အပိုင်း ၉၈၁-၉၈၄
Vol. 50 Ch. 981-984
အပိုင်း ( ၉၈၁ )
ငါ့ခေါင်းနဲ့ရင်းပြီး ကတိပေးတယ်
“လှလိုက်တာ”
ယဲ့ဖန်၏အောင်မြင်သောတန်ပြန်တိုက်ကွက်ကိုမြင်လိုက်ချိန်၌ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ မှအစောင့်များအားလုံး တစ်ခဲနက်အားပေးကြတော့သည်။
စီးရီးယပ် လုပ်ကြံသူအဖွဲ့အစည်းမှ အဖွဲ့ဝင်များအတွက်တော့ ထိုအချက်ဟာအထူးမှန်ကန်လေသည်။
ဟာတိုယိုမ လက်ထဲ၌ သူတို့အတော်ခံလိုက်ရသည်ဖြစ်ရာ ဒေါသများကို ချုပ်တည်းထားကြရတာ ဖြစ်သည်။
ထို့ကြောင့်လူတိုင်းအော်ဟစ်ကာ ယဲ့ဖန်အား အားပေးကြတော့သည်။
“ယဲ့လူကြီးမင်းရဲ့ တိုက်ကွက်တွေက အရမ်းထူးဆန်းတာပဲ။ သူ ဟာတိုယိုမ နောက်ကနေ ဘယ်လိုပေါ်လာလဲဆိုတာ ခင်ဗျားရှင်းရှင်းလင်းလင်းမြင်လိုက်ရလား?”
“ကျုပ်တို့ရဲ့ ခွန်အားချင်းက ကွာခြားလွန်းပါတယ်။ ယဲ့လူကြီးမင်းရဲ့လှုပ်ရှားမှုတွေကို ဘယ်မြင်နိုင်ပါ့မလဲ။”
“ဒီ ဟာတိုယိုမက တကယ်အင်အားကြီးလွန်းတယ်။ သူ့နေရာမှာ ကျွန်တော်သာဆို ယဲ့လူကြီးမင်းရဲ့ အစောကတိုက်ကွက်ကို ရှောင်နိုင်မှာမဟုတ်ဘူး။”
“ဟုတ်ပါ့ဗျာ၊ ကျုပ်တော့ ယဲ့လူကြီးမင်း ဒီလူကိုအနိုင်ယူလိုက်နိုင်မှာကိုပဲ ကြောက်မိတယ်။ သူ့နေရာမှာ ကျွန်တော်သာဆိုရင် လူဘယ်နှယောက်သေမလဲဆိုတာမသိနိုင်ဘူး။”
“ယဲ့လူကြီးမင်းကတော့ တကယ်သြချရလောက်ပါပေတယ်…”
သူတို့၏ယဲ့ဖန်အပေါ်လေးစားအားကျမှုများမှာ တစ်ဟုန်ထိုးစီးဆင်းလာသည့်မြစ်တစ်စင်းအလား တိုးပွားလာနေသည်။ ဒီလိုအင်အားကြီးလူတစ်ယောက်အပေါ်မှာသစ္စာရှိရတာ တကယ်ကို ကောင်းချီးတစ်ခုပင်။
ဟန်မိသားစုအတွက်ကတော့ သူတို့နှလုံးသားများမှာ လည်မျိုအထိပင်ရောက်နေပြီဖြစ်သည်။
သူတို့ရဲ့မျှော်လင့်ချက်အလုံးစုံကို ဟာတိုယိုမ အပေါ်မှာပုံေအာထားကြတာဖြစ်သည်။
ဟာတိုယိုမ သာရှုံးသွားလျှင် သူတို့ဘဝလည်းအဆုံးသတ်ပြီပင်။
အထူးသဖြင့် ဟန်ရှုန်ယွမ်ပင်ဖြစ်သည်။
သူသည် စိတ်လှုပ်ရှားလွန်းနေသဖြင့် အသက်ရှူကျပ်လုနီးပါးပင်ဖြစ်နေရသည်။
သူ့အကြည့်များမှာလည်း စင်ပေါ်၌သာ မြဲမြံနေလေသည်။
ယဲ့ဖန်အနေနှင့် အစောကတိုက်ကွက်မှာ တစ်ပန်းသာသွားတာကြောင့် သဘာဝအလျောက်ပင် တစ်ဖက်ရန်သူကို အသက်ရှုဖို့ရာပင် အခွင့်အရေးမပေးတော့ချေ။
သူ့တိုက်ကွက်များကို ဆက်တိုက်ဆိုသလိုဖြစ်နေကာ ဟာတိုယိုမ အား အပြည့်အဝဖိနှိပ်နေတော့သည်။
ဟာတိုယိုမလည်း လုံးဝလက်တုံ့မပြန်နိုင်ဖြစ်နေရသည်။
ဟာတိုယိုမမှာ နောက်ဆုတ်ရင်း ပြန်ခုခံနေရသည်။
ထိုတစ်ခဏအတွင်းမှာပဲ သူ ၁၂မီတာလောက် နောက်ဆုတ်သွားရသည်။
သူတို့တိုက်ခိုက်ရင်းနောက်ဘက်သို့ရောက်လာသည်မှာ ခြံဝင်းနံရံကိုပင် ထိလုနီးပါးဖြစ်နေသည်။ ထိုအခါတွင်တော့ သေဖို့ရန်သာရှိတော့သည်။
ထိုအချိန်တွင် ဟာတိုယိုမ ရုတ်တရက်ဆိုသလိုလက်မြှောက်လိုက်ကာ သူ့လက်ထဲမှ မြှားတိုတစ်ခုထွက်လာသည်။
ကောင်းကင်ကြီးမှာလွန်စွာနက်မှောင်နေကာ သူတို့နှစ်ဦးသားဟာလည်း အလွန်နီးကပ်စွာတည်ရှိနေသောကြောင့် ထိုမြှားတိုငယ်ဟာ ယဲ့ဖန်၏မျက်နှာထံသို့ပျံသွားတော့သည်။
ယဲ့ဖန်သည်လည်းသူ့ကိုတရစပ်တိုက်ခိုက်ရာ၌သာ အာရုံစိုက်ထားသောကြောင့် ထိုမြှားတိုကို သတိမမူမိပေ။
တစ်ဖက်လူက ဒီလို လျှို့ဝှက်လက်နက်ကို အသုံးပြုလာလိမ့်မယ်လို့ သူမထင်ထားခဲ့ချေ။
သူအတတ်နိုင်ဆုံးကြိုးစားကာရှောင်လိုက်သော်လည်း မျက်နှာမှာတော့ ပြတ်ရှရာတစ်ခုထင်သွားသည်။
ထိုဒဏ်ရာမှာ ချက်ချင်းဆိုသလို ထုံသွားကာ ယားယံမှုကိုခံစားလိုက်ရသည်။
မကောင်းတော့ဘူး ဒီမြှားကအဆိပ်သုတ်ထားတယ်။
ယဲ့ဖန်၏မျက်နှာအမူအရာပြောင်းလဲသွားရသည်။
ထို့နောက် အမြန်ပင်နောက်ပြန်ဆုတ်ရင်း အဆိပ်ပျံ့မှုကိုကာကွယ်ရန် အတွင်းအားများဖြင့်တောင့်ခံလိုက်သည်။
ဟာတိုယိုမ ၏မျက်နှာထက်၌ ထူးဆန်းသည့်အပြုံးတစ်ပွင့်ပေါ်လာကာ ချက်ချင်းဆိုသလို တန်ပြန်တိုက်ခိုက်တော့သည်။
တိုက်ပွဲမြေပြင်၌ နှစ်ဦးသားထပ်မံ၍ဘက်ပြောင်းသွားကြသည်။
ဒီတစ်ကြိမ်တွင်တော့ ယဲ့ဖန်မှာခုခံသည့်ဘက်ကဖြစ်သွားပြီး ဟာတိုယိုမ မှာ တိုက်ိခုက်သည့်ဘက်ကဖြစ်သွားလေသည်။
ဤအပြောင်းအလဲမှာ အလွန်မြန်ဆန်လှသည်ဖြစ်ရာ ထိုနေရာရှိလူတိုင်းအပြည့်အဝမတုံ့ပြန်နိုင်အောင်ပင် ဖြစ်သွားရသည်။
