← Chapters

အပိုင်း ၉၈၉-၉၉၂

Vol. 50 Ch. 989-992

အပိုင်း ၉၈၉-၉၉၂

Vol. 50 Ch. 989-992

အပိုင်း ( ၉၈၉ )

သူက တခြားဝှက်ဖဲများလား။

ယဲ့ဖန်ချက်ချင်းပင် လူတစ်ယောက်ကို တိတ်ဆိတ်သည့်အခန်းတစ်ခန်း ရှာခိုင်းလိုက်သည်။

ပြိုင်ပွဲဝင်တိုင်းအနားယူရန် အခန်းတစ်ခန်းစီ ပြင်ဆင်ထားပေးတာဖြစ်သည်။ ထိုအခန်းထဲဝင်ရန် နံပါတ်ပြားရှိရန်သာ လိုအပ်သည်။

သတင်းအချက်အလက်များမှာ လွန်စွာတိကျ၏။

အမည်၊ အသက်၊ ပြိုင်ပွဲဝင်များ၏ဇာတိအပြင် ထိုလူများ ကျွမ်းကျင်သည့်နယ်ပယ်များကိုပါ အသေးစိတ်ဖော်ပြထားသေးသည်။

ပြိုင်ပွဲဝင်များမှာ အယောက်သုံးရာကျော်၏။

ယဲ့ဖန်၏စာဖတ်နှုန်းမှာအလွန်မြန်သော်လည်း ထိုသုံးရာကျော်စာရွက်တွေကိုဖတ်ရန် တစ်နာရီကျော်တောင်ကြာသွားသည်။

ထို့နောက် သူပိုက်စိပ်တိုက်ရှာရင်း စစ်ဆေးကြည့်လိုက်သည်။

ပထမဆုံး မိန်းကလေးတွေကို အရင်ပယ်နိုင်မည်။

ပြီးမှဖြေးဖြေးချင်း အရပ်နှင့် ခန္ဓာကိုယ်အချိုးအစားကိုပယ်လိုက်သည်။

အဆုံး၌ သံသယရှိသူ ငါးဆယ်မျှသာ ကျန်တော့သည်။

ထပ်ပေါင်းပြောရလျှင် ပြိုင်ပွဲဝင်အများစုမှာ မျက်နှာဖုံးများတပ်ဆင်ထားကြရာ အားကန် လို သူခိုးဘုရင်ကိုရှာရန် အလွန်ခဲယဉ်းလှသည်။

ရှာနေရင်းနှင့်ခေါင်းကိုက်လာရသည့်အပြင် ချောင်ဝမ်းဟွေ့ ကလည်း သတင်းဆိုးတစ်ခုကို သယ်ဆောင်လာသေးသည်။

“ဖန်းလူကြီးမင်း၊ တောင်းပန်ပါတယ်။ လူကြီးမင်းကျွန်တော့်ကိုပေးလိုက်တဲ့မစ်ရှင် ကျရှုံးသွားပါတယ်”

ယဲ့ဖန် ထိုလူအား သူ့ဆရာ အားကန် ကို စောင့်ကြည့်ခိုင်းထားခဲ့တာပင်။

အားကန် ထွက်လာရင် သူထွက်လာသည့်အချိန်နှင့် ဝတ်ထားသည့် အဝတ်အစားတို့ကို လှမ်းပြောခိုင်းခဲ့တာ ဖြစ်သည်။

ယခုသူပြောပုံအရဆို ထိုသည်အား ကျရှုံးသွားပုံရသည်။

“ဘာဖြစ်ခဲ့တာလဲ”

ယဲ့ဖန်၏အသံမှာအလွန်မှုန်မှိုင်းနေ၏။

“မနက်တုန်းက သခင်ကြီးက ကျွန်တော့်ကို မနက်စာသွားဝယ်ခိုင်းပါတယ်။ ကျွန်တော်ပြန်လာတော့ သူမရှိတော့ဘူး။ အဲ့တာကြောင့် ဒီနေ့သူဘယ်အချိန်ထွက်သွားလဲနဲ့ ဘာဝတ်သွားလဲဆိုတာကို မကြည့်လိုက်ရပါဘူး။ တောင်းပန်ပါတယ်”

ယဲ့ဖန်၏လက်ထဲ၌ ချောင်ဝမ်းဟွေ့ ၏ အားနည်းချက်ရှိနေသည်ဖြစ်ရာ သူ့အနေနှင့် တစ်ဖက်လူစိတ်ဆိုးဒေါသထွက်သွားမည်ကို အလွန်ကြောက်မိသည်။

ယဲ့ဖန်မှာလည်း အလွန်ဒေါသထွက်သွားကာ ထိုလူအားသေအောင်ရိုက်ပစ်ချင်သွားရသည်။

လူရှာရတာခက်‌ပါတယ်ဆိုမှ အခုတော့ ကောက်ရိုးပုံထဲအပ်ပျောက်ရှာသလိုပင် ဖြစ်သွားရလေပြီ။

“ချောင်ဝမ်းဟွေ့ ၊ မင်းငါ့ကိုလာနောက်နေတာလား။”

“ဖန်းလူကြီးမင်း၊ အဲ့လိုမပြောပါနဲ့။ လူကြီးမင်းမှာသက်သေတွေအကုန်ရှိနေတာကို ကျွန်တော်ကဘယ်လိုလုပ် စနောက်ရဲမှာလဲ။ ဆရာက တမင်သက်သက် ကျွန်တော့်ကိုပထုတ်လိုက်တာဆိုတော့ ကျွန်တော့်မှာလဲရွေးချယ်စရာမရှိလို့ပါ”

“ကျုပ်ကခင်ဗျားကို ဘယ်လိုယုံရမှာလဲ။ ခင်ဗျားကကျုပ်အတွက် အသုံးမဝင်တော့ဘူးဆိုမှတော့ ခင်ဗျားရဲ့ဆရာကိုပဲ သက်သေတွေပေးလိုက်ရတာပေါ့”

“မ၊ မလုပ်ပါနဲ့၊ ဖန်းလူကြီးမင်း၊ ကျွန်.. ကျွန်တော်… ကောင်းပါပြီ၊ ကျွန်တော် သဲလွန်စတစ်ခုပေးပါမယ်”

“ပြောစမ်း”

“ကျွန်တော့်ဆရာက သူ့လက်တွေကို အရမ်းသဘောကျတယ်။ သူ့လက်ကိုထိန်းသိမ်းဖို့အတွက် နေ့တိုင်းနို့ရည်နဲ့စိမ်လေ့ရှိတယ်၊ အဲ့တာကြောင့် ဆရာ့လက်တွေက ကလေးလက်လေးတွေလိုပဲ…”

ထိုသဲလွန်စကိုကြားတော့ ယဲ့ဖန်မျက်လုံးတွေ တောက်ပသွားရသည်။

သူ့မျက်နှာမှာမျက်နှာဖုံးတပ်ထားရင်တောင်လက်ကိုတော့ကာနိုင်မှာမဟုတ်ပေ။

လက်အိတ်တွေဘာတွေတော့ စွပ်မလာလောက်ဘူးမလား?

ချောင်ဝမ်းဟွေ့ မှာ အနည်းငယ်စိတ်လှုပ်ရှားနေဆဲပင်။

“ဖန်းလူကြီးမင်း၊ သဲလွန်စကို စိတ်ကျေနပ်ရဲ့လား။ အဲ့ဗီဒီယိုတွေကို ဆရာ့ကိုမပေးပါနဲ့ဗျာ၊ တောင်းပန်ပါတယ်…”

ယဲ့ဖန် စိတ်ထဲ၌ကျိန်ဆဲလိုက်မိသည်။ ‘မင်းဆရာကိုသာငါရှာနိုင်မှတော့ မင်းကို ဘာကိစ္စနဲ့အဖတ်လုပ်ပြီး စကားပြောနေရဦးမှာတုန်း’

“ကောင်းပြီ၊ ငါနားလည်ပြီ”

ထို့နောက် သူဖုန်းချလိုက်သည်။

အချိန်ဟာ ဆယ်နာရီထိုးလုပင်ဖြစ်နေပြီဖြစ်ရာ မကြာခင်ပွဲစတော့မှာပင်။

စားပွဲထိုးလေးတစ်ယောက်ရောက်လာကာ သူ့ကိုထွက်ခွာရန်ဆော်ဩလာ၏။

ယဲ့ဖန်ချက်ချင်းပင် စာရွက်စာတမ်းများကို ဖြဲလိုက်ကာပြတင်းပေါက်မှတစ်ဆင့် ပင်လယ်ထဲသို့ပစ်ချလိုက်သည်။

