← Chapters

အပိုင်း ၁၀၁၃-၁၀၁၆

Vol. 51 Ch. 1013-1016

အပိုင်း ၁၀၁၃-၁၀၁၆

Vol. 51 Ch. 1013-1016

အပိုင်း ( ၁၀၁၃ )

သတိမပေးဘူးလို့တော့မပြောနဲ့။

လျုံထျန်းစစ်သည် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ လက်ကိုမြှောက်ကာ ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ကောင်လေး မင်းကသေခါနီးဖြစ်နေတာတောင်မှ ငါ့ရှေ့မှာ မိုက်ချင်ယောင်ဆောင်နေတုန်းလား "

" ငါမင်းကို နောက်မှ မငိုနိုင်အောင်ထိ လုပ်ပစ်မယ် "

ပတ်ဝန်းကျင်၌ ရှိနေသော လူများသည် ယဲ့ဖန်ကို စတင်ဖြောင်းဖြလာကြသည်။

" ကောင်လေး မင်းသူ့ကို တောင်းပန်လိုက်တာ ကောင်းမယ်ထင်တယ်။ မင်းကိုမင်း ပြဿနာအတက်မခံပါနဲ့ "

" ဟုတ်တယ်၊ ကာရန်းလမ်းက အစ်ကိုဟွားဆိုတဲ့လူက မလွယ်ဘူး။ သူ့ဆီမှာ လက်အောက်ငယ်သားတွေ ဒါဇင်နဲ့ချီပြီး ရှိတယ် "

" မင်း ဒီလိုလူကို မရင်ဆိုင်နိုင်ဘူး။ သူ့ကိုတောင်းပန်လိုက်ပြီး မြန်မြန်ထွက်သွားတာကောင်းမယ် "

" ဒီလိုအချိန်မှာ သူရဲကောင်းတစ်ယောက်လို ဆက်လုပ်မနေနဲ့တော့။ မင်းရဲ့အသက်က ပိုအရေးကြီးတယ် ...... "

လူတိုင်းသည် လျုံထျန်းစစ်ပြောသွားသော အစ်ကိုဟွားဆိုသည့် စကားကြောင့် ထိတ်လန့်နေသည်မှာ သိသာလှသည်။

ယဲ့ဖန်၏ စကားများကို နားထောင်ရသလောက် ထိုလူငယ်လေးသည် ကောင်းကင်နှင့် မြေပြင်၏ နက်နဲမှုကို မသိသည်မှာ သေချာလှသည်။

သူသည် သူတို့ကို အစောက ကူညီခဲ့ခြင်းသာမဟုတ်ပါက သူတို့သည် သူ့ကို သတိပေးရန် အာရုံစိုက်နေကြမည် မဟုတ်ပေ။

ချန်းဖေးအယ်တစ်ယောက်သာလျှင် ယဲ့ဖန်မှ စကားကို ဆင်ခြင်မဲ့စွာ ပြောဆိုလိုက်ခြင်း မဟုတ်ကြောင်းသိသည်။

ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ သူဌေးတစ်ယောက်အနေဖြင့် လက်ရှိယဲ့ဖန်သည်သာ လောင်းကစားမြို့ထဲတွင် စွမ်းအားအကြီးဆုံးလူဆိုသည်ကို ပြောနိုင်သည်။

ဟုန်းမိသားစုနှင့် ရှောင်မိသားစု၏ ခေါင်းဆောင်ပိုင်းများသည်ပင် သူ့အရှေ့တွင် ကြောက်ရွံ့နေကြရသည်။

လောင်းကစားမြို့ထဲတွင် သူသေစေချင်သောလူသည် လုံးဝ သေရမည်ဟု ပြောခဲ့လျှင်တောင်မှ ထိုအရာသည် ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။

လျုံထျန်းစစ်၏ အကောင်းဆုံးရွေးချယ်မှုသည် သူတို့ကို လွှတ်ပေးလိုက်ရုံသာဖြစ်သည်။

ထိုအခါမှ ဤကိစ္စကို ငြိမ်းချမ်းစွာ ပြီးဆုံးသွားစေနိုင်မှာ ဖြစ်သည်။

သို့သော် ထိုလူသည် ယဲ့ဖန်ပြောသလို မလုပ်ပဲ ယဲ့ဖန်ကိုသာ ဆက်၍ စော်ကားပြောဆိုနေသည်။

ယဲ့ဖန်သည် စကားပြောရမည်ကိုပင် ပျင်းရိနေကာ သူ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။

" ကောင်းပြီ။ ငါ ၁၀မိနစ်စောင့်နေမယ်။ ဒီလောက်ဆို လုံလောက်သင့်တယ် ဟုတ်တယ်မလား "

ထိုသို့ ပြောပြီးသည်နှင့် သူသည် ခုံတစ်ခုံကို ယူ၍ ချန်းဖေးအယ်ကို ထိုင်စေကာ အိတ်ထဲမှ ကြက်ဥကိတ်တစ်ခုကို ထုတ်ပြီး သူမကို ခွံ့ကျွေးလိုက်သည်။

ချန်းဖေးအယ်သည် ရှက်ရွံ့သွားသော်လည်း မုန့်ကို သေးသေးလေး ကိုက်ကာ စားလိုက်သည်။

ယဲ့ဖန်သည် စိတ်ထဲမထားပဲ ကျန်သည့်မုန့်ကို ဆက်ခွံ့နေသဖြင့် သူမ၏ မျက်နှာသည် နီရဲလာသည်။

ထိုကဲ့သို့ သူတို့နှစ်ယောက်သည် အနားတွင်ဘယ်သူမှ ရှိမနေသကဲ့သို့ ကျီစယ်နေသောကြောင့် လူတိုင်းသည် ကြောင်တောင်တောင် ဖြစ်လာကြသည်။

" ဒီလူငယ်လေးက ဘာလို့ ငါတို့အကြံပေးတာကို နားမထောင်တာလဲ။ ထန်းဟွားရုံနဲ့ သူ့လူတွေ ရောက်လာရင် သူတို့ ထွက်သွားချင်ရင်တောင် သွားလို့ရမှာ မဟုတ်ဘူး "

" အဲ့ဒီကောင်မလေးလည်း အတူတူပဲ။ သူ့ကောင်လေးက ဒေါသထွက်နေတာကို သူမက ဘာလို့ မဖြောင်းဖြရတာလဲ "

" လူငယ်တွေက အကောင်းအဆိုးကို မခွဲခြားတတ်ဘူးပဲ။ ဒါက သေရေးရှင်ရေးကိစ္စလေ။ ဒါတောင် သူတို့ကခုထိ အတည်မမှတ်သေးဘူး ထင်တယ် "

" ဘာပဲဖြစ်ဖြစ်၊ ငါတို့က သူတို့ကို သတိပေးပြီးသွားပြီ။ ငါတို့စကား နားမထောင်ရင် ဆိုးကျိုးပဲ ဖြစ်လာမှာ။ နောက်တော့ သူတို့ နောင်တရသွားလိမ့်မယ် "

" အဲ့အချိန်သာ ရောက်လာရင် နောင်တရဖို့အတွက် နောင်ကျသွားလိမ့်မယ် "

လျုံထျန်းစစ် တစ်ချိန်တည်း၌ ပျော်ရွှင်ကာ နာကျည်းနေသည်။

သူမုန်းသည်မှာ ယဲ့ဖန်နှင့် ချန်ဖေးအာတို့၏ ရင်းနှီးသော အပြုအမှုများကို မြင်နေရခြင်းဖြစ်ပြီး မနာလိုလွန်းလှသည့်အတွက် သူ့မျက်လုံးများပင် အစိမ်းရောင်သမ်းနေသည်။

ကောင်းသည့်အရာမှာ ထိုကောင်သည် အစ်ကိုဟွားလာမည်ကို သိသော်လည်း သေရန် စောင့်နေခြင်းကြောင့်ဖြစ်သည်။

အစ်ကိုဟွားနှင့် သူ့လူများ ရောက်လာပါက သူသည် ထိုကောင်ကို သူ့ကောင်မလေး အရှေ့မှာပင် အရှက်ခွဲရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ပြီးသည်နှင့် ထိုကောင်မလေးကို လုယူရန် အခွင့်အရေးရှာမည် ဖြစ်သည်။