“ချီး ဒီဂျပန်ကောင်ကတော်တော်ယုတ်မာတာပဲ၊ လျှို့ဝှက်လက်နက်တောင်ထုတ်သုံးတယ်”
“အိုက်ယား၊ ဒီတိုက်ပွဲကသာမန် တစ်ဦးချင်းယှဉ်တိုက်တဲ့ပွဲဆိုရင်တော့ လျှို့ဝှက်လက်နက်ထုတ်သုံးတာက တော်တော်လေး ဂုဏ်သရေမဲ့တဲ့ကိစ္စပဲ။ ဒါပေမယ့် ဒါကသေရေးရှင်ရေးပွဲမျိုးဆိုတော့ ဒီလောက်ကပြောပလောက်စရာမဟုတ်ပါဘူး။”
“နင်ဂျာတွေက ပုန်းတဲ့နေရာမှာတင်တော်တာမဟုတ်ဘူး၊ လက်နက်ပုန်းတွေပစ်တဲ့နေရာမှာလည်း တော်ကြတယ်လေ။ ယဲ့လူကြီးမင်းက အရမ်းသတိလက်လွတ်နေမိသွားတာ။”
“ဘာဖြစ်သွားတာလဲ။ ယဲ့လူကြီးမင်းရဲ့ခြေလှမ်းတွေ နည်းနည်းယိုင်တိုင်တိုင်ဖြစ်လာသလိုပဲ။ ပြီးတော့သူ့လှုပ်ရှားမှုတွေလည်း နှေးလာတယ်။”
“ဟိုဂျပန်ကောင်ရဲ့မြှားမှာ အဆိပ်သုတ်ထားတာဖြစ်ရမယ်။ ယုတ်မာလိုက်တာ။”
“ဒါဆိုဘာစောင့်နေကြသေးတာလဲ။ ယဲ့လူကြီးမင်းကို အမြန်သွားကယ်ကြလေ။”
“ဟုတ်တယ်၊ ဒီထက်နောက်ကျသွားရင် ယဲ့လူကြီးမင်းအန္တရာယ်ရှိနိုင်တယ်။”
ယဲ့ဖန်အဆိပ်မိသွားသည်ဆိုသည်ကို လူတိုင်းသိနိုင်သည်။ သူ့လှုပ်ရှားမှုတွေက ယခင်ကလောက် မသွက်တော့ပေ။
ယဲ့ဖန်မှာ တန်ပြန်မတိုက်နိုင်လောက်သည့်အခြေအနေထိ တွန်းပို့ခံလိုက်ရသည်။
ထို့ကြောင့် သူတို့အားလုံး၏အကြည့်များမှာ လျုံဖုန်းဟိုင် ထံရောက်သွားကြသည်။ ယဲ့ဖန်အပြင် လျုံဖုန်းဟိုင်သည်လည်း ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီတွင် ရာထူးမြင့်သူတစ်ယောက်ဖြစ်သည်။
ထိုလူ၏စီစဉ်မှုကို သူတို့နားထောင်ရမည်။
လျုံဖုန်းဟိုင် ကွင်းပြင်ထဲ၌တိုက်နေသည့်လူနှစ်ဦးကိုကြည့်ကာ နောက်ဆုံး၌ခေါင်းယမ်းလိုက်မိသည်။
“ချက်ချင်းကြီး ဘာမှအလောတကြီးမလုပ်ပါနဲ့ဦး။ ကျွန်တော့်အထင်တော့… ယဲ့လူကြီးမင်း အန္တရာယ်မရှိလောက်ပါဘူး…”
သူ့စကားမဆုံးခင်မှာပဲ အာသာ မှာ သူ့ကော်လံကို ကိုင်ဆွဲပြီးဖြစ်နေလေပြီ။
“ဘာစောက်အဓိပ္ပာယ်မရှိတာတွေလာပြောနေတာလဲ? ထင်တယ်ဆိုတာ ဘာသဘောလဲ? ‘မရှိလောက်ဘူး’ ဆိုတာကရော ဘာလဲ? ယဲ့လူကြီးမင်းသာတစ်ခုခုဖြစ်သွားရင် မင်းတာဝန်ယူနိုင်လို့လား?”
စီးရီးယပ်အဖွဲ့ဝင်များသည် အမည်ခံအရသာ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို ဝင်ထားပြီးဖြစ်သော်လည်း ယခင်ရာထူး၌သာရှိနေကြဆဲဖြစ်သည်။
သို့သော် သူတို့၏နှလုံးသားထဲ၌ ယဲ့ဖန်တစ်ယောက်တည်းအပေါ်ကိုသာ သစ္စာရှိကြတာဖြစ်သည်။
အကယ်၍ ယဲ့ဖန်နှင့် လျုံဖုန်းဟိုင် ကြား၌သာ ဘာပြဿနာမှမတက်ခဲ့ပါက သူတို့အနေနှင့် သူ့အမိန့်ကို နာခံမိလိမ့်မည်။
သို့သော် သူတို့ကြား၌ အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်လာပါက သူတို့အနေနှင့် ယဲ့ဖန်ဘက်ကသာ ရပ်တည်ကြမည်ဖြစ်သည်။
ထို့ကြောင့် လျုံဖုန်းဟိုင် ဘက်မှ ယဲ့ဖန်ဒုက္ခရောက်နေတုန်းပစ်ထားမည်ဟူသည်ကို ကြားလိုက်ရချိန်၌ တမဟုတ်ချင်းဒေါသထွက်သွားရတာ ဖြစ်သည်။
သူတို့တင်မဟုတ်ပေ၊ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ လူများပင်လျှင် ယဲ့ဖန်ထံမှ အပြည့်အဝထိန်းချုပ်ခံလိုက်ကြရသည်။
သူတို့သည်လည်း ယဲ့ဖန်အား သူတို့၏အိုင်ဒေါလ်ကဲ့သို့ သတ်မှတ်လိုက်ကြသည်ပင်။
လျုံဖုန်းဟိုင်၏ စကားကို ကြားပြီး သူတို့လည်း အနည်းငယ်မပျော်မရွှင်ဖြစ်သွားကြရသည်။
ထိုသည်ကိုမြင်တော့ လျုံဖုန်းဟိုင် မှာ ခါးသက်စွာသာပြုံးလိုက်မိတော့သည်။
ယဲ့လူကြီးမင်းအနေနဲ့ လူတိုင်း၏သစ္စာတရားကို ဒီလောက်မြန်မြန် သိမ်းပိုက်လိုက်နိုင်လိမ့်မယ်လို့ သူမထင်ထားမိချေ။
အဆုံးသတ်မှာတော့ သူတစ်ယောက်သာကျန်ရစ်ခဲ့တော့သည်။
ဒီကိစ္စကိုသာကောင်းစွာမကိုင်တွယ်နိုင်လျှင် ရန်သူကိုအနိုင်မယူနိုင်ခင်မှာ အတွင်းပိုင်းပဋိပက္ခများနှင့် ရင်ဆိုင်လာရနိုင်သည်။
“အားလုံးပဲ၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ။ ကျုပ်၊ လျုံဖုန်းဟိုင်လည်းပဲ လူကြီးမင်းတို့လိုပဲ ယဲ့လူကြီးမင်းအပေါ်မှာ သစ္စာရှိပါတယ်။ ယဲ့လူကြီးမင်းသာ အန္တရာယ်ကျရောက်နေရင် ကျုပ်အသက်ကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် သေချာပေါက်ကယ်တင်မှာပါ။”
အာသာလည်း သူပြောတာကိုကြားမှ အင်္ကျီကော်လံကို ပြန်လွှတ်ပေးလိုက်သည်။
“ဒါဆိုဘာလို့ကျုပ်တို့ကို ယဲ့လူကြီးမင်းကိုကယ်ခွင့်မပေးရတာလဲ?”