သူခန်းမ၏ပထမထပ်ကိုရောက်ချိန်၌ လူများပင်ပြည့်နေပြီဖြစ်သည်။

သူတို့ထဲကတစ်ဝက်လောက်မှာ မျက်နှာဖုံးများတပ်ဆင်ထားကြ၏။

ယဲ့ဖန်လှည့်ပတ်ကြည့်လိုက်သော်လည်း မည်သည့်သံသယဖြစ်စရာလူမှမရှာတွေ့ချေ။

သို့သော် သူလူအုပ်ထဲ၌ ဟုန်းကျားကျွန်းကို မြင်လိုက်ရသည်။ အနှီလူမှာ ကျော့နေအောင် မီးကြွေတိုက်ထားသော အနက်ရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားလေသည်။

သူ့မျက်နှာထက်၌ မျက်နှာဖုံးဝတ်ဆင်မထားပဲ ခါတိုင်းလိုမောက်မာနေဟန်အပြည့်ဖြင့်ပင်။

သူ့ထံ၌လည်း ထိုကဲ့သို့မောက်မာနိုင်ခွင့် အပြည့်အဝရှိသည်။

ဘယ်သူမှသူ့ကဲ့သို့ လောင်းကစားဘုရင်ရာထူးကို နှစ်ကြိမ်ဆက်တိုက်မရနိုင်ပေ။

သို့သော်ငြား ယဲ့ဖန်ကိုမြင်ချိန်၌ ချက်ချင်းဆိုသလို ထောင်လွှားနေမှုများကို ရုပ်သိမ်းကာ ဖော်ရွေစွာနှုတ်ဆက်လာ၏။

“ယဲ့… ဟယ်လို၊ ဖန်းလူကြီးမင်း”

ထိုခဏမှာပင်လူတိုင်း ယဲ့ဖန်အား စူးစမ်းစွာကြည့်လာကြသည်။ သူတို့၏မျက်လုံးများထဲ၌ ရှုပ်ထွေးမှုများဖြင့်ပြည့်နေ၏။

ဟုန်းကျားကျွန်းဆိုသောလူက အမြဲထောင်လွှားနေတတ်တာပင်။

သူကလူတိုင်းအပေါ်ထောင်လွှားနေတတ်သည်ဖြစ်ရာ ယခုကျမှဘာကြောင့် ဒီလူငယ်လေးကိုလေးစားပြနေရတာလဲ။

သူကတခြားဝှက်ဖဲများလား။

ကံကောင်းစွာနှင့် ယဲ့ဖန်ဟာ ထိုကဲ့သို့မြင်ကွင်းမျိုးကို ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးပြီဖြစ်သည်။

လူအများထံမှစိုက်ကြည့်ခံနေရပါသော်လည်း ရှက်ရွံ့မသွားပေ။

ထို့ကြောင့်နေရာ၌သာ အေးဆေးရပ်နေ၏။

ကံကောင်းစွာနှင့် ထိုအချိန်မှာပဲ ဟုန်းရှောင်ထျန်း ရောက်လာခဲ့သည်။

ရှောင်ချန်ချင်း နှင့် ပွဲစီစဉ်သူများလည်း သူနဲ့အတူလိုက်ဝင်လာ၏။

သူတို့အားလုံးဟာ လောင်းကစားမြို့တော်၌ ကျော်ကြားကြသူများပင်။

“လောင်းကစားဘုရင်ပြိုင်ပွဲကနေ ကြိုဆိုလိုက်ပါတယ်… ကျွန်တော်ကတော့ ဟုန်းရှောင်ထျန်း ပါ၊ ဒီပြိုင်ပွဲရဲ့စီစဉ်သူ တစ်ယောက်ပါ”

ဟုန်းရှောင်ထျန်း ဟာ ထိုလူများထဲ၌ ရာထူးအကြီးဆုံးလူဖြစ်သဖြင့် အရင်ဆုံးစကားစပြောရလေသည်။

ပရိသတ်များထံမှ လက်ခုပ်သံများတစ်ခဲနက် ပေါ်ပေါက်လာ၏။

လူတိုင်းသူ့ကိုအလွန်လေးစားကြသည်မှာ သိသာလွန်းလှသည်။

ဟုန်းရှောင်ထျန်း ဟာလည်း အခြားသူများ၏ အချိန်ကိုထပ်ဖြုန်းမနေတော့ပေ။

အားပေးစကားအနည်းငယ်ပြောပြီးနောက် စင်ပေါ်မှဆင်းသွားတော့သည်။

ရှောင်ချန်ချင်း နှင့်အခြားသူများ စကားအနည်းငယ်ပြောပြီးနောက် အစီအစဉ်မှူးဖြစ်သူ စင်ပေါ်တက်လာကာ စည်းမျဉ်းတွေအကြောင်းရှင်းပြလာသည်။

ပထမဆုံးပွဲစဉ်မှာ အံစာပစ်ဂိမ်းဖြစ်ပြီး လူတိုင်းအတွက်အလကားပင်။

ဤတစ်ကြိမ်၌ပြိုင်ပွဲဝင်အယောက် သုံးရာကျော်ရှိရာ တစ်ယောက်ချင်းစီတိုင်းမှာ ယွမ်တစ်သိန်းတန်‌ေကြးရှိ တိုကင်ပြားများ ပေးအပ်ခြင်းခံရသည်။

အဆုံး၌ပိုက်ဆံအများဆုံးကျန်သည့် 64 ယောက်သာ နောက်တစ်ချီသို့ ဆက်ကစားခွင့်ရနိုင်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်အများစုမှာ အံစာပစ်ရာ၌မတော်တာကြောင့် ချက်ချင်းပင်စိတ်ပျက်သွားကြသည်။

တစ်ချို့က ပိုကာကစားရာ၌တော်ပြီး တစ်ချို့က Pai Gow ၌တော်ကြသည်။ တစ်ချို့ကတော့ မာကျောက်ကစားရာ၌တော်ကြသည်။

သူတို့အတွက်တော့ အံစာကစားရတာက မမျှတပေ။

သို့သော်ငြား ဤသည်မှာပြိုင်ပွဲစည်းမျဉ်းပင် ဖြစ်သည်။

သူတို့လိုက်နာရမည်သာပင်။

ထို့အပြင် လောင်းကစားဘုရင်မှာ ထိုအရာများအားလုံး၌အသန်မာဆုံးဖြစ်သည့် လူကိုရွေးချယ်မှာဖြစ်သည်။

ဥပမာပြောရလျှင် ဟုန်းကျားကျွန်းဟာ ပိုကာ၌ရော အံစာပစ်ရာ၌ရော အလွန်အားသာသည်။

တစ်နေရာထဲသာအားသာသူဟာတော့ သေချာပေါက်အဖြုတ်ခံရမည်ဖြစ်သည်။

“ပထမအချီကို တစ်နာရီအတွင်းမှာစပါမယ်”

အစီအစဉ်မှူးမှာပြောစရာရှိတာပြောပြီးနောက် စင်ပေါ်ကဆင်းသွားသည်။

ဝန်ထမ်းများဟာတော့ ပြိုင်ပွဲနေရာကိုပြင်ဆင်ပြီးဖြစ်သည်။

ဟောခန်းမထဲ၌ လောင်းကစားဝိုင်း သုံးဆယ်ကျော်လောက်ဖြင့် အပြည့်ဖြစ်သွားသည်။

ပြိုင်ပွဲဝင်များမှာ လောင်းကစားဝိုင်း၌ဝင်ထိုင်ရန် မစောင့်နိုင်တော့ပေ။

တစ်ချို့ဆိုလျှင် ရန်ဖြစ်လုနီးပါးပင်ဖြစ်နေသည်။

ထိုသည်ကိုယဲ့ဖန်မြင်တော့ ခေါင်းယမ်းကာ အသာပြုံးလိုက်မိသည်။

ထိုလူတွေဘာတွေးနေလဲဆိုတာ သူမသိပေ။

အရင်ကစားရတိုင်းနိုင်မှာမလို့လား။

ပိုတောင်ရှုံးနိုင်ချေများသေးတာမလား။

အပိုင်း ( ၉၉၀ )

လောင်းကစားမြို့ကို မွှေနှောက်နေသူ

ယဲ့ဖန်သည် အလောင်းအစားဝိုင်းထဲသို့ ဝင်ရန် အလျင်စလို မလုပ်ပေ။

သူသည် ခန်းမထဲတွင် လှည့်လည်သွားလာနေသေးသည်။

လူတိုင်းသည် လောင်းကစားခန်းမထဲသို့ ဝင်ရန် ပြေးလွှားနေကြချိန် ယဲ့ဖန်၏ ပုံရိပ်က အထူးတလည် မျက်စိကျစေသည်။

ပွဲကြည့်စင်၌ ထိုင်နေသည့် ဟုန်းရှောင်ထျန်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မတတ်နိုင်ဘဲ ခါးသက်စွာ ပြုံးမိသည်။

