← Chapters

ရွှမ်ဟွမ်မူလခန္ဓာ တတိယအဆင့်...

Vol. 37 Ch. 556

ရွှမ်ဟွမ်မူလခန္ဓာ တတိယအဆင့်...

Vol. 37 Ch. 556

လင်းယွမ်က ယခုအချိန်တွင် အချိန်နိယာမကို နားလည်နေပြီဖြစ်သည်။ ယခု သူ၏ သက်တမ်းမှာလည်း အနည်းငယ်သာ ရှိသေးသေည်။ လင်းယွမ်၏ လက်ရှိစံနှုန်းက အလွှာဆယ့်တစ်သက်ရှိများကို ယှဉ်နိုင်ရန် ဖြစ်သည်။ သူက ဒုတိယအဆင့် ပေါင်းစပ်နိယာမကို နားမလည်ဘဲ သူ၏ ခွန်အားနှင့် နည်းစနစ်များပေါင်းလျှင် အလွှာတစ်ဆယ်တွင် ရှုံးနိမ့်နိုင်မည်မဟုတ်ပေ။

" ကျန်တဲ့ ပေါင်းစပ်နိယာမလေးခုကိုလည်း ဒုတိယအဆင့်ထိ မြှင့်တင်ရမယ်။ ပြီးတော့ တတိယအဆင့်...." လင်းယွမ်က တွေးလိုက်သည်။

တတိယအဆင့်သို့ တိုးတက်ရန်အတွက် အကြီးမားဆုံး မျှော်လင့်ချက်က သေခြင်းရှင်ခြင်းနိယာမဖြစ်သည်။ အနက်ရောင်ဂြိုလ်၏ လမ်းညွှန်မှုလမ်းကြောင်းနှင့် လင်းယွမ်က တတိယအဆင့်သို့ ရောက်ရန် နှစ်တစ်ရာမှ နှစ်ရာကြားကြာမြင့်လိမ့်မည်ဟု ခန့်မှန်းမိလေသည်။

စတုတ္ထအဆင့်အတွက် လင်းယွမ်က တတိယအဆင့်သို့ မရောက်သေးသောကြောင့် ဘယ်လောက်ကြာမလဲမသိရသေးသော်လည်း အများဆုံး နှစ်ငါးရာကြာမည်မဟုတ်ပေ။

" ပထမအဆင့်ကနေ စတုတ္ထအဆင့်ကို ကျင့်ကြံဖို့ နှစ်ခုနှစ်ရာအချိန်ယူရတာ လက်ခံနိုင်စရာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

နှစ်ခုနှစ်ရာက အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် ခဏသာဖြစ်သော်လည်း လင်းယွမ်က ထိုအချိန်အတွင်း အဓိကပေါင်းစပ်နိယာမတစ်ခုကို စတုတ္ထအဆင့်ထိ ကျင့်ကြံနိုင်လေသည်။ ထို့အပြင် ထိုနှစ်ခုနှစ်ရာအတွင်း လင်းယွမ်က အဓိကပေါင်းစပ်နိယာမတစ်ခုကို နားလည်ခြင်းမဟုတ်ဘဲ ခြောက်ခုကို နားလည်ခြင်းဖြစ်ပေလိမ့်မည်။

ထိုအပြင် အချိန်နိယာမနှင့် လေဟာနယ်နိယာမကို လေ့လာခြင်းအပြင် အခြားနိယာမများကိုလည်း ပေါင်းစပ်ရန် ကြိုးစားနိုင်လေသည်။

" ငါ့ရဲ့ လက်ရှိခွန်အားနဲ့ အလွှာဆယ့်တစ်သက်ရှိတွေရဲ့ အဆင့် ဘယ်လောက်မှာရှိနိုင်မလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

ကြယ်စကြာဝဠာထဲတွင် အလွှာဆယ့်တစ်သက်ရှိများကို အဆင့်ခြောက်ခုဖြင့် ခွဲခြားထားသည်။

ပထမအဆင့်မှာ အလွှာဆယ့်တစ်သို့ စတင်ဝင်ရောက်ခြင်းဖြစ်သည်။ သူတို့က အချိန်နိယာမကို မကျွမ်းကျင်ကြသေးပေ။ ဒုတိယအဆင့်မှာ အချိန်နိယာမကို နားလည်ထားသော အလွှာဆယ့်တစ်သက်ရှိများဖြစ်ကြသည်။ တတိယအဆင့်မှာ အဓိကပေါင်းစပ်နိယာမကို ပဉ္စမအဆင့်ထိ နားလည်ထားကြသူများဖြစ်သည်။

