ဗစ်တိုးရီးယားမြို့သားများ
Vol. 21 Ch. 315
လန်ဆလော့သည် မြို့စားကတော် လီလို မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိရန် ကြိုးစားနေစဉ် သူသည် ကိုယ်တစ်ပိုင်းဗလာကျင်း ဂိမ်းမာများ၏ ဝန်းရံခြင်း ခံနေရပြီး စူးစိုက် ကြည့်ရှုခြင်း ခံနေရသည်ကို တွေ့ရှိလိုက် ရသည်။ ဂိမ်းမာများသည် လန်ဆလော့မှာ "အမ်ပီစီ" တစ်ဦး ဖြစ်ကြောင်း သတိပြုမိခဲ့ကြသည်။
လန်ဆလော့သည် ချပ်ဝတ် ဝတ်ဆင်ထားပြီး သူ၏ ခေါင်းပေါ်တွင် အစိမ်းရောင် စာလုံးများ မရှိသည့် အပြင် သာမန်ရုပ်ရည်သာ ရှိသည်။ လန်ဆလော့မှာ "အမ်ပီစီ" တစ်ဦး ဖြစ်ကြောင်း ထင်ရှားနေခဲ့သည်။
"ဘာလို့ အမ်ပီစီက မှင်သက်မိန်းမော နေတာလဲ။"
"ဘာလို့လဲဆိုတော့ ဒါ သူ့ရဲ့ ပထမဆုံးအကြိမ် မို့လို့လား။ အဲဒါက အမ်ပီစီတွေရဲ့ ချိန်ညှိမှုပဲ။"
"ဘာပဲ ဖြစ်ဖြစ်၊ အဲဒါက ဇာတ်လမ်းပိုင်းပဲ။ ငါတို့ ကြည့်နေလိုက်ရုံပဲ။"
ဂိမ်းမာ အချို့သည် လန်ဆလော့ထံ ချဉ်းကပ်ရန် ကြိုးစားခဲ့ကြသော်လည်း သူတို့သည် ရဲတိုက်ရှေ့တွင် ရပ်နေခဲ့ကြသည်။ သူတို့ ချဉ်းကပ်လာသည့်အခါ အကွာအဝေး တစ်ခုတွင် တစ်စုံတစ်ခုက သူတို့ကို ရှေ့သို့ တိုးခြင်းမှ တားဆီးခဲ့သည်။
ထိုအတားအဆီးမှာ အမှန်တကယ်တွင် "ဇာတ်လမ်းပိုင်း အန်နီမေးရှင်းပုံစံ" ဖြစ်သည်။
ဂိမ်းမာများ၏ မာနာမှာ လီလိုထံမှ လာသောကြောင့် လီလို ပေါ်လာပြီး သူမ၏ အရှိန်အဝါကို ထုတ်ဖော် ပြသသည့်အခါ ဂိမ်းမာများသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ရသည်။
"အဟွတ် အဟွတ်။"
ဟမ်းစတား ဝတုတ်တစ်ကောင်သည် လက်ထဲတွင် ဇာတ်ညွှန်းတစ်စောင် ကိုင်ကာ ထွက်လာခဲ့သည်။ သူ လည်ချောင်း ရှင်းလိုက်ပြီး ကျယ်လောင်စွာ ဆိုလိုက်သည်။ "ဗစ်တိုးရီးယားမြို့သားတို့။ ဤသည်မှာ ကြီးမြတ်သော မြို့စားကတော် လီလိုပင်တည်း။ သင်တို့ မည်သည့် မည်သူမည်ဝါ ဖြစ်စေ၊ ယနေ့မှစ၍ သင်တို့သည် မြို့စားကတော် လီလို၏ လက်အောက်ခံများ ဖြစ်ကြလိမ့်မည်။ ပိုမိုကောင်းမွန်သော ဗစ်တိုးရီးယားကို တည်ဆောက်ရန်၊ သင်တို့၏ တစ်ဘဝလုံးကို မြို့တော် အတွက် ပေးဆပ်မြှုပ်နှံကြလော့။"
ဟမ်းစတား ဝတုတ်သည် စိတ်အားထက်သန် နေသော်လည်း သူ၏ စူးရှသေးငယ်သော အသံကြောင့် ဂိမ်းမာများမှာ ရယ်ချင်စိတ် ပေါက်လာကြသည်။ သူတို့ ချုပ်တည်း ခံထားရသောကြောင့် ရယ်မောခြင်းကို အတင်းအကျပ် ထိန်းချုပ်ထားခဲ့ရသည်။
"ဟုတ်တယ်၊ ဒီလိုပဲ။ အလုပ်စကြတော့။" နောက်ထပ် ဟမ်းစတား ဝတုတ်တစ်ကောင် ရှေ့သို့ ထွက်လာပြီး အော်ဟစ်လိုက်သည်။
"ငါတို့ စားစရာ တစ်ခုခု ရှာလို့ ရမလား။" နောက်ထပ် ဟမ်းစတား ဝတုတ်တစ်ကောင်က ဂိမ်းမာများကို တောင်းပန်နေသည့် အလား ကြည့်နေခဲ့သည်။
...
