← Chapters

အပိုင်း ၉၆၉-၉၇၂

Vol. 49 Ch. 969-972

အပိုင်း ၉၆၉-၉၇၂

Vol. 49 Ch. 969-972

အပိုင်း ( ၉၆၉ )

ခွေးမလိုချင်ဘူး။ အစ်ကိုတစ်ယောက်ပဲ လိုချင်တာ။

ဆယ်မိနစ် ထပ်၍ ကြာသွားသည်။

ယဲ့ဖန်သည် ထိုက်ရွှမ်းနတ်ဆေးအပ်ကို မဖယ်ထုတ်မီ အာသာ ၏အခြေအနေကို ဦးစွာ စစ်ဆေးခဲ့သည်။

" ထပြီး အခြေအနေကို ခံစားကြည့် "

အာသာသည် အံ့ဩထိတ်လန့်သွားသည်။

" ကျွန်တော် မလှုပ်နိုင်ဘူး "

ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် လက်ညှိုးထိုးရန် ခွန်အားပင် မရှိပေ။

အဲ့တာကို အခု သူ့ကို မတ်တပ်ရပ်ခိုင်းနေတာလား။

ဘယ်လို ဖြစ်နိုင်မှာလဲ။

“ ကျွန်တော်က လုပ်နိုင်မှာလို့ပြောရင် ခင်ဗျားလုပ်နိုင်တယ်။ ပေါက်တတ်ကရတွေကို မပြောနဲ့တော့ "

ယဲ့ဖန်၏ လေသံသည် ပို၍ လေးနက်လာသည်။

သူသည် မပျော်ရွှင်နိုင်သေးပေ။

အာသာသည် အချိန်မဖြုန်းရဲတော့ပေ။

သူသည် မြေပြင်ပေါ်သို့ အလျင်အမြန်ထရန် ကြိုးစားပြီး အားစိုက်ထုတ်ကာ ထထိုင်လိုက်သည်။

" ဘာဖြစ်တာလဲ။ ဘာတွေဖြစ်နေတာလဲ။ "

သူသည် အရှိန်ပြင်းပြင်း မတ်တပ်ထမရပ်မီ ခေတ္တမျှ ထိတ်လန့်သွားသည်။

မတ်တပ်ထရန် အားစိုက်ထုတ်စရာပင် မလိုလိုက်ချေ။

သူသည် အကြိမ်အနည်းငယ် ခုန်ကြည့်ပြီးနောက် ကျွမ်းအနည်းငယ်ထိုးလိုက်သည်။

" တကယ် ကောင်းသွားတာလား။ ခုနကအထိ သိသိသာသာ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေရာက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ကောင်းနိုင်သွားတာလဲ။ အဲ့တာတွေအပြင် ဒဏ်ရာဟောင်းတွေလည်း ပြန်ကောင်းလာတယ်လို့ ခံစားရတယ်။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…”

အာသာသည် စိတ်လွတ်နေသည့် လူပုံပေါ်နေလေသည်။

သူ၏ခန္ဓာကိုယ် ဟုတ်မဟုတ်ကို သေချာမသိသကဲ့သို့ ခန္ဓာကိုယ်ကို ထိလိုက်သည်။

သူ၏ စကားကို ကြားသောအခါ လူတိုင်း အံ့ဩသွားကြသည်။

သူတို့အားလုံးသည် ပွဲပြီးနောက် အာသာ၏ အသွင်အပြင်ကို မြင်ခဲ့ကြသည်။

ရွှံ့ပုံကြီးကဲ့သို့ ပျော့ခွေစွာ လဲလျောင်းနေပြီး လုံးဝမလှုပ်ရှားနိုင်ခဲ့ပေ။

သို့သော် ယခုချိန်တွင်မူ သူ၏ ဒဏ်ရာဟောင်းများပင် သက်သာလာခဲ့သည်ဟု ဆိုလေသည်။

အနည်းငယ်ချဲ့ကား ပြောနေသည် မဟုတ်လော။

ဖြစ်စဉ်တစ်ခုလုံးကို ကိုယ့်မျက်စိဖြင့် မမြင်ခဲ့လျှင် ထိုလူသည် အတုအယောင်ဟုပင် သံသယရှိကြလိမ့်မည်။

ထို့နောက် အာသာသည် နေရာတွင်ရပ်ပြီး လက်သီးထိုးကြည့်နေသည်။

ရုတ်တရက် အရှိန်ပြင်းပြင်းဖြင့် မြေပြင်ပေါ်၌ ဒူးထောက်ထိုင်ချလိုက်သည်။

“ လူကြီးမင်းယဲ့၊ မင်းဟာ ငါ့ရဲ့ ဒုတိယမိဘပဲ။ ငါ… ငါ အာသာက မင်းရဲ့ ခွေး ဖြစ်စေရပါမယ်။ တစ်သက်လုံး မင်းအပေါ် သစ္စာစောင့်သိမယ်။ ငါ မင်းကို သစ္စာဖောက်ရင် မိုးကြိုးပစ်ပါစေ "

သူ၏ လက်ရှိခံစားချက်ကို အပြင်လူများ နားလည်ရန် ခက်ခဲလှသည်။

သူသည် အသက်ဆယ့်နှစ်နှစ်တွင် အထူးလေ့ကျင့်ရေးသို့ ဝင်ရောက်ခဲ့သည်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်တွင် သူသည် ဒဏ်ရာများစွာ ရရှိခဲ့သည်။

အဆုံးတွင် သူ အသက်ရှင် ရပ်တည်နိုင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်တွင် လျှို့ဝှက်ဒဏ်ရာများစွာ ရှိနေသေးသည်။

အသက် ၅၉အထိ အသက်ရှင်နိုင်လျှင် ဆေးပညာ၏ အံ့ဖွယ်ဖြစ်ရပ် ဖြစ်နိုင်သည်ဟု ဆရာဝန်များပင် ပြောခဲ့သည်။

သို့သော် ယခု အသေအချာ ခံစားလိုက်ရသည်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဟောင်းများပါ ပျောက်ကင်းသွာပြီး ပေါ့ပါးသွားသည်ကို သိလိုက်ရသည်။

လုံးဝ ပျောက်ကင်းသွားခြင်း မဟုတ်သော်လည်း သူ့အတွက် အံ့သြဖွယ်ကောင်းနေပြီဖြစ်သည်။

သူသည် ဘဝတစ်လျှောက် ဒဏ်ရာဒဏ်ချက်များ ရခဲ့ပြီး သူ၏ ကြံ့ခိုင်မှုသည် လျော့ကျသွားခဲ့သည်။

ထို့ကြောင့် ညီအစ်ကိုများကို အသက်မွေးဝမ်းကြောင်းလမ်းကြောင်း ပြောင်းရန် ခေါ်လာခဲ့ခြင်းဖြစ်သည်။

ယခု ထိုဒဏ်ရာများ သက်သာသွားကာ သူ့၏ ကြံ့ခိုင်မှုသည် အတော်ပင် ပြန်ကောင်းလာပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် ယဲ့ဖန်ကို အလွန်ပင်ကျေးဇူးတင်ခဲ့မိသည်။

ယဲ့ဖန်သည် သူ့ကို ကူညီခဲ့သည်။

“ ခွေးမလိုချင်ဘူး။ ညီအစ်ကိုတစ်ယောက်ပဲ လိုချင်တာပါ။ ခင်ဗျား ကျွန်တော့်အပေါ် သစ္စာရှိသရွေ့ ကောင်းကောင်းဆက်ဆံမှာပါ “

ယဲ့ဖန်သည် ခေါင်းကို မော့ကာ ရှိနေသူအားလုံးကို ကြည့်၍ ပြောလိုက်သည်။

“ ဒါကို အားလုံးအတွက် ပြောတာပါ။ခင်ဗျားတို့ ကျွန်တော့်အပေါ် သစ္စာစောင့်သိနေသ၍ ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်အောင် ကူညီပေးမယ်။ ခင်ဗျားတို့ရဲ့ ဒဏ်ရာက ဘယ်လောက်ပြင်းထန်နေပါ အသက်ရှူနေသရွေ့ ကယ်နိုင်တယ်။ "

သူပြောပြီးသည့်နောက်တွင် အားလုံးသည် တစ်ပြိုင်နက်တည်း ဒူးထောက်ထိုင်ချလိုက်သည်။

" လူကြီးမင်းယဲ့နောက်ကို လိုက်မယ်လို့ ကတိပြုပါတယ် "

" လူကြီးမင်းယဲ့ နောက်ကို လိုက်မယ်လို့ ကတိပြုပါတယ်"

" လူကြီးမင်းယဲ့ နောက်ကို လိုက်မယ်လို့ ကတိပြုပါတယ်"

ပွင့်ပွင့်လင်းလင်းပြောရလျှင် သူတို့အားလုံးသည် သူတို့၏ အသက်ကို ငွေနှင့် လဲလှယ်ကြရသည်။

