အပိုင်း ၉၈၅-၉၈၈
Vol. 50 Ch. 985-988
အပိုင်း ( ၉၈၅ )
ခင်ဗျားတို့က ကျွန်တော့်ကိုအပြင်လူလိုဆက်ဆံနေကြတာပဲ၊ မိတ်ဆွေတစ်ယောက်လို မဆက်ဆံကြဘူးပဲ။
ဟုန်းရှောင်ထျန်း နှင့် ရှောင်ချန်ချင်း တို့ တစ်ခဏအတွင်းမှာပင် သူတို့လူများနှင့်အတူ ရောက်လာခဲ့သည်။
ဟန်မိသားစုအကျဉ်းကျပ်ထဲကျရောက်နေသည်ကိုမြင်တော့ ယဲ့ဖန်၏ အတော်လေးအညှာတာမဲ့သည့်နည်းလမ်းတွေကြောင့် သူတို့အားလုံးထိတ်လန့်သွားရသည်။
ထိုလူငယ်လေးက လူတွေကိုတစ်သိမ့်သိမ့် တုန်စေသည်အထိ အညှာအတာမဲ့လိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
ဟန်မိသားစုမှာ လောင်းကစားမြို့တော်ရှိ ထိပ်တန်းမိသားစုငါးခုထဲမှတစ်ခုဖြစ်သည်။
သူတို့မိသားစုနှစ်ခုပင် အတော်အတန်ဂရုစိုက်ရတော့မည်။
ယဲ့ဖန်တကယ်ကြီး ဟန်မိသားစုကို ပေါ်တင်ဖျက်ဆီးပစ်ရဲသည်။
ဒါကတကယ်ကိုထိတ်လန့်စရာပဲ
ပိုလို့မယုံနိုင်စရာကောင်းသည်မှာ ယဲ့ဖန်အနေနှင့် ဤလောင်းကစားမြို့တော်ကို ရောက်သည်မှာရက်အနည်းငယ်သာရှိသေးသည်။
သူ့မှာဘယ်လိုလုပ်ဒီလောက်ကြောက်ဖို့ကောင်းတဲ့အင်အားမျိုးရှိနေရတာလဲ။
ထို့ကြောင့်ပင် သူတို့ယဲ့ဖန်ရှေ့သို့ရောက်ရောက်ချင်းမှာ ကြောက်ရွံ့မှုခံစားချက်တစ်ခုကို ခံစားလိုက်ရတာဖြစ်သည်။
ဒီယဲ့လူကြီးမင်းက သူတို့နှစ်ယောက်ကို တိုက်ရိုက်သတ်လောက်တဲ့အထိတော့ အညှာအတာမမဲ့လောက်ဘူးမလား။
သူတို့ဘာတွေတွေးနေမလဲဆိုတာ ယဲ့ဖန်သိသည်။
သို့သော်သူရှင်းပြမနေပေ။
ထိုအရာမှာသူမြင်ချင်နေသည့်ရလဒ်ပင်။
ဟန်မိသားစုကနေတစ်ဆင့် ဤလောင်းကစားမြို့တော်ရှိ အဓိကအင်အားစုများကို သူ့ကိုလာထိပါက မည်သို့ဖြစ်မည်ဆိုသည့်အကျိုးဆက်ကို ပြပေးချင်ရုံသာဖြစ်သည်။
“ဟုန်လူကြီးမင်း၊ ရှောင်းလူကြီးမင်း၊ ဒီတစ်ခါတော့ကျွန်တော် ခင်ဗျားတို့မိသားစုတွေအတွက် အလကားလုပ်ပေးလိုက်တယ်နော်။ ကျွန်တော့်ကို ဘယ်လိုကျေးဇူးပြန်ဆပ်ဖို့ စီစဉ်ထားလဲ။”
ယဲ့ဖန် စနောက်ဟန်တစ်ဝက် အတည်ပေါက်ပြောဟန်တစ်ဝက်ဖြင့် ပြောလိုက်သည်။
“ယဲ့လူကြီးမင်း ဘာကိုဆိုလိုတာပါလဲ။”
ဟုန်းရှောင်ထျန်း ချက်ချင်းပြန်မဖြေပဲ မေးခွန်းပြန်မေးလိုက်သည်။
“ဟုတ်သားပဲ၊ ပြောပါဦး ယဲ့လူကြီးမင်း”
ရှောင်ချန်ချင်း လည်း ဟန်ရှုန်ယွမ် ကို ကြည့်ရင်းမေးလိုက်သည်။
ဟုန်မိသားစုထက်စာရင် ဟန်မိသားစုမှာ ရှောင်းမိသားစုအတွက် ပိုကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
သူတို့မိသားစုနှစ်ခုမှာ မြေအောက်လောကက လုပ်ငန်းများကိုလုပ်ကိုင်ကြတာကြောင့် သူတို့အကြား၌ ပြိုင်ဆိုင်မှုများစွာနှင့် ထိပ်တိုက်တွေ့မှုများစွာရှိတတ်သည်။
စီးပွားရေးကိစ္စအသေးလေးတွေကအစ သူတို့အကြိမ်များစွာစစ်ထိုးခဲ့ဖူးသည်။
ဒီတစ်ကြိမ်ယဲ့ဖန်ဘက်က ဟန်မိသားစုကို ရှင်းလင်းလိုက်ခြင်းဟာ ရှောင်းမိသားစုအတွက်တော့ လွန်စွာအကျိုးသက်ရောက်မှုရှိလေသည်။
ထို့ကြောင့် ယခုဆိုလျှင် သူ့အနေနှင့် ယဲ့ဖန်ကို ပိုလို့ပင်ကြည့်ရသွားပြီဖြစ်သည်။
“ဟန်မိသားစုက အကြံအစည်အကြီးကြီး ကြံနေတာကိုခင်ဗျားတို့မသိလောက်သေးဘူး ထင်တယ်။ အဲ့အကြံက ခင်ဗျားတို့မိသားစု နှစ်ခုစလုံးကိုတစ်ခါထဲဆွဲချသွားနိုင်တယ်…”
ထို့နောက် ယဲ့ဖန်ချက်ချင်းပင် ဟန်မိသားစုရဲ့ အကြံကိုသူတို့အားအသေးစိတ်ပြောပြလိုက်သည်။
ဟုန်းရှောင်ထျန်း နှင့် ရှောင်ချန်ချင်း တို့မှာ ယဲ့ဖန်ပြောသည်ကိုနားထောင်ပြီး ချွေးစေးများပင်ထွက်လာရသည်။
ဟန်မိသားစုက ဒီလောက်ရည်မှန်းချက်ကြီးလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
ဟန်မိသားစု သူတို့မိသားစုနှစ်ခုလုံးအပေါ်မှာ အမြတ်ထုတ်ချင်နေတာဖြစ်သည်။
ထို့အပြင်သူတို့၏အကြံအစည်မှာ အောင်မြင်လုနီးပါးပင်ဖြစ်သွားသေးသည်။
ယဲ့ဖန်သာ ရုတ်တရက်ကြီးထွက်လာပြီး လီယောင်းဂျီ၏လက်မောင်းနှင့် ခြေထောက်ကိုချိုးပြီး နှောင့်ယှက်ခဲ့တာကြောင့်မဟုတ်ရင် ဟုန်းကျားကျွန်း၏ လောင်းကစားဘုရင်နေရာမှာ အန္တရာယ်ရှိလာနိုင်သည်။
ထိုအခါ ဟုန်မိသားစုအနေနဲ့ အရင်ဆုံးအကျိုးဆက်ကို ခံရမည်ဖြစ်ပြီး သေချာပေါက်ရိုက်ချက်ပြင်းပေလိမ့်မည်။
ယဲ့ဖန်သာ ဟာတိုယိုမကိုမသတ်ခဲ့လျှင် သူ၏ ပြင်းထန်သောအင်အားနှင့်ဆိုပါက ရှောင်းမိသားစု၏စီးပွားရေးကို ဖျက်ဆီးရန်မှာ အလွယ်လေးပင်။
အဲ့နောက်မှာတော့ ရှောင်းမိသားစုလည်း နောက်မှလိုက်ကာ ပြင်းထန်သောဆုံးရှုံးမှုနှင့် ကြုံရပေလိမ့်မည်။
ထို့နောက်တွင်တော့ ဟန်မိသားစုက ထိုအခွင့်အရေးကိုသုံးပြီး လှည့်ကွက်တွေကစားကာ သူတို့မိသားစုနှစ်စုအား အချင်းချင်း သတ်ဖြတ်အောင်လုပ်ပေလိမ့်မည်။
အကျိုးဆက်များမှာ တွေးပင်မတွေးရဲစရာပင်။
“ဟန်ရှုန်ယွမ် ၊ ခင်ဗျားတော်တော်ရက်စက်တာပဲ။ ကျုပ်တို့ ဟုန်မိသားစုက ခင်ဗျားတို့နဲ့ဘယ်တုန်းကမှ ရန်ငြှိုးမရှိခဲ့ဖူးဘူး။ အဲ့တာကို ဘာကြောင့် ဒီလိုလုပ်ရတာလဲ။”
ဟုန်းရှောင်ထျန်း ဒေါသတကြီးရှေ့တက်လာကာ ဟန်ရှုန်ယွမ် ၏ အင်္ကျီစကိုဆုပ်ကိုင်လိုက်သည်။
ဟန်မိသားစုနှင့်ရှောင်းမိသားစုမှာ အရင်ထဲက အငြင်းပွားခဲ့သည်များရှိရာ သူတို့၏ရန်ငြှိုးများမှာ နက်ရှိုင်းလေသည်။
ထို့ကြောင့် ၎င်းအချက်ကိုတော့ နားလည်၍ရသည်။
