← Chapters

အပိုင်း ၉၉၇-၁၀၀၀

Vol. 50 Ch. 997-1000

အပိုင်း ၉၉၇-၁၀၀၀

Vol. 50 Ch. 997-1000

အပိုင်း ( ၉၉၇ )

ယုံကြည်မှုလွန်ကဲပြီး မျက်နှာကို အရိုက်မခံရအောင် သတိထား။

ယဲ့ဖန်၏ ကတ်များကို မြင်ပြီးနောက် ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းသည် မထိန်းနိုင်ဘဲ ခါးသီးစွာ ပြုံးလိုက်ကြသည်။

ယဲ့လူကြီးမင်းသည် အားကန်ကို ဖမ်းရန် အာရုံစိုက်ထားပြီး ယှဉ်ပြိုင်ရန် စိတ်မ၀င်စားတော့ပေ။

တကယ်ပင် သူသည် ဤကဲ့သို့ အဆင့်နိမ့်သည့်အမှားကို လုပ်ခဲ့သည်။

ဤကဲ့သို့ ကတ်များဖြင့် သန်းရာချီ လောင်ခဲ့သည်။

ဦးနှောက်မဲ့သော လောင်းကစားသမားအများစုပင် ဤကဲ့သို့ လုပ်နိုင်မှာ မဟုတ်ချေ။

သူတို့ နှစ်ယောက်သည် ယဉ်ကျေးစွာ စိတ်ထဲမှ တွေးနေကြသည်။

သို့သော် အခြားသူများမှာတော့ နှုတ်ကိုဖွင့်၍ ကဲ့ရဲ့ကြလေတော့သည်။

" သေတွင်းမတူရင် သေမှာမဟုတ်ဘူး။ အဲ့လို ညံ့တဲ့ ကတ်တွေနဲ့ သန်းရာနဲ့ချီပြီး လောင်းကြေးထပ်ရတယ်လို့ "

" ဒီပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်က ထိပ်တန်းကစားသမားလေးယောက်ရဲ့ စံနှုန်းနဲ့ လုံးဝ မတူဘူး။ သာမန်လောင်းကစားသမားတစ်ယောက်ရဲ့ စံနှုန်းနဲ့တောင် ယှဉ်လို့မရဘူး "

" ဟူး၊ ငါတို့ရဲ့လောင်းကစားဘုရင်ပြိုင်ပွဲက မျက်နှာ ပျက်တော့မယ်။ ဒီအဆင့်နဲ့များ ဖိုင်နယ်ကို တကယ်ကြီး ဝင်လာတယ်လား "

" ဒီနှစ် လောင်းကစားဘုရင်ဘွဲ့ ပြိုင်ပွဲ ပြီးသွားရင် ဒီကလေးက ရယ်စရာကြီး ဖြစ်လာတော့မှာလို့ ငါ ခန့်မှန်းထားတယ်။ မင်းငါ့ကို မယုံရင် စောင့်ကြည့်လိုက် ...... "

သူတို့သည် ယဲ့ဖန်အတွက် မြင့်မားသော မျှော်လင့်ချက်များ ရှိခဲ့ကြသည်။

သို့သော် သူတို့၏ မျှော်မှန်းချက်မှာ မြင့်မားခဲ့လေလေ သူတို့ စိတ်ပျက်ရလေလေ ဖြစ်သည်။

မူလက သူသည် ဟုန်းကျားကျွန်းနှင့် ယှဉ်ပြိုင်နိုင်သည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဟု သူတို့ထင်ခဲ့ကြသည်။

သို့သော် လက်ရှိပြိုင်ပွဲမှ သူ၏ စွမ်းဆောင်ရည်မှာ စိတ်ပျက်စရာ ကောင်းနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။

ဝတ်စုံပြည့်ဝတ်ထားသည့်လူက မတတ်နိုင်ဘဲ ရယ်လေသဘ်။

" ဒီအချီမှာ ငါအနိုင်ရလိမ့်မယ် "

ယဲ့ဖန် သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

" နောက်ဆုံးအထိ စိတ်မချပါနဲ့။ အထင်ကြီးလွန်းရင် မျက်နှာကို အရိုက်ခံရတတ်တယ် "

" ဒါဆို မျက်နှာကို ဘယ်သူက ရိုက်ရမလဲ ကြည့်ရအောင် "

ထိုလူသည် ပြောသည့်အတိုင်း သူ၏ ဝှက်ဖဲကို ထုတ်ပြသည်။

ထို့နောက် သူ့မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် အေးခဲသွားသည်။

9 ♥️

" အိုး ...... "

မတ်တပ်ရပ်နေသော ပရိသတ်များသည် ချက်ချင်းပင် အေးခဲသွားကြသည်။

လူတိုင်း၏ အမူအရာများသည် အလွန်ပင် စိတ်ဝင်စားစရာကောင်းလှသည်။

သူတို့သည် ဝတ်စုံပြည့်ဖြင့်လူမှ ဤအချီတွင် အနိုင်ရမည်ဟု ထင်ခဲ့ကြသည်။

သို့သော် ဤကဲ့သို့ ရလဒ်မျိုးကို သူတို့ မမျှော်လင့်ထားချေ။

ကတ်ငါးကတ် တွင်

9 ♦️

10 ♦️

J ♦️

Q ♦️

9 ♥️ တို့ဖြစ်ကြသည်။

ပထမ ကတ်လေးလုံးသည် ချောမွေ့ စွာ ရှိနေခဲ့သော်လည်း နောက်ဆုံးကတ်တွင် ပြဿနာဖြစ်လာခဲ့သည်။

Straight Flush မှာ လုံးဝပျက်စီးသွားခဲ့ရသည်။

ဤသည်ကို ကတ်အမျိုးအစား အားလုံးထဲမှ အဆိုးဆုံးကတ်တစ်မျိုးဟု သတ်မှတ်နိုင်သည်။

" ဒါ … ဘာဖြစ်တာလဲ။ အရင်ကတ်တွေက အရမ်းကောင်းပြီး သူ ဘာလို့ နောက်ဆုံးကတ်ကျမှ ဒီဟာပြီး ထွက်လာရတာလဲ "

" အဟမ်း၊ ဒီကတ်က ဆိုးလွန်းတာ မဟုတ်ဘူးလား။ ဖန်ယဲ့ရဲ့ သုံးမျိုးကတ်လောက်တောင် မကောင်းဘူး "

" တကယ်ပဲ သူရှုံးသွားတာလား။ တစ်ချီတည်းနဲ့ သန်းရာနဲ့ချီ ရှုံးသွားတာကြီးက ကြေကွဲစရာပဲ မဟုတ်လား "

" ဖန်ယဲ့ရဲ့ ကံက ကောင်းလွန်းတယ်။ ဒီလောက် ညံ့ဖျင်းတဲ့ကတ်တွေနဲ့ အနိုင်ရခဲ့တာလား "

" ကံကောင်းတာတဲ့လား "

ဟုန်းရှောင်ထျန်းသည် ခေါင်းကို လှည့်ကာ တစ်ချက်ကြည့်လိုက်သည်။

" မင်းသာ သူ့ကတ်ကို ယူမိတဲ့လူဆိုရင် ဒီလိုအဆုံးထိ ဆက်လောင်းဖို့ သတ္တိရှိလား "

လူတိုင်းသည် သူ့စကားကြောင့် စကားဆက်မပြောနိုင် ဖြစ်သွားကြသည်။

အမှန်ပင် သူတို့သည် ယဲ့ဖန်၏ ကတ်များကို ယူမိခဲ့မည်ဆိုလျှင် သူတို့သည် အစောကြီးကတည်းက လွှင့်ပစ်ပြီးသား ဖြစ်ပေလိမ့်မည်။

ကံကြမ္မာသည် ခွန်အားနှင့် သတ္တိတို့ပေါ်တွင် တည်ဆောက်ထားသည်။

ခွန်အားနှင့် သတ္တိမရှိသူသည် သူတို့၏လက်ထဲတွင် မည်မျှကောင်းသည်ဖြစ်စေ ဆုံးရှုံးသွားပေလိမ့်မည်။

ဖန်ယဲ့ကို သူတို့ မတတ်နိုင်ဘဲ ကြည့်မိကြသည်။

ဒီလူငယ်လေးက သူ့ယုံကြည်မှုကို ဘယ်ကရခဲ့တာလဲ။

သူက ကတ်အဆိုးတွေနဲ့ အဆုံးထိ လောင်းကစားရဲသေးတာလား။

သူက ဓာတ်မှန်မျက်လုံးနဲ့ တစ်ဖက်လူရဲ့ ဝှက်ဖဲကို မြင်နိုင်တာလား။

သူတို့တင်မကဘဲ ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားကလည်း သူ့လက်ထဲမှ ကတ်ကို စိုက်ကြည့်နေသည်။

