← Chapters

အပိုင်း ၁၀၂၁-၁၀၂၄

Vol. 52 Ch. 1021-1024

အပိုင်း ၁၀၂၁-၁၀၂၄

Vol. 52 Ch. 1021-1024

အပိုင်း ( ၁၀၂၁ )

မင်းရဲ့အသက်ကိုငွေဘယ်လောက်ပေးပြီးဝယ်မှာလဲ။

ကျားသစ်ရူးသည် လျုံထျန်းစစ်ကို မဲ့ရွဲ့ ပြုံးကြည့်လိုက်သည်။

" မင်းရဲ့ဝမ်းကွဲက ခြေထောက်တစ်ဖက်တည်းကို ရွေးလိုက်တော့ ကျန်တာတွေက မင်းဖြတ်ရမှာပဲ "

စကားပြောနေရင်းဖြင့် ကျားသစ်ရူးသည် သူ့လက်အောက်ငယ်သား တစ်ယောက်စီမှ ဓားကိုယူကာ ရှေ့သို့ ဖြေးညှင်းစွာ လမ်းလျှောက်လာသည်။

" မလုပ် ..... မလုပ်ပါနဲ့ "

လျုံထျန်းစစ်သည် ကြောက်ရွံ့မှုအပြည့်ဖြင့် နောက်ဆုတ်သွားသည်။

ထိုအချိန်တွင် ကျားသစ်ရူး၏ လက်အောက်ငယ်သားနှစ်ယောက် ထွက်လာကာ သူ့ကို မြေပေါ်သို့ ဆွဲချလိုက်သည်။

" ဝမ်းကွဲ ငါ့ကိုကယ်ပါဦး ....... "

လျုံထျန်းစစ်သည် လူနှစ်ယောက်၏ ချုပ်နှောင်ထားခြင်းမှ လွတ်အောင် မလုပ်နိုင်သည့်အတွက် သူ့ဝမ်းကွဲ ထန်းဟွားရုံဆီ အကူအညီတောင်းနေသည်။

ထန်းဟွားရုံသည်လည်း သူ့ကိုယ်သူပင် မကယ်နိုင် ဖြစ်နေသည်။

ထို့ကြောင့် လျုံထျန်းစစ်အား ဂရုမစိုက်ပဲ သူ့ခေါင်းကို တစ်ဖက်သို့ လျင်မြန်စွာ လှည့်ထားလိုက်သည်။

လျုံထျန်းစစ် ဒေါထွက်သွားသည်။

" ထန်းဟွားရုံ၊ မင်းဘိုးအေပဲ။ ငါသာ တစ်ခုခုဖြစ်သွားရင် ငါ့အဖေက မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး "

ကျားသစ်ရူးသည် လမ်းလျှောက်လာသည်။

" တော်ပြီ၊ သူများတွေကို လျှောက်ပြီး အပြစ်တင်မနေနဲ့။ အမြင်မရှိတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်။ မင်းက တကယ်ကြီး ယဲ့လူကြီးမင်းကို သွားထိတာကိုး။ စိတ်ပူမနေနဲ့၊ မကြာခင် အားလုံးပြီးသွားမှာ "

သူသည် စကားပြောနေရင်းဖြင့် လျုံထျန်းစစ်၏ လက်ကောက်ဝတ်ကို ကိုင်လျက် ဓားကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

" ခဏစောင့်ပါဦး "

လျုံထျန်းစစ်သည် ငိုရှိုက်သံဖြင့် အော်ပြောလိုက်သည်။

" ငါ ..... ငါ့မှာ ငွေရှိတယ်။ ငါ့အသက်ကို ကယ်ဖို့ ငွေသုံးနိုင်တယ် ..... "

ကျားသစ်ရူးသည် လုပ်လက်စကို ရပ်တန့်လိုက်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်သည် ဖြေးညှင်းစွာ လမ်းလျှောက်လာပြီး လျုံထျန်းစစ်ကို ငုံ့ကြည့်လိုက်သည်။

" မင်းအသက်ကို ငွေဘယ်လောက်ပေးပြီး ဝယ်မှာလဲ "

လျုံထျန်းစစ်သည် ယဲ့ဖန်ကို ကြောက်လန့်စွာဖြင့် မော့ကြည့်လိုက်သည်။

" ငါ ....... ငါ၊ တစ် ....... တစ်သန်းပေးမယ် "

ယဲ့ဖန် ရယ်မောလိုက်သည်။

" မင်းက ငါ့ကို ငွေမမြင်ဖူးတဲ့တိုင်းပြည်က တောသားတစ်ကောင်လို ဆက်ဆံနေတာလား "

" မင်းရဲ့အသက်က တစ်သန်းပဲ တန်တာဆိုတော့ ငါ ဝယ်လိုက်မယ်။ ဒီကိစ္စပြီးရင် မင်းမိသားစုဆီ ငွေလွှဲပေးလိုက်မယ် "

ထိုသို့ ပြောပြီးသည်နှင့် ကျားသစ်ရူးကို လှည့်ကြည့်လိုက်သည်။

ကျားသစ်ရူးသည် သဘောပေါက်သွားကာ ဓားကို ထပ်မြှောက်လိုက်သည်။

" ရပ် ..... ရပ်ပါဦး။ ငါ ...... ငါ ငါးသန်းပေးမယ် "

၆ပေကျော် အရပ်ရှည်သော လျုံထျန်းစစ်သည် အလွန်ကြောက်ရွံ့နေကာ ငိုယိုနေသည်။

သူသည် ဤကဲ့သို့ အဖြစ်အပျက်မျိုးကို လက်တွေ့၌ မကြုံဖူးသေးသည့် ပါးစပ်ဖွာတတ်သော သူဌေးသားတစ်ယောက်သာ ဖြစ်သည်။

သို့သော် ယဲ့ဖန်မှာတော့ အမူအရာ ကင်းမဲ့နေစဲဖြစ်ကာ နည်းနည်းမှပင် မလှုပ်ချေ။

ကျားသစ်ရူးသည် သူ့ဓားကို ထပ်၍ လွှဲယမ်းနေသည်။

" အား၊ ၁၀ သန်း၊ ငါ ..... ၁၀ သန်းပေးမယ် "

လျုံထျန်းစစ်သည် အလျင်အမြန် အော်ဟစ်ကာ ပြောလိုက်သည်။

သူ၏ ဘောင်းဘီသည် စိုစွတ်သွားကာ အနံ့ဆိုးများလည်း ထွက်လာသည်။

ကျားသစ်ရူး၏ ဓားသည် ပေါင်ရင်းနားလောက်တွင် ရပ်သွားသည်။

တစ်စက္ကန့်လောက်သာ နောက်ကျသွားပါက ခုတ်ထစ်မိသွားလိမ့်မည် ဖြစ်သည်။

နေရာတွင် ကြည့်ရှုနေသောလူ အားလုံးသည် ကြောက်လန့်တကြား ငြိမ်သက်နေကြသည်။

သူတို့အားလုံးသည် လျုံထျန်းစစ်ကို သနားနေကြသော်လည်း သူနှင့် ထိုက်တန်သည်ဟု ခံစားရပြန်သည်။

ယဲ့လူကြီးမင်းသည် သူ့ကို အရင်က လွှတ်ပေးလိုက်ပြီးသား ဖြစ်သည်။

သူကသာ ကိုယ့်သေတွင်းကိုယ်တူးပြီး ကိုယ့်ဒုက္ခကိုယ် ရှာမိခြင်းဖြစ်သည်။

ဘယ်သူ့ကိုမှ အပြစ်တင်မရပေ။

ယဲ့ဖန်သည် သူ့နှာခေါင်းသူ တို့လိုက်ပြီး လျုံထျန်းစစ်ကို ငေးကြည့်လိုက်သည်။

" ငါ ဈေးညှိပေးမယ်။ တကယ်လို့ ဈေးက သင့်တော်တယ်ဆိုရင် ခေါင်းသာညိတ်လိုက် "

" ခင်ဗျားလို တန်ဖိုးရှိတဲ့ သခင်လေးတစ်ယောက်အတွက် လက်တစ်ဖက်ကို ၁၀ သန်းတောင်းတာက မနည်းလောက်ဘူးထင်တယ်၊ ဟုတ်တယ်မလား "

လျုံထျန်းစစ် ဆွံ့အသွားရသည်။

လက်တစ်ဖက်အတွက် ၁၀သန်း ဟုတ်လား။

အရမ်း ဈေးမကြီးနေဘူးလား။

သို့သော် ယဲ့ဖန်မှ အတည်ပြောနေသည်ဆိုတာကို သူ သိနေသည်။

သူ ငြင်းလိုက်ပါက တစ်ဖက်လူသည် တွေဝေတုံ့ဆိုင်းခြင်း မရှိပဲ သူ့လက်တစ်ဖက်ကို ဖြတ်ပေမည် ဖြစ်သည်။

" မများပါဘူး၊ မများပါဘူး "

သူသည် ချက်ချင်း သဘောတူညီစွာ အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

" ခြေတစ်ချောင်းအတွက် သန်း၂၀။ အဲ့တာရော မများဘူး၊ ဟုတ်တယ်မလား "