ဒီယဲ့လူကြီးမင်းက ရိုးရိုးသာမန်လမ်းကို မလိုက်ဘူးလား။

ပွဲစီစဉ်သူတစ်ဦးသည် ယဲ့ဖန်၏ အမူအရာကို မြင်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

" ဟုန်းလူကြီးမင်း၊ ဒီလူကို သိလား "

ဟုန်းရှောင်ထျန်း မငြင်းဘဲ ခေါင်းညိတ်ပြလိုက်သည်။

" ကျွန်တော် သူနဲ့ နှစ်ကြိမ်တွေ့ဖူးပါတယ်။ သူက အရမ်းအားကောင်းတဲ့ လူသစ်တစ်ယောက်ပဲ "

အခြားပွဲစီစဉ်သူများက အံ့သြသွားကြသည်။

သူတို့သည် ယဲ့ဖန်ကို ပြန်ကြည့်လိုက်ကြသည်။

ဟုန်းရှောင်ထျန်းသည် အမြဲတစ္ဆေ မြင့်မားသော စံနှုန်းများ ရှိသူဖြစ်သည်။

မဟုတ်ပါက သူသည် ဟုန်းကျားကျွန်းကဲ့သို့ လောင်းကစားဘုရင်ကို ပြုစုပျိုးထောင်နိုင်မည် မဟုတ်ပေ။

ထိုလူမှ ခွန်အား မဆိုးဘူးဟု ပြောသည့်အတွက် ထိုလူငယ်လေးသည် အမှန်တကယ် သန်မာသူဖြစ်ကြောင်း သက်သေပြနေသည်။

ထိုအချိန်တွင် ရှောင်ချန်ချင်းမှလည်း ခေါင်းညိတ်လိုက်သည်။

" အရင်က ဒီလူငယ်လေးကို နှစ်ကြိမ်တွေ့ဖူးတယ်။ သူက အရမ်းသန်မာတယ်။ ဒီနှစ်လောင်းကစားဘုရင်ပြိုင်ပွဲက အကြိတ်အနယ်ဖြစ်မှာကိုတောင် ကြောက်ရတယ် "

လူတိုင်းမှ ပိုလို့ပင် အံ့သြသွားကြသည်။

အကယ်၍ ဟုန်းရှောင်ထျန်းမှ ထိုလူငယ်လေးကို ချီးကျူးခဲ့လျှင် သူသည် ယဉ်ကျေးခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် အခုအချိန်၌ ရှောင်ချန်ချင်းကပါ ထိုလူငယ်လေးကို ချီးကျူးနေသည်။

ရှောင်ချန်ချင်းသည် ဟုန်းရှောင်ထျန်း ထက် ပို၍ ရက်စက်တတ်သူ ဖြစ်သည်။

ထိုကဲ့သို့လူမှ ထိုလူငယ်လေးသည် လောင်းကစားဘုရင်ဘွဲ့အတွက် ယှဉ်ပြိုင်နိုင်သည့် အရည်အချင်းရှိသူဟု ပြောလာသည်။

ဒီလူငယ် ပညာရှင်လေးက လောင်းကစားမြို့မှာ ဘယ်အချိန်က ပေါ်လာတာလဲ။

သူတို့ထဲမှ အနည်းငယ်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ယဲ့ဖန်ကို မျှော်လင့်ခြင်းများစွာဖြင့် ကြည့်နေကြသည်။

ခဏကြာ စကားစမြည်ပြောပြီးနောက် တစ်စုံတစ်ယောက်သည် မနေ့ညမှ ဖြစ်ပျက်ခဲ့သော ဟန်မိသားစု၏ အဖြစ်အပျက်များအကြောင်းကို ရုတ်တရက် စကားလမ်းကြောင်းပြောင်းလိုက်သည်။

" စကားမစပ်၊ မင်းတို့ ကြားမိကြလား။ မနေ့ညကပဲ ဟန်မိသားစု တစ်ခုလုံး ပြိုပျက်သွားပြီ။ တစ်မိသားစုလုံး ကောင်းကောင်း အဆုံးမသတ်ခဲ့ကြဘူးတဲ့ "

ထိုလူမှ ဦးဆောင်ပြောလာပြီးနောက် အခြားသူများ၏ အမူအရာများလည်း ပြောင်းလဲသွားကာ ထိုအကြောင်းကို စကားစမြည်ပြောဆိုကြသည်။

" အိပ်နေတုန်း သူငယ်ချင်းဟောင်းတစ်ယောက်ဆီက ဖုန်းဝင်လာတာ။ အဲ့အကြောင်းကို သူပြောပြပြီးတော့ တစ်ညလုံး ဆက်အိပ်လို့တောင် မရဘူး "

" ဟန်မိသားစုက ကျွန်တော်တို့ လောင်းကစားမြို့မှာရှိတဲ့ ထိပ်တန်းမိသားစုငါးစုထဲက တစ်ခုပဲ။ သူတို့က ဘယ်သူတွေကိုများ စော်ကားမိခဲ့လို့လဲ။ သူတို့ တကယ်ပဲ အဲ့လို အဆုံးသတ်သွားတာလား "

" မင်းမသိသေးဘူးလား။ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီက လုပ်တယ်လို့ ကြားထားတယ် "

" လျုံဖုန်းဟိုင်လား။ ဘယ်လိုမှမဖြစ်ဘူး။ဂဒီလူက လောင်းကစားမြို့တော်မှာရှိတဲ့ အဓိကအင်အားစုတွေရဲ့ ပြဿနာတွေမှာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဖူးဘူး။ ဒီအခါကျမှ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ "

" ဟူး၊ ကြားတာကတော့ ပြည်မကြီးက လူငယ်လေးက ရွှေစွပ်ပြုတ်လုံခြုံရေးကို ဝယ်လိုက်တယ်တဲ့။ ဟန်မိသားစုက ဘယ်လို စော်ကားခဲ့မှန်း မသိပေမယ့် အရိုက်ခံလိုက်ရတယ် "

" ဟန်ရှုန်ယွမ်ရဲ့ ဒုတိယသားက အဲ့ဒီလူငယ်ကို ပြဿနာရှာတော့ ဟိုဘက်က စိတ်ဆိုးပြီး အဲ့ဟန်ဒုတိယသခင်လေးရဲ့ လက်မောင်းကို ဖြတ်လိုက်တာတဲ့။ ဟန်ရှုန်ယွမ်ကလည်း ဒေါသထွက်ပြီး ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ Securityမှာ ပြဿနာရှာဖို့ ကျန်းချုရှိန်းကို လွှတ်လိုက်တယ် "

"ကျန်းချုရှိန်းရဲ့ အဖြစ်က အရမ်းသနားစရာကောင်းတယ်လို့ ငါကြားထားတယ်။ သူ့ကို အကြိမ်ကြိမ်ဖြတ်ခံရပြီး ခွေးစာ ကျွေးခံရတယ်တဲ့ "

" တကယ်လား "

သတင်းကို မသိထားသော လူအနည်းငယ်သည် ထိုစကားကို ကြားသောအခါ အလွန်ကြောက်လန့်သွားကြသည်။

ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းသည် တစ်ယောက်ကို တစ်ယောက် မကြည့်ဘဲ မနေနိုင်ပေ။

မနေ့ည သူတို့နှစ်ယောက် ထိုနေရာသို့ သွားကြစဉ် ကိစ္စများမှာ ပြီးသွားပြီ ဖြစ်သည်။

ထို့ကြောင့် ဖြစ်စဉ်ကို အတိအကျ မသိခဲ့ကြပေ။

ကျန်းချုရှိန်းသည် ဤမျှ ဆိုးရွားသော အခြေအနေကို ကြုံခဲ့ရသည်အား ကြားသိရသောအခါ သူတို့၏ အမူအရာများ ပြောင်းလဲသွားသည်။

နှစ်ယောက်စလုံးသည် လှည့်ပတ်သွားလာနေသော ယဲ့ဖန်ကို ကြည့်လိုက်ကြသည်။

ဒီယဲ့လူကြီးမင်းက တကယ်ကို ရက်စက်တဲ့လူပဲ။

သတင်းအတိအကျသိထားသော လူတစ်ယောက်က သေချာ ရှင်းပြသည်။

" ငါ့သားရဲ့ သူငယ်ချင်း တစ်ယောက်က ကျန်းချုရှိန်းနဲ့ အတူပါသွားတယ်။ လူတစ်ရာကျော်သွားပြီးတော့ ငါးဆယ်ကျော် အကုန်လဲကုန်တာလို့ သူ့ဆီက ကြားထားတယ် "