အနည်းဆုံး Flush ရလိမ့်မည်ဟု သူထင်ခဲ့သည်။

သို့သော် အတွဲတစ်စုံသာ ဖြစ်လာမည်ဟု သူ မမျှော်လင့်ခဲ့ချေ။

ကတ်များမှာ ကမ္ဘာ ခြားသွားသည်။

အနိုင်ရမည်ဟု ယူဆသော်လည်း နောက်ဆုံးအခိုက်အတန့်တွင် ရှုံးသွားရသည်။

လက်ရှိပြိုင်ပွဲတွင် သူသည် သန်း၁၀၀ ဆုံးရှုံးခဲ့ရသည်။

လက်ရှိပြိုင်ပွဲ၏ စည်းမျဉ်းအရ အရှုံးသမား၏ ကန့်သတ်ချက်မှာ သန်း ၂၀၀ ဖြစ်လေသည်။

သန်း၂၀၀ ဆုံးရှုံးပြီးနောက် သူသည် အရှုံးကို အလိုအလျောက် ဝန်ခံရမည် ဖြစ်သည်။

ဤအချီတွင် သူသည် သူ၏ တိုကင်ပြားတစ်ဝက်ကို ဆုံးရှုံးခဲ့ရပြီး သူ၏ စိတ်ဓာတ်သည်လည်း ချက်ချင်း ပြိုလဲသွားသည်။

သူသည် 9♥️ကို အရူးအမူး ဆွဲဆုတ်ကာ အပိုင်းပိုင်း ဖြဲပစ်လိုက်သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သူ၏ ဝိုင်နီကို အေးဆေးစွာ သောက်နေသည်။

" ရဲရင့်နေရုံနဲ့ မလုံလောက်ဘူးထင်တယ်။ ခင်ဗျား ကံနည်းနည်းလိုသေးတယ်။ ကံကောင်းတာက ကျွန်တော့်ကံက ခင်ဗျားထက် သာနေသေးတယ် ဟားဟား "

ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားသည် သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

" အရမ်းစောပြီး ပျော်မနေနဲ့။ ဒါက အစပဲရှိပါသေးတယ်။ အဆုံးထိ ရယ်မောနိုင်တဲ့သူကမှ အောင်နိုင်သူပဲ "

ယဲ့ဖန် ခေါင်းညိတ်သဘောတူလိုက်သည်။

" အမှန်ပဲ၊ ဆက်ကြရအောင် "

9 ♥️သည် ထိုလူကြောင့် ပြဲသွားသဖြင့် ကိုယ်စားလှယ်သည် အခြားကတ်ထုပ်ကို ပြောင်းရတော့သည်။

ယဲ့ဖန်၏ လောင်းကစားနှင့်မတူဘဲ ဟုန်းကျားကျွန်း၏ လောင်းကစားသည် ပို၍ သတိထားနေရသည်။

ကတ် မကောင်းသည်ကို တွေ့သည်နှင့် ချက်ချင်း လွှင့်ပစ်လိုက်ကြသည်။

အချိန်အတော်ကြာပြီးနောက် ဟုန်းကျားကျွန်းသည် ၇သန်းကျော်သာ အနိုင်ရခဲ့သည်။

သို့သော်လည်း သူတို့နှစ်ဦးသည် တည်ငြိမ်နေပြီး အလျင်စလိုမရှိဘဲ ပြိုင်နေဆဲဖြစ်သည်။

သူတို့တွင် ဗိုလ်ချုပ်တစ်ဦး၏ အမူအယာရှိနေကြသည်။

ပရိသတ်များသည် မတတ်နိုင်ဘဲ ခေါင်းညိတ်မိကြသည်။

ဒါက ဝါရင့်တွေရဲ့ ပြိုင်ဆိုင်မှုပဲ။

ထိုတည်ငြိမ်မှု တစ်ခုတည်းဖြင့် ကစားသမားသစ်များ ယှဉ်နိုင်သည့်အရာ မဟုတ်ချေ။

သူတို့သည် စကားစမြည်ပြောကြရင်း ယဲ့ဖန်တို့၏ လောင်းကြေးပွဲက ပြန်စလေသည်။

ကိုယ်စားလှယ်သည် ကတ်များကို မွှေထားပြီးဖြစ်၍ စစ်ဆေးရန် ယဲ့ဖန်ထံသို့ ကတ်များကို တွန်းပို့လိုက်သည်။

" ပြဿနာမရှိပါဘူး "

ယဲ့ဖန်သည် သူ့လက်ကို ပြန်မလွှတ်မီ ကတ်များကို လှန်လှောကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဖဲချပ်တစ်ကတ်ကို သူ့အင်္ကျီထဲတွင် ဝှက်ထားလိုက်သည်။

အမှန်ပင် သူ လှည့်စားခဲ့ခြင်း ဖြစ်သည်။

လောင်းကစားဘုရင်ပြိုင်ပွဲတွင် စည်းမျဉ်းတစ်ခုရှိသည်။

လိမ်ကစားသူအား ဖမ်းမိသည်နှင့် လောင်းကစားသမားသည် ရှုံးနိမ့်မှုကို အလိုအလျောက် ဝန်ခံရမည် ဖြစ်ရုံသာမက တိုကင်ပြားများအားလုံးကို သိမ်းဆည်းခံရမည်ဖြစ်ပြီး ထိုကစားသမားသည်လည်း ထာဝရ ပိတ်သိမ်းခံရမည်ဖြစ်သည်။

သို့သော် သူ၏ လှည့်စားမှုစွမ်းရည်ဖြင့် ဖုံးကွယ်ထားချင်ပါက မည်သူမျှ သူ့ကို ဖမ်းနိုင်မည် မဟုတ်ပေ။

ယဲ့ဖန်ကတ်များကို ဝှက်ထားလိုက်သည်နှင့် ထိုပြိုင်ဘက်၏ မျက်လုံးအိမ်များသည် အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ထို့နောက် ဘာမှမဖြစ်သကဲ့သို့ အဝေးကိုကြည့်ကာ သူ့ပါးစပ်ထောင့်တွင် သရော်လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ရှိနေသည်။

ကိုယ်စားလှယ်သည် သူတို့တစ်ဦးစီအား ဝှက်ဖဲတစ်ကတ်စီကို ဦးစွာပေးခဲ့ပြီးနောက် အဖွင့်ကတ်တစ်ခုစီ ပေးခဲ့သည်။

ယဲ့ဖန်တွင် 8♦️ရှိပြီး တစ်ဖက်သူတွင် 9♠️ ရှိသည်။

" ရေကို အရင်စမ်းသပ်ဖို့ ၅ သန်း လောင်းမယ် "

ယဲ့ဖန်သည် တိုကင်ပြား ၅ သန်းဖိုးကို တိတ်တဆိတ် တွန်းထုတ်လိုက်ပြီး ထိုလူကို မော့ကြည့်လိုက်သည်။

" ဒီဝိုင်းကို မင်း ဘာလို့ ဒီလောက်တောင် သတိထားနေရတာလဲ။ ကောင်းပြီ၊ စိတ်လှုပ်ရှားစရာကောင်းအောင် ၁၀ သန်းထပ်ထည့်မယ် "

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ထိုလူက ချပ်ပြား ၁၀ သန်းကို တွန်းထုတ်လိုက်သည်။

ကိုယ်စားလှယ်က ကတ်များကို ဆက်ပြီး ဝေပေးသည်။

ဤတစ်ကြိမ်၌ ယဲ့ဖန်တွင် 10♠️ရှိပြီး ထိုလူ၌ 9♣️ ရှိသည်။

ထိုလူ၏ ဒုတိယကတ်မှာ သိပ်မကောင်းချေ။

သူသည် ဂဏန်းတန်းမည့် ဖြစ်နိုင်ချေကို မရလိုက်သော်လည်း ဤလောင်းကြေး၏ ရလဒ်ကို သူသည် သိပ်ဂရုမစိုက်သလိုမျိုး သူ့မျက်နှာပေါ်၌ အမူအရာ ကင်းမဲ့နေသည်။

ယဲ့ဖန် ဝမ်းသာသွားသည်။

" ကတ်တွေက မဆိုးဘူးဘဲ။ အဲ့တာဆိုရင် ၁၀ သန်း လောင်းရအောင် "

ထိုသို့ပြောပြီးနောက် သူသည် တိုကင်ပြား ၁၀ သန်းကို ထုတ်ပေးခဲ့သည်။

ထိုလူ၏ နှုတ်ခမ်းမှာ တွန့်သွားသညထ။

" ဒီဝိုင်းမှာ မင်းက သတိအရမ်းကြီးနေတာပဲ။ မင်းနဲ့တောင် မတူဘူး။ ဒါဆို ငါသန်း ၂၀နဲ့လိုက်မယ် "

