အပိုင်း ၉၇၃-၉၇၆
Vol. 49 Ch. 973-976
အပိုင်း ( ၉၇၃ )
အရမ်း ရက်စက်လွန်းတယ်၊ ငါကြိုက်တယ်။
ယဲ့ဖန်သည် သူမကို ပေါ့ပါးစွာ ပြုံးပြလိုက်သည်။
" စိတ်မပူပါနဲ့ ကန့်သတ်ချက်တွေကို ကိုယ်သိပါတယ်။ "
ချန်းဖေးအယ်၏ လှပသော မျက်နှာသည် တုန်လှုပ်သွားသည်။
အသေအပျောက် အများကြီး ရှိနေတာကို ကန့်သတ်ချက်တွေကို သိတယ်လို့ ပြောရဲသေးတာလား။
သူမသည် သူ့ကို ထပ်၍ သိမ်းသွင်းချင်သော်လည်း လျုံဖုန်းဟိုင်သည် ဝင်ပြောလိုက်သည်။
" မမလေးချန်း၊ စိတ်မပူပါနဲ့။ ဒါမျိုးက လောင်းကစားမြို့မှာ ဖြစ်တတ်တယ်။ ဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး။ ”
ချန်းဖေးအယ်သည် ရယ်ရမလား ငိုရမလား မသိပေ။
သူမ တစ်ယောက်တည်း အဘယ့်ကြောင့် စိတ်ရှုပ်နေရသနည်း။
ထိုလူအုပ်စုသည် ဤအရာကို တကယ်ပင် အလေးအနက်မထားသည်လား မသိတော့ပေ။
သူမသည် နောင်တွင် ဤလူအုပ်စုနှင့် ဝေးဝေးနေရန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
သူတို့ဆီမှ မသင်ယူချင်ပေ။
ယခုအချိန်တွင် မြေပြင်ပေါ်၌ လူ ၄၀မှ ၅၀အထိ လဲလျောင်းနေသည်။
အာသာ၏ အဖွဲ့ဖွဲ့စည်းပုံမှာလည်း ဖရိုဖရဲဖြစ်နေသည်။
သူတို့ထဲမှ နှစ်ယောက်သည် ဒဏ်ရာရသွားသော်လည်း မည်သည့် ပြဿနာမှ ရှိပုံမရပေ။
ထိုအချိန်တွင် ကျန်းချုရှိန်းသည် သူ၏ ဓားရှည်ကို အာသာဘက်သို့ လှည့်လိုက်သည်။
အာသာ၏ နှုတ်ခမ်းများသည် ကော့ညွတ်လာသည်။
သူ၏ လက်ထဲတွင် ဓားမြှောင်ကို မြှောက်ကာ မျဉ်းစောင်းပုံစံ ပိတ်ဆို့ လိုက်သည်။
ကျန်းချုရှိန်းသည် ရာနှင့် ချီသော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသော ရက်စက်ကြမ်းကြုတ်သူတစ်ဦးလည်း ဖြစ်သည်။
သူ၏ ဓားကို ပိတ်ဆို့လိုက်သောအခါ သူသည် အာသာကို ချက်ချင်းပင် ရင်ဘတ်ကို ကန်ထုတ်လိုက်သည်။
သူသည် ယခင်က မည်သည့်လက်သီးနည်းစနစ်ကိုမျှ မလေ့ကျင့်ခဲ့ဖူးဘဲ သူ၏ လှုပ်ရှားမှုအားလုံးကို လက်တွေ့တိုက်ပွဲများမှ သင်ယူခဲ့သည်။
ဤကန်ချက်သည် အလွန်ပင် ဆန်းကျယ်လှပြီး အစွမ်းထက်လှသည်။
အကန်ခံရလျှင် အနည်းဆုံး အရိုးကျိုးသွားလိမ့်မယ်။
အာသာသည် မထီမဲ့မြင်ပြု၍ ပြုံးကာ ကန်သွင်းချက်ကို ရှောင်လိုက်သည်။
ကျန်းချုရှိန်းသည် သူ၏ ခြေထောက်ကို မဆုတ်မီတွင် သူ၏ လက်ထဲတွင်ရှိသော ဓားမြှောင်သည် ရုတ်တရက် ပြုတ်ကျသွားသည်။
'ဖလူး' ဟူသော အသံနှင့်အတူ ဓါးသည် ကျန်းချုရှိန်း၏ ခြေဖဝါးနောက်ဘက်သို့ တိုက်ရိုက်ထိုးသွားသည်။
“အာ…”
ကျန်းချုရှိန်းသည် အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာသည် နာကျင်သဖြင့် မဲ့ရှုပ်သွားလေသည် ။
သို့သော် သူသည် သူ၏ အသက်အတွက် ဂရုမစိုက်တတ်သော ရက်စက်သည့်လူလည်း ဖြစ်သည်။
သူ နာကျင်နေသော်လည်း သူ၏ လက်ထဲရှိ ဓားသည် အာသာကို ခုတ်နေဆဲပင်ဖြစ်သည်။
အာသာသည် ဤလူကို ဤမျှလောက် ခက်ထန်လိမ့်မည်ဟု မမျှော်လင့်ထားဘဲ အမြန်နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။
သို့သော် သူ၏ မျက်နှာကို ဓားဖြင့် ခုတ်ခံနေရဆဲဖြစ်ပြီး သူ၏ သွားများကို ဒဏ်ရာများမှပင် မြင်တွေ့နိုင်သည်။
ဤအရာသည် သူ့ကို တုန်လှုပ်သွားစေရုံသာမကဘဲ သူ၏ နှလုံးသားထဲမှ အကောင်းဆုံး သဘာဝကိုပါ နှိုးဆွပေးခဲ့သည်။
" စိတ်ဝင်စားစရာပဲ "
သူစကားပြောနေစဉ်တွင် သူသည် သူ၏ ဓားမြှောင်ဖြင့် ရွယ်လိုက်ကာ ကျန်းချုရှိန်း၏ ရင်ဘတ်ကို ဓားမြှောင်နှင့် တည့်တည့်တိုးလိုက်လေသည်။
ကျန်းချုရှိန်းသည် သူ၏ ဓားကို လွှဲရင်း နောက်ပြန်ဆုတ်သွားသည်။
အာသာ ရှေ့ဆက် တိုးလာပါက သူ၏ ညာလက်ကို ဖြတ်တောက်ပစ်မည် ဖြစ်သည်။
သို့သော် ဤသည်မှာ ဟန်ပြမှု တစ်ခုသာ ဖြစ်သည်။
အာသာသည် သူ၏ ဓားကို လှည့်လိုက်ကာ သူသည် ရုတ်တရက် စစ်တပ်ဓားကို ညာလက်ဖြင့် ပစ်ချပြီး ဘယ်လက်ဖြင့် ဖမ်းလိုက်သည်။
“ ရွှိ…”
ကျန်းချုရှိန်း၏ ညာဘက်နားရွက်သည် ချက်ချင်း ပြတ်သွားသည်။
“ အား… ”
သူသည် အာသာကို ဆက်တိုက်ရန် စိတ်မ၀င်စားနိုင်တော့ချေ။
နားရွက်ကို အုပ်ပြီး အမြန်ပြန်ဆုတ်သွားသည်။
သို့သော် အာသာသည် သူ့ကို ဤကဲ့သို့ လုပ်ရန် အခွင့်အရေး ဘယ်လို ပေးနိုင်မည်နည်း။
သူ၏ လက်ထဲမှ စစ်ဓားကို ဝှေ့ယမ်းလိုက်သည်။
ရွှမ်း၊ ရွှမ်း၊ ရွှမ်း...
