ချိပ်ပိတ်ခံထားရသောမြို့
Vol. 149 Ch. 2124
မျက်မမြင်ထျယ်က ရှေ့သို့ ခြေလှမ်းလာခဲ့သည်။ မြေပြင်က တုန်ခါလာပြီး အက်ကြောင်းများမှာ မိုင်တစ်ရာထိ ကျယ်ပြန့်လာပေသည်။ ထို့နောက် မျက်မမြင်ထျယ်၏ ခန္ဓာကိုယ်က ကောင်းကင်အမြင့်တွင် ပေါ်ပေါက်လာ၍ သူ့လက်ထဲတွင် နတ်ဘုရားတူကို ကိုင်ထားကာ ထျန်းရှန်းနတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေပြီး သူတို့အနီးရှိ လေဟာနယ်ကို ရွှေရောင်နတ်အလင်းတို့ဖြင့် ဖုံးလွှမ်းထားလေသည်။
လေးမျက်နှာကျေးရွာအတွင်းရှိ လူအများက ခေါင်းများကို ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်လာပေသည်။
၎င်းသည် လေးမျက်နှာမြို့ကို တည်ထောင်စဥ်ကတည်းက မြို့ထဲ၌ ဖြစ်ပွားသည့် ပထမဆုံး တိုက်ပွဲကြီး ဖြစ်သည်။ တိုက်ပွဲက မကြာခင်ဖြစ်ပွားလာလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။ဤလူများက လေးမျက်နှာကျေးရွာမှ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်သလား။ သူက မျက်မမြင်ဖြစ်သော်လည်း သူ၏ ခွန်အားက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။
ခမ်းနားထည်ဝါသော နတ်အလင်းက မျက်မမြင်ထျယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပေသည်။ သူက နတ်ဘုရားတူကို မြှောက်လိုက်၏။ အစောပိုင်းက သူတို့၏ အရှိန်အဝါအား ထုတ်လွှတ်ခဲ့သည့် အစွမ်းထက်တန်ခိုးရှင်အားလုံးသည် သူတို့က မဟာလမ်းစဥ်၏ ဖျက်ဆီးခြင်းစွမ်းအားအတွင်း ရုတ်တရက် ချိပ်ပိတ်ခံလိုက်ရသည်ကို ခံစားမိပေသည်။
ဘုန်း....
မျက်မမြင်ထျယ်၏ နတ်ဘုရားတူက ကျဆင်းလာသည်။ ထျန်းရှန်းတူကဲ့သို့ ရွှေရောင်အလင်းတန်းများက ရုတ်တရက် ကောင်းကင်မှ ကျဆင်းလာပေသည်။ ချက်ချင်းပင် မြေပြင်ပေါ်မှ တန်ခိုးရှင်များစွာက သေးငယ်သော အပိုင်းအစလေးများအဖြစ် ပေါက်ကွဲထွက်သွားပေသည်။
လေးမျက်နှာမြို့မှ လူများက အလွန် စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် ကျင့်ကြံဆင့်မြင့်မားသူများ ဖြစ်ကြသည်။ ဤသည်မှာ သူတို့ လေးမျက်နှာမြို့သို့ လာလည်ရသည့် မူလရည်ရွယ်ချက် ဖြစ်ပေသည်။ သူတို့က ပို၍ အားကောင်းသူများကို မြင်တွေ့ဖို့ရာ မြို့အတွင်း ကျင့်ကြံရန် ရောက်လာခြင်း ဖြစ်သည်။ ယခု သူတို့က ကျေးရွာ၏ အစွမ်းထက်သူများကို မြင်တွေ့ရသည့်အခါ သေချာပေါက် စိတ်ပျက်စရာ မဖြစ်တော့ပေ။