သူသည် ပြောသည့်အတိုင်း သန်း၂၀ကို အမှန်တကယ် ထည့်လိုက်သည်။

ပရိသတ်များ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြန်သည်။

" ဘာတွေဖြစ်နေတာလဲ။ ဒီလူနှစ်ယောက်က သူတို့ရဲ့ စရိုက်ကို ပြောင်းလိုက်တာလား "

" ဟုတ်တယ်၊ နောက်ဆုံးအချီမှာ ဖန်ယဲ့ရဲ့ ကတ်က ဆိုးပေမယ့် အရူးအမူး လောင်းကြေးထပ်တယ်။ ဒီအချီကျ အဲ့တစ်ယောက်ရဲ့ ကတ်ကဆိုးနေတာကို သူက ဘာလို့ အဲ့လို လက်လွတ်စပယ် လောင်းနေတာလဲ "

" ပြီးတော့ ဒီကစားသမားရဲ့ ကတ်က အရမ်းဆိုးနေတာ မဟုတ်လား။ ငါ ဘာလို့ နားမလည်နိုင်ရတာလဲ "

" ငါလည်း နည်းနည်းရှုပ်နေပြီ။ ဒီလူနှစ်ယောက် ဘာဖြစ်နေကြတာလဲ "

သူတို့နှစ်ယောက်၏ လုပ်ရပ်ကြောင့် အားလုံးက စိတ်ရှုပ်ထွေးကုန်ကြသည်။

ယခင်အချီတွင် ရူးသွပ်စွာ ပြုမူခဲ့သော ယဲ့ဖန်သည် ဤအချီတွင် ပို၍ သတိထားလာခဲ့သည်။

ယခင်အချီတွင် ဆက်တိုက်ဆိုသလို သတိကြီးကြီးဖြင့် ကတ်ကောင်းဝင်ခဲ့သော ဝတ်စုံပြည့် ဝတ်ထားသူသည် ဤအချီတွင် အမှန်တကယ်ပင် အခြေအနေ ဆိုးဝါးနေတော့သည်။

သူတို့ရဲ့ စိတ်ဝိဉာဉ်တွေ လဲသွားတာများ ဖြစ်နေမလား။

အပိုင်း ( ၉၉၈ )

အမြဲသတိရှိတဲ့သူ

ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်း တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

သူတို့ခေါင်းထဲ၌ မေးခွန်းအမှတ်အသားများနှင့် ပြည့်နေကြသည်။

ဒီလူနှစ်ယောက် ဘာလုပ်နေကြတာလဲ။

" အလျင်မလိုပါဘူး၊ ကြည့်ရအောင် "

ဟုန်းရှောင်ထျန်း ခါးသက်စွာ ပြုံးပြီး သူတို့၏ လောင်းကစားကို ဆက်ကြည့်နေလိုက်သည်။

ယဲ့ဖန်လည်း ထိုလူကို အံ့အားသင့်စွာ ကြည့်နေသည်။

" ဒီအကျော့မှာ ခင်ဗျားရဲ့ ဗျူဟာကို ပြောင်းလိုက်ပုံရတယ်။ ကျွန်တော့်ဆီကနေ သင်ပြီး လောင်းကစားလုပ်ချင်နေတာလား "

ထိုလူက ပြုံးလေသည်။

" မင်းပြောသလိုပဲ၊ နောက်ဆုံးအခိုက်အတန့်အထိ ဘယ်လိုရလဒ် ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိကြဘူး မဟုတ်လား "

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး တခြားဘာမှ ပြန်မပြောချေ။

ကတ်များကို ဝေပေးရန် ကိုယ်စားလှယ်ကို အချက်ပြခဲ့သည်။

ကိုယ်စားလှယ်သည် သူတို့နှစ်ယောက်အား တတိယကတ်ကို ပေးလိုက်သည်။

ယဲ့ဖန်သည်Q♠️ကို ရပြီး ထိုလူက J♥️ကို ရသည်။

ယခုတစ်ကြိမ်တွင် သူတို့၏ ကတ်များကြားမှ ခြားနားချက်မှာ ပို၍ ကျယ်ပြန့်လာပြန်သည်။

ယဲ့ဖန်သည် လက်ရှိတွင် သူ၏ ကတ်များအားလုံးကို အသုံးပြုနေသည်။

သူသည် Straight Flush ရရန် အခွင့်အရေးများနေသည်။

တစ်ဖက်တွင်မူ ထိုလူသည် မကောင်းသောကတ်များကို ဆက်တိုက်ရနေသည်။

သူသာ ဆင်ခြင်တုံတရားရှိပါက ယခုပင် သူ့ကတ်များကို လွှင့်ပစ်လိုက်သင့်သည်။

သို့သော် ထိုလူ၏အမူအရာမှာ အတူတူပင် ဖြစ်သည်။

ကတ်များကို လွှင့်ပစ်ဖို့ ရည်ရွယ်ချက် မရှိချေ။

ယဲ့ဖန်မှာတော့ သူ့ကတ်ပြားများကို ကျေနပ်စွာ ကြည့်နေလိုက်သည်။

" ပြီးခဲ့တဲ့ အခေါက်က လောင်းကြေးလို တစ်ပုံစံတည်း ဖြစ်နေသလို ဘာလို့ ခံစားရတာလဲ။ ခင်ဗျားကို ကျုပ်ကတ်တွေ ပေးလိုက်သလိုပဲ "

ထိုလူ၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။

" ဒါဆို မင်း လောင်းရဲတဲ့ သတ္တိရှိလား။ ငါ့လိုပဲ အဆုံးသတ်မှာလား "

ယဲ့ဖန်သည် သူ့လက်များကို ဖြန့်လိုက်သည်။

" ဒါဆို မေ့လိုက်ပါ၊ ကျွန်တော်က အဲ့လောက် သတိမမဲ့ဘူး။ သန်း ၂၀ အရင်ခေါ်မယ် "

ထိုသို့ပြောပြီးနောက် သူသည် သန်း ၂၀ ကို ထုတ်ပေးခဲ့သည်။

ထိုလူက ခေါင်းညိတ်သည်။

" ငါလည်း လောင်းကြည့်ပြီး မင်းလို အံ့ဖွယ်လုပ်နိုင်မလားဆိုတာ ကြည့်ချင်သေးတယ်။ သန်း ၂၀မလား၊ ငါ ဆက်လိုက်မယ် "

သူသည် စကားပြောနေစဉ်တွင် ယွမ်သန်း၂၀ တန် တိုကင်ပြားများကို ထုတ်ခဲ့သည်။

ယခုအချိန်အထိ သူသည် ဤအချီအတွက် သန်း၅၀ လောင်းခဲ့ပြီးဖြစ်သည်။

ပွဲကြည့်စင်ပေါ်ရှိလူတိုင်းမှာ အံသြသွားကြသည်။

" သူ ဆက်လောင်းချင်သေးတာလား။ ဒီကစားသမားက ဘယ်လိုတွေ တွေးနေတာလဲ "

" ဟုတ်တယ်၊ သူ့လက်နဲ့ လွှင့်ပစ်သင့်တာကြာပြီ။ ဒါပေမယ့် သူ့လောင်းကြေးက ပိုကြီးလာနေတယ် "

" ဒါ ဖန်ယဲ့ရဲ့ နောက်ဆုံးပွဲက လှည့်ကွက်မဟုတ်ဘူးလား။ သူလည်း တန်ပြန်တိုက်စစ်ဆင်ချင်နေတာ ဖြစ်နိုင်မလား "

" ဒီလိုဖဲဂိမ်းမျိုးက ကံတရားပေါ်မှာ မူတည်တယ်။ အချိန်တိုင်း ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ"

" ကြည့်လေ ငါ စိတ်ပိုရှုပ်လေလေပဲ ...... "

လူတိုင်းသည် ထိုလူ၏ လှည့်ကွက်ကြောင့် ရှုပ်ထွေးသွားကြသည်။

သူ ဘာတွေတွေးနေသည်ကို မသိချေ။

ဦးနှောက်ထိခိုက်တာက ကူးစက်နိုင်တာလား။

ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းတို့သည် မတတ်နိုင်ဘဲ ခါးသက်စွာ ပြုံးမိကြသည်။