ကျန်းချုရှိန်း၏ ခန္ဓာကိုယ်တွင် ချက်ချင်းပင် သွေးထွက်ဒဏ်ရာ တစ်ဒါဇင်ကျော် ဖြစ်လာလေသည်။
ဓါးများသည် အလွန်ထက်သဖြင့် သူ၏ အရိုးများကို မြင်နိုင်သည်။
သူကို ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။
"ရွှမ်း…"
အာသာ၏ နောက်ဆုံးဓားသည် သူ၏ ပုခုံးကို ထိုးဖောက်ကာ မြေပြင်ပေါ်သို့ ဖိလိုက်သည်။
ခေါင်းဆောင်ကို အရင်ဖမ်းရမည်ကို သူသိသည်။
ထိုလူကို ဖမ်းထားသည်နှင့် ကျန်လူအုပ်သည် ရန်ပွဲမရှိဘဲ ပြိုလဲသွားလိမ့်မည်ဖြစ်သည်။
ထို့အပြင် လူကြီးမင်းယဲ့သည် ထိုလူကို တစ်ခုခု၌ အသုံးချမည်ဟု သူယုံကြည်သည်။
သူ့ကို ဤမျှလောက် လွယ်လွယ်ဖြင့် သေခွင့်မပေးနိုင်ချေ။
ကျန်းချုရှိန်း ဖမ်းသွားခံရသည်ကို မြင်သောအခါ ဟန်မိသားစု၏ လက်အောက်ငယ်သားများသည် သူတို့၏ လက်နက်များကို ပစ်ချကာ မြေပြင်ပေါ်၌ ထိုင်ချလိုက်ကြသည်။
ပြင်းထန်သော တိုက်ပွဲသည် ဤနေရာတွင် ပြီးဆုံးသွားသည်။
ဤတိုက်ပွဲတွင် စီးရီးယပ်လုပ်ကြံရေး အင်အားစုမှ အဖွဲ့ဝင်ရှစ်ဦးသည် ယဲ့ဖန်အတွက် သူတို့၏ တန်ဖိုးကို သက်သေပြခဲ့သည်။
လူရှစ်ဦးသည် သူတို့၏ အရေအတွက် ဆယ်ဆမျှ ပိုသော ရန်သူကို တိုက်ခိုက်ခဲ့ကြသည်။
အသေအပျောက်မရှိရုံသာမက လူငါးဆယ်ကျော်ကို သတ်ဖြတ်ပြီး ကျန်ငါးဆယ်ကို အရှင်လတ်လတ်ဖမ်းဆီးရမိခဲ့သည်။
ထိုသို့သောစံချိန်သည် လောင်းကစားမြို့တစ်ခုလုံးကို ထိတ်လန့်စေလောက်အောင်ဖြစ်ခဲ့သည်။
လျုံဖုန်းဟိုင်၏ စိတ်တွင် အလွန်ပင် ရှုပ်ထွေးနေလေသည်။
တစ်ဖက်တွင်မူ ရွှေစွပ်ပြုတ်လုံခြုံရေးတွင် ဤမျှ အစွမ်းထက်သော စွမ်းအားရှိသည်ကို ကျေနပ်မိသော်လည်း တစ်ဖက်တွင်မူ အနည်းငယ် ရှက်မိသည်။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီတွင် လုံခြုံရေးဝန်ထမ်း ၁၅၀ကျော်ရှိသော်လည်း အများစုမှာ လုံခြုံရေးလုပ်ငန်းများတွင်သာ ပို၍ ကောင်းမွန်ကြလေသည်။
ဤမျှလောက်ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားရှိသည့် အဖွဲ့တစ်ဖွဲ့ကို စုစည်းမိရန် မဖြစ်နိုင်ချေ။
သို့သော် သူသည် ဤအရာများကို ရှင်းရှင်းလင်းလင်း တွေးနေခဲ့သည်။
စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ အဖွဲ့ဝင်များသည် ဓါးသွားများနှင့် မီးတောက်ပင်လယ်ပြင်များကို ကျော်တက်ခဲ့ကြသည်။
လေ့ကျင့်ရုံဖြင့် ဤမျှ ကျွမ်းကျင်မှုကို မရနိုင်ချေ။
ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး လုံခြုံရေးကုမ္ပဏီများပင် ဤကဲ့သို့ အဖွဲ့ကို လေ့ကျင့်မပေးနိုင်ပေ။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီသည် ကြီးမားသော အဖွဲ့ကြီးကိုရရှိခဲ့သည်ဟု ဆိုနိုင်သည်။
ဤအရာများအားလုံးသည် သူတို့၏ သူဌေးအသစ်၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
သို့သော် ယခုအခါတွင် ယဲ့ဖန်ကဲ့သို့သော သူဌေးတစ်ဦးနှင့်အတူရှိနေသောကြောင့် အခြေအနေသည် မတူတော့ပေ။
ယဲ့ဖန်ရှိနေသရွေ့ ထိုလူတွေများသည် ရွှေစွပ်ပြုတ်လုံခြုံရေးအပေါ် သစ္စာစောင့်သိမှုအတွက် စိတ်ပူနေစရာ မလိုချေ။
ထိုအကြောင်းကိုတွေးပြီး ယဲ့ဖန်ကို သဘောကျစွာ ကြည့်လိုက်သည်။
အာသာသည် ကျန်းချုရှိန်းကို ခေါ်ဆောင်လာကာ ယဲ့ဖန်ရှေ့တွင် ပစ်ချလိုက်သည်။
“ လူကြီးမင်းယဲ့ကို သတင်းပို့ပါတယ်။ ရန်သူရဲ့ခေါင်းဆောင်ကို အရှင်လတ်လတ် ဖမ်းမိသွားပြီ။ ရန်သူ ၅၂ ဦး ကျဆုံးပြီး ၅၇ ဦး ဖမ်းမိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က လူရှစ်ယောက်ကို လွှတ်လိုက်ပေမယ့် တစ်ယောက်မှ ဒဏ်ရာမရခဲ့ပါဘူး ”
အသေးအဖွဲ ကိစ္စတစ်ခုခုကို လုပ်ခဲ့သကဲ့သို့ သူ၏ လေသံသည် အလွန် ငြိမ်သက်နေလေသည်။
သို့သော်လည်း ရှိနေသူအားလုံး၏ နှလုံးသားများ တုန်လှုပ်သွားခဲ့သည်။
ယဲ့ဖန်တွင် ဤကဲ့သို့ သန်မာသော အသင်း ရှိနေသည်။
ဤအရာသည် လောင်းကစားမြို့၌ အခြားစူပါသူဌေးတစ်ဦးရှိနေပုံကို ပြနေလေသည်။
ယဲ့ဖန်ကြောင့် လောင်းကစားမြို့တစ်ခုလုံး ပြောင်းလဲသွားခဲ့ရလေသည်။
အပိုင်း ( ၉၇၄ )
ငါမင်းကို ဝန်ခံဖို့ အတင်းအကျပ်လုပ်ဖို့ပဲ ပြောခဲ့တာ။ မင်းဘာလို့ ဒီလိုသွေးထွက်သံယိုတွေဖြစ်အောင် လုပ်လဲ။
" တော်တယ် "
ယဲ့ဖန်သည် အားပေးစကား အများကြီး မပြောပေ။
သူသည် အာသာ၏ ပခုံးကိုသာ ပုတ်လိုက်သည်။
သို့သော် ဤအရာက အာသာကို အလွန်စိတ်လှုပ်ရှားစေသည်။
မျက်စိတစ်မှိတ်အတွင်းမှာ လူဆယ်ယောက်ကျော်ကို သတ်ခဲ့သော ဤ 'လူသတ်သမား' သည် ကလေးတစ်ယောက်ကဲ့သို့ ပြုံးပြခဲ့သည်။
ယဲ့ဖန်၏ ချီးမွမ်းမှုတစ်ခုသည် ကမ္ဘာပေါ်ရှိ မည်သည့် ချီးမွမ်းမှုထက်မဆို ပို၍ တန်ဖိုးရှိသွားသလိုပင်ဖြစ်သည်။
စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ အခြားအဖွဲ့ဝင်များသည်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။