သို့သော် ရှန်ချင်းနယ်မြေ၏ ထိပ်သီးပုဂ္ဂိုလ်များကပင် လေးမျက်နှာကျေးရွာကို အသိအမှတ်ပြုထားပြီး ဖြစ်သည်။ မည်သူက အခုထိ မကျေမနပ်ခံစားနေရသေးသနည်း။ လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်များကို အမှန်တကယ် လာရှာရဲသေးသည်။ သူတို့က ကောင်းကင်နှင့် မြေကြီး၏ ကြီးမားကျယ်ပြန့်မှုကို မသိရှိသည်လား။
ထို့နောက် ကောင်းကင်အရောင်က ပြောင်းလဲသွားခဲ့သည်။ လေးမျက်နှာမြို့မှ လူများက ခေါင်းများကို မော့ကာ ကြည့်လိုက်ကြသည်။ မြို့အထက်မှ ကောင်းကင်သည် ဖိနှိပ်နိုင်သော အရှိန်အဝါနှင့် အပြည့်အဝ ဖုံးလွှမ်းထားခြင်း ခံရပေသည်။ ၎င်းသည် ကမ္ဘာ၏ အဆုံးသတ် ရောက်လာသလို အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။
"ဒါက..." ရန်ဟောင်အဆင့်မှ ထိုလူတို့၏ နှလုံးသားများပင် တုန်ယင်လာပေသည်။ သူတို့၏ အထက်၌ ပုဂ္ဂိုလ်ကြီးတစ်ယောက် ရောက်ရှိလာပေသည်။ ထိုလူထံမှ ထွက်ပေါ်လာနေသည့် မဟာလမ်းစဥ်၏ အစွမ်းထက် စွမ်းအားက မတူကွဲပြားသော အခြားအဆင့်တစ်ခုကဲ့သို့ ခံစားမိစေသည်။
ရှန်ချင်းနယ်မြေသို့ မည်သို့သော ပုဂ္ဂိုလ်မျိုး ရောက်ရှိလာသနည်း။
ထို့နောက် လူနှစ်ယောက်က တစ်ချိန်တည်းတွင် မတူညီသော နေရာနှစ်ခုမှ ထွက်ပေါ်လာပေသည်။ သူတို့ရပ်နေရာ နေရာတဝိုက်တွင် ကြောက်မက်ဖွယ် ပုံရိပ်များ ပေါ်ပေါက်လာသည်။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်၏ အနီးတွင် နဂါးများက အော်မြည်နေပြီး တိမ်တိုက်များက လှုပ်ရှားနေကာ နတ်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
တခြားလူတစ်ယောက်၏ နောက်တွင် လောကကိုပင် ဖျက်ဆီးနိုင်သော စေတီတစ်ဆူ ရှိနေသည်။ စေတီက အဆင့်ကိုးဆင့်ရှိကာ ဖိနှိပ်နိုင်သော အလင်းတန်းက အောက်သို့ ကျဆင်းလာပေသည်။ လေးမျက်နှာမြို့တစ်ခွင်လုံးသည် ၎င်းစွမ်းအား၏ ဖိနှိပ်မှုအောက် ကျရောက်နေပေသည်။
သူတို့နောက်တွင် တန်ခိုးရှင်တစ်စု လိုက်ပါလာ၏။ သူတို့အားလုံးက အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြပြီး တစ်ချိန်တည်းတွင် လေးမျက်နှာမြို့အတွင်း ခြေချလာသည်။
