← Chapters

အပိုင်း ၁၀၀၉-၁၀၁၂

Vol. 51 Ch. 1009-1012

အပိုင်း ၁၀၀၉-၁၀၁၂

Vol. 51 Ch. 1009-1012

အပိုင်း ( ၁၀၀၉ )

အဲ့လိုအဆိပ်မျိုး ဒီကမ္ဘာကြီးမှာ ရှိတယ်ဆိုတာ ငါမယုံဘူး

ယဲ့ဖန်သည် သူမကို မျက်စိမှိတ်ပြကာ ပြောလိုက်သည်။

" မင်းနားမလည်ဘူးဆိုတာ အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ မင်းကငယ်သေးတယ်လေ "

ချန်းဖေးအယ်သည် ဆွံ့အသွားရသည်။

သူကိုယ်တိုင်က ကောင်စုတ်လေး ဖြစ်နေတာတောင် ငါ့ကို ငယ်ငယ်လေး ရှိသေးတယ်လို့ လာပြောနေတာလား။

သူမသည် မမေးလိုက်သော်လည်း ယဲ့ဖန်တွင် လှည့်ကွက်အများကြီး ရှိနေသည်ကိုတော့ သူမ သိသည်။

သူမသည် ထိုအရာများကို စိတ်ရှည်စွာဖြင့် စောင့်မျှော်နေခဲ့သည်။

နာရီဝက်ခန့်အကြာတွင် အာသာသည် ယဲ့ဖန်အား ရုတ်တရက် အော်လိုက်ပြောလိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒီအဆိပ်ရှိတဲ့ သတ္တဝါတွေထဲမှာ ကင်းခြေများတစ်ကောင်ပဲ ကျန်ပါတော့တယ်။ နောက်ထပ်ရှာဖို့ လိုသေးလား "

ယဲ့ဖန် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ကာ ပြောလိုက်သည်။

" မလိုပါဘူး၊ ဒီလောက်ဆို လုံလောက်ပြီ။ အိုးသွားယူခဲ့ "

သူ့တောင်းဆိုချက်ကို ကြားပြီးနောက် ရှိနေသည့်သူအားလုံး ပိုလို့ပင် ရှုပ်သွားကြသည်။

သူက ဘာလို့ အိုးတစ်လုံး လိုတာလဲ။

ဒီအဆိပ်ရှိတဲ့ အကောင်တွေကို ချက်ပြုတ်စားဖို့ စီစဉ်နေတာလား။

ယဲ့ဖန်သည် ရှင်းမပြခဲ့ချေ။

အိုးယူလာမည့် အာသာကိုသာ စောင့်နေပြီး မီးခုံကို ပလပ်ထိုးကာ ရေဆူအောင်လုပ်နေသည်။

ရေဆူလာသောအခါ လက်အိတ်ကိုဝတ်ပြီး ပုံးထဲမှ အသက်ရှင်ကျန်ခဲ့သော ကင်းခြေများကို ထုတ်ယူလိုက်သည်။

ချန်းဖေးအယ်သည် ချက်ချင်း ကြောက်စိတ်ဖြင့် အဝေးသို့ ပုန်းနေလိုက်သည်။

ယဲ့ဖန် သူမကို အာရုံမစိုက်ပေ။

ပွက်ပွက်ဆူနေသော ရေအိုးထဲသို့ ကင်းခြေများကို တိုက်ရိုက် ပစ်ချလိုက်သည်။

သူ့အိတ်ကပ်ထဲမှ ကြွေပုလင်းကို ထုတ်ကာ အိုးထဲသို့ အဖြူရောင်အမှုန့်များ လောင်းထည့်ပြီး ဇွန်းဖြင့် မွှေနေလိုက်သည်။

" အိုးထဲမှာ အဆိပ်အပြင်းဆုံးဆိုတဲ့ အကောင်တွေကို ဖမ်းထားတာ။ သူတို့က အိုးထဲမှာ အချင်းချင်း ကိုက်ထားပြီးတော့ နောက်ဆုံး ရှင်ကျန်နေခဲ့တဲ့အကောင် အဆိပ်အပြင်းဆုံးပဲ။ ပြီးတော့ အဆိပ်ပြင်းကောင်တွေက သူ့ကို ကိုက်ထားပြီးသား "

သူသည် ဆေးဖော်နေရင်း အားကန်ကို ရှင်းပြနေသည်။

" ငါ ထူးခြားတဲ့ အမှုန့်နည်းနည်းကိုလည်း အခုပဲထည့်လိုက်တယ်။ အဲ့တာက အဆိပ်ကို ဘယ်လို အကျိုးသက်ရောက်စေလဲဆိုတာ သိချင်လား "

အားကန်သည် ချက်ချင်း ရယ်မောလိုက်သည်။

" ဘာအကျိုးသက်ရောက်စေလို့လဲ။ အများဆုံးမှ အဆိပ်မိပြီး သေရုံပေါ့။ အဲ့တာက ငါ့ကို ကြောက်ရွံ့စေမယ်လို့ ထင်နေတာလား "

ယဲ့ဖန်သည် ခေါင်းခါလိုက်သည်။

" မင်းမှားနေပြီ။ ငါမင်းကို ချက်ချင်း မသတ်ဘူး။ ဖြည်းဖြည်းချင်း ညှင်းဆဲသတ်မှာ။ အစမှာ မင်းအနေနဲ့ နည်းနည်း ယားလာလိမ့်မယ်။ ပိုးကောင်တစ်ကောင်က မင်းကိုယ်ထဲ ပြေးနေသလိုမျိုး။ နောက်ပြီးရင်တော့မင်းကုတ်ချင်လာလိမ့်မယ် ....... "

သူ့အသံသည် မှော်ဆန်နေသောကြောင့် လူတိုင်းသည် တကယ်ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ချန်းဖေးအယ်သည် ယဲ့ဖန်မှ ကြားလို့မကောင်းသော စကားများ ပြောမည်ဆိုတာ သိသောကြောင့် နားနှစ်ဖက်ကို ပိတ်ကာ ဆက်နားမထောင်တော့ချေ။

ယဲ့ဖန်သည် ဆက်၍ ပြောနေသည်။

" ပိုးကောင်လေးက ကြီးလာတာနဲ့ မင်း ပိုယားလာပြီး ပိုကုတ်ချင်လာလိမ့်မယ်။ မင်းပိုကုတ်လေ ပိုပြီးယားလာလေပဲ ...... "

" ပြီးတာနဲ့ မင်းရဲ့အရေပြားက ပျော့ပြဲသွားလိမ့်မယ်။ မင်းရဲ့ ကုတ်ချက်တွေကြောင့် မင်းရဲ့ အရေပြားတွေက တစ်လွှာချင်း ကွာကျလာလိမ့်မယ် "

" မင်းအာလူး စားဖူးတယ်မလား။ သေချာပေါက် အဲ့တာက အာလူးကို အခွံနွှာနေသလိုပဲ "

အားကန်၏ အမူအရာသည် ပြောင်းနေပြီဖြစ်သည်။

မူလက မထီမဲ့မြင်ဖြစ်နေသော သူ့မျက်နှာသည် ယခုအခါ ကြောက်ရွံ့မှုများဖြင့်အစားထိုးလာသည်။

" မင်း ငါ့ကို လာ‌ခြောက်နေတာမလား။ ကမ္ဘာပေါ်မှာ အဲ့လိုအဆိပ်မျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ "

ယဲ့ဖန်သည် အပြစ်ကင်းသော အပြုံးဖြင့် သူ့ကို ကြည့်နေသော်လည်း အားကန်မျက်လုံးထဲတွင်တော့ ထိုအပြုံးသည် သူ၏ ဆံပင်များကို ထောင်သွားစေသည်အထိ ကြောက်ဖို့ကောင်းသည်။

" ကြောက်နေတာလား။ တကယ်လို့ ကြောက်နေတယ်ဆိုရင် ဝန်ခံလိုက်။ ဒါဆို မင်း ဒီဝေဒနာကို ခံစားစရာ မလိုတော့ဘူး "

အားကန်သည် သူ့၏ စကားလုံးများထဲတွင် အမှန်တရားကို ဖောက်မြင်နေရသလိုမျိုး သူ့ကို အချိန်အကြာကြိး စိုက်ကြည့်နေသည်။

