အပိုင်း ၁၀၄၇-၁၀၄၀
Vol. 52 Ch. 1037-1040
အပိုင်း ( ၁၀၃၇ )
အသက်ရှင်နေတဲ့ ငရဲမင်းကြီးပဲ
ထိုကျယ်လောင်စွာအော်နေသောလူသည် လွန်ခဲ့သောနှစ်ညက ယဲ့ဖန်နှင့် ပြဿနာကိုရှင်းဖို့ ယွမ်သန်း၁၀၀ ထုတ်ပေးလိုက်ရသည့် လျုံထျန်းစစ်ပင် မဟုတ်လား။
ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။
ထိုအချိန်တွင် သူသည် ဒေါသထွက်နေသာကျားသစ်တစ်ကောင်ကဲ့သို့ ဖြစ်နေကာ လေယာဉ်မယ်တစ်ယောက်၏နှာ ခေါင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲနေသည်။
လေယာဉ်မယ်သည် သူမ၏ လုပ်ငန်းကျွမ်းကျင်မှုကို ပြသနေကာ သူမ၏လက်များကို သူမဝမ်းဗိုက်ရှေ့တွင် ချိတ်ထားကာ အထပ်ထပ်အခါခါ တောင်းပန်နေသည်။
“ ဆရာရယ်၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ချွင်းချက်ထားပေးပါ။ တကယ်လို့ ကျွန်မတို့ အဆိုပြုထားတဲ့လျော်ကြေးကို မကျေနပ်ဘူးဆိုရင် ဆရာကတောင်းဆိုလို့ရပါတယ်။ အဲ့တာကို ဖြည့်ဆည်းပေးဖို့ ကျွန်မတို့ အကောင်းဆုံးကြိုးစားမှာပါ “
“ မင်းကန်းနေတာလား။ ငါမပြောင်းဘူးလို့ ပြောပြီးပြီလေ။ မေ့လိုက်တော့။ ငါ့စိတ်အခြေအနေက ကောင်းမနေဘူး။ အရိုက်ခံရဖို့ တောင်းဆိုမနေနဲ့ “
လေယာဉ်မယ်သည် သူမက ဒီလိုဆက်ဆံရခက်သည့် ဧည့်သည်နှင့်တွေ့မည်ဟု မမျှော်လင့်ထားမိချေ။
သူမသည် အလွန်ဒေါသထွက်နေသာကြောင့် ငိုတော့မလိုပင် ဖြစ်နေသည်။
ယဲ့ဖန်ကို ခေါ်လာသော ကပ္ပတိန်နဲ့ ဒီနေရာတွင်ရှိနေသောလူတိုင်းသည် မျက်နှာအမူအရာ မကောင်းကြပေ။
ဒီလေကြာင်းလိုင်းသည် ဟုန်းမိသားစု၏လက်အောက်တွင်ရှိသော စီးပွားရေးတစ်ခုဖြစ်သည်။
ခေါင်းဆောင်ဟုန်းရှောင်ထျန်းသည် ဒီလူငယ်ကို လေဆိပ်သို့ တလေးတစားဖြင့် လိုက်ပို့သည်ဟု သူကြားသွားသောအခါ ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့၏အခန်းကို အဆင့်မြှင့်ပေးဖို့ ချက်ချင်းဆုံးဖြတ်လိုက်ပြီး လေယာဉ်မယ်အား ပထမတန်းတွင်ရှိသော ဧည့်သည်များနှင့်စကားပြောစေခဲ့သည်။
သူသည် အစက ယဲ့ဖန်၏ရှေ့တွင် ကြွယ်ပြချင်နေသည်.
သို့သော် ဒီလိုအခြေအနေမျိုး ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
အကယ်၍ သူသည် ချက်ချင်း မဖြေရှင်းပါက ယဲ့ဖန်၏ အမြင်ကောင်းကို မရရှိရုံသာမက သူ့ကိုဆန့်ကျင်သလိုပင် ဖြစ်သွားစေမည်ဖြစ်သည်။
ဤသည်ကို တွေးမိသောအခါ သူသည် ယဲ့ဖန်ကို ချက်ချင်းပဲ ပြုံး၍တောင်းပန်လိုက်သည်။
“ ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ။ ကျွန်တော်သွားပြီး သူနဲ့စကားပြောကြည့်ပါ့မယ် “
အဲ့လိုပြောပြီးတာနဲ့ သူသည် ချက်ချင်း လျုံထျန်းစစ်ဆီသို့ လျင်မြန်လမ်းလျှောက်သွားသည်။
“ ဟယ်လို ဆရာ၊ ကျွန်တော်က ဒီလေယာဉ်ရဲ့ ကပ္ပတိန် ဝမ်းခိုင်ရွှမ်ပါ “
ထိုလူအား ရိုးရိုးတန်းသို့ ပြောင်းခိုင်းခြင်းမှာ နည်းနည်းမှားနေသည် ဆိုတာကိုသူသိသည်၊ ထို့ကြောင့် သူသည် အလွန်တလေးတစားဖြင့် ပြောလိုက်သည်။
“ မင်းဒီလေယာဉ်ရဲ့ ကပ္ပတိန်၊ ဟုတ်လား။ မင်းတို့လေကြောင်းလိုင်းရဲ့ ဝန်ဆောင်မှုက မဆိုးရွားလွန်းဘူးလား။ ငါက ပထမတန်းမှာထိုင်နေတာလေ။ ဘာလို့ ငါ့ကို ရိုးရိုးတန်းကို မင်းတို့က ပြောင်းခိုင်းနေတာလဲ။ မင်းတို့ ဒီနေ့ ငါ့ကိုသေချာပေါက် ဖြေရှင်းချက်တစ်ခုပေးရမယ် “
လျုံထျန်းစစ်သည် ကပ္ပတိန်ကို မောက်မာစွာကြည့်လိုက်သည်။
“ ဆရာ၊ ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်။ ဒီလေယာဉ်ပေါ်မှာ အရမ်းကိုထူးခြားတဲ့ ဧည့်သည်ရှိနေတယ်ဆိုတာ ကျွန်တော်တို့အခုလေးတင်ပဲသိလိုက်ရပါတယ်။ ကျေးဇူးပြုပြီး နားလည်ပေးပါခဗျာ “
“ဟား ထူးခြားတဲ့ဧည့်သည်။ မင်းဆိုလိုတာက ငါကတော့ မလေးစားထိုက်ဘူးပေါ့။ “
“ ငါ မင်းတို့ ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာကိုသိတယ်။ ဖုန်းတစ်ခါခေါ်လိုက်တာနဲ့ မင်းရဲ့အလုပ်ကို ဆုံးရှုံးသွားစေမယ် ဆိုတာ မင်းယုံလား။ “
“ ဆရာ၊ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်တို့ ဆရာ့ကို နှောင့်ယှက်နေမိတယ်ဆို သိပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့လျော်ကြေး ယွမ်၁သိန်း အပြင် ကျွန်တော်က ဆရာ့ကို နောက်ထပ်ယွမ်၁သိန်း လျော်ကြေးပေးပါမယ်။ အနာဂတ်မှာ ဆရာကျွန်တော်တို့ဆီက လေယာဉ်ကိုစီးတဲ့အချိန်ကျရင် လက်မှတ်တိုင်းကို 50% discount ပေးပါမယ် “
“ ငါ့ဖင်ကို လျော်ကြေးပေးပါလား။ မင်းတို့ လျော်ကြေးသေးသေးလေးကို ငါက ဂရုစိုက်နေမယ်ထင်နေတာလား။ မေ့လိုက်တော့။ ငါ့ကိုလာ မနှောင့်ယှက်နဲ့ “
လျုံထျန်းစစ်သည် ပြေပြေလည်လည် မလုပ်ပေးချေ။
တစ်ဖက်တွင်စောင့်နေသော ယဲ့လူကြီးမင်းနှင့် မဆက်ဆံနိုင်တော့မှာကို သိသွားပြီးနောက် သူသည် ချက်ချင်းပင် ဒေါသထွက်လာသည်.
“ ကျုပ် ခင်ဗျားကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်။ နေရာပြောင်းပေးမှားလား မပြောင်းပေးဘူးလား။ “
လျုံထျန်းစစ်သည် ချက်ချင်းပင် ထရပ်သည်။
“ ဟေး၊ မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား။ “
“ မင်းကန်းနေတာလား။ ဘာလို့ ငါကဘယ်သူလဲဆိုတာကို မမေးတာလဲ။ မင်းက ပုန်ကန်နေတာလား။ “
ပြောပြီးတာနဲ့ သူသည် ကပ္ပတိန်၏ ကော်လံကို ဆွဲကိုင်လိုက်သည်။
“ ခင်ဗျား ဘာလုပ်တာလဲ။ လွှတ်စမ်း “ ကပ္ပတိန်သည် အံ့ဩသွား မြန်မြန် နောက်ဆုတ်လိုက်သည်။
သူ့ဘေးတွင် ရှိနေသာ လေယာဉ်အရာရှိနှင့် လေယာဉ်မယ်သည် ရန်ပွဲကိုတားဖို့ အလျင်အမြန်ရှေ့ကို တိုးလိုက်ကြသည်။
“ မင်းတို့ ဘာလုပ်တာလဲ။ သေစမ်း “
လျုံထျန်းစစ်သည် အော်ငေါက်လိုက်ကာ ကပ္ပတိန်၏မျက်နှာကို ထိုးလိုက်သည်။
“ အား “
အရာရှိနှင့် လေယာဉ်မယ်သည် ကြောက်ရွံ့စွာ အော်လိုက်သည်။
ထိုအချိန်မှာပဲ လျုံထျန်းစစ်၏ လက်မောင်းသည် တစ်စုံတစ်ယောက်၏ ဆွဲကိုင်ခြင်းကို ခံလိုက်ရကာ လှုပ်မရတော့ချေ.