လန်ဆလော့သည် သံသယများဖြင့် ပြည့်နှက်နေသော်လည်း သူသည် စွန့်ပစ်ခံထားရသော သူရဲကောင်းတစ်ဦး ဖြစ်သောကြောင့် တောင်းဆိုချက် များစွာ မရှိခဲ့ပေ။
သူသည် နေရာရွှေ့ပြောင်း ဝင်ပေါက်များမှ လာသော ဤထူးဆန်းသည့် လူများ နှင့်အတူ နေအိမ် အသစ် တစ်ခု တည်ဆောက်ရန်သာ လိုက်ပါ လုပ်ဆောင်နိုင်ခဲ့သည်။
အနည်းဆုံးတော့ မြို့စားကတော် လီလိုသည် အစွမ်းထက်ပုံ ပေါက်နေခဲ့သည်။
ဓနဥစ္စာ ဖန်တီးရန်၊ သစ်ပင်များကို ဦးစွာ ခုတ်လှဲပါ။
လန်ဆလော့သည် သူ၏ ခါးမှ ဓားကို စမ်းကြည့်လိုက်သည်။ ၎င်းသည် ဂုဏ်ယူဖွယ်ရာ သူရဲကောင်းကို ကိုယ်စားပြုသော အဖိုးတန် ဓားတစ်လက် ဖြစ်သည်။ ယနေ့ သူ ၎င်းကို သစ်ပင်များ ခုတ်လှဲရန် အသုံးပြုရပေမည်။ ကျိုးသွားမည်လော။
လန်ဆလော့ စိတ်မကောင်း ဖြစ်နေစဉ် သူသည် သေးငယ်သော ဖယ်ရီနှစ်ဦးကို တွေ့လိုက်ရပြီး သူတို့ထဲမှ တစ်ဦးသည် သစ်ပင်တစ်ပင် ဆီသို့ လျှောက်သွားခဲ့သည်။
"ဒါက အရမ်း လက်တွေ့ကျတယ်။ ငါ စခရင်ရှော့တွေကို မြင်ဖူးပေမဲ့ ဓာတ်ပုံထဲကလို ပြားချပ် နေခဲ့တယ်။ အခု ဂိမ်းကစားနေရတော့ တကယ် လက်တွေ့ကျတာပဲ။"
"ငါတို့ ဘာလို့ ဖယ်ရီမလေးနဲ့ မတူတာလဲ။ ထာဝရတိုင်းပြည်က ဖယ်ရီမလေးမှာ တောင်ပံတွေ ရှိတယ်၊ ငါတို့မှာကျ ဘာလို့ တောင်ပံတွေ မရှိတာလဲ။ ငါတို့က အရွယ်အစားလည်း ပိုကြီးသေးတယ်။"
"အဓိပ္ပာယ် မရှိတာ၊ ငါတို့က ဖယ်ရီတွေ၊ သူက ဖယ်ရီမလေး။ မင်း ငတုံး လုပ်နေတာလား။"
"ဘာလော့ဂျစ်ကြီးလဲ..."