ပြီးသည်နှင့် မထီမဲ့မြင် ပြန်လည်ရယ်မောလိုက်သည်။

" မင်းငါ့ကို သုံးနှစ်သားလို့ မှတ်နေတာလား။ စကားလုံး နည်းနည်းနဲ့ ငါ့ကို လာခြောက်နေတာလား။ ဒီလို အဆိပ်မျိုး ကမ္ဘာပေါ်မှာရှိတယ်ဆိုတာ ငါမယုံဘူး "

" မင်းက တကယ် အခေါင်းကို မတွေ့မချင်း မျက်ရည်မကျဘူးဘဲ။ ကောင်းပြီလေ၊ မင်းနှလုံးသားထဲကိုရောက်လာမဲ့ ရာနဲ့ချီတဲ့လက်သည်းတွေရဲ့ တည်ရှိမှုအရသာကို ခံစားဖို့စောင့်နေတော့ "

ယဲ့ဖန်သည် သူနှင့် အဓိပ္ပာယ်မဲ့သည့်စကားများ ဆက်ပြောရနမ ပျင်းရိသွားကာ အိုးကို ထပ်မံ၍ ကြည့်နေတော့သည်။

နောက်ထပ် ၁၀ မိနစ်မျှ ကြာပြီးသည့်နောက် အိုးထဲမှ လူတစ်ယောက်၏ အစာစားချင်စိတ်ကို ယုတ်လျော့သွားစေနိုင်မည့် လှိုင်းရနံ့များကို ထုတ်လွှင့်လာသည်။

ယဲ့ဖန်သည် ပန်းကန်တစ်လုံးကို ရှာကာ ကင်းခြေများဟင်းရည်ကို ထည့်လိုက်သည်။

ပြီးသည်နှင့် လှည့်ပြီး အာသာကို ပေးကာပြောလိုက်သည်။

" သူ့ကိုတိုက်လိုက် "

အာသာသည် ရက်စက်ကြမ်းကြုတ်သူဖြစ်သည်။

သူသည် ပန်းကန်ကိုယူကာ အားကန်ဘက်သို့ လမ်းလျှောက်သွားသည်။

အားကန်၏ အမူအရာသည် အခါခါ ပြောင်းနေသည်။

သူသည် ခုခံရန် ဆန္ဒရှိနေသော်လည်း သူ့ခြေလက်များသည် မလှုပ်နိုင်ချေ။

အာသာသည် သူ့ပါးစပ်ကို ဖွင့်ကာ ကင်းခြေများစွတ်ပြုတ်ကို လောင်းထည့်လိုက်သည်။

စွပ်ပြုတ်၏ အရသာသည် အလွန်ကောင်းမွန်နေသည့်အတွက် သူ၏ ကြောက်ရွံ့မှုသည် အနည်းငယ် ယုတ်လျော့သွားသည်။

ဒီကောင်လေး ငါ့ကို လာခြောက်နေတာပဲ။

ဒီလိုအဆိပ်မျိုးက ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ရှိမှာလဲ။

ဆရာကန်ကို သုံးနှစ်သားမှတ်နေတာပဲ၊ ဟားဟားဟား။

" ကောင်လေး စွပ်ပြုတ်က မဆိုးပါဘူး။ ဆရာကန်ကို နောက်ထပ် နှစ်ပန်းကန်လောကပေးဦး "

အားကန်သည် မောက်မာစွာ ပြောလိုက်သည်။

ယဲ့ဖန်သည် ထူးဆန်းသောအပြုံးနှင့် ပြန်ကြည့်ကာ ပြောလိုက်သည်။

" ဆရာကန်ကို နောက်ထပ် နှစ်ပန်းကန်ပေးလိုက်ကြ "

အာသာသည် နောက်ထပ် ပန်းကန်နှစ်ခွက်ကို ယူကာ အားကန်၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

" အင်း၊ အရသာရှိလိုက်တာ။ မင်းရဲ့ ဟင်းချက်စွမ်းရည်က မဆိုးပါဘူး။ အနာဂတ်မှာ ဆရာကန်အတွက် လာချက်ပြုတ်ပေးဦး "

အားကန်သည် ထိုသို့ပြောကည ယဲ့ဖန်ကို ဆက်၍ ဆွနေသည်။

" သေချာတာပေါ့။ ဒါပေမယ့် အဓိကအကျဆုံးက မင်း အဲ့နေ့ထိ အသက်ရှင်နိုင်ပါ့မလား "

ယဲ့ဖန်သည် အားကန်၏ ခန္ဓာကိုယ်မှ ငွေရောင်အပ်များကို ဖယ်ရှားနေသည်။

ပြီးသည်နှင့် ပြုံးကာ ချန်းဖေးအယ်ကို ကြည့်လိုက်သည်။

" ညစာစားချိန်ရောက်ပြီ။ ကိုယ်လည်း ဗိုက်ဆာနေပြီဆိုတော့ အပြင်ထွက်ပြီး ထမင်းအရင်စားရအောင် "

" ဒါဆို သူ ....... "

ချန်းဖေးအယ်သည် တုံ့ဆိုင်းသွားသည်။

" ကိုယ့်ကို ယုံပါ။ ကိုယ်တို့ စားပြီးရင် သတင်းကောင်း ရှိလာလိမ့်မယ် "

ယဲ့ဖန်သည် သူမလက်ကို ဆွဲကာ ထွက်သွားတော့သည်။

အာသာနှင့် အခြားလူများသည် သူတို့၏ နောက်ကျောကို အားကျစွာ စိုက်ကြည့်နေကြသည်။

ယဲ့လူကြီးမင်းမှာ ချောမောလှပသော ကောင်မလေးနှင့် ချိန်းတွေ့ဖို့ ထွက်သွားသော်လည်း သူတို့မှာတော့ ကျန်နေခဲ့ရသည်။

သို့သော်လည်း သူတို့သည် ယဲ့လူကြီးမင်း၏ ဆေးမှာ သူပြောသလို အမှန်တကယ် အကျိုးသက်ရောက်လားဆိုသည်ကို သိချင်နေကြသည်။

ကမ္ဘာပေါ်မှာ ဒီလိုအဆိပ်မျိုး တကယ်ရှိတာလား။

သူတို့သည် အားကန်ကို ကြည့်ကာ ဘာပြောင်းလဲသွားမည်လဲဆိုတာကို မြင်ချင်နေကြသည်။

အပိုင်း ( ၁၀၁၀ )

တရုတ်တွေက သူတို့လူမျိုးအချင်းချင်း မလိမ်ကြဘူး

" သူ့ကို နင်ပေးလိုက်တဲ့ဆေးက အစစ်လား၊ ခြောက်လန့်ဖို့ သပ်သပ်ပဲလား "

ယဲ့ဖန်သည် ကားမမောင်းချေ။

သူတို့သည် လမ်းပတ်လျှောက်နေခြင်းသာ ဖြစ်သည်။

ချန်းဖေးအယ်သည် အားကန်၏ အခြေအနေကို စိုးရိမ်သည့်အတွက် ဂရုတစိုက် မေးလိုက်ခြင်းဖြစ်သည်။

" ဒါပေါ့၊ တရုတ်တွေက ကိုယ့်လူမျိုးအချင်းချင်း မလိမ်ဘူး "

ယဲ့ဖန်မှ ပေါ့ပေါ့ပါးပါး နောက်လိုက်သည်။

" ဒါဆိုလည်း သူရဲ့ခြေတွေ လက်တွေကို လွှတ်ပေးဖို့ မလိုဘူးလေ၊ ဟုတ်တယ်မလား။ သူ ထပ်ပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ "

သူတို့ ထွက်မလာခင် ယဲ့ဖန်သည် အားကန်၏ ခန္ဓာကိုယ်မှ အပ်များကို ဖယ်လိုက်သောကြောင့် သူမ စိုးရိမ်နေခြင်းဖြစ်သည်။

အာသာနှင့် ကျန်လူများမှာ အားကန်ကို စောင့်ကြည့်နေကြသော်လည်း သူသာ ထပ်မံ၍ လွတ်မြောက်သွားပါက ထပ်ဖမ်းမိရန် မလွယ်တော့ချေ။

" မင်း စိတ်မရှုပ်ဘူးလား။ ဘာလို့ သူ့အကြောင်းပဲ ဆက်ပြောနေတာလဲ "

ယဲ့ဖန်သည် စိတ်မရှည်ဖြစ်လာကာ သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။

" ဒါပေမယ့် "