သူသည် ဤသို့ လှပလွန်းသော မိန်းမမျိုးကို အရင်က မမြည်းစမ်းဖူးခဲ့ချေ။

ချန်းဖေးအယ်၏ မျက်နှာလှလှလေးကို ကြည့်ပြီး သူ စိတ်မရှည် ဖြစ်လာသည်။

တော်တော်ကြာတာပဲ။ အစ်ကိုဟွာနဲ့ သူ့လူတွေက ဘာလို့ မရောက်သေးတာလဲ။

မုန့်ဝယ်နေသော သူများသည် အလျင်စလို မသွားကြသေးပေ။

ထိုကိစ္စ၏ ရလဒ်၊ သို့မဟုတ် ထိုလူငယ်လေး မည်မျှအထိ ဆိုးဝါးစွာ အရိုက်ခံရမည်ကို သိချင်နေကြသည်။

မိနစ်အနည်းငယ်ကြာသောအခါ သူတို့ဆီသို့ Vanကားနှစ်စီး လျင်မြန်စွာ မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။

လျုံထျန်းစစ်၏ မျက်လုံးများ ပွင့်လာသည်။

" သူရောက်လာပြီပဲ "

Vanနှစ်စီးသည် လမ်းဘေးသို့ တစ်စီးပြီးတစ်စီး ကပ်ရပ်လိုက်သည်။

ထို့နောက် ကားတံခါးများပွင့်လာကာ တုတ်များ ကိုင်ထားသော လူများစွာ ကားပေါ်မှ ဆင်းလာကြသည်။

ထိုအချိန် လေထု၏ အငွေ့အသက်သည် ခြောက်ခြားစရာကောင်းနေသည်။

ပြပွဲကို ကြည့်ရန်ဂစောင့်နေသော လူများသည် သူတို့ပါ ရော၍ အရိုက်ခံရမည်ကို ကြောက်သောကြောင့် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။

လျုံထျန်းစစ်သည် ရွှေရောင်ဆံပင်နှင့်လူဆီသို့ အမြန်လျှောက်သွားသည်။

" ဝမ်းကွဲ၊ နောက်ဆုံးတော့မင်းရောက်လာပြီပေါ့။ မင်းသာ မလာရင်တော့ မင်းရဲ့ညီ ငါ သေအောင် အရိုက်ခံရမှာ "

သူ့ပါးစပ်ထောင့်မှ သွေးများကို တမင်မသုတ်ပဲ ထားထားကာ သူ့ပုံစံသည် အနည်းငယ် သနားစရာပုံပေါ်နေသည်။

သူ့ကို ထိုပုံစံဖြင့် မြင်ရသောအခါ ရွှေရောင်ဆံပင်နှင့်လူ၏ အမူအရာသည် မည်းမှောင်သွားသည်။

သူ၏ အမေသည် ပြည်မကြီးမှ ဖြစ်ပြီး ပြည်မကြီးတွင် မောင်တစ်ယောက်ရှိကာ ထိုလူသည် သူ့ဦးလေးဖြစ်သည်။

လျုံထျန်းစစ်သည် သူ့ဦးလေး၏သား သူ့တစ်ဝမ်းကွဲညီ ဖြစ်သည်။

လျုံထျန်းစစ်သည် လောင်းကစားမြို့သို့ လာပျော်ပါးချိန် သူ့ဦးလေးမှ သူ့ကို သူ့သားသည် ပြဿနာအတော်ရှာတတ်ကြောင်း သေချာဂရုစိုက်ရမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

အဆုံးတွင် သူ့ညီသည် သူ၏ ပိုင်နက်အတွင်းမှာပင် အရိုက်ခံရသည်။

ဤသည်ကို လက်စားမချေပါက သူ့ဦးလေးကို မျက်နှာပြရဲတော့မည် မဟုတ်ချေ။

" ထျန်းစစ်၊ စိတ်မပူနဲ။ ဝမ်းကွဲက မင်းအတွက် လက်တုံ့ပြန်ပေးမယ်။ သူ ဘယ်သူပဲဖြစ်ဖြစ် မင်းကိုထိလိုက်တာက ငါ့ပါးကို ဖြတ်ရိုက်လိုက်တာပဲ။ မင်းရဲ့ဝမ်းကွဲက မင်းရဲ့ဒေါသတွေကို ဘယ်လို ဖြေဖျောက်ပေးမလဲဆိုတာ ဘေးထွက်ပြီး အေးဆေးကြည့်နေလိုက် "

ရွှေရောင်ဆံပင်နှင့်လူသည် သူ့ရင်ဘတ်ကိုပုတ်ကာ လျုံထျန်းစစ်ကို ကတိပေးလိုက်သည်။

လျုံထျန်းစစ်သဘ် ခံစားသွားရကာ မျက်ရည်များ လျှံလာသည်။

" ဝမ်းကွဲ၊ မင်းကငါ့အပေါ် အကောင်းဆုံးဆိုတာ ငါ သိတယ်။ မင်း အဲ့ကောင်လေးကို သင်ခန်းစာ ပေးကိုပေးရမယ် "

" ငါမင်းရဲ့နာမည်ကို ပြောတာတောင် သူကအဖက်မလုပ်ဘူး။ ဒါက မင်းကို သူ့မျက်လုံးထဲ မထည့်တာပဲ "

ထန်းဟွားရုံသည် အဆိုပါစကားကို ကြားသည့်အခါ ခြောက်ခြားဖွယ်ကောင်းအောင် ပြုံးလိုက်သည်။

" ဒီနေ့တော့ သူ့ကို ငါ ဘာကောင်လဲဆိုတာ သိသွားအောင် လုပ်ပေးရတာပေါ့ "

" ပြော မင်းကိုရိုက်တာ ဘယ်တစ်ယောက်လဲ "

လျုံထျန်းစစ်သည် ချက်ချင်းပင် ခုံပေါ်တွင်ထိုင်လျက် ချန်းဖေးအယ်နှင့် စကားပြောနေသော ယဲ့ဖန်ကို လက်ညှိုး ထိုးပြလိုက်သည်။

အဆိုပါ လူနှစ်ယောက်သည် သူတို့ကို ကျောပေးထားပြီး ပတ်ဝန်းကျင်ကလည်း မှောင်လာပြီ ဖြစ်သောကြောင့် မျက်နှာများကို ရှင်းလင်းစွာ မမြင်ရပေ။

ထန်းဟွားရုံ လေကုန်ခံမနေပဲ ချက်ချင်းလမ်းလျှောက်သွားသည်။

သူ့လူများလည်း သူ့နောက်ကို လိုက်ဘာကြသည်။

အကွာအဝေးတစ်ခုထိ နောက်ဆုတ်သွားကြသောလူအုပ်သည် လမ်းလျှောက်နေသောလူစုကို ကြည့်ပြီး အထိတ်တလန့် ဖြစ်နေကြသည်။

ထိုလူများ၏ မျက်နှာထားကို ကြည့်သည့်အခါ ယနေ့ကိစ္စသည် ကောင်းမွန်စွာ ဖြေရှင်းလို့ ရမည့်ပုံ မပေါ်ချေ။

ဟိုကောင်လေးတော့ သေတော့မှာပဲ။

သူတို့သည် ယဲ့ဖန်ကို သနားကြည့်ကြည့်ကာ ခံပြင်းနေကြသည်။

သူတို့သည် အကြိမ်များစွာ သတိပေးခဲ့သော်လည်း ထိုကောင်လေးသည် သူတို့၏ စကားကို နားမထောင်ခဲ့ချေ။

အခုအခါ ထန်းဟွားရုံ ရောက်လာပြီ ဖြစ်သောကြောင့် သူ ထွက်သွားချင်လျှင်ပငိ သွားလို့ ရတော့မည် ေမဟုတ်ပေ။

" ကောင်စုတ်လေး မင်းက အရမ်းမောက်မာ ... မာ ... "

ထိုလူသည် ပြောနေရင်း လမ်းတစ်ဝက်တွင်ရပ်သွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။

အမလေး၊ ဘုရားသခင်။ သရဲဟ

အပိုင်း ( ၁၀၁၄ )

လူကြီးမင်းကို တွေ့တော့ အဖေရင်းလို ခံစားလိုက်ရပါတယ်

ထန်းဟွားရုံသည် အရင်ရက်များ၌ အိမ်မက်ဆိုးများ မက်နေခဲ့သည်။

အိမ်မက်ထဲတွင် မြောက်များစွာသော ဖန်ကွဲစများသည် သူ့ဆီသို့ ပျံသန်းလာနေသည်။

သူ ရှောင်ချင်သော်လည်း ရှောင်မရခဲ့ချေ။

ထိုအိမ်မက်သည် အရင်ရက်မှ အဖြစ်အပျက်တစ်ခုမှ စမက်ခဲ့ခြင်း ဖြစ်သည်။

ထိုရက်က သူနှင့် သူ့လူနှစ်ယောက်သည် ပြည်မကြီးမှလာသော ခရီးသွားများအား ရှေးဟောင်းအိတ်ထဲမှ ကျောက်စိမ်း တစ်အိတ်ကို လိမ်ရောင်းခဲ့ကြသည်။