သဘာဝမကျသော သေခြင်းမျိုးဖြင့် မည်သည့်အချိန်တွင် သေရမည်ကို မည်သူမျှ မသိနိုင်ကြချေ။

ယခုမူ ယဲ့ဖန်သည် သူတို့ကို အကာအကွယ်ပေးနိုင်ကြောင်း ကတိပေးခဲ့သည်။

ပေါ့ပေါ့တန်တန် ကတိတစ်ခု မဟုတ်ပေ။

သူသည် တကယ်ပင် လုပ်နိုင်စွမ်းရှိလေသည်။

သူတို့၏ အကြီးမားဆုံးသော စိုးရိမ်မှုကို ဖြေရှင်းပေးနိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် သူတို့မည်မျှ စိတ်လှုပ်ရှားနေမည်ကို တွေးကြည့်နိုင်သည်။

ယဲ့ဖန်သည် ဤအကျိုးသက်ရောက်မှုအတွက် အလွန်ပင် ကျေနပ်နေသည်။

သူတစ်ပါး၏ သစ္စာစောင့်သိမှုကို လိုချင်လျှင် အင်အားဖြင့် ဖိနှိပ်ရန် မလုံလောက်ကြောင်း သူကောင်းစွာသိသည်။

သူတို့ အမှန်တကယ် လိုအပ်နေသည်ကို ပေးရမည်။

ပိုက်ဆံ ပိုပေးသည်ထက် ပို၍အသုံးဝင်သည်။

သူ့၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေ ရှိနေသရွေ့ ထိုလူများ သူ့ကို သစ္စာဖောက်မည်ကို စိုးရိမ်စရာ မလိုပေ။

ဤသည်မှာ အစွမ်းထက်သော သမားတော်တစ်ဦး၏ ဂုဏ်ပင် ဖြစ်သည်။

ချန်းဖေးအယ်သည် ထိုမြင်ကွင်းကို ကြောင်အစွာဖြင့် ကြည့်နေသည်။

လူအယောက် ၆၀ကျော်သည် မြေပြင်ပေါ်တွင် တညီတညွတ်တည်း ဒူးထောက်ထိုင်လိုက်ကြသည်။

မြင်ကွင်းသည် တုန်လှုပ်စရာကောင်းလွန်းသည်။

လက်ရှိအချိန်တွင် ယဲ့ဖန်သည် သူ၏ လက်အောက်ခံများ၏ ကိုးကွယ်မှုကို ခံယူနေသော ဧကရာဇ်မင်းတစ်ပါးနှင့်ပင် တူနေသည်။

သူသည် အရပ်ရှည်သည်။ ကြီးကျယ်သည်။ မြင့်မြတ်သည်။

သူမသည် ထိုအငွေ့အသက်ကြောင့်ပင် သူ့ကို ကိုးကွယ်ချင်လာလေသည်။

ထို့နောက် ယဲ့ဖန်သည် အခြားသူများထံမှ ရွှေထိုးအပ်များကို ဖယ်ရှားလိုက်သည်။

အာသာကဲ့သို့ပင် ပြင်းထန်စွာ ဒဏ်ရာရသွားသော လူအနည်းငယ်သည် ချက်ချင်းပင် တက်ကြွလာသည်။

ဤမြင်ကွင်းသည် ကြည့်ရှုနေသူတိုင်းကို ထိတ်လန့်စေကာ အရင်ပွဲသုံးပွဲထက်ပင် စိတ်တုန်လှုပ်စရာ ကောင်းလှသည်။

လူတစ်ဦး၏ သေခြင်း၊ ရှင်ခြင်း၊ အသားနှင့်အရိုးများထက် အဘယ်အရာသည် ပို၍ ထိတ်လန့်ဖွယ်ကောင်းမည်နည်း။

တာဝန်ကို လက်ခံကာ လူကြီးမင်းယဲ့ကို သစ္စာစောင့်သိရန် မစောင့်နိုင်ကြတော့ပေ။

ထိုအခိုက်အတန့်တွင် ယဲ့ဖန် သည် သူတို့၏နှလုံးသားထဲတွင် နတ်ဘုရားတစ်ပါးဖြစ်နေပြီ ဖြစ်သည်။

သို့သော် ယဲ့ဖန်သည် ရုတ်တရက် တစ်ခုခုလုပ်လိုက်သည်။

ထိုကြီးကျယ်မြင့်မြတ်နေသော အခြေအနေကို ဖျက်ဆီးလိုက်လေသည်။

" ဘယ်သူမှာ စာရွက်ရှိလဲ။ မြန်မြန်လေး ပေးကြဦး။ ချီးပါချင်နေတုန်းပဲ "

ရှိနေသူအားလုံး ကျောက်ရုပ်ဖြစ်သွားကြသည်။

သူက ဗိုက်ထဲကဟာတွေနဲ့ ရန်ဖြစ်နေရတာပါလား။

တော်တော်ဟာသမြောက်ပါပေတယ်။

လျုံဖုန်းဟိုင်သည် ရယ်ချင်နေသည်ကို ထိန်းကာ အိမ်သာသုံးစက္ကူအနည်းငယ်ကို အမြန် ပေးလိုက်သည်။

ယဲ့ဖန်သည် ယူသွားပြီးနောက် အိမ်သာသို့ အမြန်သွားလေသည်။

ကြည့်ရှုနေသူအားလုံးသည် သူ၏ နောက်ကျောကို စိုက်ကြည့်နေကြသည်။

သူတို့ရဲ့ နတ်ဘုရား… နည်းနည်းရူးသွားတာလား။

အားလုံးသည် စိတ်လှုပ်ရှားစွာ သက်ပြင်းချနေကြစဉ်မှာပင် ဝန်ထမ်းတစ်ဦး အလျင်အမြန်ပြေးလာသည်ကို တွေ့လိုက်ရသည်။

“ ဥက္ကဋ္ဌကြီး၊ တစ်ခုခုတော့ ဆိုးဆိုးရွားရွားဖြစ်ကုန်ပြီ… ”

လျုံဖုန်းဟိုင်သည် သူ၏ အာရုံများကို ပြန်ကပ်လိုက်ပြီး စိတ်မချမ်းသာစွာဖြင့် သူ့ကို စိုက်ကြည့်နေသည်။

" ဘာဖြစ်တာလဲ။ ဘာတွေ ရှုပ်တာလဲ။ "

ဝန်ထမ်းသည် အသက်ရှုရပ်မတတ်ဖြစ်နေသည်။

“ အပြင်မှာ လူတစ်စုရှိတယ်။ သူတို့က ကျွန်တော်တို့ကို လူတစ်ယောက် လက်လွှဲပေးစေချင်နေတယ်… ”

လျုံဖုန်းဟိုင် စိတ်ရှုပ်သွားသည်။

“ ဒီလူအုပ်စုက ဘယ်သူတွေလဲ။ ဘယ်သူက ငါတို့ကို လွှဲပေးစေချင်တာလဲ။ ”

ဝန်ထမ်းသည် သူ၏ စကားကို လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

“ သူတို့က ဟန်မိသားစုက လာတာလို့ပြောတယ်။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီက တစ်ယောကက သူတို့ရဲ့ လူတွေကို ရိုက်နှက်ခဲ့တာမလို့ ဆယ်မိနစ်အတွင်း သူတို့ကို လွှဲပေးဖို့ တောင်းဆိုနေကြတယ်။ မဟုတ်ရင် သူတို့ကိုယ်တိုင် ဝင်ရှာကြလိမ့်မယ်။ ”

ချန်းဖေးအယ်သည် ချက်ချင်းပင် နားလည်သွားသည်။

သူမ စကားပြောခါနီးတွင် အခြားလူများသည် ဒေါသဖြစ်နေပြီဖြစ်သည်။

" ဒီဟန်မိသားစုက မောက်မာလွန်းတာမဟုတ်ဘူးလား။ ငါတို့ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို ပြဿနာရှာဖို့ လာကြတာပဲ"။

“ ဟန်မိသားစုရဲ့ မြေအောက်တပ်ဖွဲ့တွေက အရမ်းအားကောင်းတယ်။ သူတို့က လောင်းကစားမြို့ထဲမှာ အမြဲတမ်း မောက်မာကြပြီး ငါတို့ကို မျက်လုံးထဲတောင် လုံးဝမထည့်ဘူး။ ”

" ဟား၊ သူတို့က ညစ်ပတ်တဲ့ အလုပ်သမားတွေပဲ မဟုတ်လား။ သူတို့ကိုယ်သူတို့ တကယ်ပဲ သခင်ကြီးလို့ ထင်နေကြတာလား။ ဆယ်ယောက်ကို ငါ တစ်ယောက်တည်းနဲ့တောင် အနိုင်ယူနိုင်တယ် "

“ သူတို့က ငါတို့ရဲ့ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို ဒုက္ခပေးရဲသလား။ သူတို့ရဲ့ ကောင်းကင်ဘုံရှင်ဘုရင် ကြွလာရင်တောင် သူ့ရဲ့ မုတ်ဆိတ်မွေးကို ကိုင်ဆွဲပစ်လိုက်မယ် “

“ ဥက္ကဋ္ဌ၊ အမိန့်ပေးလိုက်ပါ။ ကျွန်တောတို့ သူတို့ကို သင်ခန်းစာ ပေးရအောင်… ”

လျုံဖုန်းဟိုင်သည် ခဏတာမျှ စဉ်းစားနေသည်။

" ငါ့ကို အခြေအနေကြည့်ဖို့ ခေါ်သွား။ "

