← Chapters

အပိုင်း ၉၇၇-၉၈၀

Vol. 49 Ch. 977-980

အပိုင်း ၉၇၇-၉၈၀

Vol. 49 Ch. 977-980

အပိုင်း ( ၉၇၇ )

မကြာခင်မှာ သူ့ကို တွေ့ရပါလိမ့်မယ်။

ဟန်ရှုန်ယွမ်သည် သူ၏ သားထံမှ သတင်းဆိုးကို ကြားသောအခါ မူးလဲလုနီးပါးဖြစ်ခဲ့သည်။

သူ၏ သားများထဲတွင် အကြီးဆုံးသားဖြစ်သော ဟန်အန်းယွမ်သည် အရည်အချင်းအရှိဆုံးဖြစ်ပေသည်။

သူသည် ဉာဏ်ပညာနှင့် သတ္တိ နှစ်မျိုးလုံးတွင် ထူးချွန်သည်။

အမြဲတမ်း တင်းကြပ်တတ်သော သွမ့်ရှစ်ကျင်းလျှင်ပင် ဟန်အန်းယွမ်ကို သဘောကျလေသည်။

အမွေဆက်ခံသူအား ပြုစုပျိုးထောင်လိုသောကြောင့် ဟန်မိသားစု၏ မြေအောက်စီးပွားရေးလုပ်ငန်းကို သူ၏ သားအကြီးဖြစ်သူအား လွှဲပြောင်းရယူခွင့် ပေးခဲ့သည်။

သူ၏ ဒုတိယသားဖြစ်သူ ဟန်အန်းထုံးသည် သူ၏ လက်တစ်ဖက်ကို ဖြတ်တောက်ခံလိုက်ရသည်။

သူသည် သိပ်စိတ်မဆိုးသော်လည်း အနည်းငယ်မျှ အရှက်ရလေသည်။

သို့သော် သူ၏ သားအကြီးအတွက် အလွန်အမင်း အားစိုက်ထုတ်ထားလေသည်။

ယခု ဤသတင်းဆိုးကို သူ ရုတ်တရက် ကြားလိုက်ရသောအခါတွင် သူ၏ အသက်ကို နှုတ်ယူသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

“ သား… ငါ့သား… ”

ဟန်ရှုန်ယွမ်သည် မြေပြင်ပေါ်သို့ လဲကျသွားကာ ငိုကြွေးနေသည်။

ဤအချိန်၌ သူတို့သည် အပြင်ဘက်တွင် တိုက်ခိုက်သံများနှင့် အော်ဟစ်သံများကို ဖျတ်ခနဲ ကြားလိုက်ရသည်။

သွမ့်ရှစ်ကျင်း၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး ဟန်ရှုန်ယွမ်ကို အမြန်ဆွဲမလိုက်သည်။

“ သခင်ကြီး၊ အခု ဝမ်းနည်းဖို့ အချိန်မရှိသေးဘူး။ မင်းရဲ့လူတွေကို ပြန်တိုက်ခိုင်းဖို့ အမြန်စီစဉ်ပါ။ "

" မဟုတ်ရင် ငါတို့ အားလုံးသေလိမ့်မယ် "

ဟန်ရှုန်ယွမ်သည် သူ့ကို ကြောင်အစွာ ကြည့်နေသည်။

" ဘယ်လိုမျိုးလဲ။ "

သွမ့်ရှစ်ကျင်းသည် ပြောစရာစကား ပျောက်ရှသွားသည်။

“ အိမ်မှာရှိတဲ့ သက်တော်စောင့်တွေအားလုံးကို ခုခံနေတာရပ်ပြီး ဒီမှာစုဝေးဖို့ ပြောလိုက်။ တစ်ယောက်တည်း တိုက်ခိုက်မယ့်အစား ငါတို့အင်အားကို ဘာလို့မစုကြတာလဲ…”

ဟန်ရှုန်ယွမ်သည် ဖြတ်ပြောလေသည်။

" ရှစ်ကျင်း၊ သွားပြီးတော့ စီစဉ်လိုက်ပါ။ ငါ… ငါရဲ့ ချစ်ရတဲ့ သားလေး ဆုံးပါးသွားခဲ့ပြီ။ ငါ့စိတ်တွေ ရှုပ်နေတယ်။ ငါ ဆုံးဖြတ်ချက် မချနိုင်ဘူး။ ”

သွမ့်ရှစ်ကျင်းသည် ယခုပင် သွေးအန်ချင်လာတော့သည်။

သူ သေတာနဲ့ ရင်ဆိုင်ရမှာကို၊ နာကျင်နေတုန်းလား။

သူသည် ဟန်မိသားစုတွင် အဆင့်အတန်းမြင့်မားသော်လည်း အပြင်လူတစ်ဦး ဖြစ်နေဆဲဖြစ်သည်။

ဗျူဟာချရခြင်းသည် သူ့အတွက် ပြဿနာမဟုတ်သော်လည်း ဟန်ရှုန်ယွမ်ကဲ့သို့ တူညီသော အကျိုးသက်ရောက်မှုကို မရနိုင်သည်မှာ ထင်ရှားလေသည်။

သို့သော် ယခုအခါတွင်မူ အခြားနည်းလမ်းမရှိပေ။

ဤကစားပွဲကို ပြောင်းပြန်လှန်နိုင်ရန် အခြား သူလုပ်နိုင်သည့်အရာ မရှိတော့ချေ။

ဤကဲ့သို့ တွေးပြီးနောက် လူများကို စည်းရုံးရန် အပြေးအလွှား ပြေးထွက်လာခဲ့သည်။

ည၏ ဖုံးလွှမ်းမှုအောက်တွင် ဟန်မိသားစု၏ အဓိကနေအိမ်အပြင်ဘက် ဧရိယာကြီးသည် ပြိုကျနေပြီဖြစ်သည်။

လျုံဖုန်းဟိုင်သည် တာဝန်ကျနေသော ရွှေစွပ်ပြုတ်လုံခြုံရေး ဝန်ထမ်းတချို့ကို ပြန်ခေါ်ခဲ့သော်လည်း ၅၀လောက်သာ ပြန်ခေါ်ခဲ့နိုင်လိုက်သည်။

ထို့အပြင် နိုင်ငံရပ်ခြားတွင် တာဝန်ထမ်းဆောင်နေသော လူ ၅၀ကျော်ရှိကာ အချိန်တိုအတွင်း အလျင်စလို ပြန်မလာနိုင်ချေ။

ကုမ္ပဏီအား ကာကွယ်ရန် နောက်မှ စောင့်ကြပ်နေသော လူများအပါအဝင် အရေအတွက်သည် ၁၀၀သို့ ရောက်သွားကာ လုံခြုံရေးကုမ္ပဏီတစ်ခု၏ အရေအတွက် နှင့် ညီမျှပေသည်။

ဤလူအားလုံးနီးပါးသည် အငြိမ်းစား အထက်တန်းစား စစ်သည်များဖြစ်သည်။

သူတို့၏ ခွန်အားကို ပုံဖော်ကြည့်နိုင်ပေသည်။

လျုံဖုန်းဟိုင်သည် သူအတွက် ကန့်သတ်ချက်များကို သိလေသည်။

သူသည် သေနတ်ကို မသုံးနိုင်သော်လည်း ဟန်မိသားစု၏ လက်နက်များကို ကိုင်ဆောင်ခဲ့သည်။

လောင်းကစားမြို့သည် ပြည်မကြီးကဲ့သို့ တင်းကြပ်စွာ ထိန်းချုပ်ထားခြင်း မရှိသော်လည်း သေနတ်များ၏ သဘောသဘာဝမှာ လုံးဝ ကွဲပြားပေသည်။

အေးစက်လွန်းသည့် လက်နက်များကြောင့်လည်း နေရာသည် ပို၍ပင် သွေးစွန်းလာလေသည်။

သူတို့ရောက်လာသည်နှင့် အစွန်းတွင်ရှိသော ဟန်မိသားစု၏ လုံခြုံရေးအစောင့် ဆယ်ယောက်ကျော်ကို ဖြုတ်ချလိုက်သည်။

ထိုအချိန်တွင် ဟန်မိသားစု၏ အကြီးဆုံးသားသည် လူ အယောက်၂၀၀ ကျော်နှင့်အတူ ရောက်လာသည်။

သူတို့သည် ထပ်၍ လူအယောက် ၅၀ကိုလည်း ဖြုတ်ချလိုက်သည်။

ဟန်အန်းယွမ်သည် အာသာဆီမှ အနိုင်ယူခံလိုက်ရကာ ကျန်ရှိနေသေးသော လူအုပ်သည် ပျံ့ကျဲသွားသည်။

ထို့နောက် သူတို့သည် ဟန်မိသားစုအား အတားအဆီးမရှိဘဲ ဝင်တိုက်ကြသည်။

ပြန့်ကျဲနေသော ခုခံမှုအချို့ကို ကြုံတွေ့ကြရသော်လည်း အခြေခံအားဖြင့် လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြသည်။