သို့သော် ဟုန်မိသားစုနှင့်ဟန်မိသားစုကြား၌တော့ ဘာရန်ငြှိုးမှမရှိချေ။ အဲ့တာကို ဒီလိုမျိုး အကွက်ချစီစဉ်ခံရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဖူးချေ။
သူဘယ်လောက်တောင် ဒေါသထွက်နေမလဲဆိုတာ ကိုယ်ချင်းစာပေးနိုင်သည်။
ဟန်ရှုန်ယွမ် မှာ ဟုန်းရှောင်ထျန်း နှင့် ရင်ဆိုင်ရချိန်၌ ယဲ့ဖန်နှင့်ရင်ဆိုင်တုန်းကလို နှိမ့်ချမနေပေ။
သူ ဟုန်းရှောင်ထျန်း ကိုတွန်းထုတ်လိုက်သည်။
“မင်းအပြစ်တင်ချင်ရင် မင်းတို့ဟုန်မိသားစု စီးပွားရေးက မနာလိုနေစရာကောင်းတာကို အပြစ်တင်နေလိုက်။ မင်းတို့လို အတားအဆီးကို ကန်ထုတ်မှသာ လောင်းကစားမြို့တော်ကို ငါပေါင်းစည်းနိုင်မှာပေါ့။”
“မင်း…”
ဟုန်းရှောင်ထျန်း သူ့ကိုထပ်မံ၍မာန်မဲချင်ပါသော်လည်း ရှောင်ချန်ချင်း ရှေ့တက်လာကာ သူ့ကို တားလိုက်သည်။
“အစ်ကို ရှောင်ထျန်း ၊ စိတ်လျှော့ပါ။ သူ့ကို ခဏလောက်မောက်မာခိုင်းထားလိုက်။ ကျုပ်တို့ရှောင်မိသားစုကိုလာထိရဲတဲ့ အကျိုးဆက်ကိုသူသိသွားအောင် ပြလိုက်မယ်။”
ထိုသို့ပြောကာ ယဲ့ဖန်ဘက်သို့လှည့်ပြီး ဦးညွတ်လိုက်သည်။
“ကျုပ်မိသားစုကိုကယ်တင်ပေးလို့ ကျေးဇူးပါ၊ ယဲ့လူကြီးမင်း”
“မင်းကြောင့်သာမဟုတ်ရင် ကျုပ်တို့ရှောင်မိသားစုတော့ တကယ် ကံဆိုးမိုးမှောင်ကျနေလောက်ပြီ”
“အနာဂတ်မှာ ယဲ့လူကြီးမင်းအနေနဲ့ ရှောင်မိသားစုအကူအညီကိုလိုလာခဲ့ရင် ဘာကိစ္စပဲဖြစ်နေပါစေ ကျုပ်တို့ အတတ်နိုင်ဆုံးကူညီပါ့မယ်။”
ဟုန်းရှောင်ထျန်း လည်း ထိုအခါမှ ပြန်တုံ့ပြန်လာကာ ယဲ့ဖန်အားဦးညွတ်လာသည်။
“ဟုတ်ပါတယ်၊ ယဲ့လူကြီးမင်း။ ကျုပ်လည်း ပြန်တွေးလိုက်တိုင်းအခုထိ ထိတ်လန့်နေတုန်းပါ။ ယဲ့လူကြီးမင်းကြောင့်သာမဟုတ်ရင် အကျိုးဆက်ကတော့ တကယ်မတွေးရဲစရာပါပဲ”
“ဟုန်မိသားစုရဲ့အကူအညီကိုလိုအပ်လာခဲ့ရင် အချိန်မရွေးပြောပါ”
သူတို့အားလုံး ယဲ့ဖန်ကိုတကယ်ကျေးဇူးတင်နေကြတာပင်။
ဤသည်မှာတိုက်ဆိုင်မှုတစ်ခုသာဖြစ်သော်လည်း ယဲ့ဖန်ကသူတို့ကိုကူပြီး ကြီးမားသည့် ခြိမ်းခြောက်မှူကြီးကို ရှင်းလင်းပေးခဲ့တာပင်။
ဟန်မိသားစုရဲ့အစီအစဉ်သာ တကယ်အောင်မြင်သွားခဲ့ရင် သူတို့မိသားစုနှစ်စုမသေရင်တောင်မှ ကြီးကြီးမားမားထိခိုက်သွားနိုင်သည်။
ယဲ့ဖန် သူတို့နှစ်ဦးအား လက်ယမ်းပြလိုက်သည်။
“အဲ့လိုတွေမပြောပါနဲ့ဗျာ၊ ကျွန်တော်ကဒီတိုင်း ဝင်ကူလိုက်ရုံပါ။ ခင်ဗျားတို့က ကျွန်တော့်ကိုအပြင်လူလို ဆက်ဆံနေကြတာပဲ။ မိတ်ဆွေတစ်ယောက်လို မဆက်ဆံကြဘူးပဲ”
သူ့စကားကိုကြားတော့ ဟုန်းရှောင်ထျန်း နှင့် ရှောင်ချန်ချင်း တို့ ခါးသက်သက်ပြုံးလိုက်မိသည်။
ဒါဆိုဒီကိစ္စကပြီးပြီပေါ့။
ယဲ့ဖန်ဘက်ကသာတိုက်ရိုက်တောင်းဆိုလာလျှင် သူတို့ပိုလို့စိတ်သက်သာရာရမိမှာပင်။
သို့ရာတွင် အနှီလူငယ်မှာ ဘာတောင်းဆိုချက်မှ လုပ်မလာပေ။
မိတ်ဆွေဖြစ်ရန်သာပြောလာသည်။
အခုကစပြီး သူတို့ကမိတ်ဆွေတွေ ဖြစ်သွားပြီဆိုတော့ နောက်နောင် ယဲ့ဖန်ဘက်မှ အကူအညီတောင်းလာလျှင် ငြင်းဆန်၍မရတော့ပေ။
သို့သော် သူတို့သိပ်မကြာခင်မှာပင် နားလည်လိုက်သည်။
ယခုအချိန်တွင် ယဲ့ဖန်ထံ၌ အထင်သေး၍မရသောအင်အားတစ်ခု ဤလောင်းကစားမြို့၌ရှိသွားပြီဖြစ်သည်။
သူပင်လျှင် အနာဂတ်မှာအကူအညီတောင်းလာရနိုင်သည်။
ထိုသို့ဆိုမှတော့ မိတ်ဆွေဖြစ်လိုက်ခြင်းဟာ နှစ်ဖက်လုံးအတွက် ကောင်းမွန်သောရွေးချယ်မှုတစ်ခုဖြစ်သည်။
“ယဲ့လူကြီးမင်း၊ ကျွန်တော်ရဲတင်းတဲ့ တောင်းဆိုမှုတစ်ခုလောက်လုပ်ချင်ပါတယ်။ ယဲ့လူကြီးမင်းလက်ခံပေးဖို့ မျှော်လင့်ပါတယ်။”
ရုတ်တရက် ရှောင်ချန်ချင်း ယဲ့ဖန်အား ပြောလာ၏။
“ရှောင်းလူကြီးမင်း၊ အားလုံးကမိတ်ဆွေတွေပဲကို အဲ့လောက် ယဉ်ကျေးနေစရာမလိုပါဘူး။”
ယဲ့ဖန် ရက်ရောစွာလက်ယမ်းပြလိုက်သည်။
“ယဲ့လူကြီးမင်းအနေနဲ့ ဟန်မိသားစုကလူတွေကို ကျွန်တော့်ဆီ လက်လွှဲပေးနိုင်မလား။ ယဲ့လူကြီးမင်းအပေါ် ကိစ္စတစ်ခုအကြွေးတင်သွားတယ်လို့ မှတ်လိုက်ပါ။”
ရှောင်ချန်ချင်း ဟန်ရှုန်ယွမ် နှင့် အခြားသူများအား နက်မှောင်စွာစိုက်ကြည့်လိုက်သည်။
သူ့ထံ၌ဆိုးယုတ်သောရည်ရွယ်ချက်ရှိနေသည်မှာ ထင်ရှားလေသည်။
ယဲ့ဖန်မျက်မှောင်ကြုတ်လိုက်ရင်း အခက်တွေ့ဟန်ဆောင်လိုက်သည်။
“ဒီ ဟန်ရှုန်ယွမ် က ကျွန်ေတာ့်ကိုသတ်ချင်တယ်ဆိုတော့ ကျွန်တော်ကိုယ်တိုင်သူ့ကိုပြန်သတ်ချင်ခဲ့တာ…”
ရှောင်ချန်ချင်း မှာ ယဲ့ဖန်သဘောမတူဘူး အထင်နှင့် ဆက်ပြောရန်ပြင်လိုက်သည်။
သို့သော် ယဲ့ဖန်ဆက်ပြောလာ၏။
“ဒါပေမယ့် ရှောင်းလူကြီးမင်းကိုယ်တိုင် ပြောလာမှတော့ ကျွန်တော် ခင်ဗျားကို မျက်နှာသာပေးလိုက်ပါမယ်။”
“ဒီလိုဆိုရင်ရော၊ သွမ့်ရှစ်ကျင်း ကိုတော့ ဒီမှာပဲ ကျွန်တော့်အတွက်ထားခဲ့လိုက်။ ကျန်တဲ့သူတွေကိုတော့ ခင်ဗျားဘာသာ သင့်တော်သလိုစီစဉ်လို့ရတယ်”
သွမ့်ရှစ်ကျင်း ယဲ့ဖန်ပြောသည်ကိုကြားတော့ ချက်ချင်းမော့ကြည့်လာသည်။
ယဲ့ဖန်ဘာတွေကြံစည်နေလဲသူမသိပေ။
ဟန်မိသားစု၏မိသားစုဝင်များမှာတော့ မျက်နှာများဖြူဖပ်ဖြူရော်ဖြစ်ကုန်ကြရသည်။
ဟန်မိသားစုနှင့်ရှောင်းမိသားစုမှာ ကမ္ဘာ့ရန်သူတွေဖြစ်သည်။
သူတို့လက်ထဲသာရောက်မယ့်အစား သေဖို့သာဆုတောင်းလိုက်ချင်သည်။