သူတို့သည် ဤကဲ့သို့ အကြိမ်ပေါင်းများစွာ လုပ်ဖူးကာ ရင်းနှီးနေပြီးသား ဖြစ်သည်။

ပြည်မကြီးမှ ခရီးသွားများသည် ဤနေရာနှင့် မရင်းနှီးသောကြောင့် အချိန်တိုင်း အလိမ်ခံရသည်။

သူတို့သည် ထိုစီးပွားရေးမှ ငွေအတော်အများ ရကြပြီး ညီအစ်ကိုတစ်စုကို တွဲခေါ်နိုင်ခဲ့သည်။

ထို့ကြောင့် သူတို့သည် အနီးအနားရှိလမ်းများမှ နာမည်ကြီးများ ဖြစ်သည်။

သို့သော် ထို့နေတွင် သူတို့သုံးယောက်ကို သွားကျွတ်အောင်အထိ ရိုက်နှက်သော ကြမ်းတမ်းသည့် လူတစ်ယောက်နှင့် ဆုံခဲ့သည်။

ထို့နောက် သူတို့သည် ဒါဇင်နဲ့ချီသော သူတို့၏ ညီအစ်ကိုများကို ခေါ်လိုက်သည်။

လူအများနှင့် တစ်ယောက်ဖြစ်၍ သူတို့သာ နိုင်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် သူတို့၏ ဘဝတစ်လျှောက်လုံးတွင် တစ်သက်တာ မမေ့နိုင်မည့် မြင်ကွင်းကိုသာ ကြုံတွေ့လိုက်ရသည်။

ဖန်ကွဲစများသည် မိုးရွာချသကဲ့သို့ ကောင်းကင်တွင် ပြည့်နှက်သွားသည်။

သို့သော် ထိုမိုးစက်များသည် သူတို့ကို သတ်ရန် ချီတက်လာကြသည်။

ဒါဇင်နှင့်ချီသော သူတို့လူများသည် ဒဏ်ရာရကုန်ကြသည်။

သူတို့သည် ထိုသတ်ဖြတ်ခြင်းဘုရင်နှင့်ရင်ဆိုင်ရမည်ကို ကြောက်သောကြောင့် ဤရက်ပိုင်းတွင် အိမ်အပြင်ပင် မထွက်ခဲ့ချေ။

ယနေ့ပင် သူ၏ဝမ်းကွဲ ရိုက်နှက်မခံရပါက သူသည် အပြင်ထွက်မည် မဟုတ်ချေ။

သူ့ညီအား ရိုက်နှက်သူသည် ကောင်းကင်နှင့် မြေပြင်၏ နက်နဲမှုကို မသိသော ကောင်စုတ်လေးတစ်ယောက်ဟုသာ မူလက တွေးမိခဲ့သည်။

သူ့ဝမ်းကွဲအား ဂရုစိုက်ပြကာ ဒေါသကို ကူညီဖြေဖျောက်ပေးချင်ရုံ ဖြစ်သည်။

သို့သော် တစ်ဖက်မှလူသည် နောက်လှည့်လာကာ သူ့ကို အေးဆေးစွာ ကြည့်နေသည်။

လေအေးများသည် သူ၏ ခြေချောင်းများမှ သူ့ဦးခေါင်းနောက်သို့ ပြေးတက်လာသကဲ့သို့ ခံစားလိုက်ရကာ ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။

သူ့ရှေ့မှ အမျိုးသားသည် အလွန်ကြည့်ကောင်းကာ သူ့မျက်နှာသည် ကလေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစင်နေသည်။

သူ့ပုံစံသည် ပုံမှန် တက္ကသိုလ်ကျောင်းသားတစ်ယောက်နှင့် တူနေသည်။

သို့သော် ထိုနူးညံ့သောသူသည် သူ့အိမ်မက်ဆိုးထဲမှ အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် ပေါ်လာသည့်လူဖြစ်သည်။

" အာ .... အာ ..... "

သူသည် တိတ်ဆိတ်သွားလျက် ယဲ့ဖန်ကို လက်ညှိုးထိုးနေကာ စကားမပြောနိုင်ဘဲ ဖြစ်နေသည်။

လူတိုင်းမှ ထန်းဟွားရုံသည် သူ့လူများကို စကားတစ်ခွန်းမှမပြောပဲ တိုက်ခိုက်ခိုင်းမည်ဟု ထင်ခဲ့ကြသည်။

သို့သော် လက်ရှိအချိန်တွင် ထိုလူသည် သရဲပူးကပ်ခံလိုက်ရသလို ဖြစ်နေကာ သူ၏ မျက်နှာသည် အလွန်အမင်း ကြောက်လန့်နေသာ အမူအရာဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ရီနေသည်။

ဘာဖြစ်နေတာလဲ။

လူတိုင်းသည် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

ဟိုလူငယ်လေးက အောက်လမ်းတွေဘာတွေများ တတ်နေတာလား။

သူ့ကို ကြည့်လိုက်ရုံနဲ့တင် ဟိုလူက သရဲပူးခံလိုက်ရတာလား။

ဒါကြီးက မထူးဆန်းလွန်းဘူးလား။

" ဝမ်းကွဲ မင်းအဆင်ပြေရဲ့လား "

လျုံထျန်းစစ်သည် ထန်းဟွားရုံကို တအံ့တဩကြည့်နေသည်။

အကြိမ်ပေါင်းများစွာ ခေါ်လိုက်သော်လည်း သူ့ဝမ်းကွဲသည် သူ့ကို ပြန်မထူးခဲ့ချေ။

ထို့ကြောင့် သူ့ပုခုံးကိုသာ ပုတ်လိုက်တော့သည်။

" ဝမ်းကွဲ မင်း ....... "

သူ့စကားကို ပြီးအောင် မပြောရသေးခင်မှာပင် သူ့ဝမ်းကွဲသည် ရုတ်တရက် ကြောက်လန့်သွားပြီး ဘောင်းဘီများ စိုစွတ်သွားတော့သည်။

သေးလား။

သူ့ဘောင်းဘီထဲ သေးပေါက်ချလိုက်တာလား။

လျုံထျန်းစစ် မှင်သက်သွားသည်။

သူ ငယ်စဉ်ကတည်းက သူ့ဝမ်းကွဲအစ်ကိုသည် လူမိုက်လူကြမ်းတစ်ယောက်ဖြစ်သည်။

သူ လူပျိုဖော်ဝင်လာသောအခါ သူသည် ဓားတစ်လက်ကိုင်ကာ လမ်းပေါ်တွင်ပင် လူများကို ခုတ်ထစ်ရဲနေပြီ ဖြစ်သည်။

သူသည် ဝမ်းကွဲအစ်ကိုအား တစ်ခါသာ ထိရသေးသော်လည်း သူသည် သေးထွက်ကျနေပြီဖြစ်သည်။

တကယ်ကြီးလား။

ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူများ၏ အမူအရာသည်လည်း ပို၍ စိတ်ဝင်စားနေပုံပေါ်လာကြသည်။

" ငါ ဘာတွေ မြင်လိုက်ရတာတုန်း။ ထန်းဟွားရုံက အရမ်းကြောက်လွန်းလို့ သေးထွက်ကျသွားတာလား။ ဒါ ..... ဒါ ..... "

" ကာရန်းလမ်းမှာ အစ်ကိုဟွား မမြင်ဖူးတဲ့အရာမျိုးရှိလို့လား။ သူတကယ် သေးထွက်ကျသွားတာလား "

" ဘုရားရေ။ ငါတို့ ဘာကို မြင်နေရတာလဲ။ ငါတို့တိတ်တိတ်နေသင့်လား "

" အမလေး၊ ဒီလူငယ်လေးက အဲ့လောက်တောင် ကြောက်ဖို့ ကောင်းတာလား။ လူတစ်ယောက်က သေးထွက်ကျရတဲ့အထိလေ "

လူတိုင်းသည် တိုးတိတ်စွာသာ ပြောနေကြပြီး ရယ်ချင်နေကြသော်လည်း တစ်ယောက်မှ မရယ်ရဲကြပေ။

ထို့ကြောင့် စိတ်ထဲကြိတ်ကာ အောင့်ထားရသောကြောင့် အားမရဖြစ်နေကြသည်။

သို့သော် ထပ်၍ မြင်လိုက်ရသော မြင်ကွင်းကြောင့် မရယ်နိုင်တော့ပေ။

ထန်းဟွားရုံသည် သူ့ခြေထောက်များကို ကွေးကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။

