← Chapters

ပြန်ဆုတ်ခွာခြင်း

Vol. 150 Ch. 2126

ပြန်ဆုတ်ခွာခြင်း

Vol. 150 Ch. 2126

ရီဖူရှင်းက ခေါင်းမော့ကာ ပျံပြေးသွားသူများကို ကြည့်လိုက်သည်။ အချို့မှာ မည်သည့်အခါကမှ မလှုပ်ရှားခဲ့သလို သူတို့၏ အရှိန်အဝါကိုလည်း ဖော်ပြခြင်းမရှိခဲ့ပေ။ သူတို့က လူအုပ်ထဲသို့ ဝင်ပြေးလျှင် မည်သည့်အခါမှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူတို့က လေးမျက်နှာကျေးရွာသို့ လာရောက်ခဲ့လေရာ သူတို့၌ အပြစ်ရှိသည် ထင်ရှား၏။

ဓားများက ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံဝဲနေပြီး မိုင်ရာချီအကွာအဝေးသို့ ခရီးဆက်သွားကြပေသည်။ သူတို့က တခဏအတွင်း ပျောက်ကွယ်သွားသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲတွင် ရစ်ဝဲကာ သူ့ထံမှ တောက်ပသော အလင်းများ ပေါက်ကွဲ ထွက်လာသည်။ သူ့ခန္ဓာကိုယ်က အလင်းအဖြစ် ပြောင်းလဲသွားပုံရလေသည်။ ထို့နောက် သူက အလွန် လျင်မြန်လှသော အရှိန်နှင့် ရှေ့သို့ ရွေ့လျားသွားပုံရသည်။ ထွက်ပြေးသွားသော လူတစ်စုက တစ်ခုခု ခံစားမိလိုက်ပုံရသည်။ သူတို့က ခေါင်းကို နောက်သို့ ပြန်လှည့်လိုက်သည်နှင့် ကြောက်မက်ဖွယ် နတ်ဆိုးအလင်းတစ်ခုက သူတို့ထံ တိုးဝင်လာသည်ကို မြင်လိုက်ရပြီး နောက်တခဏတွင် သူတို့က ပြာမှုန်အဖြစ် ပြောင်းလဲသွားပေသည်။

"သူက အဲဒီလောက် အားကောင်းတာလား။" ဤသည်မှာ လေးမျက်နှာမြို့မှ လူများအတွက် ရီဖူရှင်း လှုပ်ရှားသည်ကို မြင်ရသော ပထမဆုံးအကြိမ် ဖြစ်ပြီး သူတို့ထင်ထားသည်ထက် ပို၍ အစွမ်းထက်ပေသည်။ သူက မဟာလမ်းစဥ် နတ်အလင်းအား ထုတ်လွှတ်လိုက်သည်နှင့် ဤရန်ဟောင်များအားလုံးက အရေးမပါသော ပိုးမွှားများကဲ့သို့ ပြန်ပင်မတိုက်ခိုက်နိုင်ဘဲ သေဆုံးသွားရသည်။

အဆင့်ရှစ်ရန်ဟောင် တစ်ယောက်က ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်လိုက်ကာ လက်ဝါးနှစ်ဖက်အား ရှေ့သို့ တစ်ချိန်တည်း တွန်းလွှတ်လိုက်သည်။ ရုတ်တရက် ရွှေရောင်နတ်ဝင်္ကပါတစ်ခုက သူ့ရှေ့တွင် ပေါ်ပေါက်လာပြီး နှိုင်းယှဥ်၍ မရနိုင်သော အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။ ၎င်းက ရီဖူရှင်းထံသို့ ကြီးစွာသော ဖိအားဖြင့် တိုးဝင်လာသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က ရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။ ထိုနေရာ၌ ဥဒေါင်းနတ်ဘုရား၏ ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာသလို ထင်မှတ်ရသည်။ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသော နတ်အလင်းများက တောက်ပကာ နတ်ဆိုးအငွေ့အသက်များ စွန်းထင်းနေသည်။ မရေတွက်နိုင်သော နတ်အလင်းများက ကျဆင်းလာပြီး နတ်ဝင်္ကပါအား ချက်ချင်း ဖျက်ဆီးပစ်လိုက်ပေသည်။ ထို့နောက် သူက တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။ ထိုလူ၏ မျက်နှာက ဖြူဖျော့သွားကာ သူ၏ ခန္ဓာကိုယ်က အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားတော့သည်။