“ လွှတ်စမ်း။ မင်းကသေချင်နေတာ … “
လျုံထျန်းစစ်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။
သူသည်ချက်ချင်း သူ့ခေါင်းကို နောက်သို့လှည့်ကာ အော်ငေါက်လိုက်သည်။
သို့သော် သူ့စကားမဆုံးခင်မှာပဲ သူသည် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ့ရှေ့တွင် ပြုံးနေသောမျက်နှာတစ်ခုသည် အလွန်ပင်ချောမောလှသည်။
၎င်းသည် လွန်ခဲ့သောနှစ်ရက် သူ၏အိမ်မက်ဆိုးဖြစ်သည်။
သူသည် ၎င်းကို မရှင်းထုတ်နိုင်သေးချေ။
လွန်ခဲ့သောညက အတွေ့အကြုံသည် သူ့ဘဝတစ်လျှောက်လုံးတွင် ကြောက်စရာအကောင်းဆုံးဟုပြောနိုင်သည်။
သူသည် ယွမ်သန်း၁၀၀ ငွေညှစ်ခံလိုက်ရရုံသာမက သူ့ညာလက်လည်း ခုတ်ဖြတ်ခံခဲ့ရသည်။
ဆေးရုံတွင် နှစ်ရက်နေပြီးသည့်နောက်တွင် အမှောင်ထဲမှတစ်စုံတစ်ယောက်သည် သူ့ကိုလုပ်ကြံဖို့ ကြိုးစားနေသည်ဟု ဆက်တိုက်ခံစားနေရကာ သူ့ကို ကောင်းကောင်းအိပ်မပျော်အောင်လုပ်နေသည်။
ထို့ကြောင့် သူသည် ဒီနေ့အတွက် လေယာဉ်လက်မှတ် ဝယ်ခဲ့ကာ ယန်းချန်မြို့သို့ ပြန်ဖို့ပြင်ဆင်ခဲ့သည်။
သို့သော် လေယာဉ်ပေါ်တွင် ဤနတ်ဆိုးကို ထပ်တွေ့ရမည်ဟု သူလုံးဝမမျှော်လင့်ထားချေ။
“ အာ၊ မဟုတ်ဘူး … ငါ့ကိုမသတ်ပါနဲ့ “
သူသည် အလွန်ကြောက်နေသောကြောင့် ကြမ်းပေါ်တွင် ထိုင်ချလိုက်ကာ သူ၏ ကျန်သောဘယ်လက်ဖြင့် နောက်ပြန် လူးလွန့်နေသည်။
ကပ္ပတိန်၊ အရာရှိ နှင့်လေယာဉ်မယ်တို့သည် သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်နေသည်။
ဒီလူက အခုလေးတင် တော်တော်မောက်မာနေတာပါ။
ဘာလို့ ယဲ့လူကြီးမင်းကို မြင်တာနဲ့ သရဲတစ်ကောင်ကိုတွေ့လိုက်ရသလို ဖြစ်သွားတာလဲ။
ယဲ့လူကြီးမင်းက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား။
လေယာဉ်မယ် တချို့သည် ယဲ့ဖန်ကို တိတ်တဆိတ်ကြည့်လိုက်ကြသည်။
မဟုတ်ပါဘူး။ သူက အရမ်းချောတာပဲ။
ယဲ့ဖန်သည် သူ့ဆီသို့ပြုံး၍ လမ်းလျှောက်သွားသည်။
“ ဘာလို့ မင်းက ကြမ်းပြင်ပေါ်မှာထိုင်နေတာလဲ။ မင်းကိုထူဖို့ ငါကူညီပါရစေ … “
“. မလာ … မလာနဲ့။ ငါ … ငါ … “
လျုံထျန်းစစ်၏ မျက်နှာသည် အရှက်ခွဲခံထားရသော မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။
ယဲ့ဖန်သည် ကူရာကယ်ရာမဲ့စွာဖြင့် ပုခုံးတွန့်ကာ ကပ္ပတိန်ကို လှည့်၍ပြုံးပြလိုက်သည်။
“ ငါကလျုံလူကြီးမင်းရဲ့ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါ။ သူက ရိုးရိုးတန်းကို သွားဖို့ ဆန္ဒမရှိတာကြောင့် သူဒီမှာပဲနေပါစေ။ ငါတို့ နားလည်ပါတယ် “
ကပ္ပတိန်က ဘာမှမပြောနိုင်ခင်မှာတင် လျုံထျန်းစစ်သည် ချက်ချင်း ကြမ်းပြင်ပေါ်မှ ထရပ်သည်။
“ ငါ ရိုးရိုးတန်းကိုသွားမယ်။ ငါ ရိုးရိုးတန်းကို ပြောင်းချင်တယ်။ ငါ့အတွက် မြန်မြန်ပြောင်းပေးကြ “
ကပ္ပတိန်နှင့် ကျန်လူများသည် ပိုပိုပြီး ရှုပ်ထွေးသွားကြသည်။
ထိုလူသည် ခုနက နေရာပြောင်းဖို့ထပ် အသေခံမည့်ပုံ ပေါ်နေသည်။
ဘာလို့ အခုမှ အလျင်စလို ပြောင်းချင်နေတာလဲ။
သူတို့က မိတ်ဆွေကောင်းတွေမဟုတ်ဘူးလား။
ထိုင်ပြီးပြောကြရင် ပိုမကောင်းဘူးလား။
ယဲ့ဖန်သည် သူ့လမ်းကို ပိတ်လိုက်သည်။
“ မလုပ်နဲ့၊ ငါလာတာနဲ့ မင်းကထွက်သွားရင်၊ ငါက မင်းကို အဝေးကို တွန်းပို့နေသလိုဖြစ်နေပြီ။ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ။ “
လျုံထျန်းစစ်သည် သူ့ခေါင်းကို ပလုတ်တုပ်တုပ်လို ခါရမ်းလိုက်သည်။
“. ငါတောင်းပန်ပါတယ်။ ငါအရမ်းကို တောင်းပန်ပါတယ် “
“ ငါ … ငါ့အစာအိမ်က နေလို့မကောင်ဘူး အဲ့တာကြောင့် ခဏခဏလေလည်နေမိတယ်။ အဲ့တာကို မင်းရှူရှိုက်မိမှာ ငါစိုးရိမ်မိတယ်။ ဒါ့ကြောင့် အခုငါ ရိုးရိုးတန်းကို သွားတော့မယ်။ နှုတ်ဆက်ပါတယ် “
ပြောပြီးတာနဲ့ သူသည် ပထမတန်းအခန်းမှ လျင်မြန်စွာပြေးထွက်သွားသည်။
ကပ္ပတိန်၊ အရာရှိနှင့် ကျန်လူများသည် ကြောင်တောင်တောင်ဖြစ်သွားကြသည်။
ချန်းဖေးအယ်သည် ရူးသွပ်စွာ ရယ်မောနေသည်။
သူမသည် ယဲ့ဖန်၏ပုခုံးကို ပုတ်လိုက်သည်။
“ နင့်ကိုကြည့်ပါဦး၊ အသက်ရှင်နေတဲ့ငရဲမင်းကြီးဖြစ်လာပြီ။ လူတိုင်းက နင့်ကိုကြောက်ကြတယ် “
ယဲ့ဖန်သည် သူ့မေးစေ့ကို ကူရာကယ်ရာမဲ့စွာဖြင့် ထိလိုက်သည်။
“ ငါက အဲ့လောက်ကြောက်ဖို့ကောင်းတာလား။ မဟုတ်ဘူး၊ ဟုတ်တယ်မလား “
“ သေချာပေါက်ကို မဟုတ်ဘူးပေါ့ “
အပိုင်း ( ၁၀၃၈ )
သံသယမဖြစ်နဲ့၊ ဒါပြန်ပေးဆွဲနေတာပဲ။
ရိုးရိုးတန်းရှိ ပြတင်းပေါက်ဘေးတွင် ထိုင်နေသာ လျုံထျန်းစစ်သည် အပြင်ဘက်ရှိ တိမ်တိုက်များကို အေးစက်တောက်ပသော မျက်လုံးများဖြင့်ကြည့်နေသည်။
ကပ္ပတိန်နှင့် အရာရှိသည် သူ့လက်ဆွဲအိတ်ကို ပို့ပြီးကာ လျော်ကြေး ယွမ်၂သိန်း အပြင် 50% discount ကဒ်တစ်ကဒ်ကိုလည်းပေးပြီးပြီဖြစ်သည်။
သူတို့သည် တစ်ချိန်လုံးတွင် ယဉ်ယဉ်ကျေးကျေး ပြုံးထားကြသော်လည်း ၎င်းသည် သူ့မျက်လုံးထဲတွင် လှောင်ပြောင်နေသည်နှင့် ဘာမျှမကွာခြားပေ။
သူတို့သည် သူ့ကို စိတ်ထဲတွင် လှောင်ရယ်နေကြမည်ဖြစ်သည်။
သူသည် ပထမတန်းအခန်းမှ အမြှီးကုပ်ကာ ထွက်လာခဲ့ရသည်။
သူ၊ လျုံထျန်းစစ်သည် တစ်နေ့တွင် ဟာသကြီးဖြစ်လာမည်ဟု မထင်ထားခဲ့ချေ။
ထိုအရာအားလုံးသည် ဟိုခွေးသူတောင်းစားကြောင့်ဖြစ်သည်။
သူသည် ယဲ့ဖန်၏ပြုံးနေသောမျက်နှာကို တွေးမိသွားသောအခါ သူ့နှလုံးသားထဲတွင် အဆုံးမရှိသောမုန်းတီးမှုများ ခံစားနေရသည်။