သူတို့သည် ယဲ့ဖန်ကို သူတို့၏ တန်ဖိုးကို မည်သို့ပြသရမည်ကို တွေးနေကြသော်လည်း အိပ်ပျော်သွားသည်နှင့် တပြိုင်နက် သူတို့ထံသို့ ခေါင်းအုံးတစ်လုံး လာပေးသကဲ့သို့ အခွင့်အရေးမျိုး ကြုံလာမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ယခု သူတို့သည် ကျန်းချုရှိန်းနှင့် အခြားသူများအပေါ် ဤအခွင့်အရေးကို ဖန်တီးပေးခဲ့ခြင်းကြောင့် များစွာ ကျေးဇူးတင်နေကြသည်။
သူတို့သည် အချိန်ကောင်းတွင် အခွင့်အရေးကောင်းကို ရခဲ့ကြပြီးဖြစ်သည်။
ကျန်းချုရှိန်း၏ ခန္ဓာကိုယ်သည် သွေးစွန်းနေလေသည်။
နားရွက်တစ်ဖက် ပြတ်သွားကာ မျက်နှာတစ်ခုလုံး သွေးများဖြင့် နီနေသည်။
သူကို ကြည့်ရသည်မှာ အလွန်စိတ်မကောင်းဖြစ်မိသည်။
ယဲ့ဖန်သည် သူ့ကို ခဏတာ စိုက်ကြည့်ပြီး ပြုံးလိုက်သည်။
" မင်း ငါ့ကို အခုရော မတောင်းပန်ချင်သေးဘူးလား။ တောင်းပန်ဖို့ နောက်ကျနေပြီမလား။ ”
ကျန်းချုရှိန်းသည် သူ့ကို မုန်းတီးသည့် အကြည့်ဖြင့် ကြည့်နေသည်။
" ကလေး၊ မင်းက ဟန်မိသားစုကို ရန်သူလုပ်ရဲတယ်။ မင်း လောင်းကစားမြို့မှာ အသက်ရှင်ကျန်ရစ်နိုင်မှာ မဟုတ်ဘူး။"
ယဲ့ဖန်၏ အပြုံးသည် ပို၍ တောက်ပလာသည်။
“ လောင်းကစားမြို့ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မလားဆိုတာ မသေချာပါဘူး။ သေချာတာတစ်ခုကတော့ အဲ့ဒီနေ့ကို မင်းတော့ မြင်နိုင်မှာမဟုတ်ဘူး။ ငါ မင်းကို မေးခွန်းတချို့ မေးမယ်။ ရိုးရိုးသားသားဖြေရင် ငါမင်းကို အမြန် သေအောင်လုပ်ပေးနိုင်တယ်။”
ကျန်းချုရှိန်းသည် ချက်ချင်းပင် ရယ်မောလိုက်သည်။
“ ငါက လူကြီးမင်းဟန်ဆီမှာ သစ္စာခံထားတာ။ ငါ့ကို သစ္စာဖောက် လုပ်စေချင်နေတာလား။ ထိုက်တန်သလား။ မင်းမှာ လှည့်ကွက်တွေရှိရင် အဲ့တာတွေကိုပဲ သုံးလိုက်။ ”
ယဲ့ဖန်သည် ခေါင်းယမ်းကာ ပြုံးလိုက်သည်။
" မင်း ဘာလုပ်ရမလဲ ပြပေးမယ်။ "
သူသည် ပြောနေရင်းဖြင့် အာသာကို တစ်ချက်ကြည့်လိုက်သည်။
အာသာသည် ချက်ချင်းသဘောပေါက်သွားပြီး လျုံဖုန်းဟိုင်ကို လှည့်ကြည့်လိုက်သည်။
" ဥက္ကဌလျုံ၊ ခွေးတစ်ကောင် ခဏ ငှားလို့ရမလား။ "
လျုံဖုန်းဟိုင်သည် သူဘာဆက်လုပ်မည်ဆိုတာ မသိသော်လည်း Caucasianခွေးတစ်ကောင်ကို ခေါ်လာပေးရန် တပည့်တစ်ယောက်ကို ပြောလိုက်သည်။
ရွှေစွပ်ပြုတ်လုံခြုံရေးသည် ခွေးကြီးများကို လေ့ကျင့်သင်ကြားပေးပြီး အသားစိမ်းများကို ကျွေးမွေးကြသည်။
အားလုံးသည် အရိုင်းဆန်ကြသည်။
Caucasianခွေးသည် သွေးကို အနံ့ခံကာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ဘယ်ညာ ခုန်တက်သွားသည်။
ခွေးကို ဦးဆောင်နေသည့် ရွှေစွပ်ပြုတ်လုံခြုံရေး အစောင့်သည် အရပ် ၁.၈ မီတာ မြင့်သော အမျိုးသား တစ်ဦးဖြစ်သော်လည်း ကြိုးကိုဆွဲထားရန် အနည်းငယ် ခက်ခဲနေသည်။
သို့သော် အာသာချဉ်းကပ်လာသောအခါတွင် ခွေးသည် ချက်ချင်းရပ်သွားပြီး အမြီးကိုပင် နှန့်နေသည်။
ဤမြင်ကွင်းကို ရှိနေသည့် သူများ မြင်ကြသောအခါ ရယ်စရာဖြစ်သွားကြသည်။
ဒါက ကိုယ့်ရဲ့ သွေးသားအရင်းတွေမို့ စကားနားထောင်သွားတာလား။
အာသာသည် ခွေးခေါင်းကို ပွတ်သပ်ပေးလိုက်ကာ မတ်တပ်ရပ်ပြီး ပြန်လမ်းလျှောက်သွားသည်။
သူသည် ကျန်းချုရှိန်းကို ငုံ့ကြည့်လိုက်သည်
" ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်။ မင်း ပူးပေါင်းဆောင်ရွက်နေသရွေ့ ငါမင်းကို အမြန်ဆုံးနည်းနဲ့ သေနိုင်အောင် လုပ်ပေးမယ်။ "
ကျန်းချုရှိန်းသည် သူ့ကို မကြောက်မရွံ့ ကြည့်နေသည်။
“ မင်းငါ့ကို သတ်ချင်လဲ ရတယ်။ နှိပ်စက်ချင်လဲ ရတယ်။ မင်း ဟန်လူကြီးမင်းကို သစ္စာဖောက်စေချင်တာဆိုရင်တော့ မဖြစ်နိုင်ဘူး "
အာသာသည် အချိန်မဖြုန်းတော့ဘဲ စစ်ဓားဖြင့် လမ်းလျှောက်လာရင်း ခြေထောက်တစ်ဖက်ကို ဆွဲကိုင်ပြီး ပေါင်အသားတစ်ပိုင်းကို ဖြတ်လိုက်သည်။
“ အား… ”
ကျန်းချုရှိန်းဆီမှ အလွန်သနားစရာကောင်းသော အော်ဟစ်သံကို ချက်ချင်း ထွက်လာပြီး နာကျင်မှုကြောင့် မူးမေ့လဲလုနီးပါးဖြစ်နေသည်။
စီးရီးယပ်လုပ်ကြံရေး အင်အားစုမှ အဖွဲ့ဝင်တစ်ဦးသည် သူ၏ မျက်နှာပေါ်သို့ ရေအေးပုံး တစ်ပုံးကို ပက်ဖြန်းကာ နိုးနေစေရန် တွန်းအားပေးကြသည်။
အာသာသည် ယုတ်မာသော အပြုံးကို ပြုံးပြီး သူ၏ ပေါင်သားကို ခွေးဆီသို့ လွှင့်ပစ်ပေးလိုက်သည်။
ကော့ကေးရှန်းခွေးသည် ချက်ချင်းပင် ခုန်လိုက်ပြီး စတင်၍ စားတော့သည်။
ပါးစပ်ထဲ၌ 'ပလက် ပလက်' အသံများပင်ထွက်ပြီး ပျော်ရွှင်စွာ စားနေသည်။
ဤမြင်ကွင်းကို မြင်ရသူအားလုံးသည် ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။
ဤမြင်ကွင်းသည် သွေးစွန်းလွန်းနေသည်။
ငရဲခန်း ကဲ့သို့ပင် ဖြစ်နေသည်။
ချန်းဖေးအယ်သည် သည်းမခံနိုင်တော့ချေ။
သူမသည် မအီမသာဖြစ်လာသည်ကိုပင် ခံစားလိုက်ရပြီး အခြားတစ်ဖက်သို့ လှည့်လိုက်သည်။
ယဲ့ဖန်သည် အာသာကို စိတ်ဝင်တစားကြည့်နေသည်။
ခွန်အား၊ ဉာဏ်ရည်၊ သို့မဟုတ် နည်းစနစ်အရဖြစ်စေ ထိုပုဂ္ဂိုလ်သည် လူသားများကြားမှ နဂါးတစ်ကောင်ပင် ဖြစ်သည်။
သူသည် စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ လက်ထောက်တပ်မှူးဖြစ်လာနိုင်သည်မှာ အံ့သြစရာမရှိလှပေ။