ဝန်ထမ်းသည် ထွက်သွားတယ်။

တခြားသူများသည်လည်း ချက်ချင်း လိုက်သွားကြသည်။

လျုံဖုန်းဟိုင်နှင့် တခြားသူများသည် ရုံးခန်းထဲမှ ထွက်လာတဲ့အခါ အဆောက်အဦးတစ်ခုလုံးကို အနည်းဆုံး လူတစ်ရာလောက် ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။

ထိုလူအားလုံးသည် ဓားနှင့် ပုဆိန်များ ကိုင်ဆောင်ထားကြသည်။

ရွှေစွပ်ပြုတ်လုံခြုံရေးမှ ဝန်ထမ်းအားလုံးသည် ကြောက်လန့်တကြားဖြင့် ဘေးတွင် ပုန်းနေကြသည်။

ဒါက တကယ်ကို မဖော်ရွေတဲ့ လာရောက်လည်ပတ်မှုပဲ။

လျုံဖုန်းဟိုင်သည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ အမြန်လျှောက်သွားခဲ့သည်။

" စကားပြောဖို့ တစ်ယောက်ယောက် ထွက်လာခဲ့ “

လူအုပ်ကြီးသည် ချက်ချင်းပင် ဒီရေကဲ့သို့ ပြန့်ကျဲသွားကာ ခက်ထန်သော အမူအရာဖြင့် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသားသည် ပန်းပွင့်အင်္ကျီတစ်ထည်နှင့် နေကာမျက်မှန်တစ်လက်ကို ဝတ်ဆင်ထားသည်။

သူ၏ ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်ထည့်ထားပြီး ရမ်းကားနေပုံရသည်။

လျုံဖုန်းဟိုင်သည် လောင်းကစားမြို့၌ အချိန်အတော်ကြာနေခဲ့ပြီး လောင်းကစားမြို့ရှိ နာမည်ကြီးလူအားလုံးကို ယေဘုယျအားဖြင့်အားဖြင့် သိလေသည်။

တစ်ချက်ကြည့်ရုံဖြင့် ဤလူသည် မည်သူဖြစ်သည်ကို သိလေသည်။

အပိုင်း ( ၉၇၀ )

သူက စိတ်ကြီးတယ်။ မင်းမှာပြောစရာရှိရင် ငါ့ကိုပြော။

ဟန်မိသားစု၏ ကျန်းချုရှိန်း

ဤလူသည် ရွှေတြိဂံဒေသမှ သူဌေးကြီးတစ်ယောက်၏ လူမိုက်ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။

နောက်ပိုင်းတွင် ရန်ပွဲကြောင့် သူဌေးသည် သူ၏ ပြိုင်ဘက်မှ လုပ်ကြံခြင်းကို ခံခဲ့ရသည်။

သူ့ကိုလည်း အဖြူမှုန့်များဖြင့် ရောပြီး မြစ်ထဲ ပစ်ချလိုက်သည်။

သူသေသွားပြီဟု ထင်ရသော်လည်း ဟန်မိသားစု၏ အကြီးအကဲ ဟန်ရှုန်ယွမ်သည် စီးပွားရေးကိစ္စ ဆွေးနွေးရန် ထိုနေရာကို သွားခဲ့သည်။

သူ့ကို ကယ်တင်ခဲ့ပြီး ကုသရန် နာမည်ကြီး ဆရာဝန်ကို ရှာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ခဲ့သော ကျန်းချုရှိန်းသည် စိတ်နှလုံးအကြွင်းမဲ့ပုံအပ်ကာ ဟန်ရှုန်ယွမ် နောက်သို့ လိုက်သွားခဲ့သည်။

ဤနှစ်များအတွင်းတွင် သူသည် ဟန်မိသားစု၏ မြေအောက်လုပ်ငန်းကို တာဝန်ယူခဲ့ပြီး မြေအောက်ကမ္ဘာရှိလူများက သူ့ကို 'တတိယညီတော်'ဟု လေးစားစွာ ခေါ်ဝေါ်ခဲ့ကြသည်။

လျုံဖုန်းဟိုင်သည် ထိုကဲ့သို့သော ဝရမ်းပြေးအား မစော်ကားရဲပေ။

သူ၏ ဒေါသကို ထိန်းထားရသည် ။

“ လူကြီးမင်းကျန်း၊ လူတွေအများကြီး ဒီကိုခေါ်လာပြီး ဘာလုပ်ချင်တာလဲ "

ကျန်းချုရှိန်းသည် မီးခိုးလုံးကြီးကို ရှိုက်ထုတ်လိုက်ပြီး သူ့ကို မှုန်ကုပ်စွာဖြင့် ကြည့်လိုက်သည်။

" သူဌေး လျုံ၊ သိသာနေတဲ့ ကိစ္စပဲ မဟုတ်လား။ ငါဘာလို့ဒီရောက်နေတာလဲ မင်းမသိဘူးလား။ "

လျုံဖုန်းဟိုင်သည် မျက်မှောင်ကြုတ်လိုက်သည်။

“ မင်းတို့ကိုမရိုက်ချင်ဘူး။ မင်းပြောစရာရှိရင် မြန်မြန်ပြောပြီး ချက်ချင်းထွက်သွား ”

ကျန်းချုရှိန်းသည် ဟက်ခနဲ့ ရယ်လိုက်သည်။

“ ဟန်ဆောင်နေလိုက်၊ ဆက်ပြီး ဟန်ဆောင်နေလိုက်။ မင်းရဲ့ လူတွေက ငါတို့ ဟန်မိသားစုရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တွေရဲ့ ခြေလက်တွေကို ချိုးခဲ့ပြီး ဟန်မိသားစုရဲ့ ဒုတိယသခင်ကြီးရဲ့ လက်တစ်ဖက်ကိုတောင် ဖြတ်ပစ်လိုက်တယ်။ မင်း ဒီကိစ္စအတွက် ဖြေရှင်းပေးမှာ မဟုတ်ဘူးမလား။ "

လျုံဖုန်းဟိုင်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။

“ မဟုတ်တာတွေ၊ ငါတို့က ဟန်မိသားစုကို ရန်ငြိုးထားတာမျိုး မရှိဘူး။ မင်းရဲ့ လူတွေကို ငါ့လူတွေက ဘယ်တုန်းကသတ်တာလဲ။ ဒီနေ့တော့ ရှင်းရှင်ပြောရမယ် “

ကျန်းချုရှိန်းသည် စီးကရက်ကို မြေပြင်ပေါ်ပစ်ချပြီး သူ့ခြေထောက်နဲ့ ပွတ်လိုက်သည်။

အေးစက်သော မျက်နှာဖြင့် လျှောက်လာခဲ့သည်။

"မင်း ဟန်ဆောင်ချင်နေသေးတာလား။ မင်းရဲ့ကုမ္ပဏီထဲကို ခွေးသူတောင်းစားတွေ ဝင်လာတာကို ငါ့လူတွေ မြင်တယ်။ ပြီးတော့ ပြန်ထွက်မလာကြဘူး။ မင်းက သူတို့ထဲက တစ်ယောက်မဟုတ်ဘူးလို့ မင်းပြောရဲသေးလား။ "

လျုံဖုန်းဟိုင်သည် ချက်ချင်းပင် ပဟေဠိဆန်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

သူပြောနေတာ လူကြီးမင်းယဲ့ ဖြစ်နိုင်မလား။

“ ငါ့လက်အောက်မှာ ဒီလိုလူ မရှိဘူး။ မင်းတို့ရဲ့လူတွေ မှားမြင်တာဖြစ်မယ်။ ဟန်မိသားစုနဲ့ ရန်သူမဖြစ်ချင်ပေမယ့် ရွှေစွပ်ပြုတ်ကုမ္ပဏီကို တွန်းလှန်နေသလို မဆက်ဆံနဲ့။ ကျေးဇူးပြုပြီး ချက်ချင်းထွက်သွားပါ ဒါမှမဟုတ် နောက်မှ ငါ့ကို ရိုင်းစိုင်းလို့ဆိုပြီး အပြစ်မတင်နဲ့။ ”

ဤကိစ္စသည် ယဲ့ဖန်နှင့် သက်ဆိုင်သည်ဟု သူမှန်းဆထားပြီးသားဖြစ်သော်လည်း သူ့ကို လက်မလွှဲပေးမည်မှာ သေချာလှသည်။

ယဲ့ဖန်သည် သူ့ထက်သာလွန်သူဖြစ်သောကြောင့် 'ငါ့လက်အောက်မှာ အဲ့လိုလူ မရှိဘူး' ဟုပြောသောအခါ သူသည် လိမ်ညာခဲ့ခြင်းမရှိပေ။

ကျန်းချုရှိန်းသည် သူ၏ စကားကို ပြတ်သားစွာ ကြားလိုက်သောအခါ တုံ့ဆိုင်းသွားသည်။

လျုံဖုန်းဟိုင်သည် လောင်းကစားမြို့၌ လူအကြီးစားဟု ယူဆနိုင်သော်လည်း သူသည် မည်သည့်အခါမျှ ပြဿနာမဖြစ်စေဘဲ မိသားစုကြီးများ၏ ပြဿနာများကြားတွင်လဲ မပါဝင်ခဲ့ပေ။