"အစွမ်းထက်တဲ့ အဆင့်ရှစ်ရန်ဟောင်တစ်ယောက်ကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ်။" လူအများက ပြင်းထန်စွာ တုန်ယင်သွားပေသည်။ ဤသည်က ရီဖူရှင်း၏ စစ်မှန်သော ခွန်အားပေလား။

သူတို့က ဤလူ၌ ကြီးမားသောကံကြမ္မာများ ရှိသည်ဟု ကြားဖူး၏။ သူ ရောက်လာပြီးနောက်ပိုင်း ရွာတွင် အရေးကြီးသော အခန်းဂဏ္ဍ၌ ပါဝင်ခဲ့၏။ နောက်ပိုင်းတွင် သူသည် လေးမျက်နှာကျေးရွာသားတစ်ယောက် ဖြစ်လာကာ မုယုံမိသားစုနေရာအား အစားထိုးဝင်ရောက်နိုင်ခဲ့သည်။

သူ့ကြောင့်ပင် မုယွင်လုံက ရွာမှ ထုတ်ပယ်ခံခဲ့ရသည်။

ရီဖူရှင်းက တပည့်လေးယောက် လက်ခံခဲ့သည်ဟု ကောလာဟလများ ရှိပေသည်။ ထိုတပည့်လေးယောက်လုံးက ရွာ၏ နတ်ဘုရားနည်းစနစ်ကို ဆက်ခံထားသူများ ဖြစ်ကြသည်။ အနာဂတ်တွင် ရွာထဲ၌ သူ၏ အဆင့်အတန်းက ခန့်မှန်း၍ မရအောင် မြင့်မားပေလိမ့်မည်။ ထိုတပည့်လေးယောက်က ရွာ၏ ခေါင်းဆောင်များ ဖြစ်လာသည့်အခါ သူက သူတို့၏ ဆရာအဖြစ် လေးစားခံရပေလိမ့်မည်။

ထိုနေ့သို့ ရောက်ရန်မှာ အလွန် ဝေးကွာနေသေးသော်လည်း သူက ထိုအချိန်အတောအတွင်း ပို၍ပင် အစွမ်းထက်လာနိုင်ပေသည်။

ရီဖူရှင်းက ရှေ့သို့ ဆက်သွားကာ အခြားတစ်ဖက်မှ လူများထံဆက်လိုက်ပေသည်။ သို့သော် သူသည် သူ့အရှေ့ လေဟာနယ်ထဲ၌ အစွမ်းထက် အရှိန်အဝါတစ်ခု ထိုးဖောက်လာသည်ကို မြင်တွေ့ရပေသည်။ ကောင်းကင်၌ လူတစ်စုရပ်နေခဲ့ပြီး အလွန် အစွမ်းသော ကျင့်ကြံခြင်း ရှိကြသည်။ ထိုလူများက ရီဖူရှင်းနှင့်အခြားလူများကို ကူညီပြီး ထွက်ပြေးနေသူများကို ကြားဖြတ်တားဆီးရန် ဝင်ရောက်လှုပ်ရှားခဲ့ပေသည်။

သူ့ရှေ့မှ မြင်ကွင်းက ရီဖူရှင်းအား ရပ်တန့်စေခဲ့သည်။ သူက ရှေ့သို့ ကြည့်လိုက်လျှင် ထိုတန်ခိုးရှင်များက ထွက်ပြေးသည့် သူများကို ဖမ်းဆီးရန် ပိုက်ကွန်သဖွယ် ဖြန့်ကျက်လိုက်သည်ကို မြင်ရပေသည်။ တခဏအတွင်း ထိခတ်သံများ ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြတ်သန်း ပေါ်ပေါက်လာပေသည်။