ယဲ့ဖန်မှ ဆက်၍ မေးလိုက်သည်။

" ဟုတ်၊ ဟုတ်ပါတယ်၊ မများပါဘူး "

လျုံထျန်းစစ်သည် ခေါင်းကို တရစပ်ညိတ်ကာ ပြောလိုက်သည်။

" ပြီးတော့ ခင်ဗျားရဲ့ ခေါင်း ..... အဲ့တာအတွက် သန်း၅၀က မများဘူးမလား "

ယဲ့ဖန်က ဆက်၍ မေးလိုက်ပြန်သည်။

" အာ ....... "

လျုံထျန်းစစ်သည် ခဏတာ တုံ့ဆိုင်းသွားသည်။

လက်နှစ်ဖက် ပေါင်းလျှင် သန်း၂၀၊ ခြေထောက်နှစ်ချောင်း ပေါင်လျှင် သန်း၄၀ ဖြစ်သည်။

အကယ်၍ ခေါင်းပါ ပေါင်းပါက သန်း၅၀နှင့် စုစုပေါင်း အားလုံး သန်း၁၀၀ကျော်သွားမည် ဖြစ်သည်။

သူတို့မိသားစုသည် သာမာန်လူများဖြင့် ယှဉ်လျှင် ပို၍ ချမ်းသာသော်လည်း တစ်ကြိမ်တည်းဖြင့် ယွမ်ငွေ သန်းရာနှင့်ချီ၍ ထုတ်ယူရန်မှာ အတော်လေး ခက်ခဲနေသေးသည်။

ယဲ့ဖန်သည် လျုံထျန်းစစ်မှ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ နှာမှုတ်လိုက်သည်။

" မင်းရဲ့ခေါင်းက သန်း၅၀ မတန်ဘူး ထင်နေတော့လည်း ဖြတ်ကြတာပေါ့ ....... "

" မလုပ်ပါနဲ့။ တန်ပါတယ်၊ သန်း၅၀ တန်ပါတယ် "

လျုံထျန်းစစ်သည် အလျင်အမြန် အော်ပြောလိုက်သည်။

ငွေသည် အရေးပါသော်လည်း သူ၏ အသက်က ပို၍ အရေးပါလေသည်။

ယဲ့ဖန်သည် ကျားသစ်ရူးကို ချက်ချင်း ကြည့်လိုက်သည်။

" သူ့လက်တစ်ဖက်ကို ဖြတ်လိုက် "

ဖြန်း

ကျားသစ်ရူးသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း သူဓားကို မြှောက်ကာ လျုံထျန်းစစ်၏ ညာဖက်လက်ကို ဖြတ်လိုက်သည်။

" အား "

လျုံထျန်းစစ်သည် နာကျင်မှုကြောင့် အသံကုန် အော်ဟစ်လိုက်မိကာ မျက်နှာမှာလည်း လုံးဝကို ဖြူဖျော့သွားသည်။

သူသည် ငွေပေးရန် သဘောတူလိုက်သော်လည်း တစ်ဖက်လူသည် ဘာကြောင့်ဖြတ်ရသည်လဲဆိုတာကို သူ နားမလည်နိုင် ဖြစ်နေသည်။

ထိုသို့ သွေးထွက်သံယိုဖြစ်သော မြင်ကွင်းကြောင့် လူတိုင်း ကြောက်လန့်တကြား အော်ဟစ်နေကြသည်။

ချန်းဖေးအယ်သည်လည်း မျက်မှောင်ကြုတ်လိုက်ကာ ထပ်မကြည့်ချင်တော့သည့်အတွက် တစ်ဖက်သို့ လှည့်သွားသည်။

ရှောင်ချန်းချင်း၏ မျက်လုံးများတွင် လေးစားအားကျမှုများနှင့် ပြည့်နှက်သွားသည်။

ကြီးကျယ်ခမ်းနားသောအရာများကို လိုချင်သူများသည် ပြတ်သားစွာ သတ်ဖြတ်ရဲရမည်ဖြစ်ပြီး သနားညှာတာနေ၍ မရပေ။

ယဲ့လူကြီးမင်းသည် အလွန်ငယ်ရွယ်သော်လည်း ဤကဏ္ဍတွင် သူ့ထပ် မနိမ့်ကျပေ။

မျိုးဆက်သစ်လူငယ်တွေက တော်တော် ကြောက်ဖို့ကောင်းတာပဲ။

" ခင်ဗျားကို အရင်တည်းက လွှတ်ပေးခဲ့သားပဲ။ ငါ ထွက်မသွားခင်က ငါ့ကို ထပ်ထိဖို့ ကြိုးစားမယ်ဆိုရင် မလွယ်ဘူးလို့ ပြောခဲ့တယ်။ ခင်ဗျားက အဲ့စကားကို လျစ်လျုံရှုခဲ့တယ်မလား ..... "

ယဲ့ဖန်သည် လျုံထျန်းစစ် အနားထိုင်ချကာ အေးစက်စွာ ပြောလိုက်သည်။

" ခင်ဗျားလက်ကို ဖြတ်လိုက်တယ်ဆိုတာ ငွေရှိတိုင်း လုပ်ချင်တာလုပ်လို့ မရဘူးဆိုတာ သိစေချင်လို့ပဲ "

" ခင်ဗျား ငွေနဲ့ မဝယ်နိုင်တဲ့အရာတွေ အများကြီးရှိတယ်။ ဥပမာ နောင်တအတွက် ဆေးလိုမျိုးပေါ့ "

လျုံထျန်းစစ်၏ နဖူးပေါ်တွင် ချွေးသီးများ စီးကျနေပြီး ယဲ့ဖန်ကို အကြောက်တရားအပြည့်နှင့် ကြည့်နေသည်။

သူသည် အမှန်တစ်ကယ် နောင်တရနေလေသည်။

တစ်ဖက်လူသည် သူ့ကို လွှတ်ပေးခဲ့ပြီးသား ဖြစ်သည်။

သူသည် နာခံမှုရှိစွာ မေ့ပျောက်နေခဲ့လိုက်သင့်သည်။

ငါ ဘာလို့ လက်မလျှော့ခဲ့ရတာလဲ။

ငါ ဘာလို့ လူခေါ်ပြီး ကူညီလက်စားချေခိုင်းဖို့ ရှာခဲ့ရတာလဲ။

ယခုအခါ သူသည် အောင်မြင်စွာ လက်စားမချေနိုင်ခဲ့သည့်အပြင် လက်တစ်ဖက်ပင်ဆုံးရှုံးသွားရသည်။

ယဲ့ဖန်သည် သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။

" ခင်ဗျားမိသားစုဆီ ဖုန်းဆက်ပြီး ကျန်တဲ့ငွေကို လွှဲပေးဖို့ ပြောလိုက် "

" ခင်ဗျားမှာ ၁၀မိနစ် အချိန်ရတယ်။ အဲ့အချိန်အတွင်း ငွေမရသေးဘူးဆိုရင် မင်းလက်ကိုထပ်ဖြတ်ရလိမ့်မယ် “

လျုံထျန်းစစ်သည် နှောင့်နှေးမနေရဲပဲ သူ၏ ကျန်ရှိနေသာ ဘယ်ဖက်လက်ဖြင့် သူ့အဖေ၏ ဖုန်းနံပါတ်ကို နှိပ်ကာ ခေါ်လိုက်သည်။

" ထျန်းစစ်၊ လောင်းကစားမြို့မှာ ပျော်ရဲ့လား။ မင်းဝမ်းကွဲက မင်းကို ဘယ်နေရာတွေဆီ ...... "

ဖုန်းကိုင်ပြီးသောအခါ တစ်ဖက်လူသည် ဆက်တိုက် မေးမြန်းနေသည်။

လျုံထျန်းစစ်သည် ရှိုက်ကြီးတငင် ငိုထားသော အသံဖြင့် ကြားဖြတ်ကာ ပြောလိုက်သည်။

" အဖေ၊ ကျွန်တော် ..... ကျွန်တော် ပြဿနာတက်နေပြီ။ တစ်ဖက်ကလူက ကျွန်တော်တို့ဆီကနေ ယွမ်ငွေ သန်း၁၀၀ကျော် လိုချင်နေတယ်။ မဟုတ်ရင် ကျွန်တော့် ခြေတွေလက်တွေကို သူတို့ ဖြတ်ကြလိမ့်မယ်။ ကျွန်တော့်လက်တစ်ဖက်ကို သူတို့ ဖြတ်ပြီးသွားပြီ ...... "

သူ၏ စကားလုံးများသည် အလွန် အံ့သြတုန်လှုပ်စရာ ကောင်းလှသောကြောင့် တစ်ဖက်လူသည် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားပြီး ရုတ်တရက် ဖုန်းချလိုက်သည်။

ဖုန်းချသွားပြီးနောက် ချက်ချင်း ဗီဒီယိုဖုန်းကောတစ်ခု ဝင်လာခဲ့သည်။

သူသည် သူ၏သားမှ သူ့အား စနောက်နေသည်ဟု ထင်နေသောကြောင့် ဖြစ်သည်။

လျုံထျန်းစစ်သည် သူ့သဘောနှင့်သူ မကိုင်ရဲသောကြောင့် ယဲ့ဖန်အား လှည့်ကြည့်လိုက်သည်။

" ကိုင်လိုက် "

