← Chapters

အပိုင်း ၉၆၅-၉၆၈

Vol. 49 Ch. 965-968

အပိုင်း ၉၆၅-၉၆၈

Vol. 49 Ch. 965-968

အပိုင်း ( ၉၆၅ )

သန်မာလွန်းတဲ့ သူ့ကို လူသားလို့ ဘယ်လို ခေါ်ရဲမလဲ။

လူကာ၏ အရှိန်သည် လွန်စွာ လျင်မြန်ပြီး အရိပ်သည်ပင် နောက်တွင် ကျန်ရစ်ခဲ့သည် ။

" စီးရီးယပ်လုပ်ကြံသတ်ဖြတ်ရေး အင်အားစု အဖွဲ့ဝင်တွေက မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူတို့ရဲ့ အရှိန်က အရမ်းမြန်တယ်။ ငါသာဆိုရင် သူတို့ကို ခုခံဖို့ ခက်မှာပဲ။ ”

လျုံဖုန်းဟိုင်သည် အဋ္ဌဂံလှောင်အိမ်အပြင်ဘက်တွင် ရပ်ကာ လေးနက်သောအမူအရာဖြင့် ပွဲကိုကြည့်နေသည်။

သူ၏ ဘေးနားရှိ အခြားလူများသည်လည်း ခေါင်းညိတ် သဘောတူကြလေသည်။

လူကာသည် စီးရီးယပ်လုပ်ကြံသတ်ဖြတ်ရေး အင်အားစု၏ အဖွဲ့ဝင်များကြားတွင် အထူး မျက်စိကျစရာမဟုတ်သော်လည်း သူတိုက်ခိုက်နေသည့် အခိုက်အတန့်တွင် အံ့အားသင့်ဖွယ် အရှိန်ကိုပြသခဲ့ပြီး လူတိုင်းသည် ပြောစရာစကားပျောက်ဆုံးသွားကြလေသည်။

ကိုယ်ခံပညာလောကတွင် အရှိန်တစ်ခုသာလျှင် အခြားသူများက ချိုးဖျက်၍မရနိုင်သော အရာဖြစ်သည်။

လူတစ်ယောက်၏ အရှိန်သည် သတ်မှတ်ထားတဲ့ အဆင့်ကို ရောက်သောအခါ မည်သူမျှမှ မခံနိုင်ကြတော့ပေ။

ထို့အပြင် သူသည် ယဲ့ဖန်နှင့် လွန်စွာ နီးကပ်လာသည်။

မျက်စိတစ်မှိတ်အတွင်းတွင် ယဲ့ဖန်၏ ရှေ့၌ ပေါ်လာပြီး ယဲ့ဖန်၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။

ချန်းဖေးအယ် အသက်ရှူပင် ရပ်မတတ် ဖြစ်သွားပြီး အလွန်ပင် စိုးရိမ်နေသည်။

အကယ်၍ သူမသာဆိုလျှင် ဤထိုးကြိတ်မှုကို တားဆီးရန် ခက်ခဲလိမ့်မည် ။

စီးရီးယပ်လုပ်ကြံသတ်ဖြတ်ရေး အင်အားစုသည် သူတို့၏ နာမည်ဂုဏ်သတင်းအတိုင်း အမှန်တကယ် ရပ်တည်နေလေသည်။

အားလုံးသည် ယဲ့ဖန်ကို စိတ်ပူနေကြသော်လည်း သူ၏ နှလုံးသားသည် ရေကဲ့သို့ တည်ငြိမ်နေသည်။

လူကာသည် အခြားသူများအတွက် လျင်မြန်သည်ဟု ထင်ရသော်လည်း ယဲ့ဖန်၏ မျက်လုံးထဲတွင် လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးနေသည်။

ထိုက်ကျီကစားနေသော အသက် ၈၀အရွယ် အဘိုးအိုတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။

သူ၏ မျက်လုံးထဲတွင် ဟာကွက်များ ပေါ်လာသည်။

သူသည် ပေါ့ပါးစွာဖြင့် ခြေတစ်လှမ်း ဆုတ်လိုက်ကာ ပြင်းထန်သော လက်သီးထိုးချက်များကို ရှောင်လိုက်သည်။

ထို့နောက် ညာလက်လက်ကို ဆန့်ကာ တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

ညင်သာစွာ ဆွဲလိုက်ပြီး ညာခြေကို ဆန့်ထုတ်ကာ ခြေဖဝါးအောက်တွင် ညင်သာစွာ ချိတ်လိုက်သည်။

လူကာ၏ အရှိန်သည် ပြင်းထန်လွန်းသောကြောင့် ယဲ့ဖန်၏ ရိုက်ခြင်းကိုခံလိုက်ရကာ သူ၏ ခန္ဓာကိုယ်သည် ပျံတက်သွားပြီး အဋ္ဌဂံပုံလှောင်အိမ်ထဲသို့ ပြင်းထန်စွာ ကျသွားသည်။

ယဲ့ဖန်သည် မည်သို့မျှ မခံစားရသော်လည်း တခြားသူများ၏ အမြင်တွင် သူ၏ အရှိန်သည် ပျံသန်းသွားသကဲ့သို့ လွန်စွာ မြန်နေသည်။

သူတို့သည် လူကာ၏ လက်သီးထိုးချက်ကိုသာ မြင်လိုကိကြပြီး ယဲ့ဖန် မည်သို့ တိုက်ခိုက်ခဲ့သည်ကို မသိကြသော်လည်း လူကာသည် အမြောက်ဆံကဲ့သို့ လွင့်ထွက်သွားလေသည်။

သက်ရောက်မှုသည် အလွန်ပင် ပြင်းထန်လှသည်။

လူကာသည် မြေပြင်မှ မထမီ အကြိမ်အနည်းငယ် ကြိုးစားခဲ့ရသည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး အချိန်တိုအတွင်း သူ၏ တိုက်ခိုက်ရေးအား သည် ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ပေ။

ဤမြင်ကွင်းကို မြင်ရသူများသည် ထိတ်လန့်သွားကြသည်။

စီးရီးယပ်လုပ်ကြံသတ်ဖြတ်ရေး အင်အားစုမှ အဖွဲ့ဝင်များသည် ကြောက်ရွံ့သော မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

လူကာ၏ တိုက်ခိုက်ရေးနည်းစနစ်သည် သူတို့ကြားတွင် အပြင်းထန်ဆုံးမဟုတ်သော်လည်း သူသည် အညံ့ဆုံးတော့ မဟုတ်ပေ။

သူ၏ ကြံ့ခိုင်မှုသည် အနည်းဆုံး ထိပ်တန်းငါးယောက်မြောက်ဟု အဆင့်သတ်မှတ်ခံရနိုင်သည်။

' အငြိမ်းစား စစ်သည်များ ' ဟု အမည်ရသော သူများနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင်ပင် အလွယ်တကူ ရင်ဆိုင်နိုင်သူဖြစ်သည်။

သို့သော် ယဲ့ဖန်၏ လက်ထဲတွင် သူသည် တစ်ချီတောင် မပြီးနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။

သူတို့အား ပို၍ ထိတ်လန့်စေခဲ့သည်မှာ ယဲ့ဖန်သည် မည်သို့ လက်တုံ့ပြန်လိုက်သည်ကိုတောင် မမြင်လိုက်ရခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူတို့၏ အမြင်အာရုံများ မှုန်ဝါးသွားသည်ကို ခံစားလိုက်ရပြီး လူကာသည် လွင့်ထွက်သွားခဲ့သည်။

ဒါက ဘာကို ဆိုလိုတာလဲ။

ဆိုလိုသည်မှာ အခု အဖြစ်အပျက်သာ တကယ့်စစ်မြေပြင်ဖြစ်ခဲ့လျှင် လူကာသည် ဒဏ်ရာရခြင်း သိုမဟုတ် သေဆုံးနေပြီလို့ ယူဆလို့ရသည်။

ဒါက အရမ်းကြောက်စရာကောင်းတယ်။

အဋ္ဌဂံလှောင်အိမ်အပြင်ဘက်ရှိ လူများသည်လည်း ထပ်တူထပ်မျှ တုန်လှုပ်သွားကြသည်။

သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အလွန်အားကောင်းကြသည်။

ယခုပင် သူတို့အားလုံးသည် လူကာ၏ နေရာတွင် သူတို့သာ ဖြစ်မည်ဆိုလျှင် ဤတိုက်ခိုက်မှုကို မည်သို့ ခုခံရမည်ကို တွေးတောနေကြလေပြီ။