သူသည် လက်စားချေချင်နေသည်။
သူသည် ထိုခွေးသူတောင်းစားကို သူ့ရှေ့တွင် ဒူးထောက်ကာ ငိုစေချင်နေသည်။
ထိုကောင်လေးသည် လောင်းကစားမြို့တွင် အတော်လေး ဩဇာအာဏာရှိသည်။
သို့သော် ယန်းချန်မြို့သည် သူ၏ပိုင်နက်ဖြစ်သည်။
ထိုကောင်လေးနှင့် ရင်ဆိုင်ဖို့ လွယ်ကူသည်။
ဤသည်ကို တွေးမိသောအခါ သူသည် ချက်ချင်းပဲ သူ့အဖေ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
“ အဖေ “
“ ထျန်းစစ်၊ မင်းလေယာဉ် ဆိုက်ပြီလား။ မင်းအမေနဲ့ ငါက အခုလေဆိပ်ကို မြန်မြန်သွားနေတယ် “
“ အဖေ၊ ကျွန်တော် ဟိုကောင်လေးကို လေယာဉ်ပေါ်မှာ တွေ့လိုက်တယ် “
“ ဘယ်ကောင်လေးလဲ။ “
“ ကျုပ် ညာလက်ကို ဖြတ်သွားတဲ့ ခွေးသူတောင်းစားလေးလေ “
“ ဘာလဲ။ အဲ့ခွေးသူတောင်းစားလေးက မင်းနောက်ကို လိုက်နေသေးတာလား။ သူမင်းကို တစ်ခုခုလုပ်လား၊ မလုပ်ဘူးမလား။ “
“ မလုပ်ဘူး၊ သူကျုပ်ရဲ့ ပထမတန်းထိုင်ခုံကို ခိုးသွားရုံပဲ။ အဖေ၊ အခုလေဆိပ်မှာ စောင့်နေဖို့ တစ်ယောက်ယောက် လွှတ်လိုက်ပါ။ အဖေ ကျွန်တော့်ကို လက်စားချေပေးရမယ် “
“ ငါ့သား၊ စိတ်မပူနဲ့။ အဖေ၊ လေဆိပ်မှာ စောင့်ကြပ်ဖို့ တစ်ယောက်ယောက်လွှတ်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် အဲ့ကောင်လေးကို ဒီနေ့ ရအောင်ဖမ်းမယ်။ ငါ သူ့ရဲ့ လက်တွေနဲ့ ခြေထောက်တွေကို ဖြတ်ပစ်ပြီး မင်းအတွက် လက်စားချေပေးမယ် “
“ သူ့ကို အသက်ရှင်အောင်ထားပါ။ ကျွန်တော် ကိုယ်တိုင် သူ့ကို ခုတ်ထစ်ချင်တယ် “
လျုံထျန်းစစ်သည် ဖုန်းချလိုက်ကာ ပထမတန်းသို့သွားသည့် လမ်းကြောင်းကို ကြည့်ကာ သူ့မျက်လုံးထဲတွင် အေးစက်မှုများ ဖြတ်သန်းသွားသည်။
“ ခွေးသူတောင်းစားလေး၊ ဒီနေ့က မင်းအတွက် စီရင်ချက်ချမဲ့နေ့ပဲ။ “
…
လောင်းကစားမြို့သည် ယန်းချန်မြို့နှင့် သိပ်မဝေးပေ။
နာရီဝက်လောက်ပျံသန်းပြီးသည့်နောက်တွင် လေယာဉ်သည် ယန်းချန်မြို့လေဆိပ်သို့ ဆင်းသက်သွားသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် သူတို့လက်ဆွဲအိတ်များကိုယူကာ ထွက်ပေါက်သို့ လမ်းလျှောက်သွားသည်။
“ ဟိုကောင်လေးက ငါတို့နောက် လိုက်နေပုံပဲ “
ချန်းဖေးအယ်သည် ယဲ့ဖန်၏လက်မောင်းကိုကိုင်ကာ နူးညံ့စွာ တိုးတိုးလေးပြောလိုက်သည်။
ယဲ့ဖန်သည် သူ့နောက်ကို တစ်ယောက်ယောက်က ချောင်းနေသည်ဆိုတာကို သိဖို့ နောက်လှည့်ကြည့်ဖို့ မလိုပေ။
သူသည် သရော်လိုက်သည်။
“ အကယ်၍ သူကလိုက်ချင်နေတယ်ဆိုမှတော့ လိုက်ပါစေ ”
ချန်းဖေးအယ်သည် ပြုံးလိုက်သည်။
“ သူက လက်မလျှော့သေးတဲ့ပုံပဲ။ သူ လက်စားချေချင်နေတာထင်တယ် “
ယဲ့ဖန်သည် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
“ ငရဲမင်းက အဲ့လိုသောက်ကျိုးနည်း ဝိဉာဉ်တွေကို မကယ်နိုင်ဘူး။ တကယ်လို့ နင်က တခြားလူတွေကို အသက်ရှင်စေချင်ရင်တောင် သူ့ကို ကိုယ့်သေတွင်းကိုယ်တူးကြတယ်။ နင် ဘာမှမလုပ်နိုင်ဘူး။ “
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပဲ သူတို့သည် ထွက်ပေါက်ကိုကျော်လာကာ အနက်ရောင်ဝတ်စုံနှင့် လူတစ်စု၏ တားဆီးခြင်းကို ခံလိုက်ရသည်။
“ ကောင်စုတ်လေး၊ ငါတို့နဲ့ လိုက်ခဲ့ “
သူတို့ရှေ့တွင်ရပ်နေသော နေကာမျက်မှန်ဝတ်ထားသော အရပ်ရှည်ရှည်နှင့်ယောကျာ်းသည် ဖိနှိပ်ချုပ်ချယ်သော ခံစားချက်ကို ပေးနေသည်။
ထွက်ပေါက်မှထွက်လာသော ခရီးသည်များသည် ဘေးသို့ရှောင်လိုက်ကြကာ ထိုမြင်ကွင်းကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေကြသည်။
“ မင်းက ဘယ်သူလဲ။ ငါက ဘာလို့ မင်းနဲ့အတူတူလိုက်သင့်တာလဲ။ “
ယဲ့ဖန်သည် ပျာရာမခတ်သွားပေ။
သူသည် ပြုံးပင်ပြုံးနေသေးသည်။
“ ဘာအဓိပ္ပာယ် မရှိတာတွေပြောနေတာလဲ။ တကယ်လို့ ငါက မင်းကို ထွက်သွားဖို့ပြောရင် ထွက်သွားလိုက်။ ငါတို့ကို လှုပ်ရှားရအောင်တွန်းအားမပေးနဲ့ ”
ထိုလူသည် စိတ်မရှည်ဖြစ်လာသည်။
“ ဘာမှားနေတာလဲ။ မင်းတို့က လူမြင်ကွင်းကြီးမှာ ပြန်ပေးဆွဲချင်နေတာလား။ “
ချန်းဖေးအယ်သည် သူတို့ကို မပျော်မရွှင်စွာစိုက်ကြည့်လိုက်သည်။
“ သံသယမဖြစ်နဲ့၊ ဒါကပြန်ပေးဆွဲနေတာပဲ။ “
ထိုစကားကို လျုံထျန်းစစ်သည် နောက်မှထွက်လာကာပြောလိုက်သည်။
သူသည် ယဲ့ဖန်ကိုရင်ဆိုင်ရသောအခါ အရင်ကလောက် ပျာရာမခတ်တော့ချေ။
သူသည် ယဲ့ဖန်၏ ကံဆိုးမိုးမှောင်ကျမှုကို ပီတိဖြစ်နေသည်။
“ တကယ်ကို မင်းပဲ။ ကြည့်ရတာ အရင်တစ်ကြိမ်က ငါမင်းကို အရမ်းသက်ညှာမိတဲ့ပုံပဲ။ ငါ မင်းကို သင်ခန်းစာတစ်ခု မသင်ပေးနိုင်ခဲ့ဘူး “
ယဲ့ဖန်၏ အပြုံးသည် ပိုမိုတောက်ပလာကာ သူ၏ပုလဲလုံးလို ဖြူစင်နေသောသွားများပင် ပေါ်လာသည်။
လျုံထျန်းစစ်သည် သူ့အပြုံးကိုမြင်သောအခါ ကျောရိုးတစ်လျှောက်အေးစိမ့်မှုများ ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။
သူသည် မသိစိတ်အရ ခြေနှစ်လှမ်းဆုတ်မိသွားသည်။
ထိုအချိန်မှာပဲ ကြီးများသောလက်တစ်စုံသည် သူ့ကိုခွန်အားများပေးသည့်အနေဖြင့် သူ့ပုခုံးကို ရုတ်တရက်ဖိလာသည်။
သူလှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
“ အဖေ “
သူ့နှာခေါင်းသည် ချဉ်စူးစူးဖြစ်လာကာ သူ့အဖေရင်ခွင် ထဲချက်ချင်းပြေးသွားကာငိုတော့သည်။
ထိုလူသည် သူ့သား၏ပြတ်နေသော ညာလက်ကို ဆွဲကိုင်၍ ကြည့်နေသည်။