ယဲ့ဖန်သည် သူ့ကို မတားခဲ့ချေ။

သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် သူ့သား၏ သွေးစွန်းနေသောမျက်နှာနှင့် ပြတ်နေသောလက်ကို မြင်သောအခါ အလွန်ထိတ်လန့်သွားသည်။

" ထျန်းစစ်၊ ဒါက ... ဘာတွေဖြစ်နေတာလဲ။ မင်း ... ဘယ်သူ့ကို ဆန့်ကျင်မိလို့လဲ။ သူတို့ကအရမ်းမရက်စက်လွန်းဘူးလား "

" မြန်မြန် ရဲကိုဖုန်းဆက် ..... "

" အဖေ ... အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့တော့။ အဖေ့သားရဲ့ခေါင်း ပြတ်သွားတာကို မမြင်ချင်ဘူးဆိုရင် မြန်မြန်လေး ပိုက်ဆံလွှဲပေးပါ "

လျုံထျန်းစစ်သည် သူ့အဖေ၏ စကားများကို ကြားသောအခါ အံ့သြသွားသည်။

အဖေက တော်တော် မိုက်မဲတာပဲ။

ဒီနေရာကို ပြည်မကြီးလို့ ထင်နေတာလား။

တစ်ဖက်မှလူသည် လမ်းပေါ်မှာပင် သူ၏ ခြေလက်များကို ဖြတ်ရဲသောကြောင့် တရားရေးရာများကို အကြောင်းကြားလိုက်လျှင်ပင် ကြောက်နေမည် မဟုတ်ပေ။

သက်လတ်ပိုင်းလူသည် အနည်းငယ် စိတ်ငြိမ်သွားသည်။

" မင်းရဲ့ဝမ်းကွဲရော ဘယ်မှာလဲ။ သူ မင်းကို လာမကယ်ဘူးလား "

လျုံထျန်းစစ်သည် ဖုန်းကို ထန်းဟွားရုံဘက် လှည့်ပြလိုက်သည်။

" ဝမ်းကွဲလည်း ဒီမှာပဲ။ သူ ... သူလည်း သူ့ကိုယ်သူတောင် မကယ်နိုင်ဘူး "

အပိုင်း ( ၁၀၂၂ )

ခင်ဗျားက နောက်နေတယ်လို့ ထင်နေတာလား။

ထန်းဟွားရုံသည် မြေပြင်ပေါ်တွင် လဲနေကာ သူ့မျက်နှာသည်လည်း ဖုန်မှုန့်များ၊ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

" ဦးလေး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်ပါဦး ..... "

သက်လတ်ပိုင်းလူသည် အလွန်အမင်းကိုပင် ထိတ်လန့်နေသည်။

သူ၏ တူဖြစ်သူသည် လောင်းကစားမြို့၌ နာမည်ကြီးလူရမ်းကား ဖြစ်သည်ဆိုတာကို သူ သိသည်။

ထို့ကြောင့် သူသည် သူ့သားအား တစ်ယောက်တည်း လွှတ်ထားရဲခြင်း ဖြစ်သည်။

ယခုတွင် ထန်းဟွားရုံသည်လည်း ထိုကဲ့သို့ပုံစံမျိုး ဖြစ်နေသောကြောင့် တစ်ဖက်မှလူသည် အတော် သြဇာအာဏာရှိမည်ဖြစ်သည်။

" ထျန်းစစ်၊ စိတ်အေးအေးထား။ မင်း ဖုန်းလွှဲပေးလို့ရလား။ ငါ ... ငါ သူနဲ့ စကားပြောကြည့်လိုက်မယ် "

သက်လတ်ပိုင်းလူသည် သူ့သားအား အလျင်အမြန် နှစ်သိမ့်ပေးလေသည်။

လျုံထျန်းစစ်သည် ယဲ့ဖန်ကို ထပ်ကြည့်လိုက်သည်။

" ကျွန်တော့်အဖေက လူကြီးမင်းနဲ့ ဖုန်းပြောချင်နေပါတယ် ... "

ယဲ့ဖန်သည် ဖုန်းကို ယူလိုက်ပြီး တစ်ဖက်မှ သက်လတ်ပိုင်းလူကို ကြည့်လိုက်သည်။

" ဘာပြောချင်တာလဲ။ ပြော "

သက်လတ်ပိုင်းလူသည် ထိုအကြမ်းဖက်ရဲသူမှာ ဤမျှထိ ငယ်ရွယ်နေမည်ဟု မထင်ထားသောကြောင့် အံ့သြသွားသည်။

သူသည် ကလေးတစ်ယောက်အား ဆုံးမနေသော လူတစ်ယောက်ကဲ့သို့ အနေအထားကို ပြင်လိုက်သည်။

" လူငယ်လေး၊ မင်းက အရမ်းငယ်လွန်းသေးတယ်။ ဘာလို့ ဒီလို အလုပ်တွေ လုပ်နေတာလဲ။ မင်းရဲ့အနာဂတ်ကို မင်းကိုယ်တိုင် ဖျက်ဆီးနေမိပြီဆိုတာ မသိဘူးလား။ မင်းမှာ မိဘတွေရှိတယ် ...... "

ယဲ့ဖန်သည် ထိုလူ၏ အဓိပ္ပါယ်မရှိသောစကားများကို နားထောင်ရန် ပျင်းရိလေသည်။

ထို့ကြောင့် စကားကို ဖြတ်ပြောလိုက်သည်။

" ခင်ဗျားကို ကြည့်ရတာ ကိုယ့်သားရဲ့အသက်ကို ဂရုမစိုက်ဘူး ထင်တယ်။ ကိစ္စက ဒီလိုဖြစ်လာပြီဆိုတော့လည်း ရှင်းလိုက်ကြတာပေါ့ "

သူသည် ကျားသစ်ရူးကို အမိန့်ပေးလိုက်သည်။

" လှုပ်ရှားလိုက်တော့ "

ကျားသစ်ရူးသည် စကားတစ်လုံးမှ မပြောပဲ သူ၏ သွေးစွန်းနေသော ဓားဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။

သူသည် လျုံထျန်းစစ်၏ ဆံပင်ကို ဆွဲကာ သူ့ဓားကို မြှောက်လိုက်သည်။

" အဖေ ..... ကျွန်တော့်ကို ကယ်ပါဦး။ အဖေ ...... "

လျုံထျန်းစစ်သည် အလွန် ကြောက်ရွံ့နေကာ ငယ်သံပါအောင် အော်တော့သည်။

" ရပ် ...... ရပ်ပါဦး "

သက်လတ်ပိုင်းလူသည် အထိတ်တလန့်ဖြစ်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

ယဲ့ဖန်သည် လက်မြှောက်ပြလိုက်သည်။

ကျားသစ်ရူး၏ လှုပ်ရှားမှုသည် နှေးကွေးစွာ ရပ်တန့်သွားသော်လည်း လျုံထျန်းစစ်ကို လွှတ်မပေးချေ။

သူသည် ဘယ်အချိန်၌မဆို ခုန်ထစ်ရန် အသင့်ပြင်ထားသည်။

သက်လတ်ပိုင်းလူသည် အထိတ်တလန့် ဖြစ်သွားကာ ဖြူဖျော့နေသည်။

" မင်း ...... မင်း ဘယ်လောက် လိုချင်တာလဲ "

ယဲ့ဖန်သည် အမူအရာမဲ့သော မျက်နှာထားဖြင့် ပြောသည်။

" သန်း၁၀၀ ... "

ထန်းဟွားရုံသည် အလျင်အမြန် ကြားဖြတ်ငြင်းကာ ပြောသည်။

" မဟုတ်ဘူး၊ ဦးလေး။ ကျွန်တော့်ခြေထောက်ပါ ပါတယ်။ သန်း၁၂၀ ပါ "

သက်လတ်ပိုင်းလူသည် မျက်မှောင်ကြုတ်လိုက်သည်။

" အချိန်ခဏလေးနဲ့ ငွေ ဒီလောက်ပမာဏ အများကြီးကို ထုတ်ပေးလို့ မရဘူး။ ငါ့သားကို အရင် ဆေးရုံကို ပို့ပေးလို့ရမလား။ ငါ့မှာငွေရလာတာနဲ့ ပြန်ခေါ်မယ်လေ ... "

ယဲ့ဖန်သည် ခေါင်းငုံ့၍ နာရီကို ကြည့်လိုက်သည်။

" ခင်ဗျားကို ငါးမိနစ်ပဲ အချိန်ပေးမယ်။ ငါးမိနစ်အတွင်း ငွေမရသေးရင် ခင်ဗျားရဲ့သားကို ငရဲပြည်မှာပဲ တွေ့လိုက်တော့ "

" ငါးမိနစ်လား။ ငါးမိနစ်ထဲလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

သက်လတ်ပိုင်းလူသည် အကြောက်

တလန့် ဖြစ်ကာ တစ်စုံတစ်ခုကို ဆက်၍ပြောချင်နေသည်။

သို့သော် ယဲ့ဖန်သည် သူ့ကို အခွင့်အရေး မပေးချေ။

ဖုန်းကို ချလိုက်ကာ သူ့ဘဏ်နံပါတ်ကို WeChatမှ တစ်ဆင့် လျုံထျန်းစစ်ဆီသို့ ပို့လိုက်ပြီးနောက် ဖုန်းကို လျုံထျန်းစစ်ကို ပစ်ပေးလိုက်သည်။