မျက်မမြင်ထျယ်က မမြင်နိုင်သော်လည်း သူတို့အား ခံစားမိပေသည်။ သူက သူတို့ကို လှည့်ကြည့်လိုက်၏။ မျက်စိကျိန်းလောက်သော အလင်းက ထွက်ပေါ်လာပြီး သူက မမြင်နိုင်လျှင်ပင် ထိုနတ်အလင်းများကို ခံစားမိပေသည်။ မျက်မမြင်ထျယ်က ထိပ်သီးပုဂ္ဂိုလ်ကြီးနှစ်ယောက် ရောက်ရှိလာသည်ကို သိရှိပေသည်။
သို့သော် သူ့အမူအရာက တူညီစွာ ရှိနေသည်။ သူက ထိုနေရာ၌ သံမဏိမျှော်စင်ကဲ့သို့ မားမားမတ်မတ် ရပ်နေခဲ့သည်။
"အဲဒီမှာ ဘယ်သူတွေလဲ။" မျက်မမြင်ထျယ်က အော်ဟစ်လိုက်သည်။ သူ့အသံက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေသည်။
သူ့အောက်ဘက်တွင် ရီဖူရှင်းနှင့် အခြားလူများ ရပ်နေခဲ့သည်။ ရီဖူရှင်းက ထွက်ပေါ်လာသည့် လူများကို မြင်သောအခါ သူ့မျက်လုံးများတွင် အေးစက်သော အလင်းတို့ လင်းလက်လာသည်။
သူက ရောက်ရှိလာသည့် ထိပ်သီးပုဂ္ဂိုလ်ကြီးနှစ်ယောက်ကို သိရှိပေသည်။ သူတို့က ရှန်ချင်းနယ်မြေမှ မဟုတ်ဘဲ တုန်းဟွာနယ်မြေမှနေ၍ သူ့အား လာရောက်ရှာဖွေခြင်း ဖြစ်သည်။
သူတို့မှာ တုန်းဟွာနယ်မြေမှ ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ အရှင်သခင် အင်ပါယာယန်နှင့် တုန်းဟွာနယ်မြေ၏ တုန်းဟွာကောင်းကင်မှ လင်းရှောင်နန်းတော်သခင် လင်းယွင်ကျီတို့ ဖြစ်လေသည်။
သူတို့က အမှန်တကယ်ပင် လေးမျက်နှာမြို့သို့ သူ့ကို ရှာရန် လာရောက်ကြခြင်း ဖြစ်သည်။
သို့သော် သူတို့ကြားမှ ရန်ငြိုးအာဃာတများက အမှန်တကယ်ပင် မည်သည့်အခါမှ ပြီးဆုံးလိမ့်မည် မဟုတ်ပေ။ သူတို့က တုန်းဟွာအခမ်းအနား၌ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို လျစ်လျူရှုလျှင်ပင် ထို့နောက်ပိုင်းတွင် ရီဖူရှင်းက ထိုအဓိကအင်အားစုနှစ်ခုကြားမှ မဟာမိတ်လက်ထပ်ပွဲတွင် မင်္ဂလာစီတန်းလှည့်လည်ခြင်းအခမ်းအနား၌ ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ မင်းသားနှင့် သူ့လူများကို သတ်ဖြတ်ခဲ့လေရာ ရှေးဟောင်းတော်ဝင် ယန်မိသားစုက သူ့အား အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ မဟာမိတ်လက်ထပ်ပွဲက ကျရှုံးသွားခဲ့ပေသည်။
ထို့အပြင် ထိုအချိန်တွင် သူက အဆင့်ကိုးမှ တန်ခိုးရှင်တစ်ယောက်ကိုပင် သတ်နိုင်သည့် ခွန်အားကို ထုတ်ပြခဲ့ပေသည်။ ထို့ကြောင့် ယခု ထွက်ပေါ်လာသူများမှာ အလွန် အစွမ်းထက်သော ထိပ်သီးပုဂ္ဂိုလ်ကြီးများ ဖြစ်လေသည်။ မဟုတ်လျှင် သူတို့က သူ့အား ရင်ဆိုင်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။ ယခု ရီဖူရှင်းထံ၌ လေးမျက်နှာကျေးရွာ၏ ကျောထောက်နောက်ခံ ပြုပေးထားသည့် အချက်ကို ထည့်မပြောရသေးပေ။