" ဘာဒါပေမယ့်မှ မလုပ်နဲ့။ ကြည့်ရတာ အရှေ့ကဆိုင်က ပေါ်တူဂီကြက်ဥကိတ်ဆိုင် ထင်တယ်။ အဲ့တာ အရသာရှိမဲ့ပုံပဲ။ လာ၊ သွားဝယ်စားကြရအောင် "

ချန်းဖေးအယ်သည် ဆက်ပြောချင်သော်လည်း ယဲ့ဖန်မှ စကားဖြတ်ပြောလိုက်သည်။

သူ ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်ရာ ကြက်ဥကိတ်ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။

ဆိုင်သည် အရမ်းမကြီးပေ။

ပြတင်းပေါက်ငယ်လေးရှိကာ ထိုနေရာ၌ လူများ တန်းစီနေကြပြီး စုစုပေါင်း လူ၂၀မှ ၃၀နီးပါး ရှိနေသည်။

သူမသည် တစ်နေ့လုံး အားကန်ကို လိုက်ဖမ်းနေရသောကြောင့် ဘာမှမစားရသေးကာ ဗိုက်အတော်ဆာနေသည်။

သူမသည် အတွန့်မတက်တော့ပဲ လူတန်း၏ အနောက်တွင် တန်းစီနေသော ယဲ့ဖန်နောက်သို့ လိုက်သွားသည်။

ထိုဆိုင်သည် အတော် နာမည်ကြီးသည်။

သူတို့ မိနစ်အနည်းငယ် တန်းစီခဲ့ပြီးနောက် လူတန်းသည် တဖြည်းဖြည်း ရှည်လာကာ လူ၄၀မှ ၅၀နီးပါး ဖြစ်သွားသည်။

နာရီဝက်လောက် စောင့်ပြီးသည့်နောက် သူတို့ရှေ့တွင် လူနှစ်ယောက်သာ ကျန်တော့သည်။

အထဲမှ ထွက်လာသော မွှေးပျံ့သောအနံ့ကိုပင် ရနေသည်။

" အနံ့က အရမ်းမွှေးတာပဲ။ နောက်မှ ၁၀ခုလောက် ဝယ်ဦးမယ် "

သူမ၏ မျက်လုံးသည် ပြတင်းပေါက်တွင်သာရှိနေကာ သရေများပင် ထွက်ကျလာတော့မလို ဖြစ်နေသည်။

" ဘယ်လိုတောင် အစားကြီးတဲ့ကြောင်လေးလဲ "

သူမကို ထိုကဲ့သို့ပုံစံဖြင့် မြင်ရသည်မှာ ရှားသောကြောင့် ယဲ့ဖန် သူမကို စလိုက်သည်။

ချန်းဖေးအယ်သည် သူနဲ့ ပြိုင်မငြင်းခဲ့ချေ။

သူမ၏ လှပသော မျက်လုံးလေးများသည် မုန့်များ လုယူခံလိုက်ရမည်ကို စိုးရိမ်နေသကဲ့သို့ ကြက်ဥကိတ်ဆိုင်၏ ပြတင်းပေါက်ကိုသာ ငေးကြည့်နေသည်။

သူတို့ရှေ့မှ လူနှစ်ယောက်အလှည့် ပြီး၍ သူတို့သည် ရှေ့တိုးလိုက်ကြသည်။

ထိုအချိန်၌ လူတစ်ယောက်သည် သူတို့အရှေ့ကို ဖြတိတိုးဝင်လာခဲ့သည်။

သူတို့ကို လှည့်ပင်မကြည့်ပဲ အမျိုးသမီးတစ်ယောက်ကို လက်ဝှေ့ရမ်းပြရင်းခေါ်နေသည်။

" မင်းကျယ်၊ ဒီကြက်ဥကိတ်ဆိုင်က အတော်လေးကောင်းမဲ့ပုံပဲ။ လာမြန်မြန်လာ "

သူ့လေသံအား နားထောင်ရသည်အရ ပြည်မကြီးမှ လာသောလူ ဖြစ်ပုံရသည်။

ယဲ့ဖန်သည် ဒေါသထွက်သွားသည်။

သူတို့သည် နာရီဝက်လောက် စောင့်နေခဲ့ရပြီး သူတို့အလှည့် ရောက်လာခဲ့သော်လည်း လူတစ်ယောက်သည် သူတို့ကိုပင် လျစ်လျူရှုကာ ကြားဖြတ်ဝင်လာသည်။

ဘယ်လိုတောင် ရိုင်းပျပြီး မျက်နှာပြောင်တိုက်တတ်တဲ့ကောင်လဲ။

ယဲ့ဖန်သည် စကားပြောရန် ပြင်လိုက်သော်လည်း ချန်းဖေးအယ်မှ တားလိုက်ကာ သူ့ကို နူးညံ့စွာ နှစ်သိမ့်ပေးသည်။

" ဒီလို ကိစ္စသေးသေးလေးကြောင့် ဒေါသထွက်ဖို့ မလိုပါဘူး "

သူမသည် ထိုသို့ပြောကာ သူ့ကို ချိုမြိန်စွာ ပြုံးပြသည်။

သူမ ထိုသို့ ပြောလိုက်သည့်အတွက် ယဲ့ဖန်သည် ဒေါသမထွက်တော့ချေ။

တစ်မိနစ် နှစ်မိနစ်လောက်သာ ကြာသည့်ကိစ္စဖြစ်သဖြင့် စိတ်ထဲမထားတော့ချေ။

သို့သော်လည်း ကိစ္စသည် သူ ထင်ထားသလောက် မရိုးရှင်းပေ။

" ကျွန်မ ကြက်ဥကိတ် မစားချင်တော့ဘူး "

အမျိုးသမီးတစ်ယောက်မှ ပြောလိုက်သည်။

သူမသည် အတော်လေး ကြည့်ကောင်းသော်လည်း ချန်းဖေးအယ်၏ အလှနှင့်တော့ မယှဥ်နိုင်ချေ။

သူမသည် ကျောင်းခန်းထဲမှ အလှလေးပုံစံလောက်တော့ လှသည်။

သူမသည် အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားကာ အတော်မြင့်သော ဒေါက်ဖိနပ်တစ်စုံကိုလည်း စီးထားသည်။

နှေးကွေးစွာ အလှပြလျက် လမ်းလျှောက်နေကာ ခြေလှမ်းဆယ်လှမ်းရန်အတွက် တစ်မိနစ်ကျော်ကျော်ပင် ကြာနေသည်။

ထိုလူကြီးသည် သဘောကျစွာ ရယ်လိုက်သည်။

" ဒီလူတန်းရှည်ကြီးကို ကြည့်ပါဦး။ တော်တော်စားကောင်းမဲ့ပုံပဲ။ ဒီတစ်ခါတော့ ကိုယ့်ကိုယုံလိုက် "

သို့သော်လည်း ထိုအမျိုးသမီးမှ ခေါင်းခါသည်။

" ကြက်ဥကိတ် အများကြီးစားတာက ဝစေလိမ့်မယ်။ ကျွန်မ မကြာသေးခင်ကမှ ဝိတ်လျှော့နေတာလေ "

" ကြက်ဥကိတ် နည်းနည်းလောက်က မင်းကိုဝိတ်မတက်စေပါဘူးကွာ "

ထိုလူကြီးသည် လေသံခပ်ဖျော့ဖျော့ဖြင့်ချော့ပြောနေသည်။

" ပြီးတော့ မင်းက အရမ်းပိန်နေပြီသားပါ။ ကျစရာဝိတ်လည်း မရှိပါဘူး "

ထိုအမျိုးသမီးသည် ဆက်၍ ခေါင်းခါနေသည်။

" တဖြည်းဖြည်းချင်း ဝိတ်လျှော့ရမှာလေ။ အချိန်တိုင်း နည်းနည်းချင်းစီ စားနေတာက အဆင်ပြေမယ် ထင်လို့လား။ အဲ့တာက ပိုပြီးမြန်မြန်ဆန်ဆန် ဝလာစေလိမ့်မယ် "

ထိုလူကြီးသည် အမျိုးသမီးကို ဆက်လက်၍ ဆွဲဆောင်နေသော်လည်း သူမမှ ခေါင်းခါလျက် ငြင်းနေဆဲဖြစ်သည်။

အချိန်မှာ ၄၊ ၅မိနစ် ကျော်လာသော်လည်း ဝယ်မည်လား၊ မဝယ်မည်လားဆိုတာ ဆုံးဖြတ်ချက် မချရသေးချေ။