" ကျွန်တော့်ကို သနားညှာတာပေးပါ "

လျုံထျန်းစစ်အပါအဝင် လူတိုင်းသည်ကြောင်အသွားကြသည်။

" အာ … ဒါက ... အစ်ကိုဟွားက လူတစ်ယောက်ကို ဒူးထောက်တောင်းပန်နေတာလား။ ဘာတွေ ဖြစ်နေတာလဲ ငါ့ကိုတစ်ယောက်ယောက်က ပြောပြပေးကြပါဦး "

" သူရဲကောင်းလား။ ဒီလူငယ်လေးက တီဗီ ဇာတ်လမ်းတွေက သိုင်းကားတွေထဲကလိုလေ "

" သူက ဟုန်းနဲ့ ရှောင်မိသားစု တစ်ခုခုထဲကလား။ အဲ့လိုမှမဟုတ်ရင် အစ်ကိုဟွားက ဘာလို့ အခုလို ဖြစ်နေမှာလဲ "

လူတိုင်းသည် ယဲ့ဖန်ကို တအံ့တဩ ကြည့်နေကြသည်။

ထို့နောက် သူ၏ သရုပ်မှန်ကို ခန့်မှန်းနေကြသည်။

အစကနေအဆုံးထိ ယဲ့ဖန်သည် စကားတစ်ခွန်းမှ မပြောခဲ့ချေ။

သို့သော် ထန်းဟွားရုံသည် အလွန်ထိတ်လန့်ခြင်း၊ သေးထွက်ကျခြင်း၊ ဒူးထောက်ခြင်းတို့ကို ပြုလုပ်နေပြီးသား ဖြစ်သည်။

ထိုသည်ကို ကြည့်ရုံဖြင့် ယဲ့ဖန်သည် သူ့ကို မည်မျှ နက်ရှိုင်းစွာ စိတ်ဒုက္ခပေးထားသည်လဲဆိုတာ မြင်ယောင် ကြည့်လို့ရသည်။

" ဒီလောင်းကစားမြို့က တော်တော်ကျဥ်းတာပဲ။ ခင်ဗျားနဲ့ နောက်တစ်ခါ ထပ်တွေ့ရမယ်လို့ မထင်ထားဘူး "

ယဲ့ဖန်သည် ထန်းဟွားရုံကို စမြင်သောအခါ သူလည်း အံ့ဩသွားပြီး မကြာခင်မှာပင် ထူးဆန်းသောအပြုံး ဖြစ်ပေါ်လာသည်။

ချန်းဖေးအယ်သည်လည်း ပါးစပ်ကို အုပ်၍ ရယ်လိုက်သည်။

ဒီလူရဲ့ကံက တော်တော်ဆိုးတာပဲ။

လွန်ခဲ့တဲ့နှစ်ရက်မှ ယဲ့ဖန်သည် သူ့ကိုသင်ခန်းစာပေးထားခြင်း ဖြစ်သည်။

သူမသည် ထိုလူနှင့် ဒီနေ့ ထပ်တွေ့ရရန် မျှော်လင့်မထားပေ။

ထန်းဟွားရုံသည် ယဲ့ဖန်၏ စကားကိုကြားလိုက်သာအခါ ငိုနေတုန်းကထက် ပိုဆိုးသည့်အပြုံးတစ်ခု ဆင်မြန်းလိုက်သည်။

" ကျွန်တော်လည်း လူကြီးမင်းကို ထပ်တွေ့ရမယ်လို့ မထင်ထားပါဘူး။ မဟုတ်ရင် ကျွန်တော် မလာပဲနေမှာပေါ့ "

ယဲ့ဖန်သည် သူ့နှာခေါင်းကို အပြစ်ကင်းစင်စွာ ပွတ်သပ်လိုက်သည်။

" ခင်ဗျားက ငါ့ကို ဒီလောက်တောင် မုန်းနေတာလား။ ငါ့ကိုမြင်တောင်မမြင်ချင်တော့ဘူးလား "

ထန်းဟွားရုံသည် သူ့စကားကြောင့်မျက်ရည်ကျလုမတတ် ဖြစ်သွားသည်။

" မနောက်ပါနဲ့ဗျာ။ ကျွန်တော် ခင်ဗျားကို မမုန်းပါဘူး။ ကြောက်ပဲ ကြောက်တာပါ "

ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုပီပြင်လာသည်။

" ကြောက်နေတာ ဟုတ်လား။ ငါမင်းကို ကိုက်မစားပါဘူး "

ထန်းဟွားရုံသည် စိတ်ထဲ ရေရွတ်လိုက်သည်။

' မင်းငါ့ကို စားချင်နေရင်လည်း တစ်ကိုက်တည်းသာ ကိုက်လိုက်။ ဒါမှ ငါမခံစားရမှာ '

သို့သော်လည်း သူ့ပါးစပ်တွင် ပျားရည်များသုတ်လိမ်းထားသလို အပြုံးဖြင့် ဆက်ပြောသည်။

" သေ ... သေချာတာပေါ့။ လူကြီးမင်းကကြောက်ဖို့မကောင်းပါဘူး။ လူကြီးမင်းကဖော်ရွေပြီး သဘောကောင်းတဲ့လူပါ။ လူကြီးမင်းကို စတွေ့တုန်းကဆို ကျွန်တော့်အဖေကို တွေ့လိုက်ရသလို ခံစားရပါတယ် "

ယဲ့ဖန်၏ မျက်နှာသည် နှစ်ချက်လောက်တွန့်သွားသည်။

သူ ငါ့ကို ဖားချင်နေရင်လည်း ဖားလေ။

ဘာလို့ အဖေဆိုပြီး အသိအမှတ်ပြုလိုက်တာတုန်းဟ။

ချန်းဖေးအယ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဒီလူကတော်တော် ဉာဏ်ပြေးတာပဲ။

တခြားသူများမှာတော့ မရယ်နိုင်ကြတော့ပေ။

သူတို့သည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

ထန်းဟွားရုံသည် အတော်ဆိုးသော ရာဇဝင်ဖြင့် ကျော်ကြားသူဖြစ်ပြီး ထောင်ထဲသို့ သူ့အိမ်သူ့ရာလို ပုံမှန်ဝင်ထွက်နေသူ ဖြစ်သည်။

သူ့ကို တွေ့သည့်လူတိုင်းသည် ဦးညွှတ်အရိုအသေပြုရသည်။

သူသည် တစ်ဖက်လူကို ဒူးထောက်ပြီး ကပ်ဖားရပ်ဖားလုပ်နေခြင်းမျိုး တစ်ခါမှ မကြားဖူးကြချေ။

သို့သော် ယခုတွင် သူ၏ ရွံ့စရာကောင်းသော မြှောက်ပင့်စကားများကို ကြားနေရသည်။

ဒါက သူတို့ မှတ်မိနေတဲ့ လူမိုက်မှ ဟုတ်ရဲ့လား။

ဟဲ့ လူမိုက်၊ မင်း ဘာလို့ မတ်တပ်တောင် မရပ်ရဲတာလဲ။

လျုံထျန်းစစ်သည် ပို၍ပင် ထိတ်လန့်တုန်လှုပ်နေသည်။

သူ၏ဝမ်းကွဲသည် လူငယ်တစ်ယောက်ကို ဒူးထောက်ပြီး ကပ်ဖားနေရသည်။

ဒါကြီးက ရှက်ဖို့မကောင်းလွန်းဘူးလား။

ဒီလူငယ်က ဘယ်သူတုန်း။

ငါ မတော်တဆ သံပြားကို ကန်မိသွားတာဖြစ်နိုင်မလား။

ယဲ့ဖန်သည် ထန်းဟွားရုံကို ခဏငေးကြည့်ပြီးနောက် သူ့မျက်နှာပေါ်ရှိ အပြုံးနေရာတွင် အရိုးပင် အေးစိမ့်သွားစေနိုင်သောမျက်နှာထားပေါ်လာသည်။

" ခင်ဗျားဝမ်းကွဲအတွက် လက်စားလာချေတာ မဟုတ်ဘူးလား။ ဘာတွေစောင့်နေတာလဲ။ ချတော့လေ "

ထန်းဟွားရုံသည် ထပ်မံ၍ တုန်လှုပ်သွားကာ လက်ကို အလျင်အမြန်ခါလိုက်သည်။

" ကျွန်တော့်ဝမ်းကွဲက ခုမှ ပြည်မကြီးကရောက်လာတာပါ။ သူက ကမ္ဘာကြီးအကြောင်း သိပ်မသိဘူး။ သူ့လိုလူအတွက်နဲ့ လူကြီးမင်းအဆင့်ကို မနှိမ့်ချလိုက်ပါနဲ့ဗျာ "