သို့သော်လည်း သူတို့၏ အနည်းဆုံး တစ်ဝက်ခန့်မှာ မည်သို့ ဖြေရှင်းရမည်ကို မတွေးနိုင်ကြဘဲ တစ်ဖက်သူ၏ လှုပ်ရှားမှုတစ်ခုတွင် အသတ်ခံရဖွယ်ရှိနေကြောင်း သိခဲ့ကြလေသည်။

ကျန်သော တစ်ဝက်လောက်သည် ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း သူတို့အတွက် မလွယ်ကူလှပေ။

သို့သော် ယဲ့ဖန်ပြသခဲ့သည့် နည်းလမ်းသည် သူတို့၏ စိတ်ကူးများကို လုံးဝပြောင်းသွားစေသည်။

အမှန်ဆိုလျှင် လူအများစုသည် သူ မည်သို့ တိုက်ခိုက်ခဲ့သည်ကို မမြင်ကြပေ။

" ရှင်းရှင်းလင်းလင်းမြင်လိုက်လား။ လူကြီးမင်းယဲ့က ဘယ်လိုလုပ်လိုက်တာလဲ။ လူကာက ဘာလို့ရုတ်တရက် လွင့်ထွက်သွားတာလဲ။

“ လူကြီးမင်းယဲ့ နောက်ကို ခြေလှမ်းလှမ်းလိုက်တာကိုပဲ မြင်လိုက်တယ်။ ကျန်တာတော့ ရှင်းရှင်းလင်းလင်း မမြင်လိုက်ဘူး။ ”

“ အရမ်းမြန်တယ်။ သူ့လှုပ်ရှားမှုတွေက မြန်လွန်းတယ်။ အဲဒါကို ဖမ်းဖို့ မြန်နှုန်းမြင့် ကင်မရာကို သုံးမှပဲ ရမယ်။ ”

“ လူကြီးမင်းယဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဒီလောက်ပြင်းထန်မယ်လို့ မမျှော်လင့်ထားဘူး။ စီးရီးယပ်လုပ်ကြံသတ်ဖြတ်ရေး အင်အားစုက လူတိုင်းကို စိန်ခေါ်ရဲတာမှာ အံ့သြစရာတော့ မဟုတ်ဘူးပဲ။"

“ အစက သူရူးနေတယ်ထင်တာ။ သူက တကယ်ကို မာနကြီးတယ်ပေါ့။ အခုတော့ ငါ့စိတ်ထဲမှာ တစ်ဖက်ကို သနားတယ်လို့ ခံစားနေရပြီ။”

“ သူ့ရဲ့ လက်ဖြောင့်စွမ်းရည်၊ ထောက်လှမ်းစွမ်းရည်နဲ့ တိုက်ခိုက်မှု စွမ်းရည်တွေက အရမ်းပြင်းထန်လို့ ဆံပင်တွေတောင် ထောင်ခဲ့ရတာ။ ဒီလောက်အထိ အရမ်းသန်မာနေတာ သူ့ကို လူသားလို့တောင် ခေါ်နိုင်ပါဦးမလား “

“ ဒူးထောက်ခစားပြီးသာ ဆက်ကြည့်ချင်တော့တယ်…”

ယဲ့ဖန်၏ ရိုးရှင်းသော လုပ်ဆောင်ချက်သည် လူတိုင်းအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိခဲ့သည်။

သူတို့၏ အတွေးများကိုပင် ပြောင်းပြန်လှန်ပစ်လိုက်လေသည်။

သူ၏ လှုပ်ရှားမှုများသည် သူတို့ တွေးကြည့်နိုင်သည့် အတိုင်းအတာထက် အလွန်ပင် ကျော်လွန်နေလေသည်။

လျုံဖုန်းဟိုင်သည် ထိတ်လန့်တုန်လှုပ်ရာမှ အသိစိတ်ပြန်ဝင်လာပြီး မြန်နှုန်းမြင့်ကင်မရာများကို တပ်ဆင်ရန် သူ၏ လက်အောက်ငယ်သားများအား အမိန့်ပေးသည်။

သူသည် သတိလက်လွတ်ဖြစ်ကာ ဤပွဲကို ရိုက်ကူးရန် မေ့သွားခဲ့သည်။

ဤအရာအတွက် သူ့အား အပြစ်တင်၍ မရပေ။

သာမန်မျက်စိဖြင့် ဖမ်းမမိနိုင်အောင် လျင်မြန်လွန်းသည့် လူတစ်ယောက်ရှိမည်ဟု မည်သူထင်မည်နည်း။

ချန်းဖေးအယ်သည်လည်း လှောင်အိမ်ထဲမှ ယဲ့ဖန် ကို ကြက်သေသေကာ ကြည့်နေသည်။

ခဏတာမျှ သူမ၏ ဦးနှောက်သည် အလုပ်မလုပ်တော့ချေ။

ယဲ့ဖန်နှင့် တိုက်ခိုက်ခဲ့ဖူးသည်ကြောင့် သူ၏ ခွန်အားကို ကောင်းကောင်းနားလည်သည်ဟု သူမထင်ခဲ့မိသည်။

သို့သော် ယခုပင် သူမသည် သူ့ကို နားမလည်နိုင်ခဲ့သည်ကို သိလိုက်ရသည်။

ဘယ်တုန်းကမှ နားမလည်ခဲ့ပေ

ထိုကောင်လေးက ရေခဲတောင်လိုပင်ဖြစ်သည်။

သူနှင့် ပတ်သက်သော အရာအားလုံးကို နားလည်သည်ဟု သူမထင်တိုင်း၊ သူသည် အမြဲတမ်းပင် အပိုအပိုင်းများကို ပြသကာ နားလည်မှုကို ဖျက်ပစ်လိုက်တတ်သည်။

ယခုပင် သူမ မြင်လိုက်သောအရာမှာ ရေခဲတောင်၏ အစွန်အဖျားသာ ဖြစ်နိုင်သည် ။

စူးစမ်းချင်စိတ်ကို နှိုးဆွပေးနေလေသည်။

" ဟမ်၊ ရှင့်ဆီမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်များ ဝှက်ထားလဲ ကျွန်မ သိချင်မိတယ် "

အပိုင်း ( ၉၆၆ )

ဒီဘော့စ်က အရမ်း သန်မာတယ်။

လျုံဖုန်းဟိုင်သည် စွမ်းအားမြင့် ကင်မရာတစ်လုံးကို အမြန်ယူဆောင်လာပြီး အဋ္ဌဂံလှောင်အိမ်၏ လမ်းကြောင်း ရှစ်ခုတွင် တစ်ခုစီတပ်ဆင်ရန်နှင့် လမ်းကြောင်းအမျိုးမျိုးမှ လှုပ်ရှားမှုများကို ဖမ်းယူရန် တစ်စုံတစ်ဦးအား ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အာသာနှင့် အခြားသူများသည် တုန်လှုပ်ချောက်ချားမှုမှ အသိစိတ် ပြန်ဝင်လာခဲ့သည်။

သူတို့သည် ရှုပ်ထွေးနေသည့် မျက်နှာအမူအရာများဖြင့် ယဲ့ဖန်ကို ကြည့်ကြသည်။

“ မင်းရဲ့ ခွန်အားကို လျှော့တွက်မိတာ ငါ ဝန်ခံပါတယ်။ လေးစားမှုကိုပြဖို့ ငါတို့ အတူတူ တိုက်ခိုက်မယ် ”

အာသာသည် စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ ဂုဏ်ကျမည်ကို စိုးရိမ်ကာ ယဲ့ဖန်အား လူအင်အားအများအပြားဖြင့် အနိုင်ကျင့်လိုခြင်း မရှိခဲ့ပေ။

ယခုမူ သူတို့သည် လူအင်အားဖြင့် အနိုင်ကျင့်ခြင်းမပြုပါက အနိုင်ရရန် အခွင့်အလမ်း လုံးဝမရှိကြောင်းကို တွေ့ရှိခဲ့သည်။

ထို့ကြောင့် သူတို့သည် မာနကို လျှော့ချကာ သူတို့၏ရှေ့တွင် ရှိနေသော အင်အားကြီးသည့် ပြိုင်ဘက်ကို ပြန်လည် အကဲဖြတ်နေကြသည်။

ယဲ့ဖန်သည် နှုတ်ခမ်းမဲ့လိုက်သည်။

" အစကတည်းက ဒီလိုဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ လူတိုင်းရဲ့ အချိန်ကို မဖြုန်းချင်ဘူး။”

အာသာသည် သူ့ကို လေးနက်စွာ ကြည့်နေသည် ။

“ ဒါပေမယ့် မင်းကို ငါတို့ ခုနစ်ယောက်က ဝိုင်းပြီး တိုက်ခိုက်တာက တကယ့်ကို မတရားတဲ့ ပွဲပဲ။ မင်းသင့်တော်တဲ့လက်နက်ကို ရှာနိုင်တယ်… ”