လျုံဖုန်းဟိုင် တိုက်ပွဲထဲရှိ လူနှစ်ဦးကိုပြန်ကြည့်လိုက်သည်။
“ယဲ့လူကြီးမင်းဒုက္ခမရောက်စေရဘူးလို့ ကျွန်တော်အာမခံပါတယ်။ အခုနေကျွန်တော်တို့သွားရင်လည်း သူ့ကိုပြဿနာဖြစ်စေရုံပဲရှိမှာ။”
အာသာ ချက်ချင်းဆိုသလို နှာမှုတ်လိုက်မိသည်။
“ဒါဆိုခင်ဗျားက ဘာကိုကြည့်ပြီးအာမခံတာလဲ။”
အခြားသူများကလည်းသူ့အား ရန်လိုစွာကြည့်လာကြသည်။
ဤအချိန်၌သူ့ဘက်ကသာ စိတ်ကျေနပ်စေမည့်အဖြေမျိုးမပေးနိုင်ပါက သူတို့ကျိန်းသေပေါက် သူ့ကိုအလွတ်ပေးမည်မဟုတ်ပေ။
လျုံဖုန်းဟိုင် သူတို့ကို လေးနက်စွာကြည့်လိုက်သည်။
“ကျုပ်ခေါင်းနဲ့ရင်းပြီးကတိပေးပါတယ်။ အကယ်၍ ယဲ့လူကြီးမင်းဆီမှာသာတစ်ခုခုဖြစ်ခဲ့ရင် ခင်ဗျားတို့ဘာမှလုပ်စရာမလိုဘူး၊ ကျုပ်စကားနဲ့ကျုပ် သေပေးမယ်”
သူ့စကားကိုကြားတော့ လူတိုင်းရပ်တန့်သွားက တိုက်ပွဲနေရာကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်မိသည်။
လျုံဖုန်းဟိုင်က ဘာလို့ ယဲ့ဖန်အဆင်ပြေလိမ့်မယ်လို့ ဒီလောက်တောင်သေချာနေရတာလဲ။
သူတစ်ခုခုကိုများမြင်ထားလို့လား။
ဒါပေမယ့် သူတို့ကတော့ ဘယ်လောက်ကြည့်ကြည့် ဘာတစ်ခုမှမမြင်ရပေ။
ယဲ့ဖန်မှာရှုံးနိမ့်နေပြီဖြစ်ရာ အချိန်မရွေးအသက်အန္တရာယ်ရှိနိုင်သည်။
လျုံဖုန်းဟိုင် ပြောတာမှန်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ။
မဟုတ်ရင် သူ့ဦးခေါင်းကို ယဲ့လူကြီးမင်းအတွက်ပြန်ပေးဆပ်ခိုင်းမယ်။
အပိုင်း ( ၉၈၂ )
မင်းကဒီတိုင်းအစေခံသက်သက်ပဲ
“ဟားဟားဟား၊ ဒီကလေးကတော့ သေတော့မယ်။ ဟမ့်၊ သူကများ ငါတို့ဟန်မိသားစုနဲ့ ရန်သူလုပ်ရဲတယ်ပေါ့။ မင်းတော့ ဒီနေ့သေနေ့စေ့ပြီ။”
ဟာတိုယိုမ ဘက်မှ ယဲ့ဖန်နောက်ဆုတ်သွားချိန်တွင် စတင်တိုက်တော့မည်ကိုမြင်တော့ ဟန်ရှုန်ယွမ် သူ့နှလုံးသားထဲရှိစိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
သူထောင်လွှားစွာ ရယ်မောလိုက်သည်။
သွမ့်ရှစ်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။
“မင်းသိပ်အပျော်မစောဖို့ ငါအကြံပေးလိုက်မယ်။ ကိစ္စတွေကအဲ့လောက်ကြီးမရိုးရှင်းဘူးလို့ ငါအာရုံရနေတယ်။”
ဟန်ရှုန်ယွမ်လည်း သူ့စကားများကြောင့် ချက်ချင်းပင်မကျေမနပ်ဖြစ်သွားရသည်။
“မင်းဘာလို့အမြဲတမ်းငါ့ကို ဆန့်ကျင်ရတာကို ကြိုက်နေရတာလဲ။ Lord ဟာတိုယိုမ ဘက်က အလေးသာနေတာကို မမြင်ဘူးလား။ မျက်ကန်းတောင် အဲ့ကလေးရှုံးတော့မယ်ဆိုတာကိုသိတယ်။”
သွမ့်ရှစ်ကျင်း သူ့အားတစ်ချက်ကြည့်လိုက်သည်။
ပြဿနာတစ်ခုကိုကြည့်တဲ့အခါ စနစ်ကျပြီးနားလည်လွယ်တဲ့ရှုထောင့်ကနေကြည့်ရတယ်။ မင်းရဲ့မျက်စိရှေ့က သေးငယ်တဲ့ အနိုင်ရမှုလေး တစ်ခုအတွက်ကြောင့်နဲ့ လွယ်လွယ်မပါသွားစေနဲ့။”
ဟန်ရှုန်ယွမ် ချက်ချင်း ဒေါသူပုန်ထသွားရသည်။
“ငါ့ကိုအမြင်ကျဉ်းတယ်လို့ ပြောလိုက်တာလား။ သွမ့်ရှစ်ကျင်း ငါကမင်းအပေါ်မှီခိုနေရတာနဲ့ပဲ မင်းကိုယ်မင်း ငါ့ခေါင်းပေါ်တက်စီးလို့ရပြီလို့ထင်နေတာလား။”
“ငါကမင်းသခင်ဆိုတာကို မမေ့လိုက်နဲ့၊ မင်းကဒီတိုင်းကျွန်သာသာပဲ။”
သူဒီနေ့မျိုးတုဉ်းခံလိုက်ရလုနီးနီးဖြစ်သွား၍ စိတ်မကောင်းဖြစ်နေခဲ့တာကို ဒီ သွမ့်ရှစ်ကျင်း က သူ့ကိုဆက်တိုက်သိမ်ငယ်အောင် လုပ်နေလေသည်။
သူဒီထက်ပိုပြီး ဒေါသမထိန်းထားနိုင်တော့၍ ပေါက်ကွဲသွားတော့သည်။
သွမ့်ရှစ်ကျင်း မှာ ကြောင်နေလေသည်။
“မင်းဘာပြောလိုက်တယ်။ ငါကမင်းရဲ့ကျွန်ဟုတ်လား။”
သူငယ်ရွယ်စဉ်တုန်းက ဟန်ရှုန်ယွမ် ၏အဖေထံမှ ကြီးမားသည့်နှစ်သက်မှုမျိုးရရှိခဲ့သည်ကို သူအမှတ်ရသေးသည်။
အဘိုးကြီးဟန် မကွယ်လွန်ခင်က အရေးကြီးသောတောင်းဆိုမှုတစ်ခုကို သူ့ထံယုံကြည်စွာပြောလာခဲ့သည် – သူ့ရဲ့ ညံ့ဖျင်းတဲ့သားကို ကူညီပြီး ဟန်မိသားစုပိုင်စီးပွားရေးလုပ်ငန်းကို ကာကွယ်ပေးဖို့ပင်။
သူလည်းပဲ ထိုဆန္ဒကိုဖြည့်ဆည်းပေးကာ သူ့ဘဝတစ်ဝက်လောက်ကို ဟန်ရှုန်ယွမ် အား သူ့အစ်ကိုတစ်ဦးကဲ့သို့ ကူညီထောက်ပံ့ပေးရင်း ကုန်ဆုံးခဲ့သည်။
သို့ရာတွင် တစ်ဖက်လူ၏မျက်လုံးထဲ၌ ထိုအရာတွေဟာ သူ့ကိုအစေခံတစ်ယောက်သာသာပဲ မြင်နေစေလိမ့်မယ်ဟု သူ မထင်ထားခဲ့ပေ။
ဟန်ရှုန်ယွမ် လည်း သူစကားပြောမှားသွားသည်ကို သတိထားမိလိုက်သည်။ သို့သော် ပြောပြီးပြီဆိုမှတော့ ပြန်ရုပ်သိမ်းရမှာက အလွန်ရှက်ဖို့ကောင်းသည်။
“ဟမ့်၊ မင်းရဲ့ အဲ့ဒီဂုဏ်ကျက်သရေတွေကို ဘယ်သူကပေးထားတာလဲ။ မင်းကျေးဇူးမကန်းဘူးလို့ ငါမျှော်လင့်တယ်။”
သူ့စကားများမှာ အလွန်နှလုံးသားမဲ့လှကာ သွမ့်ရှစ်ကျင်း အား အချိန်မရွေးသွေးတစ်ပွက်အန်ထုတ်လုနီးပါးဖြစ်သွားစေသည်။
ယနေ့အထိ သူကြိုးစားခဲ့သမျှဟာ ဟာသတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
သခင်တဲ့လား။
ကျွန်တဲ့လား။
ဟားဟား၊ သနားဖို့ကောင်းလိုက်တာ
ဟာသပဲ
တစ်ချိန်တည်းမှာပဲ ဟာတိုယိုမ လက်ထဲရှိ ဂျပန်ဓားရှည် မှာ ပိုလို့ပင် မြန်လာရသည်။
ယဲ့ဖန်ဟာလည်း ပျာယာခတ်နေပြီဖြစ်သည်။
သူအကြိမ်များစွာ အရိုက်ခံရလုနီးပါးဖြစ်နေကာ ကြိုးအစွန်းမှာရပ်နေရဟန်ဖြစ်နေသည်။
တိုက်ကွက်တွေမှာလည်း ပိုပိုပြင်းလာကာ သူ့ကိုသတ်နိုင်လောက်သည်အထိ အားကောင်းလာသည်။
သို့သော် သိပ်မကြာခင်မှာပဲ ဟာတိုယိုမ တစ်ယောက် သူ့တိုက်ကွက်တွေဘယ်လောက်မြန်နေပါစေ ယဲ့ဖန် ရှောင်နေနိုင်သေးသည်ကို သတိပြုလိုက်မိသည်။
သူ့ပုံစံမှာ အခြေအနေဆိုးနေဟန်ပေါ်သော်လည်း အကြိမ်တိုင်းတွင် မထိမရှပဲ လွတ်မြောက်နိုင်သွားသည်။