စတုတ္ထအဆင့်မှာ အချိန်နှင့် လေဟာနယ်ကို ပေါင်းစပ်ပြီး အချိန်လေဟာနယ်နိယာမကို နားလည်ထားကြသူများဖြစ်သည်။ ပဉ္စမအဆင့်မှာ အချိန်လေဟာနယ်နိယာမကို ပဉ္စမအဆင့်ထိ ကျင့်ကြံထားကြသူများဖြစ်သည်။ ဆဋ္ဌမအဆင့်မှာ ကဏ္ဍအားလုံးတွင် အထွတ်အထိပ်သို့ရောက်ပြီး အလွှာဆယ့်နှစ်သို့ အချိန်မရွေး စိန်ခေါ်နိုင်သူများဖြစ်ကြသည်။

သီအိုရီအရ ပဉ္စမအဆင့်တွင် ရှိသော အလွှာဆယ့်တစ်သက်ရှိများက အဆင့်ချိုးဖျက်ရန် ကြိုးစားနိုင်သော်လည်း ဖြစ်နိုင်ခြေနည်းသောကြောင့် ဆဋ္ဌမအဆင့် ရှိနေခြင်းဖြစ်သည်။

ဆဋ္ဌမအဆင့်တွင် ရောက်ရှိနေသော အလွှာဆယ့်တစ်သက်ရှိများပင် အဆင့်ချိုးဖျက်နိုင်ရန် မလွယ်ကူပေ။ ကဏ္ဍအားလုံးတွင် အထွတ်အထိပ်သို့ ရောက်နေသူများပင် အဆင့်ချိုးဖျက်ရန် ကြိုးစားချိန်တွင် ကျရှုံးခဲ့ကြပြီး ပျောက်ကွယ်သွားကြသည်။

ကြီးမြတ်သူဖြစ်လာရန် ကံကောင်းမှုတစ်ခုကိုလည်း လိုအပ်လေသည်။ ကံကောင်းမှုမရှိလျှင် မည်မျှပြင်ဆင်ထားသည်ဖြစ်စေ အကူအညီဖြစ်မည်မဟုတ်ပေ။

" အကြမ်းဖျင်းအားဖြင့်တော့ ဒုတိယအဆင့်ပဲ။ " လင်းယွမ်က စဉ်းစားပြီး သူ၏ ခွန်အားကို အလွှာဆယ့်တစ် ဒုတိယအဆင့်တွင် ထားလိုက်သည်။ တတိယအဆင့် အလွှာဆယ့်တစ်များက အဓိကပေါင်းစပ်နိယာမတစ်ခုကို ပဉ္စမအဆင့်ထိ ကျင့်ကြံနိုင်သူများ ဖြစ်ပြီး လင်းယွမ်က ထိုအဆင့်သို့ မရောက်သေးပေ။

" အနက်ရောင်ဂြိုလ်အတွင်းက အဓိကပေါင်းစပ်နိယာမ ဆယ့်နှစ်ခုလုံးကို စတုတ္ထအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ရင် ငါက အလွှာဆယ့်တစ် တတိယအဆင့်နဲ့ ယှဉ်နိုင်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ်များကြား ကွာဟချက်က ပေါင်းစပ်နိယာမများထက် ပိုလေသည်။ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ စိတ်စွမ်းအား၊ အတွင်းကမ္ဘာ စသည်ဖြင့် ကွဲပြားမှုများ ရှိကြလေသည်။

ပုံမှန်အားဖြင့် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အလွှာတစ်ဆယ်သက်ရှိတစ်ယောက်ထက် စကြာဝဠာမူလရင်းမြစ်ကို တစ်ကြိမ်စုပ်ယူထားပြီး ၎င်းက ကြီးမားသော ကွာဟမှုဖြစ်လေသည်။

သို့သော် လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်မှ မူလရင်းမြစ်ကို စုပ်ယူခဲ့ပြီး ထိုကွာဟချက်ကို ပို၍ ကျဉ်းမြောင်းစေခဲ့လေသည်။

VR ကမ္ဘာတွင် လင်းယွမ်က နာလန်နှင့် စကားပြောနေခဲ့သည်။

" စစ်မြေပြင် A098 မှာ စစ်ပွဲပြင်းထန်မှုက ပိုပြီးပြင်းထန်လာလောက်တယ်။ ဉာဏ်ပညာနတ်ဘုရားက အဲ့ဒီကို ကိုယ်ပွားတစ်ခုစေလွှတ်ပေးဖို့ ငါ့ကို တောင်းဆိုထားတယ်။ " နာလန်က သက်ပြင်းချလိုက်၏။

အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတိုင်းက အရေးပါပြီး စစ်မြေပြင်ကြီးများကိုပင် ထိန်းချုပ်ထားနိုင်လေသည်။ ကြီးမြတ်သူများက ထူးခြားသည့်အခြေအနေများမရှိလျှင် စစ်မြေပြင်သို့ ဝင်ရောက်မည်မဟုတ်ပေ။

