အပိုင်း ၉၉၃-၉၉၆
Vol. 50 Ch. 993-996
အပိုင်း ( ၉၉၃ )
အတွေးတစ်ခု၏ အမှား၊ ကစားပွဲတစ်ခုလုံး ရှုံးရခြင်း
ဆက်ဖြစ်လာသည့် အချိန်များက ယဲ့ဖန်ကို လွန်စွာ စိတ်ဓာတ်ကျစေသည်။
သူ၏ ပြိုင်ဘက်သည် အိမ်သာကို အရင်ဆုံးသွားပြီး မိနစ်အနည်းငယ် အချိန်ဖြုန်းပစ်လိုက်သည်။
သူသည် ပြန်လာပြီးနောက်တွင်လည်း ဝီစကီနှင့် ဖဲချပ်ကတ်များကို လဲပေးရန် ကိုယ်စားလှယ်အား တောင်းဆိုခဲ့သည်။
မိနစ်နှစ်ဆယ်နီးပါးကြာပြီးနောက်တွင် လေးကြိမ်သာ ကစားရသေးသည်။
ယဲ့ဖန်သည် လေးကြိမ်လုံး အနိုင်ရခဲ့သော်လည်း ၄သိန်းသာ အနိုင်ရခဲ့သည်။
သူ့၌ စုစုပေါင်း ၉သိန်းသာ ရှိနေသည်။
သူ၏ အရင်းကိုပင် ပြန်မရသေးချေ။
တစ်မိနစ်သာ ကျန်တော့သည်။
ဒီအတိုင်း ဆက်သွားပါက ရှုံးမှာ သေချာလေသည်။
ထိုလူသည် ဝိုင်ခွက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ဖြူစင်သောအမူအရာ ရှိနေသည်။
" ဒီပွဲမှာ မင်းကို ငါ့ရဲ့ ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်တာက အရမ်းမှန်ကန်ပြီး ဉာဏ်ကြီးတဲ့ ရွေးချယ်မှုလို့ ထင်တယ်။ ငါ့ကို အနိုင်ရခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
ယဲ့ဖန် သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။
" ခင်ဗျား အကြီးကြီးကစားဖို့ သတ္တိရှိလား။ ၉သိန်းလုံးကို တစ်ခါတည်း တန်းလောင်းပြီး တစ်ချီတည်းနဲ့ အနိုင်ရတဲ့သူကို ဆုံးဖြတ်ကြမယ် "
ထိုလူသည် ဟာသတစ်ခု ကြားလိုက်ပုံရသည်။
" မင်းက ငါ့ကို လူမိုက်လို့ ထင်နေတာလား။ ငါ ဒီအချီကို ဘာမှမလုပ်ဘဲ လွယ်လွယ်လေးနဲ့ အောင်နိုင်တယ်။ ဘာလို့ မင်းကို ဒီအခွင့်အရေး ပေးရမှာလဲ "
ယဲ့ဖန်သည် လုပ်နိုင်ခြင်းဘောင်၏ အဆုံးသတ်တွင် ရှိနေခဲ့သည်။
ဒီနေ့အတွက် သူ့ပွဲစဉ်က ပြီးဆုံးတော့မည် ဖြစ်သည်။
သို့သော် သူသည် အမှန်တကယ်တွင် ဂရုမစိုက်ချေ။
မည်သို့ပင်ဖြစ်စေ ယနေ့ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ လောင်းကစား ယှဉ်ပြိုင်ရန် မဟုတ်ချေ။
အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သူ့အတွက် အရေးမကြီးချေ။
သူလက်လျှော့ခါနီးတွင် အစောပိုင်းမှ ပွဲပြီးခဲ့သော ဟုန်းကျားကျွန်းသည် ဖြတ်သွားကာ ထိုလူကို မထီမဲ့မြင်ပြုလျက် တစ်ချက်ကြည့်လိုက်သည်။
" ဟားဟား၊ ဒီလို အောက်တန်းကျတဲ့နည်းတွေနဲ့ နောက်ဆုံးပွဲစဉ်ကို ဝင်လာရင် ဘယ်လိုလုပ်မလဲ။ မင်း ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ လုံးဝ မထိုက်တန်ဘူး၊ အမှိုက်လိုဟာ "
ထိုလူသည် ချက်ချင်း ဒေါသထွက်သွားသည်။
" ဟုန်းကျားကျွန်း၊ ဒါက ငါနဲ့ သူ့ကြားက ပြိုင်ဆိုင်မှုပဲ။ မင်းနဲ့ ဘာဆိုင်လို့လဲ။ သိပ်လွန်မလာနဲ့ "
ဟုန်းကျားကျွန်းသည် ချက်ချင်းပင် လှောင်ပြောင်ကာ တမင်တကာ အသံမြှင့်ပြောလိုက်သည်။
"မင်း ငါဆိုတဲ့ လောင်းကစားဘုရင် ဟုန်းကျားကျွန်းနဲ့ ပြိုင်ချင်ရင် မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို အရင်ပြလေ "
" ကစားပွဲကို အနိုင်ယူဖို့ အချိန်ဖြုန်းပြီး နိုင်သွားရင်တောင် မင်းက ခွေးတစ်ကောင်ဖြစ်နေတုန်းပဲ "
သူ့အသံသည် လူအများ၏ အာရုံကို ဖမ်းစားခဲ့သည်။
ထိုလူဟာ အချိန်အတော်ကြာအောင် တမင်တကာ ရပ်တန့်နေပြီး ပြိုင်ဘက်ကို ထိပ်တိုက်မရင်ဆိုင်ကြောင်း သူတို့ သိလာသည့်အခါ အားလုံးက သူ့ကို အထင်သေးစွာ ကြည့်နေခဲ့ကြသည်။
" ဒီကောင်က တကယ် ထူးဆန်းတာပဲ။ သူရှုံးမှာကို ကြောက်ရင် ဘာလို့ ပြိုင်ပွဲမှာ ဝင်ပြိုင်သေးလဲ။ အိမ်မှာ တစ်ယောက်တည်း ကစားရတာ ပိုအဆင်မပြေဘူးလား "
" ဟုတ်တယ်။ သူက အရင်အချီမှာ အဆင့် ၅ ရတယ်။ ဒါပေမယ့် သူက အားနည်းတဲ့အဆင့်နဲ့သူကို ရွေးတာတောင် တော်ပြီပေါ့။ ဒါပေမယ့် သူက ဆက်ပြီး လှည့်စားဖို့ ကြိုးစားနေသေးတာလား _
" ဟား၊ ဒီလိုလူစားမျိုးက ငါတို့လောင်းကစားလောကအတွက် တကယ်ကို အရှက်ရစရာပဲ။ ဒီလိုလူမျိုးကို ငါ အမုန်းဆုံးပဲ "
" ပြိုင်ပွဲမှာ အနိုင်ရခဲ့ရင်တောင် အမှိုက်ဖြစ်နေတုန်းပဲ ...... "
ထိုပြဿနာဖြစ်နေသည်ကို မြင်သည့် လူတိုင်းက အဲ့ဒီလူကို လှောင်ပြောင်ကြသည်။
အမှန်တွင် သူတို့သည် တရားမျှတမှုကို ထိန်းသိမ်းရန် ကြိုးစားနေခြင်း မဟုတ်ကြပေ။
အဓိကမှာ ထိုလူက ယဲ့ဖန်ကဲ့သို့ အားနည်းသူကို ရွေးပြီး လွယ်ကူစွာဖြင့် အနိုင်ရမည်ကို သူတို့ အနည်းငယ် မနာလိုဖြစ်မိကြခြင်း ဖြစ်သည်။
ထို့အပြင် ဟုန်းကျားကျွန်းသည် သူတို့အတွက် ပထမဆုံး လမ်းပြခဲ့သူဖြစ်သည်။
ထိုအခါ အခွင့်ကောင်းယူကာ ဟုန်းသခင်လေးကို ကပ်ချင်ကြသည်။
လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံရပြီးနောက် ထိုအမျိုးသား၏ မျက်နှာသည် ချက်ချင်း အကျည်းတန်သွားခဲ့သည်။
" ဘယ်သူက သူနဲ့ မပြိုင်ရဲရမှာလဲ။ အဓိကက သူက ငါ့အတွက် အားနည်းလွန်းတယ်။ သူနဲ့ကစားတာက အချိန်ဖြုန်းတာပဲလို့ ငါထင်တယ် "
" ဒါပေမဲ့ ကောင်းပြီ၊ လူတိုင်းက ဒီလိုပြောတဲ့အတွက် လူတိုင်းကို ငါ့ရဲ့ခွန်အားကို ပြသဖို့ ဒီအခွင့်အရေးကို ငါပေးမယ် "
