← Chapters

ရွာမှထွက်ခွာခြင်း

Vol. 149 Ch. 2122

ရွာမှထွက်ခွာခြင်း

Vol. 149 Ch. 2122

ကောင်းကင်ပြက္ခဒိန် ၁၀၀၆၀ ခုနှစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းက ရွာ၌ တစ်နှစ်ထက် ပို၍ နေထိုင်ခဲ့ပေသည်။

ဤအချိန်ကာလအတွင်း ရွာသားများက ငြိမ်းချမ်းစွာ ကျင့်ကြံနေကြပြီး ရွာမှ ထွက်ခွာမသွားကြပေ။ သူတို့က ဆရာသခင်၏ အကြံဉာဏ်ကို လိုက်နာကာ ရွာအတွင်း နေထိုင်၍ သူတို့၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် သာမန်ရွာသားများအား ကျင့်ကြံခြင်း စတင်ရန် ခွင့်ပြုပေးခဲ့သည်။ ယခင်မုန်တိုင်းပြီးစဥ်ကပင် လေးမျက်နှာကျေးရွာသည် ရှန်ချင်းနယ်မြေတစ်ခွင်လုံး၏ ပစ်မှတ်ထားခြင်းကို ခံရပေသည်။ သူတို့အတွက် လူအများ၏ စိတ်ထဲမှ မှေးမှိန်ပျောက်ကွယ်သွားရန် အချိန်ယူရပေလိမ့်မည်။

ရီဖူရှင်းသည်လည်း ရွာအတွင်း ကျင့်ကြံနေပြီး ရွာ၏ နတ်ဘုရားနည်းစနစ်ကို နားလည်သဘောပေါက်ကာ လူငယ်လေးများကို သင်ကြားပေးနေသည်။

ရွာအတွင်းမှ လူငယ်လေးများသည် တစ်ယောက်ပြီး တစ်ယောက် စတင်ကျင့်ကြံနေကြသည်။ သူတို့၌ ထူးခြားသော ပါရမီများ ရှိကြကာ အသန်မာဆုံးလူငယ်လေးများမှာ အစကတည်းက ကျင့်ကြံနိုင်သူများဖြစ်ကြပြီး အထူးသဖြင့် နတ်ဘုရားနည်းစနစ်ကို ဆက်ခံနိုင်သည့် လူငယ်လေးအချို့ ဖြစ်ပေသည်။ သူတို့က လမ်းစဥ်နှင့် မွေးဖွားလာသူများ ဖြစ်ကြသည်။ အတိတ်ကာလတွင် သီးသန့်စာသင်ကျောင်း၌ ဆရာသခင်သည် မည်သူက ရှေးဟောင်းနတ်ဘုရား လမ်းစဥ်နှင့် သင့်တော်သည့်အပေါ် အခြေခံကာ မည်သူက ကျင့်ကြံနိုင်မကျင့်ကြံနိုင်ကို ဆုံးဖြတ်ခဲ့သည်။ ဆရာသခင်က သူတို့ကို သင်ကြားပေးသည့်အခါ သူသည် သူတို့၏ ခန္ဓာကိုယ်အား လမ်းစဥ်နှင့် သန့်စင်စေခဲ့သည့်အတွက် သူတို့သည် ငယ်ရွယ်စဥ်မှာပင် လမ်းစဥ်စွမ်းအားနှင့် သဟဇာတ ဖြစ်ပေသည်။ ထိုလူငယ်လေးများက တရားဝင် စတင်ကျင့်ကြံပြီးနောက် သူတို့၏ အရှိန်က ထိတ်လန့်ဖွယ်ကောင်းလှအောင် လျင်မြန်လှပြီး သမာရိုးကျလမ်းစဥ်တလျှောက် လိုက်ရန် မလိုပေ။