သူ့အကြည်သည် ပို၍ စူးရှလာသည်။
“ မငိုပါနဲ့၊ မင်းလက်ကိုဖြတ်တာ ဘယ်သူလဲ။ မင်းက ပြန်ဖြတ်လိုက်လို့ မရဘူးလား။ “
ပြောနေရင်းပဲ သူ့ခေါင်းကိုမော့ကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။
သူ့အကြည့်သည် ဓားတစ်ချောင်းလို ထက်လာသည်။
“ ကောင်စုတ်လေး၊ မင်းက တကယ်ကြီး ဒီနေရာမှာ ပေါ်လာရဲတာလား။ “
ယဲ့ဖန်သည် ပုခုံးတွန့်ပြလိုက်သည်။
“ ဒီနေရာက ကျုပ်အိမ်လေ။ ဒီနေရာမှာ မပေါ်လာရင် ကျုပ်က ဘယ်နေရာမှာ ပေါ်လာသင့်တာလဲ။ “
ထိုလူသည် ပြုံးဖြဲဖြဲလုပ်လိုက်သည်။
“ မင်းအဲ့အိမ်ကို ပြန်မသွားနိုင်တော့ဘူး ဒါပေမဲ့ ငါက မင်းကို မင်းရဲ့ ဇာတိမြေဆီ ပြန်ပို့ပေးနိုင်တယ် “
“ ခင်ဗျားက အရမ်းအသက်ကြီးနေတာကြောင့် ခင်ဗျားကို အကြံနည်းနည်းပေးလိုက်မယ်။ မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ခင်ဗျားရဲ့ တစ်သက်တာအလုပ်ကို မဖျက်ဆီးနဲ့ “
ယဲ့ဖန်သည် သူ့ကိုစိုက်ကြည့်ကာ ခပ်ဖြေးဖြေးပြောလိုက်သည်။
“ ဟားဟားဟား၊ ခွေးသူတောင်းစားလေး မင်းကငါ့ပိုက်နက်ထဲမှာ ရှိနေပြီး ငါ့ကို ခြိမ်းခြောက်ရဲသေးတာလား။ “
“ ဒီနေ့ မင်းကို ပေးဆပ်ရအောင် မလုပ်နိုင်ဘူးဆိုရင် ငါ၊ လျုံချင်းရှန်က ငါ့နာမည်ကို ပေါင်းပြန်ရေးလိုက်မယ်။ ငါနဲ့ အဓိပ္ပာယ် မရှိတာတွေလာပြောမနေနဲ့။ သူ့ကို ချက်ချင်းခေါ်သွားကြစမ်း “
နောက်ဆုံးစကားသည် သူ့လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
ထိုလူများသည် ချက်ချင်းပဲ ယဲ့ဖန်ကို ဝံပုလွေများ၊ ကျားများလို ဝိုင်းရံလိုက်ကြသည်။
ပတ်ဝန်းကျင်ရှိလူများသည် စိတ်ရှုပ်ထွေးသွားကြသည်။
သို့သော်လည်း မည်သူမျှ ရှေ့ကိုတက်၍ မတားရဲကြချေ။
ချန်းဖေးအယ်သည် သူမ၏လက်သီးကို ဆုပ်လိုက်ကာ အချိန်မရွေး လှုပ်ရှားဖို့ အသင့်ပြင်ထားသည်။
ထိုအချိန်မှာပင် အမျိုးသမီးတစ်ယောက်သည် ရုတ်တရက်ထွက်လာပြီးအော်လိုက်သည်။
“ ဘယ်သူလုပ်ရဲလဲ ကြည့်ရအောင် “
အနက်ရောင်ဝတ်စုံနှင့်လူတစ်စုသည် ချက်ချင်းတောင့်တင်းသွားကာ နောက်လှည့်ကြည့်လိုက်ကြသည်။
အနက်ရောင်ရုံးဝတ်စုံကို ဝတ်ထားသော် အမျိုးသမီးတစ်ဦးသည် သူမ၏ဒေါက်ဖိနပ်မြင့်မြင့်တစ်စုံဖြင့် လျင်မြန်စွာ လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
သူမ၏ မျက်နှာသဏ္ဍာန်ပဲဖြစ်ဖြစ်၊ ကိုယ်ခန္ဓာသဏ္ဍာန်ပဲဖြစ်ဖြစ်၊ အကောင်းဆုံး အရည်အသွေးများရှိနေသည်။
သို့သော် သူတို့ကို ပိုမို ဆွဲဆောင်နေသောအရာသည် သူမထုတ်လွှင့်နေသာ ဘုရင်မ ဆန်သည့်အငွေ့အသက်များဖြစ်သည်။
ထိုကဲ့သို့သော အငွေ့အသက်သည် အမျိုးသားများအတွက်ပင် ရှားလှကာ အမျိုးသမီးဆိုပါက ပြောနေစရာကိုမလိုပေ။
သူမ၏ ဘုရင်မ ဆန်သောသဘောသဘာဝသည် လူတိုင်း၏ရင်ကိုလှုပ်ခတ်စေကာ သူမထံသို့ အရှုံးပေးချင်လာစေသည်။
တခြားလူများသည် သူမ၏သရုပ်မှန်ကို မသိသော်လည်း လျုံချင်းရှန်ကတော့သိသည်။
ချန်းရွှမ်၊ ယန်းချန်မြို့ရှိ အိမ်ခြံမြေလောက၏ အသစ်ပေါ်ထွန်းလာသော ဘုရင်မဖြစ်သည်။
အစတွင် လျုံမိသားစု၏စီးပွားရေးသည် ပန်မြို့တွင်သာ ဇောက်ချ၍လုပ်ခဲ့သည်။
မကြာခင်ကမှ သူတို့သည် ယန်းချန်မြို့သို့ စတင်ချီတက်လာခဲ့သည်။
ထို့ကြောင့် သူသည် လျုံမိသားစု ပို၍ချောချောမွေ့မွေ့ အခြေကျလာအောင်လုပ်ရန် မျှော်လင့်ရင်း၊ ယန်းချန်မြို့မှအကောင်ကြီးများနှင့် ရင်းနှီးရန် အသည်းအသန် ကြိုးစားနေသည်။
ထင်တဲ့အတိုင်းပင် သူ့မိသားစုနောက်ခံဖြင့် သူသည် ချန်းရွှမ်လို အကောင်ကြီးတစ်ယောက်နှင့်သိရန် အရည်အချင်းမပြည့်မှီပေ။
သူသည် လိပ်စာကဒ်နည်းနည်း ပေးပို့ဖူးသည် သို့သော် နောက်ဆက်တွဲ ဘာမှဖြစ်မလာခဲ့ချေ။ တခြားအရာတွေလို အမှိုက်ပုံးထဲ ပစ်ခံလိုက်ရခြင်း ဖြစ်နိုင်သည်။
" ဥက္ကဌ ချန်း၊ ခင်ဗျားလည်း ဒီမှာ တစ်ယောက်ယောက်ကို လာကြိုတာလား။ "
လျုံချင်းရှန်သည် ခပ်သွက်သွက် လမ်းလျှောက်လာကာ သူ့လက်ကို ဆန့်တန်းလိုက်သည်။
သို့သော် ချန်းရွှမ်သည် သူနှင့် လက်ဆွဲနှုတ်ဆက်ရန် ရည်ရွယ်ချက် မရှိပေ။
သူမသည် သူ့ကို သာမန်ကာလျှံကာဖြင့် တစ်ချက်ကြည့်လိုက်သည်။
" ကျွန်မက ရှင့်ကို သိလို့လား။ "
အပိုင်း ( ၁၀၃၉ )
ယန်းချန်မြို့မှာ သူ့ဆံပင်တစ်ပင်ကိုတောင် ထိနိုင်တဲ့လူ မရှိဘူး
လျုံချင်းရှန်သည် ကိုးရိုးကားယား ပြုံးလိုက်သည်။
" ကျွန်တော်က လုံဟူ စီးပွားရေးလုပ်ငန်းက ဥက္ကဌ၊ လျုံချင်းရှန်ပါ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကော့တေးပါတီမှာ ကျွန်တော် ချန်းမိန်းကလေးကို အဝေးကနေမြင်လိုက်တယ် "
" လုံဟူ စီးပွားရေးလုပ်ငန်း။ တစ်ခါမှမကြားဖူးဘူး "
ချန်းရွှမ်သည် သူ့ကို လုံးဝမျက်နှာသာမပေးချေ။
" ဟားဟား၊ အဲ့တာမှန်ပါတယ်။ လုံဟူ စီးပွားရေးလုပ်ငန်းက ကုမ္ပဏီသေးသေးလေးတစ်ခုပါ။ သသဘာဝအားဖြင့် မိန်းကလေးချန်းရဲ့ မျက်လုံးထဲ ဝင်မှာမဟုတ်ပါဘူး "
လျုံချင်းရှန်သည် ခေါင်းညိတ်ကာ တောင်းတောင်းပန်ပန် ပြုံးပြလိုက်သည်။
" အဲ့တာက ကုမ္ပဏီသေးသေးလေးဆိုရင် ရှင်က ဘယ်လိုတောင် ယန်းချန်မြို့မှာ ဆိုးဆိုးရွားရွား ပြုမူနေရဲရတာလဲ။ "
ချန်းရွှမ်သည် သူ့လက်အောက်ငယ်သားများကို အေးစက်နေသော မျက်နှာထားဖြင့် ဖျက်ခနဲကြည့်လိုက်သည်။
လျုံချင်းရှန်သည် အံသြသွားသည်။
ဒီဧကရီက ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်သွားတာလဲ။