ခိုင်မာသော ကြားနေပါတီဟု ယူဆနိုင်သည်။

နောက်ဆုံးနည်းလမ်းမဟုတ်ပါက ဟန်မိသားစုသည် ထိုသို့သောလူများနှ င့်ရန်သူမဖြစ်လိုပေ။

ထို့အပြင် လျုံဖုန်းဟိုင်၏ စရိုက်သည် အမြဲတမ်းကောင်းပေသည်။

သူ မလုပ်ခဲ့ဘူးဟု ပြောသည့်အတွက် ယုံကြည်ပေးသင့်ပေသည်။

သူ၏ လက်အောက်ငယ်သားသည် တကယ်ပင် မှားနေသည်လား။

သူသည် တုံ့ဆိုင်းနေချိန်တွင် သူ၏ လက်အောက်ငယ်သား တစ်ယောက်သည် သူ၏ နားထဲကို ရုတ်တရက် တိုးတိုးလေး ကပ်ပြောလာသည်။

ကျန်းချုရှိန်းသည် ထောင့်စွန်းတွင်ရပ်နေသော ချန်းဖေးအယ်ကို ကြည့်ရန် ချက်ချင်းပင် ခေါင်းထောင်ကာ သူ၏ မျက်နှာပေါ်တွင် ရက်စက်သောအပြုံးတစ်ခု ပေါ်လာသည်။

" ဟမ်၊ လျုံဖုန်းဟိုင်မှာ လိမ်ညာမှုတွေ ပြည့်နှက်နေဖို့တောင် မမျှော်လင့်ထားဘူး။ ဒီကမ္ဘာမှာ ရိုးသားတဲ့လူရှိသေးလား။ သူတို့က မင်းရဲ့ လက်အောက်ကလူတွေမဟုတ်ဘူးလို့ မင်းပြောတာမဟုတ်လား။"

အားလုံးသည် ချန်းဖေးအယ်ကို လှည့်ကြည့်လိုက်သည်။

ချန်းဖေးအယ်သည် အနည်းငယ် ကူကယ်ရာမဲ့သော ခံစားရလာပြီး လူအုပ်ထဲမှ ထွက်လာသည်။

“ ဟုတ်တယ်၊ နင့်ရဲ့ လူတွေက ငါ့ကြောင့် ဒဏ်ရာရခဲ့တာ။ ဘာလိုချင်လဲ "

ကျန်းချုရှိန်းသည် သူမကို မြွေဆိုးတစ်ကောင် ကဲ့သို့ စိုက်ကြည့်နေသည်။

" မင်းနဲ့ အတူရှိနေတဲ့ အဲ့ဒီ သူတောင်းစားလေးက ဘယ်မှာလဲ "

ချန်းဖေးအယ်သည် ရယ်မောလိုက်သည်။

“ သူက စိတ်ကြီးတယ်။ ပြောစရာရှိတာကို ငါ့ကိုပြော။ မင်း သူ့ကို သွားထိရင် မင်း ကောင်းမွန်တဲ့ အဆုံးသတ်ကို ရနိုင်မှာ မဟုတ်ဘူး။ "

ကျန်းချုရှိန်း၏ အမူအရာသည် ချက်ချင်းပင် ခက်ထန်သွားသည်။

" သူက စိတ်ကြီးတယ် ဟုတ်လား။ ငါလည်း စိတ်ကြီးတတ်တယ်။ အဲ့ဒီ ကောင်လေးကို ချက်ချင်း လွှဲပေး ဒါမှမဟုတ် ငါကိုယ်တိုင် သူ့ကို ရှာရလိမ့်မယ်။ "

ပြောပြီးသည်နှင့် သူ၏ နောက်ရှိ လူအုပ်စုက အော်ဟစ်သံများနှင့် လျှောက်လာကြသည်။

လူတိုင်းလက်ထဲတွင် ဓားနှင့် ပုဆိန်ကို ကိုင်ဆောင်ထားပြီး သူတို့၏ ရောင်ဝါသည် အလွန်ကြောက်စရာကောင်းလှသည်။

သို့သော်လည်း ရွှေစွပ်ပြုတ်လုံခြုံရေး အစောင့်တစ်ဦးမှ နောက်သို့ ဆုတ်သွားခြင်း မရှိပေ။

ထိုအစား သူတို့ကို ထိပ်တိုက်တွေ့ရန် ရှေ့တိုးသွားကြသည်။

" ဘာလို့ ထပ်ရွေ့ဖို့ မကြိုးစားကြတော့တာလဲ "

“ ဘယ်သူတွေ ရှေ့တက်ရဲလဲဆိုတာ ငါကြည့်မယ်။ ငါ အရင်တက်လာတဲ့သူ့ကို အရင်သတ်မယ် "

“ ဟန်မိသားစုက မောက်မာလွန်းတယ်။ ငါတို့ရဲ့ ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပကီကို ပြဿနာ ရှာရဲတာလား။ သေချင်လို့ လာစိန်ခေါ်နေတာပဲ "

" လာကြည့်လိုက်ပါ၊ ငါ မင်းကိုမသတ်ပါဘူး..."

ရွှေစွပ်ပြုတ်ဘက်ရှိ လူများအားလုံးသည် စစ်မြေပြင်ကို ရောက်ဖူးကြပေသည်။

လက်နက်မကိုင်ထားသော်လည်း သူတို့၏ အရှိန်အဝါသည် မှေးမှိန်ခြင်းခြင်းမရှိပေ။

အမှန်တွင် သူတို့သည် ပို၍ပင် ခံ့ညားနေကြလေသည်။

ဟန်မိသားစုမှ လူအများစုသည် တေလေဂျပိုးများဖြစ်သည်။

သာမာန်လူများကိုသာ ခြောက်လန့်နိုင်သည်။

သို့သော်လည်း သတ်ပစ်ရန် ရည်ရွယ်ချက် ပြင်းထန်သည့် လူတစ်စုကို ကိန်းဂဏန်းများ အရ အားသာချက်များစွာ ရရှိထားသော်လည်း သူတို့မှာ ကြောက်လန့်တကြား ဖြစ်နေကြလေသည်။

ကျန်းချုရှိန်းသည် ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီ ၏ အရောင်အသွေးကြောင့် တုန်လှုပ်သွားလေသည်။

သို့သော် သူသည် စိတ်ကို လျင်မြန်စွာ ငြိမ်သက်အောင် လျော့ချလိုက်လေသည်။

“ မင်း တိုက်ချင်တာလား။ ကောင်းပြီ။ စမ်းကြည့်ရအောင် "

သူ၏ ကျယ်လောင်သော ကြွေးကြော်သံသည် စစ်တပ်၏ စိတ်ဓာတ်ကို ချက်ချင်း တည်ငြိမ်သွားစေသည်။

သူ၏ နောက်ရှိ အုပ်စုသည် ပို၍ ဟိတ်ဟန်ကောင်းလာပြီး စတင် တိုက်ခိုက်ရန် လှုပ်ရှားကြတော့မည် ဖြစ်သည်။

ဖရိုဖရဲ တိုက်ပွဲကြီး ပေါ်ပေါက်လာတော့ပေမည်။

ဤအချိန်တွင် အနည်းငယ် ပျင်းရိသော အသံတစ်ခု ကြားလိုက်ရသည်။

“ အရှုံးသမားတစ်စု။ မင်းတို့ ငါ့ကို ကောင်းကောင်း ဝမ်းသွားရအောင်တောင် ခွင့်မပြုဘူး။ ချီးစားကြီးလာကြတာလား။ "

ရွှေစွပ်ပြုတ် လုံခြုံရေး အစောင့်များသည် ချက်ချင်းပင် ထိုသူအတွက် လမ်းဖယ်ပေးကြသည်။

ထို့နောက် ငယ်ရွယ်သော လူငယ်တစ်ဦးသည် အေးအေးလူလူဖြင့် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

အပိုင်း ( ၉၇၁ )

ဒီကိစ္စကို စဉ်းစားရမှာ စိုးရိမ်မိတယ်။

" မင်းက ငါတို့ ဟန်မိသားစုကို ဒဏ်ရာရစေတဲ့သူပဲ။ "

ကျန်းချုရှိန်းသည် ယဲ့ဖန်ကို စိုက်ကြည့်နေကာ သူ၏ အကြည့်များသည် အေးစက်နေသည်။

ယဲ့ဖန်သည် သူ၏ လက်များကို အိတ်ကပ်ထဲထည့်လိုက်ပြီး လူအုပ်ထဲမှ ထွက်သွားသည်။

" မှန်တယ်၊ ငါပဲ "

ကျန်းချုရှိန်းသည် ချက်ချင်း ရယ်မောလိုက်ပြီး လျုံဖုန်းဟိုင်ကို လှည့်ကြည့်လိုက်သည်။

" သူဌေး လျုံ၊ မင်းမှာ ဒီလိုလူမရှိဘူးလို့ မင်းပြောတာမဟုတ်လား။ သူ့ကို ဖွက်ပေးလိုက်တယ်လို့ ယူဆရမလား။ ”

လျုံဖုန်းဟိုင်သည် အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်သည်။

“ ငါ အမှန်အတိုင်း ပြောတာပဲ။ လူကြီးမင်းယဲ့က ငါ့ရဲ့ လက်အောက်ခံမဟုတ်ဘူး။ သူက ငါ့ရဲ့သူဌေး။ "

ကျန်းချုရှိန်း၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားသည်။

" မင်း ငါ့ကိုနောက်နေတာလား။ "