ထို့နောက် သူသည် ကျားသစ်ရူးကို လှည့်ကြည််လိုက်ကာ ပြောသည်။

" ငါးမိနစ်ပဲ။ ငါးမိနစ်အတွင်းမှ ပိုက်ဆံမလွှဲသေးရင် ချက်ချင်း လှုပ်ရှားလိုက် "

" ကောင်းပါပြီ "

ကျားသစ်ရူးသည် ချက်ချင်းပင် အမိန့်နာခံလိုက်ပြီး ခြောက်ခြားဖွယ်ရာ အပြုံးဖြင့် လျုံထျန်းစစ်ကို ကြည့်လိုက်သည်။

လျုံထျန်းစစ်သည် အလွန်ပင် ကြောက်လန့်နေပြီး သူ့စိတ်ထဲ၌ ငွေလွှဲလာရန်ကိုသာ ဆုတောင်းနေသည်။

ထိုသို့ မဟုတ်ပါက သူ သေရတော့မည်ဖြစ်သည်။

အချိန် တစ်မိနစ်ချင်းစီ ကုန်ဆုံးလာသော်လည်း တစ်မိနစ်ချင်းစီတိုင်းသည် တစ်နှစ်လောက် ကြာတေသည်ဟု သူ ခံစားနေရသည်။

" အချိန်ပြည့်ပြီ "

ငါးမိနစ် ကြာမြင့်ပြီးသည့်နောက်တွင် ကျားသစ်ရူးသည် ဖုန်းကို ကြည့်လိုက်သည်။

သို့သော် ပိုက်ဆံသည် လွှဲမလာသေးချေ။

သူသည် လေကုန်ခံမနေဘဲ သူ့လက်ထဲမှ ဓားကိုသာ ဖြည်းညှင်းစွာ မြှောက်လိုက်တော့သည်။

လူတိုင်း၏ စိတ်များသည် တင်းကြပ်သွားကြသည်။

လူတစ်ချို့သည် ထိုသို့ ရက်စက်ကြမ်းတမ်းသော မြင်ကွင်းကို ကြည့်ရန် သတ္တိမရှိသောကြောင့် မျက်လုံးများ မှိတ်လိုက်ကြသည်။

လျုံထျန်းစစ်သည်လည်း အလွန်ကြောက်လန့်နေသည်။

သူ၏ခန္တာကိုယ်သည် တရစပ် တုန်ရီနေပြီး သူ့ခေါင်းသည် မြေပြင်နှင့် ထိလုမတတ် ဖြစ်နေသည်။

ထိုအချိန်မှာပင် ယဲ့ဖန်၏ ဖုန်းထဲသို့ စာမက်ဆေ့တစ်စောင် ဝင်လာသည်။

ငွေ သန်း၁၀၀သည် သူ့ဘဏ်ထဲသို့ ရောက်လာပြီ ဖြစ်သည်။

ဝှစ်

ကျားသစ်ရူး၏ ဓားသည် လျုံထျန်းစစ်၏ လည်ပင်းနှင့် တစ်လက်မလောက်သာ ခြားနေပြီး အချိန်မီရပ်တန့်သွားသည်။

လျုံထျန်းစစ်သည် အလွန်အမင်းပင် ကြောက်ရွံ့ တုန်လှုပ်နေသည်။

ရွှံ့ကဲ့သို့ မြေပြင်ပေါ်သို့ လျှောကျသွားချိန်တွင် သူ၏ မျက်လုံးများသည် အသက်မဲ့နေတော့သည်။

ထိုအချိန်မှာပင် သူ့ဖုန်းသံ မြည်လာခဲ့သည်။

ယဲ့ဖန်သည် လျုံထျန်းစစ်၏ ဖုန်းကို ကောက်ကိုင်ကာ ဖုန်းကို လက်ခံလိုက်သည်။

" ငါ့သား အဆင်ပြေရဲ့လား "

သက်လတ်ပိုင်းလူသည် စိုးရိမ်တကြီး မေးလိုက်သည်။

ယဲ့ဖန်သည် လျုံထျန်းစစ်ကို ချိန်ကာ ဓာတ်ပုံနှစ်ပုံ ရိုက်လိုက်သည်။

" သူ မသေပါဘူး။ ဒါပေမဲ့ သူ သေခါနီးပါးပဲ။ ခင်ဗျားက သန်း၁၀၀ပဲ လွှဲလိုက်တယ်ဆိုတော့ ခင်ဗျားတူကို ကယ်ဖို့ အစီအစဥ်မရှိဘူးဆိုတဲ့ သဘောလား "

သူ့သား အဆင်ပြေနေသည်ကို မြင်သောအခါ သက်လတ်ပိုင်းလူသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

" အချိန်တိုလေးအတွင်းမှာ ငါ ဒီလောက်ပမာဏပဲ စုနိုင်တယ်။ မင်း ငါ့ကို ခြွင်းချက်တစ်ခုအနေနဲ့ ထားပေးလို့ရမလား။ ငါမင်းကို သန်း၁၀၀ လွှဲပေးပြီးပြီလေ။ သူတို့ကို လွှတ်ပေးလိုက်ပါ ...... "

အမှန်တိုင်းပြောရလျှင် သူသည် သူ့သားအတွက် ငွေသုံးရန် ဆန္ဒရှိသည်။

သို့သော် သူ့တူအတွက် ငွေသန်း၂၀ သုံးရန်ကိုတော့ အနည်းငယ် ဝန်လေးနေသည်။

ယဲ့ဖန်သည် လှောင်ပြောင်ကာ ပြောလိုက်သည်။

" ခင်ဗျားက ကျုပ်ကို လာနောက်နေတာလား "

ထို့နောက် ထန်းဟွားရုံဆီသို့ လှည့်ကြည့်သည်။

" ခင်ဗျားဦးလေးက ခင်ဗျားအတွက် ငွေသုံးဖို့ ဆန္ဒမရှိဘူး။ ခင်ဗျားဘာသာ ငွေပေးနိုင်လား "

ထန်းဟွားရုံသည် ချက်ချင်းပင် ကြောက်လန့်သွားသည်။

" ကျွန်တော် ..... ကျွန်တော့်မှာ ပေးစရာမရှိပါဘူး "

ထိုအချိန်၌ ကျားသစ်ရူးသည် ယဲ့ဖန်၏ အမိန့်ကိုပင် စောင့်မနေတော့ပဲ ချက်ချင်းပင် လမ်းလျှောက်လာကာ ဓားဖြင့် ခုတ်ချလိုက်သည်။

ချွမ်း

အရှိန်လွန်သွားသောကြောင့် သူသည် ထန်းဟွားရုံ၏ ပေါင်ကို ခုတ်မိလိုက်ကာ သူ၏ဓားပါ နှစ်ပိုင်း ပြတ်သွားသည်။

" အား "

ထန်းဟွားရုံသည် အသားကုန် အော်ဟစ်ကာ ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်ပြီး သူ့မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

သက်လတ်ပိုင်းလူသည် မှင်သက်သွားသည်။

သူသည် ကံကောင်းရန် မျှော်လင့်နေခဲ့သည်။

သန်း၁၀၀ပင် လွှဲပေးလိုက်သောကြောင့် တစ်ဖက်လူသည် သန်း၂၀လောက်ကို လျစ်လျုံရှုပေးလိုက်မည်ဟု ထင်နေခဲ့သည်။

သို့သော် သူ့ရှေ့မှ လူငယ်လေး၏ ရက်စက်ကြမ်းကြုတ်မှုမှာ သူ မျှော်လင့်ထားသော အတိုင်းအတာထက် ကျော်လွန်နေသည်။

သူတစ်ယောက်တည်းသာ မဟုတ်ဘဲ ကြည့်နေသော လူတိုင်းသည်လည်း အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်နေကြသည်။

သူတို့သည် ယဲ့ဖန်ကို ထပ်ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးထဲတွင် နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည်။

သို့သော် ထိုကောင်လေးသည် ကတိတည်သည် ဆိုတာကိုတော့ သူတို့ သိကြသည်။

ထိုသည်ကို သံသယဖြစ်ရန် မလိုပေ။

နောင်တွင် သူ့အား မေးခွန်းထုတ်ချင်ပါက လူတိုင်းသည် နှစ်ခါပြန်စဥ်းစားရမည် ဖြစ်သည်။

အပိုင်း ( ၁၀၂၃ )

သနားကြင်နာတယ်ဆိုတာ ကောင်းတဲ့အရာပဲ။ ဒါပေမဲ့ အဲ့တာက လူကောင်းတွေနဲ့ပဲ ထိုက်တန်တယ်။

" သူတို့ကို ဆေးရုံပို့ပေးလိုက်။ တကယ်လို့ သူတို့သေသွားရင် ခင်ဗျားကို မေးခွန်းထုတ်ရလိမ့်မယ် "

ယဲ့ဖန်သည် ကျားသစ်ရူးကို လှည့်ကြည့်ကာ ပြောလိုက်သည်။

" ဟုတ်ကဲ့၊ စိတ်မပူပါနဲ့ ယဲ့လူကြီးမင်း။ ကျွန်တော် သေချာ ကိုင်တွယ်လိုက်ပါ့မယ် "