ငါသူ့ကို ဆန့်ကျင်မိတဲ့ပုံလည်း မပေါ်ပါဘူး၊ ဟုတ်တယ်မလား။
" ဥက္ကဌချန်း၊ ဒီကောင်လေးက လောင်းကစားမြို့မှာ ငါ့သားရဲ့လက်ကို ဖြတ်ခဲ့တယ်။ ငါက သူ့ကို သင်ခန်းစာ တစ်ခု သင်ပေးမလို့ပါ "
အဆုံးတွင် သူသည် အပြင်လူဖြစ်သည်။
ထို့ကြောင့် အိမ်ခြံမြေလောက၏ တကယ့်ဘုရင်မ၊ ချန်းရွှမ်ကို မဆန့်ကျင်ရဲပေ။
ဧကရီချန်းသည် ကြယ်ပွင့်အသစ် ယဲ့လူကြီးမင်း၏ အမျိုးသမီးဖြစ်သည်ဟု သူသည် ကောလဟာလတစ်ချို့ကြားဖူးသည်။
သူသည် ယဲ့လူကြီးမင်းကို တစ်ခါမှမမြင်ဖူးသော်လည်း ထိုသူသည် အချိန်တိုအတွင်းတွင် ယန်းချန်မြို့ရှိ ထိပ်တန်း သူဌေးများထဲမှ တစ်ယောက်ဖြစ်လာနိုင်သည်ကိုတော့ သူပြောနိုင်သည်။
ပုံမှန်အားဖြင့် သူသည် ထိုလူ့ကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ။
ချန်းရွှမ်သည် လျုံထျန်းစစ်ကို ဖျက်ခနဲကြည့်လိုက်သည်။
" ဟမ့်၊ ရှင့်သားက မျက်စိကန်းနေတာပဲဖြစ်ရမယ်။ သူ လက်ဖြတ်ခံရသင့်တယ် "
" ရှင့်လူတွေကို ခေါ်ပြီး မြန်မြန် ထွက်သွားတော့။ ကျွန်မက ဒါကို ရှင့်ကောင်းကျိုးအတွက် လုပ်နေတာ "
လျုံချင်းရှန်၏ မျက်နှာသည် မဲ့သွားသည်။
သူသည် အတော်ပင် အသက်ကြီးနေပြီဖြစ်သည်။
သို့သော် ယခု လူမြင်ကွင်းတွင် သူသည် မိန်းမငယ်လေးတစ်ယောက်၏ ပြစ်တင်ဆုံးမခြင်းကို ခံနေရသည်။
ဤသည်ကား အတော်ပင် အရှက်တကွဲဖြစ်ခြင်း ဖြစ်သည်။
ချန်းရွှမ်သည် သူ့ကို လျစ်လျုံရှူကာ ယဲ့ဖန်ဆီ အမြန် လမ်းလျှောက်သွားသည်။
" ရှောင်ဖန် နင်ပြန်လာပြီပေါ့။ "
ယဲ့ဖန်နှင့် ရင်ဆိုင်ရသောအခါ သူမ၏ ဘုရင်မတစ်ပါးလို အငွေ့အသက်များသည် ပျောက်ကွယ်သွားကာ မိန်းမငယ်လေး တစ်ယောက်၏ အငွေ့အသက်များက နေရာယူလာသည်။
" အစ်မရွှမ်၊ ငါမင်းကို မတွေ့ရတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ မင်းက စီးပွားရေးဘုရင်မတစ်ပါးလို ပိုပိုပြီး ဖြစ်လာနေပြီပဲ "
ယဲ့ဖန်သည် သူမကို လက်မထောင်ပြလိုက်သည်။
" မဟုတ်ပါဘူး၊ ငါ့ကို မဆဲပါနဲ့ "
ချန်းရွှမ်သည် အပြုံးဖြင့်ပြောလိုက်သည်။
သူမသည် ချန်းဖေးအယ်ကို လှည့်ကြည့်ပြီး ပို၍ သတိဝီရိယ ရှိသွားသည်။
" ဒီကတစ်ယောက်က ရှင်ပြောဖူးတဲ့ မိန်းကလေးချန်း၊ ဟုတ်တယ်မလား။ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မက ချန်းရွှမ်ပါ "
ချန်းဖေးအယ်သည်လည်း သူမလက်ကို ဆန့်၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။
" တွေ့ရတာ ဝမ်းသာပါတယ်၊ မိန်းကလေးရွှမ် “
သူမသည်လည်း ဆတ်ဆတ်အထိမခံသော လူတစ်ယောက်ဖြစ်သည်။
ထို့ကြောင့် သူမအပေါ် ချန်းရွှမ်၏သတိရှိမှုကို သူမအာရုံခံနိုင်သည်။
ချန်းရွှမ်သည် သူမကို အချစ်ပြိုင်ဘက် တစ်ယောက်လို ဆက်ဆံနေသည်မှာ သိသာလှသည်။
ချန်းရွှမ်သည် သူနှင့် ဆက်၍ မပြောတော့ပေ။
သူမသည် ယဲ့ဖန်ကို ထပ်ကြည့်လိုက်သည်။
" ရှင်တို့တွေ ဗိုက်ဆာနေလောက်ပြီ၊ ဟုတ်တယ်မလား။ ကျွန်မ ရှင်တို့ကို ထမင်း အရင်လိုက်ကျွေးမယ် "
အဲ့လိုပြောပြီးတာနဲ့ သူမသည် ယဲ့ဖန်၏ လက်ဆွဲအိတ်ကို ယူ၍ သူ့လက်မောင်းကို ချိတ်ကာ ထွက်သွားရန် ပြင်ဆင်တော့သည်။
သို့သော် လျုံချင်းရှန်၏ လက်အောက်ငယ်သားများသည် သူတို့ကို ဝိုင်းရံထားကြသည်။
သူမသည် မျက်မှောင်ကြုတ်၍ လျုံချင်းရှန်ကို လှည့်ကြည့်လိုက်ကာ " ရှင်ဘာကိုဆိုလိုချင်တာလဲ။ "
လျုံချင်းရှန်သည် ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။
" မိန်းကလေးချန်းရွှမ်၊ ဒါက ကျုပ် ခင်ဗျားကို မျက်နှာသာမပေးချင်တာ မဟုတ်ပါဘူး။ သူက ခင်ဗျားရဲ့ သူငယ်ချင်းဖြစ်ပေမဲ့ ကျုပ်သားရဲ့လက်ကိုဖြတ်ပြီး ကျုပ်ဆီကနေ သန်း၁၀၀ ငွေညှစ်သွားတယ်။ အကယ်၍ ခင်ဗျားသာ ဒီနေ့ ဖြေရှင်းချက်တစ်ခုမပေးရင် ကျုပ် သူ့ကို ထွက်သွားခွင့်မပြုနိုင်ဘူး "
ချန်းရွှမ်သည် ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။
" ဒါက ရှင့်ကောင်းကျိုးအတွက် ရှင့်ကိုထွက်သွားခိုင်းနေတယ်ဆိုတာ ကျွန်မပြောခဲ့ပြီးပြီ "
" အကယ်၍ ရှင် ကျွန်မတို့ကို ဆက်ပြီးနှောင့်ယှက်နေမယ်ဆိုရင် ရှင်နဲ့ ရှင့်မိသားစုအတွက် ကောင်းမှာ မဟုတ်တော့ဘူး "
လျုံချင်းရှန်၏ မျက်ခွံများသည် အကြိမ်အနည်းငယ် တွန့်သွားသည်။
သို့သော် သူသည် လက်မလျှော့သေးပေ။
“ ဥက္ကဌချန်းက နောက်ခံက တော်တော်တောင့်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်သားရဲ့ ပြတ်သွားတဲ့လက်မောင်းအတွက် ကျုပ် လက်စားချေရမယ်။ ကျေးဇူးပြုပြီး ဖခင်တစ်ယောက်ရဲ့ နှလုံးသားကို နားလည်ပေးပါ “
ချန်းရွှမ်သည် သူ့ကိုစိုက်ကြည့်လိုက်သည်။
“ ဒါဆို ရှင်က ဘယ်လိုလက်စားချေချင်တာလဲ။ “
လျုံချင်းရှန်သည် သူမကိုကြည့်သည်။
ထို့နောက် ယဲ့ဖန်ကို ကြည့်လိုက်သည်။
“ ကျုပ် နှလုံးသားထဲက အမုန်းတရားကို သက်သာစေဖို့ သူ့ရဲ့ ခြေတွေလက်တွေကို ကျုပ် ဖြတ်ချင်တယ်။ ဒါပေမဲ့ မိန်းကလေးချန်းရဲ့ မျက်နှာကြောင့် ကျုပ် သူ့ရဲ့လက်တစ်ဖက်ကိုပဲ ဖြတ်မယ်။ ပြီးတော့ သန်း၁၀၀ကိုလည်း ပြန်ပေးဖို့မလိုဘူး။ ဒီလောက်ဆို မလွန်ဘူးလေ၊ ဟုတ်တယ်မလား။ “
လျုံထျန်းစစ်သည် ထိတ်လန့်သွားသည်။
“ အဖေ၊ ဘာလို့ ဒီကောင်လေးကို လွယ်လွယ်ကူကူ လွှတ်ပေးရတာလဲ။ တကယ်လို့ သူ့ကို တစ်စစီလုပ်ရင်တောင်မှ ကျုပ်နှလုံးသားထဲက အမုန်းတရားကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး “
သူသည် ချန်းရွှမ်နှင့် ချန်းဖေးအယ်ကို မြင်သောအခါ ထို အလှလေးနှစ်ယောက်သည် ယဲ့ဖန်၏အနားတွင်ရှိနေသည်။
သူသည် မနာလိုမှုနှင့် မုန်းတီးမှုနှစ်ခုလုံး ခံစားနေရသည်။
ဒီခွေးကောင်က ဘာလို့ အချစ်ရေးမှာ အရမ်းကံကောင်းနေတာလဲ။
သူ့ဘေးမှာ ဒီလိုအဆင့်မျိုးအလှလေးတွင် ရှိနေတယ်။
သူမတို့၏ရှေ့တွင် သူသည် ထိုကောင်လေးကို သူ့ခြေထောက်အောက်တွင် နင်းခြေပြချင်နေသည်။
လျုံချင်းရှန်သည် သူ့သားကို စိုက်ကြည့်သည်။
“ မင်းဘာသိလို့လဲ။ ဒီနေရာမှာ စကားပြောဖို့ မင်းမှာ အခွင့်အရေးမရှိဘူး “
လျုံထျန်းစစ်သည် သူ့မျက်နှာကို ဒေါတကြီး အဝေးသို့ လှည့်လိုက်ကာ ဘာမှထပ်မပြောတော့ပေ။
လျုံချင်းရှန်သည် ယဲ့ဖန်ကို ထပ်ကြည့်လိုက်သည်။
“ ဘယ်လိုလဲ၊ ဥက္ကဌချန်း။ ကျွန်တော် လုံလုံလောက်လောက် သက်ညှာခဲ့ပြီးပြီ။ ကျေးဇူးပြု၍ ကျုပ်ကို မတားပါနဲ့ “
သို့သော်လည်း ချန်းရွှမ်သည် သူ၏ကြင်နာမှုကို အသိအမှတ်မပြုပေ။
“ ကျွန်မ ဒီနေ့ဒီကိစ္စကို ရှင်းရှင်းလင်းလင်းလုပ်ရမယ်။ ယန်းချန်မြို့မှာ သူ့ကို ဘယ်သူမှ သူ့ခေါင်းပေါ်က ဆံပင်တစ်ပင်ကိုတောင် မထိနိုင်စေရဘူး။ အကယ်၍ ရှင်တို့မှာ သတ္တိရှိတယ်ဆိုရင် ကြိုးစားကြည့်လိုက် “
ထိုသို့ ပြောပြီးတာနဲ့ သူမသည် ယဲ့ဖန်၏လက်မောင်းကို ကိုင်ကာ လမ်းလျှောက်သွားသည်။
လျုံချင်းရှန်၏ မျက်လုံးထဲတွင် အေးစက်မှုများ ဖြတ်သန်းသွားသည်။
“ ကျုပ် ခင်ဗျားကို မျက်နှာသာပေးပြီးသွားပြီ။ ခင်ဗျားက ကြင်နာမှုကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ မသိတာကြောင့် ကျုပ်ကို အပြစ်မတင်နဲ့ “
သူသည် သူ့လက်အောက်ငယ်သားကို လှုပ်ရှားရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် ယောကျာ်းတစ်ယောက်၏ ပျင်းတိပျင်းရွဲ့အသံကို သူရုတ်တရက်ကြားလိုက်ရသည်။
“ ယို့၊ ဒါက ဘယ်ကြယ်ပွင့်ကြီးလဲကွ။ ဘာလို့ဒီလောက်တောင် အသက်ဝင်နေတာလဲ။ “
လျုံချင်းရှန်သည် နောက်လှည့်ကြည့်ကာ ထပ်မံ၍တုန်လှုပ်သွားသည်။
“ ကျောင်းလူကြီးမင်း။ ခင်ဗျားက ဘာလို့ ဒီမှာရှိနေတာလဲ။ “
သူသည် ထိုလူ့ဆီသို့ လျင်မြန်စွာ လမ်းလျှောက်သွားသည်။
သူသည် ချန်းရွှမ်ကိုတွေ့တုန်းကထပ် ပို၍ စိတ်လှုပ်ရှားနေသည်။
ဤသည်ကား ကွမ်တုန်းပြည်နယ်ရှိ အကြီးဆုံးမိသားစု၏ တစ်ဦးတည်းသောအမွေခံ၊ ကျောင်းဖုလင် ဖြစ်သည်။
တစ်စုံတစ်ယောက်သည် သူ့ကိုအကြံပေးခဲ့ဖူးသည်။
ဤအကယ်၍ သူသာ ယန်းချန်မြို့တွင် အောင်အောင်မြင်မြင် ဝင်ရောက်ချင်ပါက အနည်းဆုံး လူနှစ်ယောက်၏ သဘောတူညီမှုကို သူလိုအပ်သည်။
သူတို့ထဲမှတစ်ယောက်သည် သခင်ငယ်လေးကျောင်းဖြစ်ကာ အခြားတစ်ယောက်သည် သူတစ်ခါမှမမြင်ဖူးသော ယဲ့လူကြီးမင်း ဖြစ်သည်။
သူတို့ထဲမှတစ်ယောက်ယောက်ကသာ သဘောမတူပါက သူ၏ လျုံမိသားစု ယန်းချန်မြို့သို့ဝင်မည့် အကြောင်းသည် မေ့ပစ်ရမည်ဖြစ်သည်။
ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိပဲ အလွန်ဂရုစိုက်နေရသည်။
ကျောင်းဖုလင်သည် သူ့ကို လက်ဆွဲမနှုတ်ဆက်ပေ။
ထိုလူသည် သူ့အား မထီမဲ့မြင်ကြည့်လိုက်သည်။
“ ငါမင်းကို သိလို့လား။ “
လျုံချင်းရှန်သည် အံ့ဩသွားသည်။
“ ဟယ်လို၊ ကျောင်းလူကြီးမင်း။ ကျွန်တော်က လုံဟူ စီးပွားရေးလုပ်ငန်းက ဥက္ကဌ၊ လျုံချင်းရှန်ပါ “
“ လုံဟူ စီးပွားရေးလုပ်ငန်း။ တစ်ခါမှမကြားဖူးဘူး။ အဲ့လို ကုမ္ပဏီသေးလေးလေးတွေက သူတို့ကိုယ်သူတို့ ဘာလို့စီးပွားရေးလုပ်ငန်းလို့ ခေါ်ရဲရတာလဲ။ “
ကျောင်းဖုလင်၏ စကားလုံးများသည် ချန်းရွှမ်ထပ်တောင် ပို၍ကြမ်းတမ်းနေသေးသည်။
လျုံချင်းရှန်သည် နည်းနည်း စိတ်ရှုပ်ထွေးသွားသည်။
ကျောင်းဖုလင်သည် လျုံထျန်းစစ်ဆီသို့ လမ်းလျှောက်သွားကာ သူ့လက်မောင်းကို ကိုင်လိုက်သည်။
“ ကျွတ်၊ ကျွတ်၊ ကျွတ်။ ဒါကြီးက မရက်စက်လွန်းဘူးလား။ “
လျုံချင်းရှန်သည် ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။
“ ကျောင်းလူကြီးမင်းပြောတာ မှန်ပါတယ်၊ အဲ့ခွေးသူတောင်းစားလေး ကအရမ်း ရက်စက်လွန်းတယ်။ တကယ်လို့ သူ့ကို တန်ဖိုးတစ်ခုခု မပေးချေခိုင်းရင် ကျုပ်နှလုံးသားထဲက အမုန်းတရားကို ဖျောက်ဖို့ခက်သွားလိမ့်မယ် “
ကျောင်းဖုလင်သည် မှတ်ချက်မပေးချေ။
သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကာ သူသည် ယဲ့ဖန်ကို မသိသလိုမျိုး သူ့ဆီသို့ လမ်းလျှောက်သွားသည်။
သူသည် ဂရုတစိုက်ကြည့်လိုက်သည်။
“ ယို့၊ ဒါဘယ်သူလဲ။ နည်းနည်း ရင်းနှီးနေတဲ့ပုံပဲ “
ယဲ့ဖန်၏ နှုတ်ခမ်းသည် တွန့်ကွေးသွားသည်။
“ တကယ်လို့ မျက်နှာက ရင်းနှီးနေပြီး မမှတ်မိရင် အနားတိုးပြီး သေချာကြည့်ကြည့်လေ၊ ခင်ဗျားအဖေနဲ့ တူတယ်မလား။ “
“ ကောင်စုတ်လေး၊ မင်းက ပြန်လာတာနဲ့ ငါ့အပေါ် အခွင့်ကောင်းယူနေတာလား “
ကျောင်းဖုလင်သည် သူ့ရင်ဘတ်ကို ထိုးလိုက်ကာ ဖွဖွလေးဖက်လိုက်သည်။
“ ညီအစ်ကို၊ ငါမင်းကိုမတွေ့ရတာ ရက်အနည်းငယ်ရှိပြီ။ ငါမင်းကိုအရမ်း လွမ်းနေတာ “
ယဲ့ဖန်သည် ရွံနေသော အကြည့်ဖြင့် ကျောင်းဖုလင်ကို အဝေးသို့တွန်းထုတ်လိုက်သည်။
“ ခင်ဗျား အဲ့လောက်တောင် စိတ်မကြွလို့ မရဘူးလား။ မတွေ့ရတာ ရက်နည်းနည်းပဲ ရှိသေးတယ်။ ယောကျာ်းတွေကိုတောင် စိတ်ဝင်စားနေပြီလား။ “
ကျောင်းဖုလင်သည် ရယ်မောလိုက်သည်.