ထိုထိပ်တိုက်တိုက်ခိုက်ခြင်းက ပြီးသွားရန် သိပ်မကြာခဲ့ပေ။ ထွက်ပြေးသူများကို ဦးဆောင်သုတ်သင်လိုက်သူက ကျယ်လောင် ရှင်းလင်းစွာ ပြောကြားလိုက်သည်။ "လေးမျက်နှာမြို့ထဲမှာ လိုက်ရှာ။ လေးမျက်နှာကျေးရွာကို ဆန့်ကျင်မယ့် လူ ဘယ်သူမဆို ဖမ်းဆီးလိုက်။ သူတို့ကို နေရာမှာတင် သုတ်သင်လို့ရတယ်။"

ထိုလူ၏ အသံက အေးစက်နေပြီး အားကောင်းသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။ သူက လေးမျက်နှာကျေးရွာနှင့် ထပ်တူခံစားနေရသလို ပြုမူနေရာ ထိုလူက ရွာသားတစ်ယောက်ပေလားဟု ရီဖူရှင်းအား သိချင်စိတ်ဖြစ်မိပေသည်။ သို့သော် သူက ယခုနှစ်များအတွင်း လေးမျက်နှာကျေးရွာ၌ ကျင့်ကြံနေခဲ့ရာ သူသည် ထိုလူကို မသိကြောင်းသေချာပေသည်။ ထို့ကြောင့် ထိုလူက ရွာမှ တန်ခိုးရှင်တစ်ယောက် မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် လူအနည်းငယ်က လေဟာနယ်အတွင်း လျှောက်လာပြီး ရီဖူရှင်း ဘေးသို့ ရောက်လာခဲ့သည်။ သူတို့က သူ့နောက်မှ ရီဖူရှင်းနှင့် ဖန်းကိုင့်တို့အား အရိုအသေပေးလိုက်ကြသည်။ "ချင်းယန်ကုန်းမြေ ကျန်းမိသားစုကပါ။ အခု ကျုပ်တို့က လေးမျက်နှာမြို့မှာ ကျင့်ကြံပြီး လမ်းစဥ်ရှာဖွေဖို့ လာခဲ့ကြတာ။ ကျုပ်တို့တွေက ခင်ဗျားတို့ကို အကျိုးဖြစ်စေမယ်လို့ ကတိပြုပါတယ်။"

ရီဖူရှင်းက အရာအားလုံးကို ချက်ချင်း နားလည်သွားပေသည်။ ထိုလူက အပြင်ဘက်လောကမှ တန်ခိုးရှင်တစ်ယောက်ဖြစ်ပြီး လေးမျက်နှာကျေးရွာနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ချင်နေသူ ဖြစ်ရပေမည်။

ထိုအကြောင်းရင်း အတွက်ကြောင့် သူက ဤတစ်ကြိမ်၌ လေးမျက်နှာကျေးရွာကို ဆန့်ကျင်လာသူများအား တွေဝေခြင်းမရှိ ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။ ထိုလူများက အခြားသော အင်အားစုများမှ အစွမ်းထက်သူများ ဖြစ်နိုင်သည်။ သူတို့က လုပ်ဆောင်ခဲ့သည့် လုပ်ရပ်အရ ကျန်းမိသားစုသည် ပစ်မှတ်ထားခံရပေတော့မည်။

ကြည့်ရသည်မှာ သူတို့က ရွာနှင့် မိတ်ဆွေကောင်းဖြစ်ရန် ဤအခွင့်အရေးကို ရယူလိုပုံပေါ်သည်။

"ဒီလိုဆိုရင် ကျုပ်တို့က ခင်ဗျားအပေါ် အကြွေးတင်သွားမိပြီ။" ဖန်းကိုင့်က ခေါင်းညိတ်လိုက်ပြီး သူတို့၏ အပြုအမူကို မငြင်းဆန်ခဲ့ပေ။ သူသည် ယခင်က လေးမျက်နှာကျေးရွာမှနေ၍ မည်သည့်အခါကမှ ထွက်ခွာမသွားဖူးသော်လည်း သူသည် စာအုပ်အများကြီး ဖတ်ဖူးလေရာ အပြင်လောကမှ ကိစ္စများကို သေချာ သိရှိပေသည်။ သူက ရွာအတွင်းမှ လူတွေထက် အများကြီး သိရှိထားပေသည်။ ပို၍ အရေးကြီးသည်မှာ သူက အလွန် ပါးနပ်ပြီး အဘိုးမာနှင့် ရီဖူရှင်းအပေါ် သူ့ဆက်ဆံမှုကို ကြည့်ကာ ပြောနိုင်သည်။