ယဲ့ဖန် နှာမှုတ်လိုက်သည်။

" ငါလည်း ပြည်မကြီးကပဲလေ။ မင်းပြောသလိုဆို ငါကလည်း ကမ္ဘာကြီးကို မမြင်ဖူးတဲ့လူလား "

ထန်းဟွားရုံသည် သေချင်စိတ်ပင် ပေါ်သွားသည်။

ငါ ဘယ်လိုလုပ် ဒီသူရဲကောင်းလေးက ပြည်မကြီးကဆိုတာ မေ့သွားရတာလဲ။

" ဘယ်လိုလုပ် သူက လူကြီးမင်းနဲ့ ယှဉ်နိုင်မှာပါလဲ။ လူကြီးမင်းက ကမ္ဘာကြီးအကြောင်း အများကြီးသိတာပါ။ သူ့လိုလူကို ထည့်တွက်မနေပါနဲ့။ သူ့ကို လူကြီးမင်းပေါက်ထုတ်လိုက်တဲ့ အီးလို့သာ သဘောထားလိုက်ပါ ...... "

လျုံထျန်းစစ်သည် သူ့ဝမ်းကွဲမှ သူ့ကို အီးဟုပြောလိုက်သောကြောင့် မကျေမနပ် ဖြစ်သွားသည်။

နတ်မိမယ်လေးမင်းကျယ်နှင့် အလွန်လှသော ထိုမိန်းကလေးတို့၏ အရှေ့တွင် သူ့ကို မျက်နှာပျက်ရအောင် လုပ်နေခြင်း ဖြစ်သည်။

" ဝမ်းကွဲ၊ ငါ ...... "

" ပါးစပ်ပိတ်ထားစမ်း။ မင်းပါးစပ်က နောက်တစ်ခွန်း ထွက်လာခဲ့ရင် မင်းရဲ့အရှုပ်ထုပ်တွေ မရှင်းပေးတော့ဘူး "

ထန်းဟွားရုံသည် ယဲ့ဖန်နှင့်ရင်ဆိုင်ရသောအခါ အရှုံးပေးထားသော်လည်း သူ့ဝမ်းကွဲနှင့်ဆိုရင်တော့ ထထိုးချင်နေသည်။

အပိုင်း ( ၁၀၁၅ )

သူ့ရဲ့လက်ချောင်းနှစ်ချောင်းလောက် ဖြတ်လိုက်တာ မလွန်ဘူးမလား

လျုံထျန်းစစ်သည် မပျော်မရွှင် ဖြစ်သွားသော်လည်း ပါးစပ်ပိတ်လိုက်ရသည်။

ထန်းဟွားရုံသည် ယဲ့ဖန်ကို ဆက်၍ ကြည့်နေကာ သူ၏ မျက်နှာကို သနားစရာကောင်းသည့် ရုပ်ဖြစ်အောင် ပြန်ပြင်လိုက်သည်။

" သူရဲကောင်းလေး၊ ကျွန်တော်က ကျွန်တော့်ဝမ်းကွဲကိုယ်စား တောင်းပန်ပါတယ်။ တစ်ခါလောက် သဘောထားကြီးပြီး ခွင့်လွှတ်ပေးလိုက်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကပဲ သူ့ကိုယ်စား ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်သည် သူ၏ ဖိနပ်ထိပ်ဖျားသို့ ငုံ့ကြည့်ကာ ဘာမှ မပြောတော့ချေ။

ထန်းဟွားရုံသည် နားလည်မှုလွဲကာ သူ၏ အစေခံတစ်ယောက်လို သူ့ဖိနပ်ကို သုတ်ပေးလိုက်သည်။

" ကျွန်တော့်ကို တစ်ခါလောက်မျက်နှာသာပေးပါ။ နောက်ဆို လူကြီးမင်းရဲ့ အမိန့်မှန်သမျှ နားထောင်ပါ့မယ်။ လူကြီးမင်း စာတစ်ချက်ပို့လိုက်ရုံနဲ့ ကျွန်တော် အားလုံးကို လုပ်ပေးပါ့မယ် "

သူ၏ အမြင်တွင် ယဲ့ဖန်သည် သန်မာသော်လည်း လောင်းကစားနယ်မြေနှင့် ဤနယ်မြေမှ လူများဖြင့် မရင်းနှီးနိုင်ဘူးဟု ထင်သည်။

ထို့ကြောင့် လုပ်ရန် အဆင်မပြေသည့် ကိစ္စ တစ်ခုခု ပေါ်လာပါက ဖြေရှင်းရန် ဒေသခံလူ၏ အကူအညီကို လုံးဝ လိုအပ်သည်။

အကယ်၍ ယဲ့ဖန်သည် လောင်းကစားမြို့ထဲရှိ ဟုန်းမိသားစု၊ ရှောင်မိသားစုတို့နှင့် တစ်တန်းတည်းဆိုသည်ကို သူသိသွားပါက ဘယ်လိုဖြစ်သွားမည်ကို မသိချေ။

ယဲ့ဖန်သည် မျက်လွှာမချပဲ သူ့ကို စိုက်ကြည့်သည်။

" အစ်ကိုဟွားက မြေအောက်လောကက လူဆိုတော့ မြေအောက်လောကရဲ့ စည်းမျဥ်းတွေကို သိတယ်မလား "

" ခင်ဗျားရဲ့ဝမ်းကွဲက ငါ့ကို ခဏခဏစော်ကားပြီး ငါ့ရဲ့အချိန်အများကြီးကို ဖြုန်းခဲ့တယ်။ စကားလုံး နည်းနည်းလေးကြောင့်နဲ့ လွှတ်ပေးလိုက်ရတာက မလွယ်လွန်းဘူးလား "

ထန်းဟွားရုံသည် သူ့မျက်နှာကြောင့် အခြေအနေမရှောင်နိုင်ဘူးဆိုသည်ကို သိသည်။

ထို့ကြောင့် သူ၏ စကားတစ်ခွန်းလောက်ဖြင့် မပြီးဘူးဆိုသည်ကို သိကာ မေးလိုက်သည်။

" လူကြီးမင်းက ဘယ်လိုရှင်းချင်တာလဲ "

ယဲ့ဖန်သည် လျုံထျန်းစစ်ကို ငဲ့ကြည့်လိုက်သည်။

သူ့မျက်နှာတွင် မခံမရပ်နိုင်ဖြစ်နေပုံပေါ်နေပြီး စိတ်အဆင်မပြေဖြစ်နေပုံရသည်။

" သူ့လက်ချောင်းနှစ်ချောင်းလောက် ဖြတ်လိုက်ရင် မလွန်ဘူးလေ ဟုတ်တယ်မလား "

" ဟာ ...... "

ထိုစကားကို ကြားသောလူတိုင်းသည် အာစေးမိသွားသည်။

ထိုလူငယ်လေးသည် အတော်ကြမ်းတမ်းလှသည်။

လူတစ်ယောက်၏ လက်ချောင်းများကို ဖြတ်ချင်နေပြီး မလွန်ဘူးဟု ပြောနေသည်။

ဒါကို အလွန်အကျွံလို့ မယူဆရင် ဘယ်ဟာက လွန်တာလဲ။

သူ့ရဲ့ခေါင်းကို ဖြတ်ပစ်တာကလား။

ထန်းဟွားရုံသည် ခေါင်းငုံ့လိုက်သည်။

ယဲ့ဖန်၏ ပြောစကား မှန်သည်ဆိုတာကို သူသိနေသည်။

စည်းမျဥ်းများအရ သူ့ဝမ်းကွဲသည် တစ်ဖက်လူကို စော်ကားလိုက်သောကြောင့် လက်ချောင်းနှစ်ချောင်း ဖြတ်ခြင်းသည် အတော်လေး လျှော့ပေါ့ထားသော ပြစ်ဒဏ်ဖြစ်သည်။

သို့သော် လျုံထျန်းစစ်သည် သူ့ဦးလေး၏ တစ်ဦးတည်းသောသား ဖြစ်သည့်အတွက် လောင်းကစားမြို့ကို ရောက်ပြီး နှစ်ရက်အကြာတွင် လက်ချောင်းနှစ်ချောင်း ဆုံးရှုံးလိုက်ရပါက သူ့ဦးလေးကို ဘယ်လို ပြန်ရှင်းပြရမည်ကို မသိချေ။