တခြားသူများလည်း ကြောက်လန့်တကြား ဖြစ်နေကြသည်။

ဒီပြည်မကြီးက လူငယ်လေးက ရက်စက်လွန်းတယ် မဟုတ်လား။

ထိုလူသည် ကြောက်ရွံ့မှုအပြည့်ဖြင့် ပတ်ပတ်လည်ကို လှမ်းကြည့်သည်။

ထို့နောက် အသံကို လျှော့၍ ပြောသည်။

" ပြီးတော့ သူတို့က ဟန်မိသားစုဆီကို အပြေးသွားပြီး လူတစ်ရာနီးပါး အပြင်းအထန် ဒဏ်ရာရခဲ့ကြတယ်။ ဟန်ရှုန်ယွမ်ရဲ့ မိသားစုကို မသက်ညှာပေးခဲ့ဘူး "

ထိုသည်ကို ကြားပြီး ရှောင်ချန်ချင်း သူ့နှာခေါင်းသူ ထိလိုက်မိသည်။

အရင်က ဖြစ်ခဲ့သမျှ အရာအားလုံးကို ယဲ့ဖန်မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဟန်ရှုန်ယွမ်၏ မိသားစုအတွက် ယဲ့ဖန်ကို အပြစ်မတင်နိုင်ချေ။

ထိုသည်ကို သူလုပ်ခဲ့ခြင်းဖြစ်သည်။

ဟန်ရှုန်ယွမ်သည် မနေ့ညက သူ့လက်ချက်ဖြင့် အသတ်ခံခဲ့ရသည်။

အမျိုးသမီးနှင့် ကလေးများကိုမူ လက်အောက်ငယ်သားများမှ သူတို့နှင့် လွှတ်ထားပေးရန် တောင်းဆိုခဲ့ကြသည်။

ထို့ကြောင့် ရလဒ်အတိအကျကိုတော့ သူ မသိချေ။ အခြားအသေးစိတ်အချက်အလက်များကိုလည်း မသိခဲ့ပေ။

ထိုသတင်းကို ကြားပြီးနောက် ပြန်လည် ဆွေးနွေးကြတော့သည်။

" ပြည်မကြီးက ဒီလူငယ်လေးရဲ့ နာမည်က ဘာတဲ့လဲ။ ဒါက သိပ်ရက်စက်တာပဲ မဟုတ်လား "

" သူ့ကို ယဲ့ဖန်လို့ ခေါ်မယ်ထင်တယ်။ သူက ယန်းချန်မြို့မှာ အရမ်းနာမည်ကြီးတယ်လို့လည်း ကြားတယ်။ မြစ်ကို ဖြတ်ကူးလာတဲ့ နဂါးပဲ ဖြစ်ရမယ် "

" ဟန်မိသားစုက ဒီတစ်ကြိမ်တော့ သံပြားကို တကယ်ကန်မိခဲ့တာပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အပေါ်ပိုင်းကို ကောင်းကောင်း တက်လာနိုင်ပေမယ့် အခုတော့ ဒုက္ခရောက်ကုန်ပြီ "

" ငါတို့ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီရဲ့ လူတွေကို စော်ကားလို့ မရဘူးလို့ ငါပြောဖူးပြီးသားပဲ။ ဒီလူတွေက စစ်မြေပြင်ကို တကယ်ရောက်ဖူးကြတယ်။ ငါတို့က သူတို့ကို အရမ်းတွန်းအားပေးရင် သူတို့က ဘာမဆို လုပ်လိမ့်မယ် "

" ဒီယဲ့လူကြီးမင်းက ဒီလိုမျိုး ထင်ရှားတဲ့ပုံစံနဲ့ လောင်းကစားမြို့ထဲကို ဝင်လာတာက လောင်းကစားမြို့တော်ကို အပြောင်းအလဲအကြီးကြီး ဖြစ်စေမယ်လို့ ထင်တယ် "

" တိုတိုပြောရရင် ငါတို့မိသားစုတွေကို သတိပေးထားရမယ်။ ဒီယဲ့လူကြီးမင်းကို မစော်ကားမိစေနဲ့။ အဲ့တာဆို ကိုယ့်ကိုယ်ကိုယ် ဒုက္ခတွင်းထဲ မရောက်စေရဘူး "

" ဟုတ်တယ်၊ သတိထားရမယ် ...... "

အရင်က မတွေ့ဖူးကြသော်လည်း ထိုယဲ့လူကြီးမင်းကို လူတိုင်း ထိတ်လန့်သွားကြသည်။

သူတို့၏ အမူအရာများမှာ သိပ်မကောင်းကြတော့ချေ။

ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

လောင်းကစားဝိုင်းထဲ၌ လှည့်ပတ်နေသော လူငယ်လေးသည် မျက်တောင်မခတ်ဘဲ လူသတ်ပစ်ခဲ့သော နတ်ဆိုးကြီး ဖြစ်နေသည်ကို သူတို့သိပါက ဤကဲ့သို့ ငြိမ်ငြိမ်ထိုင်နေနိုင်တော့မည်လားဟု တွေးမိသည်။

ယဲ့ဖန်သည် သူ၏ သရုပ်မှန်ကို မဖော်ချင်၏ ပြိုင်ပွဲတွင် ပါဝင်ရန် 'ဖန်ယဲ့' ဟူသောအမည်ကို အသုံးပြုထားသည်။

ထို့ကြောင့် သူတို့နှစ်ဦးသည်လည်း သဘာဝအတိုင်း ပြောကြမည် မဟုတ်ပေ။

အားလုံးသည် ကွင်းထဲသို့ အာရုံပြန်လှည့်သွားကြသည်။

ထိုအချိန်တွင် ပြိုင်ပွဲသည် ဆယ်မိနစ်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။

တိုကင်ပြားများ အားလုံးကို ဆုံးရှုံးခဲ့ပြီး တိုက်ရိုက် ဖယ်ရှားခံခဲ့ရသော ကစားသမားများလည်း ရှိနေပြီဖြစ်သည်။

ယဲ့ဖန်သည် ထိုပါဝင်သူများ၏ လက်များကို စစ်ဆေးနေလျက် ခန်းမအတွင်း လျှောက်သွားနေသည်။

သို့သော်လည်း ယဲ့ဖန်ကို စိတ်ဓာတ်ကျစေသည့်အရာမှာ ထိုလူများသည် သူတို့၏ လက်များကို ကောင်းမွန်စွာ ထိန်းသိမ်းထားပုံရသည်။

သူတို့၏ လက်များမှာ မိန်းကလေးတွေထက်ပင် ပိုလှနေသေးသည်။

သို့သော် ထိုအချက်ကို တွေးကြည့်ပါက နားလည်နိုင်သည်။

ထိုလူများသည် အသက်မွေးဝမ်းကြောင်းပြုရန် သူတို့၏လက်ကို မှီခိုအားထားနေရသောကြောင့် သူတို့ ဂရုတစိုက်ထားမည်မှာ သေချာသည်။

လက်တစ်ဖက်စီကိုပင် အာမခံ ယွမ်ငွေ သန်းပေါင်းများစွာ ထားရှိသော စန္ဒယားပညာရှင် တစ်ဦး ရှိကြောင်းကို သူ ကြားဖူးသည်။

ထိုလောင်းကစားပညာရှင်များသည် ထိုမျှချဲ့ကားခြင်း မဟုတ်သော်လည်း သူတို့သည် သူတို့၏ လက်များကို မြတ်နိုးကြသည်။

ဖြူဖွေးနုဖတ်သော လက်များကြားတွင် အားကန်၏ လက်များကို ရှာတွေ့ရန်မှာ ကောင်းကင်ပေါ်သို့ တက်ရသည်ထက် ခက်ခဲနေသည်။

သူ၏ နောက်ဆုံးမျှော်လင့်ချက်သည် ပျောက်ကွယ်စ ပြုလာသည်။

အားကန်ကို ရှာမတွေ့ဖို့ ဘုရားသခင်က စီစဉ်ထားတာ ဖြစ်နေမလား။

အပိုင်း ( ၉၉၁ )

ရေပန်းအစားဆုံးပြိုင်ပွဲဝင်

တစ်နာရီသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ဆယ်မိနစ်သာ ကျန်သော်လည်း ယဲ့ဖန်သည် ဘာမှ မရသေးချေ။

ယခုအချိန်တွင် ပြိုင်ပွဲဝင်များ၏ တစ်ဝက်နီးပါးသည် သူတို့၏ တိုကင်ပြားများအားလုံးကို ဆုံးရှုံးခဲ့ပြီး အဖယ်ရှားခံခဲ့ရသည်။

ကျန်ကစားသမားများထဲတွင် ဟုန်းကျားကျွန်းသည် တိုကင်ပြားပေါင်း ၁၀သန်းကျော် ရရှိထားပြီးဖြစ်သည်။