ထို့ကြောင့် ဖန်းကိုင့်က တစ်ဖက်လူ၏ ရည်ရွယ်ချက်အား နားလည်ပေသည်။

ယခု လေးမျက်နှာကျေးရွာသည် ကျင့်ကြံခြင်းအင်အားစုတစ်ခုအဖြစ် တရားဝင်ပေါ်ထွက်လာပြီးနောက် လောကအပြင်ဘက်၌ ပထမဆုံးဖြစ်ပွားသည့် တိုက်ပွဲဖြစ်ပေသည်။ လေးမျက်နှာမြို့က လေးမျက်နှာကျေးရွာအနီး တည်ဆောက်ထားသည့်အတွက်ကြောင့် လေးမျက်နှာကျေးရွာ၏ နယ်မြေနှင့် ပေါင်းစည်းရန်မှာ အလွန် သဘာဝကျပေသည်။ သို့ဆိုလျှင် အရာအားလုံးက ကံကြမ္မာအလိုအတိုင်းပင် ဖြစ်သည်။

လေးမျက်နှာကျေးရွာက လောက၏ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်လျှင် ၎င်းက ဖွံ့ဖြိုးတိုးတက်ပြီး အပြင်ဘက်လောကမှ တန်ခိုးရှင်များကို လေးမျက်နှာကျေးရွာ၌ ကျင့်ကြံရန် စုဆောင်းကာ မြို့အား အထောက်အပံ့ ဖြစ်စေနိုင်သည်။ ၎င်းသည်လည်း ရွာက တိုးတက်လာသည့်အခါ မည်သည့် အခွင့်အရေးမှ လွဲချော်မသွားစေရန် လေးမျက်နှာမြို့၏ ထိန်းချုပ်မှုကို ရရန် လိုအပ်ပေသည်။

ချင်းယန်ကုန်းမြေအတွင်းမှ ကျန်းမိသားစုသည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေကို အုပ်စိုးသော အကြွင်းမဲ့အုပ်ချုပ်သူ အစွမ်းထက်မိသားစု ဖြစ်ပေသည်။ သို့သော် သူတို့က သူတို့ရောက်ရှိနိုင်သော အမြင့်ဆုံးသို့ တက်လှမ်းခဲ့ပြီး ဖြစ်ကာ ပို၍ ကြီးမားသော အင်အားစုတစ်ခုခုနှင့် မချိတ်ဆက်ပါက ထို့ထက်ပို၍ တိုးတက်ရန် ခက်ခဲနိုင်ပေသည်။

သို့ပေမယ့် ရှန်ချင်းနယ်မြေ၏ အဆင့်မြင့်ကောင်းကင်ကိုးလွှာအတွင်း အားလုံးသော အင်အားစုများက တည်ထောင်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ကျန်းမိသားစုက ကုန်းမြေတစ်ခုပေါ်ရှိ ပထမတန်းစား အင်အားစုတစ်ခုဖြစ်သော်လည်း အဆင့်မြင့်ကောင်းကင်ကိုးလွှာ၏ စံနှုန်းအရ သူတို့က စစ်မှန်သော ထိပ်သီးအင်အားစုတစ်ခုတော့ ဟုတ်မနေပေ။ အဆင့်တူသော အခြားအင်အားစုများစွာတွင် အချို့က သူတို့ထက်ပို၍ အားကောင်းပေသည်။ ထိုအခြေအနေ၌ သူတို့အတွက် ခြေကုပ်ယူရန် မခက်ခဲသော်လည်း ရှေ့ဆက်လှမ်းရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူတို့က အခွင့်အရေး ရှာရန် လိုအပ်ခဲ့သည်။