ကျားသစ်ရူးသည် ချက်ချင်း ခေါင်းညိတ်ကာနာခံလိုက်သည်။

ဤကဲ့သို့ အပြစ်ကင်းသော ပုံစံဖြင့် အန္တရာယ်ကင်းသည်ဟု ထင်ရသော ယဲ့လူကြီးမင်းသည် အမှန်တကယ်တွင် ရက်စက်ကြမ်းကြုတ်သောလူ ဖြစ်သည်။

တစ်ဖက်လူနှင့် ဖုန်းမှ တစ်ဆင့် စကားပြောနေသော အချိန်မှာပင် ထိုလူကို ကြောက်ရွံ့တုန်လှုပ်စေသည်။

ယဲ့ဖန်သည် သူ့ကို အာရုံမစိုက်တော့ဘဲ ရှောင်ချန်းချင်းဆီသို့ လမ်းလျှောက်သွားသည်။

" ခင်ဗျားကို ဒီအထိ လာခိုင်းစေခဲ့မိပြီ။ ခင်ဗျားရဲ့ ကြိုးစားအားထုတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ နောက်ရက်မှ ခင်ဗျားကို ထမင်းလိုက်ကျွေးမယ် "

ရှောင်ချန်းချင်းသည် ရယ်မောကာ ပြောသည်။

" ကျွန်တော်ကသာ လူကြီးမင်းကို လိုက်ကျွေးသင့်တဲ့လူပါ။ လူကြီးမင်းက ကျွန်တော့်ကို မျက်နှာသာပြီး အချိန်ပေးမယ်လို့ မျှော်လင့်ပါတယ် "

နောက်ဆုံးအကြိမ် ဟန်မိသားစုအား တိုက်ခိုက်ခံရသောအချိန်တုန်းက သူသည် ယဲ့ဖန်မှာ အလွန် ရက်စက်ကြမ်းကြုတ်သောလူ ဖြစ်ကြောင်း သူ သိခဲ့ရသည်။

ထိုအချိန်၌ သူသည် အလျင်အမြန် အပြေးရောက်သွားသေည်လည်း ကိစ္စများမှာ ပြီးနှင့်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် ဘာကိုမှ သေချာ မမြင်တွေ့လိုက်ရချေ။

သို့သော် ယနေ့တွင်တော့ ယဲ့ဖန်၏ နည်းလမ်းများကို သူ၏ မျက်လုံးများဖြင့် ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။

ယဲ့ဖန်သည် အတော် ရက်စက်လွန်းလှသည်။

ဘယ်လိုတောင် သွေးအေးတတ်လိုက်တဲ့လူလဲ။

သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

အထူးသဖြင့် သူ၏ ကောင်းကျိုးမပေးသော သားများအကြောင်း တွေးမိသောအခါ စိတ်ညစ်ရပေသည်။

သူ၏ သားများသည် ယဲ့ဖန်နှင့် ဘယ်လိုမှ မယှဥ်နိုင်ပေ။

သူတို့သည် တစ်ဖက်လူငယ်လေး၏ ဖိနပ်အား ကိုင်ပေးရန်ပင် အဆင့်မမှီချေ။

ထိုသည်မှာ သံသယဝင်ရန်ပင် မလိုအပ်ပေ။

ဟုန်းမိသားစု၏ အခြေအနေသည်လည်း သူတို့နှင့် အလားတူပင် ဖြစ်သည်။

ဟုန်းကျားကျွန်း တစ်ယောက်သာ မဆိုးလှချေ။

သို့သော် သူသည် လောင်းကစားတစ်ခုတည်းတွင်သာ တော်သောသူ ဖြစ်သည်။

သူ၏ နည်းလမ်းများသည် ယဲ့ဖန်နှင့် ယှဥ်ပါက အဆပေါင်းများစွာ နိမ့်ကျသည်။

လောင်းကစားမြို့သည် အနာဂတ်တွင် ယဲ့ဖန်၏ ကမ္ဘာဖြစ်လာမည်ဟု သူ အာရုံရနေသည်။

တစ်ဖက်လူနှင့် အတွင်းသိစွာ ချည်နှောင်နိုင်ရန် ရှောင်ချန်းချင်းသည် နည်းလမ်းတစ်ခု ရှာနေပုံရသည်။

သူ့အတွက် မတွေးနိုင်လျှင်ပင် သူ၏ မျိုးဆက်များအတွက် တွေးရမည် ဖြစ်သည်။

ထိုအကြောင်းကို တွေးပြီးသည့်နောက် ယဲ့ဖန်နှင့် ထပ်တွေ့သောအခါတွင် သူသည် ပို၍ လေးစားစွာ ဆက်ဆံခဲ့သည်။

ထိုမြင်ကွင်းကို လူတိုင်းမှ မြင်သောအခါ ယဲ့လူကြီးမင်း၏ သရုပ်မှန်ကို ပို၍ သေချာသွားစေသည်။

သူသည် တတိယမျိုးဆက် အမွေခံတစ်ယောက် ဖြစ်ပုံရသည်။

လူများ တွေးနေသောအရာကို ယဲ့ဖန်သည် အာရုံမစိုက်ချေ။

ထိုနေရာရှိ ကိစ္စများ ပြီးသွားသောအခါ သူသည် ဆက်၍မနေတော့ဘဲ ချန်းဖေးအယ်နှင့်အတူ ထွက်သွားတော့သည်။

ရှောင်ချန်းချင်းသည်လည်း အကြာကြီးမနေချေ။

ယဲ့ဖန်ထွက်သွားပြီးနောက် မကြာခင်မှာပင် သူလည်း ထွက်သွားသည်။

အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းနေစဥ် ကျားသစ်ရူးသည် လက်ပြတ်ခြေပြတ် ညီအစ်ကို နှစ်ယောက်ကို ဆေးရုံသို့ ပို့ပေးရန် သူ့လူများကို ညွှန်ကြားနေသည်။

ထိုနေရာရှိ ဖြစ်ရပ်ကို ကြည့်နေသော လူများသည် လျှို့ဝှက်စွာ ဗီဒီယို မရိုက်ထားကြောင်း သေချာသိရစေရန် ထိုလူများ၏ ဖုန်းတိုင်းကိုလည်း သူ့လက်အောက်ငယ်သားများအား တစ်ယောက်ချင်းစီ လိုက်၍ စစ်ခိုင်းနေသည်။

ထိုကဲ့သို့ အရာမျိုးသည် အင်တာနက်ပေါ်သို့ ပျံ့နှံ့သွားပါက ကြီးမားသည့် ပြဿနာများ ဖြစ်သွားစေမည် ဖြစ်သည်။

ကံကောင်းစွာဖြင့် လူတိုင်းသည် ပြဿနာအတက်မခံလိုကြပေ။

ဤဖြစ်စဥ် တစ်လျှောက်လုံးကို သူတို့သည် မျက်မြင် ကြုံတွေ့လိုက်ကြသော်လည်း မည်သူမျှ ဗီဒီယို မရိုက်ရဲကြချေ။

..............................

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် အတော်ဝေးသည့်နေရာသို့ လမ်းလျှောက်လာခဲ့ပြီးဖြစ်သည်။

သို့သော် သူမသည် သူ့ကို ငေးကြည့်နေဆဲ ဖြစ်သည်။

" ဘာလို့ ကိုယ့်ကို အဲ့လိုမျိုး ဆက်ကြည့်နေသေးတာလဲ "

ယဲ့ဖန်သည် ကူရာကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။

" နင်က သနားကြင်နာတတ်တယ်လို့ အရင်က ပြောခဲ့တယ် မဟုတ်လား။ မျက်စိတစ်မှိတ်အတွင်း လူတွေရဲ့ ခြေတွေလက်တွေကို ဖြတ်ခိုင်းတာတောင် နင့်ကိုယ်နင် သနားကြင်နာတတ်တယ်လို့ ဘယ်လိုတောင် ပြောရဲရတာလဲ "

" ကိုယ်က သူတော်ကောင်းလို နှိမ့်ချတတ်ပေမဲ့ နတ်ဆိုးလိုလည်း ဒေါသထွက်တတ်တယ်။ ကိုယ် သူတို့ကို ညှာတာပေးခဲ့ပြီးသားပဲ။ ဒါပေမဲ့ သူတို့က အဲ့တာကို တန်ဖိုးမထားဘူးလေ။ အဲ့တော့ ကိုယ်က ဘာလုပ်နိုင်မှာလဲ "

ယဲ့ဖန်သည် နှုတ်ခမ်းကိုသပ်ကာ ပြောလိုက်သည်။

" ဒါပေမဲ့ နင့်ရဲ့ နည်းလမ်းတွေက ကြမ်းတမ်းလွန်းတယ်လေ။ နင် သူတို့ကို သင်ခန်းစာတစ်ခုပဲ ပေးလိုက်လို့ ရသားပဲ။ ဘာလို့ သွေးထွက်သံယိုဖြစ်အောင် လုပ်ရတာလဲ။ သူတို့က လူကောင်း မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ နင်က သူတို့ထက် ပိုဆိုးတယ်လို့ ငါ ထင်နေတယ် ...... "