ထိုသည်မှာ တစ်ကြိမ်နှစ်ကြိမ်သာဆိုလျှင် နားလည်၍ရသော်လည်း အကြိမ်တိုင်းထိုသို့သာဖြစ်နေသည်ကတော့ ပုံမှန်မဟုတ်တော့ပေ။
မကောင်းတော့ဘူး၊ သူထောင်ချောက်မိသွားပြီ
ရုတ်ခြည်းဆိုသလို တစ်ဖက်လူ၏ရည်ရွယ်ချက်ကို သူမှန်းဆမိသွားကာ ချက်ချင်းပင် ချွေးစေးတွေပြန်လာရသည်။
နင်ဂျာတစ်ယောက်၏ကောင်းချက်မှာ သူတို့၏ဖုံးကွယ်နိုင်စွမ်းဖြစ်သည်။ အထူးသဖြင့် ညဘက်မှာပင်။ သူတို့ဟာ ရေထဲမှ ငါးများလိုပင်။
သူ့ဘက်ကဆက်၍ ခိုးကြောင်ခိုးဝှက်နှင့် အငိုက်ဖမ်းသည့်တိုက်ကွက်များသာဆက်သုံးနေပါက ယဲ့ဖန် သေချာပေါက် အခြေအနေဆိုးသွားနိုင်သည်။
သူသာအခွင့်ကောင်းရှာတွေ့ရင် ယဲ့ဖန်ကို တစ်ချက်တည်းနှင့်သတ်လိုက်နိုင်သည်။
တစ်ဖက်သူသည်လည်း ထိုအချက်ကိုတွေးမိသည့်ပုံပင်။ ထို့ကြောင့်ပင် တမင်သက်သက် သူ့ကိုထိပ်တိုက်တွေ့လာအောင် ဆွဲဆောင်နေခြင်းပင်။
ဒီပုံအတိုင်းသာဆို သူ့ရဲ့အခွင့်အရေးကြီးကို ဆုံးရှုံးရတော့မယ်။
သူမခံနိုင်တော့တဲ့အချိန်ကျရင် သေခြင်းတရားကသူ့ကို စောင့်ဆိုင်းနေလိမ့်မယ်။
ဒီအချက်ကို သူအစထဲကတွေးခဲ့မိသင့်တာပင်၊ သို့သော် ယဲ့ဖန်မှာ အလွန်ယုံကြည်ချင်စရာကောင်းလှသည်။
ပထမဆုံး သူ့ဘက်မှတိုက်ခိုက်လာအောင်လို့ အဆိပ်မိဟန်ဆောင်ပြီး ဆွဲဆောင်ခဲ့သည်။
နောက်တော့ အသက်အန္တရာယ်ရှိဟန်ဆောင်ပြီး သူ့ဘက်မှယဲ့ဖန်အား အမြန်သတ်နိုင်တော့မည်ဟု အထင်မှားလာအောင်လုပ်သည်။
ထိုသို့နှင့် သူသည်လည်းတစ်ဖက်လူထံမှ ဆွဲဆောင်ခံလိုက်ရတော့သည်။
အစောကတိုက်ကွက်ပြီးတော့ သူ့သက်လုံမှာအလွန်လျင်မြန်စွာ ကျဆင်းလာသည်၊
ယခု သူ့လှုပ်ရှားမှုများသည်လည်း ယခင်ကလောက်မမြန်တော့ပေ။
ထိုသို့တွေးမိပြီးနောက် သူချက်ချင်းပင်လိုက်ဖမ်းနေသည်ကိုရပ်လိုက်ကာ ပြန်ပုန်းနေရန်ပြင်ဆင်လိုက်သည်။
သို့သော်နောက်ကျသွားလေပြီ
ယဲ့ဖန်နောက်ဆုတ်နေတာကိုရပ်လိုက်သည်။
သူ့နှုတ်ခမ်းထောင့်စွန်းများ အပေါ်သို့ကွေးတက်သွား၏။
ထို့နောက်ရုတ်ခြည်းဆိုသလို သူ့လက်ကိုပင့်မြှောက်လိုက်ကာ ငွေအပ်တစ်ချောင်းကိုပစ်လိုက်သည်။
ဟာတိုယိုမ ထိုအပ်ကိုရှောင်လိုက်သည်နှင့် သူလေပေါ်သို့ပျံကာ ကန်ချလိုက်သည်။
ဟူး…
ထိုကန်ချက်မှာ ဧဝရတ်တောင်ထိပ်မှပြုတ်ကျသလိုပင်၊ လျှပ်စီးကဲ့သို့လျင်မြန်လွန်းလှသည်။
အလွန်အားပြင်းကာမြန်ဆန်လေသည်။
ဟာတိုယိုမ မှာ ငွေအပ်ကိုရှောင်လိုက်သည်ဖြစ်ရာ ထိုကန်ချက်ကိုအချိန်မီမရှောင်လိုက်နိုင်ပေ။
ဘန်းခနဲအသံကျယ်ကြီးထွက်ပေါ်ကာ အရိုးအက်ကွဲသံများနှင့်အတူ ဟာတိုယိုမ ၏ ဘယ်ဘက်ပုခုံးမှာချက်ချင်းဆိုသလို ကွေးဝင်သွားပြီး သူ့လက်မောင်းတစ်ဖက်လုံးပျော့ခွေသွားတော့သည်။
သူ့နှုတ်ခမ်းထောင့်စွန်းမှသွေးများစီးကျလာသော်လည်း နာကျင်မှုကိုသည်းခံရင်း နောက်ဆုတ်ဖို့ကြိုးစားလိုက်သည်။
သို့သော် ယဲ့ဖန်မှာ ဤထောင်ချောက်ကိုအချိန်အတော်ကြာဆင်ခဲ့ရတာဖြစ်၏။
ဘယ်လိုလုပ်သူ့ကိုဒီလောက်လွယ်လွယ်လွှတ်ပေးမည်နည်း။
တိုက်ကွက်တစ်ခုအောင်မြင်ပြီးနောက် နောက်ဆက်တွဲတိုက်ကွက်များမှာ မိုးရွာသလိုတရစပ်ကျဆင်းလာတော့သည်။
ဘန်း၊ ဘန်း၊ ဘန်း…
ယဲ့ဖန်၏လက်သီးချက်များမှာ ဟာတိုယိုမ ၏ရင်ဘတ်ကို အဆက်မပြတ်ထိုးနှက်တော့သည်။
လက်သီးချက်များမှာ ပေါ့ပါးကာ အားအများကြီးသုံးထားပုံမပေါ်သော်လည်း တကယ်တော့ လက်သီးတစ်ချက်စီတိုင်းဟာ ပေါင်တစ်ရာထက်ပိုသောအားရှိလေသည်။
ဖူး၊ ဖူး၊ ဖူး…
ဟာတိုယိုမ ၏ပါးစပ်ထဲမှ သွေးများအဆက်မပြတ်ပန်းထွက်လာတော့သည်။
သူ့ထံ၌ပြန်တိုက်ရန်အခွင့်အရေးတစ်စက်မှရှိမနေပေ။
ဘန်း
ယဲ့ဖန်၏နောက်ဆုံးလက်သီးချက်မှာ တစ်ထောင်ဂရမ်ထက်ပင်ပိုပြင်းလေသည်။
ဟာတိုယိုမ ၏ ခန္ဓာကိုယ်မှာ ကြိုးပျက်သွားသည့် စွန်တစ်စင်းလိုပင် ဖြစ်သွားသည်။
လှပစွာကွေးကောက်သွားပြီးနောက် မြေပြင်ပေါ်သို့ပြင်းထန်စွာပြုတ်ကျသွားတော့သည်။
တိုက်ပွဲပြီးဆုံးသွားလေပြီ ဖြစ်သည်
အပိုင်း ( ၉၈၃ )
ဘာလို့လဲတော့မသိဘူး၊ သူနိုင်မယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်နေမိတယ်။
တစ်ခဏအတွင်းမှာပင် ခြံဝင်းတစ်ခုလုံးတိတ်ဆိတ်သွား၏။
လူတိုင်းထိုမြင်ကွင်းကို ကြောင်အကာကြည့်နေမိကြရာ တုံ့ပြန်ဖို့ပင် မေ့နေကြသည်။
အနည်းငယ်တော့ရှုပ်ထွေးသော်လည်း ထိုအခြင်းအရာအားလုံးမှာ တစ်ခဏအတွင်းမှာ ဖြစ်ပျက်သွားခဲ့တာဖြစ်သည်။
ဟာတိုယိုမ ၏တိုက်ခိုက်မှုကြောင့် ယဲ့ဖန် တောက်လျှောက်နောက်ဆုတ်နေခဲ့ရာမှ ယဲ့ဖန်ဘက်က တန်ပြန်တိုက်ခိုက်မှုလုပ်ကာ အနိုင်ရသွားခဲ့သည်။
ထိုအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့တာပင်။
ရလဒ်အနေနှင့် ဘယ်သူမှရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပင် တိုက်ပွဲကပြီးသွားပြီဖြစ်သည်။
“ယဲ့… ယဲ့လူကြီးမင်း နိုင်သွားတာလား?”
လူတစ်ယောက်က မယုံနိုင်စွာမေးလာ၏။
ထိုစကားမှာ ဓာတ်ဆီကန်ထဲသို့ မီးခြစ်ဆံတစ်ချောင်းပစ်ထည့်လိုက်သလိုပင်။ ချက်ချင်းဆိုသလိုပင် အုတ်အော်သောင်းနင်းဖြစ်သွားတော့သည်။
“ချီး တကယ်ကြီး ယဲ့လူကြီးမင်းနိုင်သွားတာလား။ ဟာတိုယိုမ ကို တကယ်ကြီးနိုင်သွားတယ်ပေါ့လေ။”
“ငါဘာမှတောင်သေချာမမြင်လိုက်ရဘူး။ သူဘယ်လိုလုပ်လိုက်တာလဲ။ အစောကထိ တောက်လျှောက်နောက်ပြန်ဆုတ်နေရတာကို။”
“ဟုတ်တယ်၊ အစောကဖြစ်သွားတာကို သေချာမြင်လိုက်တဲ့သူရှိလား။ ငါ့အမြင်တွေဝါးသွားပြီး ဟာတိုယိုမ ပျံထွက်သွားတာပဲမြင်လိုက်ရတယ်။”
“ငါမျက်တောင်တောင်မခတ်ပဲကြည့်နေတာကို ဘာမှမမြင်လိုက်ဘူး။ ဘာတုန်းဟ။”
“ငါသရဲမြင်လိုက်ရတာလား..”