“ သွားသေလိုက်၊ မင်းကသာ ယောကျာ်းတွေကို စိတ်ဝင်စားနေတဲ့တစ်ယောက် “
သူတို့နှစ်ယောက်သည် အနားတွင်ဘယ်သူမှ မရှိသလိုမျိုး ရယ်မောကာ ဆဲနေကြသည်။
သို့သော် လူတိုင်း၏ ဂရုတစိုက်ကြည့်နေသော မျက်လုံးများထဲတွင် ဤသည်ကား ညီအစ်ကိုကောင်းနှစ်ယောက် စနောက်နေကြသည်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။
လျုံချင်းရှန်သည် ကြောင်တောင်တောင်ဖြစ်နေသည်။
သူသည် ကျောင်းဖုလင်နှင့် ယဲ့ဖန်ကြား ဆက်ဆံရေးကိုကြည့်နေသည်။
ဘာတွေဖြစ်နေတာလဲ။
ထိုကောင်လေးသည် ချန်းရွှမ်တင်မကပဲ ကျောင်းဖုလင်နှင့်ပါ ရင်းနှီးနေသည်။
အဆိုပါ ကွန်ရက်သည် ကောင်းကင်ကိုဆန့်ကျင်ခြင်းဖြစ်သည်။
ထိုကောင်လေးသည် လောင်းကစားမြို့တွင်သာ ဩဇာအာဏာအချို့ရှိသည်ဟုထင်ခဲ့သည်။
သူ တောင်ပိုင်း ကွမ်တုန်းပြည်နယ်သို့ ရောက်သောအခါ သူသည် သူ့လက်ထဲတွင် ရှိနေမည်ဖြစ်သည်။
သို့သော် သူသည် မှားယွင်းတွက်ချက်မိသည့်ပုံပင်။
အကယ်၍ သူသာ တောင်ပိုင်းကွမ်တုန်းပြည်သို့လာပါက ထိုလူတွေကို လက်ဆွဲနှုတ်ဆက်နိုင်မည်မဟုတ်ပေ။
အပိုင်း ( ၁၀၄၀ )
ဘာလို့လဲဆိုတော့ မင်းဆန့်ကျင်လိုက်တဲ့လူက ယဲ့ဖန်လို့ခေါ်တယ်။
ကျောင်းဖုလင်သည် ယဲ့ဖန်နှင့် ဟာသလုပ်နေပြီးနောက် လျုံချင်းရှန်နှင့် သူ့သားကို ကြည့်လိုက်သည်။
“ မင်းလောင်းကစားမြို့ကို သွားပြီ ပြဿနာတွေဘယ်လောက်တောင် ဖြစ်စေခဲ့တာလဲ။ လေဆိပ်က ထွက်တာနဲ့ မင်းက ဝိုင်းခံနေရပြီ “
ယဲ့ဖန်သည် ကူရာကယ်ရာမဲ့စွာ ပုခုံးတွန့်ပြလိုက်သည်။
“ ဒါက ကျွန်တော့်ထောင်ချောက်ထဲကျလာတဲ့ မျက်စိကန်းနေတဲ့ သူ့သားပဲ။ ကျွန်တော် သူ့လက်မောင်း တစ်ဖက်ကိုပဲဖြတ်ပြီး လျော်ကြေး သန်း၁၀၀ပဲ တောင်းခဲ့တာပါ။ အဲ့တာ အရမ်းလွန်သွားလို့လား။ မလွန်ပါဘူး “
ကျောင်းဖုလင်သည် သူ့ကို ဆွံ့အစွာ ကြည့်လိုက်သည်။
“ မင်းက အလွန်အကျွံလုပ်တာနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာလား။ မင်းက သူ့သားရဲ့လက်ကို ဖြတ်ပြီး သန်း၁၀၀ ငွေညှစ်ခဲ့တာလေ။ အဲ့တာကို မင်းက အလွန်အကျွံ မဟုတ်ဘူးလို့ ခေါ်နေတာလား။ “
“ ဒါပေမဲ့ လွန်သွားရင်ကော ဘာဖြစ်လို့လဲ။ ကျွန်တော်တော့ အလွန်အကျွံလုပ်ရတာ ကြိုက်တယ်။ မကျေနပ်ဘူးလား။သေသင့်တာပေါ့ “
သူ့စကားများသည် လျုံချင်းရှန်နှင့် သူ့သားကို ရည်ညွှန်းနေသည်ဆိုတာ သိသာလှသည်။
လျုံချင်းရှန်၏မျ က်နှာသည် ရှုံ့တွသွားသည်။
သို့သော်လည်း သူသည် ဘာမှမပြောရဲချေ။
သို့သော် လျုံထျန်းစစ်သည် ဘာတွေဖြစ်နေလဲဆိုတာကို မသိချေ။
သူသည် ကျောင်းဖုလင်ကို ချက်ချင်းအော်ပြောလိုက်သည်။
“ မင်းတို့ကောင်တွေ အရမ်းမောက်မာလွန်းတယ်။ ဒါဆိုလည်း မင်းတို့အားလုံး အတူတူသေလိုက်ကြ ”
“ မင်းတို့အားလုံး သူတို့ကို တိုက်ခိုက်ကြ။ အဲ့ခွေးသူတောင်းစားနှစ်ကောင်ကို အသားတုံးလို ခုတ်ထစ်ကြ။ ဖြစ်လာမဲ့ အကျိုးဆက်တွေကို ငါတာဝန်ယူတယ် … “
သူ့သား၏စကားများကို ကြားသောအခါ လျုံချင်းရှန်သည် တုန်လှုပ်သွားကာ သူ့ကို ပါးရိုက်လိုက်သည်။
ဖြောင်း
ထိုရိုက်ချက်သည် အတော်ပြင်းကာ ကျယ်လောင်သည်။
ထို့ကြောင့် လျုံထျန်းစစ်သည် နှစ်ပတ်လောက် လည်သွားကာ ကြယ်တွေလတွေ မြင်သွားသည်။
အချိန်အတော်ကြာမှ သူသည် သတိပြန်ဝင်လာကာ သူ့အဖေကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“ အဖေ၊ ရူးသွားတာလား။ ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ။ “
“ မင်းကို ရိုက်တယ်။ ကျောင်းလူကြီးမင်းက ဘယ်သူလဲဆိုတာ မင်းသိလား။ “
လျုံချင်းရှန်သည် သူ၏ကောင်းကျိုးမပေးသောသားကို ထုထောင်းချင်နေသည်။
“ သူ … သူကဘယ်သူလဲ။ “ လျုံထျန်းစစ်သည် ကြောင်တောင်တောင်ဖြစ်နေသည်။
“ သူက သခင်လေးကျောင်း “
“ ကျောင်းသခင်လေးက ဘယ်သူလဲ။ “
“ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျောင်းမိသားစု။ မင်းသူတို့အကြောင်းမကြားဖူးဘူးလား။ “
“ မဟုတ်ဘူး၊ ကျွန်တော် မကြားဖူးဘူး “
“ ငါ … “
လျုံချင်းရှန်သည် သူ့သားကို အလွန်ဒေါသထွက်နေသောကြောင့် မရှင်းပြတော့ချေ။
သူသည် ကျောင်းဖုလင်ကို ဦးညွတ်လိုက်သည်။
“ ကျုပ်သားက သိပ် မရင့်ကျက်ဘူး။ ကျေးဇူးပြုပြီး သူ့ကို ထည့်တွက်မနေပါနဲ့ “
ကျောင်းဖုလင်သည် သူ့ကို စိုက်ကြည့်လိုက်သည်။
“ မင်းတို့ခွေးတွေက တန်လို့လား။ “
သူ့စကားများသည် စိတ်မကျေနပ်စရာဖြစ်သော်လည်း ကျောင်းဖုလင်က ဒေါသမထွက်သွားသောကြောင့် လျုံချင်းရှန်သည် စိတ်သက်သာရာရသွားသည်။
“ ဒါပေမဲ့ မင်းရဲ့သားက ငါ့ညီအစ်ကိုကို ဆန့်ကျင်ခဲ့ပြီး အခုလည်း ဉာဏ်မရှိတဲ့ဝက်တစ်အုပ်ကို ခေါ်လာပြီး ငါ့ညီအစ်ကိုကို ခက်ခဲအောင်လုပ်နေပြန်ပြီ။ မင်းတို့က ငါသေနေတယ်လို့ ထင်နေတာလား။ “
“ ငါပြောလိုက်မယ်။ အခုကစပြီး မင်းတို့ရဲ့ ဘာ ဟူအုပ်စုပဲဖြစ်ဖြစ် တောင်ပိုင်း ကွမ်တုန်းပြည်နယ်မှာ အခြေချဖို့ အခွင့်အရေး မရှိတော့ဘူး “
လျုံချင်းရှန်သည် ချက်ချင်းပင် ကြောက်ရွံ့သွားသည်။
သူတို့ကို ယန်းချန်မြို့သို့ ဝင်ခွင့်မပြုခြင်းက အဆင်ပြေသေးသည်။
သို့သော် ငါတို့ကို တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာတောင် နေခွင့်မပြုဘူးလား။