ထို့ကြောင့် ထိပ်သီးပုဂ္ဂိုလ်ကြီးနှစ်ယောက်က သူ့ကို သတ်ရန် ရောက်လာခြင်း ဖြစ်သည်။
"ကျုပ်က တုန်းဟွာနယ်မြေက လာခဲ့တာ။ ရီဖူရှင်းက တုန်းဟွာနယ်မြေရဲ့ အလိုရှိပုဂ္ဂိုလ်ပဲ။ သူက တုန်းဟွာနယ်မြေမှာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကို ကျူးလွန်ခဲ့တယ်။ ကျုပ်တို့ နယ်မြေသခင်က ဒီကိစ္စကို ကိုယ်တိုင်အသိပေးချက်ထုတ်ခဲ့ပြီးပြီ။ ဒီနေ့ ကျုပ်တို့က သူ့ကို တုန်းဟွာနယ်မြေ ပြန်ခေါ်သွားဖို့ လာခဲ့တာ။" အင်ပါယာယန်က ပြောလိုက်ပြီး သူ့အသံက ကောင်းကင်တစ်ခွင်ကို တုန်ခါသွားစေသည်။
လေးမျက်နှာမြို့မှ လူတိုင်း သူ့အသံကို ကြားနိုင်သည်။ သူတို့က အလွန် ထိတ်လန့်သွားကြ၏။
သူတို့သည် ယခင်က လေးမျက်နှာကျေးရွာ၌ ရီဖူရှင်း၏ အမည်ကို ကြားဖူးကြသည်။ သူတို့သည် ဤပုဂ္ဂိုလ်က လေးမျက်နှာကျေးရွာ၏ အပြောင်းအလဲများနှင့် သက်ဆိုင်နေသည်ဟု ကြားဖူးပေသည်။ သူတို့သည် သူက တုန်းဟွာနယ်မြေမှ ဝရမ်းပြေး ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ယခု တုန်းဟွာနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်ကြီး နှစ်ယောက်က သူ့အတွက် ရောက်လာခဲ့ပေသည်။
"သူက အခု ကျုပ်တို့ ရွာသားတစ်ယောက်ပဲ။" မျက်မမြင်ထျယ်က ပြောလိုက်သည်။ ရှင်းလင်းစွာပင် လေးမျက်နှာကျေးရွာက သူ့အား လက်လွှဲပေးမည်မဟုတ်ဘဲ ရီဖူရှင်းကို ကာကွယ်ပေးပေလိမ့်မည်။
"ကြည့်ရတာ စကားထပ်ပြောပြီး အချိန်ဖြုန်းစရာ မလိုတော့ဘူးပဲ။" လင်းရှောင်နန်းတော်သခင် လင်းယွင်ကျီက ရှေ့သို့ ခြေလှမ်းလိုက်သည်။ ချက်ချင်းပင် ကောင်းကင်က အရောင်ပြောင်းသွားပြီး မွန်းကြပ်ဖွယ်ဖိအားက အောက်သို့ ကျဆင်းလာကာ လေးမျက်နှာတစ်ခွင်လုံးကို ဖုံးလွှမ်းသွားပေသည်။
ကောင်းကင်က အက်ကွဲတော့မလို ထင်မှတ်ရပေသည်။ အလွှာကိုးဆင့်လင်းရှောင်စေတီက ကောင်းကင်တွင် လှည့်ပတ်နေပြီး မဟာလမ်းစဥ်စွမ်းအားများကို ၎င်းအတွင်းသို့ ပေါင်းစပ်နေသည်။ စေတီအောက်ခြေမှနေ၍ နတ်အလင်းတန်းတစ်ခု ထိုးထွက်လာပြီး မျက်မမြင်ထျယ်ထံ ကျဆင်းလာခဲ့၏။ တုန်ခါသံကြီးက ကောင်းကင်နှင့် မြေကြီးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ အချိန်တိုအတွင်း၌ လေးမျက်နှာမြို့ရှိ အဆောက်အဦးများစွာ ဖျက်ဆီးခံလိုက်ရပေသည်။