ထိုစကားကို ပြောပြီးနောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ခွေးသား၊ ငါ မင်းကို အခွင့်အရေးမပေးခဲ့ဘူးလို့ မပြောနဲ့။ မင်း ၉သိန်းကို လောင်းချင်နေတာ မဟုတ်ဘူးလား။ ကောင်းပြီ၊ လာဂ"
ယဲ့ဖန် လှုပ်ရှားသည်ကိုပင် မစောင့်ဘဲ သူက ၉သိန်းကို ထုတ်လိုက်သည်။
ထို့နောက် ဖဲချပ်များထဲမှ ကတ်တစ်ကတ်ကို ထုတ်ကာ စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
9 ♣️
" အိုး ...... "
လူတိုင်းက ချက်ချင်း အော်လိုက်ကြသည်။
စည်းမျဉ်းများအရ 10 မှတ်သည် အမြင့်ဆုံးဖြစ်သည်။
ထို့ကြောင့် 9 မှတ်သည် အလွန်မြင့်မားနေပြီဖြစ်သည်။
ယခင်အချီတွင် 8သန်းကျော် အနိုင်ရခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။
သူ၏ ခွန်အားကို လျှော့တွက်၍ မရသည်မှာ အမှန်ဖြစ်သည်။
အားလုံးမှ ယဲ့ဖန်ကို သနားစိတ်ဖြင့် ကြည့်နေကြသည်။
ဒီကောင်လေး ရှုံးတာ အရမ်းဆိုးရွားတာပဲ။
ထိုလူသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေပြီး လက်သီးများကို အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်သည်။
သူ့စိတ်ထဲရှိ ဒေါသကို ချက်ချင်း ထုတ်ပစ်လိုက်သည်။
အခု ငါ့ကို လှည့်စားပြီး ဂိမ်းကို အနိုင်ရတယ်လို့ ဘယ်သူပြောရဲတော့မှာလဲ။
သူသည် 9 မှတ်ဖြင့် အောင်ပွဲခံနေခဲ့သည်။
ယဲ့ဖန်သည် 10 မှတ်ရနိုင်မည်ဟု သူ မယုံကြည်ခဲ့ပေ။
ယဲ့ဖန်သည် သူ၏ အောင်ပွဲခံမှုကြောင့် မထိခိုက်ခဲ့ချေ။
လူတိုင်း၏ အကြည့်အောက်တွင် သူသည် တိုကင်ပြား ၉သိန်းဖိုးကို တိတ်တဆိတ် တွန်းထုတ်ပြီးနောက် ဖဲချပ်များကို လက်ပြလိုက်သည်။
သို့သော် ကတ်ဒကို ချက်ချင်းမဆွဲခဲ့ချေ။
ထိုအစား သူသည် ကတ်များကို ဖြည်းဖြည်းချင်း စကန်ဖတ်ပြီးမှ သေချာရွေးလိုက်သည်။
လူတိုင်းက ကတ်ကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။
အောင်ပွဲနှင့် ရှုံးပွဲသည် ထိုလှုပ်ရှားမှုအပေါ် မူတည်နေသည်။
သို့သော် လူအများစုသည် အခွင့်အရေးနည်းပါးသည်ဟု ယူဆကြသည်။
အခြားတစ်ဖက်မှ လူသည် 9မှတ် ရထား၍ ယဲ့ဖန်သည် ဤအချီတွင် အနိုင်ရရန်အတွက် 10 ဆွဲနိုင်ရမည်။
9 မှတ်ရလျှင်ပင် သရေကျပေလိမ့်မည်။
သို့သော် အချိန်မှာလည်း ဆယ်စက္ကန့်သာ ကျန်တော့သည်။
နောက်တစ်ကျော့ပြန်စရန် အချိန်မလုံလောက်ချေ။
ထိုသို့ ဖြစ်ပါက ယဲ့ဖန် ရှုံးသွားပေမည်။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်သည် ကတ်ကို ဖြည်းညှင်းစွာ လှန်လိုက်သည်။
ဆူညံနေသော မြင်ကွင်းသည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်မှ ထအော်လေသည်။
" လခွမ်း၊ ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ ကတ်များလား"
ယဲ့ဖန် ဖွင့်လိုက်သော ကတ်သည် 10 ♥️ ဖြစ်သည်။
ယဲ့ဖန် အနိုင်ရလေသည်။
ထိုနေရာမှ လေထုသည် ပေါက်ကွဲသွားပြန်သည်။
" အို ဘုရားရေ၊ တကယ် 10 ရတာပဲ။ သူ့ကံက နည်းနည်း အားကောင်းလွန်းနေတာ မဟုတ်ဘူးလား "
" ငါ ထင်ယောင်ထင်မှား မြင်နေတယ်လို့ ထင်ခဲ့တာ။ အဲ့တာက 10 ဖြစ်ဖို့ မမျှော်လင့်ထားဘူး။ မဟုတ်သေးပါဘူး၊ ငါ နှလုံးဖောက်တော့မယ် "
" ဒီအဝိုင်းတစ်ခုတည်းနဲ့ ၉သိန်းကနေ ၁.၈သန်းအထိ နှစ်ဆတိုးသွားပြီ "
" ဒီညီလေးမှာ ၁.၆သန်းပဲရှိတာကို မှတ်မိတယ်။ ဒါဆို သူက ဒီအချီမှာ အနိုင်ရပြီးပြီလို့ ဆိုလိုတာလား "
" ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ အနိုင်ရတဲ့သူက အကုန်ယူရတယ်။ ဒါဆို သူ့ပြိုင်ဘက်ရဲ့ ယွမ် ၈ သန်းက သူ့အတွက်လား "
" အို၊ ဒီကံတရားက တကယ်ကို ကောင်းကင်ဘုံကို အံတုနေတာပဲ ...... "
ယဲ့ဖန်၏ ကောင်းကင်ကို အံတုလောက်သောကံကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
ယဲ့ဖန်သည် ထိုပွဲကို ရှုံးရမည်ဖြစ်သည်။
သို့သော် နောက်ဆုံးအခိုက်အတန့်တွင် စားပွဲကို အလှည့်အပြောင်းလုပ်ပြီး ပွဲကို အနိုင်ရခဲ့သည်။
ယဲ့ဖန်၏ ပြိုင်ဘက်သည် ထိုမြင်ကွင်းကို ကြောင်အစွာ ကြည့်နေသည်။
သူသည် 9 မှတ်ရအောင် လှန်လိုက်သောအခါ သူသည် ဤအကျော့တွင် သေချာပေါက်အနိုင်ရမည်ဟု ထင်ခဲ့သည်။
နောက်ဆုံးအခိုက်အတန့်၌ တစ်ဖက်မှ အပြောင်းအလဲ လုပ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားချေ။
" နောက်ထပ်ကစားမယ် .... "
သူသည် ရူးသွားသလိုမျိုး ယဲ့ဖန်ကို ဟောက်လိုက်သည်။
သူ ကစားပွဲကို ပြောင်းချင်သေးသည်။
သို့သော် ထိုအချိန်၌ ပြိုင်ပွဲကို နားရန် အချိန်ရောက်လာပြီ ဖြစ်သည်။
သူ့တွင် အခွင့်အရေး မရှိတော့ချေ။
ထိုလူသည် အသက်မဲ့နေသော မျက်လုံးများဖြင့် ဆိုဖာပေါ်သို့ ချက်ချင်း ပြန်ကျသွားသည်။
သူသည် တစ်ပွဲလုံးကို ဦးဆောင်နိုင်ခဲ့သည်။
နောက်ဆုံးအခိုက်အတန့်မှာ အခြေအနေတွေ ပြန်ပြောင်းလာမယ်လို့ ဘယ်သူက ထင်မှာလဲ။
သူ့အူများ စိမ်းသွားတော့မည်ကဲ့သို့ စိတ်မကောင်းဖြစ်မိသည်။
ဒီလိုဖြစ်လာမယ်ဆိုတာ သူသိခဲ့ရင် တစ်ဖက်လူက သူ့ကို ဘယ်လောက်ပဲ ကြိမ်းမောင်းနေပါစေ အခွင့်အရေးပေးမှာ မဟုတ်ဘူး။
တစ်ချက်လေးမှားတာနဲ့ ကစားပွဲတစ်ခုလုံး ရှုံးသွားရပြီ။