ခန်းမနံရံတွင် လျှပ်စစ်ဘုတ်ပြားကြီးတစ်ခု ချိတ်ဆွဲထားပြီး ထိပ်တန်း ပြိုင်ပွဲဝင် ၆၄ ဦး၏ ရလဒ်များကို ပြသထားသည်။

ဘုတ်ပြားပေါ်ရှိ နံပါတ်များသည် အဆက်မပြတ် ပြောင်းလဲနေသည်။

ထိုအဆင့်များ ဝင်ရောက်ပြီးသော်လည်း နောက်ကျ လာသူများထံမှ ထုတ်ပယ်ခံရသည်လည်း ဖြစ်နိုင်သည်။

ပြိုင်ဆိုင်မှုမှာ အတော်လေး ပြင်းထန်နေသည်။

ယခုအချိန်တွင် ပြိုင်ပွဲဝင် ၆၄ဦးမြောက်၏ ရမှတ်မှာ ၁.၂ သန်း ဖြစ်သည်။

ယဲ့ဖန်တွင် ၁သိန်းသာ ရှိသည်။

ထို့အပြင် သူ့၌ ဆယ်မိနစ်သာ အချိန်ကျန်လေတော့သည်။

တစ်နည်းဆိုရသော် ဆယ်မိနစ်အတွင်း သူ့၏ လက်ထဲတွင် တိုကင်ပြားပေါင်း ၁.၂သန်း မကျော်ပါက ဖယ်ရှားခံရမည်ဖြစ်သည်။

ပွဲကြည့်စင်ရှိ ပွဲစီစဉ်သူအားလုံး အံ့ဩသွားကြသည်။

ဟုန်းရှောင်ထျန်းနဲ့ ရှောင်ချန်ချင်းက ပြောတဲ့ စကားအရဆို ဒီလူငယ်လေးရဲ့ အစွမ်းက တော်တော်လေး ကောင်းသင့်တယ်လေ။

ဒါပေမယ့် သူက ဘာလို့ မလှုပ်ရှားသေးတာလဲ။

ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းတို့သည် အကြောင်းရင်းကို သိကြသည်။

ယဲ့ဖန်သည် လောင်းကစားဘုရင်ဘွဲ့ကို ရရှိရန် ပြိုင်ပွဲသို့ ရောက်လာခြင်း မဟုတ်ပေ။

သူသည် အားကန်ကို ရှာရန်အတွက် ရောက်နေခြင်းသာ ဖြစ်သည်။

သို့သော် သူဘာမှ ရှာမတွေ့သေးပုံရသည်။

အချိန်သိပ်မကျန်တော့သည်ကို မြင်လိုက်ရပြီး ယဲ့ဖန်သည် နောက်ဆုံး၌ အလောင်းအစားဝိုင်းထဲသို့ ဝင်သွားတော့သည်။

ယခုအချိန် ခန်းမထဲတွင် လူတစ်ရာခန့်သာ ကျန်တော့သည်။

ထိုင်ခုံများတွင် နေရာလွတ်များစွာ ရှိနေသည်ဖြစ်၍ ကြုံရာနေရာရှာပြီး ထိုင်လိုက်သည်။

ချောက် ချောက် ချောက်

ကိုယ်စားလှယ်သည် အန်စာတုံးခွက်ကို လှပသေသပ်စွာ လှုပ်ခါပြီးနောက် စားပွဲပေါ်သို့ ပြန်ချလိုက်သည်။

" လောင်းကြေးသတ်မှတ်ကါ "

ယဲ့ဖန်သည် တိုကင်ပြားပေါင်း ၁သိန်းလုံးကို 'အကြီး'ဘက်သို့ အကုန် လောင်းချလိုက်သည်။

အခြားသူများကလည်း သူတို့၏ လောင်းကြေးများ ချထားကြသည်။

အန်စာခွက်ကို ဖွင့်သောအခါ အန်စာတုံးသုံးလုံးသည် ၄ မှတ်၊ ၅ မှတ်၊ ၅ မှတ် အသီးသီးရှိနေသည်။

ဂဏန် အကြီး။

ယဲ့ဖန်၏ တိုကင်ပြားများသည် ၂သိန်းသို့ ချက်ချင်း နှစ်ဆတိုးသွားသည်။

အခြားသူများမှာလည်း ဝမ်းသာပြီး ဝမ်းနည်းနေကြသည်။

အနိုင်ရတဲ့သူများမှာ အလွန်ပျော်နေကြပြီး ရှုံးသူများမှာတော့ ဝမ်းနည်းနေကြသည်။

နောက်ထပ်လူအနည်းငယ်သည်လည်း သူတို့၏ တိုကင်ပြားများ အားလုံး ဆုံးရှုံးခဲ့ပြီး ဖယ်ရှားခံခဲ့ရသည်။

ယဲ့ဖန် ခေါင်းကို မော့ပြီး ဟုန်းရှောင်ထျန်းကို ကြည့်လိုက်သည်။

တိုက်ဆိုင်စွာပင် ဟုန်းနှင့် ရှောင် အကြီးအကဲတို့ကလည်း သူ့ကို ကြည့်နေသည်။

သုံးယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဟုန်းရှောင်ထျန်းမှ စီစဉ်ပြီးသားဖြစ်သည်။

ထို ရှုံးသွားသည့် လူများကို လက်ဖက်ရည်သောက်ပြီး ပွဲကြည့်ရန် ဒုတိယထပ်ကို ဖိတ်ခေါ်သွားမည် ဖြစ်သည်။

အဆုံးမသတ်မီအထိ မည်သူမှ ထွက်ခွာသွားမည် မဟုတ်ကြောင်း အာမခံထားခဲ့သည်။

အကယ်၍ တစ်ယောက်ယောက်မှ ထွက်သွားရန် တောင်းဆိုပါက ရှောင်မိသားစုသည် သူတို့ကို တားဆီးသွားမည်ဖြစ်သည်။

သို့သော် အားကန် ကဲ့သို့သော ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် အမှန်တကယ် တွေ့ပါက ရှောင်မိသားစုကပင် မတားနိုင်ချေ။

သို့သော် ယဲ့ဖန် စိုးရိမ်နေစရာ မလိုပေ။

ယဲ့ဖန်သည် တတိယမြောက် ကာကွယ်ရေးတပ်ကို စောင့်ကြပ်ထားပြီး ရွှေစွပ်ပြုတ် လုံခြုံရေးအစောင့်များသည် ပြင်ပရှိ ကွင်းပတ်ပတ်လည်တွင် ယင်ကောင်တစ်ကောင်မျှ ပျံသန်းမသွားစေရန် သေချာစွာ စောင့်ကြပ်ထားသည် ဖြစ်သည်။

ဤကာကွယ်ရေးသုံးမျဉ်းဖြင့် အားကန်သည် ပွဲနေရာသို့ ရောက်လာပြီးပါက အလွယ်တကူ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။

ယဲ့ဖန်သည် သူ့အကြည့်များကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပြီး လောင်းကစားပွဲဆီ ပြန်လှည့်သွားသည်။

နောက်ထပ် နှစ်မိနစ်ကျော် ကုန်သွားပြီး ရှစ်မိနစ်ပင် မကျန်တော့ချေ။

လက်ရှိပွဲတွင် ယဲ့ဖန်သည် တိုကင်ပြား ၂သိန်းဖိုးလုံးကို 'အကြီး'ဘက်တွင် တန်းထည့်ကာ နောက်တစ်ချီ အနိုင်ရခဲ့ပြန်သည်။

တိုကင်ပြား ၄သိန်းဖိုး ချက်ချင်း ဖြစ်လာသည်။

တတိယနှင့် စတုတ္ထအချီတွင် ယဲ့ဖန်သည် ဖဲချပ်များကို ဆက်လက်ကစားပြီး တိုကင်ပြားများကို ဆက်တိုက် နှစ်ဆစီ ထပ်မံတိုးစေခဲ့သည်။

ထိုသို့ဖြင့် ယဲ့ဖန်၏ တိုကင်ပြားများမှာ ၁.၆ သန်း ဖြစ်လာခဲ့သည်။

ထိုအချိန်မှာပင် ပထမပွဲစဉ် ပြိုင်ပွဲအချိန်က ပြီးဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် ယဲ့ဖန်သည် တိုကင်ပြားပေါင်း ၁.၆သန်းဖြင့် အဆင့် ၆၄လေးတွင် ရပ်တည်ခဲ့သည်။

အဆင့် ၆၅ နေရာသို့ တွန်းပို့ခံခဲ့ရသော ကစားသမားသည် သူ၏ လက်ထဲတွင် တိုကင်ပြားပေါင်း ၁.၅၅ သန်းဖိုးရှိသည်။