ချန်းဖေးအယ်သည် သိသာစွာပင် ယဲ့ဖန်၏ စကားများကို သဘောမကျချေ။

ယဲ့ဖန်သည် ရပ်တန့်သွားကာ သူ၏ အမူအရာသည်လည်း အေးစက်သွားသည်။

" တကယ်လို့ သူတို့နဲ့ ဆုံတဲ့သူက ကိုယ် မဟုတ်ခဲ့ရင် ဒါမှမဟုတ် ကိုယ်က ဩဇာ အာဏာမရှိတဲ့ လူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ့်အပေါ် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာရော မင်းတွေးဖူးလား "

ယဲ့ဖန်၏ အမူအရာကြောင့် ချန်းဖေးအယ်သည် အံ့ဩသွားကာ ဘာမှ မပြောနိုင်တော့ပေ။

အကယ်၍ ယဲ့ဖန်သည် လောင်းကစားမြို့၌ လွှမ်းမိုးမှု မရှိပါက ယနေ့ဖြစ်သော သူ့အခြေအနေသည် လုံးဝကို ဆိုးရွားနေမည်ဖြစ်သည်။

ဤနေရာတွင် သူ့အသက်ကိုပင် ဆုံးရှုံးရနိုင်သည်။

ယဲ့ဖန်သည် သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

" သနားကြင်နာပေးတာက ကောင်းတဲ့အရာပဲ။ ဒါပေမဲ့ အဲ့တာက လူကောင်းတွေနဲ့ပဲ ထိုက်တန်တယ်။ မကောင်းတဲ့ကောင်တွေကို ညှာတာပေးလိုက်တာက လူကောင်းတွေအတွက်တော့ အကြီးမားဆုံးသော မတရားမှုပဲ "

" ကိုယ် ရှင်သန်နေတဲ့ လမ်းကြောင်းက လူကောင်းတွေကို ဆယ်ဆ ပိုကောင်းအောင် ဆက်ဆံပေးဖို့ပဲ။ တကယ်လို့ မကောင်းတဲ့ကောင်းတွေအတွက်ဆိုရင်တော့ ကိုယ်က ဆယ်ဆမက မိစ္ဆာ ပိုဆန်ရလိမ့်မယ် "

ယဲ့ဖန်သည် ထိုသို့ပြောပြီးနောက် ချန်းဖေးအယ်ကို လျစ်လျုံရှုပြီး အရှေ့တည့်တည့်သို့သာ လမ်းလျှောက်သွားတော့သည်။

ချန်းဖေးအယ်သည် သတိပြန်မဝင်လာခင် အချိန်အတော်တန်ကြာ မှင်သက်နေပြီး ယဲ့ဖန်၏ နောက်ကျောကို စိုက်ကြည့်နေမိသည်။

ချန်းဖေးအယ်သည် တစ်ဖက်လူ၏ ပြစ်တင်ရှုံ့ချခြင်းကို ခံလိုက်ရသော်လည်း ယဲ့ဖန်၏ စကားများမှာ အမှန်တကယ်တွင် အချက်အလက်ကျသည်ဆိုကြောင်းကို သူမ ဝန်ခံရမည် ဖြစ်သည်။

သူမ၏ သရုပ်မှန်ကြောင့် သူမသည် လုံခြုံရေးအဖွဲ့၏ စည်းမျဥ်းများကို လိုက်နာရသည်။

အတော်ပင် ရက်စက်ကြမ်းကြုတ်လှသည့် လူ့အမှိုက်များကို ဖမ်းမိခဲ့သော်လည်း လုပ်ထုံးလုပ်နည်းများကို လိုက်နာရကာ သူမတို့၏ ပုဂ္ဂိုလ်ရေးဒေါသများကို ချိုးနှိမ်ထားရသည်။

အချိန်ကြာလာနှင့်အမျှ ဘယ်အရာကိုမဆို မလုပ်ရသေးခင်ပင် သူမသည် စည်းမျဥ်းစည်းကမ်းများနှင့် ကိုက်မကိုက် အရင်ထည့်သွင်းစဥ်းစားတတ်သော အကျင့်ရှိလာသည်။

သို့သော် ယဲ့ဖန်၏ စကားလုံးများသည် ခေါင်းလောင်းကြီးတစ်လုံးကဲ့သို့ သူမ၏ နှလုံးသားကို လှုပ်ခါသွားစေသည်။

အဲ့တာမှန်တာပဲ။

လူကောင်းတွေကိုသာ ကောင်းကောင်း ဆက်ဆံမယ်ဆိုရင် မကောင်းတဲ့ကောင်တွေနဲ့ ဆက်ဆံတဲ့အခါ ဘာလို့ အကျိုးအကြောင်းကို စဥ်းစားနေရဦးမှာလဲ။

အရေးမပါတဲ့ စည်းမျဥ်းစည်းကမ်းတွေ။

အရေးမပါတဲ့ လုပ်ထုံးလုပ်နည်းတွေ။

ဤအချိန်သည် သူမအတွက် တိမ်များ ကင်းစင်သွားကာ နေရောင်ခြည် ထွက်ပေါ်လာသလို ပေါ့ပါးခံစားသွားရသည်။

သူမ၏ စိတ်သည် ကြည်လင်သွားကာ ယဲ့ဖန်နောက် ပြေးလိုက်သွားသည်။

" နင်စိတ်ဆိုးနေတာလား "

သူမသည် ယဲ့ဖန် အနောက်သို့ လိုက်ကာ သူ့အမူအရာကို တိတ်တဆိတ် အကဲခတ်နေသည်။

" ကိုယ်က မကောင်းတဲ့ကောင်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒါတောင် ဘာလို့ ကိုယ့်အနောက်ကို ဆက်လိုက်နေသေးတာလဲ "

ယဲ့ဖန်သည် ခပ်တည်တည် ဖြစ်နေသေးကာ မပြုံးသေးပေ။

" ငါပြောတာ မှားသွားပါတယ်။ ငါ တောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့ "

သူမသည် ယဲ့ဖန်အဝတ်ကို ဆွဲကာ တခစ်ခစ်ရယ်လျက် ချော့မော့နေသည်။

" ကိုယ့်ကို လာပြီး ပြောင်မနေနဲ့။ ကိုယ့်တို့လမ်းကြောင်းတွေက မတူတဲ့အတွက် အလုပ်တူတူလုပ်လို့ ရမှာ မဟုတ်ဘူး။ အားကန်ကို စစ်ဆေးမေးမြန်းပြီးတာနဲ့ မင်းလမ်းမင်းသွား၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်သွားမယ်။ တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ကြရအောင် "

ယဲ့ဖန်သည် သူမ၏ လက်ကို ခါချလိုက်သည်။

သူသည် မလှုပ်မရှားရှိနေဆဲ ဖြစ်သည်။

" အာ၊ ငါ တကယ်ကို မမျှော်လင့်ထားခဲ့မိဘူး။ ရှောင်မိသားစုရဲ့ ခေါင်းဆောင်ကတောင် လေးစားရတဲ့ ယဲ့လူကြီးမင်းက အရမ်းသဘောထားသေးသိမ်နေမယ်လို့။ သူက ငါ့လို မိန်းမငယ်လေးတစ်ယောက်နဲ့တောင် တကယ်ကြီး ငြင်းခုန်နေတာပဲ "

ချန်းဖေးအယ်သည် ယဲ့ဖန်၏ ဘေးနားမှ လိုက်လာကာ စတင်၍ ထေ့ငေါ့စောင်းချိတ် ပြောနေသည်။‌

ယဲ့ဖန်သည် သူမ၏ စကားလုံးများကြောင့် ပြုံးသွားသည်။

" မင်းက မိန်းမငယ်လေးတဲ့လား။ အမျိုးသမီးနတ်ဆိုး တစ်ယောက်နဲ့တောင် ပိုတူတယ်လို့ ကိုယ်ကတော့ ထင်မိတယ်၊ ဟုတ်တယ်မလား "

သူ့အပြုံးကို မြင်သောအခါ ချန်းဖေးအယ်သည် ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။

" နောက်ဆုံးတော့ နင် ပြုံးလာပြီ။ စိတ်မဆိုးတော့ဘူးမလား။ ဟုတ်တယ်မလား "

ယဲ့ဖန်၏ မျက်နှာသည် ထပ်၍ တည်သွားလျက် ပြောသည်။

" ဟမ်း၊ မင်းလို ကလေးမလေးကို ကိုယ်ကစိတ်ဆိုးဖို့ လိုလို့လား "

ယဲ့ဖန်မှ ထိုကဲ့သို့ ပြောလိုက်သော်လည်း ချန်းဖေးအယ်အား စိတ်ဆိုးမနေတော့ဘူးဆိုသည်ကို သူမ သိသွားပြီးနောက် စိတ်သက်သာရာစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

" ဟိုမှာ ပန်းခြံတစ်ခုရှိပုံပဲ။ ငါတို့ ဝင်ပြီး သွားကြည့်ကြရအောင် "

ယဲ့ဖန်နောက်သို့ လိုက်သည်မှာ ခဏကြာပြီးသည့်နောက် သူမသည် သူတို့ရှေ့ရှိ ပန်းခြံကို ညွှန်ပြလိုက်သည်။

