ကြသည်။ ဖိုရမ် ကြည့်ရှုခြင်းနှင့် အလုပ်လုပ်ခြင်းတို့ အပြင် သူတို့၏ ကျန်ရှိသော အချိန်များကို စာလေ့လာခြင်းဖြင့် အသုံးပြုခဲ့ကြသည်။ သင်ယူခြင်းသည် ဂိမ်းကို ကျွမ်းကျင် အောင်မြင်ရန် နည်းလမ်း ဖြစ်ခဲ့သည်။

တတိယဘီတာ ဂိမ်းမာများ ဂိမ်းထဲသို့ ဝင်ရောက်လာသည်နှင့် သူတို့သည် ဦးတည်ရာ မဲ့နေသော ယင်ကောင်များ ကဲ့သို့ လျှောက်မသွား ခဲ့ကြပေ။ သူတို့ ဘာလိုချင်သည်ကို ရှင်းလင်းစွာ သိရှိထားကြသည်။

အဖွဲ့အစည်း မရှိသော ဂိမ်းမာများသည် သူတို့ အတွက် သင့်တော်သည်ဟု ထင်ရသော ရှိပြီးသား အစည်းအရုံးများသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

တစ်ကိုယ်တော်သမား ဆန်သော ဂိမ်းမာအချို့မှာ တစ်ကိုယ်တော် လှုပ်ရှားသူများအဖြစ်သာ နေထိုင်လိုကြပြီး မည်သည့် အစည်းအရုံးသို့မျှ မဝင်ရောက်ခဲ့ကြပေ။

ထို့နောက် ရည်မှန်းချက် ကြီးသော ဂိမ်းမာများလည်း ရှိနေခဲ့သည်။ သူတို့သည် နာမည်ကြီး လိုကြပြီး အစည်းအရုံး ဥက္ကဋ္ဌတစ်ဦး ဖြစ်လိုကြသည်။

ဒန်ဂျင်အရှင် ခန်းမဆောင်၏ ဝင်ပေါက်တွင် စုဝေး နေကြပြီး အစည်းအရုံး ဆိုင်ခန်းများကို ကြည့်ရှုနေသော ဂိမ်းမာများသည် အစည်းအရုံး တစ်ခုသို့ ဝင်ရောက်ရန် ရည်ရွယ်ချက် ရှိကြသည်။

လအနည်းငယ်ကြာ စမ်းသပ်ပြီးနောက် ပထမ ဘီတာဂိမ်းမာများသည် "ဒန်ဂျင်"မှာ အဖွဲ့လိုက်ဂိမ်း တစ်ခု ဖြစ်ကြောင်း သက်သေပြ ခဲ့ကြသည်။ ကန့်သတ်ဒန်ဂျင်နယ်မြေ တစ်ခုကို စိန်ခေါ်ခြင်း၊ တိုက်ပွဲစစ်ဆင်ရေး ဇာတ်လမ်းတွင် တိုက်ခိုက်ခြင်း၊ စူးစမ်းရှာဖွေခြင်း ၊ အိမ်များ တည်ဆောက်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် နေ့စဉ်နှင့် အပတ်စဉ် မစ်ရှင်များ ပြီးမြောက် အောင်မြင်ခြင်းတို့ ဖြစ်စေ၊ ဂိမ်းမာများသည် တစ်ဦးနှင့်တစ်ဦး အကူအညီပေးရန် သူငယ်ချင်းများ လိုအပ်ခဲ့သည်။ ဤဂိမ်းတွင် လူမှု ဆက်ဆံရေးမှာ အလွန် အရေးကြီးသည်။ ၎င်းသည် တကယ့်ကမ္ဘာနှင့်ပင် တူနေခဲ့သည်။

ဂရပ်ဖစ် အရည်အသွေး၊ ပစ္စည်းများ၏ အသွင်အပြင်နှင့် ခံစားမှုနှင့် အမ်ပီစီများ၏ အပြုအမူတို့မှာ နာကျင်မှု ခံနိုင်ရည် ချိန်ညှိနိုင်မှုမှ လွဲ၍ လက်တွေ့နှင့် ထပ်တူနီးပါး ဖြစ်နေခဲ့သည်။