သူတို့နောက်မှ တန်းစီနေသည့် လူများမှ စပြီး ညည်းညူလာကာ ပြောဆိုလာကြတော့သည်။

" ဝယ်မှာလား၊ မဝယ်ဘူးလား။ မင်းတို့ မဝယ်ရင် ငါတို့ကို အရင်ဝယ်ခွင့်ပေး "

" ဟုတ်တယ်။ မင်းတို့က ကြားဖြတ်လည်း လာသေးတယ်။ နွားစားခွက်ထဲက ခွေးလိုပဲ။ အတော်လွန်နေပြီ "

" ဘေးဘက်မှာသွားပြီး ဆွေးနွေးနေကြ။ ငါတို့ စောင့်နေတာ ကြာပြီ။ ငါတို့အရင်ဝယ်မယ် "

" ဟုတ်တယ်၊ ငါတို့အားလုံး အိမ်ပြန်ချင်နေကြပြီ။ မင်းက ငါတို့အချိန်တွေကို လာဖြုန်းနေတာပဲ... "

လူတိုင်းမှ စောဒကတက်နေခြင်းမှာ ပုံမှန်သာဖြစ်သည်။

သူတို့အားလုံးသည် နာရီဝက်ကျော်ကျော် တန်းစီ စောင့်ခဲ့ရသော်လည်း သူတို့နှစ်ယောက်သည် ကြားဖြတ်ကာ တန်းကျော်လာသူများ ဖြစ်သည်။

ထိုသည်သာမက ထိုလူနှစ်ယောက်သည် ရောက်လာစဉ်မှစ၍ သူတို့၏ အရှေ့တွင် ဒရမ်မာ လာချိုးနေကြသောကြောင့် ဒေါသထွက်နေကြသည်။

ထိုလူသည် သူမကို မျက်နှာချိုသွေးနေသော်လည်း တခြားလူများကိုတော့ ရိုင်းစိုင်းစွာ ဆက်ဆံသည်။

" ဘာတွေ ပြောနေတာတုန်း။ မင်းတို့က သေတော့မှာလား။ မင်းတို့အားလုံး လူဝင်စားဖို့ အလျင်လိုနေတာလား "

ထိုလူသည် အနည်းဆုံး ၆ပေလောက် အရပ်ရှည်ကာ သူ ဒေါသထွက်နေချိန်တွင် ကြောက်စရာကောင်းလှသည်။

လူတိုင်းသည် ဘာမှထပ်မပြောရဲပဲ တိတ်ဆိတ်သွားကြသည်။

ထိုလူသည် ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။

" မင်းကျယ်၊ အဲ့ခွေးတွေ ဟောင်နေတာ နားထောင်မနေနဲ့။ သေချာစဥ်းစားနော်၊ ဘာမှအလျင်စလိုမလုပ်နဲ့ "

ထိုလူ၏ သဘောထားနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု အမျိုးသမီးက မထင်ခဲ့ပေ။

သူမသည် ခေါင်းကို ငုံ့ကာ ချစ်စရာကောင်းသလို ဟန်ဆောင်လိုက်ကာ ရေရွတ်လိုက်သည်။

" ကျွန်မ မစားချင်ဘူး။ စားလိုက်လို့ ဝလာရင် ဘယ်သူမှ ကျွန်မကို လိုချင်ကြမှာ မဟုတ်တော့ဘူး "

ထိုလူကြီးသည် ချက်ချင်းပင် ပြုံးကာ ပြောလိုက်သည်။

" အဲ့တာက ပိုကောင်းတာပေါ့။ အဲ့လိုဆို ကိုယ့်မှာ ပြိုင်ဘက် မရှိတော့ဘူးလေ။ ဒါ့ကြောင့် ပိုတောင်ဝယ်သင့်သွားပြီ "

စကားပြောရင်း ဆိုင်ရှင်ကို ကြည့်ကာ အော်ပြောလိုက်သည်။

" သူဌေး၊ ငါ့ကို ကြက်ဥကိတ်ငါးခုပေး "

လူအားလုံးသည် မပျော်ရွှင်ကြသော်လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြပြီး ထိုလူနှစ်ယောက် မြန်မြန်ထွက်သွားရန်သာ မျှော်လင့်နေကြသည်။

သို့သော်လည်း ထိုအမျိုးသမီးသည် ကောင်းကောင်းမနေပဲ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

" ကျွန်မ မယူဘူးနော်။ ဝယ်ရင်တောင်မှ စားမှာမဟုတ်ဘူး "

ဆိုင်ရှင်သည် အတော် ဒေါသထွက်လာသည်။

ထိုလူနှစ်ယောက်သည် ဆယ်မိနစ်လောက် အချိန်ဖြုန်းကာ သူ့စီးပွားရေးကို တုတ်နှင့်ထိုနေသည်။

" မင်းတို့နှစ်ယောက် ဒီကို မလာခင်တည်းက ဆွေးနွေးထားလို့ မရဘူးလား။ ရှိနေတဲ့ ဧည့်သည်အားလုံး စောင့်ရတာ စိတ်မရှည်ကြတော့ဘူး "

ထိုအခါ ထိုအမျိုးသားသည် ဒေါထွက်သွားသည်။

ဘန်း

ထိုလူသည် မှန်ကို လက်သီးဖြင့် ထိုးခွဲကာ စူးစူးရဲရဲ ကြည့်လိုက်သည်။

" မင်းက ဘာစကားပြောတာလဲ။ ငါ့ကိုအထင်သေးတာလား။ ဒီဆိုင်ကို ငါမီးရှို့ပြာချရဲတယ်ဆိုတာ မင်းယုံလား "

ဆိုင်ရှင်သည် ထိုလူမှ ဤမျှ ဒေါသထွက်ကာ ကြောက်စရာကောင်းသွားလိမ့်မည်ဟု ထင်မှတ်မထားချေ။

ယဲ့ဖန်သည် ခေါင်းခါယမ်းရင်း စိတ်ထဲမှ ပြောလိုက်သည်။

တစ်ချိန်တည်းမှာ ဖိနပ်လျက်တဲ့ ကပ်ဖားရပ်ဖားကောင် လုပ်နေပြီး တစ်ဖက်မှာကျ ကြမ်းတမ်း ရိုင်းစိုင်းကြမ်းတမ်းတဲ့ ကျားသစ်ကြီး လုပ်ပြနေတာပဲ။

အံ့သြစရာကောင်းတာ။

အပိုင်း ( ၁၀၁၁ )

ကန်းနေရုံတင် မဟုတ်ဘဲ နားပါ လေးနေတာပဲ။

" တစ်မျိူးမထင်ပါနဲ့။ ကျွန်တော် ခင်ဗျားကို အထင်သေးတာလမဟုတ်ပါဘူး။ ဝယ်သူတွေ အများကြီး တန်းစီပြီး စောင့်နေရလို့ပါ။ ခင်ဗျားတို့နှစ်ယောက် ဝယ်မလား၊ မဝယ်ဘူးလားဆိုတာ အရင်ဆွေးနွေးလိုက်ကြပါလား။ ခင်ဗျားတို့ ဆုံးဖြတ်ပြီးသွားရင် ကျွန်တော် ခင်ဗျားတို့ကို အရင်လုပ်ပေးမယ်လေ။ အဆင်ပြေတယ်မလား "

ဆိုင်ရှင်သည် ထိုလူကို လေသံမာမာဖြင့် မပြောရဲတော့သောကြောင့် ချိုသာစွာ ပြောလိုက်သည်။

" ဘာ "

ဆိုင်ရှင်သည် ညင်သာစွာ ပြောလိုက်သော်လည်း ထိုလူသည် သူ့ကို လေသံမာဖြင့် ပြောလိုက်သည်ဟု ခံစားရကာ ဒေါသထွက်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။

" နည်းနည်းလေး ထပ်စောင့်လိုက်ရလို့ သူတို့က သေသွားမှာမလို့လား "

" မင်းရဲ့ စီးပွားရေး နှောင့်နှေးသွားမှာ ကြောက်နေတာ မဟုတ်ဘူးလား။ ငါက ဒီကြက်ဥကိတ် နည်းနည်းလေးကိုများ မတတ်နိုင်ဘူး ထင်နေတာလား။ မင်းအထင်သေးနေတဲ့သူက ဘယ်သူဆိုတာရော သိရဲ့လား "