အပိုင်း ( ၉၉၄ )
အချက်ပြပေးမှု အမှား
ထိုလူသည် မည်မျှပင် လက်မခံချင်သည်ဖြစ်စေ ထိုပွဲကို ရှုံးခဲ့တာ အမှန်ဖြစ်သည်။
စည်းမျဥ်းစည်းကမ်းအရ ပြိုင်ပွဲကာလပြီးဆုံးသောအခါ အနိုင်ရသူသည် တစ်ယွမ်သာ အနိုင်ရရှိခဲ့လျှင်ပင် အနိုင်ရသူသည် အားလုံးကို ယူရမည်ဖြစ်သည်။
ထို့အပြင် ယဲ့ဖန်သည် နောက်ဆုံးအချီကို အားကိုးကာ နိုင်သွားသည်။
သူသည် အရင်းအနှီးငွေကို ပြန်လည်ရယူနိုင်ခဲ့ရုံသာမက ထပ်ပေါင်း ၂သိန်းကိုလည်း နိုင်ခဲ့သည်။
လူတော်တော်များများက စကားမပြောနိုင်အောင် ဖြစ်ကြရသည်။
ဒီကောင်က ခွေးချေးကျုံးတာကို စွဲလမ်းနေတာလား။
နောက်ဆုံးမိနစ်နဲ့ ၁.၆သန်း အနိုင်ရပြီးတော့ ၆၄အဆင့်နဲ့ ထိပ်ဆုံး ဝင်လာခဲ့တယ်။
ဒီအချီလည်း နောက်ဆုံး အချီနဲ့ အပွကြီးအနိုင်ရခဲ့တာပဲ။
ဒီကံတရားက တကယ် ထူးခြားလွန်းတယ်။
ယဲ့ဖန် မည်မျှသန်မာသည်ကို ဟုန်းကျားကျွန်းသာ သိနိုင်သည်။
အကယ်၍ ယဲ့ဖန်သည် ယနေ့ပြိုင်ပွဲတွင် အမှန်တကယ် ပါဝင်လာပါက ဟုန်းကျားကျွန်းသည် လောင်းကစားဘုရင်အဖြစ် ရပ်တည်နိုင်မည် မဟုတ်ပေ။
ယဲ့ဖန် ခေါင်းကို မော့ကာ ပြုံးပြီး ခေါင်းညိတ်ပြသည်။
ဤတစ်ခါတွင် ဟုန်းကျားကျွန်းမှ သူ့ကို ကူညီခဲ့သည်။
အကယ်၍ ဟုန်းကျားကျွန်းသည် ထိုလူကို မနှိုးဆော်ခဲ့ပါက ဤနေရာတွင် သူ ရှုံးရပေလိမ့်မည်။
ထိုပွဲအတွက် ယဲ့ဖန် စိတ်မပူသော်လည်း တစ်ဖက်သားအပေါ် ကျေးဇူးကြွေးတင်ခဲ့ရသည်။
ဒုတိယအကျော့ကို စိစစ်ပြီးနောက် ပြိုင်ပွဲဝင် သုံးဆယ့်နှစ်ဦးသာ ကျန်ရှိတော့သည်။
ကျန်သူများ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြရသည်။
တတိယအဆင့်မှ ၂ဦးချင်းစီဖြင့် ၁၆ယောက်သာ ကျန်အောင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
နှစ်ဦးချင်းပြိုင်သည့် တိုက်ပွဲလည်း ဖြစ်လိမ့်မည်။
ဤတစ်ကြိမ်၌ ပြိုင်ဘက်ကို လွတ်လပ်စွာရွေးချယ်ခွင့် မရှိသော်လည်း ဆုံးဖြတ်စရာများစွာ ရှိလေသည်။
ထို့ကြောင့် ယဲ့ဖန်အား ပြိုင်ဘက်အဖြစ် မဲနှိုက်မိစေရန် လူတိုင်းက ဆုတောင်းကြသည်။
ကံကောင်းမှုကြောင့်သာ ပထမနှစ်ကျော့မှာ နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြင်ကြသည်။
ထို့ကြောင့် ယဲ့ဖန်မှာ ပျော့ညံ့သည့် ကံကောင်းသူဖြစ်ကြောင်း သိသာလေသည်။
မဲနှိုက်ရန် စီစဥ်နေစဉ် အပြင်ဘက်မှ ရုန်းရင်းဆန်ခတ်အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
" ပြိုင်ပွဲက ပြီးသွားပြီ။ မင်းတို့ ဘာလို့ ငါ့ကို သွားခွင့်မပြုတာလဲ။ ဒါက ထောင်ချလိုက်တာပဲ။ မင်းတို့ ထပ်ပြီး တားရင် ရဲစခန်းကိုခေါ်မယ် ..... "
အသံအရ ထိုလူသည် ယခင်ပွဲမှ ယဲ့ဖန် ၏ ပြိုင်ဘက်ဖြစ်ပုံရသည်။
သူသည် ဝန်ထမ်းများနှင့် ရန်ဖြစ်နေလေသည်။
ပြိုင်ပွဲဝင်များအားလုံး တစ်ယောက်ကို တစ်ယောက် အံ့သြတကြီး ကြည့်နေလိုက်ကြသည်။
" ဘာတွေဖြစ်နေတာလဲ။ ပြိုင်ပွဲ ပြီးတာတောင် မသွားနိုင်ဘူးလား။ ဒါက ဘယ်လိုစည်းကမ်းကြီးလဲ "
" ငါလည်း တစ်ခါမှ မကြားဖူးဘူး။ လောင်းကစားဘုရင် ပြိုင်ပွဲတွေမှာ အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့ဖူးပေမယ့် ဒီလိုစည်းမျဉ်းမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး "
" ဟုတ်တယ်။ သူ့ရဲ့ ပြိုင်ပွဲက ပြီးသွားပြီလေ။ ဘာလို့ မထွက်နိုင်ရတာလဲ။ ဒါသူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကန့်သတ်လိုက်တာပဲ "
" သူ ဒီမှာ ပြိုင်ဖို့လာတာလား၊ ဒါမှမဟုတ် အကျဉ်းသားဖြစ်ဖို့လား "
ခန်းမထဲရှိ ဆွေးနွေးမှုများသည် ပိုမိုကျယ်လောင်လာခဲ့သည်။
ပွဲစီစဉ်သူ၏ လုပ်ရပ်ကို လူတိုင်း ဒေါသထွက်နေကြသည်မှာ ထင်ရှားသည်။
ဟုန်းရှောင်ထျန်း မထိုင်နိုင်တော့ချေ။
သူ အမြန်ထပြီး စင်ပေါ်ကို လျှောက်သွားလိုက်သည်။
" အားလုံးပဲ စိတ်အေးအေးထားပါ။ ဒါဝန်ထမ်းတွေ ဆက်ဆံရေးမကောင်းလို့ ဖြစ်ရမယ် "
" အားလုံးပဲ ပြိုင်ပွဲကို ဆက်လုပ်ပါ။ ဘာကိုမှ မထိခိုက်စေပါနဲ့ "
" ..... "
" ဟုန်းလူကြီးမင်း၊ ခင်ဗျားရဲ့ တရားမျှတမှုနဲ့ ပြိုင်ဆိုင်မှုကို ငါတို့ ယုံကြည်တယ်။ ငါတို့ကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ငါတို့ မျှော်လင့်တယ် "
" ဟုတ်တယ်၊ လောင်းကစားဘုရင်ပြိုင်ပွဲက နှစ်ပေါင်းများစွာ ကြာနေပြီ။ ဒါပေမယ့် ဒီလိုပြဿနာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ကျေနပ်လောက်တဲ့ ရှင်းပြချက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
" ပြိုင်ပွဲမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကန့်သတ်ထားတာလား။ တကယ်ရှိတယ်ဆိုရင် လောင်းကစားဘုရင်ပြိုင်ပွဲအတွက် အရှက်ရစေလိမ့်မယ် "
" ဒါမျိုး ခွင့်မပြုရဘူး။ မဟုတ်ရင် ပြိုင်ပွဲကနေ နုတ်ထွက်မယ် "
" ဟုတ်တယ်၊ ငါတို့ ပြိုင်ပွဲကနေ နုတ်ထွက်ရမယ် ..... "
လူတိုင်း၏ မျက်နှာများသည် ဒေါသနှင့် ပြည့်နှက်နေပြီး ပြိုင်ပွဲမှ နုတ်ထွက်ရန် အားလုံးက အော်ဟစ်နေကြသည်။
ဟုန်းရှောင်ထျန်းသည် သူ့နဖူးမှ အေးစက်နေသော ချွေးများကို အမြန်သုတ်လိုက်သည်။