“ယဲ့လူကြီးမင်း၊ အသက်ချမ်းသာပေးပါ…”
ဟန်မိသားစုမှာ ယဲ့ဖန်သူတို့ကို ရှောင်ချန်ချင်း ဆီ လက်လွှဲပေးမည်ကိုကြားတော့ အလွန်ကြောက်လန့်ကုန်ကြပြီး ငိုကြွေးကြတော့သည်။
၎င်းမှာချက်ချင်းဆိုသလို ယဲ့ဖန်၏ သိလိုစိတ်ကိုဆွဲဆောင်သွားသည်။
“ရှောင်းလူကြီးမင်းအနေနဲ့ သူတို့ကိုဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ သိခွင့်ရှိမလား။”
ရှောင်ချန်ချင်း ဟန်ရှုန်ယွမ် နှင့် အခြားသူများကို ရက်စက်သောအပြုံးတစ်ပွင့်ဖြင့် ကြည့်လိုက်သည်။
“ဟန်ရှုန်ယွမ် က ကျုပ်အဖေကို သတ်ရဲတယ်ဆိုမှတော့ သူကတော့ ကျိန်းသေပေါက်သေရမှာပဲ၊ ဒီမိန်းမတွေကတော့…”
သူမျက်လုံးလှိမ့်ကာ ယဲ့ဖန်အား မျက်မှောင်ကြုတ်လိုက်ကြည့်လာသည်။
“ယဲ့လူကြီးမင်းစိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် ခင်ဗျားရဲ့ဟိုတယ်ကို ပို့ပေးလိုက်ပါမယ်…”
ထိုအခါပတ်ဝန်းကျင်ရှိလူများအားလုံး ချက်ချင်းဆိုသလို ထူးဆန်းသည့်အပြုံးများ ပြုံးလာကြသည်။
ဟန်မိသားစု၏မိန်းကလေးအချို့ပင် ယဲ့ဖန်အား မျှော်လင့်တကြီးကြည့်လာလေသည်။
ရှောင်ချန်ချင်း လက်ထဲသာမရောက်ဘူးဆိုလျှင် သူမတို့ဘာမဆိုလုပ်နိုင်သည်။
ဒါ့အပြင် ယဲ့ဖန်လိုကြည့်ကောင်းတဲ့ လူတစ်ယောက်ကိုအဖော်ပြုပေးရမှာ ပိုလို့တောင်ပျော်သေးသည်။
အပိုင်း ( ၉၈၆ )
မြင်းထိန်းလုပ်ပေးမယ်
သို့သော် ယဲ့ဖန်မှ ရှောင်ချန်ချင်းကို မကျေမနပ် စိုက်ကြည့်နေလေသည်။
ထိုတစ်ယောက်သည် မည်သို့ ဒုက္ခပေးရမည်ကို မသိတတ်ပေ။
လုပ်ချင်ရင်တောင် တိတ်တိတ်လေး လုပ်လို့ရတယ် မဟုတ်ဘူးလား။
အရင်လုပ်ပြီး နောက်မှ သတင်းပို့လို့ မရဘူးလား။
လူအများကြီးရှေ့မှာ ဒီလို ပြောလိုက်တာက သူ့ကို အခက်အခဲတွေ့စေမယ်လေ မဟုတ်ဘူးလား။
အမှန်တိုင်းပြောရလျှင် ဟန်ရှုန်ယွမ်သည် ဘာမှမကောင်းတဲ့သူ ဖြစ်သော်လည်း မိန်းမများအပေါ် အမြင်ကောင်းလှသည်။
ထိုအမျိုးသမီးများထဲတွင် အသက်အကြီးဆုံးမှာ အသက်လေးဆယ်ကျော်ဖြစ်ပြီး အငယ်ဆုံးမှာ ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်သာ ရှိကြသေးသည်။
သူတို့သည် ပန်းပွင့်နှင့် ကျောက်စိမ်းများကဲ့သို့ လှပကြပြီး သနားစရာကောင်းလှသည်။
ယခုတင်မှ လက်အောက်ငယ်သား အများကြီး၏ ရှေ့တွင် သူသည် ခက်ခဲစွာဖြင့် သူတော်ကောင်းဆန်သော ပုံရိပ်ကို အသွင်ဆောင်နိုင်ခဲ့သည်။
သူ့ပုံရိပ်ကို ဒီလိုမြန်မြန် ပြိုကျသွားဖို့ ခွင့်ပြုနိုင်ပါ့မလား။
ထို့ကြောင့် ယဲ့ဖန်သည် အေးစက်သောမျက်နှာထားဖြင့် ရှောင်ချန်ချင်းကိုသာ စိုက်ကြည့်နေခဲ့သည်။
" ကျွန်တော်က အဲ့လိုလူ မဟုတ်ဘူး။ ပြီးတော့ တခြားသူတွေ သုံးဖူးတဲ့ အရာတွေကို ဘယ်တော့မှ မသုံးဘူး။ ဒီအမျိုးသမီးတွေကို ခင်ဗျားအတွက်ပဲ သိမ်းထားသင့်တယ် "
ရှောင်ချန်ချင်း၏ နွေးထွေးသော မျက်နှာသည် အေးစက်သော ပုံရိပ်နှင့် ရင်ဆိုင်လိုက်ရသည်။
သူသည် ရှက်ရွံ့စွာ ပြုံးရုံသာ ပြုံးလိုက်ပြီး သူ့လက်အောက်ငယ်သားများဖြင့် ဟန်မိသားစုကို ခေါ်သွားခိုင်းလိုက်သည်။
ဟန်ရှုန်ယွမ်၏ ငိုကြွေးသံကို အဝေးကပင် ကြားနိုင်နေသေးသည်။
ယဲ့ဖန် ဆက်ကြည့်ရန်ပင် စိတ်ကူးမရှိပေ။
သူသည် သွမ့်ရှစ်ကျင်းဆီသို့ လျှောက်သွားသည်။
သွမ့်ရှစ်ကျင်းသည် သူ့နားသို့ ယဲ့ဖန်ရောက်လာသည်ကို မြင်သော်လည်း ကြောက်သွားပုံမပေါ်ချေ။
" မင်း တိုက်ချင်ရင် မြန်မြန်တိုက်လိုက်။ အချိန်ဖြုန်းမနေနဲ့ "
ယဲ့ဖန် ရုတ်တရက် ပြုံးပြပြီး သူ့ကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်သည်။
" ကျွန်တော်က သွမ့်လူကြီးမင်းကို ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ Securityရဲ့ အထွေထွေမန်နေဂျာဖြစ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ ခင်ဗျားက လက်ခံချင်မလားလို့ တွေးမိပါတယ် "
ထိုစကားကို ပြောပြီးသည်နှင့် ရှိနေသူအားလုံး အံ့ဩသွားကြသည်။
အထူးသဖြင့် သွမ့်ရှစ်ကျင်း ဖြစ်သည်။
သူသည် ယဲ့ဖန်မှ အလေးအနက်ထားနေသလား၊ နောက်ပြောင်နေသလားကို သူ မသိရချေ။
နှစ်ဖက်စလုံးသည် အစောပိုင်းကထိ အသေအကြေ တိုက်ခိုက်ခဲ့ကြသော ရန်သူများဖြစ်ခဲ့ကြပြီး ယခုတွင်တော့ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်စေရန် သူ့ကို အမှန်တကယ် ဖိတ်ခေါ်နေလေသည်။
ဒါက ဘာသဘောလဲ။
သူသည် အမြဲတစ္ဆေ ဉာဏ်ရည်ထက်မြက်သူ ဖြစ်သော်လည်း ယဲ့ဖန်၏ စကားကို နားမလည်နိုင်သေးပေ။
ယဲ့ဖန်မှ သူ့ကို ရိုးသားစွာ ကြည့်နေသည်။
" ဆရာကြီးသွမ့်လို မြင်းတစ်ထောင်အားရှိတဲ့ ပညာရှင်ကို ဟန်ရှုန်ယွမ်လို အရူးတစ်ယောက်ရဲ့ လက်ထဲမှာ မြှုပ်ထားရတာ နှမြောစရာပါပဲ "
" မြင်းတစ်ထောင်အား အမြဲရှိပေမယ့် မြင်းထိန်းက မရှိဘူးမလား။ အဲ့တော့ ကျွန်တော်ကပဲ ခင်ဗျားအတွက် မြင်းထိန်းလုပ်ပေးမယ် "
" ဆရာကြီးက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှာ ပူးပေါင်းပါဝင်ပြီး ဥက္ကဌလျုံဖုန်းဟိုင်နဲ့ အတူတူ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ဖန်တီးဖို့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ် "