သူ၏ စကားမဆုံးခင် ယဲ့ဖန်သည် ဝင်ဖြတ်လိုက်သည်။

" မလိုဘူး။ ငါ လက်ဗလာနဲ့ တိုက်ရင်တောင် မင်းတို့ကို နိုင်တယ်"

“ ဒါပေမယ့်… ”

“ ကိစ္စမရှိဘူး။ ငါ အိမ်သာတက်ချင်တာကို အောင့်ထားရတာ။ မြန်မြန်ပွဲပြီးအောင်လုပ်ရအောင်။ ငါ အိမ်သာသွားဖို့ အလျင်လိုနေပြီ။"

“ … ”

ပွဲကြည့်နေသူအားလုံး၏ မျက်နှာများသည် မဲ့သွားကြသည်။

အိမ်သာသွားချင်တာကို အောင့်ထားပြီး တိုက်ခိုက်နေတာလား။

သူ ဒါကို ရယ်စရာ ထင်နေလား။

ဤပွဲမှာ လေးနက်သော PK ပွဲဖြစ်သည်။

သူ ဒီထက် နည်းနည်းလောက်လေး ပိုပြီးအအလေးနက်မထားသင့်ဘူးလား။

" ဒါဆို မင်းကို တိုက်ရတော့မှာပဲ "

အာသာသည် သူ့အား အလေးပြုပြီး တခြားသူများကို ဝှေ့ယမ်းပြလိုက်သည်။

“ လုပ်လိုက်တော့ ”

တခြားသူများသည်လည်း တိုက်ခိုက်ရန် အသင့်ပြင်ထားပြီးသား ဖြစ်နေသည်။

အမိန့်ပေးပြီးနောက် သူတို့သည် ယဲ့ဖန်ကို ချက်ချင်းတိုက်ခိုက်ကြသည်။

နှစ်ဖက်စလုံးမှ တိုက်ခိုက်လာချိန်တွင် ယဲ့ဖန်သည် ကြီးမားသောဖိအားကို ခံစားလိုက်ရသည်။

ရန်သူကို လျှော့တွက်လိုက်မိပုံရသည်။

စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ တစ်ဦးချင်း စွမ်းအားသည် အလွန်အားကောင်းလှသည်။

သူတို့၏ အဖွဲ့လိုက် ဆောင်ရွက်မှုသည် ဤမျှလောက် အပြန်အလှန်နားလည်မှု ရှိနေလိမ့်မည်ဟုလို့ သူ မမျှော်လင့်ထားပေ။

သူတို့သည် တစ်ယောက်ကို တစ်ယောက် ဖွင့်ဟရန် မလိုဘဲနှင့် အပြန်အလှန်နားလည်မှု ရှိနေကြသည်။

သို့ရာတွင် ဤအရာသည် အကျိုးအကြောင်းဆီလျော်လှသည်။

သူတို့သည် ပြင်းထန်သော စမ်းသပ်မှုများစွာကို တွေ့ကြုံခဲ့ရလေသည်။

သူတို၏ ရဲဘော် ဘယ်လောက်များများကို ဆုံးရှုံးခဲ့ရသည်ကို မည်သူသိနိုင်မည်နည်း။

သူတို့တွင် နားလည်မှု မရှိကြလျှင် ယနေ့အချိန်အထိ သူတို့ ရှင်သန်နိုင်မည် မဟုတ်ချေ။

ယဲ့ဖန်သည် လူတစ်ဦး၏ တိုက်ခိုက်မှုကို ရှောင်ရှားခဲ့သော်လည်း တန်ပြန်တိုက်ခိုက်ခြင်းမပြုမီတွင် နောက်လူဆီမှ တိုက်ခိုက်ခံရသည်။

ဤကဲ့သို့ပင် ဤလူခုနစ်ဦး၏ တိတ်တဆိတ်ပူးပေါင်းဆောင်ရွက်မှုအောက်တွင် သူသည် အကြိမ်ကြိမ် ဆုတ်ခွာခဲ့ရပြီး များမကြာမီတွင် အဋ္ဌဂံလှောင်အိမ်၏ အစွန်းသို့ ဆုတ်ခွာသွားရသည်။

ဤမြင်ကွင်းကို ပွဲကြည့်နေသူများ မြင်လိုက်ရသောအခါ သက်ပြင်းများချနေကြသည်။

“ တစ်ယောက်ချင်း တိုက်ကြရင် ဒီလူတွေက လူကြီးမင်းယဲ့ရဲ့ ပြိုင်ဘက်ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် အခုက ခုနစ်ယောက်နဲ့ တစ်ယောက်ဖြစ်နေတော့ တစ်ဖက်မှာ အားသာချက်က အရမ်းကြီးနေတယ်။ ”

" ကျွန်တော် လူကြီးမင်းယဲ့ကို စိတ်ထဲအသည်းထဲကကို သဘောကျပါတယ်။ ဒါပေမယ့် သူရဲ့နည်းဗျူဟာနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုတော့ ရှိနေတာတော့ သိသာတယ်။ "

“ အခြားနည်းလမ်း မရှိဘူး။ ဉာဏ်ကြီးရှင်တွေ အားလုံးမှာ ဒီပြဿနာရှိတယ်။ ကိုယ့်ကိုယ်ကို အရမ်းအယုံအကြည်လွန်ကြတယ်။ ဒါက အနှေးနဲ့အမြန်ဆိုသလို သူတို့ကို ထိခိုက်စေလိမ့်မယ်။ ”

" အာသာ နဲ့ တခြားသူများက သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေကို ကန့်သတ်ပြီး လူကြီးမင်းယဲ့ကို ဆိုးဆိုးရွားရွား မထိခိုက်စေဖို့ပဲ မျှော်လင့်ပါတယ်..."

သူတို့အားလုံးက ဤပွဲကို အဆိုးမြင်နေကြသည်။

ယဲ့ဖန်၏ ယခုလေးတင် ပြသခဲ့သော ပထမစွမ်းရည်ကို အခြေခံပြီး သူတို့အားလုံးကို ချေမှုန်းပစ်နိုင်သည်။

သူတို့ ယုံကြည်ကြသည်။

သို့သော် ပြင်းထန်သောကျားသည် ဝံပုလွေတစ်အုပ်ကိုတော့ မခုခံနိုင်ပေ။

တစ်ယောက်တည်းရှိနေစဉ်တွင် မည်သို့ပင် သန်မာနေပါစေ ထိပ်တန်း ကျွမ်းကျင်သူ ခုနစ်ယောက်ကို အနိုင်ယူနိုင်မည်လား။

အချိန်တစ်ခု ကြာပြီးလျှင် ရှုံးနိမ့်မှုသည် ပေါ်ထွက်လာပေမည်။

ချန်းဖေးအယ်သည်လည်း ကွင်းတွင်း အခြေအနေ သည် အနည်းငယ် စိုးရိမ်ရကြောင်းလည်း မြင်နေသည်။

သူမသည် လျုံဖုန်းဟိုင်ကို အမြန်လှည့်ကြည့်လိုက်သည်။

" ဘာလို့ပွဲကို မရပ်သေးတာလဲ။ ဒီအတိုင်းဆက်သွားရင် ယဲ့ဖန် မတော်တဆဖြစ်မှာကို စိုးရိမ်တယ်။"

လျုံဖုန်းဟိုင်သည် မဲ့ပြုံးပြုံးလိုက်သည်။

“ မင်း လူကြီးမင်းယဲ့ရဲ့ ဒေါသကို မသိတာလဲ မဟုတ်ဘူး။ သူက ရပ်ဖို့ မပြောသေးတာကို အလျင်စလို ရပ်တန့်လိုက်ရင် ဖြစ်လာမယ့်နောက်ဆက်တွဲ အကျိုးဆက်တွေကို ငါရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ”

ချန်းဖေးအယ်သည် ပူနွေးသော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ စိုးရိမ်ပူပန်နေလေသည်။

" အခု ငါတို့ ဘာလုပ်သင့်လဲ "

ယဲ့ဖန်သည် ယခုအခါ အဋ္ဌဂံပုံလှောင်အိမ်၏ အစွန်းတွင် ရောက်နေကာ ထပ်၍ နောက်ဆုတ်ရန်နေရာမရှိပေ။