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ မှလူများသည်လည်း မယုံနိုင်ဖြစ်နေကြရသည်။
အစောကအထိ ယဲ့ဖန် အန္တရာယ်များသည့် အခြေအနေသို့တွန်းပို့ခံခဲ့ရပြီး အချိန်မရွေး အသက်အန္တရာယ်ရှိနေခဲ့တာပင်။ ရုတ်တရက်ကြီး ဘယ်လိုလုပ်အခြေအနေတွေ ပြောင်းလဲသွားရတာလဲ။
သူတို့အားလုံးအံ့ဩနေကြပြီးနောက် လျုံဖုန်းဟိုင် ထံ အကြည့်ရောက်သွားကြကုန်သည်။
သူတစ်ယောက်တည်းသာ ယဲ့လူကြီးမင်း အသက်အန္တရာယ်မရှိဘူးလို့ ယုံကြည်ခဲ့သူဖြစ်သည်။
“ဥက္ကဌ၊ ဘယ်လိုလုပ်သိနေတာလဲ။”
အာသာ တစ်ယောက် လျုံဖုန်းဟိုင် ကို မျက်နှာချင်းဆိုင်ရန် အနည်းငယ်ကသိကအောက်ဖြစ်သွားရသည်။
အစောကသူကြံရာမရဖြစ်ပြီး ထိုလူ့ကိုရန်လုပ်ခဲ့မိသည်။ ယခုတော့ တစ်ဖက်လူမှန်ကြောင်း သက်သေပြသွားခဲ့လေပြီ။
ထို့ကြောင့်ပင် သူအနည်းငယ်ရှက်သလိုခံစားနေရသည်။
လျုံဖုန်းဟိုင်မှာတော့ အစောက သူ့အပြုအမူကိုစိတ်ထဲထားမနေပဲ ရှင်းပြလာခဲ့သည်။
“မင်းတို့ကတော့မယုံလောက်ပေမယ့် ကျွန်တော်က ယဲ့လူကြီးမင်းရဲ့ခွန်အားကို ယုံကြည်တယ်လေ။”
လူတိုင်းရှုပ်ထွေးသွားရသည်။
ဒါကဘယ်လိုအကြောင်းပြချက်ကြီးလဲ။
လျုံဖုန်းဟိုင် အဝေးတစ်နေရာရှိ ယဲ့ဖန်ထံ အကြည့်ပို့လိုက်သည်။
“ကျွန်တော်လည်း ယဲ့လူကြီးမင်းနဲ့အချိန်အတော်ကြာ သိခဲ့တာမဟုတ်ပေမယ့် ဘာလို့လဲမသိ၊ သူအနိုင်ယူနိုင်တယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်နေမိတယ်…”
လူတိုင်းသူ့စကားနားထောင်ရင်း ခေါင်းညိတ်လိုက်ကြမိသည်။
လျုံဖုန်းဟိုင်အနေနှင့် ထိုစကားကို မျက်နှာချိုသွေးဖို့ပြောတာမဟုတ်မှန်း သူတို့သိသည်။
သူအမှန်တိုင်းပြောနေတာ ဖြစ်သည်။
တကယ်လည်း ယဲ့ဖန် ဒီနေ့ထုတ်ပြခဲ့သည့်ခွန်အားမှာ သူတို့အား အပြည့်အဝလွှမ်းမိုးနိုင်လေသည်။
ယဲ့ဖန်ရှုံးတော့မယ်လို့ သူတို့တွေးလိုက်တဲ့အချိန်တိုင်း အနိုင်မခံအရှုံးမပေးစိတ်ဓာတ်က ဘာလဲဆိုတာကို သူသက်သေပြလိမ့်မည်။
ထိုလူ့ထံမှာမည်ကဲ့သို့သော ထူးခြားဆန်းကြယ်မှုမျိုးဖြစ်ပွားပါစေ ထုံးစံအတိုင်းပဲလို့သာ တွေးမိကြတော့သည်။
“သေချာပေါက်အဲ့တာတွေအပြင် ယဲ့လူကြီးမင်းခြေလှမ်းတွေ နောက်ဆုတ်နေရပေမယ့် တိုက်ပွဲရဲ့အရှိန်ကို ထိန်းထားနိုင်တုန်းပဲဆိုတာကို ကျွန်တော် မြင်လိုက်ရတာကြောင့်လည်းပါတာပေါ့။ အဲ့တာကြောင့် ယဲ့လူကြီးမင်း ရန်သူကိုလှည့်ဖျားနေတယ်ဆိုတာကို ကျွန်တော်သေချာသွားခဲ့တာ…”
လျုံဖုန်းဟိုင် စကားအနည်းငယ် ထပ်ပေါင်းပြောလာခဲ့သည်။
ထိုအချက်မှာသူအကြွင်းမဲ့ယုံကြည်ခဲ့ရသည့် အဓိကအကြောင်းပြချက်ပင်။
မဟုတ်လျှင် အစောကလိုကတိမျိုး သူဘယ်ပေးရဲပါ့မလဲ။
အာသာ နှင့် အခြားသူများလည်း အထင်ကြီးသွားရသည်။ သူတို့အစက လျုံဖုန်းဟိုင် အပေါ်မှာ အထင်သေးနေခဲ့ကြတာပင်။
သို့သော် ယခုကြည့်ရသည်မှာ ဒီလူက တကယ်လုပ်နိုင်စွမ်းရှိပုံပင်။
တကယ်ဆို သူတို့အားလုံး တိုက်ပွဲစည်းချက်ကိုလည်းမမြင်သလို တစ်ဖက်လူကိုလှည့်ဖျားနေတယ်ဆိုတာကိုလည်း သတိမထားခဲ့မိပေ။
သူတို့အနေနှင့် အပေါ်ယံအရာများကိုသာ မြင်နိုင်ခဲ့သည်။
ကြည့်ရတာ ဒီလိုလောင်းကစားမြို့တော်မှာ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ Security ကို နံပါတ်တစ်ဖြစ်အောင် တည်ထောင်နိုင်ခဲ့တာ တိုက်ဆိုင်မှုတစ်ခုမဟုတ်နိုင်ပေ။
ထိုအခြင်းအရာကိုနားလည်သွားမှ သူတို့အနေနှင့်ယဲ့ဖန်၏ လူကြည့်သည့်အမြင်ကို ပိုလို့တောင်လေးစားသွားရတော့သည်။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကိုလက်လွှဲယူပြီးနောက် လျုံဖုန်းဟိုင် ကိုပဲ ဆက်လက်အုပ်ချုပ်ခိုင်းတာဟာ အမြော်အမြင်ရှိသည့်ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေခဲ့သည်။
တစ်ဖက်မှာပွဲခံနေသလောက် အခြားတစ်ဖက်တွင်တော့ ဟန်မိသားစုမှာ အတော်လေးစိတ်အခြေအနေဆိုးဝါးနေပြီ ဖြစ်လေသည်။
သူတို့မှာ ဟာတိုယိုမ အပေါ် မျှော်လင့်ချက်အလုံးစုံပုံအပ်ထားကြပေမယ့် ဒီလောက်မြန်မြန်ရှုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဟန်ရှုန်ယွမ် တစ်ယောက် ပွဲကျင်းပရာစင်ကို ဗလာကျင်းစွာစိုက်ကြည့်ရင်း ရေရွတ်နေ၏။
“မဖြစ်နိုင်တာ… မဖြစ်နိုင်ဘူး။အစောကထိ သခင်ကြီးဟာတိုယိုမက အသာစီးရနေတာကို၊ ဘယ်လိုလုပ်ဒီလောက်မြန်မြန်ရှုံးသွားရတာလဲ…”
သူ့မျှော်လင့်ချက်အားလုံးကို ဟာတိုယိုမ အပေါ်မှာသာပုံအပ်ထားခဲ့တာဖြစ်သည်။
ဟာတိုယိုမ ရှုံးသွားတော့ သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်လေးလည်း ဖြတ်တောက်ခံလိုက်ရပြီပင်။
အခုတော့ နေရာမှာထိုင်ပြီးသေဖို့စောင့်နေရုံသာ ရှိတော့သည်။
သွမ့်ရှစ်ကျင်း ခါးသက်စွာပြုံးလိုက်မိသည်။
သူ့အနေနှင့်ကိုယ်ခံပညာကို နားမလည်ပါသော်လည်း အခုလေးတင် ‘လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း’ ဆိုတာကို ခပ်ရေးရေးလေးအာရုံခံမိလိုက်သည်။
ဒါဆို ကိစ္စတွေကထင်သလောက် ရိုးရှင်းမနေဘူးပဲ။
အခုအမှန်တရားက သူ့ကိုသက်သေပြလိုက်လေပြီ။ သူသည်လည်း မပျော်နိုင်တော့ပေ။
ဟာတိုယိုမ ၏ရှုံးနိမ့်မှုက သူတို့ရဲ့ကံဆိုးခြင်းနေ့ရက်တွေ ရောက်လာပြီဆိုတာကို သက်သေပြလိုက်လေပြီ။
ယဲ့ဖန်ဟာတော့ အရေးမပါသည့်ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်သလိုပင် မျက်နှာထက်၌ ဘာခံစားချက်မှမပြပေ။