အကျိုးအပြစ်များကို တွက်ချက်ပြီးသည့်နောက် သူသည် အံကြိတ်လိုက်သည်။

" ကျွန်တော့်ဝမ်းကွဲက ပြဿနာရှာခဲ့တာပါ။ ကျွန်တော်က သူ့ဝမ်းကွဲဖြစ်တာကြောင့် တာဝန်ယူပါတယ်။ အပြစ်ဒဏ်ကို သူ့အစား ကျွန်တော်က ခံပါ့မယ် .... "

လျုံထျန်းစစ်သည် သူ့စကားကို ကြားသောအခါ ထိတ်လန့်သွားသည်။

" ဝမ်းကွဲ၊ ဘာလို့ ငါတို့က လက်ချောင်းတွေဖြတ်ပေးဖို့ လိုတာလဲ "

" ငါတို့မှာ လူတွေအများကြီး ရှိတာပဲ။ ဘာလို့သူ့ကို ကြောက်နေရမှာလဲ။ အတူတူတိုက်ပြီး ဒီကောင်လေးကိုသတ် ...... "

သူ့စကား မဆုံးခင်မှာပင် ထန်းဟွားရုံသည် သူ့ပါးကို ရိုက်ချလိုက်သည်။

" ဖြောင်း "

ပါးရိုက်သံသည် အလွန်ကျယ်လောင်သွားကာ လူတိုင်းသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြသည်။

ထန်းဟွားရုံသည် အလျင်စလို ပြန်လှည့်ကြည့်ကာ ယဲ့ဖန်ကို တောင်းပန်လိုက်သည်။

" ဝမ်းကွဲက ဦးနှောက်သိပ်မကောင်းလို့ သူ့ကို ထည့်တွက်မနေပါနဲ့။ ကျွန်တော့်လက်ချောင်းတွေကို အခုပဲ ဖြတ်ပေးပါ့မယ် "

ပြီးသည်နှင့် ဓားမြှောင်ကို ထုတ်ကာ သူ့ဘယ်လက်ညှိုးနှင့် လက်ခလယ်ကို ဖြည်းညှင်းစွာဆန့်ထုတ်လိုက်သည်။

လက်ချောင်း၁၀ချောင်းသည် နှလုံးသားနှင့်ဆက်သွယ်ထားသည်။

အကယ်၍ သူ၏ လက်နှစ်ချောင်းကိုသာဖြတ်လိုက်ပါက သူ့အတွက် အတော်လေး ခက်ခဲပေမည်။

သို့သော် သူသည် လက်ချောင်းများကို မဖြတ်ပါက ယနေ့ကိစ္စကို ရှင်းရန် ခက်ခဲသွားမည်ဆိုသည်ကို သူသိနေသည်။

သူသည် ခဏလောက် တွန့်ဆုတ်နေပြီး အံကြိတ်လိုက်ကာ လှုပ်ရှားရန် ပြင်လိုက်သည်။

" ကောင်းပြီ "

ထိုအချိန်၌ ယဲ့ဖန်သည် ရုတ်တရက်စကားပြောလိုက်သည်။

" ငါထွေရောလေးပါး လျှောက်ပြောနေတာပါ "

" မင်းရဲ့ဝမ်းကွဲကို မင်းက အရမ်းကာကွယ်ချင်နေတာကို မြင်ရတဲ့အတွက် ဒီနေ့တော့ သူ့ကို လျှော်ပေးလိုက်မယ် "

ထန်းဟွားရုံ၏ အာရုံကြောများသည် ပြေလျော့သွားကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။

" ကျေးဇူးတင်ပါတယ်၊ သူရဲကောင်းလေးကို ကျေးဇူးတင်ပါတယ် "

စကားပြောရင်း သူ့ဝမ်းကွဲ၏ အင်္ကျီကို ဆွဲကာ ပြောသည်။

" မင်းကိုမသတ်တဲ့အတွက် သူရဲကောင်းလေးကို မြန်မြန် ကျေးဇူးတင်လိုက်လေ "

သူ့နှလုံးသားထဲတွင် လက်မခံနိုင်သော်လည်း သူ့ဝမ်းကွဲမှ သူ့အတွက် ဒူးထောက်တောင်းပန်နေသည်ကို မြင်ပြီး ဆန္ဒမရှိသော်လည်း ယဲ့ဖန်ကို ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် "

စကားပြောနေရင်း သူ့ဘေးနားရှိ ချန်းဖေးအယ်ကို ငေးကြည့်နေသည်။

သူ၏ အကြည့်ကြောင့် ချန်းဖေးအယ်သည် စိတ်အနှောင့်အယှက်ဖြစ်သွားကာ သူ့ကို စူးရဲစွာ စိုက်ကြည့်သည်။

သို့သော် သူမ၏ အပြုအမူကြောင့် လျုံထျန်းစစ်သည် ပိုမို စိတ်လှုပ်ရှားလာသည်။

သူမ၏ အကြည့်စူးစူးကပင် အလွန်လှပနေသည်။

ဤသည်ကား လုံးဝ အဓိပ္ပါယ်မရှိချေ။

ထန်းဟွားရုံသည် သူ့ဝမ်းကွဲမှ သူရဲကောင်းလေး၏မိန်းကလေးကို ငေးကြည့်နေသည်ကိုမြင်သောအခါ ထိုနေ့က သူမပြသခဲ့သော အင်အားကို မှတ်မိသွားသည်။

သူမသည် အတော်လှပသော မြွေတစ်ကောင်ဖြစ်သည်။

ကြောက်ရွံမှုဖြင့် သူ့ဝမ်းကွဲကို ဖြတ်ကန်လိုက်ကာ အမူအရာကို ထိန်းခိုင်းလိုက်သည်။

လျုံထျန်းစစ်သည် ပျော်ရွှင်မနေပေ။

သူ့ဝမ်းကွဲက ဘာကြောင့် ယဲ့ဖန်အား ကြောက်နေသည်ဆိုတာကို နားမလည်ချေ။

သူ မည်မျှပင် စွမ်းအားရှိစေ သူသည်တစ်ယောက်တည်းသာဖြစ်သည်။

သူတို့မှာ လူအများကြီးရှိနေတာပဲ။

ဘာတွေကြောက်နေကြတာလဲ။

သူ့ဝမ်းကွဲမှ ယဲ့ဖန်ကို လေးစားလေလေ၊ သူ မနာလိုလေလေ ဖြစ်သည်။

ဒါက သူ့ကိုမောက်မာဖို့ အခွင့်အရေးပေးနေတာ မဟုတ်ဘူးလား။

မျှော်လင့်ထားသလိုပင် နတ်မိမယ်လေးမင်းကျယ်ကို လှမ်းကြည့်လိုက်သောအခါ သူမသည်လည်း ယဲ့ဖန်ကို ငေးကြည့်နေပြီး သူမ၏ မျက်လုံးများတွင် စွဲလမ်းမှုများ ပြည့်နှက်နေသည်။

ယဲ့ဖန်သာ ခေါင်းညိတ်လိုက်ပါက သူမသည်သူ့အိပ်ရာပေါ်သို့ တွန့်ဆုတ်မနေပဲ တက်သွားမည်ဆိုတာ သံသယဖြစ်စရာမလိုပေ။

" ခွေးမ "

" မင်းကို ငါ ချဥ်းကပ်နေတာကြာပြီ။ ဒါတောင် မင်းရဲ့လက်ကို မကိုင်ဖူးသေးဘူး။ အခုမင်းက ဒီကောင်နဲ့ ပရောပရည် လုပ်နေတာလား "

သူသည် မနာလိုမှုကြောင့် ရူးသွပ်သွားတော့မလို ဖြစ်နေသည်။

သူမသည် သူ့ကို တစ်ခါမှအဲ့လိုမကြည့်ဖူးချေ။

ယခုအခါ တစ်ခါမှ စကားမပြောဖူးသည့်အပြင် တွေ့သည်မှာ မိနစ်၂၀လောက်သာ ရှိသေးသော ယောက်ကျာ်းတစ်ယောက်ကို စွဲလမ်းပြနေသည်။

" မဖြစ်ဘူး၊ ဒီနေ့ ဒီကောင်လေးကိုသင်ခန်းစာပေးမှဖြစ်မယ် "

သူ့ဝမ်းကွဲသည် သုံးစားမရသောကြောင့် သူ့ဒေါသကို ကူညီဖြေဖျောက်ပေးမဲ့တစ်စုံတစ်ယောက်ကို လိုက်ရှာတော့သည်။

အပိုင်း ( ၁၀၁၆ )