အနာဂတ်တွင် သူ့ကို ကောင်းကောင်း ပြုစုပျိုးထောင်နိုင်မည်ဟု တွေးနေသည်။
အာသာသည် ခွေးကို အစာကျွေးပြီးသောအခါ နောက်သို့ ပြန်လှည့်ပြီး ကျန်းချုရှိန်းကို ဆက်၍ စိုက်ကြည့်နေသည်။
" မပြောသေးဘူးလား။ "
ကျန်းချုရှိန်းသည် နာကျင်မှုကြောင့် တဆတ်ဆတ်တုန်နေပြီဖြစ်သော်လည်း သူ့သွားများကို အံကြိတ်ကာ ထုတ်ပြောရန် ငြင်းဆန်နေဆဲဖြစ်သည်။
အာသာသည် အခြားခြေထောက်တစ်ဖက်မှ ပေါင်သားတစ်ပိုင်းကို ဖြတ်ကာ ခွေးထံသို့ ပစ်ချလိုက်သည်။
ကျန်းချုရှိန်းသည် အလွန်နာကျင်နေပြီး မူးလဲလုနီးပါးဖြစ်နေပြီဖြစ်သည်။
သို့သော် ပို၍ပင် ကြောက်စရာကောင်းသည်မှာ ခွေးသည် သူ့အသားကို စားနေသည်ကို သူ့မျက်လုံးများဖြင့် မြင်လိုက်ရခြင်း ဖြစ်သည်။
သူ၏ ဗိုက်ထဲတွင် အော်ကလီ ဆန်သွားလေသည်။
" ငါ့ကိုသတ်လိုက်ပါတော့။ မြန်မြန်သတ်လိုက်ပါတော့လို့ တောင်းဆိုပါတယ်။ ငါ့ကိုသတ်လိုက်ပါတော့…"
သူ၏ အသံများသည် အက်ကွဲကာ ပြာနေပြီး သူ့ကိုယ်သူ သတ်သေချင်နေလေသည်။
အာသာသည် သူ၏ ဓားဖြင့် ပြန်လျှောက်သွားသည်။
" ဘယ်ကို ဖြတ်သင့်တယ်လို့ ထင်လဲ "
သူသည် သူ၏ စစ်ဓားဖြင့် ဟန်ပြကာ နောက်ဆုံးတွင် ကျန်းချုရှိန်း ၏ ယောက်ျားပီသသောအသွင်အပြင်၌ ရပ်တန့်သွားသည်။
သူသည် စစ်တပ်ဓားရိုးကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
အမြင့်ဆုံးနေရာသို့ ရောက်သောအခါ ပြင်းထန်စွာ ထိုးချလိုက်သည်။
" ရပ် "
ကျန်းချုရှိန်းသည် ရှိသမျှ အားကိုသုံးကာ အော်လိုက်သည်။
စွက်
စစ်ဓားသည် သူ၏ ပေါင်ကြားသို့ ရောက်ရန်လက်ချောင်းအလို၌ ရပ်တန့်သွားသည်။
“ ပြောမယ်…ပြောမယ်… ”
ကျန်းချုရှိန်းသည် တောင့်ခံထားသမျှအားလုံး ပြိုကျသွားလေသည်။
သူ၏ အကြည့်များသည်လည်း အာရုံစူးစိုက်မှု မရှိတော့ချေ။
အာသာသည် သူ၏ ဓားကိုဖယ်လိုက်ပြီး ယဲ့ဖန် ကို သတင်းပို့လိုက်သည်။
ယဲ့ဖန်သည် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။
“ မင်းကို ဝန်ခံခိုင်းဖို့ တွန်းအားပေးဖို့ပဲ ငါပြောခဲ့တာ။ မင်းဘာလို့ ဒီလောက် သွေးထွက်သံယို ဖြစ်အောင် လုပ်ရတာလဲ။ မင်းက နတ်ဆိုးလား။ "
အာသာသည် ချက်ချင်း ခေါင်းညိမ့်ပြလိုက်သည်။
သူတို့ကဲ့သို့သော လူသတ်သမားများသည် ဝန်ခံရန် အတင်းအကြပ်လုပ်ဖို့ အချိန်မရှိပေ။
သူတို့သည် ရန်သူ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ချိုးဖြတ်ရန် အရက်စက်ဆုံးနှင့် အလျင်မြန်ဆုံး နည်းကိုသာ သုံးကြသည်။
ယခုမူ သူသည် ယဲ့ဖန်ကို အလွန်လေးစားသည်။
ထို့ကြောင့် အချေအတင် မပြောဝံ့ပေ။
ယဲ့ဖန်သည် ဤကိစ္စကို ဆက်၍ မစဉ်းစားတော့ချေ။
ကျန်းချုရှိန်းကို လှည့်ကြည့်လိုက်သည်။
" အခုအမှန်အတိုင်းပြောလို့ရပြီလား။ "
ကျန်းချုရှိန်းသည် ခါးသီးစွာ ပြုံးနေလေသည်။
“ မေးစရာရှိတာ မေးပြီးရင် ငါ့ကို အမြန်သတ်ပေး။ "
ယဲ့ဖန်သည် သူ၏ ရိုင်းစိုင်းသော စကားများကို မတုန့်ပြန်တော့ပေ။
" ဟန်မိသားစုက ဘာလို့ ဒီကိုရီးယားလူမျိုးတွေအတွက် ဒီလောက်အရေးကြီးရတာလဲ။ "
ထိုမေးခွန်းကို သူ အလွန် သိချင်နေခဲ့သည်။
ဟန်ရှုန်ယွမ်မှာ သူသည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ သူဌေးဖြစ်ကြောင်းကို သိသော်လည်း ထိုကိုရီးယားလူမျိုးများအား တောင်းပန်ရန် ဆက်လက်တောင်းဆိုခဲ့သည်။
ဤအချက်သည် ကိုရီးယားလူမျိုးများကို အလွန်ပင် တန်ဖိုးထားကြောင်း သက်သေပြနေခဲ့သည်။
အနည်းငယ် ပုံမှန်မဟုတ်သလို ခံစားရကာ သူ၏ သံသယများကို နှိုးဆွပေးနေလေသည်။
ကျန်းချုရှိန်းသည် ခုခံရန် စိတ်ကူးမရှိတော့ချေ။
" ဘာလို့လဲဆိုတော့ ဒီကိုရီးယားလူမျိုးတွေဟာ ဟန်မိသားစုရဲ့ ကြီးမားတဲ့အစီအစဉ်နဲ့ ပတ်သက်နေလို့ပါ "
" ဘာအစီအစဉ်လဲ "
" လောင်းကစားဘုရင်ပြိုင်ပွဲ “
အပိုင်း ( ၉၇၅ )
မင်း ဒုက္ခအကြီးအကျယ်ရောက်ပြီ။
ကျန်းချုရှိန်းထံမှ လောင်းကစားဘုရင်ပြိုင်ပွဲအကြောင်း ယဲ့ဖန်ကြားလိုက်ရသည်။
သူ အံ့သြသွားသည်။
" လောင်းကစားဘုရင်ပြိုင်ပွဲ၊ ဟန်မိသားစုကလည်း လောင်းကစားဘုရင်အတွက် ပြိုင်ချင်နေတာလား။ ”
ကျန်းချုရှိန်း ပြုံးလိုက်သည်။
“ လောင်းကစားမြို့တော်မှာရှိတဲ့ ဘယ်မိသားစုက လောင်းကစားဘုရင်ဘွဲ့အတွက် မပြိုင်ချင်ကြမှာလဲ။ သူတို့ရဲ့ မိသားစု ခွန်အားကို သက်သေပြနိုင်ရုံတင်မကဘူး မြင်သာထင်သာတဲ့ အကျိုးကျေးဇူးတွေကိုလဲ ရကြဦးမှာ။ ထုံးစံအတိုင်း သူတို့က လွှတ်ထားချင်မှာ မဟုတ်ဘူး။ ”
ယဲ့ဖန်သည် သူ့ကို စိုက်ကြည့်နေလေသည်။
" တခြားအကြောင်းတွေလဲ ရှိလောက်သေးတယ် မဟုတ်လား။ ဟန်ရှုန်ယွမ်က ဒီလိုအသေးအမွှားအကျိုးအမြတ်အတွက် ဒီအချိန်မှာ ငါနဲ့ ထိပ်တိုက်တွေ့ဖို့ လုပ်မှာ မဟုတ်ဘူး။ ”
ကျန်းချုရှိန်းသည် သူ့ကို ကြည့်ပြီး ပြုံးပြပြသည်။
“ မင်းက အရမ်းဉာဏ်ကောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အောင်မြင်တာ မဆန်းပါဘူး။ မင်းက တကယ့်ကို ထူးထူးခြားခြားပဲ။ "