သူတိုသည် မြင်သမျှလူတိုင်းကို မတိုက်ကြချေ။

အဓိကအားဖြင့် ပြန်လည်၍ ခုခံတိုက်ခိုက်နေသော လုံခြုံရေးအစောင့်များကို ပစ်မှတ်ထားကာ တိုက်ခိုက်ကြသည်။

ကူကယ်ရာမဲ့ဖြစ်နေသော ကလေးထိန်းများနှင့် အစေခံများ အပေါ်မူ မရက်စက်ကြပေ။

အဆုံးတွင် အိမ်တော်ထိန်း၏ လမ်းညွှန်မှုအောက်တွင် လူတစ်စုသည် ဟန်ရှုန်ယွမ်၏ နေအိမ်ရှေ့သို့ ရောက်လာကြသည်။

သွမ့်ရှစ်ကျင်းသည် ဟန်ရှုန်ယွမ်၏ နေအိမ်ကို စောင့်ကြပ်ရန်အတွက် သက်တော်စောင့် ၅၀ ကျော်ကို စုစည်းထားသည်။

အဓိက အကြောင်းရင်းမှာ သူသည် ဂုဏ်ငယ်ပြီး လုံခြုံရေးဝန်ထမ်း အများအပြားသည် သူ၏ အမိန့်ကို လုံးဝ မနာခံကြသောကြောင့် ဖြစ်သည်။

အကယ်၍ ဟန်ရှုန်ယွမ် ကိုယ်တိုင် အမိန့်ပေးမည်ဆိုလျှင် သူသည် လူများများပို၍ စုဝေးနိုင်မည်ဖြစ်သည်။

ဤအချိန်တွင် ဟန်ရှုန်ယွမ်နှင့် သူ၏ မိသားစုသည် သက်တော်စောင့် အယောက် ၂၀ ၏နောက်တွင် ပုန်းအောင်းနေပြီး လူအုပ်ကြီးကို ထိတ်လန့်စွာကြည့်နေသည်။

ဟန်ရှုန်ယွမ်၏ အရှက်မဲ့သော အကြည့်ကို မြင်လိုက်ရတော့ သွမ့်ရှစ်ကျင်းသည် သူ့အတွက် အသုံးမဝင်ကြောင်း သဘောပေါက်သွားသည်။

သူသည် ရွှေစွပ်ပြုတ် လုံခြုံရေး အစောင့်များကို အော်လိုက်လေသည်။

“ လူကြီးမင်းယဲ့ ဒီမှာရှိလား။ ကျွန်တော် လူကြီးမင်းယဲ့ နဲ့ စကားနည်းနည်းပြောချင်တယ်။ "

ရွှေစွပ်ပြုတ် လုံခြုံရေး အစောင့်များသည် ချက်ချင်းပင် ဒီရေကဲ့သို့ ပြန့်သွားသည်။

အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်သည် အေးဆေးစွာဖြင့် ထွက်လာသည်။

“ ငါက ယဲ့ဖန်ပဲ။ မင်းက ဟန်မိသားစုရဲ့ ခေါင်းဆောင်လား။ "

သွမ့်ရှစ်ကျင်းသည် ယဲ့ဖန်၏ ငယ်ရွယ်နုပျိုသောအသွင်အပြင်ကို မြင်သောအခါ တွေဝေသွားလေသည်။

ကျောင်းသားတစ်ယောက်ကဲ့သို့ ရုပ်ရည်သန့်ပြန့်သော ဤလူငယ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်။

သူသည် ဟန်မိသားစုကိုပင် တိုက်ခိုက်ဝံ့သည်။

ဤအရာသည် တကယ်ပင် ကြောက်စရာကောင်းလှလေသည်။

ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤကဲ့သို့ ပညာရှိသည့် အုပ်ချုပ်သူနှင့် တွေ့ခဲ့မည်ဆိုလျှင် ယနေ့ ယခု အချိန်၌ ဘယ်နေရာသို့ ရောက်နေနိုင်မည်နည်း။

ဤရှုပ်ထွေးနေသော အတွေးများ သူ၏ စိတ်ထဲ၌ ဖျက်ခနဲ ဝင်လာပြီးနောက် သူကိုယ်တိုင် ချက်ချင်းပင် ဆွဲထုတ်လိုက်သည်။

“ ကျွန်တော်က ဆရာကြီးဟန်ရဲ့ မိတ်ဆွေပါ။ ကျွန်တော့်နာမည်က သွမ့်ရှစ်ကျင်းပါ။ ကျွန်တော် လူကြီးမင်းယဲ့နဲ့ စကားပြောချင်ပါတယ်။ "

ယဲ့ဖန်သည် လှောင်ပြောင်လိုက်သည်။

" ဟန်မိသားစုအတွက် မင်း ဆုံးဖြတ်ချက် ချပေးနိုင်လား။ မလုပ်နိုင်ရင် ဘေးမှာပဲ ရပ်နေပြီး ဟန်မိသားစုခေါင်းဆောင်ကို စကားပြောခွင့်ပြုလိုက်ပါ။ ”

သွမ့်ရှစ်ကျင်းသည် တုန်လှုပ်နေသော ဟန်ရှုန်ယွမ်ကို လှည့်ကြည့်လိုက်ရုံမှတပါး ရွေးချယ်စရာမရှိပေ။

" ဆရာ ထွက်လာပြီး စကားနည်းနည်းပြောပါ။ "

ဟန်ရှုန်ယွမ်သည် နီရဲသောမျက်နှာဖြင့် သူ့ကိုကြည့်နေသည်။

" ပြောရမယ်...ဘာပြောရမှာလဲ။ "

သွမ့်ရှစ်ကျင်းသည် 'အမှိုက်'ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း သူ့ကို မရိုက်မိစေရန် ထိန်းချုပ်ထားလိုက်သည်။

“ မတ်တပ်ရပ်လိုက်။ သင်ပေးမယ်။ "

ဟန်ရှုန်ယွမ်သည် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

သူ၏ ခြေဖဝါးမှာ စိုစွတ်နေပြီဖြစ်ကာ သူသည် ကြောက်လန့်တကြားဖြင့် အပေါ့စွန့်မိထားသည်။

သွမ့်ရှစ်ကျင်းသည် သူ၏ စိတ်ထဲတွင် ပို၍ပင် အထင်အမြင်သေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူက ယဲ့ဖန်ဘက်သို့ လှည့်လိုက်ကာ အော်လိုက်သည်။

" ဒါက ဟန်မိသားစုရဲ့ အကြီးအကဲ လူကြီးမင်း ဟန်ရှုန်ယွမ် ပါ။ "

ဟန်ရှုန်ယွမ်သည် ခက်ခက်ခဲခဲဖြင့် ပြုံးပြလိုက်သည်။

" ယဲ့..လူကြီးမင်းယဲ့ နေကောင်းပါရဲ့လား။ "

ယဲ့ဖန်သည် ဟန်ရှုန်ယွမ်ကို မြင်ပြီး ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။

" မင်းက ငါ့ကို ကိုင်တွယ်ဖို့ လူတွေကို စေလွှတ်လိုက်တာလား။ "

ဟန်ရှုန်ယွမ်သည် သူ၏ လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

“ နားလည်မှုလွဲနေတာ… အားလုံးက နားလည်မှုလွဲနေတာပါ… ”

ယဲ့ဖန်သည် အေးစက်စွာ ဟစ်အော်လိုက်သည်။

" နားလည်မှုလွဲနေတာလား။ မင်းရဲ့ လူတစ်ရာက ငါ့ကို ဓားတွေ၊ ပုဆိန်တွေနဲ့ ဝိုင်းထားခဲ့တယ်။ ကျန်းချုရှိန်းက မင်းကို သတင်းပို့ဖို့ ငါ့ခေါင်းကို ယူမယ်လို့တောင် ပြောခဲ့တာ။ ဒါက နားလည်မှုလွဲနေတာလား။ "

ဟန်ရှုန်ယွမ်၏ အမူအရာသည် ပြောင်းသွားသည်။

" ကျန်းချုရှိန်း၊ သူ... "

“ ခွေးကို ကျွေးလိုက်ပြီ။ သူ့ကို မကြာခင် တွေ့ရလိမ့်မယ်။ "

ဟန်ရှုန်ယွမ်သည် ချက်ချင်းပင် တုန်လှုပ်သွားသည်။

သူ၏ ခန္ဓာကိုယ်သည် ပို၍ပင် ပြင်းထန်စွာ တုန်ခါသွားပြီး တဖန် ပြန်ကျုံ့သွားသည်။

သွမ့်ရှစ်ကျင်းသည် သူ့ကို အလျင်စလို ထိန်းပေးလိုက်သည်။

" ငါတို့ကို ဘယ်လို လွှတ်ပေးနိုင်မလဲဆိုတာ သူ့ကိုမေးလိုက်။ "

ဟန်ရှုန်ယွမ်သည် အားကိုးရာမဲ့ဖြစ်နေသည်။

သူသည် ယဲ့ဖန် ကို အော်မေးလိုက်သည်။

“ မေး… မဟုတ်ဘူး၊ ငါမေးချင်တယ်၊ မင်း ငါ့ကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မလဲ။ ”