မရေတွက်နိုင်သော အကြည့်များက စေတီအောက်ခြေသို့ အာရုံစိုက်နေခဲ့ကြသည်။ မျက်မမြင်ထျယ်၏ ခန္ဓာကိုယ်က ကောင်းကင် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားပုံရလေသည်။ မရေတွက်နိုင်သော မဟာလမ်းစဥ် နတ်အလင်းများက နေရာအနှံ့မှ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။ ထို့နောက် သူက နတ်ဘုရားတူကို ဆုပ်ကိုင်ထားပြီး ကောင်းကင်သို့ လွှဲယမ်းကာ စောင့်ရှောက်သူ၏ နတ်ဘုရားတူနှင့် လောကအတွင်းမှ အရာအားလုံးကို ချေမွဖျက်ဆီးတော့မလိုပင်။ တိုက်ခိုက်မှုနှစ်ခု အချင်းချင်း တွေ့ဆုံမိသည့်အခါ ကောင်းကင်က ကွဲထွက်သွားသလို ထင်မှတ်ရပေသည်။ တောက်ပသော အလင်းများက ကောင်းကင်၌ ပြည့်နှက်နေခဲ့ပြီး မျက်မမြင်ထျယ်၏ နတ်ဘုရားကဲ့သို့ ခန္ဓာကိုယ်က အောက်သို့ ပျံဝဲကျလာသည်။ သူက မြေပြင်သို့ ခြေထောက်နှင့် အရင်ထိသွားခဲ့ပြီး မြေပြင်၌ နက်ရှိုင်းကာ ကြီးမားသော စွပ်ကြောင်းကြီးတစ်ခုကို ချန်ရစ်ခဲ့ပေသည်။
သူ့အဆင့်က အနည်းငယ် နိမ့်နေခဲ့သည်။ သူက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ရှစ်ရန်ဟောင်တစ်ပါးဖြစ်လေသည်။
လင်းယွင်ကျီက ခေါင်းငုံ့ကာ မျက်မမြင်ထျယ်ထံ ကြည့်လိုက်သည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် ကျင့်ကြံသူများသည် ရင်ဆိုင်ရန် အလွန်ခက်ပေသည်။ သူတို့၏ သွေးစွမ်းအားများက အလွန် အားကောင်းလှပြီး အစွမ်းထက်ပေသည်။ သူတို့၏ ဝိညာဥ်စွမ်းအားနှင့် ရုပ်ခန္ဓာများက ပြီးပြည့်စုံသည်ဟု ဆုံးဖြတ်နိုင်ပေသည်။ အဆင့်ရှစ်သို့ ရောက်ရှိခြင်းမှာ သူက အထွတ်အထိပ်သို့ အလွန် နီးကပ်နေပြီဟု ဆိုလိုပေသည်။ သူပင်လျှင် သူ့ကို တိုက်ရိုက်မသတ်ဖြတ်နိုင်ပေ။
သူက ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်နှင့် သူ့ဘေးမှ အင်ပါယာယန်သည်လည်း ရှေ့ကို ခြေလှမ်းလိုက်သည်။ လေးမျက်နှာမြို့ထဲမှ တန်ခိုးရှင်များက ကောင်းကင်သို့ တက်လာခဲ့သည်။ သူတို့အားလုံးက ရီဖူရှင်းတို့အဖွဲ့နှင့် ရင်ဆိုင်ရန် ရောက်လာခြင်း ဖြစ်သည်။ ဤတစ်ကြိမ်၌ ထိပ်သီးပုဂ္ဂိုလ်ကြီးနှစ်ယောက်က ရှန်ချင်းနယ်မြေမှ လူများကို ဦးဆောင်ခဲ့သည်။
ဘုန်း...