" မသွားဘူး "

ယဲ့ဖန်သည် ချက်ချင်း ငြင်းလိုက်သည်။

" သွားရအောင်၊ သွားရအောင်ပါ ...... "

ချန်းဖေးအယ်သည် ချွဲနွဲ့နွဲ့လုပ်ကာ ယဲ့ဖန်ကို ဆွဲခေါ်သွားသည်။

ပန်းခြံထဲသို့ ဝင်သွားသောအခါ သူမသည် ချက်ချင်းပင် နောင်တရသွားသည်။

ပန်းခြံထဲတွင် လူအများအပြား ရှိနေကာ အများစုသည် စုံတွဲများဖြစ်ကြသည်။

တချို့သည် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြသည်။

တချို့သည် လက်တွဲရင်း လမ်းလျှောက်နေကြသည်။

တချို့မှာတော့ လူမြင်ကွင်းမှာပင် နမ်းနေကြသည်။

သူတို့နှစ်ယောက်သည် ထိုနေရာတွင် လမ်းလျှောက်ရန် အနည်းငယ် အခက်တွေ့နေသည်။

သူတို့နှစ်ယောက်သည် အကြင်လင်မယားများ မဟုတ်သလို စုံတွဲများလည်း မဟုတ်ကြပေ။

သူတို့သည် လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြသည်။

" အဟမ်း သွားကြရအောင် "

ချန်းဖေးအယ်၏ မျက်နှာသည် အနည်းငယ်နီမြန်းနေကာ ထွက်သွားဖို့ လှည့်လိုက်သည်။

" မသွားပါဘူး။ ဒီနေရာက တော်တော်လေးကို ကောင်းတယ်လို့ ကိုယ်ထင်တယ် "

ယဲ့ဖန်သည် ထွက်မသွားချင်ပေ။

သူသည် သူမ၏ လက်ကိုဆွဲကာ ပန်းခြံထဲသို့ ဝင်သွားရင်း ထိုင်ရန် ခုံတန်းတစ်ခု လိုက်ရှာတော့သည်။

ချန်းဖေးအယ်သည် အလျင်အမြန်ပင် ဘေးတစ်ဖက်သို့ ရွှေ့ကာ ခပ်လှမ်းလှမ်းတွင် နေနေသည်။

သို့သော်လည်း သူမသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။

သူမ၏ အမူအရာကို မြင်သောအခါ ယဲ့ဖန်၏ မျက်လုံးများတွင် အပြုံးတစ်ခု တောက်ပသွားသည်။

" ဟိုတစ်တွဲကို ကြည့်လိုက်။ သူတို့က စုံတွဲမဟုတ်တာ သိသာတယ် "

သူသည် ပန်းခြံထောင့်တစ်နေရာတွင် ပြင်းပြင်းပြပြ နမ်းနေသော အတွဲတစ်တွဲကို ညွှန်ပြလိုက်သည်။

အပိုင်း ( ၁၀၂၄ )

ကိုယ်တို့က တော်တော်လေး ဖြူစင်ပါတယ်

" အဓိပ္ပာယ် မရှိတာ။ သူတို့က စုံတွဲမဟုတ်ရင် ဘယ်လိုလုပ်ပြီး လက်ပွန်းတတီး ဖြစ်နေမှာလဲ "

ထိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလွန်ပင် ပြင်းထန်စွာ နမ်းရှုတ်နေကြသည်ကို ချန်းဖေးအယ် မြင်သောအခါ သူမသည် သူတို့၏ ခန္ဓာကိုယ်များကို ဆွဲခွာချင်နေသည်။

ထိုမြင်ကွင်းက သူမကို ပို၍ ပူလောင်လာစေသည်။

" သေချာကြည့်။ ဟိုလူက ကောင်မလေးကို နမ်းတဲ့အခါ ပတ်ဝန်းကျင်ကို ကြည့်နေတယ်။ အဲ့တာက သူ့မှာ အပြစ်ရှိစိတ် ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ။ ပြီးတော့ သူတို့နှစ်ယောက်က တခြားသူတွေဆီကနေ ပုန်းကွယ်ဖို့ အတော်လျှို့ဝှက်တဲ့ နေရာကို သေချာရွေးထားတယ် "

ယဲ့ဖန်သည် ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာပြနေသည်။

ချန်းဖေးအယ်သည် ထိုအချက်များက ယုတ္တိရှိသည်ဟု ခံစားနေရသည်။

ထိုအတွဲကြားတွင် ဇယားတစ်ခုခု ရှိနေပုံရသည်။

" ဟိုအတွဲကိုလည်း ကြည့်လိုက်ဦး။ အဲ့တစ်ယောက်က ပင်လယ်ဘုရင်နဲ့တူတယ် "

" ဘာလို့လဲ "

" ဘာလို့လဲဆိုတော့ အမျိုးသမီးတစ်ယောက်နဲ့ ချိန်းတွေ့နေတဲ့ အချိန်မှာတောင် သူက တစ်ယောက်ယောက်နဲ့ စာပို့နေသေးတယ်လေ "

" ဘာကိုဆိုလိုတာလဲ။ သူက သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ပြောနေတာလည်း ဖြစ်နိုင်တယ်လေ "

" မဟုတ်ဘူး၊ သူ စာပြန်နေတဲ့အချိန် သူ့နှုတ်ခမ်းထောင့်က မသိမသာလေး တွန့်ကွေးသွားတယ်။ သူ့ရဲ့ အမူအရာထဲမှာ ကျေနပ်နေတဲ့ အရိပ်အယောင်တွေ ပြနေတယ်။ သူ တခြားမိန်းမတစ်ယောက်နဲ့ စကားပြောနေတာပဲ ဖြစ်ရမယ် ..... "

" အဲ့တာက အဓိပ္ပာယ်ရှိပုံပဲ "

" အဲ့အတွဲကို ထပ်ကြည့်လိုက်။ အဲ့မိန်းမက ချမ်းသာတဲ့ ယောက်ျားကို အမိဖမ်းနေတာ ..... "

ယဲ့ဖန်သည် သူတို့အနားတွင် ဘယ်သူမှ မရှိသောကြောင့် ပန်းခြံထဲရှိ အတွဲအားလုံးကို ခွဲခြမ်းစိတ်ဖြာပြနေပြီး သူ့စကားများမှာလည်း အဓိပ္ပာယ်ရှိနေသည်။

ချန်းဖေးအယ်သည် သူ၏ စေ့စပ်စွာ ခွဲဖြမ်းစိတ်ဖြာမှုများကို သဘောကျနေလျက် သူမသည် အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။

" ဘာလို့ ဒီမှာရှိတဲ့လူတွေက လူကောင်းနဲ့ မတူဘူးလို့ ပြောနေရတာလဲ "

" သူတို့က ဇယားတစ်ခုခု၊ ဒါမှမဟုတ် မကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုခုကြောင့် အပေးအယူ မျှနေကြတာပဲ။ ဒီနေရာမှာ စစ်မှန်တဲ့ စုံတွဲဆိုတာ မရှိဘူး "

ယဲ့ဖန်သည် ပုခုံးများကို တွန့်လိုက်သည်။

" ဒါပေါ့၊ ကိုယ်တို့ကတော့ အရမ်းဖြူစင်တယ်လေ။ ဒီလိုဖြူစင်မှုမျိုးက ညီအစ်ကိုတွေလို့ ယူဆလို့ ရတယ် "

ချန်းဖေးအယ်သည် မျက်လုံးများ ဝေ့လိုက်သည်။

" ဘယ်သူက နင်နဲ့ ညီအစ်ကို ဖြစ်ချင်နေလို့လဲ "

ယဲ့ဖန်၏ နှုတ်ခမ်းများသည် တွန့်ကွေးသွားသည်။

" မင်းက ကိုယ့်ညီအစ်ကို မဖြစ်ချင်ဘူးဆိုရင် ဘာဖြစ်ချင်နေတာလဲ။ ချစ်သူလား "

" ဒါပေမဲ့ ကိုယ့်မှာ ရည်းစားတွေ ရှိနေပြီးသား ဖြစ်နေတယ်။ တတိယနဲ့ စတုတ္ထနေရာတွေမှာလည်း ရည်းစားတွေရှိနေတယ်။ ကိုယ်မင်းကို နံပါတ်၈ နေရာမှာတော့ ထားပေးနိုင်တယ် "

" နင် … သွားသေလိုက် "

ယဲ့ဖန်၏ မသင့်တော်သော စကားများကို ပို၍ ကြားလာရသောအခါ ချန်းဖေးအယ်သည် ရှက်ရွံ့ကာ ဒေါသထွက်လာသည်။

သူမသည် ရူးသွားတော့မလို ခံစားနေရသည်။

သူမသည် ယောကျာ်းတစ်ယောက်၏ အနောက်သို့ လိုက်ကာ ပန်းခြံထဲရှိ အတွဲများကိုဝေဖန်နေခဲ့သည်။