သွမ့်ရှစ်ကျင်း ကြိမ်ဆဲတော့မည့်လုနီးပါး ဖြစ်သည်။

'ငါတို့'ဟု မေးရန် ခိုင်းထားသော်လည်း ထိုလူသည် 'ငါ'ဟုသာ မေးနေသည်။

သူတို့ကို စွန့်ပစ်ကာ တစ်ယောက်တည်းလွှတ်ရန် သူစီစဉ်နေသည်လား။

အပိုင်း ( ၉၇၈ )

အသက်နှင့်ငွေဆိုတာ တစ်ခုတည်။

ဟန်ရှုန်ယွမ်၏ ငြိမ်းချမ်းရေးအတွက် အသနားခံချက်ကို ကြားသောအခါ ယဲ့ဖန်၏ နှုတ်ခမ်းများသည် လှောင်ပြောင်သော အပြုံးဖြင့် ကွေးညွတ်သွားခဲ့သည်။

" မင်း ငါ့ကိုသတ်ဖို့ လူတွေကို စေလွှတ်တုန်းက မင်း အရမ်းမောက်မာနေတာ မဟုတ်ဘူးလား။ အခု မင်းဘာလို့ အရှက်မဲ့နေတာလဲ။ "

ဟန်ရှုန်ယွမ်သည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

" ငါ... လူကြီးမင်းယဲ့ကို ဒီလိုဖြစ်မယ်လို့ မထင်ထားဘူး... ဉာဏ်ပညာရှိတယ် ပြီးတော့ ရဲရင့်တယ်။ "

“ မင်းလို ဂုဏ်မျိုး ရှိတဲ့သူကို မကြုံဖူးဘူး။ မင်းကိုမြင်တဲ့အခါ ဘုရားသခင်တောင် နောက်ပြန်သွားရလိမ့်မယ်… ”

သူ၏ မြှောက်ပင့်ပြောဆိုမှုသည် ဖွဲ့နွဲ့လွန်းလှသည်။

ယဲ့ဖန်သည် သည်းမခံနိုင်တော့ချေ။

သူသည် ချက်ချင်းပင် ဖြတ်ပြောလိုက်သည်။

" အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်လိုက်တော့။ ငါ့ကို မနှောင်ယှက်ရင် ငါက တခြားသူတွေကိုလဲ ဘယ်တော့မှ နှောက်ယှက်မှာ မဟုတ်ဘူး။ သူများတွေ ငါ့ကို လာနှောက်ယှက်ရင်တော့ ငါ သေချာပေါက် ပြန်လုပ်ရလိမ့်မယ် မင်း ငါ့ကို ရန်စဖို့ ရွေးချယ်ခဲ့တာ ဖြစ်တဲ့အတွက် မင်းရဲ့ အကျိုးဆက်ကို မင်း ခံရလိမ့်မယ်။ "

သူသည် ပြောလိုက်သည့်အတိုင်းပင် ရွှေစွပ်ပြုတ်လုံခြုံရေးကို ရှေ့တိုးရန် အမိန့်ပေးလိုက်သည်။

သွမ့်ရှစ်ကျင်းသည် ဤအရာကို မြင်သောအခါ သူသည် ဟန်ရှုန်ယွမ်ကို ဘေးဘက်သို့ လျင်မြန်စွာ တွန်းထုတ်ပြီး ယဲ့ဖန် ကို အော်ပြောလိုက်သည်။

" လူကြီးမင်းယဲ့၊ ဒီနေ့ ဖြစ်ပျက်ခဲ့တာက ငါတို့ရဲ့အမှားပဲ။ ငါတို့က မင်းကို တောင်းပန်ပြီး မင်းကို လျော်ကြေးပေးဖို့ ဆန္ဒရှိတယ်။ "

ယဲ့ဖန်သည် သူတို့ကို တားရန် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး သွမ့်ရှစ်ကျင်းကို ကြည့်လိုက်သည်။

" မင်းငါ့ကို လျော်ကြေးပေးဖို့ ဘယ်လို စီစဉ်ထားလဲ။ "

...

သွမ့်ရှစ်ကျင်းသည် ဟန်ရှီယွမ်ကို လှည့်ကြည့်လိုက်သည်။

" ငါ ဆုံးဖြတ်ချက်ချလို့ရနိုင်မလား "

ဟန်ရှုန်ယွမ်သည် နောက်ဆုံး ကောက်ရိုးကို ဆုပ်ကိုင်ထားပုံရပြီး ကမန်းကတန်းပင် ခေါင်းညိတ်လိုက်သည်။

" အားလုံးက မင်းအပေါ်မှာပဲ မူတည်တာပါ လူကြီးမင်း။ "

ထို့နောက် သွမ့်ရှစ်ကျင်းသည် ယဲ့ဖန်ကို ကြည့်လိုက်သည်။

“ သွမ့်မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို ယဲ့လူကြီးမင်းကို ပေးဖို့ ဆန္ဒရှိပါတယ်။ ငါတို့ရဲ့အသက်ကို ကယ်နိုင်မယ်လို့ မျှော်လင့်တယ်။ "

ဟန်ရှုန်ယွမ်သည် ထိတ်လန့်တကြားဖြင့် သူ၏ အဝတ်အစားများကို ဆွဲကိုင်လိုက်သည်။

" မင်းရူးနေလား။ ငါတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကိုဘယ်လို ပေးနိုင်မလဲ။ ဒါက မျိုးဆက်ပေါင်းများစွာ ငါတို့ဟန်မိသားစု၏ အခြေခံအုတ်မြစ်လေ။ ငါတို့ ဘယ်လို စွန့်လွှတ်နိုင်မှာလဲ။ "

သွမ့်ရှစ်ကျင်းသည် သူသည် သေခါနီးအချိန်တွင်ပင်ပိုက်ဆံကုန်လူပန်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ စိတ်ရှည်ရှည်ဖြင့် ရှင်းပြသည်။

" ငွေကို လက်မလွှတ်ရင် လူတွေကို ဆုံးရှုံးရပြီး လူတွေရဲ့ ငွေတွေပါ လွတ်သွားမှာ။ လူတွေကို ကယ်တင်ရင်တော့ ပိုက်ဆံပဲဆုံးရှုံးမယ်။ ”

ဟန်ရှုန်ယွမ်သည် ချက်ချင်းပင် ကျေနပ်သွားသည်။

" ဒီလိုအချိန်မျိုးမှာ မင်း လူတစ်ယောက်လို ပြောလို့မရဘူးလား။ "

သွမ့်ရှစ်ကျင်းသည် ပြောစရာစကား လုံးဝမရှိတော့ချေ။

သူ၏ သခင်သည် မသိနားမလည်သော လူမိုက်ဖြစ်ကြောင်းကို သူ မေ့သွားလုနီးပါးပင် ဖြစ်ခဲ့သည်။

" မင်း ပိုက်ဆံလိုချင်တာလား။ အသက်ဆက်ရှင်ချင်လား။ "

ဟန်ရှုန်ယွမ်သည် သူဘာကိုဆိုလိုသည်ကို နားလည်ပြီး ချက်ချင်းပင် အကျပ်ရိုက်သွားသည်။

“ အသက်ရော ပိုက်ဆံရော လိုချင်တယ်။ ပိုက်ဆံမရှိရင် ဘယ်လိုနေနိုင်မှာလဲ။ ”

သွမ့်ရှစ်ကျင်းသည် ဒေါသကြောင့် သေတော့မည် ဖြစ်သည်။

“ အသက်ရှိသရွေ့ မျှော်လင့်ချက်ရှိတယ်။ အသက်နဲ့ငွေကိုပဲ ရွေးချယ်လို့ရတယ်။ ”

ဟန်ရှုန်ယွမ်သည် လှည့်ကာ သူ၏ လှပသော ဇနီးသည်ကို ကြည့်လိုက်သည်။

သူ ထိခိုက်ဒဏ်ရာရလျှင် သို့မဟုတ် သေဆုံးသွားပါက အချို့သော သူတောင်းစားများသည် အကျိုးရှိသွားနိုင်သည်။

နောက်ဆုံးတွင် သူသည် သွားများကိုသာ အံကြိတ်ထားနိုင်သည်။

" ဒါဆို ငါမင်းပြောတာကို နားထောင်မယ်။ "

ဤကဲ့သို့ ပြောလိုက်ရသည့် အချိန်တွင် သူ၏ နှလုံးသားကို ဓားနှင့် ထိုးသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ အမှားကြောင့် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ရပြီး သူ၏ မိသားစုကို ပြိုပျက်စေခဲ့ရသည်။

ဤကဲ့သို့ ဖြစ်မည်ကို ကြိုသိခဲ့လျှင် သူ့တွင် မည်မျှပင် သတ္တိရှိနေခဲ့ပါစေ ယဲ့ဖန်ကို နှိုးဆွဝံ့မည် မဟုတ်ချေ။