သူမတ်တပ်ရပ်ကာ ဟာတိုယိုမ ထံ လျှောက်သွားလိုက်သည်။
ဟာတိုယိုမ မှာ အခြေအနေအတော်ဆိုးနေပြီ ဖြစ်သည်။
သူ့ပုခုံးတစ်ခြမ်းမှာ ပုံပင်မပေါ်တော့သလို ရင်ဘတ်၌လည်း ချိုင့်ကြီးတစ်ခုပင် ဖြစ်နေ၏။
ပါးစပ်ထဲမှလည်း သွေးများအဆက်မပြတ် စီးကျနေသေးသည်။
“ခင်ဗျားကိုဘယ်သူလွှတ်လိုက်တာလဲဆိုတာကိုပြောစမ်း။ ဘာတွေကြံနေတာလဲ။”
ယဲ့ဖန်အရင်ဆုံးသူ့လက်ထဲမှ ဂျပန်ဓားရှည် ကို ယူလိုက်သည်။ အကြောင်းမှာ ဘာမှမစစ်မေးရသေးခင် ကိုယ့်ကိုယ်ကို သတ်သေသွားမှာစိုးတာကြောင့်ပင်။
ဟာတိုယိုမ သူ့အားကြည့်လာ၏။
“လူငယ်လေး၊ မင်းကတကယ်လည်း အတော်လေးသန်မာပါတယ်။ ငါတွေ့ဖူးသမျှ လူတွေအားလုံးထဲမှာ အသန်မာဆုံးလို့တောင် ပြောနိုင်တယ်။ ဒါပေမယ့် မင်းက မထိသင့်တဲ့လူကိုသွားထိခဲ့တာကိုး။ တစ်နေ့ကျရင် မြေမြှုပ်စရာနေရာတောင်မရှိပဲ မင်းသေရလိမ့်မယ်…”
ယဲ့ဖန်သူ၏ခြိမ်းခြောက်မှုကိုကြားကြားချင်း စိတ်ပျက်လက်ပျက်ရယ်လိုက်မိသည်။
“ကျုပ်မြေမြှုပ်စရာနေရာတောင်မရှိပဲ သေရင်သေရလိမ့်မယ်၊ ဒါပေမယ့် ခင်ဗျားကတော့အဲ့နေ့ထိတောင် ရှိမှာမဟုတ်လောက်ဘူး။ ကျုပ်မေးတာကို အမှန်တိုင်းဖြေရင် ခင်ဗျားကို မနာကျင်အောင်လုပ်ပေးနိုင်တယ်။ ကျုပ်ကိုတခြားနည်းသုံးရအောင် မလုပ်စမ်းပါနဲ့။”
“ငါတို့မှာကြီးမားတဲ့အစီအစဉ်တွေရှိတယ်၊ ကမ္ဘာကြီးကိုတောင်ပြောင်းလဲပစ်နိုင်တဲ့ အစီအစဉ်မျိုး။ ဒါပေမယ့် မင်းက အဲ့တာကိုသိရဖို့မထိုက်တန်ဘူး။”
“ခင်ဗျားက ပြစ်ဒဏ်ခံရဖို့အတွက်နဲ့ ဆုကြေးကိုငြင်းဆန်တယ်ဆိုမှတော့ ကျုပ်ကိုအဆိုးမဆိုနဲ့”
ယဲ့ဖန် အေးစက်စွာနှာမှုတ်ကာ တစ်ဖက်လူဝန်ခံလာအောင် ငွေအပ်တွေကို ထုတ်လိုက်သည်။
သို့သော် သူဘာမှမလုပ်နိုင်ခင်မှာပင် ဟာတိုယိုမ ၏မျက်နှာထက်မှအပြုံးဟာ ပိုလို့ပင်ထူးဆန်းလာ၏။
“သခင်ကြီးက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး၊ ဟီးဟီးဟီး…”
ယဲ့ဖန်သူ့မျက်နှာထားကိုမြင်တော့ စိတ်ထဲ၌ ကျိန်ဆဲလိုက်မိသည်။
ကြည့်ရတာသူတစ်ခုခုကို မျက်စိလျှမ်းသွားပုံပင်…
သို့သော်နောက်ကျသွားခဲ့လေပြီ။
ဟာတိုယိုမ ၏ပါးစပ်ထဲမှ အနက်ရောင်သွေးများစီးကျလာ၏။
ထိုလူကသွားကြားထဲမှာညှပ်ပြီး အဆိပ်ကိုဖွက်ထားခဲ့တာပင်။
သူ့ကိုယ်သူသတ်သေဖို့ဆို ထိုအဆိပ်ထုတ်ကို ကိုက်ဖောက်လိုက်ရုံသာလိုသည်။
ထိုအဆိပ်မှာအလွန်ပြင်းကာ ယဲ့ဖန်မတုံ့ပြန်နိုင်ခင်မှာတင် ဟာတိုယိုမ တစ်ယောက်သေသွားလေပြီ။
ယဲ့ဖန်၏ဆေးပညာမှာကောင်းကင်ဘုံမှ အသိအမှတ်ပြုရလောက်သည်ထိ ထူးချွန်ပါသော်လည်း ထိုလူကိုသူမကယ်နိုင်တော့ပေ။
ယဲ့ဖန်ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။ ကြည့်ရတာတော့ ဟန်ရှုန်ယွမ် ဆီကသာ သဲလွန်စရှာရတော့မည့်ပုံပင်။
ထိုအချိန်တွင် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှလူများဟာ ဟန်မိသားစုဝင်များသူတို့ကိုယ် သူတို့သတ်သေမှာကိုတားမြစ်ထားပြီးကြပြီး ဖြစ်သည်။
သို့သော် သူတို့အတွေးလွန်မိသွားတာပင်။
ထိုလူများမှာ ဟာတိုယိုမလောက် ဆုံးဖြတ်ချက် မပြတ်သားကြပေ။
အသက်ရှင်စရာမျှော်လင့်ချက်သေးသေးလေးတစ်ခုလောက်ရှိနေလျှင်ပင် သူတို့သတ်သေဖို့ရာကျူးလွန်မည်မဟုတ်ချေ။
ယဲ့ဖန်သူတို့ထံလျှောက်လာသည်ကိုမြင်တော့ ဟန်ရှုန်ယွမ် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားရသည်။
“ယဲ့လူကြီးမင်းက ကိုယ်ခံပညာအရာမှာ တကယ်တစ်ဖက်ကမ်းခပ်ထူးချွန်တာပါလား။ ကိုယ်ဟန်အမူအရာကတော့ တကယ်ပြိုင်ဘက်ကင်းပဲ။”
“ဟာတိုယိုမ လိုကောင်ကများ လူကြီးမင်းကို ယှဉ်တိုက်ရဲရတယ်လို့။ ပိုးစုန်းကြူးတွေတောင်မှ လနဲ့အပြိုင် လိုက်ထွန်းလင်းနေရဲပြီ…”
ယဲ့ဖန် ဒီလူကိုအရိုးထဲထိစိမ့်နေအောင်မုန်းပါ၏။
ဟာတိုယိုမ ကတော့သူ့ကိုကယ်ရင်း သေသွားခဲ့ရတာကို ဒီလူကတော့ တစ်စက်လေးမှကျေးဇူးတင်ဟန်မပြပေ။
အဲ့အစားဒီလိုစကားမျိုးကိုတောင် ပြောထွက်လာသေးသည်။
ဘေး၌ရပ်နေသည့် သွမ့်ရှစ်ကျင်း ဟာတော့ အနှီသူကိုအလွန်တရာအထင်သေးနေမိပြီ ဖြစ်သည်။
ဘေးတစ်ဖက်သို့ခေါင်းလှည့်ကာ ထိုလူနှင့် မသိချင်ယောင်ပင်ဆောင်နေလေသည်။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ သူများဆိုလျှင် ပိုလို့ပင် အထင်သေးကုန်ကြလေသည်။
ဒီလိုအမှိုက်မျိုးက ယဲ့လူကြီးမင်းရဲ့ ရန်သူတောင်ဖြစ်ထိုက်သေးရဲ့လား
ဒါကြီးကယဲ့လူကြီးမင်းကို စော်ကားနေတာနဲ့အတူတူပဲ
အပိုင်း ( ၉၈၄ )
မင်းရဲ့ရည်ရွယ်ချက်က တော်တော်ကြီးတာပဲ
ယဲ့ဖန်၏ လက်ထဲ၌ ဟာတိုယိုမ၏ ဂျပန်ဓားရှည် ရှိနေသေးကာ ထိုအရာကို ဟန်ရှုန်ယွမ် ၏ ပုခုံးပေါ်ဖြေးညင်းစွာတင်လိုက်သည်။
“ခင်ဗျားသေချင်လား ရှင်ချင်လား”
ဟန်ရှုန်ယွမ် ၏မျက်နှာမှာ ထိတ်လန့်မှုကြောင့် ခဏအတွင်းမှာပင် ဖြူဖျော့သွားတော့သည်။
ထို့နောက်ခွပ်ခနဲအသံမြည်အောင်ပင် ကြမ်းပြင်ပေါ်သို့ဒူးထောက်ချလိုက်သည်။
“ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ ကျွန်တော်စိတ်ရူးပေါက်ပြီး မင်းနဲ့ရန်သူဖြစ်အောင်လုပ်ခဲ့မိတာ ကျွန်တော့်အမှားတွေပါ။ အသက်ကိုပဲချမ်းသာပေးဖို့ တောင်းဆိုပါရစေ။ ကျွန်တော့်ရဲ့ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး နွားတစ်ကောင်လိုပဲ လုပ်ရလုပ်ရ မင်းကိုပြန်ပေးဆပ်ပါမယ်…”
ယဲ့ဖန်ဟာတော့ သူ့အတွက်နဲ့အချိန်ကုန်ခံမနေပေ။