သွမ့်ရှစ်ကျင်း သူ့ကို သံသယအကြည့်ဖြင့် ကြည့်နေဆဲဖြစ်သည်။
" မင်း ငါ့ကို ဒီအတွက် တကယ် ရှင်ခိုင်းတာလား "
ယဲ့ဖန် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
" ဟန်ရှုန်ယွမ်လို အမှိုက်ပုံထဲမှာ ဆရာကြီး သွမ့်ရဲ့ အရည်အချင်းတွေကို ဖယ်ခံထားရတာ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ပါဘူဒ "
သွမ့်ရှစ်ကျင်း၏ အမူအရာသည် အကြိမ်အနည်းငယ် ပြောင်းလဲသွားသည်။
" ငါ သဘောမတူရင် မင်းငါ့ကို သတ်မှာလား "
ယဲ့ဖန် ချက်ချင်း သူ့ဆီ လျှောက်လာခဲ့သည်။
" ဆရာကြီးသွမ့်မှာ တခြားအစီအစဥ်တွေရှိရင် လွတ်လွတ်လပ်လပ် ထွက်သွားလိုက်ပါ။ ခင်ဗျားကို တားမှာ မဟုတ်ဘူး "
သွမ့်ရှစ်ကျင်းသည် အချိန်မဖြုန်းဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
လျုံဖုန်းဟိုင်နှင့် အခြားလူများက သူ့လမ်းကို ချက်ချင်း ပိတ်ဆို့လိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ သူ့ကို ဒီအတိုင်း ထားလို့မရဘူး "
သွမ့်ရှစ်ကျင်းသည် လိမ္မာပါးနပ်သူဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။
ယခုအခါ သူသည် သူတို့နှင့် ရန်ငြိုးရှိထားသောကြောင့် လွှတ်ပေးလိုက်လျှင် နောင်အခါ၌ လျှို့ဝှက်အန္တရာယ် ဖြစ်လာနိုင်သည်။
သို့သော် ယဲ့ဖန်က သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
" သူ့ကိုလွှတ်လိုက်ပါ "
လျုံဖုန်းဟိုင်နှင့် တခြားသူများက ယဲ့ဖန်၏ ခိုင်မာသော သဘောထားကို မြင်ပြီး ကူကယ်ရာမဲ့စွာ လွှတ်ပေးလိုက်ကြသည်။
သွမ့်ရှစ်ကျင်းသည် ချက်ချင်း ရင်ကော့လျက် ထွက်သွားလေသည်။
လျုံဖုန်းဟိုင်နှင့် အခြားလူများသည် သွမ့်ရှစ်ကျင်း ခြံဝင်းထဲမှ ထွက်သွားသည်ကို ကြည့်ပြီး ခေါင်းယမ်းကာ သက်ပြင်းချကြသည်။
ယဲ့လူကြီးမင်းက တကယ် စိတ်ထားနူးညံ့သိမ်မွေ့တာပဲ။
ကျားကို ဒီအတိုင်း တောင်ပေါ်ပြန်လွှတ်လိုက်ရင် နောင်အနာဂတ်မှာ ပြဿနာကြီး ဖြစ်လာမှာ သေချာတယ်။
ယဲ့ဖန်မှာတော့ သူတို့အတွေးများကို ဂရုမစိုက်ချေ။
အခင်းဖြစ်ပွားရာနေရာအား ရှင်းလင်းရန် လူတိုင်းကို ချက်ချင်း ညွှန်ကြားလိုက်သည်။
ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းတို့သည်လည်း ဆက်မနေကြတော့ချေ။
ယဲ့ဖန်ကို နှုတ်ဆက်ပြီး ထွက်သွားကြသည်။
အားလုံး အလုပ်ရှုပ်နေကြစဉ် သွမ့်ရှစ်ကျင်းသည် ယဲ့ဖန်ဆီသို့ ပြန်လာခဲ့သည်။
ရှုပ်ထွေးသောအကြည့်ဖြင့် ယဲ့ဖန်ကိုကြည့်နေသည်။
" မင်း ငါ့ကို ဒီအတိုင်းထားမှာလား။ ငါမင်းကို လက်စားချေမှာ မကြောက်ဘူးလား "
မူလက ယဲ့ဖန်သည် ရူးနေသော လူဆိုးတစ်ယောက်ဖြစ်သည်ဟုသာ သူ ထင်ခဲ့သည်။
ယဲ့ဖန်မှ သူ့အား လွှတ်လိုက်မည်ဟု ပြောလိုက်သော်လည်း သူ့အား တိတ်တဆိတ်လိုက်ဖမ်းရန် လူလွှတ်လိုက်မည်ဟု သေချာနေခဲ့သည်။
သို့သော် သူသည် အဝေးသို့ လျှောက်သွားနေပြီဖြစ်သော်လည်း မည်သူမျှ သူ့နောက်ကို လိုက်မလာပေ။
ထိုသည်က သူ့ကို နားမလည်နိုင်အောင် ဖြစ်စေခဲ့သည်။
ဒီကလေးက သူ့ကို အထင်သေးတာ ဖြစ်နိုင်နေမလား။
သူ့ဖြစ်တည်မှုက အန္တရာယ်မရှိဘူးလို့ သူ ထင်နေတာလား။
သူသည် စိတ်ရှုပ်နေလျက် ပြန်လျှောက်သွားခဲ့သည်။
ယဲ့ဖန်သည် သူ့စကားကြောင့် ချက်ချင်း သဘောကျသွားသည်။
" ခင်ဗျား ကျွန်တော့်ကို လက်စားချေချင်ရင် ကျွန်တော်ကို မျက်ကန်းတစ်ယောက်လို သဘောထားပြီး လူမှားကို ရွေးမိတယ်ပဲ မှတ်လိုက်ပေါ့ "
သွမ့်ရှစ်ကျင်း သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" ဘာကိုဆိုလိုတာလဲ "
ယဲ့ဖန်၏ အကြည့်များသည် ရိုးသားမှုအပြည့် ရှိနေသည်။
" ဆရာကြီးသွမ့်က ဟန်ရှုန်ယွမ်ရဲ့ အဖေကို ကတိပေးခဲ့တဲ့အတွက် ဟန်ရှုန်ယွမ်ကို ကူညီပေးခဲ့တယ်။ ကတိတစ်ခုက ရွှေတစ်ထောင်တန်တယ်တဲ့။ တကယ်တော့ သူ့လိုလူက ခင်ဗျားရဲ့ သစ္စာစောင့်သိမှုနဲ့ မထိုက်တန်ပါဘူး "
" ဒီနေ့ အဖြစ်အပျက်တွေ ပြီးတာတောင် ခင်ဗျား သူ့ကို သစ္စာရှိချင်သေးရင် ခင်ဗျားက တော်တော်ကို မိုက်မဲတဲ့သူပဲ ဖြစ်ရမယ်"
" အဲ့လို မိုက်မဲတဲ့လူက ကျွန်တော့်ကို ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်မှာလဲ "
သွမ့်ရှစ်ကျင်းသည် ယဲ့ဖန်ကို တည့်တန်းစွာ ကြည့်နေသည်။
သူ့မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု လင်းလက်လာပုံရသည်။
မသိသည့်သူများက ယဲ့ဖန်အပေါ် တခြားသည့် အတွေးများ ရှိနေသည်ဟု ထင်ကြလိမ့်မည်။
" ငါ့ကို အထင်ကြီးပြီး တွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း။ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ Securityမှာ ပါဝင်ပြီး မင်းအတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိပါတယ် "
သွမ့်ရှစ်ကျင်းသည် သူ့အကြည့်ကို ရုတ်လိုက်ပြီး ယဲ့ဖန်ကို ဦးညွှတ်လိုက်သည်။
သူ၏ သဘောထားသည် အလွန်ရိုးသားနေသည်။
ယဲ့ဖန်မှ သူ့ကို ထရန် ချက်ချင်း ကူညီပေးလိုက်သည်။
ထို့နောက် ခေါင်းကို မော့လိုက်ပြီး ကျယ်လောင်စွာ ရယ်လေသည်။
" ဆရာကြီးသွမ့်က ကျွန်တော်တို့နဲ့ ပူးပေါင်းတာက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ Securityအတွက် အတောင်ပံပါတဲ့ ကျားတစ်ကောင်လို ဖြစ်စေသလိုပါပဲ "