အော်ဟစ်နေရင်းဖြင့် သူ့ဘေးမှ ကောင်မလေးကို လှမ်းကြည့်သည်။

ဆိုင်ရှင်သည် ဉာဏ်ပြေးသည့်လူ ဖြစ်သောကြောင့် ထိုလူသည် ကောင်မလေးရှေ့၌ မျက်နှာပန်းလှချင်နေကြောင်းကို သိလိုက်သည်။

ထို့ကြောင့် ဤအချိန်တွင် သူ ဘာကိုပြောသည်ဖြစ်စေ တစ်ဖက်မှ လူသည် အကျယ်ချဲ့ကာ ပြဿနာရှာမည် ဖြစ်ကြောင်း သူသိသွားသည်။

ထို့ကြောင့် သူသည် ဘာစကားတစ်ခွန်းမျှ မပြောတော့ချေ။

ဆိုင်ရှင်မှ ဘာမှမပြောသည့်အတွက် ထိုယောကျာ်းသည် အလွန်စိတ်ဆိုးသွားကာ ပြတင်းပေါက်ကို ချက်ချင်း လှမ်းရိုက်ရင်းပြောလိုက်သည်။

" ဘာကိစ္စ မင်းက စကားတစ်ခွန်းမှ မပြောတာလဲ။ ငါပြောတာက ယုတ္တိမရှိဘူးလို့ ဆိုလိုချင်တာလား။ ကောင်းပြီလေ၊ မင်းကို ငါက အခွင့်အရေး တစ်ခုမှမပေးဘူးလို့ မပြောနဲ့ "

စကားပြောလျက် သူ့အိတ်ထဲမှ ဘဏ်ကဒ်ကိုထုတ်ကာ စားပွဲပေါ်ကို ရိုက်ချပြီး မေးလိုက်သည်။

" ပြောစမ်း၊ ကြက်ဥကိတ်တစ်လုံးကို ဘယ်လောက်ကျလဲ "

" တစ်ခုကို တစ်ယွမ်ပါ "

ဆိုင်ရှင်သည် ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။

" ကောင်းပြီ၊ ငါ့ကို အခုတစ်သန်း လုပ်ပေး။ ပြီးတော့အဲ့တာတွေကို အခုချက်ချင်း ထုတ်ပိုးပေး "

သူသည် ဘယ်သူမှ မကြားမည်ကို စိုးရိမ်ကာ သူ၏ ဝမ်းခေါင်းသံကြီးဖြင့် အော်ပြောလိုက်သည်။

" ဟား "

လူတိုင်းသည် အေးစက်သော လေထုကို ရှိုက်မိသွားကြသည်။

ဒီလူက တော်တော် ချမ်းသာတာပဲ။

ဆိုင်ရှင်သည် ချက်ချင်း မပျော်မရွှင် ဖြစ်သွားသည်။

" ခင်ဗျားက ကျုပ်ကို အခက်တွေ့အောင် လုပ်နေတာလား။ လောင်းကစားမြို့ထဲမှာ ရှိတဲ့ အကြီးဆုံး ကြက်ဥကိတ်ဆိုင်တောင် ဒီလောက်များတဲ့ ပမာဏကို တစ်ခါတည်းလုပ်မပေးနိုင်ဘူး။ ကျုပ်ဆိုင်လို ဆိုင်သေးသေးလေးဆို ပြောမနေနဲ့တော့ "

ထိုစကားကို ကြားသည်နှင့် ထိုလူကြီးသည် ချက်ချင်းစိတ်ဆိုးကာ မျက်လုံးများ ပြူးကျယ်သွားသည်။

" အဓိပ္ပာယ်မရှိတာ။ ငါ့ကို စဉ်းစားဖို့ မင်းပဲ မပြောခဲ့ဘူးလား။ အခု ငါဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါကို မင်းက လုပ်မပေးနိုင်ဘူးလား။ မင်းဆိုင်ကို ငါ တစ်စစီလုပ်ပစ်နိုင်တယ်ဆိုတာကို ယုံလား "

ဆိုင်ရှင်သည် ပြောစရာစကား ပျောက်ဆုံးသွားသည်။

သူသည် ယခင်က ဤကဲ့သို့ ထူးဆန်းသည့် လူ့ဂွစာဖောက်သည်မျိုး မတွေ့ဘူးခဲ့ချေ။

ဤအရာသည် အခုတစ်သန်း လုပ်မည် ဖြစ်ကာ သူ့အနေဖြင့် တစ်နှစ်လုံး အချိန်ပေးလျှင်တောင် ဤမျှများပြားသည့် ပမာဏကို လုပ်နိုင်မည် မဟုတ်ချေ။

တန်းစီနေသော ဝယ်သူများသည် ဆက်၍ သည်းမခံနိုင်တော့ပဲ ထိုအမျိုးသားကို စ၍ ပြစ်တင်ပြောဆိုလာကြသည်။

" ဘာလို့ ဒီလူက ဒီလိုလက်ပေါက်ကပ်နေတာလဲ။ ဒါကအရမ်းကို ရိုင်းစိုင်းမနေလွန်းဘူးလား "

" ဟုတ်တယ်။ သူချမ်းသာတော့ရော ဘာဖြစ်လဲ။ ပိုက်ဆံရှိတာနဲ့ပဲ လူတိုင်းကို လုပ်ချင်တာလုပ်လို့ရပြီလို့ ထင်နေတာလား "

" ဒီလိုလူမျိုးကို ငါပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ သူက မှားနေတာတောင်မှ ဆိုင်ရှင်ကသူ့ကို အထင်သေးတယ်လို့ သူက ပြောနေနိုင်သေးတယ် "

" ပြည်မကြီးက ခရီးသွားတွေရဲ့ ပုံရိပ်က ဒီလိုလူတွေကြောင့် ပျက်စီးနေရတာ "

လူတိုင်း၏ စကားကို ကြားသောအခါ ထိုလူသည် နောက်လှည့်ပြီး အော်ဟစ်လိုက်သည်။

" အခုလေးတင်ပြောလိုက်တာ ဘယ်ကောင်လဲ။ မင်းတို့မှာ သတ္တိရှိရင် အပြင်ထွက်လာပြီး ပြောကြ။ လူကြားထဲပုန်းနေပြီး သတ္တိရှိချင်ယောင်ဆောင်မနေနဲ့ "

ထိုလူ မည်မျှထိ မိုက်ရူးရဲဆန်သည်ကို အားလုံးက မြင်ပြီး ကြောက်လန့်သွားကြကာ စကား မပြောရဲကြတော့ပေ။

အချို့ဝယ်သူများသည် ဒုက္ခရောက်မည်ကို ကြောက်သောကြောင့် အမြန်ထွက်သွားကြသည်။

ထိုလူ၏ အာဏာပြမှုသည် လူတိုင်းကို ထိတ်လန့်သွားစေကာ တိတ်ဆိတ်သွားစေခဲ့သည်။

သူသည် ချက်ချင်းပင် သူ့ကိုယ်သူ အားရကျေနပ်သွားကာ ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

" မင်းကျယ်၊ စိတ်မပူနဲ့။ ဒီနေရာက လောင်းကစားမြို့ဆိုရင်တောင်မှ ကိုယ်တို့လုပ်ချင်တာ လုပ်လို့ရတယ်။ ကိုယ်ရှိနေသရွေ့ မင်းကို ဘယ်သူမှ အနိုင်မကျင့်ရဲဘူး "

သူမ၏မျက်လုံးသည် တလက်လက်တောက်ပသွားသည်။

" အစ်ကိုကွန်းက အခု အရမ်းမိုက်တာပဲ။ အထူးသဖြင့် ခုနက ဘဏ်ကဒ်ကို ရိုက်ချလိုက်တုန်းက အားအရမ်းကြီးတာပဲ "

သူမ၏ မြှောက်ပင့်မှုကို ကြားပြီးနောက် သူသည် ပိုမို မာန်တက်သွားကာ ပြောလိုက်သည်။

" ကိုယ့်မှာ အားကြီးပြီး အစွမ်းထက်တဲ့အရာတွေ အများကြီး ရှိသေးတယ်။ မင်းတဖြည်းဖြည်းချင်း သိလာပါလိမ့်မယ် "

သူ၏ ရဲတင်းလွန်းသော စကားကို ကြားသောအခါ သူမသည် ရှက်ချင်ယောင်ဆောင်လိုက်သည်။

" ရှင်အရမ်းဆိုးတာပဲ "