လျုံဖုန်းဟိုင်သည် ဟစ်အော်လိုက်သည်။

" ငါနဲ့ မင်းက ကောင်းကောင်းသိကြလို့လား။ မင်းနဲ့ ဟာသလုပ်စရာရှိလား။ "

သူပြောသည့်အတိုင်း လှည့်ကြည့်ကာ ယဲ့ဖန်အား ရိုသေစွာ ဦးညွှတ်လိုက်သည်။

" မင်္ဂလာပါ သူဌေး "

ရှိနေကြသော ရွှေစွပ်ပြုတ်လုံခြုံရေးအစောင့်အားလုံးသည် ယဲ့ဖန်အား တက်ညီလက်ညီ ဦးညွှတ်ကြသည်။

" မင်္ဂလာပါ သူဌေး "

" မင်္ဂလာပါ သူဌေး"

“မင်္ဂလာပါ သူဌေး…”

သူတို့၏ အသံသည် ကျယ်လောင် ပြတ်သားပြီး တောင်တန်းများနှင့် မြစ်များကို ဝါးမျိုနိုင်သကဲ့သို့ ကျယ်လောင်လှသည်။

ဟန်မိသားစုမှ လူများသည် ထိုအငွေ့အသက်ကြောင့် အလွန်ထိတ်လန့်သွားကာ ခြေနှစ်လှမ်းဆုတ်သွားကြသည်။

ကျန်းချုရှိန်း၏ အမူအရာသည် ထပ်ခါထပ်ခါပြောင်းလဲသွားသည်။

အစောပိုင်းတွင် ရရှိခဲ့သော အချက်အလက်များအရ ယဲ့ဖန်သည် ပြည်မကြီးမှ ဖြစ်ပြီး လောင်းကစားမြို့၌ အခြေခံအုတ်မြစ်မရှိဟု အတည်ပြုခဲ့သည်။

ထို့ကြောင့်ပင် သူ့ကို ပစ်မှတ်ထားရဲခြင်းဖြစ်သည်။

ယခုမူ ယဲ့ဖန်သည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ သူဌေးကြီးဖြစ်နေသည်။

လျှော့တွက်၍ မရချေ။

ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီသည် လူ ၂၀၀ ထက်နည်းသော လုံခြုံရေးကုမ္ပဏီတစ်ခုဖြစပြီး အားလုံးသည် ရဲရင့်ပြီး တိုက်ပွဲတွင် ကျွမ်းကျင်ကြသည်။

သူတို့သည် လျှော့တွက်၍ မရသော စွမ်းအားတစ်ခုဖြစ်သည်မှာ သေချာလေသည်။

ထို့အပြင် လျုံဖုန်းဟိုင်သည် အမြဲတမ်း ကြားနေသောကြောင့် လောင်းကစားမြို့တော်ရှိ အဓိကအင်အားစုများသည် သူနှင့် ရန်သူမဖြစ်လိုကြပေ။

ယခုတွင်မူ ယဲ့ဖန်သည် ဤမျှ ကြီးမားသော စွမ်းအားရှိသောကြောင့် သူ့ကို လောင်းကစားမြို့၌ အကောင်ကြီးဟု ယူဆနိုင်သည်။

သူ ကြိုက်သလို အနိုင်ကျင့်၍ မရချေ။

ယဲ့ဖန်သည် သူ တုံ့ဆိုင်းနေသည်ကို မြင်လေသည်။

“ မင်း ဆက်လှုပ်ရှားချင်သေးတာလား။ မဟုတ်ဘူးဆိုရင်တော့ သွားလိုက်တော့။ ငါ ပြန်သွားပြီးတော့ အမှိုက်ရှင်းရဦးမယ်။ ”

ကျန်းချုရှိန်းသည် ချက်ချင်း ပြန်မဖြေပေ။

ဤအစား သူသည် ဘေးနားကို လျှောက်သွားပြီး ဟန်မိသားစု၏ အကြီးအကဲ ဟန်ရှုန်ယွမ်ကို ဖုန်းခေါ်လိုက်သည်။

ဖုန်းခေါ်ဆိုမှုကို တစ်ဖက်မှ လျင်မြန်စွာ ကောက်ယူလိုက်ပြီး ဟန်ရှုန်ယွမ်၏ အသံသည် အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

" အားရှိန်း၊ ဘယ်လိုဖြစ်နေပြီလဲ။ မင်း ဒီကလေးရဲ့ခေါင်းကို ယူလာပြီလား "

ကျန်းချုရှိန်းသည် လေးစားစွာဖြင့် အလျင်စလို ပြောလိုက်သည်။

“ သခင်ကြီး၊ ကျွန်တော်တို့ ဒီကိစ္စကို သေချာမစဉ်းစားမိမှာကို စိုးရိမ်လို့ပါ…”

ဟန်ရှုန်ယွမ်သည် ချက်ချင်း မကျေမနပ်ဖြစ်သွားသည်။

" သူက ပြည်မကြီးက လူပျက်ကောင်ပဲ မဟုတ်လား။ ဒီလို အသေးအမွှားကိစ္စတွေကိုတောင် မကိုင်တွယ်နိုင်ရင် အနာဂတ်မှာ ကြီးကြီးမားမားတွေလုပ်ဖို့ မင်းကို ဘယ်လိုအားကိုးရမလဲ။ "

ကျန်းချုရှိန်းသည် သူ၏ နဖူးမှ ချွေးများကို ချက်ချင်းသုတ်လိုက်သည်။

“ မဟုတ်ဘူး သခင်ကြီး။ ကျွန်တော့်ရဲ့ စကားကို အရင်နားထောင်ပါဦး။ ကျွန်တော်တို့ ရထားတဲ့ အချက်အလက်တွေက မှားနေတာပါ။ ဒီကလေးက ဘာနောက်ခံမှ မရှိတဲ့သူ မဟုတ်ဘူး။ သူက ....... ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီရဲ့ သူဌေးကြီးပါ "

ထိုအကြောင်းကို ပြောပြီးသည်နှင့် တစ်ဖက်မှ ချက်ချင်းပင် ငြိမ်သက်သွားသည်။

ထိုသတင်းကြောင့် သူတို့သည်လည်း ထိတ်လန့်သွားသည်မှာ ထင်ရှားလှသည်။

ကျန်းချုရှိန်းသည် သူ ဆက်မပြောခင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေသည်။

" သခင်ကြီး၊ ကျွန်တော်တို့ ဆက်လုပ်သင့်လား... "

ဟန်ရှုန်ယွမ်သည် သူ့ကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။

" လျုံဖုန်းဟိုင်က ဘာပြောလဲ။ "

ကျန်းချုရှိန်းသည် လျုံဖုန်းဟိုင်ကို တစ်ချက်ကြည့်ချိန်တွင် မီးတောက်နေသောအကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူ့တွင် အပေးအယူလုပ်ရန် ရည်ရွယ်ချက်မရှိသောကြောင့် သူသည် ရိုးသားစွာပင် ဖြေလိုက်သည်။

“ သူ ဒီကလေးနဲ့ အတူပြန်ပြီး ခုခံကြမယ်ဆိုတာကို ကျွန်တော် မြင်ပါတယ်။ ညှိနှိုင်းဖို့ ကိစ္စက မရှိနိုင်ပါဘူး ”

ဟန်ရှုန်ယွမ်၏ အသံသည် အနည်းငယ် မှုန်ကုပ်နေသည်။

" ဒါဆို မင်း ဘာကိုဆိုလိုတာလဲ "

ကျန်းချုရှိန်းသည် အံကြိတ်လိုက်သည်။

“ ကျွန်တော်တို့ အခုလုပ်စရာတွေမှာ ပိုအရေးကြီးတာတွေ ရှိပါတယ်။ လောလောဆယ်မှာ ရန်သူတွေ ထပ်မဖွဲ့သင့်ဘူးလို့ ကျွန်တော်ထင်တယ်… "

" ဒီကလေးက ငါ့သားရဲ့ လက်မောင်းကို ဖြတ်ပြီး ငါ့ဟန်မိသားစုရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ။ ငါတို့ ဒီကိစ္စကို ခွင့်လွှတ်လိုက်ရမှာလား။ "

ဟန်ရှောင်ယွမ်၏ ဒေါသသံသည် ဖုန်းထဲမှ ပေါက်ထွက်လာပြီး သူ၏ ဘေးနားရှိ လူများပင် ပြတ်ပြတ်သားသား ကြားနိုင်သည်။

" သခင်ကြီး ဘာကိုဆိုလိုတာလဲ "

ကျန်းချုရှိန်းသည် ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။

" အမိန့်ကို ကျွန်တော် နားခံပါမယ်။ "

ဟန်ရှုန်ယွမ်သည် သူ၏ စိတ်ထဲမှ ဒေါသများကို ဖြေလျှော့လိုက်သည်။

" ဒါပေမယ့် မင်းပြောတာက အဓိပ္ပါယ်ရှိတယ်။ အနည်းငယ် စိတ်မရှည်တာက အစီအစဥ်ကြီးကို ပျက်စီးစေနိုင်တယ်။ ဒီကလေးက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီရဲ့ အကြီးစား သူဌေးမလို့ ငါတို့ အလျင်စလို သွားလုပ်လို့မရဘူး…”