သွမ့်ရှစ်ကျင်း၏ ထပ်တိုး ပူးပေါင်းမှုနှင့်အတူ လောင်းကစားမြို့၌ ယဲ့ဖန်၏ အစီအစဉ်များသည် နောက်ဆုံးချို့ယွင်းချက်အတွက် ပြင်ဆင်နိုင်ခဲ့သည်ဟု ယူဆနိုင်သည်။
သူသည် လောင်းကစားမြို့၌ အကြာကြီးနေမည် မဟုတ်သည်မှာ သေချာသည်။
အားကန်ကို ဖမ်းမိသည်နှင့် သူသည် ယန်းချန်မြို့သို့ ပြန်သွားရမည်။
လျုံဖုန်းဟိုင်၏ သစ္စာစောင့်သိမှုအတွက် စိတ်ပူစရာ မလိုချေ။
ထို့အပြင် သူသည် သစ္စာရှိလေသည်။
အခြေအနေ အလုံးစုံကိုလည်း တည်ငြိမ်အောင် ထိန်းထားနိုင်သူ ဖြစ်သည်။
သို့သော် သူသည် နည်းဗျူဟာပိုင်း၌ အားနည်းနေသည်။
ယခုအခါ သူ့တွင် အသုံးဝင်သော ဗျူဟာမြောက်ပညာရှင် သွမ့်ရှစ်ကျင်း ရှိနေသောကြောင့် ယဲ့ဖန်၏ နောက်ဆုံးဆန္ဒကို ဖြည့်နိုင်သွားသည်။
ယခုအခါ မနက်ဖြန်တွင် လောင်းကစားဘုရင်ပြိုင်ပွဲ စတင်ရန်ကိုသာ စောင့်ဆိုင်းပြီး ပိုက်ကွန်ကို ပိတ်ဖမ်းနိုင်မည်ဖြစ်သည်။
'အားကန်၊ ခင်ဗျား ကျုပ်ကို စိတ်ပျက်အောင် မလုပ်ဘူးလို့တော့ မျှော်လင့်တယ်'
အပိုင်း ( ၉၈၇ )
မင်း အထင်လွဲတာ။ အဲ့တာ မင်းထင်တာ မဟုတ်ဘူး။
ယဲ့ဖန် ဟိုတယ်ပြန်ရောက်သည့်အခါ ၁၀ နာရီ ထိုးနေပြီ ဖြစ်သည်။
သို့သော် ချန်းဖေးအယ်သည် အခန်းထဲ၌ ရှိမနေချေ။
ထို့အပြင် ယဲ့ဖန်သည် သူမကို ဖုန်းဆက်မေးရန် ပျင်းလွန်းလှသည်။
သူမ၏ ခွန်အားဖြင့် ဘေးကင်းမှုအတွက် စိတ်ပူစရာ မလိုပေ။
အခု ယဲ့ဖန်၌ ပိုအရေးကြီးသည့် လုပ်စရာများ ရှိနေသည်။
ယနေ့ ဟာတိုယိုမနှင့် တိုက်ခိုက်သောအခါ တစ်ဖက်သူ၏ လျှို့ဝှက်လက်နက်ကြောင့် ထိသွားခဲ့ရသည်။
လျှို့ဝှက်လက်နက်ရှိ အဆိပ်သည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်သော်လည်း ဒဏ်ရာအား အမြန်ဆုံး ကုသရန် လိုအပ်နေသေးသည်။
မဟုတ်ပါက သူ၏ ချောမောသော မျက်နှာပေါ်၌ အမာရွတ် ကျန်သွားနိုင်သည်။
ထိုသည်က အနည်းငယ် အပြစ်အနာအဆာဖြစ်သွားပေမည်။
ထို့ကြောင့် အမာရွတ်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားရန် ဆေးကို ဖော်စပ်ရသည်။
ချန်းဖေးအယ်ကိုလည်း သူမ၏ အမာရွတ်များကို ဖယ်ရှားပေးမည်ဟု ကတိပေးထားခဲ့သည်။
ထို့အတွက်ကြောင့် သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဤဒေသရှိ ဆေးပင်များကို ရှာဖွေနေခဲ့သည်။
တိုက်ဆိုင်စွာပင် သူသည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ Security၏ ပုံစံတူသစ်တောထဲမှ ဆေးရွက်အချို့ကို တွေ့ရှိခဲ့သည်။
မူလက ချန်းဖေးအယ်အတွက် လိမ်းဆေးလုပ်ပေးရန် ကြံခဲ့သည်။
သို့သော် သူ့အတွက် အရင် အသုံးဝင်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
သူသည် ဆေးဖက်ဝင်အပင် အနည်းငယ်ကို ထုတ်ကာ ဆေးဖော်ရန် ရေချိုးခန်းထဲသို့ ပြေးသွားခဲ့သည်။
လိမ်းဆေးပြုလုပ်ရန် ကိရိယာများ မရှိခြင်းကြောင့် ဆေးရွက်များကို ချေရန် ရှေးအကျဆုံးနည်းလမ်းကိုသာ အသုံးပြုခဲ့သည်။
ယဲ့ဖန် ဟိုတယ်သို့ အပြန်လမ်းတွင် ပျားရည်တစ်ဘူးကိုဝယ်ပြီး ဆေးဖက်ဝင်အပင်များနှင့် ရောမွှေလိုက်ကာ ဖြူညစ်ညစ် ဆေးအနှစ်များ ရလာသည်။
ကျေနပ်စွာ ခေါင်းညိတ်ပြပြီးနောက် သူ၏ ဒဏ်ရာပေါ်သို့ သုတ်လိမ်းလိုက်သည်။
လိမ်းနေစဉ်အတွင်း ဆေးနှစ် အနည်းငယ်သည် သူ့ဘောင်းဘီပေါ်သို့ မတော်တဆ ကျသွားသည်။
ထို့ကြောင့် သုတ်ရန် တစ်ရှူးအနည်းငယ်ကို အမြန်ဆွဲထုတ်လိုက်သည်။
မသုတ်လိုက်လျှင်ပင် ပို၍ ကောင်းပေလိမ့်မည်။
သို့သော် သူ လိမ်းလိုက်သည့်အချိန်၌ ဆေးအနှစ် ဖြူပျစ်ပျစ် အရည်များသည် သူ့ခြေဖဝါးပေါ်သို့ပင် ကျသွားသေးသည်။
အထူးသဖြင့် သူသည် အနက်ရောင် ဘောင်းဘီရှည်ကို ၀တ်ထားသောကြောင့် ပို၍ပင် သိသာနေသည်။
ထို့ကြောင့် ဘောင်းဘီကို ချွတ်ပြီး ရေဆေးရန်သာ တတ်နိုင်တော့သည်။
သို့သော် သူဘောင်းဘီကို ချွတ်နေချိန် ရေချိုးခန်းတံခါးမှာ ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။
သူ လှမ်းကြည့်လိုက်သည့်အခါ ချန်းဖေးအယ်မှ အဖြူရောင် ပုဝါတစ်ထည်ပတ်ကာ ဝင်လာနေသည်ကို တွေ့လိုက်ရသည်။
ချန်းဖေးအယ်သည် ယဲ့ဖန်၏ လက်ထဲမှ အိမ်သာသုံးစက္ကူနှင့် ဘောင်းဘီပေါ်ရှိ အဖြူရောင်အရည်များကို စိုက်ကြည့်နေသည်။
သူမ၏ ပါးစပ်မှာ ကျယ်လွန်း၍ ပန်းသီးတစ်လုံးပင် ထည့်လို့ရလောက်သည်။
" ကိုယ်ရှင်းပြတာကို နားထောင် ....... "
" အား ...... "
ချန်းဖေးအယ် အော်ဟစ်ပြီး ရေချိုးခန်းတံခါးကို ဆောင့်ပိတ်ကာ အမြန်ပြန်ထွက်သွားခဲ့သည်။
ယဲ့ဖန်၏ အမူအရာမှာ ကြောင်အအ ဖြစ်နေခဲ့သည်။
သူသည် မြစ်ဝါမြစ်ထဲ ခုန်ဆင်းသွားလျှဗင်ပင် သူ့နာမည်ကို ရှင်းနိုင်မည် မဟုတ်တော့ချေ။
သူ့ဘောင်းဘီကို အမြန်ဆွဲတင်ပြီး ဆေးအနှစ်များနှင့်အတူ ထွက်လာခဲ့သည်။
ချန်းဖေးအယ်သည် အိပ်ရာပေါ်သို့ တွားသွားနေပြီ ဖြစ်သည်။
ထို့နောက် သူမ ခေါင်းကိုလည်း အတင်း ငုံ့ထားလိုက်သည်။
မျက်နှာကိုပြရန်ပင် သူမ အလွန်ရှက်နေပုံရသည်။
ယဲ့ဖန်သည် ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။
" အဲ့တာ .... မင်း အထင်လွဲနေတာ ..... "
" နင် ငါ့ကို ရှင်းပြစရာ မလိုပါဘူး။ ငါ နားလည်ပါတယ် "