အခြေအနေသည် အန္တရာယ်များလွန်းသည်။

လျုံဖုန်းဟိုင်သည် မျက်မှောင်ကြုတ်ပြီး ခေတ္တမျှစဉ်းစားလိုက်သည်။

သူသည် ချက်ချင်းပင် ခေါင်းလှည့်လိုက်ပြီး သူ၏ လက်အောက်ငယ်သားတစ်ဦးကို ပြောလိုက်သည်။

“ လူနာတင်ယာဉ်ကို ချက်ချင်းခေါ်လိုက်။ လူကြီးမင်းယဲ့ကို အချိန်မရွေး ကုသဖို့ အဆင်သင့်ဖြစ်နေပါစေ။ ”

သူသည် ယဲ့ဖန် မည်သည့် ထိခိုက်ဒဏ်ရာမှ ရသည်ကို မမြင်ချင်ပေ။

လက်အောက်ငယ်သားသည် ချက်ချင်းပင် ထွက်သွားသည်။

လျုံဖုန်းဟိုင်သည် သူ၏ အကြည့်ကို အဋ္ဌဂံလှောင်အိမ်သို့ ပြန်ပြောင်းလိုက်သည်။

အခုချိန်တွင် သူလုပ်နိုင်သည်ကို အစွမ်းကုန်ကြိုးစားထားပြီး ကံကြမ္မာကိုသာ ပုံအပ်ထားတော့လေသည်။

ဘယ်သူက လူကြီးမင်းယဲ့ကို လူရှစ်ယောက်နဲ့တစ်ယောက် သတ္တိရှိရှိနဲ့ စိန်ခေါ်ဖို့ တောင်းဆိုလိုက်လို့လဲ။

သူက ကိုယ့်ဒုက္ခကိုယ် ရှာလိုက်တာ မဟုတ်လား။

ယဲ့ဖန်၏ လုံခြုံရေးအတွက် လူတိုင်းသည် စိုးရိမ်နေကြကာ တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ယဲ့ဖန်သည် အဋ္ဌမဂံလှောင်အိမ်၏ ထောင့်သို့ အတင်းတွန်းပို့ခံနေရပြီး ထွက်လမ်းမရှိတော့သော်လည်း အာသာနှင့် အခြားသူများသည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ဟူး၊ ဟူး...

သူတို့ ခုနစ်ယောက်သည် ယဲ့ဖန်ကို လက်သီးများဖြင့်ထိုးကာ ကန်လိုက်ကြသည်။

ဤလူများ၏ ခွန်အားသည် တောင်များကို ဖြိုခွဲရန်အတွက်ပင် လုံလောက်လေသည်။

အကယ်၍ အမှန်တကယ် ထိမှန်ခဲ့မည်ဆိုလျှင် ယဲ့ဖန်သည် ပြင်းထန်စွာ ခံရလိမ့်မည် ဖြစ်သည်။

မသေလျှင်တောင် ဒဏ်ရာရသွားနိုင်သည်။

သို့သော်လည်း ဤအရေးကြီးသော အခိုက်အတန့်တွင် သူ၏ လက်နှစ်ချောင်းဖြင့် သူ၏ အနောက်ဘက်ရှိ အဋ္ဌဂံလှောင်အိမ်၏ လွတ်နေသောနေရာကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။

Spidermanကဲ့သို့ပင် သူသည် အလျင်အမြန်တက်ကာ လူတိုင်း၏တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သည်။

အဋ္ဌဂံလှောင်အိမ်ကို နောက်ပြန် ကိုင်ထားရသောကြောင့် သူ၏ လက်များ၊ ခန္ဓာကိုယ်နှင့် ခြေထောက်များသည် ခွန်အားတွေ မစိုက်ထုတ်နိုင်တော့ချေ။

သို့သော် သူသည် ထိုကဲ့သို့ တက်ခဲ့ပြီး အရှိန်သည် အလွန်မြန်ပေသည်။

သူသည် လူသားများ၏ သဘာဝ၊ ရူပဗေဒ၊ ဇီဝဗေဒ နိယာမများကို လုံးဝချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။

အတိုချုပ်ပြောရလျှင် လူတိုင်း၏ နားလည်မှုကို လုံးဝ ချိုးဖျက်ပစ်လိုက်သည်။

သူ ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။

ကြီးမားသော ပင့်ကူတစ်ကောင်ကဲ့သို့ အဋ္ဌဂံပုံလှောင်အိမ်ပေါ်သို့ တက်လာစဉ် လူတိုင်းသည် သူတို့ ၏ ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အထူးသဖြင့် စီးရီးယပ်လုပ်ကြံရေး အင်အားစုအဖွဲ့ဝင်များ၏ စိတ်ထဲ၌ သူတို့သည် လူတစ်ဦးကို တိုက်ခိုက်နေရခြင်းမဟုတ်ဘဲ ဘီလူးတစ်ကောင်အား တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ဒီသူဌေးက အစွမ်းထက်လွန်းတယ်။

လူတိုင်း ကြောင်ကြည့်နေချိန်တွင် ယဲ့ဖန်သည် အဋ္ဌဂံပုံလှောင်အိမ်ပေါ်သို့ နင်းကာ လေပေါ်၌ အကြိမ်အနည်းငယ် ကျွမ်းထိုးပြီး လှပစွာ ဆင်းသက်လာသည်။

မဆိုင်းမတွပင် ညာလက်ဖြင့် ဆန့်တန်းကာ စီးရီးယပ်လုပ်ကြံရေး အင်အားစုအဖွဲ့ဝင်တစ်ဦးကို ဖမ်းကိုင်ကာ မြေပြင်ပေါ်သို့ လှဲချလိုက်သည်။

ဗုန်း

ထိုအဖွဲ့ဝင်သည် လုံးဝ တုံ့ပြန်မှု မရှိတော့ပေ။

ပါးစပ်မှ သွေးများ ထွက်လာကာ မေ့လဲသွားသည်။

သို့သော် ယဲ့ဖန်သည် မရပ်တန့်ဘဲ နှစ်ကြိမ်၊ သုံးကြိမ်၊ ... သူ၏ လှုပ်ရှားမှုများသည် လျှပ်စီးကဲ့သို့လျင်မြန်ပေသည်။

စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ အဖွဲ့ဝင်များ ပြန်၍တုံ့ပြန်တိုက်ခိုက်သောအခါတွင် သူတို့၏ အဖွဲ့ဝင် လေးဦးသည် ရှုံးနိမ့်နေပြီးဖြစ်သည်။

လူကာ အပါအဝင်၊ သူတို့၏ အဖွဲ့ဝင် ထက်ဝက်ကျော်ကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။

ကျန်သုံးဦးသည် လျင်မြန်စွာဆုတ်ခွာကာ ခုခံကာကွယ်ရန် တြိဂံပုံစံဖွဲ့စည်းခဲ့သည်။

ယဲ့ဖန်သည် သူတို့ကို အသက်ရှူရန် အခွင့်မပေးခဲ့ချေ။

ဆက်လက်၍ တိုက်ခိုက်လေသည်။

သုံးယောက်သားသည် ထိန်းထားရန်နှင့် ပြန်လည်ခုခံကြရန် ရုန်းကန်နေကြရသည်။

သူတို့၏ စိတ်ထဲတွင် အဆုံးမရှိစွာဖြင့် ညည်းညူနေကြသည်။

သူတို့သည် ကျားပတ်လည်တွင် ဝံပုလွေများဝန်းရံနေကြကဲ့သို့ ယဲ့ဖန်ကို တိုက်ခိုက်နေကြသည်။

အခြေအနေများ ဤကဲ့သို့ မြန်ဆန်စွာ ပြောင်းလဲမည်ဟု သူတို့ မမျှော်လင့်ထားကြပေ။

လျှပ်စီးလက်သကဲ့သို့ မြန်လွန်းလှသည်...