ထို့နောက် ကောင်းကင်တစ်ခွင်၌ အလင်းတန်းများ ဖြန့်ကျက်လာခဲ့သည်။ လူတိုင်းက ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်မှ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုသူက တောက်ပသော နတ်အလင်းများ ဖြန့်ကျက်၍ ထိုနေရာ၌ ရပ်နေခဲ့သည်။ ၎င်းက ခမ်းနားထည်ဝါပြီး အကြွင်းမဲ့ ညှို့ယူဖမ်းစားနိုင်ပေသည်။
နတ်အလင်းများက လေးမျက်နှာမြို့၏ အရပ်ရှစ်မျက်နှာသို့ ဖြန့်ကျက်သွားပြီး လေဟာနယ်နတ်တံခါးများက သူတို့၏နေရာ၌ ရစ်ဝဲနေကြသည်။ သိပ်မကြာခင်မှာပင် လူတိုင်းသည် နေရာအနှံ့ ပျံ့နှံ့သွားသော မဟာလမ်းစဥ်နတ်အလင်းများက ကောင်းကင်တစ်ခွင်တွင် စီးဆင်းလှုပ်ရှားနေသည်ကို မြင်တွေ့လိုက်ကြရသည်။ လေဟာနယ်တံခါးများက ပေါင်းစပ်သွားပြီး လေးမျက်နှာမြို့တစ်ခွင်လုံး ဖုံးလွှမ်းကာ ကြီးမားသည့် လေဟာနယ်အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရပေသည်။
"ဒါက မြို့ချိပ်ပိတ်ခြင်းလား။" လေးမျက်နှာကျေးရွာမှ လူများသည် သူတို့ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ ထိတ်လန့်တကြားဖြစ်သွားကြသည်။ ကောင်းကင်ထက်၌ ရပ်နေသော ပုဂ္ဂိုလ်က လေးမျက်နှာမြို့ကို ချက်ချင်း ချိပ်ပိတ်လိုက်သည်။ သူက လေဟာနယ်မဟာလမ်းစဥ််အား အသုံးပြုကာ ချိပ်ပိတ်လိုက်ပြီး မြို့ထဲက မည်သူ့ကိုမှ မြို့ပြင်ထွက်ခွင့်မပြုတော့ပေ။
လေးမျက်နှာမြို့ တည်ထောင်ပြီး တစ်နှစ်ကျော်ပြီးနောက် ဤသို့ အဆင့်မြင့်တိုက်ပွဲမျိုး ဖြစ်ပွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားခြင်း မရှိခဲ့ပေ။ ထို့အပြင် နတ်ဘုရားတစ်ပါးကဲ့သို့ တည်ရှိမှုက အမှန်တကယ်ပင် လေးမျက်နှာမြို့အား ချိပ်ပိတ်လိုက်၏။
ပိုမိုများပြားသော လူများ ထွက်ပေါ်လာသည်။ ဖန်းကိုင့်နှင့် ရှီခွေ့လည်း ရောက်ရှိလာ၏။ ဖန်းကိုင့်က ရီဖူရှင်းတို့ဘက်သို့ သွားရင်း ဆယ်ကျော်သက်လေးများကို ပြောလိုက်သည်။ "ငါ့ဘေးကို လာခဲ့။"
ဖန်းချွင့်နှင့် အခြားလူများက ဖန်းကိုင့်၏ ဘေးသို့ လျှောက်လာခဲ့သည်။ ထို့နောက် သူက ကလေးများကို ကာကွယ်ရန် သီးခြားလေဟာနယ်လေးတစ်ခု ဖန်တီးလိုက်သည်။
လေးမျက်နှာမြို့မှ လူများက ၎င်းကို မြင်သည့်အခါ သူတို့က မည်သည်တို့ ဖြစ်နေသည်ကို နားလည်သွားပေသည်။ လေးမျက်နှာကျေးရွာက ပြင်ဆင်ထားပြီးသား ဖြစ်ပုံရလေသည်။
ထို့အပြင် သူတို့က ဤသို့ ကြီးမားသော တိုက်ပွဲကို ပထမဆုံးအကြိမ် ဖြစ်ပွားရသည့် ရည်ရွယ်ချက်မှာ သူတို့က ထိပါး၍ မရနိုင်သော အင်အားစုတစ်ခုအဖြစ် ဂုဏ်သိက္ခာကို တည်ဆောက်ရန် ဖြစ်သည်။ လေးမျက်နှာကျေးရွာမှ လူများသည် အပြင်လောကမှ လာမည့် သူများက မကောင်းသော အစီအစဥ်နှင့် အကြံအစည်များ ရှိသည်ကို သိရှိပေသည်။ ထို့ကြောင့် သူတို့က ဤတိုက်ပွဲကို သုံး၍ သူတို့ကိုယ်သူတို့ တည်ဆောက်ကာ လောကကြီးအား လေးမျက်နှာကျေးရွာအကြောင်း တွေးနေခြင်းမှ ရပ်တန့်သင့်သည်ဟု ကြေညာလိုခြင်း ဖြစ်ပေသည်။