သူတို့သည် သစ်ပင်ငယ် တစ်ပင်ဆီသို့ လျှောက်သွားကာ စကားစမြည် ပြောဆို နေကြပြီး မြေပြင်ပေါ်မှ ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ထိုသစ်ပင်ကို ထုရိုက်လိုက်ကြသည်။
နေဦး၊ အဲဒါ ကျောက်တုံးလား။ သစ်ပင် ပင်စည် ပေါ်မှာလား။ သူတို့ နှစ်ယောက်စလုံး ကျောက်တုံးတွေ သုံးပြီး သစ်ပင်တွေ ခုတ်လှဲဖို့ ရည်ရွယ်နေကြတာလား။ သူတို့ ရူးနေကြတာလား။
ထို့နောက် သူသည် ကိုယ်တစ်ပိုင်း ဗလာကျင်းပြီး ကျောရိုး ဆိုးရွားစွာ ပုံပျက်နေသော လူတစ်ဦးကို တွေ့လိုက် ရသည်။ သူ မြေပြင်ပေါ်တွင် တွားသွားကာ ပေါင်များကို ယိမ်းထိုး၍ လျှောက်လှမ်း နေခဲ့သည်။ သူ လက်သီးဆုပ်ကာ သစ်ပင်ပင်စည်ကို ထိုးနှက်လိုက်သည်။
ရူးကြောင်ကြောင် ကောင်တွေ။ သူတို့ အားလုံး ရူးနေကြတာလား။
ကံကောင်းစွာဖြင့် သူတို့မှာ လူနည်းစုသာ ဖြစ်သည်။ အများစုမှာမူ စိတ်အားထက်သန်စွာ စကားစမြည် ပြောဆိုနေကြသည် သို့မဟုတ် မကျေမနပ် ပြောဆို နေကြသည်။
"ငါတို့ မစ်ရှင်ကို ဘယ်လို ပြီးအောင် လုပ်ရမလဲ။ ငါတို့ သစ်ပင်တွေ ခုတ်လှဲရမှာ၊ ဒါပေမဲ့ ငါတို့ကို ကိရိယာတွေတောင် မပေးထားဘူးလား။"
"ကိရိယာတွေ ရှိတယ်လေ။ မစ်ရှင် အကြံပြုချက်တွေကို မင်း မတွေ့ဘူးလား။ ကိရိယာတွေ အတွက် ရဲတိုက်ကို သွားလေ။"
"ငတုံး ဂိမ်းမာတွေ၊ မကျေမနပ် မပြောခင် မျက်စိဖွင့်ကြည့်ကြစမ်းပါဦး။ ပုဆိန်ကို မင်းတို့ ကျောပိုးအိတ်ထဲ လာထည့်ထားပေးလိမ့်မယ်လို့ မျှော်လင့်နေကြတာလားဟ။"
"ဒီဂိမ်းက အရမ်း လက်တွေ့ကျတယ်။ ငါတို့ ကိုယ့်ကိရိယာကိုယ် ရှာရမယ်။"
"မင်းတို့ ဂိမ်းမကစားဖူးဘူးလား ဒါမှမဟုတ် ဆွေးနွေးခန်း ဖိုရမ်ကို မကြည့်ဖူးဘူးလား။"
"မင်းတို့ ငြင်းခုံနေတုန်း ငါ ကိရိယာတွေ ရသွားပြီ။ ကိရိယာတွေ မရှိတော့ဘူးလို့ ငါ အကြောင်းကြားလိုက်ပါတယ်။"
"သွားကြစို့။ ကျောက်တုံးတွေနဲ့ အစားအစာတွေ သယ်ကြစို့။ မစ်ရှင်အတူတူ ရှိတဲ့ သူတွေ၊ ငါ့ နောက်လိုက်ခဲ့ကြ။ တစ်ခုခု သယ်ကြစို့။"
သူတို့ထဲမှ အုပ်စုတစ်စု ဆူညံစွာ အော်ဟစ်ပြီးနောက် ထွက်ခွာ သွားကြသည်။
လန်ဆလော့သည် အံ့အားသင့်သွားသည်။ သူတို့က ဆွေးနွေးတိုင်ပင်ခြင်း မရှိ၊ ခေါင်းဆောင်ထံမှ မည်သည့် အမိန့်မျှ လက်ခံရရှိခြင်း မရှိဘဲ သူတို့ ဘာလုပ် ရမည်ကို သိရှိ နေကြသည်။
သူတို့ထဲမှ အချို့သည် မှင်သက်မိန်းမောစွာ ရပ်နေပြီးနောက် အော်ဟစ်ကြသည်။
"မြေပုံစူးစမ်းရှာဖွေရေး မစ်ရှင် ရှိတဲ့သူ ရှိလား။ အတူတူ လုပ်ကြစို့။"
"ငါ့ မစ်ရှင်က သစ်ပင်တွေ ခုတ်လှဲတာ။ သယ်ယူပို့ဆောင်ရေး မစ်ရှင် ရှိတဲ့ သူနဲ့ အဖွဲ့ဖွဲ့ခွင့် ပြုပါ။ စွမ်းဆောင်ရည် ပိုမြင့်တယ်နော်။"