ချန်းဖေးအယ်မှ လေးနက်စွာ ပြောလိုက်သည်။
ထိုကောင်လေးသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်၌ မိန်းမများစွာ ပတ်လည် ဝိုင်းခံထားရသည်။
ထို့အပြင် ယဲ့ဖန်သည် လောင်းကစားမြို့၌ ရောက်နေသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သည်။
သူ ခံရခက်နေခဲ့တာ ဖြစ်မယ်။
" မင်း ဘာနားလည်တာလဲ။ မင်းထင်သလိုမဟုတ်ဘူး။ အဲ့တာ .... ဆေးတွေကွ "
" ဟုတ်ပြီ၊ ငါ ယုံပါတယ်။ စောစောအိပ်တော့ "
" မအိပ်သေးဘူး၊ ဆေးအရင်လိမ်းပေးမယ် ..... "
" မလိုဘူး၊ မရဘူး၊ မလိမ်းဘူး၊ နင့်ဆေးကို နင့်ဘာသာ သိမ်းထားသင့်တယ် "
" ကိုယ် ..... "
ယဲ့ဖန်သည် အလွန်စိတ်ဓာတ်ကျကာ သွေးအန်ချင်လာသည်။
သူ အမြန်လျှောက်လာပြီး စောင်ကို လှမ်းဆွဲလိုက်သည်။
" တကယ်ပြောတာ။ ဒါက အမာရွတ်တွေကို ဖယ်ရှားပေးတဲ့ ဆေးပဲ "
ချန်းဖေးအယ်သည် စောင်ကို အမြန်ပြန်ဆွဲလိုက်ပြီး သူမကိုယ်သူမ ဖုံးအုပ်ကာ ခေါင်းသေးသေးလေးကိုသာ ဖွင့်ဟထားလိုက်သည်။
နီရဲသောမျက်နှာဖြင့် သူ့ကို ကြည့်နေသည်။
" မလိမ်ပါနဲ့။ ငါနားမလည်ရင်တောင် အဲ့တာဘာလဲဆိုတာ ငါသိတယ် ..... "
ယဲ့ဖန်သည် ပါးစပ်မှ သွေးများ ထွက်လုမတတ် ဖြစ်လာသည်။
သူ့မျက်နှာကို အမြန်ညွှန်ပြလိုက်သည်။
" ဒါကို မင်းမြင်လား။ ကိုယ် ကိုယ်တိုင် သုံးပြီးပြီ။ မင်း ဘာကိုကြောက်နေတာလဲ "
ချန်းဖေးအယ်သည် နောက်ဆုတ်သွားပြီး ရွံနေဟန်ရှိသည်။
" နင် တော်တော် ရွံစရာကောင်းတာပဲ။ .... နင် ... နင့်မျက်နှာပေါ်ကို အဲ့တာတွေကို လိမ်းထားတာလား "
ယဲ့ဖန်သည် လုံးဝ စကားမပြောနိုင် ဖြစ်သွားရသည်။
" ကိုယ် အဓိပ္ပါယ်မရှိတဲ့ စကားတွေ မပြောချင်တော့ဘူး။ ဒါက အမာရွတ်တွေကို ပျောက်စေတဲ့ နတ်ဆေးပဲ။ ပိုက်ဆံရှိရင်တောင် ဘယ်သူမှ မဝယ်နိုင်ဘူး "
" ကိုယ် မင်းကို အခွင့်အရေးပေးခဲ့တယ်။ မင်း လိမ်းချင်လိမ်း၊ မလိမ်းချင်မေ "
ထိုသို့ဖြင့် ဆေးကို ကုတင်ဘေးရှိ စားပွဲပေါ်သို့ တင်ပြီး လှည့်ထွက်သွားသည်။
ချန်းဖေးအယ် တုံ့ဆိုင်းသွားသည်။
သူမသည် အိပ်မက်ထဲမှာပင် သူမခန္ဓာကိုယ်ပေါ်မှ အမာရွတ်ဟောင်းများကို ဖယ်ရှားပစ်ချင်သည်မှာ သေချာလေသည်။
သို့သော် ထိုဆေးက ဆိုးလွန်းသည်။
" ဒီဆေးက တကယ်ထိရောက်တာလား "
ခဏကြာပြီးနောက် သူမ ပျော့ညံ့စွာ မေးလိုက်သည်။
ယဲ့ဖန်သည် လျစ်လျူရှုကာ ဆိုဖာပေါ်တွင်သာ မှီနေပြီး ဖုန်းကို ဆော့ကစားနေသည်။
ချန်းဖေးအယ်သည် ပန်းကန်သေးသေးလေးအညး တုံ့ဆိုင်းစွာ ယူပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် အနံ့ခံကြည့်သည်။
တရုတ်ဆေးနံ့ သင်းနေသည်မှာ အမှန်ပင် ဖြစ်သည်။
တကယ်ပဲ ဆေးဖြစ်နေပါ့မလား။
ဒါဆို ..... သူ့ကို ထပ်ယုံရမှာလား။
နောက်ထပ် မိနစ်အနည်းငယ်ကြာသည်အထိ သူမ တုံ့ဆိုင်းနေသည်။
နောက်ဆုံးတွင် အမာရွတ်အား ဖယ်ရှားနိုင်သည့် သွေးဆောင်မှုကို သူမ သည်းမခံနိုင်ခဲ့ချေ။
ဝမ်းဗိုက်အောက်ပိုင်းရှိ အမာရွတ်ကို လိမ်းရန် ကြိုးစားလိုက်သည်။
အေးအေးလေးဖြင့် လိမ်းရတာ ကောင်းလေသည်။
ထိုသို့ ကောင်းမွန်သော စတင်မှုနှင့်အတူ သူမအတွက် စိုးရိမ်စရာ သိပ်မရှိတော့ပေ။
သူမ၏ ပုခုံးနှင့် ခြေထောက်များမှ အမာရွတ်များကို လိမ်းလိုက်ပြီးနောက် သူမအတွက် ခက်ခဲသည့် ပြဿနာတစ်ခုကို ကြုံတွေ့လိုက်ရသည်။
သူမ၏ အမာရွတ်အများစုသည် နောက်ကျောတွင် ရှိကာ လက်လှမ်းမမီနိုင်ပေ။
ဆိုဖာပေါ်ရှိ ယဲ့ဖန်ကို ကြည့်ပြီးနောက် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
" ယဲ့ ..... ယဲ့ဖန်၊ နင် ..... ငါ့ကို ကူညီပေးနိုင်မလား "
ယဲ့ဖန် သူမကို မော့ကြည့်လိုက်သည်။
" ဘာကူညီပေးရမှာလဲ "
ချန်းဖေးအယ်၏ မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းဖြစ်နေသည့် အရိပ်အယောင် ပေါ်လာသည်။
" အဲ့တာက ..... ငါ့နောက်ကျောက အမာရွတ်တွေ … ငါ မမီနိုင်ဘူး ....... "
ယဲ့ဖန်မှ လှောင်ပြောင်လိုက်သည်။
" မင်းပဲ ကိုယ့် ဆေးကို အထင်သေးထားတာ မဟုတ်ဘူးလား "
ချန်းဖေးအယ်သည် ယဲ့ဖန်မှ အညှာကိုင်နေသေးသည်ကို မြင်ပြီး တိတ်တဆိတ် မုန်းတီးမိသည်။
သို့သော်လည်း ချော့မော့ရန် အစွမ်းကုန်ကြိုးစားနေဆဲဖြစ်သည်။
" အခုနက ငါ့အမှားမလို့ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကူညီပေးပါ "
ယဲ့ဖန်သည် သူ့ခြေထောက်များကို ချိတ်ထိုင်လိုက်သည်။
" ကိုယ် မင်းကို ကူညီနိုင်ပေမယ့် မင်း ကိုယ့်ကို တစ်ခုခု အရင်ခေါ်ရမယ် "
ချန်းဖေးအယ် မျက်မှောင်ကြုတ်လိုက်သည်။
" ဘာခေါ်ရမှာလဲ၊ သူရဲကောင်းကြီးလို့လား "
ယဲ့ဖန် သူ့မျက်လုံးများကို မတတ်နိုင်ဘဲ ဝေ့လိုက်သည်။
"မင်းက တကယ်ကို စာအုပ်ကြီးအတိုင်းသွားတဲ့ မိန်းမပဲ။ ဘယ်လို ချစ်စရာကောင်းအောင် လုပ်ရမလဲ မသိဘူးလား "
ချန်းဖေးအယ် စိတ်ရှုပ်သောအမူအရာဖြင့် သူ့ကို ကြည့်နေသည်။
" အရင်ကလည်း မလုပ်ဖူးဘူး။ မလုပ်ဘူး "
ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
" မသိရင် လာလေ့လာလို့က ရပါတယ်။ ကိုကိုလို့ခေါ် "
သူသည် မိန်းကလေးတစ်ယောက်၏ ညုတုတုလေသံကို တမင်တကာ အတုယူပြောခဲ့သည်။