သွမ့်ရှစ်ကျင်းသည် သူ့ကို လျစ်လျူရှုပြီး ယဲ့ဖန် ကို လှည့်ကြည့်လိုက်သည်။

“ လူကြီးမင်းယဲ့၊ မင်းစဉ်းစားပြီးပြီလား။ "

“ မင်း ငါတို့ကို လွှတ်ထားသရွေ့ ဟန်မိသားစုရဲ့ လုပ်ငန်းက မင်းအတွက် ဖြစ်လိမ့်မယ်။ မျိုးဆက်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ ဟန်မိသားစု၏ ပိုင်ဆိုင်မှုတွေက ဘီလီယံနဲ့ ချီပြီး တန်ကြေးရှိတယ်။ "

ယဲ့ဖန်သည် မရယ်ဘဲ မနေနိုင်တော့ချေ။

“ ဒါက ဘယ်လို ဈေးညှိတာမျိုး ဖြစ်မလဲ။ ငါ မင်းကတို့ကို ဖျက်ဆီးလိုက်ရင် ဟန်မိသားစု စီးပွားရေးက ငါ့မှာ ရှိနေမှာပဲ။ "

သွမ့်ရှစ်ကျင်းသည် အားကိုးရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် အဘယ့်ကြောင့် ဤမြေခွေးလေးကို နှိုးဆော်လိုက်မိရသနည်း။

" ဒါဆို မင်း ငါတို့ကို လွှတ်ပေးဖို့ ငါတို့ကို ဘာလုပ်ပေးစေချင်လဲ "

ယဲ့ဖန်သည် သူ၏ မေးစေ့ကို ထိလိုက်သည်။

" မင်းရဲ့ ဟန်မိသားစုမှာ ကြီးမားတဲ့ အစီအစဥ်တစ်ခုရှိတယ်ဆိုတာ ကျန်းချုရှိန်းဆီက ငါကြားထားတယ်။ ငါ့ကိုပြောပြ။ "

" မင်းငါ့ကို ကျေနပ်အောင် ဖြေပေးနိုင်ရင် မင်းရဲ့ခွေးအသက်ကို ကယ်ဖို့ ငါစဉ်းစားပေးမယ်"

ဤစကားကို ဟန်ရှုန်ယွမ် ကြားသောအခါ သူသည် ကျိန်ဆဲလိုက်သည်။

" ကျန်းချုရှိန်း၊ ဒီသူတောင်းစား၊ ငါ သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ ဒါပေမယ့် သူ ငါ့ကို တကယ် သစ္စာဖောက်ခဲ့တာလား။ ဒီကောင် မသေသေးရင် ငါသူ့ကို အစိတ်စိတ်အမြွှာမြွှာ ကိုက်ဖြတ်ပစ်မှာ သေချာတယ်…”

သွမ့်ရှစ်ကျင်းသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ကာ မျက်နှာကို ရိုက်ချလိုက်သည်။

ဟန်ရှုန်ယွမ် တစ်ယောက်တည်းတင် မဟုတ် ဟန်မိသားစုဝင်များအားလုံး ဤလက်ချက်ကို အံ့အားသင့်သွားကြသည်။

သွမ့်ရှစ်ကျင်းသည် ဟန်မိသားစုမှ မွေးမြူထားသော ခွေးတစ်ကောင်သာဖြစ်ပြီး ယခုတော့ သူ၏ သခင်ကို အမှန်တကယ်ပင် ဝါးမျိုလိုက်ချေပြီလား။

ဟန်ရှုန်ယွမ်သည် သူ၏ မျက်နှာကို ဖုံးပြီး ဒေါသတကြီး ကြည့်နေသည် ။

" သွမ့်ရှစ်ကျင်း၊ မင်းရူးနေတာလား။ မင်း ငါ့ကို ဘယ်လိုရိုက်ရဲရတာလဲ။ "

သွမ့်ရှစ်ကျင်းသည် သူ့ကို အေးစက်စွာ ကြည့်နေသည်။

" မင်းကို အခုသတ်ဖို့ မစောင့်နိုင်တော့ဘူး မင်းက အရူး "

" ငါတို့မှာ အစီအစဉ်ကြီးကြီးမားမားရှိတယ်ဆိုတာ မင်းက ဝန်ခံလိုက်တာ မဟုတ်ဘူးလား။ "

ဟန်ရှုန်ယွမ်၏ ဒေါသသည် တုံ့ပြန်မှု မပြုမီ အေးခဲသွားသည်။

နဖူးတွင် အေးစက်သော ချွေးများ ထွက်လာသည်။

ကျန်းချုရှိန်းသည် အဓိပ္ပာယ်မရှိသည်များကို ပြောနေသည်ဟု ငြင်းလိုက်ပါက သူတို့သည် ယဲ့ဖန်ကို လှည့်စားရန် အခွင့်အရေးရှိနိုင်သေးသည်။

ကျန်းချုရှိန်းသည် ယခုပင် ကြိမ်းမောင်းလိုက်သောကြောင့် ကျန်းချုရှိန်းသည် အမှန်တရားကို ပြောနေသည်ဟု ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။

ထိုအစီအစဥ်ကို အတိအကျ မချပြနိုင်သေးပေ။

ယနေ့ အသက်ရှင်ခဲ့လျှင်ပင် မနက်ဖြန် ရှင်သန်နိုင်မည် မဟုတ်ချေ။

လမ်းတစ်လမ်းသာ ကျန်တော့တယ် - သေတဲ့ အထိ တိုက်ဖို့ပဲ။

သွမ့်ရှစ်ကျင်းသည် သူ၏ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး သူ၏ မျက်လုံးများသည် တဖြည်းဖြည်း အေးစက်လာသည်။

“ လူကြီးမင်းယဲ့၊ ငါတို့မှာ အစီအစဥ်ကြီးတစ်ခုရှိတယ်။ ဒါပေမယ့် မင်းကို ငါတို့ မပြောပြနိုင်ဘူး။ မဟုတ်ရင်တောင် ငါတို့ကို လွှတ်ထားပေးရင်တောင် ငါတို့ သေမှာပဲ။ ”

ယဲ့ဖန်သည် အေးစက်စွာ ရယ်မောလိုက်သည်။

" အဲဒါဆို မင်းဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေသေးလဲ။ မင်းကိုဖမ်းမိရင် မင်းရဲ့အစီအစဥ်အကြောင်း ငါမေးလို့ရတယ်။ "

ဤ စကားကိုပြောပြီးနောက် ယဲ့ဖန်သည် အချိန်မဖြုန်းတော့ဘဲ လက်ကိုဝှေ့ယမ်းလိုက်သည်။

" တိုက်ကြ "

သူ၏ အမိန့်ကြောင့် ရွှေစွပ်ပြုတ် လုံခြုံရေး အစောင့်များသည် ဟန်မိသားစုဆီသို့ ချက်ချင်းပင် ပြေးသွားကြသည်။

စီးရီးယပ် အုပ်စု၏ အဖွဲ့ဝင်များသည် ဟန်ရှုန်ယွမ်ကို အရှင်လတ်လတ်ဖမ်းဆီး၍ ဂုဏ်ပြုပေးချင်ကြသောကြောင့် ရှေ့သို့ ပြေးသွားကြသည်။

ဟန်မိသားစုဝင်များသည် အနက်ရောင် အစုလိုက်အပြုံလိုက် လွှမ်းနေသော လူများကို မြင်လိုက်သောအခါတွင် သူတို့၏ မျက်နှာများသည် ကြောက်ရွံ့မှုမှ ချက်ချင်း ဖြူဖျော့သွားကြသည်။

ဟန်မိသားစု၏ လုံခြုံရေးဝန်ထမ်းများလည်း ကြောက်လန့်သွားကြသည်။

မည်သူက ဦးဆောင်ပြီး လှည့်ထွက်ပြေးသွားသည်ကို မသိလိုက်ချေ။

ထို့နောက် တစ်၊ နှစ်၊ သုံး၊... လုံခြုံရေးအဖွဲ့သည် ကွဲသွားပြီး ဆည်တစ်ခုကဲ့သို့ ပြိုကျသွားသည်။

နောက်ဆုံးတွင် သူတို့အားလုံးသည် ဝင်ငွေရှာရန် ကြိုးစားနေခဲ့ကြခြင်းသာ ဖြစ်ပြီး အသက်မဆုံးရှုံးချင်ကြပေ။

ချက်ခြင်းပင် ဟန်မိသားစုသည် 'စစ်တပ်' ၏ ဝန်းရံမှုကို ခံလိုက်ရပြီး ထွက်ပြေးရန် အခွင့်အလမ်းမရှိတော့ချေ။

စီးရီးယပ် အုပ်စုမှ အဖွဲ့ဝင်များသည် ဟန်ရှုန်ယွမ်ကို အရှင်လတ်လတ် ဖမ်းယူလိုသော ဆန္ဒဖြင့် ရှေ့သို့ ဦးဆောင်ကာ ပြေးသွားကြသည်။

ဟန်ရှုန်ယွမ်သည် စိတ်ပျက်လက်ပျက်ဖြစ်နေပြီဖြစ်ပြီး ခုခံရန် လုံးဝ မစဉ်းစားနိုင်တော့ပေ။