သူမ ဘယ်လောက်တောင် ပျင်းစရာကောင်းနေလို့လဲ။

သူသည် သူမကို သူ၏ညီအစ်ကိုပင် ဖြစ်စေချင်နေသည်။

သူက ငါ့ကို ကျန်းဖေးလို့များ ထင်နေတာလား။

မက်မွန်ဥယာဥ်က ကျမ်းကျိန်ထားတဲ့ ညီအစ်ကိုသုံးယောက်လိုလေ။

သူမ တွေးလေလေ ဒေါသ ပိုထွက်လာလေလေ ဖြစ်သည်။

ထို့ကြောင့် သူမ ထရပ်ကာ ထွက်သွားတော့သည်။

ယဲ့ဖန် ပြုံးမိသွားသည်။

ဒီတစ်ယောက်ကို စရတာ တကယ် မလွယ်ဘူးပဲ။

သူမက ဒီလောက်တောင် ဒေါသထွက်သွားတာပဲ။

ထိုအချိန် သူတို့သည် ကားတစ်စီး၏ အသံကို ကြားလိုက်ရသည်။

အသံသည် ပထမတွင် ညင်သာသော်လည်း ချက်ချင်းပင် မိုးကြိုးပစ်ချလိုက်သလို ပန်းခြံတစ်ခုလုံးဆီသို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

ယဲ့ဖန် လှည့်ကြည့်လိုက်သည်။

ထို့နောက် ကားသုံးစီးသည် တန်းစီကာ ပန်းခြံထဲသို့ တရကြမ်း မောင်းဝင်လာသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ချန်းဖေးအယ်သည် ပန်းခြံအဝင်ဝသို့ ရောက်နေပြီဖြစ်သည်။

အနီရောင် Lamborghiniသည် သူမကို တိုက်မိလုနီးပါးပင် ဖြစ်သွားသည်။

သို့သော် သူမသည် လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ခဲ့ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်နိုင်သည်။

စူပါပြိုင်ကားသည် သူမ၏ ခန္ဓာကိုယ်ကို ပွတ်ဆွဲမိလုနီးပါး ဖြစ်သွားသည်။

သူမနောက်သို့ Alfa MPVကား နောက်တစ်စီး ရောက်လာသောအခါ သူမသည် ထိတ်လန့်တုန်လှုပ်နေသော အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

သူမ၏ ရှေ့မှကားကို ရှောင်လိုက်ရုံသာ ရှိသေးသောကြောင့် သူမသည် ခြေထောက်သေချာ မထောက်ရသေးသလို ဖြစ်နေသည်။

ထို့ကြောင့် နောက်တစ်ကားကို သူမသည် အချိန်မှီ မရှောင်နိုင်ပဲ ထိုကားမှ ဝင်တိုက်သွားမည်ကိုသာ ကြည့်နေနိုင်ရုံပဲ တတ်နိုင်သည်။

ထိုသို့ အရေးကြီးနေသောအချိန်တွင် သူမ၏ လက်မောင်းများကို သန်မာသော လက်တစ်စုံမှ ဆွဲကိုင်လိုက်ခြင်းကို ခံလိုက်ရသည်။

ထို့နောက် သူမသည် ထိုနေရာမှ လွတ်သွားသည်။

အကြောင်းမှာ ဆွဲလိုက်သောအားသည် အလွန်သန်မာလှသောကြောင့် သူမ၏ ခန္ဓာကိုယ်သည် လေထဲတွင် ပျံသန်းသွားသလို ခံစားလိုက်ရသည်။

ထို့နောက် သူမသည် တစ်ဖက်လူ၏ ရင်ခွင်ထဲသို့ တိုးဝင်ရောက်ရှိသွားတော့သည်။

" အိုး "

သူမသည် သူ့ကို ပြင်းထန်စွာ ဆောင့်မိသွားသောကြောင့် သူမ၏ အထိအခိုက် မခံနိုင်သောနေရာနှစ်ခုသည် ပေါက်ကွဲထွက်သွားသလို သူမ ခံစားလိုက်ရသည်။

သူမသည် နာကျင်မှုကြောင့် ချက်ချင်းပင် မျက်ရည်များကျလာသည်။

သူမခေါင်းကို မော့ကြည့်လိုက်သောအခါ သူမကို ကယ်သောလူသည် ယဲ့ဖန် ဖြစ်နေကြောင်း မြင်လိုက်ရသည်။

သူမ အဆွဲခံလိုက်ရသောအချိန်မှာပင် MVPနှစ်စီးသည် သူမ၏ အနောက်မှ ဝှီးခနဲမြည်ကာ ဖြတ်ကျော်သွားသည်။

လူများကို ဒေါထွက်စေသောအရာသည် ထိုကားသုံးစီးမှာ အချိန်မှီ မရပ်သောကြောင့်မဟုတ်ပေ။

ထိုအစား သူတို့သည် ပန်းခြံထဲသို့ ကြမ်းတမ်းစွာ မောင်းဝင်လာသောကြောင့် ဖြစ်သည်။

အခြားသူများသည် ယဲ့ဖန်ကဲ့သို့ လျင်မြန်စွာ မတုံ့ပြန်နိုင်ပေ။

အတွဲတော်တော်များများမှာ လွင့်ထွက်သွားကြသည်။

သူတို့သည် မြေပြင်ပေါ်တွင် လဲကျကာ ညည်းတွားနေကြသည်။

ရှေ့ဆုံးတွင် ရှိနေသာ Lamborghiniသည် အမိုးဖွင့်ကားဖြစ်ကာ ရွှေရောင်ဆံပင်ရှိ နိုင်ငံခြားသားတစ်ယောက်မှ မောင်းနေခြင်း ဖြစ်သည်။

ယဲ့ဖန် ဒေါသထွက်သွားသည်။

ထိုစူပါကား ဖြတ်ကျော်သွားသောအချိန် ငွေအပ်တစ်ခုသည် ရုတ်တရက် သူ၏ လက်မှ ပျံထွက်လာသည်။

စူပါကားသည် ချက်ချင်းပင် အထိန်းအကွပ်မဲ့သွားကာ အနီးရှိ သစ်ပင်ကို ဝင်တိုက်သွားသည်။

လေအိတ်များသည်လည်း ပွင့်ထွက်လာတော့သည်။

" အာ သေစမ်း "

နိုင်ငံခြားသားသည် ကျိန်ဆဲလိုက်ကာ သူ့လည်ပင်းနောက်မှ အပ်ကိုဆွဲထုတ်လိုက်သည်။

" ဘာကြီးလဲ "

နောက်မှ MVPsကား နှစ်စီးသည်လည်း ရပ်သွားသည်။

ရွှေရောင်မျက်မှန်ကိုင်းကို တပ်ထားသော လူသည် ကားထဲမှ အရင်ထွက်လာသည်။

သူ့အနောက်တွင်လည်း သက်တော်စောင့် ၇၊ ၈ယောက်လောက် လိုက်ပါလာသည်။

" ဝီလ်ဆင်လူကြီးမင်း၊ ခင်ဗျား အဆင်ပြေရဲ့လား "

ရွှေရောင်မျက်မှန်ကို ဝတ်ထားသောလူသည် အလျင်အမြန် ပြေးလာကာ နိုင်ငံခြားသားအား ဒဏ်ရာ ရမရ သေချာ စစ်ဆေးနေသည်။

နိုင်ငံခြားသားသည် ခေါင်းခါပြလိုက်ပြီး ငွေအပ်ကို သူ့ဆီသို့ လက်လွှဲပေးလိုက်သည်။

သူသည် စကားအနည်းငယ်ပြောကာ အတော်ဒေါသထွက်နေပုံရသည်။

ထိုလူသည် ငွေအပ်ကိုယူကာ ကြည့်လိုက်သည်။

ထို့နောက် သူသည် ချက်ချင်း ဒေါသတကြီးဖြစ်သွားသည်။

" ဒီအပ်ကိုပစ်လိုက်တာ ဘယ်သူလဲ။ ထွက်ခဲ့စမ်း "

ယဲ့ဖန်၏ အနားတွင် ရပ်နေသော လူအနည်းငယ်ရှိသည်။

သူတို့သည် ထိုလူများ၏ အပြုအများကြောင့် ဒေါသထွက်နေသော်လည်း ထိုလူများသည် ပေါ့သေးသေး မဟုတ်ကြောင်း သိကြသည်။

သူတို့သည် ခေါင်းငုံ့ထားလိုက်ကြသည်။

ထိုလူသည် ချက်ချင်းပင် နှာမှုတ်လိုက်သည်။

" မင်းတို့က လုပ်ရဲကြပြီးတော့ ဝန်မခံရဲကြဘူးလား။ ဒါဆိုလည်း မင်းတို့အားလုံးကို ဖမ်းပြီး တစ်ယောက်ချင်း စစ်မေးရတာပေါ့။ မင်းတို့ဆီက ဘာမှထွက်မလာနိုင်ဘူးဆိုတာ ငါမယုံဘူး "

လူတိုင်းသည် ထိုစကားကို ကြားသောအခါ သူတို့၏ အမူအရာများသည် အတော်လေးကိုပြောင်းလဲသွားကြသည်။

အစောပိုင်းတုန်း၌ ကားနှင့် တိုက်မိမလိုဖြစ်သွားသော အမျိုးသမီးတစ်ယောက်သည် ယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။

" သူ အဲ့တာကိုပစ်လိုက်တာ ကျွန်မ တွေ့လိုက်တယ် "

All Chapters