လျုံဖုန်းဟိုင်နှင့် စင်အောက်ရှိ အခြားသူများလည်း အံ့အားသင့်သွားကြသည်။

သူတို့ထဲမှ တချို့သည် ခေါင်းငုံ့ပြီး စကားပြောနေခဲ့ကြသည်။

သူတို့၏ ခေါင်းကို ပြန်မော့ကြည့်လိုက်သောအခါတွင် ပွဲအခြေအနေသည် ၁၈၀ ဒီဂရီ ပြောင်းပြန်ဖြစ်နေသည်ကို သိလိုက်ရသည်။

အစောပိုင်းတွင် ထောင့်တစ်နေရာသို့ အတင်း တွန်းပို့ခံရခဲ့သော ယဲ့ဖန်သည် ခုခံနေရာမှတိုက်ခိုက်သူ ဖြစ်လာခဲ့သည်။

တစ်ဖက်တွင် စီးရီးယပ်လုပ်ကြံရေး အင်အားစုမှ အဖွဲ့ဝင်လေးဦးသည် ချက်ချင်းပင် ရှုံးနိမ့်ခဲ့ပြီး ကျန်သုံဦးသည် ခုခံနေရလေသည်။

“ ဒါက… ခေါင်းငုံ့လိုက်ရုံနဲ့ တီဗီစီးရီးတစ်ခု လွတ်သွားသလို ခံစားလိုက်ရတာပဲ ဘာကြောင့်လဲ။ "

" ခုနက ဘာဖြစ်သွားတာလဲ။ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘူး အခြေအနေက ပြောင်းပြန်ဖြစ်နေပြီ ”

“ လူကြီးမင်းယဲ့ ပြောင်းပြန်လှန်လိုက်တဲ့ လုပ်ရပ်က ရိုးရှင်းလွန်းလှတယ်။ ငါ့လို လူတောင် လှည့်ဖျားလိုက်ခံရတယ်။”

“…”

အပိုင်း ( ၉၆၇ )

ပွဲစဉ်က ဦးနှောက်ခြောက်စေတယ်

" ဘာဖြစ်သွားတာလဲ လူကြီးမင်းယဲ့က အရမ်းမြန်လွန်းနေတာမဟုတ်ဘူးလား။ မျက်စိတစ်မှိတ်အတွင်းမှာ လူလေးယောက်ကို အနိုင်ယူခဲ့တယ် ”

“ ငါ့တစ်ကိုယ်လုံးမှာ ကြက်သီးတွေ ထနေတာပဲ။ သရဲဇာတ်ကားတစ်ကား ကြည့်လိုက်ရသလိုပဲ "

“ ငါတော့ မခံနိုင်တော့ဘူး။ ခြေထောက်တွေ အားနည်းလာပြီ။ ဒူးထောက်ပြီးသာ ကြည့်ချင်တယ်… ”

ယဲ့ဖန်၏ တုန်လှုပ်ချောက်ချားစရာ ကောင်းသောပွဲကို ပြောင်းပြန်လှန်လိုက်မှုသည် လူတိုင်း စိတ်ကူးနိုင်သည်ထက် လုံးဝပင် ကျော်လွန်သွားခဲ့သည်။

မြင်ကွင်းသည် ချက်ချင်းပင် ပေါက်ကွဲကာ ပေါ်ထွက်လာသည်။

ပွဲကို ဆက်လက်ကြည့်ရန် လူတော်တော်များများသည် မြေပြင်ပေါ်၌ ဒူးထောက်နေခဲ့ကြသည်။

သူတို့၏ နှလုံးသားထဲတွင် ယဲ့ဖန်သည် နတ်ဘုရားတစ်ပါးအဖြစ် တည်ရှိနေပြီဖြစ်သည်။

လျုံဖုန်းဟိုင်သည် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။

" ဒါက ရုပ်ရှင်မဟုတ်တာ သေချာလား။ လူကြီးမင်းယဲ့ရဲ့ လုပ်ရပ်က အရမ်းမိုက်နေတာ မဟုတ်လား…”

ဘယ်လို ဖော်ပြရမည်လဲဆိုတာ သူသည် အမှန်တကယ် မသိတော့ချေ။

အများအားဖြင့် တကယ့်ပွဲတွင် အခြေခံအားဖြင့် လက်သီးဖြင့် ထိုးကြသည်။

ဆန်းကြယ်သော လက်သီးနှင့် ကန်ချက်များ လုံးဝမရှိဘဲ တိုက်ခိုက်ခြင်းကို တွေ့ရရန် အလွန်ပင် အခွင့်အရေး နည်းလှလေသည်။

သို့သော် ယဲ့ဖန်သည် ဤမျှ မိုက်လှသော အပြုအမူကို အမှန်တကယ်ပင် လုပ်နိုင်ခဲ့ပြီး သူ၏ တိုက်ခိုက်မှုသည် ပြင်းထန်လွန်းလှသည်။

ဒါက ပွဲကြီးပွဲကောင်းပဲ။

သူ၏ ဦးနှောက်သည် ထုံကျင်သွားသည် ။

ချန်းဖေးအယ်သည် အံ့အားသင့်နေကာ သူမ၏ နှုတ်ခမ်းများသည် တုန်နေသည်။

ထိုကောင်လေးသည် အခြေအနေဆိုးသို့ ရောက်နေသော်လည်း မိမိုက်နေသည့် ပုံစံကို လုပ်ပြရန်လည်း မမေ့ပေ။

သို့သော် အမှန် ပြောရလျှင် တန်ပြန် တိုက်စစ်သည် တကယ်ပင် မိုက်လွန်းလှသည်။

ထိုအချိန်တွင် သူမ၏ နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ကြောင်း သူမ ဝန်ခံလိုက်ရသည်။

' မဖြစ်သေးဘူး၊ ငါနိုးထရမယ် '

ထိုကောင်လေးသည် အလွန်မိုက်ပြီး သူ၏ ပတ်ဝန်းကျင်တွင် မိန်းကလေးများစွာ ရှိလေသည်။

သူမသည် အမှန်တကယ်ပင် သူ၏ မယားငယ် မဖြစ်ချင်ပေ။

လူတိုင်း အော်ဟစ်နေကြစဉ်တွင် ယဲ့ဖန်သည် အာသာနှင့် အခြား နှစ်ယောက်ကို ထောင့်တစ်နေရာသို့ တွန်းပို့ခဲ့သည်။

သုံးယောက်သားသည် တစ်ယောက်နှင့် တစ်ယောက် တစ်ချက်ကြည့်လိုက်ကြပြီး အံကြိတ်လိုက်ကြသည်။

" သူကို တိုက်ကြမယ် "

သူတို့ သုံးယောက်သည် အပြန်အလှန်နားလည်မှု ရှိနေကြသည်ဟု ဆိုရပေသည်။

အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့နှစ်ဦးသည် သူတို့၏အသက်ကို ဂရုမစိုက်ဘဲ ရှေ့သို့ရုတ်တရက် တွန်းထုတ်ခဲ့သော်လည်း ယဲ့ဖန်၏ လက်သီးနှစ်ချက်ဖြင့် ထိမှန်သွားခဲ့သည်။

ဗုန်း…

ဗုန်း…

နှစ်ယောက်သား၏ ပါးစပ်ထဲမှ သွေးများ တပြိုင်နက် ပေါက်ထွက်သွားသော်လည်း မရပ်လိုက်ကြချေ။

သူတို့သည် ယဲ့ဖန်၏ ခြေထောက်တစ်ဖက်စီကို ပွေ့ဖက်ထားသည်။

အာသာသည် အခွင့်အရေးကို အရယူကာ လေထဲသို့ခုန်ဆင်းကာ ယဲ့ဖန်၏ ခေါင်းကို ကန်လိုက်သည်။

သူ၏ ကန်ချက်သည် လွန်စွာ ပြင်းထန်ပြီး လေထဲတွင်ပင် အက်ကွဲသံများ ထွက်ပေါ်လာသည်။

အရိုက်ခံလိုက်ရလျှင် သူ၏ ခေါင်းသည် ချက်ချင်းပင် ပေါက်ကွဲသွားနိုင်သည်။

ယဲ့ဖန်၏ ခြေထောက်များကို ထိုနှစ်ယောက်သည် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

သူသည် ပြန်၍ မခုခံနိုင်ပေ။

ဤအပြောင်းအလဲသည် ရုတ်တရက် ဖြစ်သွားခြင်းဖြစ်သည်။

စင်အောက်မှ လူအားလုံးသည် ကြောက်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။

သူတို့၏ အကြောက်တရားကို ချိုးဖျက်ရန် နည်းလမ်းများကိုလည်း သူတို့ အစွမ်းကုန် ကြိုးစားနေကြသည်။

သို့သော် ဤဖြစ်ရပ်သည် ရုတ်တရက်ဆန်ကာ အာသာ၏ တန်ပြန်တိုက်စစ်သည် မြန်လွန်းလှသည်။

သူတို့တွင် တွေးတောရန်ပင် အချိန်မရှိ၍ ယဲ့ဖန်၏ တုံ့ပြန်မှုများကိုသာ မျှော်လင့်ကာ အားကိုးရတော့မည်။

အာသာ၏ ကန်ချက်သည် သူ၏ ခေါင်းပေါ်သို့ မရောက်ခင် ၀.၀၁စက္ကန့် အလိုတွင် ယဲ့ဖန်၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ရုတ်တရက် နောက်ပြန်ဆုတ်သွားသည်။

အာသာ၏ တိုက်ခိုက်မှုကို ထိုအကွက်ဖြင့် ရှောင်ရှားခဲ့သည်။

အာသာ၏ ခြေဖဝါးသည် သူ၏ နှာခေါင်းဖျားကို ကျော်သွားလုနီးပါးဖြစ်ကာ စူးရှသောလေသည် သူ၏ ပါးပြင်ကို နာကျင်စေခဲ့သည်။