အရှည်ဆုံး တန်းစီတန်းမှာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ ဆိုင်ခန်းတွင် ဖြစ်သည်။ ဤအစည်းအရုံးကို ဒုတိယ ဘီတာစမ်းသပ်မှုတွင် စတည်ထောင်ခဲ့သည်။ ယခုအခါ အစည်းအရုံးသည် တတိယဘီတာ စမ်းသပ်မှုတွင် ရည်မှန်းချက် ကြီးမားသော အဖွဲ့ဝင် ၅၀၀ကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင် အကြီးဆုံး အစည်းအရုံး၌ အဖွဲ့ဝင် ၅၀၀သာ ရှိသည်။ အဖွဲ့ဝင် ၅၀၀ ခေါ်ယူပြီးနောက် အစည်းအရုံး မြေနေရာကို ချဲ့ထွင် ရမည် ဖြစ်ပြီး၊ ၎င်း အတွက် မှော်ကျောက်တုံးများနှင့် ဂိမ်းဒင်္ဂါးများ လိုအပ်သည်။ ထို့အပြင် လစဉ် စီမံခန့်ခွဲမှု နှင့် ငှားရမ်းခလည်း ရှိသေးသည်။ ၎င်းမှာလည်း မှော်ကျောက်တုံးများနှင့် ဂိမ်းဒင်္ဂါးများ အတော်အတန် ကုန်ကျမည့် ပမာဏဖြစ်၏။

ဒရဂွန်ရာဂျာနှင့် အသား၊အရွက်နဲ့ ဆန်မဟာမိတ်တို့ပင် ဤသို့သော ရည်မှန်းချက် ကြီးမားသည့် အစီအစဉ်များ မရှိခဲ့ကြချေ။ သူတို့သည် အဖွဲ့ဝင် ၃၀၀မှ ၄၀၀ အထိသာ ခေါ်ယူရန် စီစဉ်ထားကြသည်။ နောက်ထပ် အဖွဲ့ဝင် ၅၀၀ ခေါ်ယူခြင်းသည် ငှားရမ်းခကို ကြီးမားစွာ တိုးမြင့်စေမည် ဖြစ်သည်။

ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ အတွက်မူ ၎င်းမှာ ပြဿနာ ကြီးကြီးမားမား မဟုတ်ခဲ့ပေ။ ချမ်းသာသော ဂိမ်းမာအားလုံး ဤအစည်းအရုံးတွင် ရှိနေကြသည်။

"ဝါရင့်။ ဝါရင့်။ အစည်းအရုံးဝင်ရင် အကျိုးအမြတ်တွေ ရှိသလား။"

"ဝါရင့်။ ကျွန်တော် အစည်းအရုံးဝင်ချင်တယ်။"

"ဝါရင့်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖိတ်ခေါ်ပေးပါ။"

"ကျွန်တော်က စိတ်ရင်းမှန်နဲ့ပါ။ ဟိုပေါ့ပေါ့တန်တန် မေးတဲ့ ဈေးပေါတဲ့ ကောင်တွေနဲ့ မတူဘူး။"

ဂိမ်းမာအသစ်များသည် ဂနိုင်သားရှေ့တွင် ရှည်လျားသော တန်းစီတန်းကြီး ဖွဲ့စည်း ထားကြသည်။ အစည်းအရုံးသို့ ဝင်ရောက်နိုင်ရန် ဂိမ်းမာများသည် သူတို့၏ အရည်အချင်းများကို အပြင်းအထန် စစ်ဆေးနေသော ဝါရင့်များကို ဖျောင်းဖျရန် ကြိုးစား နေကြသည်။

ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ ဘေးချင်းကပ်လျက် ဆိုင်ခန်း တစ်ခုတွင် အိမ်ဖော်ဝတ်စုံများနှင့် တပ်ဇီဒို ဝတ်စုံများ ဝတ်ဆင်ထားသော ဂနိုမ်းအနည်းငယ်သည် လက်ချင်းချိတ်ကာ ကခုန် နေကြသည်။ သူတို့၏ အမည်များတွင် "ဖော်ရွေသော လီလို မဟာမိတ်အဖွဲ့" ဟူသော အစည်းအရုံး ဘွဲ့တံဆိပ် ပါရှိသည်။ အစည်းအရုံး အမည်နှင့် သူတို့၏ အဆင့်နိမ့်ပုံ ပေါက်သော ပစ္စည်းကိရိယာများကြောင့် ဖြစ်နိုင်သည်၊ ဆိုင်ခန်းတွင် မေးမြန်း စုံစမ်းသော ဂိမ်းမာအသစ် အရေအတွက်မှာ မပြောပလောက်အောင် နည်းပါးနေခဲ့သည်။

၎င်းမှာ သူတို့၏ စိတ်အားထက်သန်ပြီး လုံ့လဝီရိယ ရှိသော ကခုန်မှုကိုမူ မတားဆီးနိုင်ခဲ့ပေ။

ကခုန်နေမြဲ ကခုန်နေခဲ့သည်။

ဂနိုင်သားသည် သူ၏ အာရုံကို ပြန်လည် စုစည်းလိုက်ပြီး လူသစ်သွေးသစ်များ ခေါ်ယူခြင်းကို အလောတကြီး ဆက်လက် လုပ်ဆောင်နေခဲ့သည်။

...

လူသစ်သွေးသစ်များ ခေါ်ယူခြင်းအပြင် ဂိမ်းမာများစွာသည် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် နေကြသည်။

ကုန်သွယ်ရေး ဧရိယာမှာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက် နေသောကြောင့် ကုန်သွယ်ရေး ဆိုင်ခန်းအားလုံး ကုန်သွယ်ရေး ဧရိယာတွင် စုစည်း နေကြသည်။ သို့သော် ယခုအခါ ဒန်ဂျင်အရှင် ခန်းမဆောင်၏ ဝင်ပေါက်တွင် ပိုမို များပြားသော ဂိမ်းမာများ စုဝေး နေကြသည်။

အစည်းအရုံးငယ် အချို့မှာ အစည်းအရုံးကြီးများ ကဲ့သို့ ကြီးမားသော ငှားရမ်းခကို မတတ်နိုင်ကြပေ။ အစည်းအရုံးငယ်များ အတွက် မှော်ကျောက်တုံး ၁၀မှ ၂၀ အထိ သုံးစွဲရန်မှာ ခက်ခဲသည်၊ အဘယ်ကြောင့်ဆိုသော် ဆောင်းတောင်ကုန်းမြို့တွင် တစ်လ အလုပ်လုပ်ပါကပင် မှော်ကျောက်တုံး ၁၀ တုံးသာ ရရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်နိုင်သူများသည် ကုန်ပစ္စည်းများ ရောင်းချရန် ဤအခွင့်အရေးကို အသုံးချလိုကြသည်။

ဥပမာအားဖြင့်၊ စပရင်းဖီးလ် ပန်းပွင့် သူငယ်တန်းသည် ငွေကြေးလိုအပ်သော ဂန္ထဝင်အစည်းအရုံး တစ်ခု ဖြစ်သည်။

နဂါးမျိုးနွယ်သားသည် 'အမှောင်မြင်းစီးသူရဲ' ပြိုင်ပွဲ၏ ဒုတိယ ဆုရှင် ဖြစ်ပြီး အာသာပြီးလျှင် ဒုတိယ နေရာတွင် ရှိနေသော်လည်း နဂါးမျိုးနွယ်သားမှာ မချမ်းသာခဲ့ပေ။ သူ၏ လက်ရှိ ဂိမ်းတွင်း ရင်းနှီးမြှုပ်နှံမှု အရ သူ မချမ်းသာခဲ့ချေ။