ချန်းဖေးအယ် ရုတ်တရက် တုန်လှုပ်သွားပြီး ညှို့ငင်နေသည့် အကြည့်ကို မြင်လိုက်ရသည်။
" ငါ … မလုပ်နိုင်ဘူး "
" ဒါဆို မေ့လိုက်တော့။ မင်းကိုယ်တိုင် လိမ်းဖို့ နည်းလမ်းကို မင်း စဉ်းစားလို့ရတယ် "
" ငါ ..... ဘာလို့ မခေါ်နိုင်ရမှာလဲ ကိုကြီး "
" ခံစားချက်လေး ထည့်လို့မရဘူးလား "
" ကိုကြီးလို့ ~~ "
" မင်းက ခေါင်းလောင်းကြီးမလို့လား။ အဲ့လောက် အသံမကျယ်နဲ့လေ "
" အစ်ကိုကြီး…”
" မင်းခေါ်နေပုံက ကိုယ်နဲ့ ညီအစ်ကိုတွေ သွေးသစ္စာ ကျိန်ဆိုချင်နေသလိုပဲ။ အဲ့တာကို မေ့လိုက်တော့။ ကိုယ့်ကို ယောက်ျားလို့ ခေါ် "
" သေလိုက်လေ "
" .......... "
အပိုင်း ( ၉၈၈ )
မင်းက ဘယ်လိုကလူ၏မြှူ၏လုပ်ရမလဲဆိုတာသိတာပဲ။
ယဲ့ဖန်လည်း ချန်းဖေးအယ် အား ခက်ခဲအောင်လုပ်မနေတော့ပေ။
သူမသူ့ကိုဒီလိုလာမြှူဆွယ်နေတာထက် အပြင်ထွက်ခိုင်းပြီး လူအနည်းငယ်သာ သတ်ခိုင်းလိုက်ချင်တော့သည်။
“လှဲလိုက်”
ထို့နောက် လိမ်းဆေးအဆီကိုယူလိုက်ကာ သူမထံတန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။
“ကျွန်မ… အာ မလိုပါဘူး”
ချန်းဖေးအယ် တစ်ယောက် သူနှင့်အကြည့်ချင်းဆုံသွားပြီး နောက်ပြန်ဆုတ်သွားသည်။
ယဲ့ဖန်ကိုလိမ်းဆေးလိမ်းခိုင်းလျှင် သူမနောက်ကျောတစ်ခုလုံးကိုလှစ်ဟပြရမှာပင်။
“ဘာပဲဖြစ်ဖြစ်၊ မင်းသေချာဂရုတစိုက် စဉ်းစားသင့်တယ်။ အခုနေသာ လိမ်းဆေးလိမ်းလိုက်ရင် မနက်ဖြန်မနက်လောက်ဆို သက်သာနေလောက်ပြီ။ ဒါပေမယ့် မလိမ်းဘူးဆိုရင်တော့…”
ယဲ့ဖန် ထိုအထိသာပြောကာ လှည့်ထွက်လာလိုက်သည်။
“ခဏလေးပါ”
ချန်းဖေးအယ် အမြန်ပင် သူ့လက်ကောက်ဝတ်အားလှမ်းဆွဲလိုက်သည်။
“ရှင်… ရှင်လိမ်းပေးပါ”
ထိုသို့ပြောပြီး သူမတစ်ဖက်လှည့်ကာ အိပ်ရာပေါ်၌လှဲလိုက်သည်။
ယဲ့ဖန် နှုတ်ခမ်းတွေကိုတင်းတင်းစေ့လိုက်ကာ လက်ဆန့်ရင်း သူမခန္ဓာထက်ရှိတဘက်ကို ဖယ်လိုက်တော့ သူမ၏ချောမွေ့သော နောက်ကျောပြင်ပေါ်လာခဲ့သည်။
“ရှင်… ရှင်မကြည့်နဲ့နော်”
ချန်းဖေးအယ် အမြန်ပင် လက်ဆန့်ထုတ်ကာ သူမနောက်ကျောကိုကာဟန်ပြင်လာသည်။
“မကြည့်ပဲနဲ့ဘယ်လိုလိမ်းပေးရမှာလဲ။ စိတ်မပူပါနဲ့၊ ကိုယ်နောက်ကျောတွေ အများကြီးမြင်ဖူးတယ်။ မင်းနောက်ကျောက တော်တော်လေးရုပ်ဆိုးတယ်၊ ကိုယ်လည်း မကြည့်ချင်ပါဘူး။”
ယဲ့ဖန် ထိုသို့ငြီးငြူပြောဆိုရင်း သူမလက်ကိုဖယ်လိုက်သည်။
သူ့ပါးစပ်ကထိုသို့ပြောနေပေမယ့် သူ့နှလုံးကတော့ တဒိတ်ဒိတ်ခုန်နေလေသည်။
Cheng Fei'er ၏ အသားအရေမှာ လှပလေသည်။ သူမဟာတစ်နှစ်ပတ်လုံး အားကစားလိုက်စားတတ်သူဖြစ်တာကြောင့် သူမအသားအရေဟာ အဆင့်မြင့်ကောက်ရိုး စက္ကူကဲ့သို့ တင်းရင်းနေလေသည်။
ထို ‘အဖြူရောင်စက္ကူ’ လေးထံ၌ အမာရွတ်များဖြင့်ဖြစ်သွားလျှင် နှမြောစရာပင်။
ထိုအမာရွတ်များမှတစ်ဆင့် ချန်းဖေးအယ် တစ်ယောက် ဒီလိုအခြေအနေရောက်လာဖို့ မည်မျှကြမ်းတမ်းပြင်းထန်သည့် လေ့ကျင့်ရေးမျိုးကိုဖြတ်သန်းခဲ့ရသည်ကို သိနိုင်သည်။
သူအမြန်ပင်ထိုအတွေးများကိုဖယ်ထုတ်လိုက်ကာ သူမနောက်ကျောထက်သို့ လိမ်းဆေးအဆီကို နည်းနည်းစီလိမ်းပေးနေလိုက်သည်။
အေးမြသည့်လိမ်းဆေး သူမနောက်ကျောပေါ် ကျရောက်လာသည့်အခါ ချန်းဖေးအယ် တစ်ယောက်မသိစိတ်အလျောက် ညည်းလိုက်မိရင်းရှက်သွေးဖြာသွားရသည်။
“အစ်မကြီး၊ ကိုယ့်ကိုယ်ကိုရော ထိန်းချုပ်နိုင်ရဲ့လားဗျ။ မင်းက ကိုယ်လိမ်းဆေးလိမ်းပေးနေတာကို စိတ်လှုပ်ရှားနေတာလား”
ယဲ့ဖန်မထိန်းနိုင်ပဲစနောက်လိုက်မိသည်။
ချန်းဖေးအယ် မှာအလွန်ပင်ရှက်နေသည် ဖြစ်ကာ သူထိုသို့ပြောလိုက်သည်နှင့် သူမပိုလို့ပင် ရှက်သွားရသည်။
ထို့ကြောင့်အံတင်းတင်းကြိတ်ကာ ဘာအသံမှမထွက်စေရန်ကြိုးစားလိုက်သည်။
ယဲ့ဖန် အမြန်ပင်ဆေးလိမ်းပေးလိုက်ကာ တဘက်ကိုအောက်နည်းနည်းလျှောချလိုက်သည်။
“အောက်ဘက်ကိုရောလိမ်းပေးရဦးမလား”
သို့သော် ချန်းဖေးအယ် အမြန်ပင် သူမတဘက်ဖြင့်ကာကာ ထရပ်လိုက်ရင်း ယဲ့ဖန်အားမုန်းတီးစွာ စိုက်ကြည့်လာ၏။
“ရှင်လူရမ်းကားလိုထပ်လုပ်ပြန်ပြီ”
ယဲ့ဖန် အပြစ်ကင်းစင်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။
“ကိုယ်ကကူညီပေးမလို့မေးတာလေ၊ မင်းဘာသာမင်းလိမ်းရင်မမှီမှာစိုးလို့ ကိုယ်ကကူပေးမလို့ပါ။ အဲ့တာကို ဘယ်ကဘယ်လို လူရမ်းကားဖြစ်သွားရတာလဲ။”
ချန်းဖေးအယ် တစ်ယောက် လိမ်းဆေးကို ဒေါသတကြီးဆွဲလုလိုက်သည်။
“ရတယ်မလိုဘူး၊ ကျွန်မဘာသာလုပ်မယ်”
ယဲ့ဖန်တစ်ယောက် မထိန်းနိုင်ပဲ မျက်လုံးလှိမ့်လိုက်မိသည်။
“မင်းက တံတားကူးပြီးမှဖျက်ချချင်နေတာပဲ။ အစောကကျတော့ အစ်ကိုကြီးတွေဘာတွေနဲ့ လာတောင်းဆိုနေပြီးတော့ အခုကျတော့ ကိုယ့်ကိုဆန့်ကျင်နေပြီပေါ့”
ချန်းဖေးအယ် သူ့ကိုပြန်စိုက်ကြည့်လာ၏။
“ဒါဆို တံတားဖြတ်ပြီးမှ မီးရှို့လိုက်ရင်ရော”
ယဲ့ဖန် ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။
“မေ့လိုက်ပါတော့၊ လူဆိုးတစ်ယောက်နဲ့ တွေ့လိုက်ရတယ်ပဲသဘောထားလိုက်တော့မယ်”
ထိုသို့ပြောကာ သူဆိုဖာဘက်ပြန်လှည့်သွားတော့သည်။
ချန်းဖေးအယ် ပြုံးလိုက်ရင်း သူမခန္ဓာကိုယ်ထက်ရှိ အမာရွတ်များကိုကြည့်ကာ မနက်ဖြန်ကို တိတ်တဆိတ်စောင့်မျှော်နေမိသည်။
………………..