ယဲ့ဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။
" ငါ့ကို မြှောက်ပင့်မနေနဲ့။ ငါ့ မေးခွန်းကို ဖြေ။ "
ကျန်းချုရှိန်းသည် ခေါင်းညိတ်လိုက်သည်။
" မှန်တယ်။ လောင်းကစားဘုရင်ဘွဲ့ကို ယူချင်တာထက် ဟန်မိသားစုမှာ ပိုကြီးတဲ့ အစီအစဉ်တစ်ခု ရှိသေးတယ်…”
" ဘာအစီအစဉ်လဲ "
ယဲ့ဖန်သည် စိတ်မရှည်စွာ မေးလိုက်သည်။
“ အဲ့တာ… ”
ကျန်းချုရှိန်း သည် ပြောနေရင်း ရုတ်တရက် တံခါးဘက်ကို လှမ်းကြည့်သည်။
" သခင်ကြီး "
ဟန်ရှုန်ယွမ် က ဒီမှာ ရှိနေတာလား။
ယဲ့ဖန် အပါအဝင် လူတိုင်း လှည့်ကြည့်လိုက်သောအခါ တံခါးဘက်၌ ကွက်လပ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူတို့ လှည့်စားခံလိုက်ရပြီ ဖြစ်သည်။
လူတိုင်းသည် ချက်ချင်း တုံ့ပြန်ကြသော်လည်း အချိန်နှောင်းသွားလေပြီ။
သူတို့ ပြန်လှည့်ကြည့်လိုက်သောအခါ ကျန်းချုရှိန်းသည် ခွေးကို ခုန်အုပ်ရန် သူ၏ ခွန်အားများကို အကုန်သုံးပြီးနေပြီ ဖြစ်သည်။
ခွေးသည် နေရာတွင် သွေးနံ့ကြောင့် အနည်းငယ် တုန်လှုပ်နေခဲ့သည်။
ယခုအခါတွင်မူ ရုတ်တရက် တိုက်ခိုက်ခံရပြီး တိရစ္ဆာန်သဘာဝသည် ချက်ခြင်း ပေါက်ကွဲထွက်လာသည်။
ကျန်းချုရှိန်းသည် ခွေးဆီ မရောက်ခင်တွင် ခွေးသည် သူ၏ လည်ချောင်းကို ကိုက်ထားပြီးသား ဖြစ်နေလေသည်။
ကျန်းချုရှိန်း၏ ခန္ဓာကိုယ်သည် နှစ်ကြိမ် တုန်ခါသွားပြီး သူ၏ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
ထို့နောက် မျက်စိမှိတ်ပြီး သေဆုံးသွားသည်။
ဤကြေကွဲဖွယ်မြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရှိနေသူအားလုံး သက်ပြင်းချကြသည်။
" သူက တကယ့် ယောင်္ကျားတစ်ယောက်ပဲ၊ ဒါပေမယ့် သနားစရာပဲ "
ယဲ့ဖန်သည် မချီးမွမ်းဘဲ မနေနိုင်ပေ။
တခြားသူတွေကလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်နေကြတယ်။
ကျန်းချုရှိန်းသည် ထိုလူမဆန်စွာ စစ်ဆေးမေးမြန်းမှုကို ဖြတ်သန်းပြီးနောက် အလျော့ပေးခဲ့သည်။
သူ ဝန်ခံခဲ့ပုံရသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူသည် မည်သည့်အရာကိုမျှ ဝန်ခံခဲ့ပုံ မပေါ်ချေ။
နောက်ဆုံးတွင် သူသည် သူ၏ အသက်ကိုစွန့်ကာ သူ၏သခင်အပေါ် နောက်ဆုံးသစ္စာရှိမှုကို ပြသခဲ့သည်။
ဤအချက်ကြောင့် သူ့အား ရှိနေသူများသည် လေးစားနေကြသည်။
သူတို့ကိုယ်သူတို့ သူ၏ နေရာတွင် ဝင်ခံစားကြည့်ကာ ဤကဲ့သို့ လုပ်နိုင်ပါမလားဟု တွေးတောနေကြသည်။
လက်ရှိတွင် လူအများစုသည် မလုပ်နိုင်ကြပေ။
" သူ့အတွက် ကောင်းတဲ့ သင်္ချိုင်းတစ်ခုရှာလိုက်ပါ "
ယဲ့ဖန်သည် လှည့်ပြီး လျုံဖုန်းဟိုင်ကို ညွှန်ကြားလိုက်တယ်။
လျုံဖုန်းဟိုင်သည် အမိန့်ကို ချက်ချင်းလက်ခံပြီး အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းရန် ရွှေစွပ်ပြုတ်လုံခြုံရေးကို စီစဉ်ညွှန်ကြားနေသည်။
အာသာသည် ရုတ်တရက် လမ်းလျှောက်လာပြီး ဟန်မိသားစုမှ ဖမ်းထားသော လူများကို ညွှန်ပြသည်။
“ လူကြီးမင်းယဲ့၊ ဒီလူတွေနဲ့ ငါတို့ ဘာလုပ်သင့်လဲ။ လူကြီးမင်း .... လုပ်ချင်လား …. "
သူသည် စကားပြောနေစဉ်တွင် လည်ချောင်းဖြတ်သည့်အမူအရာတစ်ခု ပြုလုပ်ပြသည်။
သုံ့ပန်းများသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သူ့ကိုကြည့်နေကြသည်။
သူ၏ လုပ်ရပ်ကို မြင်သောအခါ ကြံရာမရဖြစ်ကာ ကြောက်လန့်သွားကြသည်။
ယဲ့ဖန်သည် သူ့ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။
" မင်း လူသတ်တာကို စွဲနေတာလား။ "
အာသာသည် ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။
" စီးရီးယပ်လုပ်ကြံရေး အင်အားစုရဲ့စည်းမျဉ်းအရ ခေါင်းဆောင်က သုံ့ပန်းတွေကို ဖမ်းဆီးပြီးတဲ့နောက်ဆုလာဘ်ကို ရပါလိမ့်မယ်။ ကျန်တာ ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် သတ်ပစ်ရတယ်။ ”
ယဲ့ဖန်သည် သူ့ကို ခက်ထန်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။
" အရင်က ဘာပဲလုပ်လုပ် သာမာန် လူ့ဘောင်ကိုပြန်ရောက်ဖို့ ရွေးချယ်ပြီးကတည်းက ဥပဒေလိုက်နာတဲ့ နိုင်ငံသားဖြစ်ဖို့ သတိပေးရလိမ့်မယ်။ "
" ခင်ဗျားရဲ့ အကျင့်ဆိုးတွေ အားလုံးကို ပြောင်းလဲလိုက်။"
အာသာသည် ခေါင်းညိတ်လိုက်သည်။
" ဟုတ်ကဲ့ ကျွန်တော်တို့ စာမျက်နှာ အသစ်ကို လှန်လိုက်ပါမယ် "
စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ အဖွဲ့ဝင်များသည် ကြိတ်ရယ်မိနေလေသည်။
သူတို့၏ ဒုတပ်မှူးသည် များသောအားဖြင့် အလွန်ပင် တင်းကြပ်လေသည်။
သေးငယ်သော အပြစ်ဆိုလျှင် ရိုက်နှက်ဆုံးမပြီး ပြင်းထန်ပါက အပြစ်ပေးမည် ဖြစ်သည်။
အများစုမှာ စိတ်ဆိုးသော်လည်း သူ့အား အာမခံရဲသောကြောင့် ဘာကိုမျှ ပြန်မပြောရဲကြပေ။
တတိယမြောက်မြေးတစ်ယောက်ကဲ့သို့ အဆူခံရလိမ့်မယ်ဟု သူတို့ မမျှော်လင့်ထားပေ။
အလွန်ကောင်းသည်ဟု ခံစားကြရသည်။