လက်ရှိတွင် ဆရာသခင်သည် လမ်းစဥ် သင်ကြားပေးနေဆဲ ဖြစ်သည်။ ရီဖူရှင်းနှင့် အဘိုးမာတို့ကလည်း အခြားလူငယ်လေးများကို သင်ကြားပေးနေသည်။ ဖန်းချွင့်နှင့် အခြားလူများက လျင်မြန်စွာ တိုးတက်လာသည်။ သူတို့၏ ကျင့်ကြံခြင်းအရှိန်က အံ့သြထိတ်လန့်ဖွယ် ဖြစ်သည်။

ရီဖူရှင်းသည်လည်း ကျင့်ကြံနေပြီး တိုးတက်မှုများ ရှိခဲ့သည်။

ထိုအချိန်တွင် ရွာထဲ၌ နတ်ရောင်ဝါများ တောက်ပလာပြီး ပုံမှန်အတိုင်း ဤရှေးဟောင်းရွာအား လွှမ်းခြုံလာသည်။ ရွာအတွင်း၌ ညအချိန်ဟူ၍ မရှိပေ။ ကောင်းကင်က အမြဲ နေ့အချိန် ဖြစ်နေပြီး လူတိုင်းသည် နတ်ရောင်ဝါတို့နှင့် အဆက်မပြတ် လွှမ်းခြုံခံထားရသည်။ နတ်သဘာဝဖြစ်စဥ်က ကောင်းကင်တွင် ပြည့်နှက်နေသည်။ ရွှေရောင်နတ်တံခါးများ၊ တောက်ပသော ရွှေတောင်ပံခွန်ပန်ငှက်နှင့် ရှေးဟောင်းစစ်နတ်ဘုရား၏ ပုံရိပ်ယောင်များ ပေါ်ပေါက်လာသည်။ ထူးချွန်ထက်မြက်သော ပါရမီရှိသည့် သူများသာ ခံစားနိုင်သော ထိုပုံရိပ်အားလုံးက ယခု ရှေးဟောင်းသစ်ပင်၏ အကူအညီနှင့် ရီဖူရှင်းကြောင့် ကောင်းကင်တွင် ပေါ်ထွက်လာပေသည်။ လူတိုင်းသည် ၎င်းစွမ်းအားများအတွင်း လွှမ်းခြုံခံထားရပေသည်။

ရီဖူရှင်းက နတ်သစ်ပင်ဘေးတွင် တရားထိုင်နေပုံရလေသည်။ သူက ကောင်းကင်နှင့် မြေကြီးတို့ဖြင့် သဟဇာတဖြစ်နေကာ ပတ်ဝန်းကျင်နှင့် တသားတည်းဖြစ်နေပုံ ရလေသည်။

"ဆရာ" တစ်စုံတစ်ယောက်က အဝေးမှနေ၍ ရီဖူရှင်းထံ လျှောက်လာပြီး အော်ဟစ်ကာ ခေါ်လိုက်သည်။ ရီဖူရှင်း၏ မျက်လုံးများက မှိတ်ထားဆဲ ဖြစ်သော်လည်း သူသည် မည်သူရောက်လာခြင်း ဖြစ်ကြောင်း သိရှိပေသည်။ သူက အပြစ်တင်လိုက်သည်။ "ဖန်းချွင့် ငါ မင်းကို ရိုက်မှာ တကယ် မကြောက်ဘူးလား။"

ရီဖူရှင်းက ပြောလိုက်ပြီး သူ့မျက်လုံးများကို ဖွင့်လိုက်လျှင် သူ့ခန္ဓာကိုယ်အနီးမှ ရောင်ဝါတို့က မှိတ်ဖျော့သွားသည်။ သူက ယခု ထွားလာပြီဖြစ်သော သူ့ရှေ့မှ လူငယ်လေးအား ကြည့်လိုက်သည်။ ဖန်းချွင့်က ဆယ့်ငါးနှစ်ထဲကို ရောက်လာပြီဖြစ်ကာ မကြာခင် အရွယ်ရောက်တော့မည် ဖြစ်သည်။ သူက အရွယ်ရောက်သူကဲ့သို့ အရပ်ရှည်နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာက ပျိုမြစ်မှုတို့နှင့် ပြည့်နေဆဲ ဖြစ်ကာ မျက်လုံးများက တောက်ပနေ၏။ မည်သူမဆို တစ်ချက်ကြည့်ရုံနှင့်ပင် သူက ထက်မြက်သော လူငယ်လေးဖြစ်ကြောင်း ပြောနိုင်ပေသည်။