ဤအရေးကြီးသောအခိုက်အတန့်တွင် တစ္ဆေသရဲကဲ့သို့ ဟန်မိသားစုရှေ့တွင် အနက်ရောင်အရိပ်တစ်ခု ရုတ်တရက် ပိတ်ဆို့သွားသည်။

တစ်ချိန်တည်းမှာပင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။

ရှေ့တွင်ရှိသော စီးရီးယပ် အုပ်စု၏ အဖွဲ့ဝင်တစ်ဦးသည် ဖြတ်တောက်ခံလိုက်ရပြီး သူ၏ အူများ ထွက်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အခြားသူများသည် လျင်မြန်စွာတုံ့ပြန်ခဲ့ပြီး ချက်ချင်းရပ်တန့်ကာ သူ့ကိုပြန်ဆွဲထုတ်ကြသည်။

လူတိုင်းသည် မည်သူဖြစ်သည်ကို ရှာနေကြပြီး အနက်ရောင် စစ်သည်တော်ဝတ်စုံဝတ်ထားသည့် လူပုလေးတစ်ယောက် မတ်တပ်ရပ်နေတာကို တွေ့လိုက်ရသည်။

သူ၏ လက်ထဲရှိ ဓါးသည် အေးစက်ပြီး စူးရှသည်။

ဤအပြောင်းအလဲသည် ရုတ်တရက် ဖြစ်သွားခြင်းဖြစ်သည်။

ဤလူ ဘယ်က လာသည်ကို မည်သူမျှ မသိကြသောကြောင့် အချိန်မီ မတုံ့ပြန်နိုင်လိုက်ချေ။

လေထဲမှ ထွက်လာသကဲ့သို့ပင် ဖြစ်နေသည်။

ယဲ့ဖန်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်များသည် ကွေးညွတ်သွားသည်။

နင်ဂျာလား။

ဒါက စိတ်ဝင်စားစရာကောင်းတဲ့ပုံပဲ။

ဟန်ရှုန်ယွမ်သည် သူသေမည်ဟုသာ ထင်ခဲ့ပြီး အသက်ရှင်ရန် မမျှော်လင့်ခဲ့ပေ။

“ သခင် ဟာတိုယိုမ၊ ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

သူသည် အံ့အားသင့်စွာဖြင့် အော်ပြောနေသည်။

သွမ့်ရှစ်ကျင်းသည် အနက်ရောင် ၀တ်စုံဖြင့် ဤလူကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သခင် ဟာတိုယိုမသည် ဤနေရာတွင် ရှိနေသည်။

သူတို့အတွက် မျှော်လင့်ချက်ရှိသေးလေသည်။

အပိုင်း ( ၉၇၉ )

နင်ဂျာဂျစ်ဆု

'သခင် ဟာတိုယိုမ'သည် လှည့်မကြည့်ပေ။

လင်းယုန်ငှက်ကဲ့သို့ အကြည့်ဖြင့် ရွှေစွပ်ပြုတ်လုံခြုံရေးအစောင့်များကို ကြည့်လိုက်သည်။

" မင်းတို့ မသေချင်ရင် ချက်ချင်း ထွက်သွားကြ "

အာသာသည် သူ၏ အစ်ကို၏ ဒဏ်ရာများကို ငုံ့ကြည့်လိုက်သည်။

သူ၏ အူများသည် သွေးများထွက်နေကာ အပြင်သို့ စီး ထွက်ကျနေသည်။

သူသည် မျှော်လင့်ချက်မဲ့နေလေသည်။

ထိုလူကို ထိုင်းလူမျိုး အားလီဟု ခေါ်သည်။

သူနှင့်အတူ ဆယ်နှစ်ကျော် လက်တွဲလာခဲ့ပြီး မရေမတွက်နိုင်သော သေခြင်းဆိုင်ရာ အခြေအနေများကို အတူတကွ တွေ့ကြုံခဲ့ကြရသည်။

သူသည် စစ်မြေပြင်တွင် မသေရမည်ဟု မျှော်လင့်မထားသော်လည်း ထိုစောက်ဂျပန်လူပု၏ လက်တွင် သေရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သူ၏ စိတ်ထဲတွင် ဒေါသများ တောက်လောင်နေသည်။

" သူ့ကို ငါနဲ့ ထားခဲ့လိုက်။ "

ထိုအချိန်တွင် ယဲ့ဖန်၏ အသံသည် အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

စီးရီးယပ်အုပ်စု၏ အဖွဲ့ဝင်များအတွက် ထိုအသံသည် သဘာဝ၏ အသံနှင့် တူလှသည်။

သူတို့သည် ယဲ့ဖန်၏ ကောင်းကင်ဘုံကို အံတုနိုင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုအကြောင်း ရုတ်တရက် တွေးလိုက်ကြသည်။

သူတို့သည် စမ်းကုကြည့်စေချင်ကြသည်။

သို့သော် အားလီ၏ ဒဏ်ရာသည် ယခုတစ်ကြိမ်တွင် ပြင်းထန်လွန်းသဖြင့် သူ့ကို မကယ်တင်နိုင်တော့ပေ။

သို့သော်လည်း မျှော်လင့်ချက်မရှိသည်ထက် မျှော်လင့်ချက်ရှိတာသည်က ပိုကောင်းသည်။

အစွမ်းကုန် ကြိုးစားနိုင်ကြသေးသည် ဖြစ်သည်။

အာသာနှင့် ကျန်သူများသည် အားလီကို ယဲ့ဖန် ထံ သယ်ဆောင်သွားကြသည်။

ဒူးထောက်၍ အရိုအသေပေးကြသည်။

“ အားလီ၊ ကျေးဇူးပြုပြီး လူကြီးမင်းယဲ့ဆီမှာ နေခဲ့ပါ။ ငါတို့မှာ မင်းကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိဘူး။ မင်းရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ သေတဲ့အထိ ငါတို့ တိုက်ပွဲဝင်နိုင်တယ်။ ”

အာသာသည် ပြောပြီးသည်နှင့် သူ၏ စစ်တပ်ဓားကို ကိုင်လျက် ဟာတိုယိုမဆီသို့ လျှောက်သွားသည်။

အခြားလူများကလည်း သူ့နောက်သို့လိုက်ကြပြီး သူတို့၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ယဲ့ဖန်သည် စစ်မြေပြင်ကို မကြည့်ပေ။

သူသည် အားလီ၏သွေးများကို လျင်မြန်စွာ ရပ်တန့်လိုက်သည်။

သူ၏ အခြေအနေသည် အလွန်ပင် စိုးရိမ်ရသည်။

ဆေးရုံကို ပို့လိုက်လျှင်ပင် ဆရာဝန်သည် ကုသမှု ပြုလုပ်ပေးနိုင်မည် မဟုတ်ချေ။

ယဲ့ဖန်တွင်ပင် ကုသပေးနိုင်မည်ဟု ယုံကြည်မှု သိပ်မရှိလှချေ။။

အရာရာတိုင်းသည် သူ လုံလောက်စွာ တောင့်ခံနိုင်မှု ရှိမရှိပေါ်တွင် မူတည်နေသည်။

ယဲ့ဖန်သည် ဒဏ်ရာရသူများကို ကုသနေစဉ်တွင် အာသာနှင့် အခြားသူများသည် ဟာတိုယိုမကိုတိုက်ခိုက်နေကြပြီ ဖြစ်သည်။

လူတိုင်းသည် အားလီအတွက် လက်စားချေလိုသော ကြောင့် ရူးသွပ်စွာ ရှေ့တန်းသို့ တက်လိုက်ကြသည်။

သို့သော် ဤလူ၏ ခွန်အားသည် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။

သူသည် အလွန်အစွမ်းထက်သည် မဟုတ်သော်လည်း သူ၏လှုပ်ရှားမှုနည်းစနစ်မှာ ထူးဆန်းလွန်းလှသည်။

သူတို့ ခုနစ်ယောက်သည် ယဲ့ဖန်ကို တိုက်ခိုက်ခဲ့သော နည်းလမ်းကိုပဲ ဆက်လက် အသုံးပြုနေကြဆဲ ဖြစ်သော်လည်း ဓားဖြင့် ထိုးလိုက်တိုင်း သူတို့၏ အမြင်အာရုံသည် မည်းလာပြီး တစ်ဖက်ကို ခြေရာခံ၍ မရတော့ချေ။

" ငရဲကို သွားလိုက် "

အာသာသည် အကြိမ်အနည်းငယ် ဆက်တိုက် လွဲချော်ခဲ့ပြီး ချက်ချင်းပင် ရက်စက် ကြမ်းကြုတ်လာသည်။

ဟာတိုယိုမ၏ ဝမ်းဗိုက်ကို ဓားဖြင့် ထိုးလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် အရင်အခေါက်များ အတိုင်းပင် ဖြစ်သည်။

သူ၏ မျက်လုံးရှေ့တွင် အနက်ရောင်အရိပ်တစ်ခု တောက်ပလာပြီး ဓားသည် ချက်ချင်း လေထဲသို့ ထိုးကျသွားသည်။