သူတို့ သူတို့၏ မစ်ရှင်များကို ဘယ်က ရရှိခဲ့ကြသနည်း။
လန်ဆလော့သည် အတွေးနက်နက်ထဲသို့ နစ်မြုပ်သွားသည်။
သူ၏ လေ့ကျင့်ခန်းစာအုပ်ကို ကိုင်ဆောင်ထားသော မဟာမှော်အရှင်သည် လန်ဆလော့ထံသို့ လျှောက်လာပြီး သူ့ကို လန့်သွားစေခဲ့သည်။
"မင်းမှာ သံသယတွေ ရှိရမယ်... ဘာလို့ ဒီလူတွေ ဒီလောက် ထူးဆန်းနေရတာလဲ။"
မဟာမှော်အရှင်သည် စိတ်အားထက်သန်မှု နှင့် ပျော်ရွှင်မှု တို့ဖြင့် ပြည့်နှက် နေခဲ့သည်။ သူက "အတိတ်က နတ်ဘုရားတမန် တစ်ပါးက ဒီလူတွေဟာ နတ်ဘုရားရဲ့ ကောင်းချီးမင်္ဂလာကို ချီးမြှင့်ခံထညားရတယ်လို့ ပြောခဲ့တယ်။ သူတို့ အများစုက လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည်တွေ ပိုင်ဆိုင်ကြတယ်။ အဲဒါက အကောင်းဆုံး သက်သေပဲ။"ဟု ဆိုလိုက်သည်။
"ခဏနေဦး၊ နတ်ဘုရားတမန်လား။"
သူ၌ သံသယများစွာ ရှိသော်လည်း လန်ဆလော့သည် နတ်ဘုရားတမန်ကို စိတ်အဝင်စားဆုံး ဖြစ်သည်။
"ငါက အရှင်ရှားလော့ခ်ကို ပြောနေတာ။ သူက ငါတို့ကို နတ်ဘုရားရဲ့ အံ့ဖွယ်အမှုကို ပြသခဲ့တယ်။ သူက ငါတို့ကို လမ်းညွှန်ဖို့ နတ်ဘုရားက ခန့်အပ်ထားတဲ့ တမန်တော်ပဲ။ အခု ငါတို့ ဒီလမ်းမှားနေတဲ့ သိုးတွေကို လမ်းညွှန်ရမယ့် အချိန် ရောက်ပြီ။"
မဟာမှော်အရှင်သည် အစိမ်းရောင်စာလုံးများ ပါသော လူအုပ်ကြီးကို ကြည့်ရင်း ကြင်နာတတ်သော ဖခင်တစ်ဦး ကဲ့သို့ ပြုံးလိုက်သည်။
လန်ဆလော့သည် သေသေချာချာ စဉ်းစားလိုက်သည်။ သူ ရှားလော့ခ်မှာ အလွန် လျှို့ဝှက် ဆန်းကြယ်သည်ဟု ခံစားမိသော်လည်း သူလုပ်ခဲ့သည့် အံ့ဖွယ်အမှု တစ်ခုတစ်လေကိုမျှ မမှတ်မိခဲ့ပေ။ သူ၏ ပျောက်ကွယ်သွားခြင်းကို အံ့ဖွယ်အမှု တစ်ခုအဖြစ် သတ်မှတ်နိုင်မည်လော။
မဟာမှော်အရှင်သည် ဂိမ်းမာများ ထံသို့ လျှောက်သွားခဲ့သည်။
သူသည် သူ၏ လေ့ကျင့်ခန်း စာအုပ်ကို ထုတ်ယူလိုက်ပြီး သူတို့အား "ကောင်းကင်ဘုံကို သွားချင်ပါသလား။ ကျွန်တော် ခင်ဗျားတို့ကို လမ်းပြပါ့မယ်။"ဟု ဆိုလိုက်သည်။
သစ်ပင်များ မည်သို့ ခုတ်လှဲ ရမည်ကို စဉ်းစားနေသော ဂိမ်းမာများသည် ခေါင်းပြောင် မဟာမှော်အရှင်ကို ကြည့်လိုက်ကြသည်။ သူတို့ ခဏမျှ အံ့အားသင့်သွားပြီးနောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။
"အလိုလေး။ အဲဒါ မြင့်မြတ်သော သူရဲကောင်း မစ်ရှင်လား။ ငါ ဘာလို့ ဒီလောက် ကံကောင်းရတာလဲ။"
ဂိမ်းမာများသည် သူ့ ပတ်လည်တွင် စုရုံးကာ အော်ဟစ်ကြသည်။
"ကျွန်တော်လိုချင်တယ်။ ကျွန်တော်လိုချင်တယ်။"
"ကျွန်တော်လည်းပဲ။"
"ကျွန်တော်ရောပဲ။"
"ဝါးးးးးး။"