ထိုလူငယ်လေးသာလျှင် ရီဖူရှင်း ကျင့်ကြံနေစဥ်၌ နှောက်ယှက်ရဲပေသည်။ ရှောင်လင်း၊ သော်ယွီနှင့် အခြားလူများက သူ ကျင့်ကြံနေသည်ကို မြင်လျှင် ဘေး၌ စောင့်ဆိုင်းကြသည်။

"ဆရာက အဲဒီလို မလုပ်ပါဘူး။ ဆရာသာ ကျင့်ကြံခြင်းမှာ စျာန်ဝင်စားနေမယ်ဆိုရင် ဆရာ့အနီးမှာ မမြင်ရတဲ့ အတားအဆီးတစ်ခု ရှိနေမှာ။ အခု အဲဒါက ရှိမနေဘူး။ ဆိုလိုတာက ဆရာ အခု တရားထိုင်နေရုံပဲ။" ဖန်းချွင့်က အပြုံးနှင့် ပြောလိုက်သည်။ သူက ရီဖူရှင်းအား အတော်လေး နားလည်ပုံရလေသည်။

ရီဖူရှင်းက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "မင်း စိတ်ထဲရှိတာကို ပြော။ ဘာကိစ္စလဲ။"

"ဆရာ ကျွန်တော်ကြားတာတော့ ရွာအပြင်ဘက်မှာ တည်ထားတဲ့ မြို့တစ်မြို့ ရှိတယ်တဲ့။ အခု အဲဒီမှာ အတော်လေး စည်ကားတဲ့ ပွဲတစ်ခု ရှိနေတယ်။ မြို့ထဲကို မရေတွက်နိုင်တဲ့ တန်ခိုးရှင်တွေ ရောက်နေကြတယ်။ ရှောင်လင်း၊ ထျယ်ထိုနဲ့ တခြားလူတွေက မြို့ကို လျှောက်ကြည့်ချင်နေကြတယ်။" ဖန်းချွင့်က ပြောလိုက်သည်။ သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်ရေးရေး ရှိပေသည်။

လေးမျက်နှာကျေးရွာက အပြင်လောကနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သော်လည်း ဆရာသခင်သည် ရီဖူရှင်းနှင့် အခြားလူများအား လွန်ခဲ့သည့်နှစ်များတွင် ရွာ၌သာ ကျင့်ကြံရန် ညွှန်ကြားခဲ့သည်။ သူတို့က လုံးဝ ထွက်ခွာခဲ့ခြင်း မရှိပေ။

သူတို့သည် ရွာအလွန်တွင် ဖြစ်ပျက်နေသော အပြောင်းအလဲကြီးများကို ကြားသိရပေသည်။ စီနီယာများ ယခင်က ပြောခဲ့သည်မှာ ရွာ၏ အလွန်မှ နယ်မြေသည် အပျက်အစီးများ ဖြစ်နေသည်ဟု ဖြစ်သည်။ ယခု လေးမျက်နှာကျေးရွာက အပြင်လောကနှင့် ပူးပေါင်းမည်ဟု ကြားသောအခါ အပြင်ဘက်၌ မြို့တစ်မြို့ တည်ဆောက်ခဲ့ကြသည်။ လူငယ်လေးသည် စူးစမ်းချင်ပြီး အပြင်ဘက်သို့ သွားရောက် ကြည့်ရှုချင်နေကြပေသည်။