တစ်ချိန်တည်းမှာပင် သတိမထားမိဘဲ သူ၏ နောက်တွင် အေးစက်နေသော ဓားတစ်ချောင်း ပေါ်လာသည်။

ကံကောင်းထောက်မစွာဖြင့် အာသာသည် တိုက်ပွဲများတွင် အလွန်အတွေ့အကြုံရှိခဲ့သည်။

သူသည် ချက်ချင်း ရှေ့ကို လှိမ့်သွားသော်လည်း သူ၏ နောက်ကျောသို့ ဓားဖြတ်သွားသည့်အချိန်တွင် သွေးများ ထွက်ကျလာသည်။

ဤတိုက်ကွက်သည် သူ့ကို ကြောက်ရွံ့ထိတ်လန့်သွားစေခဲ့သည်။

အချိန်မီ မရှောင်နိုင်လျှင် နှစ်ပိုင်းကွဲသွားနိုင်သည်။

သူသည် ယခင်က နင်ဂျာများနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ဤကဲ့သို့ ထူးဆန်းသော လှုပ်ရှားမှုနည်းပညာများဖြင့် နင်ဂျာကို တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။

အထူးသဖြင့် ညဘက်တွင် သူသည် တစ္ဆေတစ်ကောင်လို ဖြစ်နေသည်။

တိုက်ခိုက်မှုများသည် သူ့အပေါ် ထိရောက်မှု မရှိပေသော်လည်း သူ၏ တိုက်ခိုက်များသည် တခြားသူများကို ခုတ်ထစ်ပစ်လိုက်နိုင်သည်။

တခြားသူကို ဒုက္ခရောက်အောင်လုပ်ရန် လုံလောက်သည့် တိုက်ခိုက်မှု ရှိနေသည်။

သူ တစ်ယောက်တည်းတော့ မဟုတ်ချေ။

စီးရီးယပ် အုပ်စု၏ အခြားအဖွဲ့ဝင်များလည်း အလားတူပြဿနာကို ကြုံတွေ့နေကြရသည်။

အထူးသဖြင့် လီချန်းဖြစ်သည်။

သူသည် လက်တည့်ပစ်သည့်စွမ်းရည်တွင် အကောင်းဆုံးဖြစ်သည်။

အနီးကပ်တိုက်ပွဲသည် သူ၏ ပွဲမဟုတ်ချေ။

ယခုပင် ဟာတိုယိုမသည် သူ၏ လည်ပင်းကို လှီးဖြတ်လုနီးပါးဖြစ်သွားသည်။

သူတို့ ခုနစ်ယောက်သည် သူ့ကို အကြာကြီးဝိုင်းထားကြသော်လည်း သူ၏ အဝတ်ထောင့်ကိုပင် မထိကြသေးချေ။

သူတို့၏ စိတ်ဓာတ်များ ပြိုလဲစပြုနေပြီ ဖြစ်သည်။

ဤနည်းအားဖြင့် ချို့ယွင်းချက်များ ပိုမိုထင်ရှားလာမည်ဖြစ်ပြီး ပိုမိုအန္တရာယ်များလာမည်ဖြစ်သည်။

ခဏအတွင်းပင် ခုနစ်ယောက်လုံး ဒဏ်ရာရသွားကြသည်။

ဤအရာကို မြင်သောအခါ ရွှေစွပ်ပြုတ်လုံခြုံရေးအစောင့်များသည် သူတို့ကို ကယ်ဆယ်ရန် အလျင်စလို လိုက်လာကြသည်။

သို့သော် လျုံဖုန်းဟိုင်သည် လူတိုင်းကို ရပ်တန့်ရန် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

ဤကဲ့သို့ ရန်သူမျိုးနှင့် ရင်ဆိုင်ရန် လူအရေအတွက်သည် အရေးမကြီးသည်ကို သူပြောနိုင်လေသည်။

မည်မျှပင်ရှိစေကာမူ ရှေ့သို့တက်လာခြင်းသည် မိမိကိုယ်ကို သတ်သေခြင်းပင် ဖြစ်လိမ့်မည်။

သူသည် ဟန်ရှုန်ယွမ်နှင့် အခြားလူများကို ကြည့်ကာ ရယ်မောလိုက်သည်။

' ငါ သူနဲ့ ရင်မဆိုင်နိုင်ရင်တောင် မင်းနဲ့တော့ ဘာလို့ ရင်မဆိုင်နိုင်ရဲရမှာလဲ။ '

သူချက်ချင်း ဓားတစ်ချောင်းကို ကိုင်လိုက်ပြီး ဟန်မိသားစုကို ထိုးကြိတ်လိုက်သည်။

ဟန်ရှုန်ယွမ်နှင့် အခြားသူများသည် ဟာတိုယိုမသည် သူတို့ထက်သာလွန်နေသည်ကို တွေ့လိုက်ရသောအခါတွင် ပျော်သွားကြသည်။

သို့သော်လည်း လျုံဖုန်းဟိုင်သည် အခွင့်အရေးကိုအရယူကာ တစ်ဖက်ကို ဦးတည်လိုက်သည်။

“ သခင်ဟာတိုယိုမ၊ ငါ့ကို ကယ်ပါ… ”

ဟန်ရှုန်ယွမ်သည် သူ့ကိုယ်သူ ကာကွယ်ရန် ဒုတိယဇနီးကို ဆွဲပြီး အော်ဟစ်လိုက်တယ်။

လျုံဖုန်းဟိုင်သည် ကရုဏာမပြဘဲ သူ့ဓားဖြင့် ခုတ်လိုက်သည်။

ထိုအမျိုးသမီး၏ ခေါင်းကို ထိတော့မည့် အချိန်ဖြစ်သည်။

ထိုအခိုက်တွင် အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး သူ၏ လက်ထဲရှိ ဓားသည် ကျိုးသွားသည် ။

ထို့နောက် အေးစက်သောအလင်းရောင်သည် မယုံနိုင်စရာအရှိန်ဖြင့် သူ၏ လည်ပင်းကို ရုတ်တရက် ဖြတ်သွားသည်။

လျုံဖုန်းဟိုင်သည် ရှောင်တိမ်းချင်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

မျက်စိမှိတ်ကာ သေခြင်းတရားကို စောင့်ဆိုင်းနေတော့သည်။

ဒေါင်

ထိုအချိန်တွင် ပြင်းထန်စွာ တိုက်မိသော အသံတစ်ခု ထွက်ပေါ်လာသည်။

မျက်လုံးကိုဖွင့်ကြည့်လိုက်သောအခါ ဓါးကိုတွေ့လိုက်သောကြောင့် အံ့သြသွားသည်။

သူ၏ ခေါင်းကို ထိတော့မည့် ဓါးသည် ကွဲသွားသည်။

ဓားပေါ်တွင် ရွှေအပ်တစ်ချောင်း ရှိနေသည်။

ဤမြင်ကွင်းသည် မယုံနိုင်စရာ ကောင်းလွန်းလှသည်။

ရွှေသည် ပျော့ပျောင်းသည်။

နွားမွေးကဲ့သို့ ပါးလေသည်

သို့သော် သံမဏိဖြင့် ပြုလုပ်ထားသော ဓါးထဲသို့ ထိုးဖောက်ခဲ့လေသည်။

ဤအရာသည် မှော်ဆန်လွန်းလှသည်။

စစ်မြေပြင်မှ ထွက်ခွာသွားသော စီးရီးယပ် အုပ်စုမှ အဖွဲ့ဝင် ခုနစ်ဦးနှင့် တိုက်ပွဲကို စောင့်ကြည့်နေသူများပင်လျှင် သူတို့ မြင်လိုက်သည်ကို မယုံနိုင်ကြပေ။

ရွှေအပ်လေးက ဓါးကို ဖောက်လိုက်တာလား။

စိတ်ကူးယဉ်ဇာတ်လမ်းတွဲမဟုတ်တာ သေချာလား။

" အာ "

ဟာတိုယိုမသည်ပင် အံ့သြသွားသည်။

သူသည် ရွှေအပ်ကို ခဏတာ စိုက်ကြည့်ပြီးနောက် ရွှေအပ်လာရာ လမ်းကြောင်းသို့ လှမ်းကြည့်လိုက်သည်။

ယခုအချိန်တွင် ယဲ့ဖန်သည် ဝမ်းဗိုက်ရှိ ဒဏ်ရာကို ချုပ်ရန် ကူညီပေးနေသည်။

ခွဲစိတ်မှုသည် အလွန်ပင် အောင်မြင်ခဲ့သည်။

အနည်းဆုံးတော့ သူ၏ အသက်ကို ကယ်တင်ခဲ့သည်။

ဘယ်အချိန်တွင် နိုးမည်ကိုတော့ ပြောရန် ခက်ခဲ့သည်။

ကိရိယာအားလုံးကို ဖယ်လိုက်ပြီး ဟာတိုယိုမကို လှည့်ကြည့်လိုက်သည်။

" မဆိုးပါဘူး၊ အီဂ "