ဒီနှစ် ပြိုင်ပွဲသည် လောင်းကစားမြို့တော်၌ ပြောစမှတ်ဖြစ်လာမည်ဟု ထင်ရသည်။

စိတ်လှုပ်ရှားစရာကောင်း၍တော့ မဟုတ်ပေ။

အဓိကမှာ ထိုလူနှစ်ယောက်က စည်းကမ်းဖြင့် မကစားသောကြောင့်ဖြစ်သည်။

ယဲ့ဖန် ထိုလူကို ပြုံးပြုံးဖြင့်သာ ကြည့်နေလိုက်သည်။

" ခင်ဗျားကို ကြည့်ရတာ တကယ်ရဲရင့်ပုံပဲ။ ကျွန်တော် အထင်ကြီးသွားပြီ "

ထိုလူကလည်း သူ့အား လက်သီးဆုပ်အရိုအသေပေးသည်။

" မင်းရောပါပဲ "

သူသည် ပြောနေရင်းဖြင့် ကိုယ်စားလှယ်အား ဆက်ပြီး ကတ်ပေးရန် အချက်ပြလိုက်သည်။

ကိုယ်စားလှယ်သည် သူတို့နှစ်ယောက်အား သူတို့၏ နောက်ဆုံးကတ်များကို ချက်ချင်းပေးလိုက်သည်။

ယဲ့ဖန်တွင် K♠️ရှိပြီး ထိုလူသည် Q♣️ရသည်။

ယဲ့ဖန်သည် လက်ရှိတွင်

9 ♠️

10 ♠️

Q ♠️

K ♠️တို့ ရှိနေသည်။

သူ့ကတ်များမှာ အလွန်ကောင်းလေသည်။

ထိုလူတွင်

8♦️

9 ♣️

J ♥️

Q ♣️တို့ရှိသည်။

ကွာဟချက်မှာ အလွန်ကြီးမားနေခဲ့သည်။

သူ့လက်ထဲမှ ကတ်သည် 10 ဖြစ်ရန်သာ မျှော်လင့်နိုင်တော့သည်။

Straight ဖြစ်မည်ဟုသာ ဆုတောင်းရသည်။

ထို့အပြင် ယဲ့ဖန်သည် Straight Flush ရရန် အခွင့်အလမ်း ကြီးမားလေသည်။

" ကစားပွဲက တကယ်ပြောင်းသွားပုံရတယ်။ ငါ့လက်က အရမ်းချောမွေ့နေတာ မဟုတ်ဘူးလား "

ယဲ့ဖန်သည် သူ့ကတ်ပြားများကို ကြည့်ပြီး အံ့သြစွာဖြင့် တောက်ခတ်လိုက်မိသည်။

" ဒါဆို မင်းအကြီးကြီးကစားဖို့ သတ္တိရှိလား "

ထိုလူက သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

ပြောရလျှင် သူသည် သူ၏ တိုကင်ပြားများအားလုံးကို လောင်းနေတာဖြစ်သည်။

သို့သော် ယဲ့ဖန်က ခေါင်းခါလိုက်သညထ။

" ကျွန်တော့်ကတ်တွေက ကောင်းပေမယ့် သတိထားပြီးတော့ အရင်းအနှီးနည်းနည်းလောက် ချွေတာရမယ် "

ပွဲကြည့်ပရိသတ်များက သည်းမခံနိုင်တော့ပေ။

ဒီကောင်က သတိရှိတယ်လို့ ပြောလိုက်တာလား။

နောက်ဆုံးအချီကို မေ့သွားတာလား။

သို့သော် ယဲ့ဖန်၏ ကတ်များမှာ တကယ်ပင် ကောင်းလှသည်။

လောင်းကစားလုပ်ရတာ တန်သည်ဟု ပြောရမည်။

" သန်း ၂၀ ဆက်ပြီး လောင်းမယ် "

ယဲ့ဖန်သည် သန်း၂၀ဖိုး တိုကင်ပြားများကို ဖြည်းညှင်းစွာ တွန်းထုတ်လိုက်သည်။

ထိုလူကို ပြုံးလျက် ကြည့်သည်။

" မင်းက မကစားရဲမှတော့ ငါလုပ်မယ် "

ထိုလူသည် ပြောရင်း သူ့စားပွဲပေါ်မှ တိုကင်ပြားများ အားလုံးကို တွန်းထုတ်လိုက်သည်။

စုစုပေါင်း သန်း ၅၀ ကျော်ရှိသည်။

" ဟား ...... "

ပွဲကြည့်ပရိသတ်အားလုံး မတ်တပ်ရပ်ပြီး ရင်မောကာ ထိုလူကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

" ဒါ .... ဒါက ဘယ်လို စီစဉ်မှုမျိုးလဲ။ သူတကယ်ပဲ သူ့အတွက်သူ လမ်းမချန်ချင်ဘူးလား "

" သူရှုံးရင် ဘာဖြစ်မှာလဲ "

" ဖန်ယဲ့က ငယ်ရွယ်လို့ စိတ်အားထက်သန်တယ်လို့ ငါတို့ပြောနေပေမဲ့ ဒီကစားသမားက ဒီထက်ပိုပြီး စိတ်အားထက်သန်မယ်လို့ ငါ မမျှော်လင့်ထားဘူး "

" ဒီနှစ်ပြိုင်ပွဲမှာ ဘယ်လိုဘီလူးကောင်တွေ ရှိနေတာလဲ။ သူတို့က ဒီလှည့်ကွက်ကိုပဲ ကစားနေကြတာ "

" သူတို့နှစ်ယောက်ပြိုင်တာကို ကြည့်ရတာ ငါ့ရင်ထဲတောင် မကောင်းနိုင်ဘူး ...... "

ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းလည်း အံ့သြသွားခဲ့သည်။

ဒီပွဲက တကယ်ပင် ထူးဆန်းလှသည်။

ဒီကစားသမားကို ယဲ့ဖန်က ပြုစားထားတယ်လို့ ဘာကြောင့် ခံစားနေရတာလဲ။

သူကရော ဘယ်လိုများ ဒီလောက်စိတ်ဆတ်နေရတာလဲ။

တစ်ကြိမ်တည်းနဲ့ အနိုင်ရသူကို ဆုံးဖြတ်ဖို့ စီစဉ်နေတာလား။

သို့သော် ထိုဝတ်စုံပြည့်ဖြင့် လူသည် သူ၏ တိုကင်ပြားများအားလုံးကို လောင်းခဲ့သည်။

ဒီပွဲတွင် သူရှုံးပါက တစ်ပွဲလုံး ရှုံးလိမ့်မည်။

သူတို့ မည်မျှ ထိတ်လန့်နေပါစေ ညှိနှိုင်းရန် နေရာမရှိပေ။

ထိုလူသည် မည်သည့်လှည့်ကွက်ကိုမှ မကစားဘဲ သူ၏ ဝှက်ဖဲကို ဖြည်းညှင်းစွာ ထုတ်ဖော်ပြခဲ့သည်။

9 ♥️

" ဖူး ....... "

ပွဲကြည့်စင်ပေါ်ရှိ လူများအားလုံး ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ထိုရလဒ်ကို သူတို့ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း သူ၏ ဝှက်ဖဲကို အမှန်တကယ် ထုတ်ဖော်လိုက်သည့်အခါ ပို၍ပင် ရယ်စရာကောင်းနေသေးသည်။

တစ်ယောက်ချင်းပွဲဖြစ်၍ ပြန့်ကျဲနေသော ကတ်များထက် အနည်းငယ်သာလွန်နေသေးသည်။

သူသည် ဤကဲ့သို့သော မကောင်းသော ကတ်များပေါ်တွင် သူ၏ ပိုင်ဆိုင်မှုအားလုံးကို လောင်းကြေးထပ်ရန် သတ္တိရှိခဲ့သည်။

တကယ်ကို ရယ်စရာကောင်းလှသည်။

ဤပွဲသည် ထူးဆန်းမှုများနှင့် ပြည့်နှက်နေပြီး နောက်အခိုက်အတန့်၌ ဘာဖြစ်မည်ဆိုသည်ကို ခန့်မှန်းလို့ မရနိုင်ချေ။

အပိုင်း ( ၉၉၉ )

သူ့ကို တိုင်ချင်တယ်။ သူ လိမ်ကစားခဲ့တာ

ထိုလူသည် သူ၏ ဝှက်ဖဲကို မြင်သည့်အခါ ရလဒ်ကို ကြိုတင် ခန့်မှန်းထားသကဲ့သို့ အသာအယာ ပြုံးလိုက်သည်။

" ကြည့်ရတာ ဒီပွဲကို ငါ ရှုံးသွားပုံပဲ "

သူသည် ပုခုံးကို ကူကယ်ရာမဲ့စွာ တွန့်လိုက်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ပြောသားပဲ ဘယ်သူမှ ကျွန်တော့်လောက် ကံမကောင်းပါဘူးဆိုတာ "