လေးမျက်နှာကျေးရွာ၌ ဖြစ်ပျက်ခဲ့သမျှကို သိရှိပြီးနောက် ရှန်ချင်းနယ်မြေမှ မရေတွက်နိုင်သော လူများသည် ပြောင်းရွှေ့နေထိုင်ကာ မြို့ကို တည်ထောင်ခဲ့ကြသည်။ ကျန်းမိသားစုခေါင်းဆောင်သည် ဤသည်မှာ သူစောင့်ဆိုင်းနေသော အခွင့်အရေးဖြစ်ကြောင်း သိရှိပြီး သူတို့က အလွဲချော်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့သည် ချင်းယန်ကုန်းမြေ၌ သူတို့ တည်ဆောက်ထားသမျှကို စွန့်ပစ်ကာ ဤနေရာသို့ တစ်မိသားစုလုံး ပြောင်းရွှေ့လာခဲ့ပေသည်။ သူတို့သည် လေးမျက်နှာမြို့သို့ ပထမဆုံးရောက်ရှိလာသည့် အင်အားစုတစ်ခုဖြစ်ပြီး လေးမျက်နှာမြို့အား တည်ထောင်ကာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သည့် လုပ်ငန်းစဥ်၌လည်း ပါဝင်ခဲ့သည်။ သူတို့၏ အားကောင်းသော မိသားစုနောက်ခံစွမ်းအားနှင့် သူတို့သည် လေးမျက်နှာမြို့အတွင်း ထိန်းချုပ်နိုင်စွမ်းကို ရရှိခဲ့ပြီး ဖြစ်သည်။

ဤတစ်ကြိမ်၌ နောက်ဆုံးတွင် သူတို့က အခွင့်အရေးတစ်ခု ဖမ်းမိခဲ့ပြီ ဖြစ်သည်။ ယနေ့သည် တစ်သက်မှာ တစ်ကြိမ်သာရသည့် အခွင့်အရေးပင် ဖြစ်သည်။ ထို့ကြောင့် သူက ဆုံးဖြတ်ချက်ပြတ်သားစွာနှင့် လေးမျက်နှာမြို့အတွင်းမှ ထွက်ပြေးတိမ်းရှောင်သူများကို ရှာဖွေရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ လေးမျက်နှာမြို့သည် လေးမျက်နှာကျေးရွာ၏ ကောင်းသော ဘက်၌ ရပ်တည်ချင်ပေသည်။

နောက်ပိုင်းဖြစ်လာသမျှ ကိစ္စများမှာ ကံတရားပေါ်တွင်သာ မူတည်လိမ့်မည်။

လူသားများက စီစဥ်သော်လည်း ကောင်းကင်က ဆုံးဖြတ်သည်။

ဘုန်း...

ထိုအခိုက်အတန့်တွင် ကောင်းကင်မှ ထိတ်လန့်တုန်လှုပ်ဖွယ် ထိခတ်သံများကို ကြားလိုက်ရပြီး လေးမျက်နှာမြို့က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ရီဖူရှင်းက ခေါင်းကိုမော့ကာ အသံလာရာသို့ ကြည့်လိုက်သည့်အခါ အင်ပါယာယန်က လေဟာနယ်ချုပ်နှောင်ခြင်းမှ ဖောက်ထွက်လာခြင်းဖြစ်ကြောင်း မြင်လိုက်ရသည်။ ပြင်းထန်သော နတ်အလင်းများက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး

ရီဖူရှင်းသည် ထိုတောက်ပမှုတို့ အလယ်၌ နတ်စွမ်းအားတစ်ခု ရှိနေကြောင်း ခံစားမိပေသည်။

"နတ်ရတနာ။" ရီဖူရှင်းက တိုးသက်စွာ ရေရွတ်လိုက်သည်။

အဓိကအင်အားစုများမှ လူများတွင် နတ်ရတနာများ ပိုင်ဆိုင်ထားကြပြီး သူတို့၏ နောက်ဆုံးအသက်ကယ်မှုအတွက် အသုံးပြုကြသည်။ ဆေးအင်ပါယာတွင် စောင့်ကြည့်မျှော်စင်ရှိပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစုသည်လည်း အလွန် ရှေးကျသော တော်ဝင်အင်အားစုဖြစ်လေရာ သူတို့ထံ၌ အဖိုးမဖြတ်နိုင်သော ရတနာအချို့ ရှိနိုင်ပေသည်။ သို့သော် အင်ပါယာယန်က တုန်းဟွာအခမ်းအနားကို ယူဆောင်မလာခဲ့ပေ။ သူသည် အခမ်းအနားကျင်းပရာ၌ ထိုသို့သော စစ်ပွဲမျိုး ဖြစ်ပွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သို့သော် ဤတစ်ကြိမ်က ကွာခြားပေသည်။ သူက ဤခရီးမှ အန္တရာယ်ရှိသော အလားအလာကို ခံစားမိသည့်အတွက် ပြင်ဆင်လာခြင်း ဖြစ်သည်။ မမျှော်လင့်သော အခြေအနေအား ရှောင်ရှားရန် သူသည် ဤတစ်ကြိမ်၌ နတ်ရတနာကို ယူဆောင်လာခဲ့သောကြောင့် လေဟာနယ်ချုပ်နှောင်ခြင်းစွမ်းအားကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် တိုက်ပွဲက ရပ်တန့်မည့်ပုံမပေါ်ပေ။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် နတ်အလင်းတို့ တိုက်မိသွားပြီး လေးမျက်နှာမြို့ အတွင်းမှ လူတိုင်းသည် ကောင်းကင်နှင့် မြေကြီးက ပြိုကျတော့မလို ထင်မှတ်ရပေသည်။ ၎င်းက ရိုးရှင်းသော ပုံရိပ်ယောင်တစ်ခု မဟုတ်ခဲ့ပေ။ ကောင်းကင်နှင့် မြေကြီးသည် ထိုကြောက်မက်ဖွယ် တိုက်ပွဲကြောင့် ဖျက်ဆီးခံရတော့မလို ထင်မှတ်ရပေသည်။

"အဘိုးမာက နတ်ရတနာရဲ့ အကူအညီရှိတဲ့ အင်ပါယာယန်ကိုတောင် ပြန် တိုက်ခိုက်နိုင်ပြီး မရှုံးသွားဘူးပဲ။" ရီဖူရှင်းက အံ့အားသင့်သွားခဲ့သည်။ သို့သော် ထိုနတ်ရတနာက စောင့်ကြည့်မျှော်စင်ထက် အစွမ်းထက်လိမ့်မည် မဟုတ်ပေ။ ဆေးအင်ပါယာနှင့် စောင့်ကြည့်မျှော်စင်က တစ်သားတည်း ဖြစ်နေခဲ့ပြီး ဖြစ်သည်။

ဖျက်ဆီးခြင်းမုန်တိုင်းက ထိုနေရာတစ်ဝိုက်လုံးကို လွှမ်းခြုံထားခဲ့သည်။ ၎င်းသည် ပြင်းထန်သော ဖိနှိပ်ခြင်းစွမ်းအားများကို ထုတ်လွှတ်နေသည်။ ကြည့်ရသည်မှာ ကောင်းကင်က ပြိုကျတော့မလိုပင်။ ဤအဆင့် စစ်ပွဲမျိုးက ထိတ်လန့်ဖွယ်ပင် ဖြစ်သည်။ လေးမျက်နှာမြို့အတွင်း၌ တိုက်ပွဲဖြစ်ခဲ့လျှင် မြို့က သေချာပေါက် ပျက်စီးခြင်း ဆိုက်ရောက်ပေလိမ့်မည်။

သူတို့က အလွန်ဝေးကွာသော နေရာ၌ ရှိနေလျှင်ပင် လူတိုင်းသည် မွန်းကြပ်ဖွယ်ဖိအားကို ခံစားမိနိုင်ပေသည်။

"ချိုးဖျက်စမ်း..." ကောင်းကင်ထက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး နဂါးဟိန်းသံလည်း လိုက်ပါလာသည်။ ခရမ်းရွှေရောင်နတ်အလင်းများက ကောင်းကင်ကို ထိုးဖောက်ကာ ဤနေရာအား ပိတ်ဆို့ထားသည့် လေဟာနယ်စွမ်းအားကို ချိုးဖျက်၍ ချိပ်ပိတ်စွမ်းအားများကို ဖျက်ဆီးပစ်လိုက်သည်။

"ပြန်ဆုတ်။" အင်ပါယာယန်သည် လင်းယွင်ကျီအား တိုက်ပွဲမှခွာ၍ သူ့နောက်လိုက်ရန် သတိပေးလိုက်သည်။ သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးကြား၌ အလင်းတန်းနှစ်ခုက ပျောက်ကွယ်သွားပြီး လေးမျက်နှာမြို့ကို အပျက်အစီးများနှင့် ချန်ရစ်ခဲ့တော့သည်။

***

All Chapters