နင်ဂျာဂိုဏ်းများကို အကြမ်းဖျင်းအားဖြင့် မူဆရှိ ခိုင်၊ အီချီဂို၊ ရှီနာနို၊ အီဂ၊ ခါဂ၊ ကီ စသဖြင့် ခွဲခြားထားသည်။

ဖန်းကျန်းဝူသည် တစ်ချိန်က ဂိုဏ်းခွဲများကြားမှ ကွဲပြားမှုများကို ယဲ့ဖန်အား ပြောပြခဲ့ဖူးသည်။

ဟာတိုယိုမသည် ခါဂဂိုဏ်း၏ လှုပ်ရှားမှုနည်းပညာများကို အမြဲပြသနေသော်လည်း သူသည် အီဂဂိုဏ်းမှဖြစ်သည်ကို တစ်ချက်ကြည့်၍ ပြောနိုင်သေးသည်။

ဟာတိုယိုမသည် ပို၍ပင် အံ့သြသွားသည်။

" မင်းဘယ်လိုသိတာလဲ "

အပိုင်း ( ၉၈၀ )

မျက်လှည့်ပညာကို အနိုင်ယူခြင်း

" ဘာလို့လဲဆိုတော့ ငါ့မှာ ခါဂဂိုဏ်းက သူငယ်ချင်းတစ်ယောက်ရှိတယ်။ နှစ်ခုကြားက ကွာခြားချက်ကို သူမက ပြောပြထားတယ်။ "

ယဲ့ဖန်သည် ဖန်းကျန်းဝူကို သဘာဝကျကျ ရည်ညွှန်းလိုက်သည်။

သူမသည် ခါဂ ဂိုဏ်းတွင် လေ့ကျင့်ခဲ့သည်။

အီဂနှင့် ခါဂဟုခေါပြီး ဂျပန်ရှိ ရှေးကျသောအမည်များဖြစ်သည် နေရာတစ်ခုစီရှိ နင်ဂျာဂိုဏ်းများ ဖြစ်ကာ သည် အနည်းငယ်ကွဲပြားသည်။

သို့သော် ခြားနားချက်မှာ အနည်းငယ်မျှသာဖြစ်သည်။

အကယ်၍ လူတစ်ဦးသည် နင်ဂျစ်ဆုလေ့ကျင့်ဖူးသူ မဟုတ်ပါက သူတို့သည် ခြားနားချက်ကို လုံး၀ မပြောနိုင်ပေ။

ထို့ကြောင့် ဟာတိုယိုမသည် သူ၏ စကားကိုကြားသောအခါ အလွန်အံ့သြသွားသည်။

" မင်းသူငယ်ချင်းက အရမ်းသန်မာနေလောက်တယ် မဟုတ်လား "

သူ၏ စွမ်းရည်ဖြင့် သူ၏ ဂိုဏ်းကို ဖုံးကွယ်ထားလိုပါက နင်ဂျာအများစုပင် ထိုအရာကို မမြင်နိုင်ပေ။

ယဲ့ဖန်သည် သူသည် အီဂမဟုတ်ဘဲ ခါဂ ဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်နေလေသည်။

သူ၏ မျက်လုံးများသည် နင်ဂျာအများစုထက် သာလွန်နေပြီဖြစ်သည်။

ထို့အပြင် သူ၏ သူငယ်ချင်းထံမှ ဤအသိပညာအားလုံးကို ကြားသိခဲ့ရသည် ဖြစ်သောကြောင့် သူ၏ သူငယ်ချင်းသည် အလွန်အစွမ်းထက်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။

အမှန်တကယ်တွင် သူထင်နေသည်မှာ မှားနေလေသည်။

ယဲ့ဖန်သည် သူ၏ လမ်းကြောင်းကို မြင်နိုင်ရသည့် အကြောင်းရင်းမှာ ဖန်းကျန်းဝူသည် သူ့ကို ပြောပြခဲ့သော အသိပညာကြောင့် ဖြစ်သော်လည်း အများစုမှာ သူ၏ ကိုယ်ပိုင် နားလည်မှုနှင့် စီရင်ဆုံးဖြတ်မှုကြောင့်ပင် ဖြစ်သည်။

ယဲ့ဖန်၏ စီရင်ချက်နှင့် စစ်မှန်သော စွမ်းရည်များအရ ထိုဟာတိုယိုမ နှင့် ဖန်းကျန်းဝူသည် စွမ်းရည် တူညီလေသည်။

သူတို့နှစ်ဦးစလုံးကို ထိပ်တန်းအဆင့် ကျိုနင်းအဖြစ် သတ်မှတ်နိုင်သည်။

" ငါ့သူငယ်ချင်းရဲ့ ခွန်အားက သာမန်ပဲဆိုပေမယ့် သူက မင်းထက် နည်းနည်း ပိုသန်မာတယ်။ "

သူ၏ စကားသည် ရိုက်နှက်ရန် ရန်စနေသည်နှင့် တူသည်။

သူ၏ အမြင်တွင် သူ့သူငယ်ချင်း၏ ခွန်အားသည် သာမန်သာဖြစ်ပြီး ဟာတိုယိုမ၏ အင်အားသည် သူ၏ သူငယ်ချင်းထက် လျော့လေသည်။

သူ့ကို 'သာမန်'ဟုပင် မယူဆထားသည်ဟု ဆိုလိုခြင်း မဟုတ်လော။

အားလုံးနီးပါး ပါးစပ်က သွေးများ အန်ထွက်လာလု နီးပါးဖြစ်နေသည်။

ဟာတိုယိုမ၏ အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသော စီးရီးယပ် အုပ်စုသည် အထူးသဖြင့် စိတ်ဓာတ်ကျနေသည်။

ဟာတိုယိုမကို 'သာမန်'ဟုပင် မယူဆနိုင်ဘူးဆိုလျှင် 'သာမန်'ဟု မသတ်မှတ်နိုင်သော လူများထက် သူတို့သည် နိမ့်ကျနေသည် မဟုတ်လား။

သူတို့အားလုံးသည် အမှိုက်များဖြစ်သည်ဟုသာ ပြောနိုင်တော့သည်။

သို့သော် ဤအရာသည် ယဲ့ဖန်၏ နေရာမှ အထင်သာ ဖြစ်ပေသည်။

သူတို့၏ သူဌေးသည် ကြွားလုံးထုတ်ရသည်ကိုအလွန်ပင် သဘောကျလေသည်။

သို့ရာတွင် သူတို့အား ယုံကြည်စေသည့်အရာမှာ သူ၏ ကြွားဝါသော စကားများအဆုံးတွင် အမှန်တကယ်ဖြစ်လာခြင်းပင် ဖြစ်သည်။

ဟာတိုယိုမသည် ဤအရာကြောင့် ဒေါသမထွက်ခဲ့ပေ။

သူ့ကို ခဏတာ စိုက်ကြည့်နေသည်။

" မင်းသူငယ်ချင်းက နင်ဂျာတစ်ယောက်ဆိုတော့ ငါသူ့မျက်နှာကို ထောက်ပေးလိုက်မယ်။ မင်းရဲ့လူတွေနဲ့ ချက်ချင်းထွက်သွားလိုက် ”

ဟန်ရှုန်ယွမ်သည် စိုးရိမ်နေခဲ့သည်။

" သခင်ဟာတိုယိုမ၊ ငါတို့ သူတို့ကို ထားလိုက်လို့မရဘူး။ ငါတို့ ဟန်မိသားစု တော်တော်များများကို သတ်ထားတာ၊ မင်းရဲ့ အစီအစဉ်ကို သူလည်း သိတယ်…”

" ဟမ်"

ဟာတိုယိုမ၏ အေးစက်သော အကြည့်သည် ချက်ချင်းပင် သူ့ဘက်သို့ လှည့်သွားသည်။

ဟန်ရှုန်ယွမ်သည် အကြောင်းအရာများကို ဖော်လိုက်မိကြောင်း သိလေသည်။

တုန်တုန်ယင်ယင်ဖြင့် တခြား မည်သည့်အရာကိုမျှ မပြောဝံ့တော့ချေ။

ယဲ့ဖန်သည် သူ့မျက်နှာပေါ်၌ စိတ်ဝင်စားစရာကောင်းသည့် အမူအရာ ပေါ်လာလေသည်။

သူသည် ထိုဟာတိုယိုမကို ဂရုတစိုက် အာရုံထားလိုက်သည်။

ဟန်မိသားစု၏ 'ကြီးမားသောအစီအစဥ်' ဟုခေါ်သော အစီအစဉ်ကို ဤပုဂ္ဂိုလ်က စီစဉ်ခဲ့ခြင်း ဖြစ်ပေသည်။

ဟာတိုယိုမသည် သူ့ကို လှည့်ကြည့်သည်။

“ လူငယ်လေး၊ တစ်ချို့ကိစ္စတွေက မမေးတာ ပိုကောင်းတယ်။ ”

“ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအောင်မြင်ဖို့က မင်းအတွက် မလွယ်ဘူး။ စူးစမ်းလိုစိတ်ကြောင့် ကိုယ့်ကိုယ်ကို သတ်သလို မဖြစ်စေနဲ့။ စူးစမ်းချင်စိတ်က ကြောင်ကိုသတ်တာ မကြားဖူးဘူးလား "