သူသည် ခဏတာမျှ စဉ်းစားလိုက်သည်။

" ဒီလို ဆိုရင်ရော။ သူ့ကို ဆေးရုံလာခိုင်းပြီး လူကြီးမင်းလီနဲ့ တခြားသူတွေကို တောင်းပန်ခိုင်းလိုက်။ သူရခဲ့တဲ့ငွေကို ပြန်ပေးပြီး ဆေးဖိုးဝါးခအတွက် လျော်ကြေးပေးခိုင်းလိုက်။ ဒီကိစ္စ .… အဲဒါကို လောလောဆယ် ထားလိုက်ရအောင်။ အနာဂတ်မှာ ငါတို့ သူ့ကို ဖြည်းဖြည်းချင်းပဲ ကိုင်တွယ်သွားကြမယ် ”

ကျန်းချုရှိန်းသည် ခေါင်းကိုက်သွားလေသည်။

" သူသဘောမတူရင် ဘယ်လိုလုပ်မလဲ "

တည်ငြိမ်သွားသော ဟန်ရှုန်ယွမ်၏ ဒေါသသည် တစ်ဖန်ပြန်လည် ကြီးထွားလာသည်။

“ ငါ အကောင်းဆုံးကို လုပ်ထားပေးပြီးသား။ သူ့အတွက် ဘာကကောင်းတယ်ဆိုတာ မသိသေးရင် ငါတို့က ဘာလို့ သူ့ကို စကားပြောနေမလဲ။ လှုပ်ရှားလိုက်တော့။ ဟန်မိသားစုက ရွှေစွပ်ပြုတ်လုံခြုံရေးကို ကြောက်တယ်လို့ သူ တကယ်ထင်နေတာလား။ "

ကျန်းချုရှိန်းသည် အမိန့်ကိုလက်ခံရရှိပြီး ဖုန်းကိုချလိုက်သည်။

သူသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

“ လူကြီးမင်းယဲ့၊ မင်းက ငါတို့ ဟန်မိသားစုက ဒုတိယသခင်ငယ်လေးရဲ့ လက်ကို ဖြတ်ပြီး ငါတို့ ဟန်မိသားစုရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်ရဲ့ အဆစ်တွေကို ဖြတ်ပစ်လိုက်တယ်။ သိုင်းလောကရဲ့ စည်းမျဥ်းတွေကို လိုက်နာပြီး ငါတို့ မင်းရဲ့ ခြေလက်တွေကို ဖြတ်ပစ်သင့်တယ်…”

သူသည် ပြောနေသည်ကို ခဏရပ်လိုက်ပြီး ဆက်ပြောသည်။

" ဒါပေမယ့် သူဌေးလျုံကြောင့် ဟန်မိသားစုက နောက်ပြန်ဆုတ်ဖို့ ဆန္ဒရှိတယ်။ အခုလုပ်ရမှာက ဆေးရုံကို သွား။ ငါတို့ရဲ့ ဧည့်သည်တော်တွေကို တောင်းပန်ပါ။ ဝမ်သန်း ၃၀၀ကို ပြန်ပေး၊ ဆေးဖိုးတွေ လျော်ကြေးပေးလိုက်ပါ။ ငါတို့က အရမ်းကို သက်ညှာပေးထားတာမဟုတ်လား "

သူ၏ အမြင်အရတွင် ဟန်မိသားစုအတွက် ဤမျှကြီးကျယ်တဲ့ လိုက်လျောမှုတစ်ခုလုပ်ရန် မလွယ်ကူလှပေ။

သူတို့တွင် ပို၍ ကြီးမားသော အစီအစဥ်မရှိပါက သူတို့ အလျှော့ပေးမည် မဟုတ်ချေ။

သူတို့ အလွန် သက်ညှာပေးနေပြီဆိုလျှင် တစ်ဖက်လူသည် ပါသွားနိုင်သည်။

တစ်ယောက်ကို တစ်ယောက် မျက်နှာပေးပြီ ကိစ္စများကို လွှတ်ပေးထားကြတော့မည် ဖြစ်သည်။

သို့သော် ယဲ့ဖန်သည် သူ၏ အကြံပြုချက်ကို ကြားလိုက်သောအခါ သူသည် လှောင်ပြောင်လိုက်သည်။

" မင်း ငါ့ကို တောင်းပန်စေချင်တာလား။ မင်းက ဘယ်သူလဲ။ မင်းရဲ့ဟန်မိသားစုက ငါ့ကိုတိုက်ခိုက်ဖို့ အရင်လုပါခဲ့တာ ထင်ရှားတယ်။ ငါ့ကိုယ်ငါ ကာကွယ်နိုင်တဲ့ အစွမ်းတွေရှိနေသေးလို့သာ မဟုတ်ရင် ငါ့အသက် ဆုံးရှုံးသွားနိုင်တယ်။ မင်းတို့က ငါ့ကို တောင်းပန်ဖို့ လာတာ မဟုတ်တဲ့အပြင် ငါ့ကို တောင်းပန်စေချင်တာလား။ အိပ်မက်မက်နေလိုက်။ ”

ကျန်းချုရှိန်း၏ အမူအရာသည် ခက်ထန်သွားပြီး သူ စကားပြောတော့မည် ဖြစ်သည်။

သို့သော် ယဲ့ဖန်သည် သူ့ကို စကားပြောခွင့်မပေးချေ။

“ ယွမ်ငွေ သန်း၃၀၀ကို ငါ့ကိုယ်ပိုင် အရည်အချင်းနဲ့ အနိုင်ယူခဲ့တာ။ ငါ ဘာလို့ ပြန်ပေးရမှာလဲ။ လောကမှာ ဒီလို အကြောင်းပြချက် ရှိသလား”

“ မင်း… ”

" ဘာဖြစ်ချင်တာလဲ။ မင်းတို့အတွက် ဘာကကောင်းလဲဆိုတာကို သိရင် ငါ့ဆီကို ကိုယ်တိုင်ကိုယ်ကျ လာပြီး တောင်းပန်ဖို့ မင်းရဲ့ မိသားစုအကြီးအကဲကို ပြန်ပြောလိုက်။ မဟုတ်ရင် ငါဆိုတဲ့ ယဲ့ဖန် ဒီလောင်းကစားမြို့မှာ ရှိနေသရွေ့ သူ အေးအေးချမ်းချမ်း အိပ်ရမှာ မဟုတ်ဘူး ”

ယဲ့ဖန်သည် သူ့ကို စကားပြောရန် အခွင့်မပေးဘဲ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

ကျန်းချုရှိန်းသည် သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ဒါက ညှိနှိုင်းဖို့အတွက် မရှိဘူးလို့ ဆိုလိုတာလား။ "

ယဲ့ဖန်သည် ခေါင်းယမ်းလိုက်သည်။

“ မရှိဘူး ”

ကျန်းချုရှိန်းသည် ချက်ချင်းပြုံးပြီး သူ၏ လက်အောက်ငယ်သားထံမှ ဓားတစ်ချောင်းကို ယူလိုက်သည်။

“ ဒါဆို မင်းခေါင်းကို ငှားပြီး သတင်းပို့ဖို့ပဲ တတ်နိုင်မယ် ”

အပိုင်း ( ၉၇၂ )

စီးရီးယပ်လုပ်ကြံရေး အင်အားစုကို တိုက်ခိုက်ရန် အသုံးချလိုက်ခြင်း။

ကျန်းချုရှိန်း အချက်ပြပြီးနောက် ဟန်မိသားစုဝင်များသည် သူတို့၏ လက်နက်များကို မြှောက်ကာ သူတို့၏ စွမ်းအားကို စတင် သရုပ်ပြကြသည်။

တစ်ဖက်တွင် ရွှေစွပ်ပြုတ်လုံခြုံရေး အစောင့်များသည် သူတို့ထက် အဆများစွာ အားကောင်းသည့် ရန်သူနှင့် ရင်ဆိုင်ရသော်လည်း လုံးဝ မကြောက်ကြပေ။

ထိုအစား သူတို့အားလုံးသည် လက်သီးများကို ပွတ်သပ်ပြီး ရန်သူကို သင်ခန်းစာပေးရန် ပြင်ဆင်နေကြသည်။

ယဲ့ဖန်သည် သူ၏ မျက်လုံးများကို မှိတ်ထားပြီး မောက်မာသော ကျန်းချုရှိန်းကို ကြည့်နေသည်။

သူတို့နှစ်ဦးသည် နှစ်မီတာအကွာတွင် ရှိနေသည်။

နှစ်ဖက်မှ စတင်တိုက်ခိုက်သည်နှင့် စက္ကန့်အနည်းငယ်အတွင်းတွင် သူတို့ကို ဖမ်းနိုင်မည်ဟု သူယုံကြည်နေသည်။

သူ လျှို့ဝှက်စီစဉ်နေချိန်တွင် အာသာသည် ရုတ်တရက် လမ်းလျှောက်လာပြီး သူ၏ နားထဲသို့ တီးတိုးပြောလိုက်သည်။

" လူကြီးမင်းယဲ့၊ စီးရီးယပ်လုပ်ကြံရေး အင်အားစုက တိုက်ခိုက်ဖို့ တောင်းဆိုပါတယ်။ ”

ယဲ့ဖန်သည် သူ့ကို လှည့်ကြည့်လိုက်သည်။

" သေချာလား "