သူတို့နှစ်ယောက်သည် ကြက်ဥကိတ် အကြောင်းမပြောတော့ပဲ စတင်၍ တစ်ယောက်နှင့် တစ်ယောက် ကလူကျီစယ်နေကြသည်။

ယဲ့ဖန်သည် အစကတည်းက သူတို့ကို ကြည့်မရသည့်အတွက် သူတို့ ပရောပရည် လုပ်နေသည်ကို တွေ့သောအခါ မထိန်းနိုင်တော့ပဲပြောလိုက်သည်။

" မင်းတို့ အချစ်ကိစ္စတွေ ပြောချင်နေရင် တခြားနေရာသွားကြ။ မင်းတို့ ကန်းနေကြတာလား။ နောက်မှာ လူတွေတန်းစီနေတာကို မမြင်ဘူးလား "

ယဲ့ဖန် ထိုသို့ ပြောလိုက်သည့်အချိန် လူတိုင်းသည် ဦးခေါင်းများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။

တန်းစီနေသော ဝယ်သူအားလုံးသည် သူ့ကို ယုံကြည်နိုင်စွာ ကြည့်နေကြသည်။

ထိုလူသည် အစောကထိ အတော်ကြောက်ဖို့ကောင်းနေသည့်အတွက် ဘယ်သူကမှ မစော်ကားရဲချေ။

သို့သော်လည်း ထိုလူငယ်လေးသည် သူ့ကို ထိုသို့သော အသံနေအသံထားနှင့် ပြစ်တင်ပြောဆိုရဲသည်။

ယဲ့ဖန်၏စကားကြောင့် သူတို့သည်စိတ်သက်သာရာ ရသွားသော်လည်း သူ့အတွက် စိတ်ပူနေကြသည်။

ထိုသူသည်လည်း သူ့ကို စော်ကားရဲသောသူ ရှိမည်ဟု မျှော်လင့်မထားပေ။

ဒီလူက အသက်ရှင်နေရတာ ပင်ပန်းနေတာလား။

သူ နောက်လှည့်ကြည့်လိုက်သောအခါ အနီရောင်ဝတ်စုံနှင့် ချန်ဖေးအာကို အရင်သတိထားမိသွားပြီး မျက်လုံးများ ဝိုင်းစက်သွားသည်။

သူသည် နတ်မိမယ်လေးမင်းကျယ် စိတ်ကျေနပ်ရန်သာ အာရုံစိုက်ထားသောကြောင့် သူ့နောက်၌ ရပ်နေသော အလှလေးကို သတိမထားခဲ့မိချေ။

နတ်မိမယ်လေးမင်းကျယ်၏ ရုပ်ရည်သွင်ပြင်သည် အလွန်ကောင်းသည်ဟု မူလက သူထင်ခဲ့သည်။

သူမသည် ဘယ်နေရာသို့ သွားသည်ဖြစ်စေ သူမသည် လူအုပ်ကြားထဲတွင် ထင်းနေသည်။

သို့သော်လည်း သူ့အရှေ့မှ အလှလေးနှင့် ယှဥ်ကြည့်လိုက်ပါက ထိုအရာသည် ဖန်ခဲနှင့် ကျောက်စိမ်းတစ်ခုကို နှိုင်းယှဥ်နေသလို၊ ရစ်ငှက်နှင့် ဇာမဏီငှက်ကို နှိုင်းယှဥ်နေသလိုပင် လုံးဝ နှိုင်းရက်စရာ မရှိပေ။

ရဲရင့်ပြီး သူရဲကောင်းဆန်သော သူမ၏ ဟန်ပန်သည် သူ့နှလုံးသားထဲမှ သူမကို ရယူစေလိုသော စိတ်ဆန္ဒအား လှုံ့ဆော်နေသည်။

ဤကမ္ဘာပေါ်တွင် အသက်ရှူမှားသွားလောက်အောင် လှပသည့်အလှမျိုး ရှိနေမည်ဟု သူ မမျှော်လင့်မိခဲ့ချေ။

သူသည် လက်ရှိ အခိုက်အတန့်တွငိ အတော်ကို မှင်သက်နေသည်။

နတ်မိမယ်လေး မင်းကျယ်သည် ချန်းဖေးအယ်ကို တွေ့သောအခါ အလွန်မနာလို ဖြစ်နေသည်။

သူမအရှေ့မှ မိန်းကလေးသည် အပြစ်မရှိလောက်အောင် ပြီးပြည့်စုံနေသည်။

သူမသည် ထိုမိန်းကလေးနှင့် ယှဉ်ပါက အစေခံလောက်ပင် ရှိမည် မဟုတ်ချေ။

အထူးသဖြင့် သူမ၏လူသည် ချန်းဖေးအယ်ကို ကြည့်နေကြောင်း သတိပြုမိလိုက်သောအခါ သူမ၏ မနာလိုဝန်တို ဖြစ်နေမှုသည် ပိုမိုများပြားလာပြီး ပြောလိုက်သည်။

" ကြည့်နေတာကို ရပ်လိုက်။ သူမက ပိုင်ရှင်ရှိနေပြီးသား။ ရှင့်ရဲ့မျက်လုံးတွေ ပေါက်ထွက်နေဦးမယ် "

ထိုလူသည် ချန်းဖေးအယ်၏ အလှတရားထဲတွင် နစ်မြုပ်နေကာ သူ့ဘာသူ ရုန်းမထွက်နိုင် ဖြစ်နေသည်။

သူမ သတိပေးလိုက်ချိန်မှ ပြန်၍ တုံ့ပြန်နိုင်ခဲ့သည်။

မှန်တာပဲ။

ဒီလောက်ကောင်းတဲ့ ဂေါ်ဖီထုပ်က ဝက်စားပြီးသား ဖြစ်နေတယ်။ နတ်ဘုရားတွေရဲ့လက်ဆောင်ကို ဖြုန်းတီးလိုက်တာပဲ။

ထိုသည်ကို တွေးမိလိုက်သည်နှင့် သူသည် ယဲ့ဖန်ကို မကြည်ကြည့် ကြည့်လိုက်သည်။

" ကောင်စုတ်လေး၊ မင်း ဘာပြောလိုက်တာလဲ။ မင်း သတ္တိရှိရင် ထပ်ပြောကြည့်လိုက်စမ်း "

ယဲ့ဖန်သည် သူ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ ထပ်မံ၍ လှောင်ပြောင်လိုက်သည်။

" မင်းက ကန်းနေရုံတင်မဟုတ်ပဲ နားပါ နည်းနည်းလေးနေတာပဲ "

" ဒါဆို ကျုပ် ထပ်ပြောမယ်။ ထွက်သွားလိုက်။ ပြီးတော့ ကျုပ်တို့အချိန်တွေကို လာမဖြုန်းနဲ့ "

ယဲ့ဖန် စကားပြောလို့ မပြီးခင်မှာပင် ထိုလူ၏ လက်သီးသည် သူ့ရှေ့သို့ ရောက်လာသည်။

" အိုး "

လူအုပ်ကြီးသည် ချက်ချင်းပင် အံ့ဩအော်ဟစ်လိုက်သည်။

အပိုင်း ( ၁၀၁၂ )

ကြည့်ရတာ သူသံပြားကို ကန်မိပုံပဲ

သူသည် စကားတစ်လုံးမှမပြောပဲ ကြမ်းတမ်းစွာ ဦးတည်တိုက်ခိုက်မည်ဟု ဘယ်သူမှ မထင်ခဲ့ချေ။

ထိုအချိန်၌ လူတိုင်းသည် သူ့အပြုအမှုကြောင့် မှင်သက်သွားကြသည်။

အမှန်တွင် ထိုလူ အလွန်စိတ်ဆိုးနေရခြင်းမှာ ယဲ့ဖန်က သူ့ကို ရိုင်းစိုင်းစွာ ဆက်ဆံ၍ မဟုတ်ဘဲ သူကသာ ယဲ့ဖန်ကို မနာလိုဖြစ်နေသောကြောင့် ဖြစ်သည်။

သူ့မိသားစုနောက်ခံ၊ သူ့ရုပ်ရည်၊ သူ့စရိုက်လက္ခဏာတို့သည် လူတစ်သန်းတွင် တစ်ယောက်သာရှိသည်ဟု ထင်နေသည်။

သို့သော် သူ့တစ်ဘဝလုံးတွင် ဤမျှ လှပသည့် မိန်းကလေးမျိုးနှင့် မဆုံဖူးခဲ့ချေ။

နတ်ဘုရားမလေးမင်းကျယ်လို အနေအထားလောက်ကိုပင် သူသည် ဂရုတစိုက် ကပ်ဖားကာ မျက်နှာချိုသွေးနေရသည်။