“ခင်ဗျားအသက်ရှင်ချင်တယ်ဆိုရင် ကျုပ်ကိုခင်ဗျားတို့အစီအစဉ်တွေအကုန်လုံးပြောပြ။”
ထိုအခါ ဟန်ရှုန်ယွမ် မှာ သွမ့်ရှစ်ကျင်း အား လက်ညှိုးထိုးလာသည်။
“အကုန်လုံးကို သွမ့်ရှစ်ကျင်း စီစဉ်တာ။ အသေးစိတ်ကိုငါဘာမှမသိဘူး။”
ယဲ့ဖန် သူ၏ ဂျပန်ဓားရှည် ကို သွမ့်ရှစ်ကျင်း ၏လည်မျို၌ဖိလိုက်သည်။
“ပြောစမ်း၊ ခင်ဗျားရဲ့အဖြေကကျုပ်ကို ကျေနပ်စေရင် ခင်ဗျားကိုအသက်ချမ်းသာပေးမယ်။”
သွမ့်ရှစ်ကျင်း ဟာတိုယိုမ ၏အလောင်းကို ကြည့်ကာသက်ပြင်းချလိုက်သည်။
“ငါမင်းကိုပြောပြနိုင်တယ်ဆိုပေမယ့် ငါ့ကို တစ်ချက်တည်းနဲ့သေအောင်သတ်ပေးဖို့ ပိုမျှော်လင့်မိတယ်။”
ယဲ့ဖန်ပြုံးလိုက်မိသည်။
“ကျုပ်အစောကပြောခဲ့တယ်လေ၊ ခင်ဗျားရဲ့အဖြေကကျုပ်ကို စိတ်ကျေနပ်မှုရှ်ိစေရင် အသက်ချမ်းသာပေးမယ်လို့”
သွမ့်ရှစ်ကျင်း ခေါင်းယမ်းလိုက်သည်။
“ကျုပ် အဘိုးကြီးဟန်နဲ့ထားခဲ့တဲ့ကတိကို ဖြည့်ဆည်းခဲ့ပြီးပြီ။ သူ့သားကိုကူညီဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။”
“ကိစ္စတွေကဒီလိုဖြစ်လာမှတော့ ကျုပ်လည်း ဘာမှနောက်ဆံတင်းနေစရာမရှိတော့ဘူး။ သေရဖို့ပဲမျှော်လင့်ပါတယ်။”
ယဲ့ဖန်မှာ ထိုလူအားအံ့ဩတကြီးကြည့်လိုက်မိသည်။
ဒီကမ္ဘာပေါ်မှာ အသက်မရှင်ချင်ပဲ သေပဲသေချင်တဲ့လူမျိုးလည်းရှိသေးတယ်လား။
အဲ့တစ်ခုထဲနဲ့တင် ဟန်ရှုန်ယွမ် ထက် အဆတစ်ထောင်လောက်ပိုသန်မာနေပြီ။
“ကောင်းပြီလေ၊ ကျွန်တော်ကတိပေးတယ်။ ကျွန်တော့်ကိုပြောပြ”
သွမ့်ရှစ်ကျင်း သက်ပြင်းချလိုက်သည်။
“ကျုပ်တို့ရဲ့အစီအစဉ်က ဒီနှစ်ရဲ့ လောင်းကစားဘုရင်ဆိုတဲ့ရာထူးကို ဝင်ပြိုင်ပြီး ဟုန်မိသားစုရဲ့လွှမ်းမိုးမှုကို အားလျော့သွားအောင်လုပ်ဖို့ပဲ။”
“တစ်ချိန်ထဲမှာပဲ ရှောင်းမိသားစုရဲ့အင်အားကိုလည်း တိတ်တဆိတ်ဖျက်ဆီးရင်း သူတို့မိသားစုနှစ်ခုအကြား ပြဿနာတက်အောင်ဖန်တီးပြီး အချင်းချင်း သတ်ကြစေချင်တာ…”
ယဲ့ဖန်မှာအလွန်ထိတ်လန့်သွားရသည်။
ဒီ သွမ့်ရှစ်ကျင်း က အတော်လေးရည်မှန်းချက်ကြီးတာပဲ။
ဟုန်မိသားစုရော ရှောင်းမိသားစုရောကို တစ်ပြိုင်တည်းတိုက်ခိုက်ရဲသည်။
သွမ့်ရှစ်ကျင်း ၏မျက်လုံးများ တောက်ပလာ၏။
“ကျုပ်အစီအစဉ်တွေသာအောင်မြင်သွားရင် ဟုန်မိသားစုရော ရှောင်းမိသားစုရော အတော်အထိနာသွားမှာ။ အဲ့ကျရင် ဟန်မိသားစုကရလာမယ့်အကျိုးအမြတ်တွေကို ရိတ်သိမ်းပြီး ဒီလောင်းကစားမြို့တော်ရဲ့ အောင်နိုင်သူဖြစ်လာလိမ့်မယ်။”
သူပြောတာကိုကြားတော့ ယဲ့ဖန်မထိန်းနိုင်ပဲ ကြားဖြတ်ကာပြောလိုက်မိသည်။
“ခင်ဗျားကအတော်လေးရည်မှန်းချက်ကြီးတာပဲ။ ခင်ဗျားတို့ဟန်မိသားစုရဲ့အင်အားနဲ့ ဟုန်မိသားစုနဲ့ရှောင်းမိသားစုကို ကစားချင်တယ်ပေါ့လေ။ အတော်လေး စိတ်ကူးယဉ်ဆန်တဲ့အတွေးပါလား။”
သွမ့်ရှစ်ကျင်း ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ဒီအစီအစဉ်ကို ငါတို့ချည်းပဲဆိုရင်တော့ မအောင်မြင်နိုင်ဘူးပေါ့။”
“အဲ့တာကြောင့် ကိုရီးယားက လီယောင်းဂျီရဲ့ အသင်းကို လောင်းကစားဘုရင်ပြိုင်ပွဲမှာ ငါတို့နေရာကနေဝင်ပြိုင်ပေးဖို့ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့…”
ထိုသို့ပြောနေရင်း ယဲ့ဖန်အားခါးသက်စွာ ကြည့်လာခဲ့သည်။
ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ပေါ်လာပြီး သူ့အစီအစဉ်တွေကိုဖျက်ဆီးသွားသည်ဟု ပြောရမှာ စိတ်မကောင်းစရာပင်။
ယဲ့ဖန် ဂျပန်ဓားရှည် ကိုကိုင်ထားရင်း အကြိမ်အနည်းငယ်ဆော့ကစားနေလိုက်သည်။
“တကယ်လို့ လီယောင်းဂျီနိုင်သွားပြီး ဟုန်မိသားစုရဲ့ဂုဏ်ကိုဖျက်ဆီးနိုင်ခဲ့ရင်တောင်မှ ရှောင်းမိသားစုကိုကျတော့ရော။ သူတို့က လောင်းကစားမြို့တော်ရဲ့ မြေအောက်လောကဘုရင်တွေလေ။ သူတို့ကို ဘယ်လိုအင်အားနည်းသွားအောင်လုပ်ဖို့ ခင်ဗျားကကြံထားတာလဲ။”
သွမ့်ရှစ်ကျင်း သေဆုံးနေပြီဖြစ်သော ဟာတိုယိုမ အားညွှန်ပြလိုက်သည်။
“ဒါပေါ့၊ သခင်ကြီးဟာတိုယိုမ ရဲ့အင်အားကို ကျုပ်ငှါးထားတယ်လေ။ သူ့အကူအညီနဲ့ဆို ရှောင်းသားအဖကိုသတ်ဖို့ဆိုတာ အလွယ်လေးပဲ။”
ယဲ့ဖန်ရုတ်တရက် တစ်စုံတစ်ရာကိုတွေးမိသွားသည်။
“အဘိုးကြီးရှောင်းရဲ့အက်ဆီးဒင့်ကိစ္စက ခင်ဗျားလုပ်ခဲ့တာမလား။”
သွမ့်ရှစ်ကျင်း သူပြောသည်ကိုကြားတော့ ချက်ချင်းဆိုသလို ဟန်ရှုန်ယွမ် ကို ကြည့်လိုက်မိသည်။
“ဒီငတုံးကောင် ကျုပ်မသိအောင်လုပ်လိုက်တာလေ။ ကျုပ်သာဆိုရင် အဲ့လောက်တုံးအတဲ့နည်းလမ်းမျိုးကို သုံးမှာမဟုတ်ဘူး။”
ဟန်ရှုန်ယွမ် တစ်ယောက် ‘ငတုံး’ ဟူ၍ ထပ်အခေါ်ခံလိုက်ရပြန်သည်။
သူအလွန်ဒေါသထွက်သွားရသည်။ သို့သော် ယဲ့ဖန်ရှေ့၌ဖြစ်တာကြောင့် ဒေါသတကြီး ရှေ့တက်မသွားရဲပေ။
ထို့ကြောင့် သူ့ကိုသာတစ်ခွန်းမှမပြောပဲ စိုက်ကြည့်နေမိသည်။
ယဲ့ဖန် ပေါ့ပါးစွာပြုံးလိုက်သည်။
ထို့နောက် ဟာတိုယိုမ ၏အလောင်းကိုကြည့်လိုက်ကာ “ခင်ဗျား သူ့ကိုဘယ်လိုရှာတွေ့လာတာလဲ။ ဒီလိုအင်အားကြီးနင်ဂျာမျိုးကို ဖိတ်ဖို့ဆိုတာ အဲ့လောက်မလွယ်လောက်ဘူး။”
ထိုကိစ္စမှာ သူတကယ်မေးချင်သောအကြောင်းအရာဖြစ်သည်။ ဟာတိုယိုမ လိုအင်အားကြီးနင်ဂျာတစ်ယောက်ကို ပိုက်ဆံတစ်မျိုးတည်းနှင့်ငှါး၍မရနိုင်ပေ။
ဤတစ်ကြိမ်တွင်တော့ သွမ့်ရှစ်ကျင်း ၏ မျက်နှာထက်၌လည်း သံသယများဖြင့် ပြည့်နှက်သွားရသည်။
“ကျုပ်တို့သူ့ကိုဖိတ်ခဲ့တာမဟုတ်ဘူး၊ သူ့ဘာသာရောက်လာခဲ့တာ။”
“ဟမ်?”