ဤအသက်အရွယ်ရှိ လူငယ်လေးများအတွက် သူတို့က ပျော်စရာ ရှာဖွေ၍ စူးစမ်းသိလိုစိတ်များသည်မှာ သဘာဝပင် ဖြစ်သည်။

ထိုသည်မှာ အထူးသဖြင့် ဖန်းချွင့်ပင် ဖြစ်သည်။ ဤကောင်လေးသည် မူလကတည်းကပင် အစအနောက်သန်သူ ဖြစ်လေသည်။ ယခု သူက မကြာခင်၌ပင် ဆယ့်ငါးနှစ်ပြည့်တော့မည်ဖြစ်ရာ ရွာ၌ မည်သို့ နေနိုင်ပါမည်နည်း။

"ရှောင်လင်း၊ ထျယ်ထို မင်းတို့ရော အပြင်ထွက်ပြီး သွားလည်ချင်လား။" ရီဖူရှင်းက အဝေးကို လှမ်းအော်လိုက်သည်။ မကြာခင်၌ ရီဖူရှင်းဘေးတွင် လူငယ်လေးနှစ်ယောက် ပေါ်ပေါက်လာကာ ပြန်ဖြေလိုက်သည်။ "ဆရာ ကျွန်တော်တို့ မသွားပါဘူး။"

ဖန်းချွင့်က သူ့လက်နှင့် နဖူးအား ရိုက်လိုက်သည်။ သူ့အလိမ်အညာက အညှာအတာမဲ့စွာ ဖော်ထုတ်ခံလိုက်ရပေသည်။ ဤနှစ်ကောင်က အမှန်တကယ် ယုံကြည်ရခြင်း မရှိပေ။

သော်ယွီက သူတို့နှစ်ယောက်နောက်မှ လိုက်ကာ အဖွဲ့ထဲ ဝင်ပါလိုက်သည်။ လူငယ်လေး လေးယောက်က ရီဖူရှင်း၏ တပည့်များဖြစ်လာစဥ်ကပင် အချင်းချင်း အလွန် ရင်းနှီးလာပေသည်။ သူတို့က အတူတကွ ကျင့်ကြံနေကြပြီး အချင်းချင်း ယှဥ်ပြိုင်ကြသည်။

ဖန်းချွင့်က လေးယောက်ထဲတွင် အကြီးဆုံးဖြစ်ပြီး သူက ပိုထက်မြက်သည့်အတွက် သူ့ကိုယ်သူ အစ်ကိုကြီး ရာထူး အရယူထားပေသည်။ ထျယ်ထိုက ဒုတိယဖြစ်ကာ ရှောင်လင်းက တတိယနေရာ၌ ရှိပေသည်။ သော်ယွီက ပို၍ ငယ်ရွယ်ကာ လူကြောက်တတ်သည့်အတွက် သူက အငယ်ဆုံးညီလေး ဖြစ်နေပေသည်။

သူ့ရှေ့မှ လူငယ်လေး လေးယောက်ကို စိုက်ကြည့်နေပြီး အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်ဟု ခံစားမိပေသည်။ အထူးသဖြင့် သူတို့က ကလေးများဖြစ်လေရာ မျက်စိတစ်မှိတ်အတွင်း ကြီးထွားမြန်ပေသည်။ သူ ရွာသို့ ပထမဆုံးအကြိမ် ရောက်လာပြီး တွေ့ဆုံခဲ့စဥ် သူတို့က ကလေးငယ်လေးများနှင့်သာ တူနေသေးသည်။ သို့သော် သူတို့အားလုံးက ဆယ်ကျော်သက်လေးများ ဖြစ်နေကြပြီ ဖြစ်၏။ သူတို့က ငယ်ရွယ်မှု၏ အထွတ်အထိပ်ကာလတွင် ရှိနေကြသည်။