အာသာသည် ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ ငါတို့က ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှာ ပါ၀င်ပါတယ်။ ငါတို့ ဘာမှ မလုပ်ဆောင်ရသေးသေးဘူးဆိုပေမယ့် မင်းဆီက ဒီလိုမျိုး လက်ဆောင်ကောင်းတစ်ခုကို ငါတို့ ရပြီးပြီ။ ငါတို့ရဲ့ ခွန်အားကို မပြဘူးဆိုရင် ငါတို့ ခံစားချက်တွေ မကောင်းနိုင်ဘူး။ ”

ယဲ့ဖန်သည် လှည့်ကာ စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ အခြားအဖွဲ့ဝင်များကို ကြည့်လိုက်သည်။

သူတို့၏ မျက်လုံးများသည် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

သူသည် ခေတ္တမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

" ဒါဆို ခင်ဗျားနဲ့ ထားခဲ့လိုက်မယ်။ "

ထိုစကားကို ပြောပြီးနောက် သူသည် ဘေးဘက်သို့ ဆုတ်သွားပြီး ရွှေစွပ်ပြုတ်လုံခြုံရေးကို ထိန်းချုပ်ပြီး လျုံဖုန်းဟိုင်မှ လောလောဆယ် ဝင်ရောက်မစွက်ဖက်နိုင်ရန် တောင်းဆိုလိုက်သည်။

လျုံဖုန်းဟိုင်သည် အာသာ နှင့် အခြားသူများ ဟန်မိသားစု၏ ဝိုင်းရံခြင်းကို ခံနိုင်ရည်ရှိမည်ကို စိုးရိမ်သော်လည်း သူဌေးမှ အမိန့်ပေးထားသောကြောင့် လူအားလုံးကို ထိုင်ပြီး အနားယူခွင့်ပေးရန်မှတပါး ရွေးချယ်စရာမရှိပေ။

ရွှေစွပ်ပြုတ်လုံခြုံရေး အစောင့်များအားလုံးသည် အငြိမ်းစား အထက်တန်းစားစစ်သားများဖြစ်ကြသည်။

အမိန့်ဖြင့် သူတို့သည် လှေကားထစ်များပေါ်တွင် တက်ညီလက်ညီ ထိုင်ကြပြီး ကျောကို ဖြောင့်တန်းကာ ရှေ့ကို မျှော်ကြည့်နေကြသည်။

ယဲ့ဖန်သည် ရုတ်တရက် နောက်ပြန်ဆုတ်သွားသော ကျန်းချုရှိန်းကို မြင်လိုက်ရပြီး ရွှေစွပ်ပြုတ်လုံခြုံရေး အစောင့်များသည်လည်း သူတို့နှင့် တိုက်ရန် ရည်ရွယ်ချက်မရှိသကဲ့သို့ မြေပြင်ပေါ်၌ ထိုင်နေလိုက်သည်။

သူသည် ပဟေဋ္ဌိဖြစ်သွားသည်။

" ဘာကိုဆိုလိုတာလဲ။ သေအောင်ကစားချင်တာလား "

ပြောပြီးသည်နှင့် အာသာနှင့် တခြားသူများသည် သူ့ဆီ ရောက်လာကြသည်။

" မင်း လူကြီးမင်းယဲ့ကို စိန်ခေါ်ချင်တာလား။ မင်းနဲ့ မတန်ဘူး။ ငါတို့ မင်းနဲ့ အရင်ကစားမယ် "

ကျန်းချုရှိန်းသည် သူ့ရှေ့ရှိ လူရှစ်ယောက်ကို ကြည့်ပြီး ချက်ချင်း လှောင်ပြောင်လိုက်သည်။

" မင်းတို့ လူနည်းနည်းလေးက ငါတို့ တစ်ရာကျော်လောက်ကို သိမ်းပိုက်ချင်နေတာလား။ အသားတွေ အစိတ်စိတ်အမွှာမွှာခံ လှီးဖြတ်ရမှာ မကြောက်ဘူးလား ”

အာသာသည် သူ၏ဖိနပ်မှ စစ်ဓားတစ်ချောင်းကို ထုတ်ကာ ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

" တကယ်လို့ မင်း ငါတို့ အသားတွေကို လှီးဖြတ်နိုင်တဲ့ အရည်အချင်းရှိရင် မင်းကို ဖက်ထုပ်လုပ်ပစ်မယ် "

စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ အခြားအဖွဲ့ဝင်များသည်လည်း သူတို့၏ စစ်ဓားများကို ထုတ်ယူကာ လက်ထဲတွင် ဆုပ်ကိုင်ထားကြသည်။

ကျန်းချုရှိန်းသည် ယဲ့ဖန် ကို စိုက်ကြည့်ရင်း ရယ်မောလိုက်သည်။

“ ဒါဆို လိပ်တစ်ကောင်လို သူတို့နောက်မှာ ပုန်းနေလိုက်ဦး။ ဒီငတုံးတွေကို ငါအရင်ဖြေရှင်းမယ်၊ ပြီးရင် မင်းနဲ့ ငါ စာရင်းရှင်းမယ်။ "

သူ၏ လက်ထဲရှိ ဓားကို ဝှေ့ယမ်းလိုက်သည်။

"ခုတ်လိုက်"

ရား...

သူ၏ အမိန့်ဖြင့် လူတစ်ရာကျော်သည် သူတို့၏ ပုဆိန်များကို ဝှေ့ယမ်းပြီး ရှေ့ကို ဝိုင်းအုံလာကြသည်။

အာသာနှင့် တခြားသူများသည် ရှေ့မတိုးပေ။

သူတို့သည် စိန်ပုံသဏ္ဍာန် တိုက်ပွဲအသွင်ကို အမြန်ဖန်တီးပြီး ဆယ်ဆကျော်သော ရန်သူကို တဟုန်ထိုး တိုက်ခိုက်ကြသည်။

ရွှီး...…

စိန်ပုံသဏ္ဍာန်တိုက်ပွဲ၏ ရှေ့တန်းမှဖြစ်သော အာသာသည် သူ၏ လက်ထဲတွင်ရှိသော ဓားမြှောင်ကို အလျင်အမြန်ဆွဲကာ သူ့ကို တိုက်ခိုက်နေသော ဟန်မိသားစု လက်အောက်ငယ်သား၏ လည်ချောင်းကို လှီးဖြတ်လိုက်သည်။

ထိုလူ၏ လက်ထဲတွင် ပုဆိန်ကို လေထဲ၌ မြှောက်ထားဆဲဖြစ်ပြီး သူ၏ မျက်လုံးများသည် မယုံကြည်နိုင်သောအကြည့်များဖြင့် ပြည့်နှက်နေသည်။

သူ၏ လည်ချောင်းကို လက်တစ်ဖက်တည်းနှင့် ဆုပ်ကိုင်ထားရင်း သူ၏ လက်ချောင်းများ ကြားထဲတွင် သွေးများ ထွက်လာသည်။

ဗုန်း

ထိုလူဟာ မြေပြင်ပေါ် သို့ လဲကျပြီး သေဆုံးခါနီးတွင် အော်ဟစ်ရန် အချိန်ပင် မရှိခဲ့ချေ။

အာသာသည် သူ၏ နီမြန်းသောလျှာကို ထုတ်ကာ သူ၏ စစ်ဓားပေါ်ရှိ သွေးများဖြင့် သုတ်လိုက်သည်။

သူ၏ ပါးစပ်တစ်ခုလုံးမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး အလွန်ကြောက်စရာကောင်းသည့် ပုံစံ ဖြစ်နေသည်။

နှစ်ပေါင်းများစွာ တိုက်ပွဲများမှ စုဆောင်းထားသော အတွေ့အကြုံတစ်ခုလည်း ဖြစ်ပေသည်။

တပ်နှစ်တပ် တိုက်ကြသောအခါ ရက်စက်လေလေ ရန်သူက ကြောက်လေလေဖြစ်သည်။

မျှော်လင့်ထားသကဲ့သို့ ဟန်မိသားစု၏ လက်အောက်ငယ်သားများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ ဆံပင်များပါ ထောင်နေသကဲ့သို့ ခံစားလိုက်ရသည်။

သွေးဆာနေသော နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသလိုပင် ဖြစ်သည်။

ပို၍ ကြောက်တတ်သော သူများသည် လက်နက်များချကာ ပြန်ဆုတ်သွားကြသည်။

တစ်ချိန်တည်းတွင်ပင် အခြားလူခုနစ်ဦး၏ လက်များမှာလည်း သွေးများစွန်းထင်းနေသည်။

ထို့အပြင် သူတို့သည် အလွန်ရက်စက်ကြမ်းကြုတ်သောသူများဖြစ်သည်။

သူတို့သည် တစ်ချက်တည်းဖြင့် တိုက်ခိုက်ခြင်း မဟုတ်ဘဲ တိုက်ခိုက်ပြီးသည်နှင့် လည်ပင်းကို ဓားဖြင့် ခုတ်သတ်ကြသည်။

ဟန်မိသားစုမှ လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးသည် တခဏအတွင်း လဲကျသွားသည်။

ရှေ့မှ လူများအားလုံး အံ့သြသွားကြသည်။

သူတို့သည် သူတို့၏ လမ်းကြောင်းတွင် ရပ်ပြီး နောက်ဆုတ်ချင်နေကြသည်။

ထိုမြင်ကွင်းကို မမြင်ရသော နောက်ကွယ်မှ လူအများအပြား ရှိနေဆဲဖြစ်သည်။

သူတို့သည် သေခြင်းတရားဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးနေဆဲဖြစ်သည်။