သူ ယဲ့ဖန်ကို တစ်ချက် ခိုးကြည့်လိုက်သည်။
" လူတိုင်းပဲ စိတ်မပူပါနဲ့။ ပြိုင်ဆိုင်မှုက တရားမျှတပြီး ဘယ်သူ့ကိုမှ လွတ်လပ်မှုကို ကန့်သတ်မှာ မဟုတ်ပါဘူး "
" ချက်ချင်း သွားစစ်ဆေးပြီး ကျေနပ်တဲ့အဖြေတစ်ခု ပေးပါ့မယ် "
ထိုသို့ဖြင့် သူ အမြန်ထွက်သွားသည်။
ရှောင်ချန်ချင်း ခဏလောက် တုံ့ဆိုင်းသွားပြီး အမြန်နောက်ကို လိုက်သွားသည်။
ထို့ကြောင့် ပွဲကို ရပ်နားခဲ့သည်။
အားလုံးက ဟုန်းရှောင်ထျန်း၏ အဖြေကို စောင့်နေကြသည်။
ယဲ့ဖန်သည် ထို့ကြောင့် ပွဲနေရာကို ကြည့်ရှုရန် အခွင့်အရေးယူခဲ့သည်။
လူအများစုသည် ထိုကိစ္စကို မကျေမနပ်ဖြင့် ဆွေးနွေးနေကြသည်။
သို့သော် အနက်ရောင်ဝတ်စုံဝတ်ထားပြီး မျက်နှာဖုံးနှင့် အမျိုးသားတစ်ဦးသည် မည်သူနှင့်မျှ အဆက်အဆံ မလုပ်ခဲ့ပေ။
လွတ်ရာလမ်းကို ရှာနေသကဲ့သို့ ဘာမှမဖြစ်ခဲ့သလို ဘေးပတ်ပတ်လည်ကို ကြည့်နေသည်။
ယဲ့ဖန် သည် ချက်ချင်းပင် သံသယဝင်လာသည်။
ထို့ကြောင့် ထိုလူကို သွားစမ်းကြည့်ချင်သည်။
ထိုအချိန်တွင် ထိုလူ၏ အကြည့်သည် အမှတ်တမဲ့ ယဲ့ဖန်ဆီ ရောက်လာသည်။
ယဲ့ဖန်၏ အကြည့်များကို တွေ့လိုက်ချိန် ထိုလူသည် ပထမတွင် အနည်းငယ် ထိတ်လန့်သွားပြီးနောက် ဖော်ရွေသည့် အပြုံးနှင့် ခေါင်းညိတ်ပြသည်။
ယဲ့ဖန်သည် သူ့အား စမ်းသပ်ရန် စိတ်ကို ထိန်းထားခဲ့တော့သည်။
သူလည်း ပြန်၍ ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ဖန် ၁၀၀% မသေချာခင်၌ ရူးသွပ်စွာ မလုပ်ဆောင်နိုင်ခဲ့ချေ။
ထိုသည်က ရန်သူကို သတိပေးရုံသာမကဘဲ ပြိုင်ပွဲအစီအစဥ်များကို အနှောင့်အယှက်ဖြစ်စေပြီး ဟုန်း နှင့် ရှောင် မိသားစုများကို အန္တရာယ်ဖြစ်စေနိုင်သည်။
မကြာခင်မှာပင် ဟုန်းရှောင်ထျန်း နှင့် ရှောင်ချန်ချင်းတို့ ပြန်ထွက်လာခဲ့ကြသည်။
အရင်အချီတုန်းက ယဲ့ဖန်နှင့် တိုက်ခဲ့သည့်လူသည် သူတို့နောက်မှာ ရှိနေသည်။
" ဟားဟား၊ ဒါက နားလည်မှုလွဲနေတာပါ။ ကျေးဇူးပြုပြီး လူတိုင်းကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြပေးပါဂ"
ဟုန်းရှောင်ထျန်းက လူတိုင်းကို ပထမဆုံးပြုံးပြပြီးနောက် ခေါင်းကို လှည့်ကာ ထိုလူကို ခေါင်းညိတ်ပြသည်။
ထိုလူက ချက်ချင်း ရှေ့သို့ လှမ်းလာသည်။
ထိုလူသည် ချက်ချင်း ရှေ့သို့ လျှောက်သွားပြီး လူတိုင်းကို တောင်းပန်ကာ ပြုံးပြသည်။
" အားလုံးကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ အားလုံးက နားလည်မှုလွဲနေတာပါ "
" ရှုံးလို့ စိတ်ဆိုးနေရင်း ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေနဲ့ နားလည်မှုလွဲမှားမှုလေးတွေ ရှိခဲ့ပါတယ် "
" အားလုံးပဲ၊ ငါ့ကြောင့် ပြိုင်ပွဲကို မနှောင့်နှေးပါစေနဲ့။ မဟုတ်ရင် ငါ အပြစ်ရှိသလို ခံစားရလိမ့်မယ် "
အားလုံးက သူ့ရှင်းပြတာကို ကြားပြီး စိတ်သက်သာရာရသွားကြသည်။
နားလည်မှုလွဲမှားခြင်းသာဖြစ်လျှင် ဘာမှမဖြစ်ချေ။
အကယ်၍ ပြိုင်ပွဲသည် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အမှန်တကယ် ကန့်သတ်ထားပါက သူတို့သည် ပြိုင်ပွဲမှ အမှန်တကယ် နုတ်ထွက်ရမည် ဖြစ်သည်။
ဟုန်းရှောင်ထျန်းသည် လူအုပ်ကို လက်သီးစုပ်အရိုအသေပြုသည်။
" ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ စီစဉ်သူတွေ မထင်ထားလို့ပါ။ အားလုံးက ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် "
" ပြိုင်ပွဲက အခု ဆက်သွားပါမယ်။ ဒါအတွက်နဲ့ လူကြီးမင်းတို့ရဲ့ စိတ်ခံစားချက်ကို မထိခိုက်ပါစေနဲ့ "
ထိုသို့ပြောပြီးနောက် သူသည် ယဲ့ဖန်ကို ဘာမှမဖြစ်ကြောင်း လှမ်းကြည့်လိုက်သည်။
ယဲ့ဖန်သည် သူ ဘာကိုဆိုလိုသည်ကို နားလည်သည်။
သူသည် အရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။
ဟုန်းရှောင်ထျန်း နှင့် အခြားလူများက ထိုလူကို ပါးစပ်ပိတ်ရန် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကို မသိသော်လည်း ယခုတစ်ကြိမ်တွင် ဟုန်းနှင့် ရှောင်မိသားစု တို့ကို အမှန်တကယ်ပင် ကျေးဇူးတင်မိသည်။
မဟုတ်ပါက ရန်သူကို သတိပေးမိပြီး နောက်ဆုံးအဆင့် အစီအစဉ်ကို ပျက်သွားအောင် လုပ်မိရန် ဖြစ်နိုင်ချေများလေသည်။
ဤမှားယွင်းသော အချက်ပေးမှု ပြီးသည့်နောက် ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
ထိုပွဲမှ စပြီး ပြိုင်ပွဲဝင်များအနေဖြင့် သူတို့၏ ကိုယ်ပိုင် ရန်ပုံငွေကို အသုံးချနိုင်သည်။
ကန့်သတ်ချက်မရှိချေ။
စင်မြင့်ပေါ်ရှိ လေထုသည် ယခင်နှစ်ပွဲများထက် ပိုမိုပြင်းထန်ခဲ့သည်။
အလှည့်တိုင်းတွင် အလောင်းအစားကြေး သန်းဆယ်နှင့်ချီ ရှိခဲ့သည်။
အဆုံးတွင် ယဲ့ဖန်သည် လက်ရှိအချီတွင် အန္တရာယ်မရှိဘဲ အနိုင်ရခဲ့သည်။
သူသည် ထိပ်တန်းဆယ့်ခြောက်ယောက်တည်းသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
သူသည် ဤအချီတွင် တိုကင်ပြားပေါင်း သန်း၃၀ကျော် အနိုင်ရခဲ့ပြီး သူ၏လက်ထဲတွင် စုစုပေါင်း သန်း၄၀ကျော် ရှိလာခဲ့သည်။