"သော်ယွီ ဖန်းချွင့်က မင်းကို အနိုင်ကျင့်သေးလား။" ရီဖူရှင်းက အနောက်ဘက်၌ ရပ်နေသည့် သော်ယွီအား မေးလိုက်သည်။

"ဟင့်အင်း" သော်ယွီက ခေါင်းယမ်းကာ ပြန်ဖြေလိုက်၏။ "စီနီယာအစ်ကိုကြီး ဖန်းချွင့်က ကျွန်တော့အပေါ် အတော်ကြင်နာပါတယ်။ သူက ကျွန်တော့ရဲ့ ကျင့်ကြံခြင်းကို အမြဲ လမ်းညွှန်ပေးတယ်။"

ဖန်းချွင့်က ခါးသက်စွာ ပြုံးလိုက်သည်။ ဆရာက သူ့ကို အပြည့်အဝ ယုံကြည်ခြင်း မရှိပေ။

"ဆရာ ကျွန်တော့ရဲ့ လက်ရှိ စွမ်းရည်နဲ့ဆို အပြင်လောကမှာ ဘယ်အဆင့်လောက် ရှိမလဲ။" ဖန်းချွင့်က သိလိုစိတ်နှင့် မေးလိုက်သည်။

"မင်းက အောက်ဆုံးအဆင့်မှာ ရှိနေတာ သေချာတယ်။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ "နှစ်များစွာကြာပြီးနောက် ရွာကနေ ထွက်သွားနိုင်တာ လူအနည်းငယ်ပဲ ရှိတယ်။ မင်းရဲ့အဆင့်နဲ့ဆို အပြင်လောကမှာရှိတဲ့ ဘယ်သူမဆို မင်းကို ကိုင်တွယ်နိုင်တယ်။ မင်းအပြင်လောကကို ရောက်တဲ့အခါ ပြဿနာမရှာတာ ကောင်းလိမ့်မယ်။ နားလည်ပြီလား။"

ဖန်းချွင့်၏ မျက်လုံးများက တောက်ပလာကာ မေးလိုက်သည်။ "ဆရာ အဲဒါက ကျွန်တော်တို့ကို အပြင်ခေါ်သွားမယ်လို့ဆိုလိုတာလား။"

"ငါ ပြောခဲ့လို့လား။" ရီဖူရှင်းက စိုက်ကြည့်ရင်း ပြောလိုက်သည်။

"သူတို့ကို အပြင်ဘက် ခေါ်သွားတာလည်း ကောင်းပါတယ်။" အဘိုးမာက လျှောက်လာရင်း ပြောလိုက်သည်။ "ဒီကလေးတွေက အပြင်လောကကို မမြင်ဖူးကြဘူး။ သူတို့ သွားကြည့်ချင်ကြမှာ သေချာတယ်။ အရင်တုန်းက အဲဒီလိုလုပ်ဖို့ဆို ခရီးရှည်ကြီး ထွက်ဖို့လိုတယ်။ ဒါပေမယ့် အခု လေးမျက်နှာကျေးရွာ အလွန်မှာ မြို့တစ်မြို့ ရှိနေပြီလေ။ အပြင်ဘက်မှာ ရှိတဲ့ လူတွေက အဲဒီမြို့ကို လေးမျက်နှာမြို့တော်လို့ နာမည်ပေးထားကြတယ်။"

"အဘိုးမာက ကျွန်တော်တို့ကို အသိဆုံးလူ ဖြစ်နေတုန်းပဲ။" ဖန်းချွင့်က ပြောလိုက်သည်။

"မြှောက်နေတာ ရပ်လိုက်။" အဘိုးမာက ပြန်ဖြေလိုက်သည်။ သူက ထိုသို့သော ပရိယာယ်များအောက် ကျရှုံးလိမ့်မည် မဟုတ်ပေ။ "ပန်းပဲရုံကို သွားပြီး မင်းတို့အားလုံးကို အပြင်ထွက်ဖို့ သဘောတူမတူလို့ မေးကြည့်သင့်တယ်။"