ကြီးမြတ်သူများအောက်တွင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက အစွမ်းထက်ဆုံးဖြစ်သည်။ အလွှာဆယ့်တစ်သို့ ဝင်ရောက်ခဲ့သည့် နာလန်ကလည်း စစ်ပွဲရလဒ်များအပေါ် သက်ရောက်မှုရှိနိုင်လေသည်။

" ကျုပ်လည်း အဲ့ဒီအကြောင်း ကြားပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အမှန်တော့ စစ်မြေပြင် A098 တွင် ထိုက်ယန်မူလစိတ်ဝိညာဉ်ရှိနေခြင်းဖြစ်သည်။ လင်းယွမ်က စစ်မြေပြင်၏ အခြေအနေ ပြောင်းလဲမှုကို ခံစားမိခဲ့ပြီး ပို၍ ပြင်းထန်သော စစ်ပွဲတစ်ခု နီးကပ်လာပြီကို သိရှိခဲ့သည်။

" စစ်ပွဲရဲ့ ပြင်းထန်မှုက ကြီးမြတ်သူတစ်ယောက် ဝင်ရောက်ဖို့ လိုတဲ့အဆင့်ကို မရောက်သရွေ့ ငါ့အပေါ် သက်ရောက်မှုမရှိနိုင်ဘူး။ "

စစ်မြေပြင် A098 ရှိ ထာဝရလေဟာနယ်အက်ကြောင်းအောက်တွင် လင်းယွမ်က အချိန်နှင့်လေဟာနယ်ကို အသုံးပြု၍ ပုန်းကွယ်နေပြီး အလွှာတစ်ဆယ်၊ အလွှာဆယ့်တစ်သက်ရှိများက သူ့ကို အလွယ်တကူ ရှာတွေ့မည်မဟုတ်ပေ။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က နက်ရှိုင်းသော လေဟာနယ်အလွှာထဲတွင် ထိုင်နေသည်။ ပြင်းထန်သော အသက်စွမ်းအားများက ပျံ့နှံ့နေပြီး သူ၏ ပတ်လည် မိုင်တစ်ရာအတွင်း နက်ရှိုင်းသော အဝါရောင်အလင်းတစ်ခုက ပျံ့နှံ့နေသည်။

၎င်းက ရွှမ်ဟွမ်မျိုးနွယ်၏ လျို့ဝှက်နည်းစနစ်သုံးခုထဲမှ တစ်ခုဖြစ်သော ရွှမ်ဟွမ်မူလခန္ဓာပင် ဖြစ်သည်။

" တတိယအဆင့် " လင်းယွမ်က မျက်လုံးများဖွင့်ပြီး သက်ပြင်းချလိုက်သည်။

ရွှမ်ဟွမ်မူလခန္ဓာကို အဆင့်လေးဆင့် ခွဲခြားထားပြီး စတုတ္ထအဆင့်က အမြင့်ဆုံးအဆင့်ဖြစ်လေသည်။ ပြည့်စုံသော ရွှမ်ဟွမ်မူလခန္ဓာရှိသည့် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်က စကြာဝဠာခေတ်၏ အဆုံးသတ်ကို အလွယ်တကူ ခံနိုင်ရည်ရှိပြီး ပျက်စီးနိုင်မည်မဟုတ်ပေ။

လင်းယွမ်က ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံလာသည်နှင့်အမျှ ခက်ခဲမှုကို ပို၍ နားလည်လာခဲ့သည်။ ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရန် လိုအပ်သော အရင်းအမြစ်က အမှန်တကယ် ကြီးမားလွန်းလှသည်။

အစတွင် လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ရွှမ်ဟွမ်သလင်းကျောက်များ၊ နဝမအလွှာ မျိုးနွယ်ခြားများ၏ အလောင်းများနှင့် လျို့ဝှက်ရတနာများဖြင့် ထိုနည်းစနစ်ကို ပိုမိုနက်ရှိုင်းသော အဆင့်သို့ ကျင့်ကြံနိုင်လိမ့်မည်ဟု တွေးခဲ့သည်။

လင်းယွမ်က ထိုလျို့ဝှက်နည်းစနစ်၏ အချက်အလက်များနှင့် ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။ သို့သော် လင်းယွမ်က အရေးကြီးသော အချက်တစ်ချက်ကို လျစ်လျူရှုခဲ့မိသည်။

သူက သာမန်အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် မဟုတ်ခဲ့ပေ။ သာမန်အလွှာတစ်ဆယ်တစ်ယောက်ဖြစ်လျှင် လျို့ဝှက်နယ်မြေမှ အရင်းအမြစ်များနှင့် ကျင့်ကြံခြင်းအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။