“အစ်မကြီး၊ မြန်မြန်လေးလုပ်လို့မရဘူးလား”
နောက်တစ်နေ့မနက်အစောပိုင်း၌ ယဲ့ဖန် သူမကို ရေချိုးခန်းတံခါးအပြင်ဘက်မှ အလောတကြီးလှမ်းအော်နေသည်။
သူထိုနေရာ၌ရပ်စောင့်နေသည်မှာ တစ်နာရီနီးပါးပင်ရှိနေပြီဖြစ်သည်။
ဒီနေ့ဟာ လောင်းကစားဘုရင်ပြိုင်ပွဲနေ့ဖြစ်၏။
မနက်ကိုးနာရီမတိုင်ခင် ပြိုင်ပွဲဝင်များအားလုံး ပွဲကျင်းပရာနေရာသို့ စာရင်းပေးပို့ရမည်ဖြစ်သည်။
မဟုတ်လျှင် ပြိုင်ပွဲမဝင်ပါဟု စာရင်းအမှတ်ခံရမည်ဖြစ်သည်။
သို့သော်ငြား အနှီမိန်းကလေးမှာ ရေချိုးခန်းကိုအပိုင်စီးထားပြီး သူ့ကို ဝင်ခွင့်မပေးချေ။
နောက်ထပ်ဆယ်မိနစ်ခန့်စောင့်ပြီးနောက် နောက်ဆုံး၌ ချန်းဖေးအယ် တစ်ယောက် အပြုံးတစ်ပွင့်နှင့်ထွက်လာသည်။
“ယဲ့ဖန်၊ ရှင့်ဆေးကတော်တော်စွမ်းတာပဲ”
သူမရေချိုးခန်းထဲ၌ သူမကိုယ်သူမပြန်ကြည့်လိုက်ရာ သူမခန္ဓာကိုယ်ပေါ်ရှိအမာရွတ်အတော်များများ မှိန်သွားသည်ကိုမြင်လိုက်ရသည်။
သေချာကြည့်မှမြင်နိုင်မည့် အမာရွတ် အသေးစားလေးတွေသာကျန်တော့သည်။
ထိုအချက်ကပင် ယဲ့ဖန်၏လိမ်းဆေးမှာ အလွန်အစွမ်းထက်ကြောင်း သက်သေပြနေသည်။
အစောကအထဲမှာရှိနေစဉ်ကဆို သူမစိတ်လှုပ်ရှားလွန်း၍ ငိုမိတော့မလိုပင် ဖြစ်နေခဲ့တာဖြစ်သည်။
ဘယ်မိန်းကလေးက အလှအပမကြိုက်မှာလဲ။
အထူးသဖြင့်သူမလိုအသက်အရွယ်ရှိသည့် မိန်းမငယ်လေးတစ်ယောက်ပင်။
“တကယ်လား၊ ဒါဆိုကိုယ့်ကိုအဝတ်တွေချွတ်ပြပါဦး ကြည့်ကြည့်ရအောင်”
သူမပြောသည်ကိုကြားပြီးနောက် ယဲ့ဖန်သူမကို ထိတွေ့ချင်လာ၏။
“ရှင်… ရှင် နှာဗူးကောင်”
ချန်းဖေးအယ် ၏မျက်နှာမှာနီရဲလာကာ ယဲ့ဖန်အားအပြစ်ပြောလာ၏။
ယဲ့ဖန်သူမအားဗလာကျင်းစွာစိုက်ကြည့်လိုက်မိသည်။
“ဒီတော့ မင်းကဘယ်လိုကလူ၏မြှူ၏လုပ်ရမလဲဆိုတာ သိနေတာလား”
ထိုအခါမှသာ ချန်းဖေးအယ် တုံ့ပြန်နိုင်တော့သည်။
သူမ၏အစောကလေသံမှာ ချစ်သူကောင်လေးအား ကလူ၏မြှူ၏လုပ်နေသယောင် ဖြစ်သွားခဲ့တာပင်။
သူမ လုံခြုံရေးအဖွဲ့ထဲရောက်ကတည်းက အလွန်ပြင်းထန်သည့်လေ့ကျင့်ရေးတွေ ဆင်းခဲ့ရတာဖြစ်သည်။
သူမက မိန်းကလေးဖြစ်နေလို့ဆိုပြီး ဘယ်သူမှအလျှော့မပေးခဲ့ပေ။
မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ တန်းတူသာဆက်ဆံကြသည်။
အချိန်တွေကြာလာတော့ သူမကိုယ်သူမပင် မိန်းကလေးတစ်ယောက်ဆိုတာ မေ့လုနီးနီးဖြစ်သွားတော့သည်။
ယနေ့မှသာ ယဲ့ဖန်ကြောင့် သူမ၏မိန်းကလေးဆန်သောအကျင့်ဟာ တစ်ဖန်ပြန်လည်လှုံ့ဆော်ခံလိုက်ရသည်။
“မင်းကိုယ်မင်းမိန်းကလေးဆိုတာကို မယုံရဲသေးဘူးလား”
ယဲ့ဖန် သူမ၏မျက်နှာထားကိုမြင်တော့ မထိန်းနိုင်ပဲရယ်လိုက်မိသည်။
“သေလိုက်ပါလား”
ချန်းဖေးအယ် ယဲ့ဖန်အားစိုက်ကြည့်ကာ ရှက်ရွံ့စွာထွက်ပြေးသွားတော့သည်။
ယဲ့ဖန်လည်း သူမကိုဆက်စမနေတော့ပေ။
သူတစ်ဖက်သို့လှည့်ကာ ရေချိုးခန်းထဲဝင်လိုက်သည်။
ရေချိုးသန့်စင်ကာ အဝတ်အစားများလဲပြီးနောက် အောက်ထပ်ဆင်းကာမနက်စာစားပြီး ပွဲကျင်းပရာနေရာသို့ တစ်ဟုန်ထိုးအသော့နှင်လာခဲ့ကြသည်။
လောင်းကစားဘုရင်ပြိုင်ပွဲမှာ အပေါ်စီးသင်္ဘောတစ်စင်းပေါ်၌ ကျင်းပတာဖြစ်သည်။
အပျော်စီးသင်္ဘောမှာငါးထပ်မြင့်ကာ အလွန်ကျယ်ပုံပေါ်သည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ် တို့ရောက်သွားချိန်၌ ထိုနေရာတွင်လူများဖြင့် ပြည့်ကျပ်နေပြီဖြစ်သည်။
ဤပြိုင်ပွဲဟာ ပြင်ပလူများလည်းဝင်ရောက်နိုင်ရန် လက်မှတ်များပြင်ဆင်ထားလေသည်။
ထိုဧည့်သည်များဟာတော့ လက်မှတ်ကိုသုံးပြီး သင်္ဘောထဲ၌ လည်ပတ်ကြည့်ရှုနိုင်သည်။
သို့သော် အများစုဟာတော့ အပြင်က ဖန်သားပြင်ကျယ်ပေါ်ကနေတစ်ဆင့်သာ ကြည့်ရှုနိုင်လေသည်။
မသမာနည်းများကိုကာကွယ်ရန်အတွက် ထုတ်လွှင့်မှုဟာတော့ ငါးမိနစ်နောက်ကျလေသည်။
ယဲ့ဖန်မှာ ဟုန်မိသားစုအား သူ့အတွက် စာရင်းသွင်းပေးခိုင်းထားသည်ဖြစ်ရာ သူ့နာမည်ကိုထုတ်ပြောလိုက်ရန်သာလိုသည်။ ထိုအခါ ပွဲစီစဉ်သူကအတည်ပြုပြီးသည်နှင့် နံပါတ်ကတ်ပြားတစ်ခုနှင့် မျက်နှာဖုံးတစ်ခုကို ပေးလာလိမ့်မည်။
လူအများစုဟာပြိုင်ပွဲ၌ မျက်နှာမပြချင်ကြသဖြင့် ပွဲစီစဉ်သူများမှာ ပြိုင်ပွဲဝင်တိုင်းအတွက် မျက်နှာဖုံးတစ်ခုစီ စီစဉ်ပေးထားလေသည်။
ပြိုင်ပွဲဝင်များအနေဖြင့် ဝတ်ချင်လည်းရသလို မဝတ်ချင်လည်း ရပါ၏။
ယဲ့ဖန် ခဏလောက်တွေးတောကာ မျက်နှာဖုံးဝတ်ဆင်လိုက်သည်။
အားကန် သူ့မျက်နှာကိုမှတ်မိသွားနိုင်သည်။
သူ့ကိုခြောက်လွှတ်လိုက်လို့မဖြစ်သေးပေ။
ချန်းဖေးအယ် ဟာတော့ ယဲ့ဖန်ကြောင့် ကုန်းပတ်ပေါ်၌ပွဲကြည့်နိုင်သည်။
ဖန်သားပြင်ပေါ်၌ပြသပါသော်လည်း VIP ကဲ့သို့သော အထူးထိုင်ခုံများနှင့် အစားအသောက်များကိုပြင်ဆင်ပေးထားသည့် နေရာလည်းရှိသည်။
ယခုအခိုက်အတန့်တွင်တော့ ကုန်းပတ်ပေါ်၌ လူအပြည့်ဖြစ်နေသည်။
ကစားသမားအများစုမှာ မျက်နှာဖုံးတပ်ဆင်ထားကြတာကြောင့် ယဲ့ဖန်အား အားကန် ရှာတွေ့ဖို့ ခဲယဉ်းနိုင်သည်။
သူဘယ်ကစရမလဲဟုတွေးနေချိန်မှာပဲ စားပွဲထိုးဟုထင်ရသောလူတစ်ယောက်မှာ ဆန့်ကျင်ဘက်အရပ်ကနေ သူ့ထံလျှောက်လှမ်းလာသည်။
“ယဲ့လူကြီးမင်း၊ ဟုန်လူကြီးမင်းက ကျွန်တော့်ကို ဒါလေးပေးခိုင်းလိုက်လို့ပါ”
စားပွဲထိုးကထိုသို့ပြောရင်း သူ့ကိုစာရွက်တစ်ထပ်ကမ်းပေးလာ၏။
၎င်းမှာ ပြိုင်ပွဲဝင်အားလုံး၏ အချက်အလက်တွေပင်။
သူပြုံးလိုက်၏။
“ဟုန်လူကြီးမင်းကို ကျေးဇူးပါပဲလို့ ပြောပေးပါ”
စားပွဲထိုးလေးမှာ အခြားသူများ၏အာရုံကို ဆွဲဆောင်မိမည်စိုး၍ အမြန်ပင်ထွက်သွားသည်။
ယဲ့ဖန်လည်း ဤအချက်အလက်တွေကို လူကြားထဲ၌တော့မကြည့်ပါ။
ဤအချက်အလက်တွေက ထိပ်တန်းလျှို့ဝှက်ချက်တွေဟုပင် ပြောနိုင်သည်။
ဟုန်းရှောင်ထျန်း သူ့ကိုဒီအချက်အလက်တွေပေးလိုက်တာဟာ ကြီးမားသည့်ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်တာဖြစ်နေပြီပင်။
ဒီကိစ္စသာပေါက်ကြားသွားပါက ဟုန်မိသားစုဟာ လူအားလုံး၏အပြစ်တင်စရာ ပစ်မှတ်တစ်ခုဖြစ်လာနိုင်သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ဟုန်းရှောင်ထျန်း သူ့ကို အတော်လေးယုံကြည်သေးသည်ကိုသိနိုင်သည်။
ဒီတော့ သူ့ဘက်ကလည်း တစ်ဖက်လူ၏ယုံကြည်မှုကို မဖျက်ဆီးသင့်ပေ။