"ဒုတိယညီလေး မင်းအလှည့်ပဲ။" ဖန်းချွင့်က ထျယ်ထို၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ကျွန်တော်က ဘာအသုံးကျမှာလဲ။ အဲဒါက ရှောင်လင်းအပေါ်ပဲ မှီခိုသင့်တယ်။" ထျယ်ထိုက သူ့ဘေးမှ ရှောင်လင်းကို ကြည့်ကာ ပြောလိုက်သည်။ ထျယ်ထို၏ ဖခင်က ရှောင်လင်းအပေါ် သူ့ထက် ပို၍ ကောင်းမွန်စွာ ဆက်ဆံပေသည်။

"ဟီးဟီး" အပြုံးများနှင့် ဖန်းချွင့်က ရှောင်လင်းကို ကြည့်လိုက်သည်။ ဤနှစ်ယောက် ရှိနေလျှင် သူ့တောင်းဆိုချက်က ကျိန်းသေ ခွင့်ပြုချက် ရပေလိမ့်မည်။

"ဆရာ ကျွန်တော်တို့ အခု ဦးလေးထျယ်ဆီ သွားလိုက်ပါဦးမယ်။" ဖန်းချွင့်က ကျန်သည့် ကလေးသုံးယောက်ကို ပန်းပဲရုံဆီ ဦးတည်ခေါ်သွားကာ ရီဖူရှင်းအား တစ်ယောက်တည်း ချန်ထားရစ်ခဲ့ပေသည်။ အခြားတစ်ဖက်၌ အဘိုးမာက ရီဖူရှင်းထံ လျှောက်လာခဲ့သည်။

"အဲဒါကို ဘယ်လိုထင်လဲ။" ရီဖူရှင်းက အဘိုးမာကို မေးလိုက်သည်။

"အင်း" အဘိုးမာက ထိုင်ချကာ ပြောလိုက်သည်။ "အရင်အဖြစ်အပျက်တွေက တစ်နှစ်ကျော်သွားခဲ့ပြီ။ လေးမျက်နှာကျေးရွာကို ပစ်မှတ်ထားနေတဲ့ လူဘယ်နှစ်ယောက်လောက်ရှိလဲ ကျုပ်တို့ မသိဘူး။ ဆရာသခင် အရင်တုန်းက ကျုပ်တို့ကို သတိပေးဖူးတယ်။ ဒါပေမယ့် အပြင်လောကနဲ့ ပူးပေါင်းမယ်လို့ ဆုံးဖြတ်ပြီးကတည်းက အနှေးနဲ့အမြန် အပြင်ထွက်ဖို့တော် လိုတယ်။"

ရီဖူရှင်းက တုံ့ပြန်လိုက်သည်။ "ဒီလောက် အချိန်တိုလေးအတွင်းမှာ မြို့တစ်မြို့ ဖြစ်တည်လာတယ်။ ကျွန်တော် တွက်ကြည့်ရသလောက် လေးမျက်နှာမြို့တော်ကို ပြောင်းရွှေ့လာတဲ့ တန်ခိုးရှင်တွေ အများကြီး ရှိတယ်။ အဲဒီမှာ လူအမျိုးမျိုး တွေ့ရနိုင်တယ်။ အင်အားစုအမျိုးမျိုးက တန်ခိုးရှင်တွေလည်း မြို့ထဲမှာ ပုန်းကွယ်နေနိုင်တယ်။"