ဒီနေ့ခေတ်မှာ ငွေနဲ့ ဖြေရှင်းလို့မရတဲ့ ကိစ္စဆိုတာ မရှိဘူး။

" ငါ ခင်ဗျားတို့ကို ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ လာထပ်ရှုပ်နေမယ်ဆိုရင်တော့ မလွယ်ဘူးသာမှတ်။ နားလည်လား "

ယဲ့ဖန်သည် ချန်းဖေးအယ်၏ လက်ကို ဆွဲကာ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ထန်းဟွားရုံနှင့် လျုံထျန်းစစ်တို့ကို ကြည့်ကာ ပြောလိုက်သည်။

လျုံထျန်းစစ်သည် အနည်းငယ် မကျေမနပ်ဖြစ်နေသော်လည်း ထန်းဟွားရုံသည် လျင်မြန်စွာခေါင်းညိမ့်သည်။

" နားလည်ပါတယ်၊ နားလည်ပါတယ်။ ကျွန်တော်တို့ လူကြီးမင်းကို ထပ်ပြီး လာမရှုပ်တော့ဘူးလို့ ကတိပေးပါတယ် "

" မဟုတ်ရင် လူကြီးမင်းကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး။ လူကြီးမင်းကို တောင်းပန်တဲ့အနေနဲ့ ကျွန်တော့်လက်တွေကို ကျွန်တော်ကိုယ်တိုင် ရိုက်ချိုးလိုက်ပါ့မယ် "

" ခင်ဗျား စကားတွေကို ခင်ဗျားမှတ်ထား "

ယဲ့ဖန်သည် သူ့ပုခုံးကို ပုတ်လိုက်ပြီး ချန်းဖေးအယ်၏ လက်ကိုဆွဲရင်း အေးဆေးစွာ ထွက်သွားသည်။

ထွက်သွားသော သူတို့နှစ်ယောက်ကို ပတ်ဝန်းကျင်ရှိ လူများသည် အားကျစွာ ကြည့်နေကြသည်။

အထူးသဖြင့် စွဲလမ်းစွာ ကြည့်နေသော အမျိုးသမီးများစွာ ရှိသည်။

ထိုယောကျာ်းသည် ထန်းဟွားရုံကို ဒူးထောက်စေကာ မျက်နှာချိုသွေးလာသည်အထိ ပြုလုပ်နိုင်သည်။

ထိုလူသည် အလွန်ပင် ငယ်ရွယ်ကာ ချောမောလှသည့်အတွက် အမျိုးသမီးများစွာသည် အရူးအမူးဖြစ်နေကြသည်။

ထန်းဟွားရုံသည် ထိုအရာအားလုံးကို မြင်လိုက်ရပြီး သူ့မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

ဤနယ်ပယ်တွင် သူ တည်ဆောက်ထားသော အရှိန်အဝါသည် ယနေ့တွင် ပျက်စီးသွားရပြီ ဖြစ်သည်။

အနာဂတ်တွင် တခြားတစ်ယောက်သည် သူ၏ နာမည်ကို ပြောလာပါက သူတို့သည် ခေါင်းငုံ့ပြီး ရယ်နေမည်မှာ သေချာလှသည်။

သို့သော်လည်း သူသည် ခေါင်းငုံ့ထားရန်မှတစ်ပါး လုပ်စရာမရှိချေ။

" ဟား ......အိမ်ပြန်ကြတာပေါ့ "

သူသည် သက်ပြင်းချကာ သူ့ဝမ်းကွဲ၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။

" ဝမ်းကွဲ ငါနားမလည်ဘူး။ ငါတို့မှာ လူအများကြီးလေ။ ဘာလို့ သူ့ကို ကြောက်နေရတာလဲ။ ဘာလို့ မင်းက အဲ့ကောင်လေးကို မရိုက်ရဲရတာလဲ "

လျုံထျန်းစစ်သည် အတော်ပင် စိတ်ဓာတ်ကျနေသည်။

သူသည် ပြည်မကြီးတွင် သူ့အဖေ၏ တင်းကြပ်သော စည်းမျဥ်းများနှင့် နေခဲ့ရသည်။

လောင်းကစားမြို့တွင် သူ့ဝမ်းကွဲ၏အင်အား ကို သုံးကာ မျက်နှာပန်းလှမည် တွေးထင်ခဲ့သည်။

ဤမျှထိ အခြေအနေဆိုးမည်ဟု မမျှော်လင့်ခဲ့မိချေ။

ထန်းဟွားရုံသည် သက်ပြင်းချလိုက်သည်။

" တချို့အရာတွေက မင်းထင်ထားသလောက်မရိုးရှင်းဘူး။ ဒီကောင်လေးက ခွဲဖို့ခက်တဲ့ အခွံမာသီးပဲ။ ငါတို့အိမ်ပြန်ရောက်တော့မှ မင်းကိုရှင်းပြမယ် "

သူသည် ပြောနေရင်း သူ့ဝမ်းကွဲ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

သို့သော် လျုံထျန်းစစ်သည် သူ၏ ကြင်နာမှုကို အသိအမှတ်မပြုပဲ သူ့လက်ကို ပုတ်ထုတ်လိုက်သည်။

" ငါ့ကို မထိနဲ့၊ သူများရှေ့မှာ ခွေးတစ်ကောင်လို ဒူးထောက်ထားပြီးတော့။ နောက်နောင် ငါနဲ့ သိတယ်လို့ မပြောနဲ့။ ငါ့မျက်နှာ အပျက်မခံနိုင်ဘူး "

ထိုသို့ ပြောပြီးသည်နှင့် ထွက်သွားတော့သည်။

ထန်းဟွားရုံသည် ဒေါသမီးတောက်နေကာ သူ့အား ယခုလို ပြဿနာလာရှာသောအခါ သူ၏ ကော်လံကို ဆွဲကိုင်လိုက်သည်။

" ငါက ရှက်ဖို့ကောင်းနေတယ်လို့ မင်းက ထင်တယ်ပေါ့။ ငါသာ ဒူးထောက်ပြီး မျက်နှာချိုမသွေးခဲ့ရင် ခုချိန်လောက်ဆို မင်းက ပျော့ခွေသွားလောက်တဲ့အထိ အရိုက်ခံနေရလောက်ပြီဆိုတာ မသိဘူးလား "

" သူတစ်ယောက်တည်းနဲ့ ငါတို့လို ဒါဇင်နဲ့ချီတဲ့ လူစုက ဘာလို့ မရင်ဆိုင်ရဲလဲ မင်းသိလား "

" ငါ့လက်အောက်ငယ်သား တစ်ချို့က အခုထိ သောက်ဆေးရုံပေါ်မှာ လှဲနေရတုန်းပဲကွ။ မင်းလည်း ဆေးရုံမှာသွားပြီး သူတို့နဲ့အတူတူလှဲချင်နေတာလား "

သူ့နှလုံးသားထဲမှ ခံစားချက်များကို တစ်ခါတည်း ဖွင့်ထုတ်လိုက်သည်။

သို့သော် လျုံထျန်းစစ်သည် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။

" ဝမ်းကွဲ၊ မင်းငါ့ကို လာနောက်နေတာလား။ တစ်ဒါဇင်နဲ့ တစ်ယောက်ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း။ ငါတို့က သိုင်းကားရိုက်နေတယ်လို့ မင်း ထင်နေတာလား "

လျုံထျန်းစစ်သည် သူ့အစ်ကို၏ အမူအရာကြောင့် ထိတ်လန့်နေသော်လည်း သူ၏ စကားများကိုတော့ မယုံသေးချေ။

ဘယ်လိုလုပ် တစ်စုံတစ်ယောက်က ဒါဇင်နဲ့ချီတဲ့လူတွေကို သူတစ်ယောက်ထဲ ချနိုင်မှာလဲ။

ထန်းဟွားရုံသည် နှာမှုတ်လိုက်ကာ သူ့လူများကို လက်ညှိုးထိုးပြလိုက်သည်။

" မင်းငါ့ကို မယုံဘူးမလား။ ငါ့ကိုမယုံရင် သူတို့ကို မေးကြည့်လိုက်။ အဲ့တာမှ မယုံသေးဘူးဆိုရင် ငါ မင်းကို ဆေးရုံ ခေါ်သွားပေးမယ် "

လျုံထျန်းစစ်သည် ထန်းဟွားရုံ၏ လူများကို လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်ကို တွေ့စဉ်က သူတို့သည် သရဲတစ်ကောင်ကို မြင်နေရသလို ဖြစ်နေကာ စကားတစ်လုံးမှ မပြောရဲကြပေ။