ယဲ့ဖန်သည် သူ၏ နှုတ်ခမ်းတွေကို လျှာဖြင့် သပ်လိုက်သည်။

“ ကြောင်တွေမှာ အသက်ကိုးခုရှိတယ်။ တစ်ခုဆုံးရှုံးရင် ရှစ်ခုကျန်ပါသေးတယ်။ နောက်ထပ် အကြိမ်အနည်းငယ် ကြိုးစားကြည့်နိုင်သေးတယ်။"

ဟာတိုယိုမ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။

“ သနားလို့ လွှတ်ပေးလိုက်မယ်။ သိပ်ပြီး မလွန်ပါနဲ့ "

ယဲ့ဖန်သည် ရယ်မောလိုက်သည်။

" မင်းက ငါ့ကိုလွှတ်လိုက်ပေမယ့် ငါက မင်းကို လွှတ်ပေးမလား မမေးရသေးဘူး။ မင်းက ငါ့အစ်ကိုကို ဒဏ်ရာရစေခဲ့တယ်။ လျော်ကြေး နည်းနည်း မပေးသင့်ဘူးလား "

စီးရီးယပ် အုပ်စုနှင့် ရွှေစွပ်ပြုတ်အဖွဲ့ဝင်များသည် ထိုစကားကြောင့် အလွန်ထိမိသွားကြသည်။

ရန်သူသည် အင်အားကြီးနေသော်လည်း သူတို့အတွက် ရပ်တည်လိုစိတ်ရှိနေသေးသည့် သူဌေးတစ်ယောက်ကို ရှိနေသည်ကို သူတို့ ဘာထပ်တောင်းဆိုရမည်လဲ။

ဟာတိုယိုမ၏ အကြည့်သည် ပို၍ အေးစက်လာသည်။

" မင်းကို ဘယ်လို လျော်ကြေးပေးစေချင်တာလဲ။ ငါ့မှာ ပိုက်ဆံမရှိဘူး။ "

ယဲ့ဖန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။

" ဒါဆို မင်းအသက်နဲ့ ဆပ်လိုက် "

စကားမပြီးခင်တွင် သူ၏ ခန္ဓာကိုယ်သည် နေရာမှ ပျောက်ကွယ်သွားသည်။

သူ ပြန်ပေါ်လာသောအခါ ဟာတိုယိုမ၏ ရင်ဘတ်ကို ကန်နေပြီဖြစ်သည်။

ဤအရှိန်သည် အဓိပ္ပာယ်မရှိပင်လောက်အောင် မြန်လွန်းလှသည်။

အာသာနှင့် အခြားလူများသည် မျက်လုံးပြူးသွားကြသည်။

ယဲ့ဖန်သည် သူတို့နှင့် တိုက်ပွဲတွင် ဤမျှလောက် အရှိန်ပြခဲ့မယ်ဆိုလျှင် သူတို့သည် ဤမျှလောက် ကြာကြာခံနိုင်ကြမည် မဟုတ်ချေ။

လူကြီးမင်းယဲ့သည် ထိုအချိန်က သူ၏ ခွန်အားကို အမှန်တကယ် အသုံးမချခဲ့ပေ။

ထိုအတွေးပေါ်လာသည်နှင့် ချက်ချင်းပင် အေးစက်နေသော ချွေးများ ထွက်လာသည်။

သူတို့ရဲ့ အင်အားဖြင့် ရှစ်ယောက်ပေါင်းကာ တိုက်ခိုက်မည်ဆိုလျှင်ပင် ယဲ့ဖန်၏ ခွန်အားဖြင့် ထိန်းထားနိုင်မည်ပင် ဖြစ်သည်။

သူတို့ကြားရှိ ကွာဟချက်သည် တကယ်ပင် ကြီးမားလွန်းသည်။

ယဲ့ဖန်၏ ခြေထောက် ဆင်းသက်လာသောအခါ ဓါးဖြင့် ထိုနေရာတွင် ရပ်နေသော ဟာတိုယိုမသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။

ဖြစ်ပြန်ပြီ

ထိုအရာကိုမြင်သောအခါ အားလုံးသည် ယဲ့ဖန် အတွက် ဇောချွေးများ ထွက်နေပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အာသာသည် ရုတ်တရက် အော်လိုက်သည်

" မင်းနောက်မှာ သတိထား... "

သူသည် အလွန်ပင် မြန်ဆန်စွာ အော်လိုက်သော်လည်း ဟာတိုယိုမသည် ပို၍ မြန်ပေသည်။

သူသည် 'သတိ'ဟူသော စကားလုံးကို ပြောနေစဥ်တွင်ပင် ဓါးသည် ယဲ့ဖန် ၏ ခေါင်းနောက်ဘက်သို့ ဖြတ်သွားသည်။

ဝှီး

ဓားသည် ယဲ့ဖန် ၏ ခေါင်းမှ ပြုတ်ကျသွားသည်။

မြေကြီးပေါ်သို့ ခုတ်ချခံလိုက်ရကာ တစ်စစီ ဖြစ်သွားသည်။

မီးပွားများ ထွက်လာသည်။

“ အာ… ”

အာသာ၊ လျုံဖုန်းဟိုင်နှင့် အခြားလူများသည် ထိတ်လန့်တကြားအော်ကြသည်။

သူတို့၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားကြသည်။

လူကြီးမင်းယဲ့က ဒီလိုမျိုး နှစ်ခြမ်းခွဲခံလိုက်ရတာလား။

ဟန်ရှုန်ယွမ်သည် စိတ်အားထက်သန်စွာ အားပေးလိုက်သည်။

" ကောင်စုတ်လေး၊ မင်း ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာ မဟုတ်လား။ ဆက်ပြီး… ”

သို့သော် လူတိုင်းကို ထိတ်လန့်စေသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

ဟာတိုယိုမ ခုတ်လိုက်ခြင်းသည် နောက်ဆက်တွဲ ပုံရိပ်တစ်ခုသာ ဖြစ်ခဲ့သည်။

ယဲ့ဖန် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။

ဟာတိုယိုမသည် အံ့သြသွားသည်။

သူ့ထက် မြန်သော လူနှင့် ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။

သူသည် အမြန် လိုက်ရှာနေရသည်။

သို့သော် ယဲ့ဖန်သည် သဲလွန်စမရှိဘဲ လေထဲတွင် ပျောက်သွားပုံရသည်။

ခြံဝင်းတစ်ခုလုံးသည် တိတ်ဆိတ်နေသည် လေထဲတွင် သစ်ရွက်ခြောက်သံများကိုသာ ကြားရသည်။

ဤအချိန်တွင် ယဲ့ဖန်သည် တစ္ဆေကဲ့သို့ ဟာတိုယိုမ၏ နောက်မှ ရုတ်တရက် ပေါ်လာပြီး သူ့ကို ကန်ချလိုက်သည်။

အုန်း

ဟာတိုယိုမသည် သိလိုက်ချိန်၌ ပုခုံးကို ကန်ခံလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ တိုက်ပွဲသတိသည် အလွန်ပင် ပြင်းထန်လှသည်။

တစ်စက္ကန့်၏ တစ်ထောင်အခွဲများတွင်ပင် သူ အမြန်ရှောင်ထွက်သွားနိုင်သည်။

ထိုသို့မဟုတ်လျှင် ဤကန်ချက်သည် သူ့၏ ရင်ညွှန့်ရိုးကို ကျိုးသွားအောင် လုပ်နိုင်လေသည်။

သို့သော်လည်း သူသည် အလွန်ပင် တုန်လှုပ်နေသေးသည်။

နင်ဂျာများသည် သူတို့၏ လမ်းကြောင်းများကို ဝှက်ထားနိုင်ရုံသာမက သူတို့၏ အကြားအာရုံမှာလည်း ပုံမှန်မဟုတ်ပေ။

သို့သော်လည်း တစ်ဖက်သား၏ နေရာကို သူ သတိမထားမိခဲ့ပေ။

ဤကဲ့သို့ အခြေအနေမျိုးကို သူပထမဆုံးအကြိမ် ကြုံခဲ့ရခြင်း ဖြစ်သည်။

ဖြစ်နိုင်တာ ... သူလည်း နင်ဂျာတစ်ယောက်ပဲလား။

ယဲ့ဖန်သည် သူ့မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ရှိနေသည်။

မှော်ပညာကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အနိုင်ယူရန် မှော်ပညာကို အသုံးပြုခြင်းပင်ဖြစ်သည်။

ဤကဲ့သို့ နင်ဂျာမျိုးနှင့် ဆက်ဆံရာတွင် သာမန်သိုင်းပညာရှင်တို့၏ နည်းလမ်းများကို အသုံးပြု၍ လုံးဝမထိရောက်ပါ။

ထို့ကြောင့် သာလွန်သော နင်ဂျာများသည်သာ ဤကဲ့သို့သော နင်ဂျာများကို အနိုင်ယူနိုင်ပေမည်။

All Chapters