ယဲ့ဖန်သည် သူ၏ မျက်နှာပေါ်တွင် အောင်ပွဲခံအပြုံးမျိုး ရှိနေသည်။

သူ၏ လက်ကို လှမ်းပြီး ဝှက်ဖဲကို ယူလိုက်သည်။

သို့သော် ချက်ချင်း မလှန်ဘဲ လက်ထဲတွင် ကိုင်ထားပြီး ကြည့်နေလိုက်သည်။

သူ၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းသွားသော်လည်း လျင်မြန်စွာ ဖုံးကွယ်ထားလိုက်သည်။

သူ၏ အမူအရာမှာ သေချာ ထိန်းသိမ်းလိုက်နိုင်သော်လည်း ထိုလူက ဖမ်းမိသွားသည်။

ထိုလူ၏ မျက်နှာပေါ်မှ အပြုံးသည် ယဲ့ဖန်ကို ကြည့်လျက် ကြီးသည်ထက် ကြီးလာသည်။

" ငါတို့ကို မင်းရဲ့ကတ်ပြ "

ယဲ့ဖန် သက်ပြင်းချလိုက်သည်။

သူသည် သူ့ကတ်ကို ဖြည်းညှင်းစွာ လှန်လိုက်သည်။

" တောင်းပန်ပါတယ်၊ ငါ နိုင်သွားပြီ "

J ♠️

ယဲ့ဖန်၏ ကတ်ငါးကတ်မှာ

9 ♠️

10 ♠️

J ♠️

Q ♠️

K ♠️

Straight Flush ( အပွင့်လည်းတူ၊ ဂဏန်းလည်း အစဉ်လိုက် ) ဖြစ်သည်။

ဟား........

ပွဲကြည့်ပရိသတ်များသည် တညီတညွတ်တည်း မတ်တတ်ထရပ်ပြီး ဖဲချပ်များကို ထိတ်လန့်တကြား ကြည့်နေကြသည်။

Straight Flush၊ တကယ် Straight Flushပဲ။

ဖန်ယဲ့ အနိုင်ရခဲ့သည်။

ယဲ့ဖန်သည် ဤအချီကို နိုင်ခဲ့ပြီး နောက်ဆုံးပွဲစဉ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

သူသည် လောင်းကစားဘုရင်ဘွဲ့အတွက် တစ်ဖက်သူနှင့် ယှဉ်ပြိုင်မည့်သူ ဖြစ်လာသည်။

အကြိုနောက်ဆုံးပွဲစဉ်၏ အနိုင်ရရှိသူကို နှစ်ကျော့တည်းဖြင့် ဆုံးဖြတ်နိုင်ခဲ့သည်။

ဤသည်မှာ လောင်းကစားဘုရင်ပြိုင်ပွဲသမိုင်းတွင် ရှားပါးဖြစ်စဉ် ဖြစ်ခဲ့သည်။

" ဟုန်းလူကြီးမင်းနဲ့ ရှောင်လူကြီးမင်းက တကယ် စူးရှတဲ့မျက်လုံးတွေရှိတာပဲ။ ဒီလူငယ်က တကယ်ကို အစွမ်းထက်တယ် "

" ဟုတ်တယ်၊ ဒီ ဖန်ယဲ့က လောင်းကစားဘုရင်ဘွဲ့အတွက် ပြင်းထန်တဲ့ ပြိုင်ဘက်ဖြစ်လာလိမ့်မယ် "

" ကစားသမားက ဒုတိယအကျော့မှာ မိုက်မဲတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ခဲ့တာကတော့ တကယ် သနားစရာပဲ "

" ဒီလောက် ဆိုးဝါးတဲ့ တကယ် ကစားရဲတာ မရှုံးတာကမှ ထူးဆန်းစရာကောင်းနေလိမ့်မယ် "

ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းတို့သည် ယဲ့ဖန်အတွက် ပျော်ရွှင်ခဲ့ကြသည်။

သူသည် လွယ်ကူစွာဖြင့် အနိုင်ရပြီး နောက်ဆုံးပွဲစဉ်သို့ ဝင်လာခဲ့သည်။

ဤအတောအတွင်း အခြားကစားပွဲ၏ လောင်းကစားမှာလည်း လမ်းတစ်ဝက်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

ဟုန်းကျားကျွန်းမှ ဦးဆောင်နေပြီး မထင်မှတ်သည့်အရာများ ဘာမှဖြစ်မလာဘူးဆိုပါက ဤအချီမှာပင် အနိုင်ရမှာဖြစ်သည်။

ယခုနှစ် လောင်းကစားဘုရင်ဘွဲ့သည် ယဲ့ဖန်နှင့် ဟုန်းကျားကျွန်းကြားတွင် ဖြစ်နိုင်သည်။

အားလုံးမှ ယဲ့ဖန်ကို ဂုဏ်ပြုနေကြစဉ် ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားက ဟုန်းရှောင်ထျန်းနှင့် ကျန်သူများကို ရုတ်တရက် ကြည့်လိုက်သည်။

" ခဏနေဦး ငါ မေးခွန်းတစ်ခုမေးချင်တယ် "

ဟုန်းရှောင်ထျန်းက သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

" ဘာပြဿနာရှိလို့လဲ "

ထိုလူက ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

" ပြိုင်ပွဲမှာ တစ်ယောက်ယောက် လိမ်ကစားရင် ဘယ်လို ပြစ်ဒဏ်ပေးခံရမလဲ "

ဟုန်းရှောင်ထျန်းသည် သူဘာကြောင့် ဒီမေးခွန်းကို မေးတာလဲ သိသည်။

သို့သော် သူသည် အမှန်အတိုင်းဖြေလိုက်သည်။

" ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ ပြိုင်ပွဲအတွင်းမှာ လိမ်လည်ကစားရင် ရှုံးကြောင်း ဝန်ခံရမှာဖြစ်ပါတယ်။ တိုကင်ပြားတွေ အားလုံးကို သိမ်းဆည်းသွားမှာ ဖြစ်ပြီး လိမ်တဲ့သူကို ကစားပွဲကနေ အပြီးအပိုင် ပိတ်ပင်သွားမှာ ဖြစ်ပါတယ် "

ထိုလူက လက်ညှိုးကို ဖြည်းညှင်းစွာ မြှောက်ကာ ယဲ့ဖန်ကို ညွှန်ပြသည်။

" ငါ သူ့ကို တိုင်ချင်တယ်။ သူလှည့်စားခဲ့တာ "

သူသည် ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

အားလုံးက ယဲ့ဖန်ကို လှည့်ကြည့်လိုက်ကြသည်။

ပြိုင်ပွဲတွင် လိမ်လည်ခြင်းမှာ တားမြစ်ချက်တစ်ခုဖြစ်သည်။

ထိုသည်သာ အမှန်ဖြစ်ပါက လောင်းကစားလောကထဲရှိ ဖန်ယဲ့၏ အနာဂတ်မှာ ပျက်စီးသွားပေလိမ့်မည်။

ယဲ့ဖန်၏ ရှင်းပြချက်ကို သူတို့ ကြားချင်နေကြသည်။

သို့သော် ယဲ့ဖန်ကတော့ ထိတ်လန့်မသွားခဲ့ချေ။

သူသည် ထိုလူကို တိတ်တဆိတ်ကြည့်နေလိုက်သည်။

" ကျုပ် လိမ်တယ်လို့ ခင်ဗျားမှာ သက်သေရှိလား "

ဟုန်းရှောင်ထျန်းသည်လည်း ထိုလူကို မကြင်နာစွာ ကြည့်နေသည်။

" သက်သေမရှိဘဲ မမှန်မကန် စွပ်စွဲတာက လိမ်လည်လှည့်ဖြားတာလို့ ယူဆပါတယ်။ စကားမပြောခင် သေချာစဉ်းစားပါ "

ထိုလူသည် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" ငါ့မျက်စိနဲ့ မြင်လိုက်တာ။ မင်း ကတ်တွေကို စစ်ကြည့်တုန်းက မင်းအင်္ကျီထဲမှာ ကတ်တစ်ကတ် ဝှက်လိုက်တယ် "

" မင်းအဝတ်တွေကို ချွတ်ပြီး ဝန်ထမ်းတွေကို စစ်ဆေးခိုင်းရဲလား "

အားလုံးက သူ့စကားကို နားထောင်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်၏ အမူအရာ ပြောင်းသွားသည်။

ထို့နောက် ဒေါသတကြီး ထရပ်လိုက်သည်။

" ခင်ဗျားက ကျုပ်ကို စွပ်စွဲနေတာပဲ။ ခင်ဗျားက လှည့်စားတယ်လို့ ပြောတာနဲ့ ကျုပ်က လှည့်စားတာ ဖြစ်ရောလား "