ယခုအခါ သူ့ကို ဘယ်သူကမှ လျှော့မတွက်ရဲကြတော့ပေ။
တစ်ခါနှစ်ခါ လုပ်နိုင်ပါက ကံကောင်းသည်ဟု ပြောလို့ရနိုင်သည်။
သို့သော် ယခုချိန်တွင် သူသည် ထိပ်တန်း 16 ယောက်ထဲသို့ ရောက်နေပြီ ဖြစ်သည်။
ယဲ့ဖန်အား ကံကို အားကိုးနေသည်ဟု ပြောသူများဟာ တကယ်ပင် လူမိုက်သူများ ဖြစ်ကြလိမ့်မည်။
ထိပ်တန်း၁၆ယောက်ကို ဝင်နိုင်သူ တစ်ယောက်သည် လုံးဝ အားမနည်းချေ။
ထိပ်တန်းဆယ့်ခြောက်ယောက်ကို အောင်မြင်စွာ ဝင်ရောက်ပြီးနောက် ယဲ့ဖန် သည် အနက်ရောင်ဝတ်စုံဝတ်ထားသောလူကို တစ်ချက်ကြည့်လိုက်သည်။
အမှန်ပင် သူသည် ထိပ်တန်း ဆယ့်ခြောက်ယောက်တွင် ရှိနေပြီး သူသည် အတော်လေး သန်မာနေပုံရသည်။
သို့သော် သူသည် အကြာကြီး မစောင့်ကြည့်ရဲပေ။
သူခိုးဘုရင် အားကန်သည် အလွန်သတိရှိလှသည်။
အခြေအနေ မကောင်းမှန်း သိလိုက်သည်နှင့် လွတ်မြောက်ရန် အခွင့်ကောင်းကို ယူလိုက်နိုင်သည်။
သို့သော် ယဲ့ဖန်သည် တရားခံကို ထောင်ဖမ်းထားပြီးသားဖြစ်၍ တစ်ဖက်လူမှ ထွက်ပြေးမည်ကို မကြောက်ချေ။
သူ့မျက်စိအောက်မှ လွတ်မြောက်နိုင်သေးပါက သူသည် မုန့်ဖတ်ဖြင့် သတ်သေမိလောက်မည်။
ကျန်ရှိသည့် ပွဲစဉ်များတွင်လည်း ယဲ့ဖန်သည် ဆက်လက်ကြိုးစားခဲ့ပြီး ပွဲအားလုံးကို အနိုင်ရခဲ့သည်။
သူသည် ၁၆ယောက် မှ ၈ ယောက် အသင်းအဆင့်တွင် သန်း ၆၀ နီးပါး ရရှိခဲ့သည်။
သူ့လက်ထဲရှိ တိုကင်ပြားများသည် သန်း ၁၀၀ ကျော်သွားခဲ့သည်။
ထို့နောက် ရှစ်ယောက်မှ ထိပ်တန်းလေးယောက်အသင်းအတွက် တိုကင်ပြားများ နှစ်ဆတိုးလာပြီး သန်း၂၀၀ ကျော်သွားသည်။
ယခုအချိန်တွင် ခန်းမထဲတွင် ပြိုင်ပွဲဝင် လေးဦးသာ ကျန်ရှိတော့သည်။
ယဲ့ဖန်နှင့် ဟုန်းကျားကျွန်းမှလွဲ၍ အခြားသူများမှာ ဂျပန်နိုင်ငံမှ ပြိုင်ပွဲဝင်တစ်ဦးနှင့် အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသူတို့ ဖြစ်သည်။
အပိုင်း ( ၉၉၅ )
ကြောင်က ကြွက်ဖမ်းတာ မြင်ဖူးလား။
ဟုန်းရှောင်ထျန်းသည် ပြုံးရွှင်စွာဖြင့် စင်မြင့်ပေါ်သို့ တက်သွားသည်။
" ပထမဆုံးအနေနဲ့ ထိပ်ဆုံးလေးယောက်အဆင့်ကို အောင်မြင်စွာတက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒီအဆင့်ကိုရောက်ဖို့က မင်းတို့ရဲ့ ခွန်အားကို သက်သေပြနိုင်တာနဲ့ အတူတူပါပဲ "
" ငါတို့တွေလည်း ဒီလိုမြင်ရတာ စိတ်လှုပ်ရှားတယ် "
အခြားစီစဉ်သူများကလည်း ခေါင်းညိတ်ကြသည်။
အထူးသဖြင့် သူတို့သည် ယဲ့ဖန်ကို ကြည့်လိုက်သည့်အခါ သူတို့၏ အကြည့်များက ပူလောင်နေကြသည်။
ဤလူငယ်လေး၏ စွမ်းအားသည် အမှန်တကယ်ပင် သူတို့ကို အလွန်တုန်လှုပ်စေခဲ့သည်။
ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းတို့သည် သူ့ကို အလွန်တန်ဖိုးထားကြသည်မှာ အံ့သြစရာမဟုတ်ပေ။
သူသည် အမှန်တကယ်ပင် ထူးခြားလှသည်။
ဟုန်းရှောင်ထျန်း၏ အမူအရာသည် သူတို့အား ချီးကျူးပြီးနောက် ချက်ချင်းပင် လေးနက်သွားခဲ့သည်။
" လာမယ့်ပြိုင်ပွဲက ဒီနှစ်ရဲ့ လောင်းကစားဘုရင်ဘွဲ့ ရာထူးကို တိုက်ရိုက်သက်ရောက်မှုရှိမှာပါ။ မင်းတို့လေးယောက်က ဆက်ကြိုးစားပြီး နောက်ထပ်ရလဒ်ကောင်းတွေ ရရှိမယ်လို့ မျှော်လင့်ပါတယ် "
ထို့နောက် အစီအစဉ်တင်ဆက်သူမှ စည်းမျဥ်းစည်းကမ်းများကို ထပ်မံကြေငြာရန် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
" နောက်ထပ် နောက်ဆုံးအကြိုပွဲစဉ်က ဖဲချပ်ကစားတဲ့ ကစားနည်းပါ။ ပြိုင်ပွဲဝင်လေးယောက်က ပြိုင်ဘက်တွေကို ဆုံးဖြတ်ဖို့ မဲနှိုက်ရပါလိမ့်မယ် "
" တစ်ဦးစီကို သန်း၂၀၀ ကန့်သတ်ထားပါတယ်။ အချိန်ကတော့ ကန့်သတ်ချက်မရှိပါဘူး။ တိုကင်ပြားတွေအားလုံးကို ဆုံးရှုံးသွားတာ ဒါမှမဟုတ် တစ်ဖက်ပြိုင်ဘက်က ပထမဦးဆုံး အရှုံးပေးမှ ပြိုင်ပွဲပြီးမှာပါ "
မဲနှိုက်ရန် သေတ္တာကို စင်မြင့်ပေါ်တွင် ကြိုတင်ပြင်ဆင်ထားပြီး ပါဝင်သူလေးဦး၏ နံပါတ်များ ရှိလေသည်။
ရှောင်ချန်ချင်းသည် သေတ္တာကို သာ်ပြီး သူတို့လေးယောက်ဆီ လျှောက်သွားသည်။
" ကျေးဇူးပြုပြီး မဲနှိုက်ပါ "
သူတို့လေးယောက် အလှည့်ကျ မဲနှိုက်ကြသည်။
ယဲ့ဖန်၏အလှည့် ရောက်သောအခါ ရှောင်ချန်ချင်းသည် သူ့ကို အချက်ပေးအကြည့် ကြည့်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ယဲ့ဖန် ချက်ချင်း သဘောပေါက်သွားသည်။
ရှောင်ချန်ချင်းနှင့် ကျန်သူများသည် သံသယရှိသူအား ပစ်မှတ်ထားပြီး ဖြစ်သည်။
ထိုအတွက် သူတို့ ပြင်ဆင်ထားပြီးသား ဖြစ်သည်။
မဲနှိုက်မှု၏ နောက်ဆုံးရလဒ်မှာ ဟုန်းကျားကျွန်း၏ ပြိုင်ဘက်သည် ဂျပန်မှ ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး ယဲ့ဖန်သည် အနက်ရောင်ဖြင့် သံသယရှိသူကို တိုက်ခိုက်ရမည်ဖြစ်သည်။
" ကျေးဇူးပြုပြီး လမ်းပြပေးပါ "
ယဲ့ဖန် နှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသောလူသည် လောင်းကစား စားပွဲဆီသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကာ ယဲ့ဖန်မှ လက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော် ထိုလူက သူ့လက်ကို မဆန့်ချေ။
သူက ခေါင်းတညိတ်ညိတ်ဖြင့် အရင်ထိုင်လိုက်သည်။