နောက်ဆုံးတွင် တစ်ယောက်ယောက်သည် သူ့ကို ကုသပေးနိုင်ခဲ့ပြီ ဖြစ်သည်။
အာသာသည် လှည့်ကြည့်ကာ ထိုလူများကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
ထို့နောက် ယဲ့ဖန်ကို ပြန်လှည့်ကြည့်လိုက်သည်။
“ လူကြီးမင်းယဲ့၊ မင်း ဒီလူတွေကို လွှတ်ပေးလိုက်လို့ပေမယ့် ဟန်မိသားစုကို လွယ်လွယ်နဲ့ ခွင့်လွှတ်လို့ မရဘူး။ "
“ မင်းက ရွှေစွပ်ပြုတ်လုံခြုံရေးရဲ့ သူဌေးဖြစ်မှန်း သူတို့ ရှင်းရှင်းလင်းလင်း သိပေမယ့် မင်းကို သတ်ဖို့ သတ္တိရှိနေတုန်းပဲ။ ကလဲ့စားမချေရင် သူတို့က ဟာသတွေ ဖြစ်နေမယ် မဟုတ်လား။ "
" ကျွန်တော်တို့ရဲ့ ဂုဏ်အသရေကို ထူထောင်ဖို့နဲ့ လောင်းကစားမြို့မှာရှိတဲ့ အခြားတပ်ဖွဲ့တွေ ကျွန်ုပ်တို့၏ ရွှေစွပ်ပြုတ်လုံခြုံရေးကို စော်ကားရင် ဖြစ်မယ့် အကျိုးဆက်တွေကို မြင်နိုင်စေဖို့ သူတို့ကို သုံးလို့ရတယ်။"
ဤတစ်ကြိမ်တွင် ယဲ့ဖန်သည် ဒေါသအမျက်မထွက်ခဲ့ပေ။
လောင်းကစားမြို့တော်ရှိ အဓိက အင်အားစုအများစုသည် သူ၏ လုပ်ရပ်များကို စောင့်ကြည့်နေကြောင်း သူသိသည်။
အကယ်၍ သူသည် နှုတ်ဆိတ်နေပြီး ဤအချိန်၌ လွှတ်ထားပေးလိုက်ပါက သူသည် မိမိကိုယ်ကို အရူးဇာတ်သွင်းရာ ကျပေလိမ့်မည် ။
' အင်း၊ ကိစ္စတွေက ဒီလို ဖြစ်ကုန်တာကြောင့် ဂုဏ်သိက္ခာကို တည်ဆောက်ဖို့ ဒီဟန်မိသားစုကို သုံးရမယ်။ '
လောင်းကစားမြို့တော်ရှိ အဓိကအင်အားစုများအား လောင်းကစားမြို့တော်တွင် သူတို့၏ ကတ်များကို မွှေတော့မည်ဖြစ်ကြောင်း ကြေငြာချက်တစ်ခုပင် ဖြစ်လေသည်။
လောင်းကစားမြို့၌ သူ့အတွက် နေရာရှိရမည်။
" လျုံလူကြီး၊ မင်းစုနိုင်တဲ့လူအားလုံးကို စုလိုက်။ ပစ်မှတ်က ဟန်မိသားစု ”
" နားလည်ပါပြီ "
ရွှေစွပ်ပြုတ်လုံခြုံရေး အစောင့်များအားလုံးသည် အမိန့်ကို လေးနက်စွာ လက်ခံကြသည်။
အာသာသည် တိုးတိုးလေးပြောလိုက်သည်။
“မင်း နိုင်ငံသားကောင်းဖြစ်ချင်တယ်လို့ ပြောတာမဟုတ်ဘူးလား။ အားလုံးက လိမ်နေတာပဲ "
ယဲ့ဖန် ထိုစကားကို ကြားပြီး သူ့ကို မြေပြင်ပေါ် ရိုက်ချလိုက်သည်။
......................................
ညဘက် လောင်းကစားမြို့တော်ရှိ ဟန်မိသားစု၏အိမ်၌ ဖြစ်သည်။
ဟန်ရှုန်ယွမ်သည် သူနှင့် တွဲနေသော အနုပညာရှင်ကောင်မလေးကို ပွေ့ဖက်ထားသည်။
အသက်ခြောက်ဆယ်ကျော်နေပြီ ဖြစ်သော်လည်း ဤနယ်ပယ်တွင် သူ၏ လိုအပ်မှုများသည် အားကောင်းဆဲပင် ဖြစ်သည်။
ယမန်နှစ်တွင် သူ၏ စတုတ္ထမြောက် မယားငယ်သည် သူ၏ ပဉ္စမသားကို မွေးဖွားခဲ့သည်။
ထို့အပြင် သူတို့သည် DNA စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကာ သူ၏ ကလေးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သူသည် ကောင်မလေး၏ အဝတ်အစားများထဲသို့ ရောက်နေပြီဖြစ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးတော့မည် ဖြစ်သည်။
တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်ပြီးနောက် စစ်အတိုင်ပင်ခံပုဂ္ဂိုလ် သွမ့်ရှစ်ကျင်း ပြေးဝင်လာသည်ကို သူတွေ့လိုက်ရသည်။
အကယ်၍ သူ၏ အကြံအစည်ကို ပျက်ပြားစေသော အခြားသူတစ်ဦးသာဆိုလျှင် ဟန်ရှုန်ယွမ်သည် ဒေါသတကြီး ပေါက်ကွဲ သွားလိမ့်မည် ဖြစ်သည်။
သို့သော် သူ၏ ညာလက်ရုံးကိုမူ ဒေါသမဖြစ်ပေ။
" ရှစ်ကျင်း၊ ဘာကိစ္စရှိလို့လဲ "
သူ စကားပြောနေစဉ်တွင် သူသည် မိန်းကလေး၏ ကော်လံမှ သူ၏ လက်ကို တွန့်ဆုတ်စွာ ဆွဲထုတ်လိုက်သည်။
သွမ့်ရှစ်ကျင်းသည် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်နေလေသည်။
" ဒီလိုအချိန်မျိုးမှာ မင်းဘယ်လို အားနေသေးတာလဲ "
ဟန်ရှုန်ယွမ်သည် တခစ်ခစ်ရယ်ပြီး နာမည်ကြီး အမျိုးသမီးကို သူ့ရင်ခွင်ထဲ တွန်းထည့်လိုက်သည်။
“ အလျင်လိုနေရင် အရင်လုပ်လိုက် "
ငယ်စဉ်က ပလေးဘွိုင်တစ်ယောက်ဖြစ်ခဲ့ပြီး သူ၏ အလုပ်ကို ကောင်းကောင်းမလုပ်ဘဲ ကမ္ဘာအနှံ့ လျှောက်လည်ခဲ့သည်။
အသက်ကြီးလာသော်လည်း သူ၏ သဘာဝကို ပြောင်းလဲရန် ခက်ခဲနေဆဲပင်ဖြစ်သည်။
သူသည် များသောအားဖြင့် မိသားစုစီးပွားရေးကို သွမ့်ရှစ်ကျင်းနှင့် ကျန်းချုရှိန်းထံ ထားခဲ့ပြီး သူဘာသာသူ ပျော်ရွှင်အောင်နေလေသည်။
ဤ အပြုအမူမျိုးသည် သက်သောင့်သက်သာ မရှိလှပေ။
သွမ့်ရှစ်ကျင်းသည် ထိုအမျိုးသမီးကို တွန်းထုတ်လိုက်သည်။
" ဟာသပြောဖို့ စိတ်မ၀င်စားဘူး။ မေးပါရစေဦး။ ရွှေစွပ်ပြုတ်လုံခြုံရေးမှာ ပြဿနာရှာခိုင်းထားတာလား။ "
ဟန်ရှုန်ယွမ်သည် မတ်တပ်ထရပ်ပြီး ဝိုင်နီ နှစ်ခွက်ကို လောင်းထည့်လိုက်သည်။
" ဟုတ်တယ် ဘာဖြစ်လို့လဲ "
သွမ့်ရှစ်ကျင်းသည် ဒေါသထွက်သွားသည်။
" ဘာရှိရမှာလဲ။ ဒုက္ခရောက်ပြီ "
ဟန်ရှုန်ယွမ်သည် သွမ့်ရှစ်ကျင်း ၏ စိုးရိမ်သောကအကြည့်ကို မြင်လိုက်ရပြီး မပြုံးနိုင်တော့ပေ။
“ အဲ့ဒီလို ရှုပ်ထွေးအောင် မလုပ်နဲ့။ စိတ်တည်ငြိမ်အောင် အရင်သောက်ပါ။ "
ဝိုင်နီတစ်ခွက်ကို ပေးလိုက်သည်။
သို့သော် သွမ့်ရှစ်ကျင်းသည် အေးစက်စွာဖြင့် ဟွန်းခနဲ အသံပြုလိုက်ပြီး မယူပေ။