ထိုလူသည် သူ့မျက်နှာတွင် အပြုံးမပျက်ချေ။

" အရမ်းမတုန်လှုပ်ပါနဲ့။ မင်း လိမ်လား၊ မလိမ်ဘူးလားဆိုတာ ငါတို့ သူ့အဝတ်တွေကို ချွတ်ပြီး စစ်ဆေးပြီးရင် သိလိမ့်မယ် "

" ငါ အလိမ်ခံရရင် ဒီကောင်ကို တစ်သက်လုံး ပိတ်ပင်လိုက်တာ ပိုကောင်းမယ် "

အားလုံးက သူ့စကားကို ကြားလိုက်သောအခါ ယဲ့ဖန်ကို ပို၍ သံသယဝင်လာကြသည်။

သူတကယ် လိမ်ခဲ့တာလား။

သူ၏ နောက်ဆုံးကတ်များမှာ တကယ်ပင် ကောင်းလွန်းလှသည်။

Straight Flushသည် ပေါ့ပေါ့တန်တန် ကြုံတွေ့ရနိုင်သော အရာမဟုတ်ချေ။

ဟုန်းရှောင်ထျန်းလည်း အလွန်အမင်း စိုးရိမ်နေတော့သည်။

ယဲ့ဖန် လိမ်လည်လှည့်စားခဲ့သလား ဆိုသည်ကို သူ သေချာမသိချေ။

ထိုသည်ကို မည်သို့ ဖြေရှင်းရမည်လဲ ဆိုတာကို သူ စဉ်းစားနေမိသည်။

ဝတ်စုံပြည့် ဝတ်ထားသည့် အမျိုးသားသည် သူ တုံ့ဆိုင်းနေသည်ကို မြင်ပြီး ချက်ချင်း ဒေါသထွက်သွားသည်။

" ဘာလဲ။ မင်းက သူ့ကို ကာကွယ်ဖို့ ကြိုးစားနေတာလား။ လောင်းကစားဘုရင်ပြိုင်ပွဲက တရားမျှတတယ်လို့ အမြဲဝါကြွားနေခဲ့တာမဟုတ်ဘူးလား။ တစ်ယောက်ယောက်က လှည့်စားတာကို မင်းတို့အားလုံး မျက်ကွယ်ပြုနေကြတာလား "

သူ၏ သံသယစကားများကို ကြားပြီးနောက် တခြားစီစဉ်သူများက ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းကို သံသယဖြင့် ကြည့်လာကြသည်။

သူတို့နှစ်ဦးသည် ယခင်က ယဲ့ဖန်အတွက် ချီးမွမ်းခဲ့ကြသည်။

သို့သော် အခုသတင်းကြားပြီးသည့်နောက် ချက်ချင်း အရေးယူတာမျိုး မရှိချေ။

သူ့ကို ကာကွယ်ဖို့ ကြိုးစားနေကြတာလား။

ဟုန်းရှောင်ထျန်းကို လူတိုင်းက မေးခွန်းထုတ်ခဲ့ကြသည်။

သူသည် ယဲ့ဖန်ကို အားကိုးရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

" ဖန်လူကြီးမင်း၊ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ။ လူကြီးမင်းရဲ့အဝတ်အစားတွေကို ချွတ်ပြီး ငါတို့ကို စစ်ဆေးခွင့်ပြုပါ "

ယဲ့ဖန် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။

" သူ့စကားအတိုင်း ကျုပ်လိမ်ခဲ့တာလို့ ခင်ဗျားတို့ တကယ်သံသယရှိတာလား "

ဟုန်းရှောင်ထျန်းသည် ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။

" ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ်လုပ်နေတာပါ။ တစ်ယောက်ယောက်က လူကြီးမင်းကို လိမ်လည်တယ်လို့ သံသယရှိလို့ ကျေးဇူးပြုပြီး သက်သေပြလိုက်ပါ။ အဲ့တာကလည်း ကိုယ့်ကိုယ်ကိုယ် တရားမျှတမှု ပြပေးဖို့ပါပဲ "

ဝတ်စုံပြည့် ဝတ်ထားသည့်လူက ချက်ချင်း လှောင်ပြောင်လိုက်သည်။

" ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အဝတ်မချွတ်ရဲဘဲ ဘာလို့ကြာနေတာလဲ။ ဘာကို စိတ်ပူနေတာလဲ။ ဒါက ဝန်ခံတာလို့ မှတ်ရမှာလား "

ယဲ့ဖန် သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ကောင်းပြီ၊ ကျုပ် ပူးပေါင်းပေးမယ်။ ဒါပေမယ့် ကျုပ်မလိမ်ဘူးဆိုတာ သက်သေပြပြီးရင် ကျေနပ်လောက်တဲ့ ရှင်းပြချက်ပေးနိုင်မယ်လို့ မျှော်လင့်တယ် "

ထိုသို့ဖြင့် သူ့ဝတ်စုံမှ ကြယ်သီးတစ်လုံးချင်းကို ဖြုတ်ပစ်လိုက်သည်။

ရှိနေသူအားလုံးသည် သူ၏ လှုပ်ရှားမှုများကို အသေးစိတ်မလွတ်စေရဘဲ စိုက်ကြည့်နေကြသည်။

ယဲ့ဖန် သူ့ဝတ်စုံကို ချွတ်လိုက်ပြီး နှစ်ကြိမ်ခါလိုက်ပြီး ဟုန်းရှောင်ထျန်းနှင့် ကျန်သူများကို ပေးလိုက်သည်။

" အဲ့တာကို စစ်ဆေးလိုက်။ အထဲမှာ လျှို့ဝှက်ကတ်တွေရှိမရှိ ကြည့်ကြ "

ဟုန်းရှောင်ထျန်းနှင့် တခြားသူများသည် ဝတ်စုံ၏ အတွင်းအပြင်ကို အကြိမ်အနည်းငယ် ချက်ချင်း စစ်ဆေးလိုက်သည်။

သို့သော် ထူးခြားသည့်အရာ ဘာမှ မတွေ့ချေ။

ဝတ်စုံဝတ်ထားသော အမျိုးသား၏ အမူအရာ ပြောင်းလဲသွားသည်။

အမြန်လမ်းလျှောက်လာပြီး သူကိုယ်တိုင် စစ်ဆေးသော်လည်း ဘာမှမတွေ့ချေ။

" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ ကတ်တွေ ဝှက်ထားတာကို ငါ ရှင်းရှင်းလင်းလင်းမြင်လိုက်တယ်။ ကတ်မရှိရင် ဘယ်လိုလုပ်ရမှာလဲ "

သူ့ကိုယ်သူ ရေရွတ်နေသည်။

" ဟမ်၊ လိမ်လည်စွပ်စွဲခံရတယ်ဆိုတာ သက်သေပြရင် ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး လက်ခံမှာလား "

ယဲ့ဖန်သည် သူ့ကို ဖော်မပြနိုင်သည့် အကြည့်များနှင့် စိုက်ကြည့်နေသည်။

ထိုလူက သူ့ကို မော့ကြည့်လိုက်သည်။

" မင်းရဲ့ အတွင်းအင်္ကျီကိုလည်း ချွတ်လိုက်။ မင်းရဲ့ ရှပ်အင်္ကျီထဲမှာ ရှိရမယ် "

" မြစ်ဝါမြစ်ကို မတွေ့မချင်း မင်းအရှုံးမပေးဘူးဘဲ။ ခင်ဗျားရဲ့ဆန္ဒကို ကျုပ် ဖြည့်ဆည်းပေးမယ် "

ယဲ့ဖန် လှောင်ပြောင်ပြီး သူ့အင်္ကျီကို ကြယ်သီးများကို ဖြုတ်လိုက်သည်။

ယဲ့ဖန်သည် သူ့အင်္ကျီကို ချွတ်ကာ အကြိမ်အနည်းငယ် ယမ်းခါပြီး ဟုန်းရှောင်ထျန်းနှင့် ကျန်သူများကို စစ်ဆေးရန် ပေးလိုက်သည်။

ယဲ့ဖန်သည် ထိုလူကို စိုက်ကြည့်နေပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

ထိုအမျိုးသား၊ ဟုန်းရှောင်ထျန်းနှင့် အခြားသူများက ထိုအင်္ကျီကို စစ်ကြည့်ကြသော်လည်း ဘာမှ မတွေ့ကြသေးပေ။

" ဒါက မဖြစ်နိုင်ဘူး။ ဒါက လုံးဝမဖြစ်နိုင်ဘူး။ ကတ်တွေကို ဘယ်မှာ ဝှက်ထားတာလဲ "