တစ်ချိန်တည်းတွင် သူ၏ ညာလက်သည် လျှပ်စီးကဲ့သို့ အလွန်ပင် လျှင်မြန်စွာ ဆန့်ထွက်ကာ အာသာ၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သောစွမ်းအားများ ထွက်ပေါ်လာပြီး ပြင်းထန်စွာ လှဲချလိုက်သည်။

ဗုန်း

အာသာ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် အမြောက်နှင့်တူနေသည်။

အဋ္ဌဂံပုံ လှောင်အိမ်တစ်ခုလုံးသည် ပြိုလဲသွားသကဲ့သို့ တုန်ခါသွားသည်။

ဒုန်း…

အာသာသည် ပါးစပ်ထဲမှ သွေးများ ထွက်လာတယ်။

သူသည် မသိစိတ်မှ ပြန်ထချင်သော်လည်း သူ၏ အရိုးများ အပိုင်းပိုင်းကျိုးသွားပုံရသည်။

သူသည် မည်သည့် ခွန်အားကိုမျှ အသုံးမချနိုင်တော့ပေ။

တစ်ချိန်တည်းတွင် ယဲ့ဖန်သည် သူ၏ ခြေထောက်များကို လိမ်လိုက်ပြီး ခြေထောက်နှစ်ဖက်စလုံးကို တစ်ချိန်တည်းတွင် ဆန့်ထုတ်လိုက်ကာသူ၏ ခြေထောက်များကို ရစ်ပတ်နေသော လူနှစ်ယောက်ကို ကန်ထုတ်လိုက်တယ်။

ထို့နောက် သူသည် လေထဲသို့ ခုန်လိုက်ကာ အာသာကို နင်းလိုက်သည်။

အာသာသည် သူ၏ ရှေ့တွင် ပို၍ နီးကပ်လာသော ခြေဖဝါးကို မြင်နိုင်သော်လည်း ရှောင်ရှားရန် ခွန်အားမရှိသဖြင့် မျက်လုံးများကိုသာ ဖြည်းညှင်းစွာမှိတ်ထားနိုင်ပေသည်။

သို့သော် သူသည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ခြေထောက်သည် မပေါ်လာသေးပေ။

မျက်လုံးကို ပြန်၍ ဖွင့်ကြည့်လိုက်သောအခါတွင် ခြေထောက်သည် သူ၏ ရှေ့တွင် ရပ်နေပြီး ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။

" ခင်ဗျားတို့ ရှုံးပြန်ပြီ "

ယဲ့ဖန်သည် သူ့ကို ငုံ့ကြည့်ရင်း သူ၏ မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။

အာသာက သူ့ကို ဆွံ့အစွာ ကြည့်နေမိပြီး အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေလေသည်။

အထူးသဖြင့် ဦးခေါင်းထက်တွင် အလင်းတန်းများ ဖြာထွက်နေသည့် သူ၏ ရှေ၌ ရှိနေသော ယဲ့ဖန်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး သူ၏ စိတ်ဝိညာဉ်ကိုပါ တုန်လှုပ်စေလေသည်။

“ ကျေးဇူးတင်ပါတယ်၊ အဟွန်း.....အဟွန်း… မင်းရဲ့ကရုဏာအတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်းယဲ့။ ”

အာသာသည် ခါးသီးစွာ ပြုံးလိုက်သည်။

လုပ်ကြံသတ်ဖြတ်သူဆိုတဲ့ ဂုဏ်ပုဒ်က ဘာမလို့လဲ။

တစ်ချိန်က သူတို့ ဂုဏ်ယူခဲ့ကြသော အောင်မြင်မှုများသည် သူတို့၏ ရှေ့မှောက်ရှိ ထိုလူ၏ ခြေဖဝါးအောက်တွင် အပြင်းအထန် နင်းချေခံခဲ့ရလေပြီ ဖြစ်သည်။

ပွဲမစမီက ရှစ်ယောက်ကို တိုက်ခိုက်ခြင်းသည် ဟာသတစ်ခုဟု အားလုံး ထင်ခဲ့ကြသည်။

သူတို့အားလုံးသည် ယဲ့ဖန်အား လျှော့တွက်ခြင်း၏ အကျိုးဆက်များကို သိသွားကြကာ သင်ခန်းစာတစ်ခု ရခဲ့ကြသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူတို့၏ မျက်နှာပေါ်တွင် သွေးထွက်သံယိုများ ဖြစ်လာသောအခါမှသာ သူတို့သည်သာ တကယ့်ဟာသများဖြစ်နေကြောင်း သူတို့ကိုယ် သူတို့ သဘောပေါက်လိုက်ကြသည်။

ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူ ရှစ်ဦးကို လူတစ်ဦးမှ အမှန်တကယ် ဖြုတ်ချနိုင်ခဲ့သည်။

တကယ့်ကို ရယ်စရာကောင်းလှလေသည်။

စင်မြင့်ပေါ်ရှိ လူရှစ်ဦးသည် ခေါင်းညိမ့်လိုက်ကြသည်။

သူတို့၏ နှလုံးသားထဲတွင် နာကျင်မှုအား သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုထက် ပို၍ မခံစားနိုင်ကြပေ။

စင်အောက်တွင် မည်သည့်အသံမျှ မကြားရတော့ချေ။

အားလုံးသည် စင်ပေါ်ရှိလူကို ငေးမောကြည့်နေကြသည်။

သူ့၏ နဂိုက ပိန်ပိန်ပါးပါးပုံစံသည် ယခုအချိန်တွင်မူ အလွန် အရပ်ရှည်နေပုံပေါ်နေသည်။

ထိုသူသည် သူတို့၏ သူဌေးဖြစ်ပေသည်။

အနာဂတ်တွင် သူတို့သစ္စာရှိရမည့် လူ ဖြစ်ပေသည်။

သူတို့သည် မူလတွင် သူတို့၏ အနာဂတ်အတွက် အနည်းငယ် စိတ်ပူခဲ့ကြပြီး အများစုသည် အဖွဲ့မှ နှုတ်ထွက်ရန်ပင် စဉ်းစားနေခဲ့ကြသည်။

သို့သော် ယခုအချိန်တွင်မူ လူတိုင်းသည် စိတ်ထဲတွင် တွေးနေကြတော့သည်။

ဤဘ၀တွင် သူတို့သည် ထိုလူငယ်နောက်သို့ သေသည်အထိ လိုက်ကြတော့မည်ဖြစ်သည်။

ထိုသို့သော လူသည်သာ သူတို့၏ ဘုရင်ဖြစ်ထိုက်ပေသည်။

ချန်းဖေးအယ်၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုသို့သောလူ၏ ကိုယ်လုပ်တော်ဖြစ်ရန် ရွေးချယ်မှုသည်လည်း ကောင်းပုံရသည်။

ထိုအတွေးပေါ်လာသည်နှင့် သူမ တုန်လှုပ်သွားသည်။

သူမသည် လုံခြုံရေးအဖွဲ့၏ ထိပ်တန်းတစ်ယောက်ဖြစ်ကာ ပရောပရည်လုပ်နေသော အပျက်မများကဲ့သို့ မဟုတ်ပေ။

သူမတွင် အဘယ်ကြောင့် ဤကဲ့သို့ ရယ်စရာကောင်းသော အတွေးမျိုး ရှိနိုင်နေရသနည်း။

သို့သော် ထိုအတွေးသည် သူမ၏ စိတ်ထဲတွင် အဆိပ်ကဲ့သို့ ပျံ့နေလေသည်။

အပိုင်း ( ၉၆၈ )

ကောင်းကင်ဘုံကိုတောင် အံတုနိုင်တဲ့ စည်းချက်

အဋ္ဌဂံပုံလှောင်အိမ်အား ဖွင့်လှစ်ခဲ့ပြီး စီးရီးယပ်လုပ်ကြံရေး အင်အားစုမှ အဖွဲ့ဝင် ရှစ်ဦးကို သယ်ထုတ်သွားသည်။

ထိုလူများ ဝင်သွားခဲ့သောအချိန်တွင် သူတို့သည် ရက်စက်ခက်ထန်နေကြသည့် ပုံစံဖြစ်ခဲ့ကြသော်လည်း ယခုမူ သူတို့အား သယ်၍ ထုတ်နေရသည်ကို မြင်သောအခါ မြင်ကွင်းသည် ဝမ်းနည်းစရာကောင်းလှလေသည်။