သူသည် အကုန်လုံးကို လှည့်ကြည့်လိုက်ရာ သူတို့သည် ခေါင်းညိတ်ပြကြသည်။

" အစ်ကိုဟွားက အမှန်တွေပြောနေတာ။ အဲ့ကောင်လေးက ကြမ်းလွန်းတယ်။ ငါ့ဘဝမှာ အဲ့လောက် အားကောင်းတဲ့လူမျိုး မတွေ့ခဲ့ဖူးဘူး "

" ဟုတ်တယ်။ အဲ့နေ့တုန်းက ဒါဇင်နဲ့ချီတဲ့ ငါတို့လူတွေက သူ့ကို ဝိုင်းထားကြတာ။ သူက ငါတို့အားလုံးကို တစ်ကွက်ထဲနဲ့ အမှောက်သိပ်သွားတာ "

" ဟုတ်တယ်။ မင်းကြားလိုက်ရတာ မမှားဘူး။ တစ်ကွက်ထဲပဲ။ အဲ့မြင်ကွင်းကို ငါ အခုထိတောင် မေ့မရသေးဘူး "

" ငါ နေ့တိုင်း ဖန်ကွဲစတွေပါတဲ့ အိမ်မက်ဆိုးကိုမက်တယ်။ အဲ့တာတွေက လှပပြီး ကြမ်းတမ်းလွန်း ...... "

လူတိုင်းသည် ထိုနေ့တုန်းက မြင်ကွင်းကို ပြန်လည်မြင်ယောင်သွားပုံပေါ်ကာ သူတို့၏ မျက်နှာသည် အကြောက်တရားများနှင့် ပြည့်နေသည်။

ဤမျှ အစွမ်းထက်သည့်လူ အရင်က မတွေ့ဖူးခဲ့ချေ။

တစ်ချက်လှုပ်၊ တစ်ယောက်သေ

ကောင်းကင်အပြည့် ဖန်ကွဲစတွေနဲ့...

လျုံထျန်းစစ်သည် ဤအရာမှာ မယုံနိုင်စရာကောင်းသည်ကို သိသော်လည်း လူအများကြီးမှတစ်လေသံထဲ ထွက်နေသောကြောင့် အမှန်ဖြစ်ရမည်ဟု တွေးနေမိသည်။

ဒီကောင်လေးက အဲ့လောက်တောင် စွမ်းတာလား။

သူသည် ထိုအရာကို တွေးမိလိုက်သည်နှင့် ကြက်သီးများထသွားသည်။

ထိုသည်သာ အမှန်တစ်ကယ် ဖြစ်သွားပါက သူသည် သူ့ဝမ်းကွဲကို ကျေးဇူးတင်သင့်သည်။

သူ နှိမ့်ချကာ တောင်းပန်လိုက်သည့် အပြုအမူသာ မရှိပါက သူ့အတွက် အလွန်ဆိုးရွားသောနေ့တစ်နေ့ ဖြစ်သွားနိုင်သည်။

နတ်မိမယ်လေးမင်းကျယ်သည် ယဲ့ဖန်၏ အတိုက်အခိုက်စွမ်းရည်အကြောင်း သိသွားသောအခါ သူမ၏ မျက်လုံးများသည် ပိုမိုတောက်ပသွားသည်။

သူထွက်သွားသော နေရာဘက်သို့ ကြည့်နေကာ အချိန်တော်ကြာသည်အထိ သတိဝင်မလာသေးချေ။

ထိုသို့ ယောကျာ်းမျိုးကသာ သူမနှင့်ထိုက်တန်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ လျုံထျန်းစစ်၏ မနာလိုစိတ်သည် ပိုမိုကြီးထွားလာသည်။

" ဝမ်းကွဲ၊ ငါတို့ဒေါသကို ဒီလိုပဲ မြိုသိပ်ထားရမှာလား "

ထန်းဟွားရုံ မျက်မှောင်ကြုတ်၍ သူ့ကိုကြည့်သည်။

" ငါတို့မှာ ဒီလူနည်းနည်းလေးပဲ ရှိတာ။ ငါတို့ သူ့ကို နိုင်မှာ မဟုတ်ဘူး။ မြိုသိပ်ရုံကလွဲလို့ ငါတို့က ဘာလုပ်နိုင်မှာလဲ "

လျုံထျန်းစစ်၏ မျက်နှာသည် ယုတ်မာမှုများနှင့် ပြည့်နှက်သွားသည်။

" ငါတို့ကိုယ်တိုင်လုပ်ရမယ်လို့ ဘယ်သူကပြောလို့လဲ။ အငှားဓားနဲ့ သူ့ကို သတ်လို့တောင် ရတယ်လေ "

ထန်းဟွားရုံသည် စိတ်ရှုပ်သွားသည်။

" ဘယ်သူ့ရဲ့ ဓားနဲ့လဲ "

လျုံထျန်းစစ်သည် ထိုအကြောင်းကို စဥ်းစားထားပြီးသား ဖြစ်သည်။

သူသည် ပိုင်နိုင်စွာ ပြုံးလိုက်သည်။

" လွန်ခဲ့တဲ့နှစ်ရက်က ကျွန်တော့်ကို လောင်းကစားမြို့ဆီ ခေါ်လာတုန်းက အစ်ကိုပေါင်းနဲ့ မိတ်ဆက်ပေးခဲ့တယ်မလား "

ထန်းဟွားရုံသည် အံ့ဩသွားသည်။

" မင်းဆိုလိုတာ ကျားသစ်ရူးကြီးကိုလား "

ကျားသစ်ရူးကြီး၏အမည်မှာ ချောင်တပေါင်းဖြစ်သည်။

သူ့လက်အောက်တွင် လူ ၂၀၀မှ ၃၀၀ခန့်အထိရှိကာ ဤနယ်တစ်ဝိုက်တွင် ကျော်ကြားသောလူဖြစ်သည်။

လျုံထျန်းစစ်သည် လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်။ သူက ဒီဒေသမှာ အတော်ဩဇာရှိတယ်လို့ အစ်ကိုပြောခဲ့တယ်မလား။ ရှောင်မိသားနဲ့တောင် သူက စကားပြောနိုင်တယ်ဆို၊ ဟုတ်တယ်မလား "

" ဒါပေါ့၊ သူ ငယ်ငယ်တုန်းက ရှောင်မိသားစုခေါင်းဆောင် ရှောင်ချန်ချင်းနဲ့ လက်ပွန်းတနီးနေခဲ့တာ။ သူ့ခြေထောက်ပေါ် သူရပ်ဖို့ ထွက်လာပင်မယ့်လည်း သူနဲ့ ရှောင်မိသားစုကြားဆက်ဆံရေးက ပျက်ဆီးမသွားဘူး။ အဲ့တာကို ကြည့်ရသလောက် ရှောင်မိသားစုရဲ့ အကာအကွယ်ကြောင့် သူ ကောင်းကောင်းလုပ်နိုင်နေတယ်ဆိုတာ သိနိုင်တယ် "

ထန်းဟွားရုံသည် ကျားသစ်ရူးကြီးအကြောင်း ပြောနေစဥ်တွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် ထိုလူ၏ ကံကောင်းမှုကြောင့်ဖြစ်သည်။

သူ့အနောက်၌ ရှောင်မိသားစုကဲ့သို့ အင်အားစုကြီး၏ ပံ့ပိုးမှုသာ ရှိပါက သူ့အခြေအနေသည် ကျားသစ်အိုကြီးလောက် ထိ ဖြစ်နိုင်သည်။

" ဒါဆို ကျားသစ်အိုကြီးက အဲ့ကောင်လေးကို ထိန်းနိုင်မယ်လို့ ထင်လား "

လျုံထျန်းစစ်မှ ဆက်၍ မေးနေသည်။

" အဓိပ္ပာယ်မရှိတာ။ ကျားသစ်အိုကြီးသာ တိုက်ကြည့်ပါလား။ အဲ့ကောင်လေးဘဝက လုံးဝကို ပြီးဆုံးသွားလိမ့်မယ် ...... "

ထန်းဟွားရုံသည် ပြောနေရင်းဖြင့် တုံ့ဆိုင်းသွားသည်။

" ကျားသစ်ကြီးနဲ့ ငါက မျက်မှန်းတန်းမိရုံလောက်ပဲ သိတာ။ သူ ငါ့ကို မကူညီလောက်ဘူး "

လျုံထျန်းစစ် ရယ်မောလိုက်သည်။

" ဝမ်းကွဲ၊ ဒီကမ္ဘာမှာ ငွေနဲ့ ဖြေရှင်းလို့ မရတဲ့ကိစ္စဆိုတာ ရှိလို့လား "

All Chapters