ထိုလူက ယဲ့ဖန်ကို အရူးအမူး အော်လိုက်သည်။

ယဲ့ဖန် သူ့ကို လျစ်လျူရှုလိုက်သည်။

သူက ဟုန်းရှောင်ထျန်းနှင့် ကျန်သည့်သူများကို လှည့်ကြည့်လိုက်သည်။

" ဒီမှာ အရူးလို စွပ်စွဲနေတာကို ခွင့်ပြုမှာလား "

ဟုန်းရှောင်ထျန်းသည် အဝတ်အစားများကို ပြန်ပေးကာ ထိုလူကို အေးစက်စွာ ကြည့်လိုက်သည်။

" ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ ဖန်လူကြီးမင်းက သူ့မှာ ဘာကတ်မှ မဝှက်ထားပါဘူး "

" ရှုံးပြီးတော့ မင်း ဘယ်လိုခံစားရလဲဆိုတာ ငါတို့နားလည်နိုင်တယ်။ ဒါပေမယ့် ဒီလိုမျိုး တခြားသူတွေကို စွပ်စွဲတာက မမှန်ဘူး "

ထိုလူသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။

" သူက သူ့ပေါ်မှာ ကတ်တစ်ကတ်ကို တကယ် ဝှက်ထားတယ်။ သူ့ဘောင်းဘီကို ချွတ်လိုက်။ အဲ့တာက သူ့အပေါ်မှာပဲ ရှိရမယ် ...... "

" တော်လောက်ပြီ "

ထိုအချိန်၌ ယဲ့ဖန်က အော်လိုက်သည်။

" ကျုပ်မှာ လျှို့ဝှက်ကတ်တွေ ရှိတယ်လို့ ခင်ဗျားပြောတယ်။ အခု ခင်ဗျားမှာ လျှို့ဝှက်ကတ်တွေ ရှိတယ်လို့ ကျုပ်ပြောမယ်။ ကျုပ် ခင်ဗျားကို ရှာမယ်ဆို လက်ခံရတဲ့ သတ္တိရှိလား "

အပိုင်း ( ၁၀၀၀ )

ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ။

အအော်ခံရပြီးနောက် ထိုလူသည် ချက်ချင်းရပ်လိုက်ပြီး သူ့အကြည့်များက အနည်းငယ် ရှောင်တိမ်းသွားသည်။

ဟုန်းရှောင်ထျန်းနှင့် အခြားသူများ အတွေ့အကြုံရှိသူများ ဖြစ်ပြီး တစ်စုံတစ်ခုမှားနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

" လူကြီးမင်း၊ ငါတို့ မင်းကို ရှာလို့ရနိုင်မလား "

" သူကမှ လှည့်စားတဲ့သူပဲ "

ထိုလူက ချက်ချင်း ဒေါသတကြီးပြောလေသည်။

" မင်းမှာ ငါ့ကိုရှာဖို့ ဘာအခွင့်အရေးရှိလို့လဲ "

ရှောင်ချန်ချင်းက ချက်ချင်း ရယ်မောလိုက်သည်။

" မင်းက သူ့ကို လိမ်လည်တယ်လို့ သတင်းပေးတော့ သူက ရှာဖွေမှုမှာ နာခံမှုအပြည့်နဲ့ ပူးပေါင်းပေးခဲ့တယ် "

" အခု သူက မင်းကို သတင်းပေးတော့ မင်းက ပူးပေါင်းဆောင်ရွက်ဖို့ ခွင့်မပြုဘူးလား။ ဒါက ဘယ်လို စဉ်းစားပုံမျိုးလဲ "

ထိုလူသည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။

သူက အေးစက်စွာ အော်လိုက်သည်။

" မင်းရဲ့ လောင်းကစားဘုရင်ပြိုင်ပွဲက လိမ်ကစားတဲ့သူတွေကို ဖုံးကွယ်ပေးရုံမကဘူး။ မင်းတို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်။ ငါ မင်းနဲ့ မိုက်မဲတဲ့စကားတွေ မပြောချင်တော့ဘူး။ သွားပြီ "

ထိုစကားကို ပြောပြီးသည်နှင့် လှည့်၍ ထွက်သွားတော့မည် ဖြစ်သည်။

ရှောင်ချန်ချင်းသည် ချက်ချင်း သူ့လက်ကို လှမ်းဆွဲလိုက်သည်။

" ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပူးပေါင်းပေးပါ .....

သူ၏စကား မပြီးသေးခင်မှာ ထိုလူမှ လက်က အနည်းငယ်ဆွဲခါပြီး သူ့လက်ကနေ လွတ်မြောက်သွားသည်။

ရှောင်ချန်ချင်း အံ့သြသွားသည်။

ရှောင်ချန်ချင်းသည် ကိုယ်ခံပညာကို လေ့ကျင့်နေသောကြောင့် သူ၏လက်အင်အားက မည်မျှ ပြင်းထန်သည်ကို သူသာသိသည်။

သို့သော် ထိုလူသည် သူ၏ ဆုပ်ကိုင်မှုမှ အလွယ်တကူ လွတ်မြောက်သွားနိုင်ခဲ့သည်။

ထိုသည်က မယုံနိုင်လောက်အောင် ဖြစ်သည်။

သို့သော် သူ၏ အင်္ကျီလက်ကို လှုပ်ခါလိုက်နိုင်သဖြင့် ထိုလူ၏ အင်္ကျီလက်ထဲမှ ကတ်တစ်ကတ် ပြုတ်ကျလာသည်။

9♦️

လူတိုင်း၏ အမူအရာမှာ ပြောင်းလဲသွားသည်။

ဒီကောင်က လှည့်စားခဲ့တာပဲ။

ဒါပေမယ့် သူက လှည့်စားတာတောင် အဆုံးမှာ ဘာလို့ ရှုံးနေသေးတာလဲ။

လက်ရှိလူများထဲတွင် ယဲ့ဖန်သာ သိသည်။

အမှန်တွင် ပထမအချီအပြီး၌ ထိုအမျိုးသားသည် ဒေါသတကြီးဖြင့် 9♦️ကို အစိတ်စိတ်အမြွှာမြွှာ ဖြဲပစ် ဟန်ဆောင်ခဲ့သော်လည်း အားလုံးမှာ အလိမ်အညာသာဖြစ်သည်။

သူ ဖြဲလိုက်သော ကတ်မှာ 9♦️မဟုတ်ဘဲ အခြားကတ်တစ်ခု ဖြစ်သည်။

9♦️သည် သူ့လက်ထဲတွင် ဝှက်ထားပြီးဖြစ်သည်။

သူလုပ်သမျှသည် အားလုံးကို လှည့်စားနိုင်ခဲ့သော်လည်း ယဲ့ဖန်တော့ မပါခဲ့ပေ။

ထို့ကြောင့် ယဲ့ဖန်သည် ကတ်များကို စစ်ကြည့်သောအခါတွင် ထိုလူနှင့်အတူ ကစားပေးရန် ကတ်တစ်ကတ်ကို သူ့လက်ထဲတွင် တမင်တကာ ဝှက်ထားခဲ့သည်။

ယဲ့ဖန်သည် အမှန်တကယ် လိမ်လည်ချင်ပါက ဘယ်သူမှ သတိထားမိမည် မဟုတ်ပေ။

သို့သော် ယဲ့ဖန်သည် လူတိုင်း၏အမြင်လမ်းကြောင်းကို ပိတ်ဆို့ထားပြီး ထိုလူသာလျှင် မြင်နိုင်အောင် လုပ်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း တစ်ဖက်လူက ထောင်ချောက်ထဲသို့ ဝင်လာသည်။

သူသည် ယဲ့ဖန်မှ လိမ်နေသည်ဟုထင်ပြီး သူကိုယ်တိုင် လိမ်ရန် အကြံကို စွန့်လွှတ်လိုက်သည်။

ပြင်းထန်သော ထိုးနှက်ချက်ပေးရန် ယဲ့ဖန်နှင့်ပင် တမင်တကာ တိုက်ခိုက်ခဲ့သည်။

သို့သော် ထိုအရာအားလုံးသည် ယဲ့ဖန်၏ တွက်ချက်မှုအတွင်းသာ ရှိသည်ကို သူ မသိထားခဲ့ပေ။

ထိုလူမှ ယဲ့ဖန်အား လိမ်လည်သည်ဟု မပြောခင်မှာပင် ယဲ့ဖန်သည် ပျံသန်းကတ်စနစ်ကို အသုံးပြုပြီး ကတ်ကို ကတ်ထုတ်ထဲသို့ ပြန်ထည့်ထားပြီး ဖြစ်သည်။

ဘယ်သူမှ မတွေ့နိုင်ချေ။

သူ၏ လျှို့ဝှက်ကတ်ကို ပေါ်လာသည်ကို တွေ့ပြီး ထိုလူက ချက်ချင်းလှည့်ကာ ပြေးထွက်သွားသည်။