ယဲ့ဖန်က စိတ်ထဲမထားပေ။
သူ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။
ထိုအချိန်တွင် ဖဲချပ် မဖွင့်ရသေးသော ဖဲချပ်တစ်ထုပ်နှင့် ကိုယ်စားလှယ် ရောက်လာသည်။
သူတို့နှစ်ယောက်ရှေ့၌ ဖွင့်ပြီး ကတ်များကို စစ်ဆေးခိုင်းသည်။
ယဲ့ဖန် တစ်ချက်ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
" ပြဿနာမရှိပါဘူး "
ထို့နောက် ကိုယ်စားလှယ်က ထိုလူ၏ရှေ့သို့ တွန်းချလိုက်သည်။
ထိုလူက ယူဖို့ အလျင်စလို မလုပ်ချေ။
ထိုအစား သူသည် လက်ကိုင်ပုဝါကို ထုတ်ပြီး ကတ်များကို မစစ်ဆေးခင် သူ့လက်ကို သေချာသုတ်လိုက်သည်။
ယဲ့ဖန်သည် ထိုအသေးစိတ် အချက်များကို သတိပြုမိသည်။
သူ့မျက်ဝန်းအိမ်များကို ကျဉ်းမြောင်းကာ သေချာကြည့်လိုက်သည်။
ထိုယောက်ျား၏ လက်များသည် အလွန်လှပ၍ အမျိုးသမီးအများစုပင် ရှက်ကြရလိမ့်မည်။
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုလို ကွေးတက်လာသည်။
ဒါက စိတ်ဝင်စားစရာပဲ။
သူ့ရှေ့ရှိလူသည် အားကန် ဆိုသည်မှာ သူ သေချာနေပြီဆိုသော်လည်း လက်ရှိတွင် လှုပ်ရှားလို့ မရသေးချေ။
ပြိုင်ပွဲအား ကြည့်နေကြသူများ အပြင်၌ အများကြီးရှိနေသေးသည်။
သူသည် ယခုချက်ချင်း လှုပ်ရှားခဲ့မည်ဆိုပါက ပြိုင်ပွဲ၏ စည်းမျဉ်းများကို ချိုးဖျက်ပြီး ဟုန်း နှင့် ရှောင် မိသားစုအတွက် အခက်အခဲ ဖြစ်စေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အပြင်ဘက်တွင် ကာကွယ်ရေး ခံတပ်များစွာကို တပ်ဆင်ထားပြီးဖြစ်သည်။
ထို့ကြောင့် အလျင်လိုခြင်း မရှိခဲ့ချေ။
ပျော်စေရန် အရင် နေပေးလိုက်မည်။
ကြောင်က ကြွက်ကို တကူးတကလိုက်ဖမ်းတာ မြင်ဖူးလို့လား။
" ကတ်တွေကို ဝေလို့ရပြီ "
ဝတ်စုံဝတ်ထားသည့်လူက ကိုယ်စားလှယ်ကို ခေါင်းညိတ်ပြသည်။
ကိုယ်စားလှယ်သည် ကတ်များကို မွှေနှောက်ပြီး တစ်ကတ်စီ ပေးခဲ့သည်။
၀တ်စုံဝတ်ထားသော အမျိုးသားတွင် Q♦️ရှိနေပြီး ယဲ့ဖန်တွင် 8♣️ ယ့ဖန် ရှိသည်။
ဝတ်စုံဝတ်ထားသော အမျိုးသားသည် အသာစီးရထားပြီး အလောင်းအစားကို ဦးစွာတင်လိုက်သည်။
" ၅ သန်းနဲ့ အရင်စမ်းမယ် "
ထိုလူသည် စကားပြောနေစဉ်တွင် ယွမ် ၅ သန်းတန်ဖိုးရှိ တိုကင်ပြားများကို တွန်းထုတ်လိုက်သည်။
ယဲ့ဖန်သည်လည်း စားပွဲကို ပုတ်လိုက်သည်။
" ၅ သန်းလား။ ဒါ နည်းနည်းသတိထားလွန်းနေတာ မဟုတ်ဘူးလား။ ကောင်းပြီ၊ ၁၀ သန်း ထပ်ထည့်မယ် "
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် တိုကင်ပြား ၁၀ သန်းကို ထုတ်ခဲ့သည်။
ကိုယ်စားလှယ်သည် ဒုတိယကတ်ကို ပေးဝေခဲ့ပြီး ယဲ့ဖန်သည် 9♦️ရကာ ထိုလူသည် J♦️ဖြစ်သည်။
ဤတစ်ကြိမ်၌ နှစ်ဖက်စလုံး၏ ကတ်များကို ဆုံးဖြတ်နိုင်လာသည်။
ယဲ့ဖန်၏ ကတ်နှစ်ခုမှာ 8♣️နှင့် 9♦️ တို့ဖြစ်သောကြောင့် အပွင့်တူခြင်းကို မရနိုင်တော့ပေ။
တစ်ဖက်တွင် ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတွင် J, Q♦️ တို့ ရှိနေသည်။
ထို့ကြောင့် သူ Flush ( အပွင့်တူ ) ရရန် ဖြစ်နိုင်ချေများသည်။
" ကတ်တွေက အရမ်းကောင်းတာမို့ ဒီတစ်ခါတော့ သန်း၂၀ လောင်းမယ် "
ထိုလူက ပြုံးသည်။
ယဲ့ဖန်သည် အကျပ်ရိုက်နေသည့်ပုံစံဖြင့် အံကြိတ်လိုက်သည်။
နောက်ဆုံးတွင် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီးနောက် သူလည်း ချက်ချင်း သန်း ၂၀လိုက်လောင်းသည်။
" ကြေးလိုက်တယ် "
ဝတ်စုံဝတ်ထားသည့်လူသည် မတတ်နိုင်ဘဲ ရယ်မိသည်။
" အဲ့လောက် ဆိုးတဲ့ ကတ်ပြားတွေနဲ့ လောင်းကြေးလိုက်တာဆိုတော့ မင်းက တော်တော် ရဲရင့်တာပဲ "
ယဲ့ဖန်သည် သူ့လက်များကို ဖြန့်လိုက်သည်။
" ထိပ်တန်းလေးယောက်ထဲ ဝင်ခွင့်ရတာတောင် အံ့သြစရာဖြစ်နေပြီ။ ဘာလို့ မစမ်းကြည့်ရမှာလဲ "
ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားသည် အခြား ဘာမှမပြောတော့ဘဲ ကိုယ်စားလှယ်ကို ဆက်လက်ပေးရန် အချက်ပြခဲ့သည်။
တတိယကတ်တွင် ယဲ့ဖန်သည် 8♠️ ရခဲ့ပြီး တစ်ဖက်လူသည် 9♦️ ရခဲ့သည်။
သူသည် အားသာချက်ကို ထိန်းထားနိုင်ဆဲဖြစ်သည်။
" ဟားဟားဟား၊ မင်းကို ကြည့်ရတာ နံပါတ်တန်းဖို့ အခွင့်အလမ်းတောင် မရှိတော့ဘူး။ ဒါပေမယ့် ငါကတော့ အပွင့်တူဂဏန်းတန်းဖို့ အခွင့်အရေးရှိသေးတယ် "
ဝတ်စုံဝတ်ထားသည့်လူသည် ယဲ့ဖန်ကို မာန်တက်စွာဖြင့် ကြည့်နေသည်။
ယဲ့ဖန်၏ နှုတ်ခမ်းများ တွန့်ကွေးတက်သွားသည်။
" နောက်ဆုံးအထိ မရောက်သေးဘဲ အရမ်းပျော်မနေပါနဲ့။ လောင်းကြေးကိုသာ ထည့်လိုက်ပါ "
ထိုလူက ခဏလောက် စဉ်းစားလိုက်သည်။
ထို့နောက် သန်း၃၀ကို လောင်းကြေးထုတ်ပေးခဲ့သည်။
" သန်း ၃၀ "
" ဟာ ........ "
ဟုန်းရှောင်ထျန်းနှင့် ပွဲကို စောင့်ကြည့်နေကြသော အခြားလူများသည် မတတ်နိုင်ဘဲ ရင်သပ်မိကြသည်။
ဝတ်စုံပြည့် ဝတ်ထားသည့် ထိုလူသည် အလွန်ရက်စက်လှသည်။
၃ ကြိမ် လောင်းကြေးထည့်ပြီးနောက် သူသည် စုစုပေါင်း ၅၅သန်း ရှိနေပြီဖြစ်သည်။
သူ့တွင် ကတ်ကောင်းများ ရှိနေသည်မှာ မှန်သော်လည်း သူ၏ သတ္တိမှာ အမှန်တကယ်ပင် အံ့သြဖို့ကောင်းလေသည်။