"ဒါက ပုံမှန်ပါပဲ။ ဒါကြောင့် အပြင်ဘက်ခရီး ထွက်ဖို့လိုအပ်ပြီး အဲဒီမကောင်းတဲ့ ရည်ရွယ်ချက် ရှိသူတွေကို သတိပေးရမယ်။ ဘယ်လိုဖြစ်ဖြစ် ကျုပ်တို့ အပြင်ထွက်ဖို့လိုတယ်။ ဘယ်သူက အရင်ဆုံး သတိပေးခံရဖို့ လိုနေလဲ ကြည့်ကြတာပေါ့။" အဘိုးမာက ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ "အဘိုးက ပြင်ဆင်ပြီးပြီဆိုတော့ ကျွန်တော် ထပ်မပြောတော့ပါဘူး။ ဒီကလေး လေးယောက်က ရွာရဲ့ အနာဂတ်ပဲ။ သူတို့ အပြင်ထွက်ရင် ဘာထိခိုက်ဆုံးရှုံးမှုမှမဖြစ်အောင် ဂရုစိုက်ရမယ်။"

အဘိုးမာက ပြုံးကာ ပြောလိုက်သည်။ "သူတို့က မင်းရဲ့ တပည့်တွေဆိုပေမယ့် ကျုပ် သူတို့အပေါ် ဂရုစိုက်တာ မင်းထက် မလျော့ပါဘူး။ မမေ့နဲ့။ ကျုပ်က ဒီရွာရဲ့ အကြီးအကဲ တစ်ယောက်ပါ။" ရီဖူရှင်းက အဘိုးမာ ဆိုလိုသည့်အရာကို နားလည်ပေသည်။သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ကောင်းပါပြီ။"

သိပ်မကြာခင်မှာပင် ကလေး လေးယောက် ပြန်ရောက်လာသည်။ မျက်မမြင်ထျယ်၊ ရှားရှင်းယွန်နှင့် အခြားလူများသည်လည်း သူတို့နောက်မှ လိုက်ပါလာကြ၏။

"ဆရာ ဦးလေးထျယ် ရောက်လာပြီ။ သွားကြရအောင်။" ဖန်းချွင့်က ပြောလိုက်သည်။

"ကောင်းပြီ။" ရီဖူရှင်းက ပြန်ဖြေလိုက်ပြီး အပြုံးနှင့် ထရပ်လိုက်၏။ ထို့နောက် သူက ရွာအပြင်ဘက်သို့ ဦးဆောင် ခေါ်သွားပေသည်။

ယခု လေးမျက်နှာကျေးရွာ၏ ဝင်ပေါက်က ပြောင်းရွှေ့ခဲ့ပြီး ဖြစ်သည်။ ဝင်ပေါက်က မှုန်မှိုင်းကောင်းကင် လမ်းကျဥ်းတည်ရှိရာ၌ ဖြစ်ပြီး ၎င်းက လေဟာနယ်တံခါးတစ်ချပ် ဖြစ်ပေသည်။ လေဟာနယ်မဟာလမ်းစဥ်မှ အလွန်ပြင်းထန်သော လှိုင်းများ ထုတ်လွှတ်နေသည်။ သူတို့က ချက်ချင်းပင် ၎င်းကို ဖြတ်ကာ လျှောက်လာကြပြီး သူတို့၏ ပုံရိပ်များက ရွာအတွင်းမှ ပျောက်ကွယ်သွားကာ အပြင်ဘက်၌ ပေါ်ပေါက်လာခဲ့သည်။

ရွာ၏ အပြင်ဘက် ရောက်သည့်အခါ သူတို့က ရှေ့သို့ လျှောက်လာ၍ တောင်တန်းပေါ်၌ ရပ်ကာ အဝေးသို့ ကြည့်လိုက်ကြသည်။ ထင်ထားသလိုပင် ခမ်းနားထည်ဝါသော မြို့တစ်မြို့က တောင်များကို ပတ်ရံကာ တည်ဆောက်ထားသည်။ ၎င်းက ကျယ်ပြောကာ အဆုံးမဲ့ပေသည်။ ရီဖူရှင်းသည် ထိုမြင်ကွင်းမှနေ၍ တစ်ခုခု ခံစားမိလိုက်ပေသည်။ သူ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာသည့်အခါ ထိုနေရာက ပျက်စီးနေသော နယ်မြေတစ်ခု ဖြစ်ခဲ့သည်။

***

All Chapters