လေးမျက်နှာကျေးရွာက ပြင်ဆင်၍ လာခဲ့ခြင်း ဖြစ်၏။
အင်ပါယာယန်နှင့် လင်းရှောင်နန်းတော်သခင်သည်လည်း ထိုအကြောင်းကို သတိပြုမိပေသည်။ သူတို့က ရီဖူရှင်းနှင့် ရင်ဆိုင်ရန် ရှန်ချင်းနယ်မြေမှ လူများ၏ ဖိတ်ခေါ်ချက်ကြောင့် ရောက်လာခြင်း ဖြစ်သည်။ သူတို့က အသုံးချခံများဖြစ်နေကြောင်း သိခဲ့သည်။
သို့သော် ထိုအကြောင်းကို သိလျက်နှင့်ပင် သူတို့က လာခဲ့သေးသည်။ တစ်ခုတည်းသော အကြောင်းပြချက်မှာ ရီဖူရှင်းက အသတ်ခံရရန် လိုအပ်နေကာ သူတို့က နောက်ထပ် မစောင့်နိုင်ကြတော့သောကြောင့် ဖြစ်သည်။
ရီဖူရှင်း မင်္ဂလာစီတန်းလှည့်လည်သည့် သတို့သားနှင့် သူ့လူများကို သတ်ဖြတ်ခဲ့သည်မှာ သိပ်မကြာသေးသော်လည်း ယခု သူက လေးမျက်နှာကျေးရွာသို့ ဝင်ရောက်ကာ အံ့သြစရာအဆင့်အတန်းကို ရယူထားနိုင်ပေသည်။ ယခု သူက သန်မာအားကောင်းသော ကျောထောက်နောက်ခံ ရှိနေခဲ့ပြီ ဖြစ်သည်။ ကိစ္စများက ဤသို့ ဆက်ဖြစ်နေပါက ရီဖူရှင်း၏ ပါရမီနှင့် အလားအလာကိုပါ ထည့်ပေါင်းလျှင် သူ့အား အနာဂတ်တွင် ရင်ဆိုင်ရန် ပိုမို ခက်ခဲလာရုံသာ ရှိပေလိမ့်မည်။
သူတို့ကြားမှ ရန်ငြိုးအာဃာတများကြောင့် ရီဖူရှင်းသည် လုံလုံလောက်လောက် ကြီးထွားရန် အချိန်ရသည်နှင့် သူက သူတို့အား အလွယ်တကူ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းက သေချာပေါက် လက်စားချေရန် လာရှာလိမ့်မည် ဖြစ်ပေသည်။
ထို့ကြောင့် သူတို့က အသုံးချခံများဖြစ်နေကြောင်း သိလျှင်ပင် လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူတို့က ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည်။ သို့မဟုတ်ပါက သူတို့သည် ရီဖူရှင်းအား သတ်ရန် အခွင့်အရေး မရှိနိုင်ပေ။
"ကျုပ်တို့ လေးမျက်နှာကျေးရွာ အပြင်လောကကို ဝင်ရောက်ပြီးကတည်းက ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုနဲ့ တွေ့ကြုံရတာ ပထမဆုံးပဲ။ ဒီလိုဆိုမှတော့ ကျုပ်တို့က ဒီနေ့ ဘယ်သူပဲ လှုပ်ရှားလာလာ အားလုံးကို သတ်ပစ်မယ်။ သက်ညှာမှုလုံးဝ ရှိမှာမဟုတ်ဘူး။" အဘိုးမာက အေးစက်သော အသံနှင့် ကျယ်လောင်စွာ ပြောလိုက်သည်။ သတ်ဖြတ်လိုသော အရှိန်အဝါက လေးမျက်နှာမြို့ တစ်ခွင်လုံးကို လွှမ်းခြုံသွားခဲ့သည်။
သူတို့က ယနေ့ စတင်သတ်ဖြတ်ခြင်းမပြုခဲ့လျှင် လေးမျက်နှာကျေးရွာသည် အနာဂတ်၌ ခက်ခဲသောအချိန်များ ဖြစ်ပေါ်လာနိုင်ပေသည်။
***