ဤတစ်ခါတွင် သူသည် ပြဿနာကို ယဲ့ဖန် ဆီသို့ လွှဲလိုက်သည်။
ယဲ့ဖန်၏ ကတ်များသည် သူ့ပြိုင်ဘက်လောက် မကောင်းချေ။
တစ်ဖက်မှ လောင်းကြေးတင်လျှင်ပင် ယဲ့ဖန်မှ လောင်းကြေးတင်ရန် မလိုအပ်ချေ။
အခုအချိန် အကောင်းဆုံးရွေးချယ်မှုမှာ သူ့ကတ်များကို လွှင့်ပစ်ရန်သာ ဖြစ်သည်။
သို့သော် ယဲ့ဖန်သည် သန်း၃၀ လောင်းထားပြီးဖြစ်သောကြောင့် လက်လွှတ်လိုက်ပါက အားလုံးသည် အချည်းနှီးသာ ဖြစ်သွားနိုင်သည်။
ဆုံးရှုံးမှုများကို အချိန်မီတားဆီးရန် အခြားနည်းလမ်း မရှိချေ။
ဆက်၍ ကြေးလိုက်ပါက ပို၍ပင် ဆုံးရှုံးနိုင်သည်။
သို့သော်လည်း ယဲ့ဖန်သည် သူ့ကတ်များကို ပစ်တော့မည်ဟု လူတိုင်း ထင်ထားချိန်၌ သူသည် တိုကင်ပြား သန်း၃၀ဖိုးကို ဖြည်းညှင်းစွာ တွန်းလိုက်ပြီး သူ့မျက်နှာ၌လည်း ယုံကြည်မှုအပြည့် ရှိနေသည်။
" သန်း၃၀ လောင်းကြေးလိုက်မယ် "
အပိုင်း ( ၉၉၆ )
ငယ်လွန်းသေးတယ်။
ယဲ့ဖန်သည် သန်း၃၀ဖြင့် အလောင်းအစား ကြေးလိုက်ရန် ရွေးချယ်လိုက်သောအခါ ကြည့်ရှုသည့်နေရာရှိ လူတိုင်း အံ့အားသင့်သွားကြသည်။
" သူ ...... သူ တကယ် ကြေးလိုက်တာလား၊ ဒါက သန်း၃၀တောင်လေ "
" ဒါက စိတ်အားထက်သန်လွန်းတယ် မဟုတ်လား။ သူ တကယ် ဒီလောက်ဆိုးတဲ့ ကတ်ကိုတောင် လောင်းကြေးလိုက်တာလား "
" ဒါက အရူးပဲ၊ အရူးထတာ။ ပထမအချီတွေမှာကျ အတော်လေး ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပြီး အခုကျမှ ရုတ်တရက် ဘာလို့ ထရူးနေတာလဲ "
" ငါလည်း နားမလည်ဘူး။ သူ့ကတ်တွေနဲ့သာဆို လွှင့်ပစ်လိုက်သင့်တာ ကြာနေပြီ ..... "
ပွဲစီစဉ်သူများ နားမလည်ရုံသာမက ဟုန်းရှောင်ထျန်း နှင့် ရှောင်ချန်ချင်းပင် နားမလည်နိုင်ပေ။
စည်းမျဉ်းအရ
Royal Flush
Iron Branch
Full House
Flush
Straight
အမျိုးအစားသုံးမျိုး
အတွဲ၂စုံ
အတွဲ
ကတ်အစုံ စသည့်ဖြင့်ကွာလေသည်။
ယဲ့ဖန်၏ ကတ်များသည် ယခုအခါတွင် 8♠️ , 9♦️ , 8♣️ တို့ ဖြစ်ကြသည်။
ထို့ကြောင့် Royal Flash, Straight နှင့် Flash တို့ ရရန် မဖြစ်နိုင်တော့ပေ။
တစ်ဖက်တွင် ပြိုင်ဘက်သည် J၊ Q နှင့် 9 ♦️ကို ကိုင်ဆောင်ထားသည်။
ထိုကတ်များ အားလုံးသည် ♦️ များဖြစ်သည်။
ထို့ကြောင့် Straight Flush သို့မဟုတ် Royal Flushကိုပင် ရရှိရန် အခွင့်အလမ်း မြင့်မားနေသေးသည်။
ဒီလိုအခြေအနေမျိုးမှာတောင် သူက သန်း၃၀ကို လောင်းရဲတဲ့သတ္တိ ရှိနေတုန်းလား။
သူတို့ နားမလည်နိုင်ကြပေ။
ပြိုင်ဘက်လူပင် ယဲ့ဖန်၏ လုပ်ရပ်ကြောင့် အံ့ဩသွားသည်။
" မင်း ..... ဒါက ဘယ်လို လှည့်ကွက်မျိုးလဲ။ ဒီလို အစုတ်အပြတ် ကတ်ပြားတွေနဲ့ ဆက်လောင်းဖို့ သတ္တိရှိတုန်းပဲလား "
ယဲ့ဖန်သည် ဆိုဖာပေါ်သို့ ဖြည်းညှင်းစွာ နောက်ပြန်မှိ်လိုက်သည်။
စားပွဲထိုးထံမှ ဝိုင်နီတစ်ခွက်ကို ယူလိုက်သည်။
" သတ္တိရှိတဲ့သူတွေက ပြည့်ဝပြီး သေကြလိမ့်မယ်။ အရှက်မရှိကြောက်လန့်နေတဲ့သူတွေကတော့ ငတ်သေလိမ့်မယ်။ ခင်ဗျားမှာ Flash မရှိဘူးလို့ ကျုပ် အာမခံတယ် "
ဝတ်စုံပြည့် ဝတ်ထားသောလူသည် ချက်ချင်း ရယ်မောလိုက်သည်။
" ဟားဟားဟား၊ ကောင်းပြီ။ ငါမင်းကို အဆုံးထိ လောင်းပေးမယ် "
ထိုသို့ပြောပြီးနောက် ကိုယ်စားလှယ်အား ဆက်လက်ဝေပေးရန် အချက်ပြခဲ့သည်။
ဤတစ်ကြိမ်တွင် ယဲ့ဖန်သည် 10♥️ ရခဲ့ပြီး ဝတ်စုံပြည့်ဖြင့် လူသည် 10♦️ရခဲ့သည်။
" ဟူး........ "
ဒီမြင်ကွင်းကို မြင်လိုက်ရပြီး ပရိသတ်များက ယဲ့ဖန်အတွက် စိတ်မကောင်းဖြစ်မိကြသည်။
အခု တကယ်ကို မျှော်လင့်ချက် မရှိတော့ဘူး။
အကယ်၍ လက်ရှိကတ်သည် 8 သို့မဟုတ် 9 ကို ပေးခဲ့ပါက မျှော်လင့်ချက် ရှိနေသေးသော်လည်း 10 ကို ပေးလာ၍ မျှော်လင့်ချက်သည် ချက်ချင်း ပါးလွှာသွားတော့သည်။
ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသား၏ ကတ်များသည် အလွန်ချောမွေ့နေသည်။
9 ♦️
10 ♦️
J ♦️
Q ♦️
နောက်ဆုံးကတ်သည် K ♦️ သို့မဟုတ် 8♦️ ဖြစ်သည်နှင့် သူသည် Straight Flush ရနိုင်မည်ဖြစ်သည်။
သူသည် ဂဏန်းအစဉ်လိုက်မဖြစ်လျှင်ပင် ♦️ရလိုက်သည်နှင့် အပွင့်တွေအကုန်တူနိုင်မည်ဖြစ်သည်။
ထိုသည်တို့နှင့် နှိုင်းယှဉ်ပါက ယဲ့ဖန်၏ ကတ်များသည် အလွန်နိမ့်ကျနေသည်။
သူအနိုင်ရရန် အခွင့်အလမ်းမှာ အလွန်နည်းပါးသည်။
" အင်း၊ ကြည့်ရတာ ငါ့လက်က အရမ်းချောမွေ့နေပုံပဲ "
ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားသည် စားပွဲပေါ်ရှိ လက်ချောင်းများကို ပုတ်ရင်း သူ့မျက်နှာပေါ်တွင်လည်း အပြုံးကြီးကြီး ရှိနေသည်။
" ဒီလောက် ကောင်းတဲ့လက်။ ငါတို့ပိုကြီးကြီး ကစားရမယ်။ ကဲ ထည့်လိုက်ရအောင် "
ထိုသို့ပြောပြီး သူသည် ၄၅ သန်းကို ထုတ်ခဲ့သည်။
အစောပိုင်းမှ သူလောင်းထားသည့် ၅၅သန်းနှင့် ပေါင်းထည့်လိုက်လျှင် ဤအချီအပါအဝင် သန်း၁၀၀ လောင်းထားပြီးဖြစ်သည်။
ပရိသတ်များမှာ မနေနိုင်ဘဲ အော်ဟစ်ကြသည်။
" ဒီကစားသမားက အရမ်းရဲရင့်တာပဲ။ တစ်ပွဲတည်းနဲ့ သန်း ၁၀၀ လောင်းရဲတဲ့ သတ္တိရှိတာလား "
" ပထမပွဲတွေမှာ သူ့ရဲ့ စွမ်းဆောင်ရည်က တော်တော်လေး နိမ့်ပေမယ့် တကယ်ကျ အသံမထွက်ဘဲ ဖိုင်နယ်ကိုတောင် ရောက်သွားတယ်။ သူက တကယ် မြင်းနက်တစ်ကောင်ပဲ "