အာသာနှင့် တခြားသူများသည် မညှာကြပေ။

သူတို့၏ ဓားများကို လှန်လိုက်သောအခါတိုင်း အနည်းဆုံး အသက်တစ်ချောင်း ပါသွားသည်။

ထို့အပြင် သူတို့သည် စိန်ပုံသဏ္ဍာန်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။

ဤဖွဲ့စည်းပုံ၏ အားသာချက်များထဲမှ တစ်ခုသည် တစ်ဦးနှင့်တစ်ဦးကြားတွင် ထောင့်တစ်ခုကို ဖန်တီးနိုင်ခြင်းကြောင့်ဖြစ်သည်။

ရန်သူကို တစ်ချက်တည်းဖြင့် မသတ်နိုင်ခဲ့လျှင် သူတို့ဘေးရှိ အဖွဲ့ဝင်များသည် မျဉ်းစောင်းမှနေပြီးအဆုံးသတ်ရန် ကူညီပေးလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်းတွင် အချင်းချင်းအတွက်လည်း ခုခံကာကွယ်နိုင်သည်။

စစ်မှန်သော တိုက်ပွဲမှ သူတို့၏ နှစ်ပေါင်းများစွာရှိသော အတွေ့အကြုံများကို အခြေခံ၍ ဤတိုက်ပွဲပုံစံသည် ရှုပ်ထွေးသောတိုက်ပွဲအတွက် အလွန်အသုံးဝင်ပေသည်။

ယခင်က ပုံမှန်စစ်တပ်ဖြင့် ရင်ဆိုင်ရသည့်အချိန်၌ပင် အလွန် အကျိုးသက်ရောက်မှု ရှိလေသည်။

ဤလူများအတွက် အသုံးပြုခြင်းသည် ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ခြင်းကဲ့သို့ပင် လွယ်ကူသည်။

ဟန်မိသားစုသည် တရားမ၀င်အဖွဲ့တစ်ခုဖြစ်သော်လည်း များသောအားဖြင့် ရဲရင့်ပြီး ရက်စက်ကြမ်းကြုတ်သူများသာဖြစ်သည်။

သူတို့သည် ပညာရှင်ဆန်ဆန် လေ့ကျင့်မှုများစွာ မလုပ်ခဲ့ကြပေ။

အများအားဖြင့် သူတို့သည် သူတို့၏ ဓားနှင့် တိုက်ခိုက်သည့်အခါ တခြားသူများကို ခြောက်ရန် သူတို့၏ အရှိန်အဝါကို အသုံးပြုနိုင်သည်။

ယခုမူ စီးရီးယပ်လုပ်ကြံရေး အင်အားစုကဲ့သို့သော ပရော်ဖက်ရှင်နယ် လူသတ်အဖွဲ့တစ်ဖွဲ့နှင့် မတိုက်နိုင်ပေ။

လူ၂၀ကျော် သေဆုံးပြီးနောက် သူတို့၏ နောက်မှအဖွဲ့သည် နောက်ဆုံးတွင် တုံ့ပြန်ကာ ဆုတ်ခွာသွားကြသည်။

လူ ၈၀ ကျော်ကို ရှစ်ဦးဖြင့် ပြန်ဆုတ်ခိုင်းနိုင်ခဲ့သည်။

ဤအရာသည် အသစ်အဆန်းတစ်ခုဟု ယူဆနိုင်သည်။

ကျန်းချုရှိန်းသည်လည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။

မူလက ထိုလူရှစ်ဦးသည် သူတို့၏ အရည်အချင်းများကို လွန်ကဲစွာ တွက်ဆကာ မျက်နှာသာ လိုချင်သည့်အတွက် တမင်တကာ ရှေ့သို့ ထွက်လာသည်ဟု လှောင်ပြောင်ခဲ့သည်။

သို့သော် သူ မပြုံးနိုင်တော့ပေ။

ထိုလူရှစ်ယောက် ပြသထားသော တိုက်ခိုက်ရေးစွမ်းအားသည် အလွန်ပင် ကြောက်စရာကောင်းလှသည်။

သူသည် ကမ္ဘာကြီးကို မြင်ဖူးသူဟု ယူဆနိုင်သည်။

ရွှေတြိဂံနယ်မြေ၌ သူရှိစဉ်တွင် လုပ်ကြံသတ်ဖြတ်သူ အများအပြားရှိခဲ့ပြီး သူတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာလည်း အလွန်ပြင်းထန်သည်။

သို့သော် သူ၏ ရှေ့တွင်ရှိသော လူရှစ်ယောက်နှင့် နှိုင်းယှဥ်ကြည့်လျှင် ထိုလူများသည် အသုံးမဝင်ပေ။

" ဒီရွှေစွပ်ပြုတ်လုံခြုံရေးက ဒီလိုမျိုး လူမိုက်အဖွဲ့ကို ဘယ်ကရတာလဲ။ "

သူ တကယ်ပင် ငိုချင်နေသော်လည်း မျက်ရည်မကျပေ။

ဤတစ်ခါတွင် သူ သံပူကို ကိုင်ခဲ့မိသည်မှာ ထင်ရှားလေသည်။

တစ်ဖက်၏ အင်အားသည် သူထင်ထားသည်ထက် များစွာ ပို၍ ပြင်းထန်နေသည်။

သို့သော် ယခု နောင်တရရန် အချိန်နှောင်းသွားလေပြီ ဖြစ်သည်။

သူတို့ စိတ်ဓာတ်ကို အချိန်မီ မမြှင့်တင်နိုင်လျှင် ရှုံးနိမ့်သွားနိုင်သည်။

သူသည် ဓားကို ဝှေ့ယမ်းကာ ကြောက်လန့်နေသော လက်အောက်ငယ်သားတစ်ဦးကို ခုတ်လှဲပစ်လိုက်သည်။

“ နောက်ခြေတစ်လှမ်းဆုတ်တဲ့ ဘယ်သူမဆို ဒီအတိုင်းပဲ ပြီးသွားလိမ့်မယ်။ ငါတို့မှာ လူတွေအများကြီးရှိတယ်၊ ဘာလို့ ကြောက်ရမှာလဲ။ တိုက်ကြ"

သူသည် ကျယ်လောင်စွာ အော်လိုက်ကာ ဓားရှည်ကို ဝှေ့ယမ်းကာ ရှေ့သို့တိုက်ခိုက်ရန် ဦးဆောင်လိုက်သည်။

ကျန်းချုရှိန်းသည် ဦးဆောင်လမ်းပြလိုက်သဖြင့် ကြောက်လန့်နေသော ဟန်မိသားစု၏ လက်အောက်ငယ်သားများသည် အနည်းငယ် စိတ်ငြိမ်သွားကာ ရှေ့သို့ ချီတက်ကြသည်။

အာသာနှင့် အခြားသူများလည်း မထိန်းထားကြတော့ပေ။

သူတို့၏ အိမ်တံခါးဝကိုရောက်လာသော ဂေါ်ဖီထုပ်အား သူတို့ရဲ့စစ်ဓားများဖြင့် သက်ညှာမရှိဘဲ ဝှေ့ယမ်းလိုက်ကြသည်။

“ ရှီး၊ ရွှမ်း၊ ရှီး… ”

ဟန်မိသားစု၏ လက်အောက်ငယ်သားများသည် ဟင်းသီးဟင်းရွက်များကဲ့သို့ ခုတ်လှဲခံရပြီး ရွှေစွပ်ပြုတ်လုံခြုံရေး အဆောက်အအုံရှေ့တွင် သွေးများဖြင့် နီရဲနေပြီဖြစ်သည်။

လဲကျသွားသော လူတချို့သည် မြေပြင်ပေါ်၌ ရုန်းကန်ပြီး အရူးအမူး အော်ဟစ်နေကြဆဲဖြစ်သည်။

ခန်းမတစ်ခုလုံးသည် အသက်ရှင်ဝင်နေသော ငရဲနှင့်တူနေသည်။

ယဲ့ဖန်သည်ပင် တုန်လှုပ်သွားလေသည်။

" ဒါက ရက်စက်လွန်းတယ်၊ ကြိုက်တယ် "

ချန်းဖေးအယ်သည် မရေမတွက်နိုင်သော အန္တရာယ်များကို ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်သော်လည်း သူမရှေ့ရှိ မြင်ကွင်းကြောင့် မတုန်လှုပ်ဘဲ မနေနိုင်ချေ။

"ယဲ့ဖန်၊ ဒီကိစ္စက သိပ်ကြီးတာမဟုတ်ဘူး မဟုတ်လား။ "

သူမသည် ယဲ့ဖန်ကို မကျေမနပ် ကြည့်နေမိသည်။

သူမသည် လုံခြုံရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

သူမသည် အမြဲတမ်း သတိရှိပြီး ကိစ္စများကို ကြီးသွားအောင် မလုပ်ချင်ပေ။

ကွင်းထဲတွင် လူသုံးဆယ်ကျော် ဒဏ်ရာရနေပြီ ဖြစ်သည်။

ထိုကိစ္စကို ထုတ်ဖော်လိုက်လျှင် တကယ်ကို ထိတ်လန့်စရာ ကောင်းလှပေမည်။

All Chapters