သို့သော် လင်းယွမ်က အလွှာတစ်ဆယ်သို့ မရောက်မီကပင် သူ၏ ခန္ဓာကိုယ်မှာ အခြားသူများထက် များစွာ သာလွန်နေခဲ့သည်။ အလွှာတစ်ဆယ်သို့ ဝင်ရောက်ပြီးနောက် ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်၏ အားဖြည့်မှုဖြင့် ကွာဟချက်က အဆပေါင်းများစွာ ကြီးမားသွားခဲ့သည်။

နောက်ဆုံးတွင် သူ၏ တိုးတက်မှုနှင့် ကျေနပ်ခဲ့ရသော်လည်း လိုအပ်သော အရင်းအမြစ်များက အမှန်တကယ် များပြားလှသည်။ ၎င်းက မူလခန္ဓာကိုယ်သာရှိပြီး မူလစိတ်ဝိညာဉ်နှစ်ခုလည်း ကျန်နေသေးသည်။

အလွှာတစ်ဆယ်သို့ ဝင်ရောက်ပြီး သူ၏ အရင်းအမြစ် လိုအပ်ချက်များ တိုးလာသည်ကို တွေ့ရှိပြီးနောက် လင်းယွမ်က မူလစိတ်ဝိညာဉ်နှစ်ခုကို ရွှမ်ဟွမ်မူလခန္ဓာ ကျင့်ကြံခြင်းအား ရပ်တန့်ထားခဲ့သည်။

စစ်မြေပြင် A098။

လင်းယွမ်က ထာဝရလေဟာနယ်အက်ကြောင်းအောင်တွင် ဆက်လက်ကျင့်ကြံနေခဲ့သည်။

" လွန်ခဲ့တဲ့ လအနည်းငယ် အတွင်းမှာ အလွှာဆယ့်တစ်သက်ရှိ တစ်ရာကျော် ဝင်ရောက်လာခဲ့တာ်။ " လင်းယွမ်က အဝေးသို့ ကြည့်လိုက်သည်။

လူသားမျိုးနွယ်တစ်ခုလုံးပင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူက တစ်ထောင်ထက်မပိုခဲ့ပေ။ ယခု စစ်မြေပြင်တစ်ခုတည်းတွင် အလွှာဆယ့်တစ်သက်ရှိ တစ်ရာကျော်နေပြီး မူလက တပ်စွဲထားသော အလွှာဆယ့်တစ်သက်ရှိများ မပါသေးပေ။ ထို့အပြင် လင်းယွမ်၏ အာရုံကို ဖုံးကွယ်နိုင်သော အလွှာဆယ့်တစ်သက်ရှိများလည်း ရှိနေသည်။

" ရှေးဟောင်းနတ်ဘုရားထို့ပါ။ " လင်းယွမ်၏ အကြည့်များက နက်ရှိုင်းနေပြီး သူက စစ်မြေပြင်တွင် ရှေးဟောင်းနတ်ဘုရားထို့ပါအကြောင်း သိခဲ့ရသည်။

ရှေးဟောင်းနတ်ဘုရားထို့ပါကို အင်းဆက်မျိုးနွယ်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်ချင်းက ကျင့်ကြံခဲ့ခြင်းဖြစ်သည်။ ဖန်ချင်း၏ ပြဿနာကြောင့် လင်းယွမ်က ထိုရှေးဟောင်းနတ်ဘုရားနှင့် အတော်လေး အဆင်မပြေဖြစ်ခဲ့ရသည်။

လင်းယွမ် ဆင့်ကဲပြောင်းလဲသူဖြစ်လာပြီးနောက် ရှေးဟောင်းနတ်ဘုရားထို့ပါက ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်ရဲသော ပထမဆုံးလူဖြစ်လေသည်။

လင်းယွမ်ရရှိခဲ့သော အချက်အလက်များအရ ထိုရှေးဟောင်းနတ်ဘုရားက အလွှာဆယ့်တစ် ပဉ္စအဆင့်တွင် ရှိပြီး ထိပ်တန်းရှေးဟောင်းနတ်ဘုရားများထဲတွင် ပါဝင်လေသည်။ ရှေးဟောင်းနတ်ဘုရားထို့ပါ၏ သက်တမ်းမှာ နှစ်ပေါင်းသန်းတစ်ရာသာ ကျန်တော့သည်ဟု ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ပြောခဲ့လေသည်။

ရှေးဟောင်းနတ်ဘုရားထို့ပါက အချိန်စီးဆင်းမှုကို ထိန်းချုပ်ခြင်းဖြင့် ပင်မစကြာဝဠာ၏ နှစ်ပေါင်းတစ်ရာဘီလီယံအထိ အသက်ရှင်နိုင်လောက်ပေသည်။ သို့သော် သူ့အတွက် အချိန်ဆွဲဆန့်ပြီး အသက်ရှည်ခြင်းက အဓိပ္ပါယ်မရှိတော့ပေ။

All Chapters