" ဒီလူကို မင်းတို့ထဲက တစ်ယောက်ယောက်ကများ သိကြလား။ ပြိုင်ပွဲပြီးရင် ငါ သူ့ကို အရမ်း သိချင်မိတယ် "
" သူက မျက်နှာဖုံးတပ်ထားတယ်။ သူ့အထောက်အထားကို မဖော်ထုတ်ချင်ဘူးဖြစ်မယ်။ ဟုတ်တယ်၊ အရပ်သားပညာရှင်ဖြစ်လောက်တယ် "
" ဒီနှစ် လောင်းကစားဘုရင်ပြိုင်ပွဲက တကယ် အံ့အားသင့်စရာပဲ။ တစ်ပြိုင်နက်တည်းမှာ မြင်းနက်နှစ်ကောင် ပေါ်လာတယ် "
" ယှဉ်ပြောရရင် ဒီပြိုင်ပွဲဝင်ကို ပိုပြီးတော့ အထင်ကြီးမိတယ်။ ဖန်ယဲ့က နည်းနည်းတော့ ဆင်ခြင်မဲ့လွန်းတယ် "
" တကယ် ဒီနှစ်ရဲ့ လောင်းကစားဘုရင်ဘွဲ့ရာထူးက ဟုန်းကျားကျွန်းနဲ့ ဒီကစားသမားကြားထဲမှာ ရှိနေပုံပဲ "
" တကယ် စောင့်မျှော်နေပြီ ........ "
ဝတ်စုံပြည့်ဝတ်ထားသောလူကို လူတိုင်းက အကောင်းမြင်နေကြသော်လည်း ယဲ့ဖန်ကို စိတ်ပျက်သွားကြသည်။
အဓိက အကြောင်းအရင်းမှာ လက်ရှိပွဲ၌ သူ၏ နိမ့်ကျသော စွမ်းဆောင်ရည်ကြောင့် ဖြစ်သည်။
မကောင်းတဲ့ကတ်ပေါ်မှာ လောင်းကြေးအများကြီးလောင်းတာက တကယ် ပညာမဲ့တာပဲ။
သို့သော် သူတို့အား စကားမပြောနိုင်အောင် လုပ်သည့်အရာမှာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
ယဲ့ဖန်သည် ဝတ်စုံပြည့်ဝတ်ထားသောလူ၏ လောင်းကြေးကို မြင်ပြီးနောက် ပြုံးလိုက်သည်။
" ခင်ဗျားရဲ့ကတ်တွေကို အရမ်းယုံကြည်ပုံရတယ်။ ဝှက်ဖဲက စိန်ဆိုတာ သေချာလို့လား "
ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားက သူ့လက်များကို ဖြန့်လိုက်သည်။
" မင်းပြောသလိုပဲ ရဲရင့်တဲ့လူက သေရင်တောင် ဝဝလင်လင် သေရမှာပဲ။ ကြောက်တဲ့စိတ်က ငတ်သေအောင်ပဲ လုပ်လိမ့်မယ်။ မင်းတောင် ဒီလောက်ညံ့တဲ့ ဖဲချပ်တွေနဲ့ လောင်းကစားရဲသေးတာ ငါက ဘာကိုကြောက်ရမှာလဲ "
ယဲ့ဖန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
" အဲ့တာက အဓိပ္ပာယ်ရှိတယ်။ ခင်ဗျားက သိပ်ကို ရဲရင့်တဲ့အတွက် ကျွန်တော်က အရှက်မဲ့နေလို့ မရဘူး။ ၄၅ သန်းလိုက်မယ် "
ထိုသို့ဖြင့် ယဲ့ဖန်သည် ၄၅ သန်းကို ထုတ်ပေးခဲ့သည်။
ဟုန်းရှောင်ထျန်းနှင့် အခြားသူများမှာ တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ထရပ်ကာ ထိုမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြသည်။
တစ်ဖက်ပြိုင်ဘက်မှာ ဘာကြောင့် ဒီလောက်ကြေးကြီးကြီး ကစားနေရသည်လဲဆိုတာ သူတို့ နားလည်နိုင်သည်။
မည်သို့ပင်ဖြစ်စေ သူ့ကတ်များက အလွန်ကောင်းသေးသည်။
သို့သော် ယဲ့ဖန် မှာတော့ ဆိုးရွားသည့် ဖဲချပ်များဖြင့် ဤကဲ့သို့ လောင်းပုံမှာ သူတို့ကို ပဟေဠိဖြစ်စေသည်။
" ဒီကောင် ဘာတွေ တွေးနေတာလဲ။ သူက ဒီလို ဆိုးတဲ့ ဖဲချပ်တွေနဲ့ အများကြီး လောင်းဖို့ သတ္တိရှိတာလား "
" ဟူး၊ အရင်က သူ့အပေါ် ငါတော်တော် အကောင်းမြင်ခဲ့တာ။ ဒီပွဲမှာ သူက ဘာလို့ ဒီလောက်မိုက်မဲတဲ့ လုပ်ရပ်ကို လုပ်နေရတာလဲ "
" သူ့ လောင်းကြေးတွေက အရမ်းများနေပြီလို့ ထင်ပြီး လက်မလျှော့ချင်ဘဲ နောက်ထပ်လောင်းချင်နေတာများလား "
" ဒါက လောင်းကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ။ သူ့မှာ ကံကောင်းတတ်တယ်ဆိုတဲ့ ကံလေးရှိနေပေမယ့် ဒီလိုလုပ်လေလေ ရှုံးလေလေဆိုတာကို သူ မသိဘူး "
" သူက အရမ်းငယ်သေးတော့ သူ့စိတ်အခြေအနေအရ ဒေါသဖြစ်နေတာ ဖြစ်မယ် ...... "
လူတိုင်းသည် မတတ်နိုင်ဘဲ ခေါင်းယမ်းကာ သက်ပြင်းချကြသည်။
ယဲ့ဖန်သည် အန္တရာယ်အလွန်များနေပြီဟု သူတို့ ခံစားလိုက်ရသည်။
ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းလည်း စိတ်ရှုပ်သွားသည်။
သူတို့သည် ယဲ့ဖန်၏ ခွန်အားနှင့် ပတ်သက်၍ အလွန်ရှင်းလင်းစွာ သိခဲ့ရသည်။
ဟုန်းကျားကျွန်းကိုပင် သူက အနိုင်ယူခဲ့သည်။
သို့သော် ဤပြိုင်ပွဲ၌ သူ၏ စွမ်းဆောင်ရည်မှာ ဆိုးရွားလွန်းနေ၍ သူတို့ပင် နားမလည်နိုင်ခဲ့ချေ။
ဘယ်လိုပင် တွေးနေသည်ဖြစ်စေ ကတ်အခြေအနေများမျိာ ကြိုတင်ကောက်ချက်ချပြီး ဖြစ်နေကာ ပြောင်းလဲလို့မရချေ။
အခုအခါ သူတို့သည် နောက်ဆုံး ဝှက်ဖဲ ဘယ်လိုထွက်လာမလဲဆိုသည်ကို စောင့်ကြည့်ရုံသာ ရှိတော့သည်။
ယဲ့ဖန်သည် ကတ်ကို ဖွင့်ပေးသူဖြစ်သောကြောင့် သူသည် ဝှက်ဖဲကို ဦးစွာပြသရမည် ဖြစ်သည်။
သူ့လက်ထဲမှ ဝှက်ဖဲကို အရင်ဆုံးကြည့်လိုက်ပြီး သူ့အမူအရာက ချက်ချင်း ပြောင်းသွားသည်။
သူသည် ကတ်ကို အတော်ကြာ မပြချေ။
ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားက ရယ်မောလိုက်သည်။
" ကောင်းပြီ၊ အချိန်ဆွဲနေတာတွေ ရပ်လိုက်။ မင်းရဲ့ကတ်တွေကို ပြ "
ယဲ့ဖန်သည် ထိုကတ်ပြားကို စားပွဲပေါ်သို့ တင်လိုက်သည်။
" 8♦️"
ဝတ်စုံပြည့် ဝတ်ထားသည့် အမျိုးသားနှင့် ပရိသတ်များသည် ယဲ့ဖန်၏ ကတ်ကို တွေ့သည့်အခါ သူတို့အားလုံး ပြောကြတဲ့ စကားတစ်ခွန်းရှိလေသည်။
" ငါသိနှင့်နေတယ် "
ယဲ့ဖန်၏ နောက်ဆုံးကတ်များမှာ
8 ♠️
8 ♣️
8 ♦️
9 ♦️
10♥️တို့ဖြစ်သည်။
ထိုကတ်အစုံသည် အတွဲနှစ်တွဲနှင့် ကတ်အစုံထက် အနည်းငယ်ပိုကြီးသည်။