သို့သော် သူ့ရှေ့တွင် ရှိနေသော မျိုးမစစ်ကောင်သည် ထိုသို့ ထိပ်တန်းနတ်ဘုရားမအဆင့်ဖြစ်သော မိန်းကလေးကို ပိုင်ဆိုင်ထားသည်။

သူက ဘာတွေလုပ်ခဲ့တာမလို့လဲ။

သူသည် မနာလိုဖြစ်နေသည်။

အလွန်မနာလိုဖြစ်ကာ ရူးသွပ်နေသည်။

ထို့ကြောင့် ယဲ့ဖန်မှ သူ့ကို ရိုင်းစိုင်းစွာ ထပ်ပြောသောအခါ သူ၏ မနာလိုဝန်တိုစိတ်သည် ဒေါသအဖြစ်သို့ ပြောင်းသွားသည်။

သူသည် ထိုမျိုးမစစ်ကို မြေကြီးပေါ် ဖိထားကာ အကြိမ်တစ်ရာလောက် ဆွဲဖြဲချင်နေသည်။

သူသည် ထိုနတ်ဘုရားမအား သူမ၏ အရှေ့မှာပင် သူမ၏ ချစ်သူသည် ဒူးထောက်ကာ သနားညှာတာရန် တောင်းပန်နေသည့် မြင်ကွင်းကို ပြချင်နေသည်။

သူ၏ အတွေးသည် လှပသော်လည်း အမှန်တရားသည် ကြမ်းတမ်းလွန်းလှသည်။

ပစ်လွှတ်လိုက်သော သူ၏ လက်သီးသည် သူထင်ထားသလို သူ့ရှေ့ကလူကို ထိမသွားချေ။

တစ်ဖက်ကလူသည် ခေါင်းကို အသာယိမ်းကာ သူ့လက်သီးကို လွယ်ကူစွာ ရှောင်သွားသည်။

သူ မတုန့်ပြန်နိုင်ခင်မှာပင် သူ၏ လည်ပင်းသည် တစ်ဖက်လူ၏ ဆွဲညှစ်ခြင်းကို ခံလိုက်ရသည်။

သူသည် အောက်သို့ ပစ်ချမခံရခင် သူ၏ ခန္ဓာကိုယ်သည် လေပေါ် မြှောက်တက်သွားသလို ခံစားလိုက်ရသည်။

ဘန်း

သူ၏နောက်ကျောသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်မိသွားကာ သူ့ပါးစပ်အပြည့် သွေးများထွက်လာပြီး သူ့ကိုယ်တွင်းအင်္ဂါများအားလုံး ဇောက်ထိုးလှန်လိုက်သလို ခံစားလိုက်ရသည်။

" အား "

ကျယ်လောင်သောအော်သံသည် တစ်လမ်းလုံး ပဲ့တင်ထပ်သွားကာ ဖြတ်သွားဖြတ်လာလူများပင် ရပ်၍ ကြည့်နေကြသည်။

ဝယ်သူများသည် သူတို့၏ ပါးစပ်များကို မယုံကြည်နိုင်စွာဖြင့် လက်ဖြင့်ကာလျက် အသက်မထွက်မိအောင် ကြိုးစားနေကြသည်။

နှိုင်းယှဥ်ရလျှင် ယဲ့ဖန်သည် ထိုလူထက် အနည်းငယ် ပိုပုကာ ပို၍ပိန်သော်ပြီး ထိုလူသည် ကြွက်သားအပြည့်နှင့် တောင့်တောင့်တင်းတင်း ဖြစ်သည်။

တစ်ချက်ကြည့်ရုံဖြင့် ကွာခြားသော အနေအထားကြောင့် သူသည် ထို ယောကျာ်းအား ကိုင်ပေါက်လိုက်သောအခါ ဘေးမှ ကြည့်ရှုနေသောသူများ၏ အမြင်အာရုံများသည် တုန်လှုပ်သွားကြသည်။

" ဝိုး အဲ့ညီလေးက အရမ်းမိုက်တာပဲ "

" သူ ဘယ်လိုတိုက်ခိုက်လိုက်လဲဆိုတာ မြင်လိုက်ကြလား။ ငါတော့သူ ဟိုလူကို ဘယ်လိုကိုင်ပေါက်လိုက်လဲဆိုတာတောင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး "

" ဘုရားဘုရား ..... သူ သူသွေးအန်နေပြီ။ ဒါ ..... ဒါ အတော်လေး အခြေအနေဆိုးနေတာပဲ "

" ဟမ့် သူနဲ့တန်တယ်။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့သူကို ထွက်လာပြီး သင်ခန်းစာပေးမဲ့သူ ရှိသင့်တယ်ကွ "

" အဲ့တာမှန်တယ်။ သူက ရှေ့ကနေပိတ်ပြီး ငါတို့ကို နောက်ကျအောင် လုပ်နေတာ။ ဒါတောင်မှ သူက အားနာစိတ်မရှိပဲ ငါတို့ကို ကျိန်ဆဲနေသေးတယ်။ သူ အရိုက်ခံရသင့်တယ် "

" ဒါက မတရားမှုကို တားဆီးဖို့ ဓားဆွဲထုတ်တယ်လို့ ခေါ်တယ်။ အရင်ခေတ်မှာဆို သူကသူရဲကောင်းပဲ "

" ဟုတ်တယ်။ သင်ခန်းစာပေးသင့်တယ် "

လူတိုင်းသည် ဒေါသများကို ထိန်းထားနေရသည်။

ယဲ့ဖန်သည် သံသယဖြစ်စရာ မလိုအောင်ပင် သူတို့၏ ဒေါသကို ဖြေဖျောက်ရန် ကူညီလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့သည် လက်ခုပ်တီးကာ ချီးကျူးနေကြသည်။

ချန်းဖေးအယ်သည် ကူရာကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

ထိုလူသည် အေးဆေးမနေပဲ ကိုယ့်ဒုက္ခကို ရှာနေခြင်းဖြစ်သည်။

သို့သော် သူမသည် ယဲ့ဖန်မှ ကောင်းကောင်းကစားတတ်သည်ဟု ခံစားမိသည်။

ထိုသို့ဖြစ်ရန် သူနှင့် ကစားနေသောသူအပေါ်တွင် မူတည်သည်။

ဒီလို လူတွေရဲ့ စည်းကမ်းကို ဖောက်ပြီး သူများကို အနိုင်ကျင့်တဲ့သူကို သင်ခန်းစာပေးသင့်တယ်။

နတ်မိမယ်လေးမင်းကျယ်သည်လည်း အလွန်ကြောက်ရွံ့တုန်လှုပ်နေသည်။

ယဲ့ဖန်ကို ကြည့်လိုက်ရင်း ကြောက်ရွံ့မှုကြောင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။

" ကျွန်မကိုမရိုက်ပါနဲ့။ ဒီကိစ္စက ကျွန်မနဲ့ မဆိုင်ပါဘူး။ အဲ့လူကသာ တန်းစီနေတဲ့လိုင်းကို ဖောက်ဖို့ တွန်းအားပေးတာပါ ..... "

ယဲ့ဖန်သည် ခေါင်းခါကာ ပြုံးလိုက်သည်။

" စိတ်မပူပါနဲ့ ပုံမှန်အခြေအနေတွေဆို ငါအမျိုးသမီးတွေကို မရိုက်ပါဘူး "

ချန်းဖေးအယ်သည် ကူရာကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။

နင်က ပုံမှန်အခြေအနေတွေမှာ မိန်းကလေးတွေကို မရိုက်ဘူးဆိုတော့ ပုံမှန်အခြေအနေမဟုတ်ရင် ရိုက်မယ်ဆိုတဲ့သဘောပေါ့။

သူ့အပေါ် သူမ နားလည်ထားသလောက် သူ့ကို လူတစ်ယောက်မှ ဆန့်ကျင်လိုက်ပါက ထိုလူသည် ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ ဂရုစိုက်မနေဘဲ သနားညှာတာမှုမရှိ သတ်မည်သာ ဖြစ်သည်။

ယဲ့ဖန်၏ စကားကို ကြားသွားသောအခါ ထိုအမျိုးသမီးသည် စိတ်သက်သာရာရသွားသည်။

သူမသည် သူ့ကို အကဲခတ်နေကာ သူမ၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်နေသည်။