ယဲ့ဖန်၏အကြည့်များစူးရှသွား၏။ သူထိုစကားကိုမယုံပေ။
သွမ့်ရှစ်ကျင်း အမြန်ရှင်းပြလိုက်ရသည်။
“တကယ်ပြောတာပါ။ ဟန်မိသားစုရဲ့အင်အားလောက်နဲ့ ဒီလိုပါရမီရှင်မျိုးကို ဘယ်လိုလုပ်ငှါးနိုင်မှာလဲ။ တကယ်ကို သူကိုယ်တိုင်ကျုပ်တို့ကိုလာရှာခဲ့တာ။”
ဟန်ရှုန်ယွမ် လည်းခေါင်းညိတ်ပြလိုက်သည်။
“သူအမှန်တိုင်းပြောနေတာပါ။ အဲ့အဘိုးကြီးကိုယ်တိုင် ကျွန်တော်တို့ဆီ ရောက်လာတာ။ သူပြောတာတော့ ကျွန်တော်တို့ရဲ့အခက်အခဲတွေကို သူကူညီပေးပြီး လောင်းကစားမြို့တော်ကို ပေါင်းစည်းနိုင်အောင်သူကူညီပေးမယ်တဲ့။”
သူ့စကားကိုကြားတော့ ယဲ့ဖန်ပိုလို့ပင် မျက်မှောင်ကြုတ်သွားရသည်။
“သူခင်ဗျားတို့ဆီက ဘာမှမတောင်းဘူးလား။”
သွမ့်ရှစ်ကျင်း ခေါင်းယမ်းပြလိုက်သည်။
“မတောင်းဘူး၊ သူ့ပုံစံကြည့်ရတာလည်း ဘာမှလိုချင်ပုံမရဘူး။ ဒီတိုင်းကျုပ်တို့ကို ကူညီဖို့ရောက်လာတာ။ အဲ့တာကြောင့် ကျုပ်လည်းနားမလည်နိုင်တာ။”
ယဲ့ဖန်ချက်ချင်းဆိုသလိုအော်ရယ်လိုက်မိသည်။
“အဲ့တော့ သူကပရဟိတသမားကြီးပေါ့”
ယဲ့ဖန်ကတော့ ကိုယ်ကျိုးမငဲ့တဲ့ကူညီမှုတွေကို အယုံအကြည်မရှိပေ။
တစ်ဖက်လူမှာရည်ရွယ်ချက်တစ်ချို့ကြောင့် ရောက်လာခဲ့တာဖြစ်ပြီး သွမ့်ရှစ်ကျင်း နှင့် အခြားသူများကိုမပြောပြခဲ့ရုံသာဖြစ်သည်မှာ ရှင်းလင်းနေသည်။
သူခဏလောက်တွေးနေပြီးနောက် ထပ်မေးလိုက်သည်။
“သူ့နောက်ခံအကြောင်းရော ခင်ဗျားတို့ကို ပြောခဲ့သေးလား။”
“မပြောဘူး၊ သူ့ဘက်က ကျုပ်တို့ရန်သူတွေနဲ့ ရင်ဆိုင်တဲ့နေရာမှာကူညီပေးချင်ကြောင်းပဲ ပြောခဲ့တာ။ ကျုပ်တို့လုပ်ချင်တာ အကုန်လုပ်ပေးမယ်တဲ့၊ ပြီးရင်သူကတော့ ထွက်သွားမယ်ပဲပြောခဲ့တာ။ ဒီနေ့က ကျုပ်တို့ သူ့ကိုဒုတိယအကြိမ်တွေ့ဖူးတာပဲ ပြီးတော့… မင်းသူ့ကိုသတ်လိုက်တယ်”
သွမ့်ရှစ်ကျင်း ကူကယ်ရာမဲ့စွာပြောလိုက်သည်။
သူလိမ်နေတာမဟုတ်ကြောင်း ယဲ့ဖန်အတပ်သိလိုက်သည်။
ဒီလူကတော့ဟန်ဆောင်ရာမှာကျွမ်းပေမယ့် သူ့ဘေးက ဟန်ရှုန်ယွမ် ကတော့ ထိုသို့မဟုတ်ချေ။
ဒီ ဟာတိုယိုမ ရဲ့အနောက်မှာ ကြီးမားတဲ့လျှို့ဝှက်ကြံစည်မှုတစ်ခုရှိတယ်လို့ သူ့မသိစိတ်ကပြောနေသည်။
ဒါ့အပြင် သူသည်လည်းထိုဝဲဂယက်ထဲမှာ ပါဝင်နေကာ ပြန်ထွက်ဖို့ရန်မဖြစ်နိုင်တော့ချေ။
ထိုသို့တွေးမိပြီး ချက်ချင်းဆိုသလို ဟာတိုယိုမ ၏ အလောင်းကိုဓာတ်ပုံရိုက်လိုက်ကာ ချန်းဖေးအယ်ထံ သူ့သရုပ်မှန်ကိုစုံစမ်းခိုင်းရန် ထိုပုံကိုပို့လိုက်သည်။
ချန်းဖေးအယ် မှာ ထိုသို့သောသွေးထွက်သံယိုပွဲမျိုးကို လွန်စွာစက်ဆုပ်သည်ဖြစ်ရာ ဟိုတယ်သို့ အရင်ပြန်သွားနှင့်တာဖြစ်သည်။
သူမထံဓာတ်ပုံပို့ပြီးနောက် ယဲ့ဖန် ဟန်ရှုန်ယွမ် နှင့်ကျန်သူများကိုကြည့်လိုက်သည်။
ထိုသူတို့ကိုဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားနေဟန်ပင်။
ဟန်မိသားစုဝင်များဟာတော့ သူ့အား စိုးရိမ်ပူပန်စွာကြည့်လာကြသည်။
သူတို့အားလုံး၏အသက်က ဤလူငယ်လေး၏လက်ထဲ၌ရှိနေတာဖြစ်သည်။ သူတို့မကြောက်ပါဘူးပြောလျှင် လိမ်ရာကျမည်။
ယဲ့ဖန်အချိန်ခဏလောက်စဉ်းစားပြီးနောက် အကြံကောင်းတစ်ခုရလိုက်သည်။
သူတို့ကိုသတ်မည့်အစား ထိုလူတွေကို ရောင်းစားလိုက်မည်။
ထိုသို့တွေးရင်း သူချက်ချင်းဆိုသလို ဟုန်းရှောင်ထျန်း နှင့် ရှောင်ချန်ချင်း တို့ကို ဖုန်းခေါ်လိုက်တော့သည်။