အာသာကို ယဲ့ဖန်မှ သယ်ဆောင်လာလေသည်။

“ လူကြီးမင်း၊ ငါတို့ မင်းကို လျှော့တွက်ခဲ့တယ်။ မင်းရဲ့ ခွန်အားတွေက ဒီလောက်ထိ ကြောက်ဖို့ကောင်းမယ်လို့ ငါတို့ မမျှော်လင့်ထားဘူး။ ငါတို့ ရှုံးသွားတယ်။ မင်း ငါတို့ကို လမ်းပေါ်မှာ ပစ်ချခိုင်းဖို့ ပြောလို့ရတယ် ငါတို့ကိုယ်တိုင် တွားသွားပါ့မယ် "

ယဲ့ဖန်သည် သူ့ကို မကျေမနပ် ကြည့်နေသည်။

" ဘာဆိုလိုတာလဲ။ ဒီပွဲရှုံးရင် ခင်ဗျားတို့ ကျွန်တော့်ကို တစ်သက်လုံးသစ္စာရှိမယ်လို့ ကတိပေးထားတယ်။ စာချုပ်ဖျက်ဖို့ ကြိုးစားနေတာလား။ "

အာသာသည် အရှက်ရသွားသည် ။

“ ဒါပေမယ့်… ကျွန်တော်တို့က အရမ်းအားနည်းပါတယ်။ ကျွန်တော်တို့ ရှစ်ယောက်က လူကြီးမင်း တစ်ယောက်တည်းကိုတောင် အနိုင်မယူနိုင်ဘူး။ လူကြီးမင်းကို ခေါ်သွားခိုင်းဖို့ ငါတို့မှာ ဘယ်လို မျက်နှာနဲ့ ပြောနိုင်မှာလဲ။ ကျွန်တော်တို့ရဲ့ ဘဝတွေကို အဆုံးသတ်လိုက်ချင်ပါတယ်။ ကျန်တဲ့ဘဝတွေကို အရှက်ရပြီးပဲ နေသွားပါ့မယ်။ "

ယဲ့ဖန်သည် သူ၏ စကားလုံးများကြောင့် မထိန်းနိုင်ဘဲ ရယ်မိသွားလေသည်။

" ခင်ဗျားက အားနည်းတယ်လို့ ဘယ်သူပြောလဲ။ တကယ်တော့ခင်ဗျားက တော်တော်သန်မာပါတယ်။ ကျွန်တော်နဲ့ တွေ့မိသွားလို့ပါ "

သူ့စကားသည် အနည်းငယ် ချဲ့ကားသည့် ပုံစံပေါ်သွားသော်လည်း ရှိနေသည့်သူတိုင်းသည် သူပြောသည်မှာ မမှားချေဟုသာ တွေးထင်ကြသည်။

ဤအရာသည် အလွန်ပင် သဘာဝကျသည်ဟုသာ ယူဆကြသည်။

အမှန်တကယ်ဆိုလျှင် စီးရီးယပ်လုပ်ကြံရေး အင်အားစုသည် မပျော့ညံ့ပေ။

အလွန်သန်မာသည်ဟုပင် ဆိုနိုင်လေသည်။

သူတို့သည် ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီ၏ အစောင့်များကြားတွင် ထိပ်တန်းနေရာများ၌ ရပ်တည်နိုင်ကြပေသည်။

ကံမကောင်းစွာဖြင့် သူတို့သည် ယဲ့ဖန်နှင့် တွေ့ခဲ့ကြရုံသာဖြစ်သည်။

သူသည် ထိတ်တန်းလှည့်စားအဆင့် လှည့်စားနိုင်သူ ဖြစ်သည်။

သူ၏ လုပ်ရက်များကို အသိတရားဖြင့် အကဲဖြတ်ခြင်း မပြုနိုင်ပေ။

စီးရီးယပ်လုပ်ကြံရေး အင်အားစုမှ အဖွဲ့ဝင်များသည် အချင်းချင်း စိတ်ရှုပ်ထွေးနေသော မျက်နှာများဖြင့် ကြည့်နေကြသည်။

“ လူကြီးမင်း၊ မင်းက ငါတို့ကို စိတ်မဆိုးဘူးလို့ ဆိုလိုတာလား။ မင်းက ငါတို့ကို ခေါ်သွားဖို့ အစီအစဉ် ရှိနေသေးတာလား။ "

အာသာသည် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်လိုက်သည်။

" ဟုတ်တယ်။ မင်းတို့အားလုံး ငါ့အတွက် တစ်သက်လုံး အလုပ်လုပ်မယ်လို့ ကတိပေးခဲ့တယ်။ အလကားလုပ်အားနဲ့ဆိုတော့ ငါမစောင့်နိုင်တော့ဘူး ”

ယဲ့ဖန် သည် ရယ်မောကာ ပြောနေသည်။

အာသာနှင့် အခြားသူများသည် ချက်ချင်းပင် ပျော်ရွှင်သွားကြသော်လည်း မကြာမီတွင် စိတ်ဓာတ်ကျလာကြသည်။

“ ဒါပေမယ့် ကျွန်တော်တို့အားလုံးရဲ့ ဒဏ်ရာတွေက ပြင်းတယ်။ ငါတို့ ဒဏ်ရာကနေ ပြန်ကောင်းလာရင်တောင် ငါတို့ရဲ့ ခွန်အားတွေ အများကြီး လျော့သွားလိမ့်မယ်… ”

အာသာ သက်ပြင်းချလိုက်လေသည်။

ဒဏ်ရာကြီးကြီးမားမားရနေသည်ဟု ခံစားနေရသည်။

သူ၏ အတွင်းအင်္ဂါများသည် အတိုင်းအတာတစ်ခုအထိ ပျက်စီးသွားနိုင်သည်။

တခြားအဖွဲ့ဝင်များ၏ ဒဏ်ရာများသည်လည်း မနည်းလှပေ။

အဆုံးစွန်ထိ ပြန်ကောင်းလာနိုင်မည်ဆိုလျှင်ပင် သူတို့၏ ခွန်အားကို အကြီးအကျယ် ထိခိုက်မည်မှာ သေချာလေသည်။

ချွန်ထက်သောသွားများမရှိသော ဝံပုလွေတစ်ကောင်သည် မည်သည့်နေရာ၌ အသုံးဝင်ပါမည်နည်း။

သို့သော် ယဲ့ဖန်သည် သူတို့အပေါ် ကရုဏာထားခဲ့သည်မှာ သိသာထင်ရှားလေသည်။

မဟုတ်လျှင် ဒီနေ့ ဒီမှာပင် သေသွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ယဲ့ဖန်ကို ရန်ငြိုးထားခြင်းမရှိပေ။

သူတို့၏ လုံလောက်သော ခွန်အားမရှိ၍သာ သူတို့ကိုယ်သူတို့ အပြစ်တင်နိုင်သည်။

“ မင်း ဒီလို အကြောင်းပြချက်ပေးမယ်လို့ ငါတွေးခဲ့ပြီးသားပါ။ ဒဏ်ရာသေးသေးလေးပဲ မဟုတ်လား။ အရမ်းရိုးရှင်းပါတယ် "

စနစ်မှ ပေးသော ထိုက်ရွှမ်းမြင့်မြတ်အပ်များကို ထုတ်ပြီး အာသာဆီကို လျှောက်လာရင်း ပြောလေသည်။

အာသာသည် သူ ဘာဆက်လုပ်မည်ကိုမသိဘဲနှင့် ယဲ့ဖန်အား ကြောင်အစွာ ကြည့်နေသည်။

“ လူကြီးမင်းယဲ့..…”

သူ၏ စကားမဆုံးတွင်ခင် ယဲ့ဖန်သည် သူ၏ အင်္ကျီကို ချွတ်လိုက်ပြီး ကြွက်သားများဖြင့် တောင့်တင်းနေသော ခန္ဓာကိုယ်သည် ပေါ်လွင်လာသည်။

အာသာသည် ကြောက်လန့်သွားသည်။

“ လူကြီးမင်းယဲ့… ဒီနေရာမှာ ဒီလိုလုပ်ရတာ အဆင်မပြေဘူး မဟုတ်လား”

လူကြီးမင်းယဲ့တွင် ဘာကြောင့် ထူးဆန်းသော တန်ဆာပလာများ ရှိနေနိုင်ရသနည်း။

သို့အသော် သူ့အပေါ် လက်တင်ချင်လျှင်ပင် အနည်းဆုံး အနားတွင် မည်သူမျှ မရှိသည့် နေရာကို ရှာသင့်သည် မဟုတ်လား။

တစ်ဖက်လူသည် သူ့ကို မသတ်ဘူးဆိုသည့် အချက်ကို တွေးမိသောကြောင့် သူသည် အားလုံးကို လိုက်လျောပေးနိုင်သည်။