ဟန်ရှုန်ယွမ် စိတ်မ၀င်စားပေ။
သူသည် ဝိုင်ခွက်နှစ်ခွက်ကို ချလိုက်ပြီး မိန်းကလေးကို ထွက်သွားဖို့ သူ၏ လက်ကို ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။
ထို့နောက် သူသည် သွမ့်ရှစ်ကျင်းကို လေးနက်စွာ ကြည့်လိုက်သည်။
“ လူကြီးမင်းလီကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့ကလေးက ဘယ်သူလဲဆိုတာ မင်းသိလား။ တကယ်တော့ သူက ရွှေစွပ်ပြုတ်လုံခြုံရေးရဲ့ သူဌေးပဲ။ ”
အပိုင်း ( ၉၇၆ )
တကယ်လို့သူက အကောင်အကြီးကြီးဆို ငါကရော ဘာလဲ။
သွမ့်ရှစ်ကျင်းသည် အံ့သြသွားပုံမပေါ်ပေ။
ထိုသတင်းကို ကြိုကြားသိထားသည်မို့ သူရောက်လာခြင်း ဖြစ်ပေမည်။
" လူကြီးမင်းလီက ငါတို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းသိပါတယ်။ "
ဟန်ရှုန်ယွမ်သည် ဆက်ပြောလေသည်။
“ ဒါက ငါတို့ရဲ့ အစီအစဉ်ကြီးနဲ့ သက်ဆိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ကို ကျေနပ်လောက်တဲ့ ရှင်းပြချက် ပေးရမယ်။ ”
သွမ့်ရှစ်ကျင်းသည် နောက်ဆုံးတွင် မနေနိုင်တော့ကာ မေးလိုက်သည်။
“ ဒါဆို မင်း ကျန်းချုရှိန်းကို ရွှေစွပ်ပြုတ်လုံခြုံရေးကို ဝိုင်းခိုင်းဖို့ လွှတ်လိုက်တာလား။ သူတို့က ဘယ်လောက် အင်အားတောင့်လဲ သိလား ”
ဟန်ရှုန်ယွမ်သည် ဟက်ခနဲ ရယ်လိုက်သည်။
“ ဒါက လုံခြုံရေးကုမ္ပဏီလေးတစ်ခုပဲ မဟုတ်လား။ အဲ့လောက်လဲ အရေးမပါပါဘူး။ ”
“ ပြီးတော့ အတင်းအကြပ်မလုပ်ခင် အားရှိန်းကို ယဉ်ယဉ်ကျေးကျေးလုပ်ဖို့လည်း ပြောထားတယ်။ အဲ့ကလေးက လူကြီးမင်းလီကို ရိုးရိုးသားသား တောင်းပန်လာခဲ့ရင် ငါ ဒီလောက် ခေါင်းမာမှာ မဟုတ်ဘူး။ ”
သွမ့်ရှစ်ကျင်း ဒေါသအလွန်ထွက်သွားကာ ရယ်မောလိုက်သည်။
" မင်း တကယ်ပဲ တုံးတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား။ ဘာပဲဖြစ်ဖြစ်၊ အဲဒီ ကလေးက အခု ရွှေစွပ်ပြုတ်ရဲ့ သူဌေးဖြစ်နေပြီ။ သူ့ကို လောင်းကစားမြို့တော်မှာ အကောင်ကြီးကြီးလို့ ယူဆလို့ရတယ်။ ”
" မင်းက သူ့ကို ကိုရီးယားတစ်ယောက်ကို တောင်းပန်စေချင်နေတာလား။ သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို သူတို့က ဂရုမစိုက်ဘူးများ ထင်နေသလား။ ”
ဟန်ရှုန်ယွမ်သည် သူ၏လက်အောက်ငယ်သားကထံမှ'ငတုံး' ဟုအခေါ်ခံရပြီးနောက်တွင် မျက်နှာအမူအရာသည် ဆိုးရွားသွားလေသည်။
" သူက အကောင်ကြီးကြီးလား။ ဒါဆို ငါကဘာလဲ "
" မျက်နှာမပျက်ချင်တာ ဟုတ်လား။ ငါကရော ငါ့ဂုဏ်ကို ဂရုမစိုက်ဘူးထင်နေတာလား။ "
“ ဒီနေ့ ငါ့ဟန်မိသားစုရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တော်နဲ့ ငါ့သား အရိုက်ခံရတယ်။ ငါသာ သူရဲဘောကြောင်နေမယ်ဆိုရင် အနာဂတ်မှာ လောင်းကစားမြို့တစ်ခုလုံးရဲ့ ဟာသကြီးဖြစ်နေမှာ မဟုတ်လား။
သွမ့်ရှစ်ကျင်းသည် ဒေါသအလွန်ပင် ထွက်လာပြီး သွေးအန်လုနီးပါးဖြစ်နေသည်။
“ ဒါဆို မင်းရဲ့ အချိန်ကို ရောက်လာဖို့ စောင့်ရမယ်။ ငါတို့ရဲ့ အစီအစဉ်က အရေးကြီးတဲ့ အဆင့်ကို ရောက်ရှိနေပြီ။ ဒီအချိန်မှာ ဒီလောက် အားကောင်းတဲ့ရန်သူကို နှိုးဆော်တာ မင်းအတွက် မကောင်းဘူး ”
ဟန်ရှုန်ယွမ်သည် မထီမဲ့မြင်ပြုကာ ရယ်လိုက်သည်။
“ ဘယ်ရန်သူမှ အားကောင်းတယ်ဆိုတာ မရှိဘူး ။ တစ်ပါးသူရဲ့ ဂုဏ်ကို မြှင့်တင်ပြီး ကိုယ့်သိက္ခာကို ချတာမျိုးမလုပ်နဲ့။ ”
" သူတို့က လက်ပါးစေလေးတွေပဲ မဟုတ်လား။ ဘာကိုကြောက်ရမှာလဲ။ အားရှိန်းရဲ့ အင်အားကို မင်းသိပါတယ်။ ငါ ဒီကိစ္စကို သူ့ဆီ ထားခဲ့လိုက်မယ်။ "
သွမ့်ရှစ်ကျင်းသည် သူ့ကို ဆက်ပြောလေသည်။
“ ဒီရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီက မင်းထင်ထားသလောက် မရိုးရှင်းဘူး။ ငါ မင်းကို စကားနည်းနည်းလေးနဲ့တောင် မရှင်းပြနိုင်ဘူး။ "
" ဘာပဲဖြစ်ဖြစ်၊ မြန်မြန် အားရှိန်းကို ပြန်ခေါ်လိုက်။ အဲ့လူတွေကို လွယ်လွယ်နဲ့ သွားမနှောင့်ယှက်နဲ့။ ”
ဟန်ရှုန်ယွမ်သည် ပခုံးတွန့်ပြလိုက်သည်။
“ နောက်ကျသွားပြီ။ အမိန့်ပေးပြီးတာ မိနစ်နှစ်ဆယ်ရှိပြီ။ ဟိုမှာက ကိစ္စက ပြီးသွားလောက်ပြီ။ ”
သွမ့်ရှစ်ကျင်းသည် သူ၏ ထိုင်ခုံပေါ်သို့ ပြန်ကျသွားသည်။
ဤလူကို နှစ်များစွာကြာအောင် ပံ့ပိုးရန် သူသည် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်မူ ဤလူသည် ကူညီပေး၍ မရနိုင်သော အသုံးမဝင်သည့် လူတစ်ယောက်ဖြစ်သည်ကို သူသဘောပေါက်ခဲ့သည်။
အနည်းငယ်သာ ပို၍ ထက်မြတ်သော သခင်ဖြစ်လျှင် သူ၏ အကူအညီဖြင့် အာရှတွင် အချမ်းသာဆုံးသူ ဖြစ်လာနိုင်ပေလိမ့်မည်။
သူ၏ စိတ်ထဲတွင် မသက်မသာဖြစ်နေသော ခံစားမှုတစ်ခု ရှိနေသည်။
သူတွင် တစ်ခုခုဖြစ်နေပြီဟု ခံစားချက်မျိုး ရှိနေလေသည်။
ဟန်ရှုန်ယွမ်သည် ပြုံးရွှင်စွာဖြင့် လျှောက်လာသည်။
" ရှစ်ကျင်း၊ စိတ်မပူပါနဲ့။ အားရှိန်းကို မယုံဘူးလား။ "
မကြာခင်တွင် သတင်းကောင်းများ ရလာမည်ဟု သူ ယုံကြည်နေလေသည်။
သွမ့်ရှစ်ကျင်းသည် ဟက်ခနဲ ရယ်လိုက်သည်။