သူသည် ခြေတစ်လှမ်းသာ ဝေးတော့သည်။

ပွဲစီစဉ်သူများမှာ မတ်တပ်ရပ်ပြီး အချင်းချင်း ထိတ်လန့်တကြား ကြည့်နေကြသည်။

" ဟုန်းလူကြီးမင်းနဲ့ ရှောင်လူကြီးမင်းက ဒီလူငယ်လေးကို အရမ်းသဘောကျနေတာ အံ့သြစရာ မရှိတောြပါဘူး။ သူ့ရဲ့ အင်အားက တကယ် မဆိုးဘူးဘဲ "

" ဟုတ်တယ်။ သူက နောက်ဆုံး ဆယ်မိနစ်မှာတင် တိုက်ခိုက်ပြီး နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာ။ သူ့ရဲ့ ခွန်အားက တကယ်ကို အထင်ကြီးစရာပဲ "

" သူက လောင်းကြေးပွဲစဉ် စုစုပေါင်း လေးခုပဲ ထည့်ပြီး တစ်ခုမှကို မရှုံးခဲ့တော့ သူ့ရဲ့ အောင်မြင်မှုနှုန်းက ၁၀၀%တောင် ရှိတာပဲ။ ပထမ မိနစ်၅၀ကိုသာ မဖြုန်းတီးခဲ့ဘူးဆိုရင် သူ အနိုင်ရမယ့်ငွေက ဘယ်လောက်တောင် ရှိနေမလဲ "

" အံ့သြစရာကောင်းလိုက်တာ ...... "

လူတိုင်းသည် မျိုးစိတ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသလို ယဲ့ဖန်ကို ချီးကျူးနေခဲ့ကြသည်။

သူတို့၏ ယဲ့ဖန်အပေါ် အာရုံစိုက်မှုမှာ ၁၅ သန်းကျော် အနိုင်ရခဲ့သည့် ဟုန်းကျားကျွန်းထက်ပင် ပိုသေးသည်။

ဟုန်းကျားကျွန်းသည် လောင်းကစားဘုရင်ဘွဲ့ကို နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့သူဖြစ်သည်။

ထို့ကြောင့် ထိုရလဒ်မှာ လုံးဝ မျှော်လင့်ထားပြီးသား ဖြစ်သည်။

ထိုအစား သူတို့အတွက် ယဲ့ဖန်သည် ရုတ်တရက် ပေါ်လာသော မြင်းနက်ဖြစ်ပြီး သူ့ကို ပို၍အာရုံစိုက်စေခဲ့သည်။

ရှောင်ချန်ချင်း ပြောခဲ့သလိုပင် ယခုနှစ် လောင်းကစားဘုရင်ဘွဲ့သည် အနည်းငယ် အကြိတ်အနယ် ဖြစ်နိုင်သည်။

အားလုံးသည် ဟုန်းရှောင်ထျန်းကို လှည့်ကြည့်လိုက်ပြီး ဟုန်းကျားကျွန်းအတွက် စိတ်ပူသွားကြသည်။

သို့သော် မမျှော်လင့်ဘဲ ဟုန်းရှောင်ထျန်း၏ မျက်နှာသည် ထိုမြင်းနက်အတွက် ပျော်ရွှင်နေသကဲ့သို့ ဖြစ်နေသော အမူအရာမှာ ထင်ရှားနေသည်။

အဲ့လူငယ်လေးက ဟုန်းမိသားစုမှာ ပါဝင်နေပြီးသားလား။

လူတိုင်း စိတ်ညစ်သွားကြသည်။

သူတို့သည် ပွဲပြီးပါက ယဲ့ဖန်ကို သူတို့ဆီ ဆွဲသွင်းရန် စောင့်နေကြခြင်းဖြစ်သည်။

အခုအခါ မျှော်လင့်ချက်မှာ နည်းပါးသွားတော့သည်။

ပထမအကျော့ ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင် တစ်ဝက်ကျော်ကို ဖယ်ထုတ်ခဲ့သည်။

မူလက လူစည်ကားနေခဲ့သော ခန်းမကြီးသည် ချက်ချင်းပင် အေးစက်ငြိမ်သက်သွားသည်။

နောက်တစ်ဆင့်ကို အောင်မြင်စွာ ဝင်နိုင်ခဲ့ကြသည့် ကစားသမားများ အားလုံးသည် စိတ်အေးလက်အေးဖြင့် စကားစမြည်ပြောနေကြသည်။

လေထုအငွေ့အသက်မှာ အတော်လေး ကာရန်ညီနေသည်။

သို့သော် ယဲ့ဖန်သည် ထိုသာယာသော လေထုထဲမှ ရေလှိုင်းကြီးများကို ခံစားမိသည်။

ပွဲကြေညာသူမှ စင်ပေါ်တက်လာပြန်သည်။

" ပထမဆုံးအနေနဲ့ ပြိုင်ပွဲဒုတိယအကျော့ကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ခြောက်ဆယ့်လေးဦးကို ဂုဏ်ပြုပါတယ် "

" ပြိုင်ပွဲရဲ့ ဒုတိယအကျော့မှာ ကိုယ်ကြိုက်သလို တွဲပြီးကစားတဲ့ နည်းလမ်းကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တစ်ဦးစီက စိန်ခေါ်ချင်တဲ့ ပြိုင်ဘက်ကို ရွေးချယ်နိုင်ပါတယ်။ တစ်ဖက်က စိန်ခေါ်မှုကို လက်ခံရင် သူတို့နှစ်ယောက်က အလိုအလျောက် အလောင်းအစား လုပ်ရမှာပါ "

" ပြိုင်ပွဲရဲ့ အကြောင်းအရာကို ကစားတဲ့နှစ်ယောက်က ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ပြိုင်ပွဲအတွက် အချိန်ကန့်သတ်ချက်က မိနစ်သုံးဆယ်ပဲ ရှိပါတယ်။ အချိန်ပြည့်တဲ့အခါ အနိုင်ရတဲ့သူက အကုန်ယူပါမယ်။ ရှုံးတဲ့သူက ချက်ချင်း ဖယ်ထုတ်ခံရပြီး တိုကင်ပြားတွေကို တစ်ဖက်သူက အလိုအလျောက် ပိုင်ဆိုင်သွားမှာပါ ...... "

စည်းမျဥ်းတွေကို ကြေညာပြီးနောက် လူတော်တော်များများမှ ယဲ့ဖန်အား အမဲဖြတ်လိုသည့် မျက်လုံးများနှင့် ချက်ချင်း ကြည့်လိုက်ကြသည်။

အပိုင်း ( ၉၉၂ )

သူက ကံကောင်းနေရုံလေး မဟုတ်လား

ယခင်ပွဲတွင် နောက်ဆုံးနေရာအဖြစ် ဝင်လာခဲ့သူ ယဲ့ဖန်အား လူများစွာက သဘာဝကျစွာ ငနုံအဖြစ် သတ်မှတ်ချင်ကြသည်။

သူတို့အားလုံးသည် ယဲ့ဖန်ဆီမျိ ငွေညှစ်ယူချင်ကြသည်။

တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည် ပြိုင်ပွဲအတွင်း အကျော်ကြားဆုံးကစားသမား ဖြစ်လာခဲ့သည်။

" သူငယ်ချင်းလေး၊ ဒီအချီမှာ ငါတို့ ပြိုင်ကြရအောင်။ နောက်ဆုံးအချီမှာ ငါက အဆင့် ၅၈ ပဲဆိုတော့ ငါတို့ရဲ့ အားသာချက်တွေက တူညီတဲ့အတွက် ငါတို့ နှစ်ယောက်စလုံးမှာ အနိုင်ရဖို့ အခွင့်အရေးရှိတယ် "

" အဖွဲ့ လုပ်ကြည့်ရအောင်။ ငါ့လက်ထဲမှာ တိုကင်ပြားပေါင်း ၈သန်းကျော် ရှိတယ်။ မင်းအနိုင်ရရင် မင်း လောင်းကစားဘုရင်ဖြစ်ဖို့ အခွင့်အလမ်းကောင်း ရှိတယ် "

" သူတို့စကား နားမထောင်နဲ့။ ငါနဲ့ပဲ အသင်းဖွဲ့ကြရအောင်။ မင်း ဘာပဲလုပ်လုပ် ငါတို့ ကစားမယ် "

" သူငယ်ချင်းလေး မင်း ဘာလို့ ငါနဲ့မပေါင်းတာလဲ ..... "

"........"