ထိုလူငယ်လေးသည် အလွန်ချောမောကာ တိုက်ရည်ခိုက်ရည်လည်း ကောင်းသည်။

သူသည် ထိုနေရာ၌သာ ပို၍ စွမ်းဆောင်နိုင်ပါက ပြီးပြည့်စုံသောချစ်သူ ဖြစ်နိုင်သည်။

ချန်းဖေးအယ်သည် သူ့အနားတွင် ရှိမနေပါက သူမ၏ အခန်းသော့ကို သူ့လက်ထဲသို့ ထည့်ပေးလိုက်မည် ဖြစ်သည်။

ထိုအချိန်မှာပင် ရိုက်နှက်ခံရသောလူသည် ထလာကာ ဒေါသတကြီး ပြောလိုက်သည်။

" ကောင်စုတ်လေး၊ မင်းငါ့ကို ဘယ်လိုတောင်ရိုက်နှက်ရဲတာလဲ။ ဒီနေ့တော့ မင်းသေပြီပဲ "

" ဘာလဲ ခင်ဗျားက ငါနဲ့ ယှဥ်ချချင်နေတာလား "

ယဲ့ဖန်သည် သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရင်း ပြောလိုက်သည်။

ထိုလူသည် သူ့ခေါင်းကို မသိစိတ်အရ ကာမိသွားသည်။

ယဲ့ဖန်သည် သူ့လက်ကို မြှောက်လိုက်ရုံသာဖြစ်ပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြောင်း သူ သဘောပေါက်သည်။

ပတ်ဝန်းကျင်မှ လူတိုင်းသည် သူ့ကို ကြောက်ရွံ့တတ်သော ငှက်တစ်ကောင်ကို မြင်နေရသကဲ့သို့ ကြည့်နေကြသည်။

သူသည် ဒေါသပိုထွက်သွားကာ မျက်လုံးများတွင် မီးတောက်သွားသည်။

" ကောင်စုတ်လေး မင်းမှာ သတ္တိရှိရင် ထွက်မသွားနဲ့။ တကယ်လို့ မင်းကို ငါဒီနေ့ မသတ်နိုင်ရင် လျုံထျန်းစစ်ဆိုတဲ့ ငါ့နာမည်ကို ပြောင်းပြန်ရေးလိုက်မယ် "

သူသည် လမ်းတစ်ဖက်သို့ ထွက်သွားကာ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေသည်။

ယဲ့ဖန်သည် ထိုသို့ အမှိုက်မျိုးကို အာရုံမစိုက်ပေ။

ချန်းဖေးအယ်၏ လက်ကို ဆွဲ၍ ပြတင်းပေါက်ဆီသို့ သွားသည်။

" ဆိုင်ရှင်၊ ကြက်ဥကိတ် ၁၀ခုပေးပါ "

ဆိုင်ရှင်သည် ယဲ့ဖန်မှ ထိုလူအား သင်ခန်းစာပေးသည့် ဖြစ်ရပ်ကို မျက်မြင်တွေ့ထားသောကြောင့် သူ၏ မျက်လုံးထဲတွင် အသိအမှတ်ပြုမှုများနှင့် ပြည့်နေသည်။

" ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်း ပိုက်ဆံရှင်းစရာ မလိုပါဘူး။ ကျွန်တော် ကျွေးပါ့မယ် "

စကားပြောနေရင်းဖြင့် အိတ်ထဲသို့ မုန့်အခု ၂၀ကျော် ထည့်လိုက်သည်။

ယဲ့ဖန်သည် သူ့စေတနာကို အသိအမှတ်ပြုသော်လည်း အဆုံးတွင် ယွမ် ၂၀ ပေးလိုက်သည်။

သူတို့သည် မုန့်ဝယ်ပြီး၍ လမ်းလျှောက်ပြန်လာကာ အနည်းငယ်ဝေးသည့် နေရာအရောက်၌ လျုံထျန်းစစ်ဟု ခေါ်သည့်လူသည် သူတို့ကို လိုက်မှီလာသည်။

" မင်းကို ဘယ်သူက သွားခွင့်ပြုလို့လဲ။ ငါ့ကိုချ ပြီးတာနဲ့ ထွက်သွားချင်တာလား။ အဲ့လိုကောင်းတဲ့ကိစ္စမျိုး ဖြစ်မလာနိုင်ဘူး "

လူတိုင်းသည် ထိုလူမှ ယဲ့ဖန်ကို လွှတ်မပေးသောကြောင့် ဝိုင်းကူညီကြသည်။

" ဘာလို့မင်းက ဒီလိုဖြစ်နေတာလဲ။ အစတည်းက မှားနေတဲ့သူက မင်းလေ။ ဘာလို့ သူတို့ကိုအလွတ်မပေးတာလဲ "

" ဟုတ်တယ်။ မင်းက အရင်စတိုက်တဲ့သူပဲ။ သူလုပ်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလို့ ခေါ်တယ်ကွ။ မင်းက ဘာလို့ သူတို့ကို နှောင့်ယှက်နေသေးတာလဲ "

" ကြည့်နေတဲ့သူတွေ အများကြီးပဲ။ ဒီလူငယ်လေး မမှားဘူး ။ မင်းကပဲ အကျိုးအကြောင်းမညီမညွတ်ဖြစ်နေတာ "

" ကောင်ငယ်လေး ဘာမှမကြောက်နဲ့။ မင်းဘက်မှာ ငါတို့ရှိတယ် ထ

လျုံထျန်းစစ်သည် လူအုပ်ဘက်သို့ လှည့်ကြည့်လေသည်။

" ဝိုး မင်းတို့ပြောစကားအရဆို မင်းတို့က ဒီကောင်လေးကို ကူညီနေချင်ကြတယ်ပေါ့ "

" ကောင်းပြီလေ။ ငါအခုလေးတင် ကာရန်းလမ်းက အစ်ကိုဟွားကို ခေါ်ထားပြီးပြီ။ ဒီကောင်စုတ်လေးနဲ့အတူ မင်းတို့ မြေမြှုပ်မခံချင်ဘူးဆိုရင် လစ်လိုက်ကြတော့ "

ကာရန်းလမ်းမှ အစ်ကိုဟွားဆိုသည့်အသံကိုကြားလိုက်သောအခါ အမှန်တရား၏ ဘက်တော်သားဖြစ်နေသော လူအုပ်ကြီးသည် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ယဲ့ဖန်ဘက်တွင် ရပ်နေသော လူအနည်းငယ်သည်ပင် လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။

ယဲ့ဖန်သည် အားလုံးကို မြင်လိုက်ကာ ဆော့ကစားလိုသော မျက်နှာထား ဖြစ်ပေါ်လာသည်။

ကြည့်ရတာ သူသံပြားကို ကန်မိပုံပဲ။

သံပြားသည် လုံလောက်စွာ မာသည်လားဆိုသည်ကို သူ မသိချေ။

" ကောင်စုတ်လေး အခုတော့ မင်း မမောက်နိုင်တော့ဘူး မဟုတ်လား။ မင်းမှာ သတ္တိရှိရင် စောင့်နေလိုက်။ မင်းလုပ်ရပ်ရဲ့ တန်ဖိုးကို ငါပြန်ပေးဆပ်ခိုင်းမယ် "

လျုံထျန်းစစ်သည် ယဲ့ဖန်အား စူးရဲစွာ စိုက်ကြည့်ပြီး သူပြေးသွားမည်ကို စိုးသောကြောင့် သူ့ရှေ့တွင် ပိတ်ရပ်နေသည်။

ယဲ့ဖန်သည် အရူးတစ်ယောက်ကို မြင်နေရသလို သူ့ကိုကြည့်နေသည်။

" ခင်ဗျားကို ငါ သတိမပေးဘူးလို့တော့ မပြောနဲ့။ ခင်ဗျား ကိုယ့်သေတွင်းကိုယ် တူးနေမိပြီ "

" အခုနေ ငါ့ကို လွှတ်ပေးလိုက်မယ်ဆိုရင် ခင်ဗျား မျက်နှာနည်းနည်းပဲ ပျက်ရမှာ။ အဲ့လိုမဟုတ်ပဲ ငါ့ကို ဆက်ပြီးနှောင့်ယှက်နေဦးမယ် ဆိုရင် တန်ဖိုးတစ်ခုခု ပေးချေရလိမ့်မယ် "

All Chapters