သို့သော် ဤနေရာသည် အများသူငှာ ရှိနေသည့် နေရာဖြစ်သောကြောင့် သူသည် လက်မခံနိုင်ပေ။

ကြည့်ရှုနေသူအားလုံး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။

လူကြီးမင်းယဲ့… ဘယ်လောက် ရိုင်းလိုက်သလဲ။

ချန်းဖေးအယ်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလှည့်လိုက်သည်။

" မင်းရဲ့ဒဏ်ရာတွေကို ငါကုပေးမယ်။ မိုက်မဲတဲ့ အတွေးတွေကို ရပ်နိုင်မလား။ "

ယဲ့ဖန်သည် အာသာ၏ အမူအရာကိုမြင်ပြီး သူဘာတွေးနေသည်ကို သိလိုက်သည်။

" ဒဏ်ရာကို ကုမှာ။ လူကြီးမင်းက ဆေးအကြောင်း သိလို့လား "

အာသာသည် သူ၏ ဦးနှောက်ဖြင့် လိုက်မမှီနိုင်တော့သည်ဟု ခံစားနေရသည်။

သေနတ်နည်းပညာ၊ ထောက်လှမ်းခြင်းနှင့် တိုက်ခိုက်ရေးတို့တွင် ယနေ့ သူပြသခဲ့သော စွမ်းရည်များသည် သူတို့အားလုံးကို ရူးသွားစေနိုင်သည်။

ဤအရာသည် သူ၏ အကြောင်းနှင့် ပတ်သက်၍ နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်သည်။

အမှန်ဆိုရလျှင် လူတစ်ယောက်၏ လုပ်နိုင်စွမ်းသည် အကန့်အသတ်ရှိသည်။

ဤအရာများထဲမှ တစ်ခုကို လေ့ကျင့်နိုင်လျှင်ပင် ကပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သည်။

သို့သော် ဤလူသည် အရည်အချင်းတိုင်းကို အဆုံးအစွန်ထိ ကျွမ်းကျင်နေလေသည်။

ပါရမီရှင်တစ်ယောက်ဟုပင် မဖော်ပြနိုင်တော့ပေ။

သူသည် နတ်ဆိုးတစ်ကောင်ပင် ဖြစ်ပေလိမ့်သည်။

ထို့အပြင် သူသည် အသက်ငယ်ငယ်ဖြင့် ဤအရာများကို တက်မြောက်နေသည်မှာ မယုံနိုင်စရာပင် ဖြစ်ပေသည်။

မယုံနိုင်စရာဖြစ်နေသော်လည်း ဤအရာအားလုံးသည် တိုက်ခိုက်ရေး နည်းပညာများသာ ဖြစ်သည်။

ခက်ခဲကြမ်းတမ်းသော လေ့ကျင့်မှုများနှင့် ပုံမှန်မဟုတ်သော စွမ်းရည်များမှတစ်ဆင့် ကျွမ်းကျင်နိုင်သောကြောင့် ဤအကြောင်းအရာသည် အနည်းငယ် ကျိုးကြောင်းဆီလျော်နေဆဲဖြစ်သည်။

သို့သော် ယခု သူပြောသည်မှာ သူသည် ဆေးပညာကို နားလည်သည်။

အားလုံးသည် လက်မခံနိုင် ဖြစ်နေကြသည်။

လက်ဖြောင့်သမား၊ လူသတ်သမား၊ တိုက်ခိုက်နိုင်သူ ဖြစ်သည့်အပြင် ဤကောင်လေးသည် အမှန်ပင် ဆေးရာဖြစ်သည်တဲ့လား။

ဒါက တကယ်ကို လိမ်ညာလှည့်ဖြားမှုပဲ။

လူလိမ်ဆိုတာ သေချာတယ်။

ယဲ့ဖန်၏ ဆေးပညာကျွမ်းကျင်မှုကို လူတိုင်းသည် သံသယဝင်နေကြသသည်။

ယဲ့ဖန်သည် အာသာ၏ အပ်စိုက်အမှတ်များအတွင်း နတ်ဆေးထိုးအပ် အနည်းငယ်ကို ထည့်သွင်းပြီးဖြစ်သည်။

“ လူကြီးမင်းယဲ့…”

အာသာသည် တစ်ခုခု ပြောချင်နေသော်လည်း သူ့အား ယဲ့ဖန်သည် မြေပြင်ပေါ်တွင် ဖိထားပြီးသားဖြစ်နေသည်။

" ပါးစပ်ပိတ်ထား၊ ခင်ဗျား နောက်ထပ် စကားတစ်ခွန်းဟလိုက်တာနဲ့ ပါးစပ်ကိုပါ ချုပ်ပစ်မယ်။"

အာသာသည် ချက်ချင်းပင် ပါးစပ်ကိုပိတ်ကာ အခြားစကား မပြောရဲတော့ပေ။

ထို့နောက် ယဲ့ဖန်သည် မတ်တပ်ထရပ်ကာ အခြားအဖွဲ့သားများဆီသို့ လျှောက်သွားသည်။

ဤလူများထဲမှ အချို့မှာ အတွင်းဒဏ်ရာများ ရနေပြီး အချို့မှာ အရိုးများ လွဲသွားကာ ယဲ့ဖန်သည် သူတို့အား သူတို့၏ ဒဏ်ရာ အခြေအနေအရ ကုသပေးနေသည်။

နာရီဝက်ခန့်အကြာတွင် ကုသမှု ပြီးဆုံးသွားသည်။

ကြည့်ရှုနေသူအားလုံးသည် သူ့၏ လုပ်ဆောင်ချက်များကို ကြည့်နေကြသည်။

သက်ရောက်မှုကို လောလောဆယ်တွင် မသိကြသေးသော်လည်း၊ သူသည် အလွန်ကျွမ်းကျင်ပုံရသည်။

" အာ၊လူကြီးမင်းယဲ့၊ ငါ... ငါ့ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအားတွေ စီးဆင်းနေသလို ခံစားရတယ်... "

ကုသမှုကို ပထမဆုံးခံယူခဲ့တဲ့ အာသာသည် ရုတ်တရက် စကားပြောလာသည်။

အမှန်ဆိုလျှင် ယဲ့ဖန်သည် သူ့အတွက် ဆေးထိုးအပ်များကို အသုံးပြုပြီး မကြာခင်အချိန်တွင်ပင် သူ၏ ခန္ဓာကိုယ်ထဲ၌ ချီစွမ်းအား စီးဆင်းနေသည်ကို ခံစားလိုက်ရသော်လည်း သိပ်၍ မတွေးခဲ့ချေ။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ချီ၏ စီးကြောင်းသည် ပို၍ အားကောင်းလာသည်။

ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် ချီစီးကြောင်းများဖြင့် လုံး၀ ဖုံးလွှမ်းနေပြီး၊ အထက်အောက် တဟုန်ထိုး စီးဆင်းနေသည်။

နာကျင်ပြီး ယားယံကာ အလွန်မသက်မသာဖြစ်နေရသည်။

သူသည် ကြာကြာမထိန်းနိုင်တော့ဘဲ နောက်ဆုံးတွင် သူ၏ ခံစားချက်များကို ပြောပြလေသည်။

သူ တစ်ယောက်တည်း မဟုတ်ချေ။

အခြားသူများသည်လည်း သူတို့၏ အခြေအနေသည် အာသာနှင့် ဆင်တူကြောင်း ဖော်ပြကြသည်။

" ချီစွမ်းအား စီးဆင်းနေတာ ကောင်းပါတယ်။ ချီစွမ်းအား စီးဆင်းမှု မရှိရင် ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားလိမ့်မယ်။ "

ယဲ့ဖန်သည် ထိုသို့ပြောသော်လည်း သူ၏ စိတ်ထဲတွင် အနည်းငယ် အံ့သြနေသေးသည်။

ထိုက်ရွှမ်းနတ်ဆေးအပ်၏ အကျိုးသက်ရောက်မှုသည် အမှန်ပင် မှတ်သားဖွယ်ကောင်းသည်။

သူသည် သာမန်ဆေးထိုးအပ်ကိုအသုံးပြုပါက ဤအကျိုးသက်ရောက်မှုရရှိရန် အနည်းဆုံး ကုသမှုရန် အချိန်အနည်းငယ် ပို၍ လိုအပ်မည် ဖြစ်သည်။

သို့သော် ယခု နာရီဝက်မပြည့်မီတွင် သူသည် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုကို ရရှိခဲ့သည်။

အမှန်တကယ်ကို မထင်မှတ်ထားခဲ့ချေ။

ဤအရာသည် ကောင်းကင်ကို အံတုသည့် စည်းချက်တစ်ခုပင် ဖြစ်ပေသည်။

All Chapters