သူ့အား စိတ်အားထက်သန်စွာ စိန်ခေါ်နေသည့် လူတိုင်းကို ကြည့်ပြီး ယဲ့ဖန် မတတ်နိုင်ဘဲ သူ့နှာခေါင်းကို ပွတ်သပ်လိုက်မိသည်။

သူက အရမ်းအားနည်းနေတဲ့ပုံ ပေါ်နေလို့လား။

သူ အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း ဒီနေ့ လာရသည့် ရည်ရွယ်ချက်ကို သူ မမေ့သေးချေ။

မျက်နှာဖုံးမတပ်ထားသည့် သူများကလွဲလျှင် အားကန်သည် ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြိုင်ဝံ့မှာ မဟုတ်ချေ။

မျက်နှာဖုံးတပ်ထားသူများထဲတွင်လည်း သူတို့၏ အရပ်နှင့် ခန္ဓာကိုယ်မှာ အားကန် ပုံစံနှင့် အတော်လေး ကွဲပြားလေသည်။

ထို့ကြောင့် တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ပစ်ခဲ့သည်။

အဆုံးတွင် နှာခေါင်းစည်းတပ်ထားသည့် သံသယရှိသူ ငါးဦးကို အရပ်အမြင့်နှင့် ခန္ဓာကိုယ်ပုံသဏ္ဍာန်အရ ခွဲထုတ်လိုက်သည်။

ထိုလူများတွင်လည်း အလွန်ပြေပြစ်သောလက်များ ရှိကြသည်။

ထိုသည်က ယဲ့ဖန်ကို အနည်းငယ် စိတ်ရှုပ်စေသည်။

အမှန်တွင် ယဲ့ဖန်သည် အားကန်အား အရင်က တစ်ခါမှ မမြင်ဖူးသောကြောင့် သူက ဘယ်သူလဲဆိုတာ သေချာ မသိချေ။

အဆုံးတွင် တုံ့ဆိုင်းသွားပြီးနောက် ယဲ့ဖန်သည် တိုကင်ပြားအများဆုံးရှိသည့်သူကို ရွေးလိုက်သည်။

ထိုလူသည် နောက်ဆုံးပွဲ၌ အဆင့်ငါးနေရာမှာ ရပ်တည်ခဲ့ပြီး တိုကင်ပြားပေါင်း ၈ သန်းကျော် ရရှိခဲ့သည်။

ယဲ့ဖန်မှ သူ့ပြိုင်ဘက်ကို အတည်ပြုလိုက်သည့်အခါ လူတိုင်းက သူ့ကို အရူးတစ်ယောက်လို ကြည့်နေကြသည်။

အရှင်းဆုံးပြောရလျှင် အရူးလို့ ထင်သွားကြသည်။

လူများစွာထဲက အသန်မာဆုံးသူကိုမှ ဘာလို့ ရွေးလိုက်တာလဲ။

မြည်းတစ်ကောင်ကောင်ကများ သူ့ခေါင်းကို ကန်သွားတာလား။

အရွေးခံရသော ကစားသမားသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် လက်သီးလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။

လက်ရှိပွဲသည် သူအပိုင်ရမည်ဟု တွေးထင်လိုက်သည်။

ပဉ္စမအဆင့်ရှိသော ကစားသမားနှင့် ခြောက်ဆယ့်လေးဆင့်ရှိ ကစားသမားတို့ကြား တိုက်ပွဲတွင် ရင်ခုန်စရာကောင်းမည် မဟုတ်ချေ။

တခြားသူများမှာတော့ ထိုငနုံဆီမှ စားရမည့် အခွင့်အရေးကောင်း လက်လွှတ်လိုက်ရ၍ ခေါင်းယမ်းပြီး သက်ပြင်းချကြသည်။

တစ်ယောက်ပြီး တစ်ယောက် ထွက်သွားပြီး အခြားရန်သူများကို လိုက်ရှာကြသည်။

ယဲ့ဖန်သည် သူ့ပြိုင်ဘက်ကို ဂရုမစိုက်ဘဲ ပြောဆိုရင်း အခွင့်အရေးယူလိုက်သည်၊

" အားကန် ဒါအကုန်ပဲလား "

တစ်ဖက်ကစားသမားသည် သူ့ကို ခေါ်နေသည်ဟု မထင်ထားချေ။

အချိန်အတော်ကြာပြီး နောက်ဆုံးတွင်မှ သူတုံ့ပြန်လာခဲ့သည်။

" မင်း ငါ့ကို ပြောနေတာလား။ အားကန်ကဘယ်သူလဲ "

ယဲ့ဖန် သူ့တုံ့ပြန်မှုကို ကြည့်လိုက်သည်။

သူက အတုလုပ်နေပုံ မပေါ်ချေ။

လူမှားတာ ဖြစ်နိုင်နေအလား။

" ဘယ်လို ကစားချင်တာလဲ "

ယဲ့ဖန်အား ရူးနေသည်ဟု ထိုလူက မြင်လိုက်သည်။

ထို့ကြောင့် သူက စကားအများကြီး မပြောချင်ပေ။

ပြိုင်ပွဲကို အမြန်စတင်ချင်ခဲ့သည်။

" ခင်ဗျား ဆုံးဖြတ်ပါ "

ယဲ့ဖန် ဒီပွဲထဲ၌ စိတ်မရောက်တော့ချေ။

သူ့ပတ်ဝန်းကျင်ကို တဖန် ပြန်ကြည့်မိသည်။

" ဒါဆို ပြိုင်ကြရအောင်။ တစ်ဝိုင်းကို ယွမ် ၁သိန်းထုတ်ပြီး ဘယ်သူအကြီးဆုံးလဲ ပြိုင်တာက ပိုမြန်တယ် "

ထိုလူက ချက်ချင်း အကြံတစ်ခုပေးလိုက်သည်။

ဤကဲ့သို့ ကစားခြင်းမှာ လောင်းကစားဘုရင်ပြိုင်ပွဲတွင် ကလေးကစားခြင်း ပုံစံဖြစ်နေသည်။

သို့သော် ဤနည်းသည် ပြိုင်ဆိုင်ရန် အမြန်ဆုံးနည်းလမ်း ဖြစ်သည်။

တစ်ချီကို မိနစ်ဝက်ပင် မကြာနိုင်ချေ။

မိနစ်အနည်းငယ်အတွင်း ယဲ့ဖန်၏ တိုကင်ပြားများအားလုံးကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ ခံစားမိသည်။

ယဲ့ဖန်သည် မည်သည့်ကန့်ကွက်မှုမှ မရှိချေ။

နှစ်ယောက်သား လောင်းကစား စားပွဲကို ချက်ချင်း ရှာပြီး ထိုင်လိုက်ကြသည်။

ကိုယ်စားလှယ်သည် မဖွင့်ရသေးသော ဖဲချပ်နှစ်ထုတ်ကို သူတို့နှစ်ဦးထံသို့ ယူဆောင်လာပြီး မွှေပေးလိုက်သည်။

သူသည် စားပွဲပေါ်သို့ ညင်သာစွာ ဖြန့်လိုက်ပြီး သပ်သပ်ရပ်ရပ် ချပေးလိုက်သည်။

သူတို့နှစ်ဦးမှ လောင်းကြေးတင်ပြီးနောက် ထိုလူက ဦးဆောင်ကာ ကတ်အတန်းထဲမှ ကတ်တစ်ကတ်ကို ဆွဲထုတ်လိုက်သည်။

6 မှတ်က သိပ်မမြင့်ချေ။

သူတို့နှစ်ယောက် စည်းမျဥ်းစည်းကမ်းများကို ကြိုပြီး သဘောတူထားကြသည်။

A သည် အသေးငယ်ဆုံးဖြစ်ပြီး 10 သည် အကြီးဆုံးဖြစ်ကာ J၊ Q နှင့် K တို့ကိုလည်း 0 အမှတ်အဖြစ်သာ ရေတွက်နိုင်သည်။

" ချီး "

ကတ်ကို မကျေနပ်သည့် ထိုလူက ချက်ချင်းကျိန်ဆဲလိုက်သည်။

ယဲ့ဖန်သည် အချိန်မဖြုန်းခဲ့ပေ။

သူလည်း ဖဲကတ်တစ်ကတ်ကို ထုတ်လိုက်သည်။

A ♥️ ၊ 1 မှတ်။

အဆိုးဆုံးကတ် ဖြစ်လေသည်။

" ဟားဟားဟား၊ ငါ့ရဲ့ 6 မှတ်က သေးတယ်လို့ ထင်ခဲ့တာ။ မင်းကံက ငါ့ထက် ပိုဆိုးမယ်လို့ ငါ မမျှော်လင့်ထားဘူး ဟားဟား ..... "

ထိုလူသည် ပထမဆုံးအကျော့အတွက် မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်သော်လည်း အပြောင်းအလဲများ ဖြစ်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူသည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ယွမ်၁သိန်းဖိုး တိုကင်ပြားများကို စားပွဲပေါ်တွင် ချန်ထားခဲ့ကာ ယွမ် ၁သိန်းကို အမြန်ပြန်ယူလိုက်သည်။