သူ ငါတို့အားလုံးကို သတ်ချင်နေတာလား။
“ ကျောင်းလူကြီးမင်း၊ ကျေးဇူးပြုပြီးကျုပ်တို့ကို ထွက်ပေါက်တစ်ခု ပေးပါဦး “
သူသည် သူ့သားကို ချက်ချင်းဆွဲခေါ်၍ ဒူးထောက်ခိုင်းကာ ကျောင်းဖုလင်ကို တောင်းပန်ခိုင်းသည်။
ကျောင်းဖုလင်သည် သူ့ကို အပြုံးဖြင့်ကြည့်နေသည်။
“ ယုံချင်ယုံ၊ မယုံချင်နေ၊ ငါဘာမှကို လုပ်စရာ မလိုဘူး။ မင်းတို့ကို တိုက်ခိုက်ဂရုစိုက်ပေးမဲ့ လူတွေရှိလာလိမ့်မယ် “
လျုံချင်းရှန်သည် သူ့ကိုစိတ်ရှုပ်ထွေးစွာကြည့်နေသည်။
သူဘာကိုဆိုလိုလဲဆိုတာ သူသဘောမပေါက်ချေ။
“ ဘာလို့လဲဆိုတော့ မင်းဆန့်ကျင်လိုက်တဲ့လူက ယဲ့ဖန်လို့ခေါ်တယ် “
ကျောင်းဖုလင်သည် အဓိပ္ပာယ်ရှိရှိပြုံးပြလိုက်ကာ ယဲ့ဖန်၊ အခြားနှစ်ယောက်တို့နှင့်အတူ ထွက်သွားသည်။
လျုံချင်းရှန်နှင့် သူ့သားကို ထပ်မကြည့်တော့ပေ။
လျုံချင်းရှန်သည် ထိုလူလေးယောက်၏နောက်ကျောကို ကြက်သေသေကြည့်နေသည်။ သူသည် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားနေရကာ သူ့ဦးနှောက်သည် အလုပ်မလုပ်တော့ပေ။
ယဲ့ဖန်။
ယဲ့လူကြီးမင်း။
ဟိုလူငယ်လေးက ဒဏ္ဍာရီလာ ယဲ့လူကြီးမင်းလား။
ယန်းချန်မြို့က အသစ်ပေါ်လာတဲ့ အကောင်ကြီးလေ။
သူ့စိတ်ထဲတွင် အဆုံးမရှိသော နာကျင်မှုများဖြင့်ပြည့်နှက်နေသည်။
ပြီးပြီ။
အားလုံးပြီးဆုံးသွားပြီ။
ကျောင်းဖုလင်ပြောသွားသလိုပင် အကယ်၍ သူသည် ယဲ့ဖန်လို အကောင်ကြီးတစ်ယောက်ကို ဆန့်ကျင်လိုက်မိပါက ထိုသူသည် သူ့အား ဘာမှလုပ်ရန် မလိုပေ။
ထိုသူ၏ မျက်နှာသာပေးမှုကို လိုချင်နေသော လူအများကြီးရှိကာ ထိုလူတို့က သူ့ကို ကူညီမည်ဖြစ်သည်။
အခုကစပြီး ယန်းချန်မြို့တွင်ရှိသော သူတို့လျုံမိသားစုသည် ပြီးဆုံးသွားပြီဖြစ်သည်။
မဟုတ်ပေ သူတို့သည် တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် အခြေချနိုင်တော့မည် မဟုတ်ပေ။
“ အဖေ၊ ယဲ့ဖန်က ဘယ်သူလဲ။ “
လျုံထျန်းစစ်သည် ကောင်မလေးများကို ဘယ်လို တွဲခုတ်ရမလဲဆိုတာသာသိပြီး ကျန်အရာများကို တစ်ခုမှ မသိချေ။
အခုထိတိုင်အောင် သူ့မိသားစုသည် ဖျက်စီးခံရတော့မည် ဆိုတာကို သူမသိသေးချေ။
လျုံချင်းရှန်သည် သူ့ကို ဒေါများပြည့်နေသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
“ မင်းမှာ မေးဖို့မျက်နှာရှိသေးတာလား။ မင်းဘယ်သူ့ကို ဆန့်ကျင်လိုက်တယ်ဆိုတာ မသိဘူးလား။ မင်းကြောင့် ငါတောင် အသတ်ခံရတော့မယ် “
ပြောလေလေ သူသည် ဒေါသပိုထွက်လေလေ ဖြစ်လာသည်။
သူသည် သူ့သားကို မြေပြင်ပေါ် လှဲချလိုက်ကာ မိုးရွာချသလို ထိုးတော့သည်။
“ အား … အဖေ … ကျုပ်ကို ဘာလို့ ရိုက်နှက်နေတာလဲ။ အဖေ … “
လျုံထျန်းစစ်သည် ငယ်သံပါအောင် ဆက်တိုက်အော်ဟစ်နေကာ ဘာတွေဖြစ်နေတယ်ဆိုတာကို နားမလည်သေးပေ။
ပတ်ဝန်းကျင်ရှိ လူအုပ်သည်လည်း သူ့လိုပင် စိတ်ရှုပ်ထွေးနေကြသည်။
ထိုလူစုသည် ဟိုကောင်လေးအား ကြမ်းကြမ်းတမ်းတမ်း လာဝိုင်းရံထားသည်ကိုသာ သူတို့မြင်ထားရသည်။
ထိုလူများသည် အလွယ်တကူ အလွတ်မပေးမည့် ပုံသဏ္ဍာန်ပေါက်နေကြသည်။
အဆုံးတွင် အဆိုပါလူငယ်လေးသည် မထိမခိုက်ပဲ ထွက်သွားခဲ့သည်။
ထို့အစား သားအဖနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စတင်သတ်ပုတ်နေကြသည်။
သို့သော် ထိုအနေအထားမျိုးကိစ္စများသည် သူတို့ရှင်းရှင်းလင်းလင်း တွေးနိုင်သောအရာများ မဟုတ်ပေ။
သူတို့သည် ထိုလူငယ်လေးက အလွန်ဩဇာအာဏာ ရှိသည်ဆိုတာကိုသာ ခံစားနေရသည်။
လျုံချင်းရှန် သူ့သားကို သင်ခန်းစာတစ်ခု ပေးနေချိန်တွင် သူ၏အရေးကြီးသော စီးပွားရေးလုပ်ဖော်ကိုင်ဘက်တစ်ဦးသည် ရုတ်တရက် သူ့ကို ဖုန်းဆက်လာခဲ့သည်။
သူကိုင်လိုက်ချိန်မှာပင် တစ်ဖက်ကလူသည် သူတို့၏ပူးပေါင်းဆောင်ရွက်မှု ပြီးဆုံးသွားပြီ ဖြစ်ကြောင်း တိုက်ရိုက်ပြောလာခဲ့သည်။
လျုံချင်းရှန်သည် ချွေးစေးများ ထွက်လာကာ လျင်မြန်စွာ အကြောင်းပြချက်ကို မေးလိုက်သည်။
တစ်ဖက်ကလူသည် အေးအေးစက်စက်သာ ပြန်ပြောလာသည်.
“ မင်းက ယဲ့လူကြီးမင်းကို ဆန့်ကျင်ခဲ့တယ်။ ယန်းချန်မြို့ တစ်ခုလုံးမှာ ဘယ်သူက မင်းနဲ့ ပူးပေါင်းရဲမှာလဲ။ တကယ်လို့ မင်းသေချင်နေတယ်ဆိုရင် ငါတို့ကို လာဆွဲမချနဲ့။ “
ထိုဖုန်းကိုချပြီးသည့်နောက်တွင် သူသည် နောက်ထပ်ဖုန်းကောလ် အနည်းငယ် လက်ခံရရှိခဲ့သည်။
တစ်ဖက်ကလူများ၏ အခြေအနေများသည် အတူတူနီးပါးပင်ဖြစ်သည်။
သူတို့အားလုံးသည် သူနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အဆုံးသတ်ချင်နေသော ဖောက်သည်များဖြစ်သည်။
“ ပြီးပြီ၊ အရာအားလုံး ပြီးဆုံးသွားပြီ … “
သူသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကာ ငိုချင်နေသည်။
သို့သော် မျက်ရည်များသည် မထွက်လာပေ။
သူသည် ရုတ်ရက်ပင် ယဲ့ဖန်၏ သတိပေးချက်ကို ပြန်သတိရလာသည်။
“ မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်နဲ့ မင်းဘဝကို မဖျက်ဆီးနဲ့ … “
သူ ထိုစကားကို လုံးဝနားမထောင်ခဲ့သည်မှာ သနားစရာကောင်းလှသည်။ ယခုတွင် နောင်တရဖို့ အတော်ပင် နောက်ကျသွားခဲ့ပြီဖြစ်သည်။