ဟုန်းရှောင်ထျန်းနှင့် ကျန်သည့်သူများက သူ့နောက်ကို မလိုက်ကြချေ။

အပြင်၌ ရှောင်မရသည့် ပိုက်ကွန်တစ်ခုကို ထောင်ထားပြီးဖြစ်သည်။

လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း မျှော်လင့်ခဲ့ကြသည်။

" ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၇၂က လှည့်စားခဲ့ပါတယ်။ အဲ့တာကြောင့် ပြိုင်ပွဲဝင် ၈၃ ဖြစ်တဲ့ ဖန်ယဲ့က အလိုအလျောက် အနိုင်ရပြီး ဖိုင်နယ်ကို ဝင်သွားပါတယ် "

ဟုန်းရှောင်ထျန်းသည် ရလဒ်များကို ချက်ချင်း ကြေငြာခဲ့သည်။

လူတိုင်းက ယဲ့ဖန်ကို ဂုဏ်ပြုကြတော့မည် ဖြစ်သည်။

သို့သော် ယဲ့ဖန်မှ ပထမဆုံး စကားပြောလာသူဖြစ်သည်။

" ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့လို့ အရမ်းအံ့သြမိပါတယ် "

" ဒါပေမယ့် လောင်းကစားဘုရင်ဘွဲ့အတွက် ကျွန်တော့်ရဲ့ ခွန်အားက မလုံလောက်သေးဘူးဆိုတာ ဝန်ခံရမယ်။ လေ့ကျင့်မှုတွေ ပိုလိုသေးတယ်။ အဲ့တာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် "

" ဟမ် "

ရှိနေသူအားလုံးသည် ထိုကောင်လေး ဘာတွေတွေးနေသည်ကို မသိဘဲ မှင်တက်သွားကြသည်။

သူသည် ဖိုင်နယ်သို့ ဝင်ရောက်ခဲ့ပြီး လောင်းကစားဘုရင်ဘွဲ့နှင့် ခြေတစ်လှမ်းသာဝေးတော့သည်။

ဒီလိုအချိန်မှာ ပြိုင်ပွဲကနေ ဘယ်လိုလုပ် နှုတ်ထွက်နိုင်တာလဲ။

ဒါက ဟာသတစ်ခုလား။

သို့သော် ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းသာလျှင် ယဲ့ဖန်မှာ လောင်းကစားဘုရင်ဘွဲ့ဘွဲ့အတွက် လောင်းကစားဘုရင်ပြိုင်ပွဲသို့ ရောက်နေတာ မဟုတ်ကြောင်း သိခဲ့ကြသည်။

ပြောရလျှင် သူသည် လောင်းကစားဘုရင်၏ ရာထူးကိုပင် ဂရုမစိုက်ပေ။

ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ အကြီးစား သူဌေးတစ်ဦးအနေဖြင့် လောင်းကစားမြို့၌ အကောင်ကြီးတစ်ယောက်ဟု ယူဆနိုင်သည်။

'လောင်းကစားဘုရင်'ဘွဲ့ကို သူက ဘာလိုါ ဂရုစိုက်နေမှာလဲ။

" ဒီတိုကင်ပြားတွေကို လဲပေးပါဦး။ ကျွန်တော် လုပ်စရာလေးရှိလို့ အရင်ထွက်သွားဦးမယ် "

ယဲ့ဖန် တောင်းပန်ပြီး အမြန်ထွက်သွားသည်။

အခုအခါ မျက်နှာဖုံးဖြင့်လူမှာ အားကန်ဆိုသည်မှာ ၁၀၀% သေချာသွားပြီ ဖြစ်သည်။

ထိုတစ်ယောက်က လိမ္မာပါးနပ်လွန်းသည်။

အပြင်မှလူများက အမှားလုပ်မိမည်ကို သူစိုးရိမ်သည့်အတွက် သူ့နောက်ကို သူကိုယ်တိုင် လိုက်ရှာရပေမည်။

ခန်းမထဲရှိ လူများအားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူတို့၏ အမူအရာများမှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှသည်။

ယခုနှစ် လောင်းကစားဘုရင် ပြိုင်ပွဲသည် အလွန်ခမ်းနားလွန်းသည်။

မြင်းနက်နှစ်ကောင် တစ်ပြိုင်နက်ပေါ်လာဖို့ မလွယ်ကူချေ။

နောက်ဆုံးတွင် တစ်ယောက်သည် လိမ်လည်လှည့်ဖြားပြီး ထွက်ပြေးသွားကာ အခြားတစ်ယောက်သည် ပြိုင်ပွဲကို အလိုအလျောက် နှုတ်ထွက်ခဲ့သည်။

ဒီလောက်ကလေးဆန်ဖို့ လိုအပ်လို့လား။

ထိုအချိန်တွင် ဟုန်းကျားကျွန်း၏ လောင်းကြေးမှာ ဆုံးဖြတ်ပြီးဖြစ်သည်။

သူတို့နှစ်ဦးသည် ဗိုလ်ချုပ်တစ်ယောက်၏ ကိုယ်ရောင်အနေအထား ရှိသည်။

သူတို့၏ ပွဲမှာ စိတ်လှုပ်ရှားစရာမကောင်းသော်လည်း သူတို့နှစ်ယောက်က ထိုသည်ကို ဂရုမစိုက်ဘဲ ပြိုင်ပွဲကို ပြီးသွားစေခဲ့သည်။

အံ့သြစရာကောင်းစွာ ဟုန်းကျားကျွန်းအနိုင်ရသွားသည်။

" အဖေ၊ ကျွန်တော်တို့ အခု ဘာလုပ်ရမှာလဲ "

ဟုန်းကျားကျွန်းလျှောက်လာပြီး ဟုန်းရှောင်ထျန်းကို ထိတ်လန့်သော အမူအရာဖြင့် ကြည့်လိုက်သည်။

သူသည် နောက်ဆုံးတွင် အတားအဆီးအားလုံးကို ကျော်ဖြတ်ပြီး ဖိုင်နယ်သို့ ဝင်ရောက်နိုင်ခဲ့သော်လည်း သူ၏ ပြိုင်ဘက်မှာ မရှိတော့ကြောင်းသာ တွေ့ရှိလိုက်ရသည်။

ချီး၊ အဲ့တော့ သူက ဘာလုပ်ရမှာလဲ။

ဟုန်းရှောင်ထျန်းနှင့် တခြားသူများကလည်း ထိုကိစ္စအတွက် စိုးရိမ်နေခဲ့ကြသည်။

လောင်းကစားဘုရင်ဘွဲ့ ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် ထိုသို့ တစ်ခါမှ မဖြစ်ဖူးချေ။

လောင်းကစားဘုရင်ဘွဲ့ ပြိုင်ပွဲတွင် ပါဝင်နိုင်သူများသည် လောင်းကစားဘုရင်ဘွဲ့အတွက် ရှိနေကြခြင်းဖြစ်သည်။

ဖိုင်နယ်ရောက်တဲ့အခါမျိ ဘယ်သူက ပြိုင်ပွဲကနေ ရုတ်တရက် နုတ်ထွက်မှာလဲ။

သူတို့ ဘာလုပ်သင့်လဲ။

ဖိုင်နယ်ပြီးဆုံးကြောင်းကို သူတို့ ကြေညာသင့်လား။

ဒါပေမယ့် သူက ဘာလုပ်နိုင်မှာလဲ။

ဖယ်ထုတ်ခံရတဲ့ ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်ကို ရွေးရမှလား။

ထို့အခါ ဤလောင်းကစားဘုရင်ပြိုင်ပွဲသည် အမှန်တကယ် ကလေးကစားစရာ ဖြစ်လာမည်ဖြစ်သည်။

ထိုကဲ့သို့ပင် ဟုန်းကျားကျွန်းသည် လောင်းကစားဘုရင်ဘွဲ့ပြိုင်ပွဲသမိုင်းတွင် တစ်ယောက်တည်းသော သုံးထပ်ကွမ်းချန်ပီယံ ဖြစ်လာခဲ့သည်။

သို့သော်လည်း ဖိုင်နယ်တွင် ပြိုင်ဘက်မရှိ လောင်းကစားဘုရင်ဘွဲ့ကို ရယူခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။

အချိန်အတော်ကြာသည်အထိ ထိုကိစ္စသည် လောင်းကစားမြို့၏ ရယ်စရာဖြစ်လာပေမည်။

လောင်းကစားဘုရင် ဟုန်းကျားကျွန်းသည်လည်း အချိန်အတော်ကြာ စိတ်ဓာတ်ကျနေခဲ့တော့သည်။

All Chapters