ယဲ့ဖန်သည် ပတ်ဝန်းကျင်ကိုသာ ငေးမောကြည့်ရှုနေလိုက်သည်။

သူသည် နောက်ထပ် ၁သိန်းကို ထုတ်ပစ်လိုက်သည်။

ဒုတိယအချီတွင် ထိုလူက 8 ကျခဲ့ပြီး ယဲ့ဖန်က 6 ကျခဲ့သည်။

ယဲ့ဖန် နောက်တစ်ချီ ရှုံးပြန်သည်။

ဤကဲ့သို့ပင် ယဲ့ဖန်သည် တစ်ကြိမ်ပင် အနိုင်မရရှိခဲ့ပေ။

တစ်ဖက်လူသည် တိုကင်ပြားများ ပိုများလာသည်။

ပွဲကြည့်စင်ရှိ လူများအားလုံး အံ့ဩသွားကြသည်။

" ဒီလူငယ်လေး ဘာဖြစ်နေတာလဲ။ ဒုတိယအချီ အစကနေ အခုအချိန်ထိ သူ တစ်ချီမှ မနိုင်သေးဘူး "

" ဟုတ်တယ်။ သူ ယွမ် ၁သန်းကျော် ဆက်တိုက် ရှုံးနေပြီ။ ဒီအတိုင်းသာ ဆက်ရှုံးနေမယ်ဆိုရင် မကြာခင်မှာ ဖယ်ထုတ်ခံရလိမ့်မယ် "

" သူက စိတ်ပျက်နေပုံရတယ်။ သူက ပြိုင်ပွဲမှာ ပါဝင်ဖို့ ဒီမှာရှိနေပုံ မရဘူး "

" ဟုန်းလူကြီးမင်းနဲ့ ရှောင်လူကြီးမင်းက သူ့ကို အရမ်းသန်မာတယ်လို့ ပြောထားတာ မဟုတ်လား။ သူ ဘာလို့ သူ့ခွန်အားကို အသုံးမပြုသေးတာလဲ "

" ပထမအချီ နောက်ဆုံးဆယ်မိနစ်မှာတုန်းကလို မလုပ်နိုင်တော့ဘူးလား ...... "

လူတိုင်းသည် ယဲ့ဖန်အတွက် အစက မြင့်မားသော မျှော်လင့်ချက်များ ရှိခဲ့ကြသည်။

သို့သော် ယဲ့ဖန်၏ လက်ရှိစွမ်းဆောင်ရည်က သူတို့ကို စိတ်ပျက်စေခဲ့သည်။

ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းတို့သည် တစ်ယောက်ကို တစ်ယောက် ခါးသက်စွာ ပြုံးပြကြသည်။

ကြည့်ရတာ ဒီယဲ့လူကြီးမင်းက ပြိုင်ဖို့ စိတ်မ၀င်စားတော့ပုံရတယ်။

သို့သော် လူအများကြားတွင် အားကန်ကိုရှာဖွေခြင်းသည် ကောက်ရိုးပုံထဲမှ အပ်တစ်ချောင်း ရှာဖွေခြင်းနှင့် တူနေသည်။

လွယ်ကူသည်တော့ မဟုတ်ချေ။

မကြာခင်မှာပင် ယဲ့ဖန်၏ ၁.၆သန်းသည် ၁သိန်းသာ ကျန်တော့သည်။

သူ၏ ပြိုင်ဘက်သည် တစ်ဖက်တွင် အောင်ပွဲခံသည့် အပြုံးရှိနေသည်။

" သူငယ်ချင်းလေး၊ ဒါက နောက်ဆုံးအခေါက်ပဲ။ ဒီတစ်ခါတော့ မင်းကို အရင်ဆွဲခွင့်ပေးလိုက်မယ် "

ထိုစကားကို ပြောပြီးနောက် ဆိုဖာပေါ်တွင် အေးအေးလူလူ ထိုင်နေကာ ဝိုင်နီတစ်ခွက်ကို ယူပေးရန် စားပွဲထိုးကိုပင် တောင်းဆိုခဲ့သည်။

ယဲ့ဖန် စိတ်ပျက်လက်ပျက်ဖြင့် သူ့အကြည့်ကို ဘေးပတ်လည်မှ ရုတ်လိုက်သည်။

ထိုအခါမှ လောင်းကစားဝိုင်းကို သူ ပထမဆုံးကြည့်တာ ဖြစ်သည်။

ဆယ်မိနစ်သာ ကြာခဲ့သော်လည်း သူသည် တိုကင်ပြားများအားလုံးကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

ကြေကွဲဖွယ် ကောင်းလွန်းလှသည်။

ထိုလူ၏ မထီမဲ့မြင်ပြုသော စကားကို ကြားပြီး ယဲ့ဖန် ဘာမှ ဆက်မပြောပေ။

သူသည် ကျန်ရှိသော တိုကင်ပြားပေါင်း ၁သိန်းလုံးကို ထုတ်လိုက်ပြီး ဖဲချပ်တစ်ချပ်ကို ရွေးလိုက်သည်။

10♥️

ထိုလူ၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် အေးခဲသွားပြီး သူ့ကို အံ့ဩစွာ ကြည့်နေလေသည်။

ဒီဖဲချပ်များထဲမှ အကြီးဆုံးမှာ 10 မှတ် ဖြစ်သည်။

ပြိုင်ဘက်သည် အနိုင်ယူပြီးသော အနေအထားတွင် ရှိနေပြီ ဖြစ်သည်။

သူ့အနေဖြင့် 10ကို ဆွဲနိုင်လျှင်ပင် သရေပွဲသာ ဖြစ်မည်ဖြစ်သည်။

သူ့လက်ထဲမှ ဝိုင်နီကို အမြန်ချပြီး ကတ်ဆွဲရန် မတ်တတ်ထရပ်လိုက်သည်။

8 ♦️

သူ ရှုံးလေသည်။

ထိုလူသည် ဒေါသတကြီးဖြင့် ဖဲချပ်ကို စားပွဲပေါ် ပစ်ချလိုက်သည်။

ဒီအချီ၌ အနိုင်ရသည့်သူကို အဆုံးအဖြတ်ပေးနိုင်လိမ့်မည်ဟု သူ ထင်ခဲ့သည်။

သို့သော် ထိုကလေးမှ 10ရအောင် ဆွဲနိုင်သည်အထိ ကံကောင်းမည်ဟု သူ မမျှော်လင့်ထားချေ။

သူ မုန်းတီးစွာ တွေးနေလိုက်သည်။

' မင်း တစ်ခါလေး ကံကောင်းသွားတာ မဟုတ်ဘူးလား။ နောက်တစ်ကျော့မှာ မင်း ဒီလောက် ကံကောင်းမယ်လို့ ငါမယုံဘူး'

သို့သော် သူ့ကို ရူးသွပ်စေသည့်အရာမှာ ယဲ့ဖန်သည် 'ကံကောင်း'ပြီး သုံးကြိမ်ဆက်တိုက် အနိုင်ရသွားခြင်းပင် ဖြစ်သည်။

ယဲ့ဖန်၏ တိုကင်ပြားများမှာ ၅သိန်း ပြန်ဖြစ်လာသည်။

နောက်ဆုံး၌ ထိုလူက မထိုင်နိုင်တော့ချေ။

ဒီကောင်လေးက ဘာလို့ ရုတ်တရက် လှည့်စားနေတဲ့ပုံ ပေါ်တာလဲ။

ဤနှုန်းဖြင့် ဆက်သွားပါက ထိုကောင်လေးသည် ဆုံးရှုံးသွားသော တိုကင်ပြားများကို အမှန်တကယ် ပြန်လည် အနိုင်ယူနိုင်ပေလိမ့်မည်။

ခဏလောက် စဉ်းစားပြီး အစီအစဉ်တစ်ခု ပေါ်လာသည်။

ယခု အန္တရာယ်အကင်းဆုံး နည်းလမ်းမှာ အချိန်ဆွဲခြင်းပင် ဖြစ်သည်။

အဆုံး၌ ငွေတစ်ပြားရလျှင်ပင် နိုင်မှာဖြစ်သည်။

ယခု သူသည် ထိုကောင်လေးထံမှ ယွမ် ၁သန်းကျော် နိုင်ထားစဲ ဖြစ်သောကြောင့် အချိန်ဆွဲရမည်ဖြစ်သည်။

ထိုအကြောင်းကို တွေးပြီးနောက် ထိုလူသည် လှောင်ပြောင်သောအရိပ်အမြွက်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

" ငါ အရင် အိမ်သာသွားလိုက်ဦးမယ် "

All Chapters