" ငါ မျှော်လင့်ပါတယ်။ "
စကားပြောပြီးသည်နှင့် တံခါးကို တွန်းဖွင့်လိုက်သည်။
ဗုန်း
ပြင်းထန်သော အားကြောင့် အိမ်သည် အကြိမ်အနည်းငယ် တုန်လှုပ်သွားသည်။
ဟန်ရှုန်ယွမ်လှည့်ကြည့်လိုက်သောအခါ သူ၏ တတိယသား ဟန်အန်းချိကို တွေ့လိုက်ရသည်။
ဘယ်အရာသည် သူ့ကို ထိတ်လန့်သွားစေမှန်း မသိသော်လည်း သူ၏ မျက်နှာသည် စာရွက်ကဲ့သို့ ဖြူဖျော့နေသည်။
သူသည် သွမ့်ရှစ်ကျင်းကို ယဉ်ကျေးသကဲ့သို့ အခြားသူများကို ယဉ်ကျေးစွာ မပြုမူပေ။
သူသည် ချက်ချင်းပင် အော်ငေါက်လိုက်သည်။
“ မင်း စည်းကမ်းကို မသိဘူးလား။ ထွက်သွား "
ဟန်အန်းချိသည် ထိတ်လန့်တကြား ဖြစ်နေပြီး ဖြစ်လေသည်။
ယခုအခါတွင် သူ၏ အဖေသည် သူ့ကို ကြိမ်းမောင်းလိုက်သဖြင့် အလွန်ပင် ကြောက်လန့်သွားကာ နေရာတွင်ပင် မတ်တပ်ရပ်နေလေသည်။
" မင်း နားကန်းနေလား။ မင်းကို ထွက်သွားဖို့ ပြောနေတာကိုမကြားဘူးလား။ "
သူ့အား ထိုနေရာတွင်ပင် ဆက်၍ ရပ်နေသည်ကို မြင်ရသည်မှာ ဟန်ရှုန်ယွမ်ကို ပို၍ပင် ဒေါသဖြစ်စေသည်။
ဟန်အန်းချိသည် သတိပြန်ဝင်လာပြီး ဒူးထောက်လိုက်သည်။
သူသည် စကားထစ်နေသည်။
“ အဲ့တာ … လာနေပြီ… ”
ဟန်ရှုန်ယွမ်၏ မျက်နှာသည် မှောင်ကျသွားသည်။
" ဘာပြောလိုက်တာလဲ။ နေ့ခင်းကြောင်တောင်မှာ ဘာတွေရေရွတ်နေရတာလဲ "
ဟန်အန်းချိသည် အပြင်ကို ညွှန်ပြပြီး သူ၏ တစ်ကိုယ်လုံးသည် တုန်လှုပ်သွားသည်။
“ အပြင်မှာ… ဝင်လာနေတယ်… လူအုပ်ကြီး … သူတို့က တွေ့တဲ့လူကို လိုက်ရိုက်နေတယ်… ”
သွမ့်ရှစ်ကျင်းသည် သူ၏ ထိုင်ခုံမှ အမြန်ထရပ်ပြီး လျှောက်သွားသည်။
“ ဖြည်းဖြည်းပြော။ ဘယ်သူက ဝင်လာတာလဲ။ ”
ဟန်အန်းချိသည် ကြက်သေသေကာ ခေါင်းယမ်းလိုက်သည်။
“ မသိဘူး… လူအုပ်စုကြီး… သူတို့က တွေ့တဲ့လူကို ရိုက်နေတယ်… ”
သွမ့်ရှစ်ကျင်း၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။
သူသည် ဟန်ရှုန်ယွမ်ကို လှည့်ကြည့်လိုက်သည်။
" မင်း ပြဿနာ အကြီးကြီးကို လုပ်လိုက်တာပဲ "
ဟန်ရှုန်ယွမ်သည်လည်း ဤကိစ္စ၏ ပြင်းထန်မှုကို သဘောပေါက်လာသည်။
“ ဒါ…ဒါက မဖြစ်နိုင်ဘူး ဘယ်လိုဖြစ်နိုင်မလဲ။ မြန်မြန်၊ အားရှိန်းကို လူတွေကို ကာကွယ်ဖို့ ပြန်ခေါ်လာခိုင်းလိုက်… ”
သွမ့်ရှစ်ကျင်းသည် သူ့အား အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်နေသည်။
" မင်းရဲ့ ဦးနှောက်ကိုသုံးပြီး စဉ်းစားစမ်း။ သူတို့က တန်ပြန်တိုက်စစ်ဆင်နိုင်နေတာမလို့ ကျန်းချုရှိန်းဘက်က မအောင်မြင်ဘူးလို့ ဆိုလိုတာပဲ။ သူ့ကိုယ်သူတောင် မကာကွယ်နိုင်ဖို့ များတယ်။ မင်းကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်နေသေးတာလား။ "
ဟန်ရှုန်ယွမ်သည် ထိတ်လန့်သွားလေသည်။
ဟန်မိသားစု၏ မြေအောက်လုပ်ငန်းကို ကျန်းချုရှိန်းသည် ထိန်းချုပ်ထားသည်။
သူတစ်ခုခုဖြစ်ခဲ့လျှင် ဟန်မိသားစုအတွက် ကြီးမားသော ထိခိုက်မှု ဖြစ်လိမ့်ပေမည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ သားအကြီးဆုံး ဟန်အန်းယွမ်ကို ကျန်းချုရှိန်းနှင့် အတူ အလုပ်လုပ်ရန် အသိရှိခဲ့လေသည်။
အရေးကြီးသော အခိုက်အတန့်တွင် သူဆောင်ရွက်နိုင်ပေလိမ့်မည်။
ဤသည်မှာ သူသည် အမြော်အမြင်ကြီးခြင်းကြောင့် မဟုတ်ဘဲ အပြင်လူကို သတိထားခြင်းကြောင့် ဖြစ်သည်။
“ မင်းရဲ့ အစ်ကိုကြီးကို မြန်မြန်ခေါ်ပြီး အခြေအနေကို ထိန်းနိုင်ဖို့ နောက်ထပ်လူတွေကို ခေါ်ခိုင်းထားလိုက်…”
သူ၏ သား ဟန်အန်းချိကို စိတ်အားထက်သန်စွာဖြင့် ညွှန်ကြားလိုက်သည်။
“ မလိုတော့ပါဘူး။ ငါ အန်းယွမ်ကို ကြိုခေါ်ထားပြီးပြီ။ ”
သွမ့်ရှစ်ကျင်းသည် ဂုဏ်ယူစွာဖြင့် ပြန်ဖြေလေသည်။
ဟန်ရှုန်ယွမ်သည် ရွှေစွပ်ပြုတ်လုံခြုံရေးနှင့် ပတ်သက်မိသွားကြောင်းကို သူ သိသောအချိန်၌ သူသည် ဟန်အန်းယွမ်ကို ဖုန်းဆက်ပြီး သူ၏ လူများကို ဟန်မိသားစု၏ အဓိက နေထိုင်ရာ နေရာသို့ ပြန်ခေါ်ထားရန် ပြောထားခဲ့သည်။
မကြာခင်တွင် သူတို့ ရောက်လာမည်ဟု ယုံကြည်နေလေသည်။
အရေးကြီးသောအခိုက်အတန့်တွင် သူတို့သည် သွမ့်ရှစ်ကျင်းကို အားကိုးနေရဆဲဖြစ်သည်။
ဤအသုံးမကျသော အိမ်ထောင်ဦးစီး အမိန့်ပေးမည်ကို စောင့်ဆိုင်းခြင်းသည် နောက်ကျစေလိမ့်မည် ဖြစ်သည်။
ထိုအခါမှပင် ဟန်ရှုန်ယွမ်သည် သက်ပြင်းချမိသည်။
“ အဲဒါကောင်းတယ်၊ ကောင်းတယ်။ ကံကောင်းတာကတော့ ရှစ်ကျင်း၊ မင်းက ရန်သူရဲ့ အကွက်ကို ကြိုမြင်နိုင်ခဲ့တာပဲ "
သို့သော် သူတို့နှစ်ယောက် ကြွားလုံးထုတ်၍ မဆုံးခင် အချိန်တွင် ဟန်အန်းချိသည် တုန်လှုပ်သော အသံဖြင့် ပြောလေသည်။
“ ကျွန်တော်… အကိုကြီးက ရောက်နှင့်နေပြီ၊ … လူတွေကို ခေါ်လာတာ တွေ့လိုက်တယ်… တိုက်ဖို့ လူတွေကို ဦးဆောင်နေတာ… ပြီးတော့…”
“ ပြီးတော့… ”
ဟန်ရှုန်ယွမ်သည် ထိတ်လန့်သွားကာ သူ့ကို ရိုက်လိုက်သည်။
" ပြီးတော့ ဘာဖြစ်လဲ။ "
ဟန်အန်းချိသည် သူ့ကို ကြောင်အစွာ ကြည့်နေသည်။
“ ပြီးတော့ အစ်ကိုကြီးက… ဓါးတွေနဲ့ ခုတ်ထားခံရတယ်။ ”