နဂါးမျိုးနွယ်သားသည် ကြေးဒင်္ဂါးများနှင့် မှော်ကျောက်တုံးများ ဝယ်ယူရန် ရန်မင်ဘီ ယွမ် ရာဂဏန်း အနည်းငယ်သာ သုံးစွဲခဲ့သည်။ မှော်ကျောက်တုံးများနှင့် ကြေးဒင်္ဂါးများ ရရှိရန် အလုပ်လုပ်ခြင်း အပေါ် မှီခို နေရခြင်းမှာ အလွန် နှေးကွေးလွန်းသည်။

ဤပမာဏမှာ အစည်းအရုံးဝင်များ၏ အမြင်တွင် မပြောပလောက်သော ပမာဏဟု သတ်မှတ် ခံရသည်။

အခြား အစည်းအရုံးဝင်များမှာလည်း မချမ်းသာကြပေ။ မှော်ကျောက်တုံး ၂၀ စုဆောင်းပြီးနောက် သူတို့သည် ၁၀ စတုရန်းမီတာ ကျယ်ဝန်းသော ဆိုင်ခန်း တစ်ခုကို ငှားရမ်းခဲ့ကြသည်။ သူတို့၏ ကုန်ကျစရိတ်များကို ပြန်လည် ရရှိလိုသောကြောင့် လူသစ်ခေါ်ယူရေး ဆိုင်ခန်းတွင် ကုန်ပစ္စည်းအချို့ကိုလည်း တပါတည်း ရောင်းချခဲ့ကြသည်။

"ဓားမြောင် ရောင်းတယ်၊ ဓားမြောင် ရောင်းတယ်ဟေ့။ ဆောင်းတောင်ကုန်းမြို့ရဲ့ အကောင်းဆုံး ဓားမြောင်ပဲ။"

လှံထိုးခံရသူသည် ကြီးမားသော ကြော်ငြာ တစ်ခုကို ကိုင်ဆောင်ကာ ကျယ်လောင်စွာ အော်ဟစ် နေသော်လည်း သူ၏ အထူးပြင်ဆင်ထားသော အရောင်းစကားဝိုင်းမှာ ကောင်းမွန်သော မှတ်ချက်များ မရရှိခဲ့ပေ။ ထိုဂိမ်းမာအသစ်များသည် သူ၏ ကုန်ပစ္စည်းများကို စိတ်ဝင်စားခြင်း မရှိကြချေ။

"သူတို့ ဘာလို့ ငါ့ ဓားမြောင်တွေကို စိတ်မဝင်စားကြတာလဲ။" စိတ်ဓာတ်ကျနေသော လှံထိုးခံရသူသည် ခေါင်းလှည့်ကာ ဖျံခေါင်းလင်ချောင်းကို မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ သူတို့ မင်းကို အကြမ်းပတမ်းနိုင်တယ်လို့ ခံစားရလို့ပဲ။ ဟမ်။ ဘာရယ်။ ငွေဒင်္ဂါးတွေ ရောင်းနေတာလား။ ဟုတ်တယ်။ ကျွန်တော် ငွေဒင်္ဂါးတွေ ရောင်းနေပါတယ်။ တစ်ဒင်္ဂါးကို ရန်မင်ဘီ ယွမ် ၅၀၀ပါ။ ဒါက ဒန်ဂျင် တစ်ခုလုံးမှာ အသက်သာဆုံးဈေးပဲ။"

ဖျံခေါင်းလင်ချောင်းသည် အဝတ်ဗလာ တတိယဘီတာ ဂိုဘလင်တစ်ဦးထံ ငွေဒင်္ဂါးနှစ်ပြား ရောင်းချခဲ့သည်။ သူ ဘာကြောင့် ဖျံခေါင်းလင်ချောင်းထံ ငွေဒင်္ဂါးများ လာဝယ်သည်ကိုမူ မည်သူမျှ မသိခဲ့ပေ။

All Chapters