← Chapters

အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာ...

Vol. 37 Ch. 558

အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာ...

Vol. 37 Ch. 558

" အဲ့ဒီအဖြူရောင်စာရွက်က အနီးက အရာအားလုံးကို ဒိုင်မန်ရှင်းနှစ်ခုအဖြစ် အလိုအလျောက် နိမ့်ချပစ်တာပဲ။ ဖရိုဖရဲဟင်းလင်းပြင်မှာ ဒီလိုအရာဝတ္ထုတွေရှိတာ အံ့ဩစရာပဲ။ "

လင်းယွမ်က ထိတ်လန့်ခြင်းမရှိဘဲ ကြီးမြတ်သူရှချင်ကို စောင့်ဆိုင်းနေသည်။ သူက ထိုက်ယန်မူလစိတ်ဝိညာဉ်အပေါ် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများမရှလျှင် လင်းယွမ်က မူလစိတ်ဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးပစ်မည်ဖြစ်သည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ခဏစောင့်ပြီးနောက် ကြီးမြတ်သူရှချင်နှင့် ထပ်မံတွေ့ဆုံခဲ့သည်။

" အခြေအနေက အတော်လေး ခက်ခဲနေတယ်။ " ကြီးမြတ်သူရှချင်က လေးနက်စွာ ပြောလိုက်သည်။ " အဲ့ဒီအဖြူရောင်စာရွက်က အရမ်းအဆင့်မြင့်နေတယ်။ ငါတို့က သန့်စင်တာ ဝင်ရောက်တာတွေ မလုပ်နိုင်ဘူး။ "

" ဒါဆို ကျွန်တော် အဲ့ဒီကိုယ်ပွားကို စွန့်လွှတ်လိုက်ပါမယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

သူက အဖြူရောင်စာရွက်အတွင်းမှာ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာနှင့် ပက်သက်၍ သိချင်စိတ်ရှိသော်လည်း အသေးစိတ်အချက်အလက်များကို မသိရသောကြောင့် ထိုနေရာတွင် ကြာကြာမနေချင်ပေ။ အော်ရိုရာကဲ့သို့ ကျိန်စာသတ်ဖြတ်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်လျှင် ပို၍ ခက်ခဲသွားနိုင်လေသည်။

သို့သော် လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် သွေးအဆီအနှစ်များ ထားခဲ့လေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ကြောင်းကျိုးနိယာမကို ခွဲထုတ်နိုင်သောကြောင့် ကြီးမြတ်သူတစ်ယောက်ပင် သူ့ကို ကျိန်စာတိုက် သတ်ဖြတ်နိုင်မည်မဟုတ်ပေ။

" အဲ့လိုမလုပ်နဲ့။ " ကြီးမြတ်သူရှချင်က ခေါင်းခါလိုက်သည်။ " မျိုးနွယ်ခြားတွေက အဲ့ဒီအဖြူရောင်စာရွက်ထဲကျသွားတဲ့ ကိုယ်ပွားတွေကို ဖောက်ခွဲကြည့်ပြီးသွားပြီ။ "

" ဒါပေမယ့် ရလဒ်က... " ကြီးမြတ်သူရှချင်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ " အဲ့ဒီဖောက်ခွဲခံလိုက်ရတဲ့ ကိုယ်ပွားတွေကို ဘယ်တော့မှ ပြန်မဖန်တီးနိုင်တော့ဘူး။ "

" ဘယ်တော့မှပြန်မဖန်တီးနိုင်တော့ဘူးလား။ " လင်းယွမ်က ထိတ်လန့်သွားသည်။

ကိုယ်ပွားဖန်တီးခြင်းမှာ မိမိ၏ စိတ်အသိတစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီး ၎င်းကို အမြုတေအဖြစ် အသုံးပြုကာ ဒုတိယရုပ်ခန္ဓာတစ်ခုကို ဖန်တီးခြင်းဖြစ်သည်။ မည်သည့်သက်ရှိမဆို စိတ်အသိက အရေးကြီးဆုံးဖြစ်ပြီး တူညီသော စိတ်အသိဖြစ်မှသာ မှတ်ဉာဏ်များကို ခွဲဝေနိုင်ပေလိမ့်မည်။

စိတ်အသိ၏ ပမာဏက အကန့်အသတ်ရှိလေသည်။ ဥပမာ အလွှာတစ်ဆယ် သက်ရှိတစ်ယောက်တွင် စိတ်အသိက ဆယ်မှတ်ရှိပြီး ကိုယ်ပွားတစ်ခုဖန်တီးရန် စိတ်အသိနှစ်မှတ်ကို ဖြတ်တောက်လိုက်လျှင် မူလခန္ဓာကိုယ်၏ စိတ်အသိက ရှစ်မှတ်ဖြစ်သွားပြီး ကိုယ်ပွား၏ စိတ်အသိက နှစ်မှတ်ဖြစ်သွားပေလိမ့်မည်။

ဒုတိယကိုယ်ပွားကို ဖန်တီးရန် စိတ်အသိနှစ်မှတ်ကို ဖြတ်တောက်လိုက်လျှင် မူလခန္ဓာကိုယ်၏ စိတ်အသိက ခြောက်မှတ်သာ ကျန်ပေလိမ့်မည်။ ၎င်းက အင်အားကြီးသူများ ကိုယ်ပွားတစ်ခုသာ ရှိရခြင်း၏ အကြောင်းရင်းဖြစ်သည်။

ကိုယ်ပွားများ ပို၍ ဖန်တီးသည်နှင့် မူလစိတ်အသိက ပို၍ အားနည်းလာပေလိမ့်မည်။ စိတ်အသိအားနည်းသွားလျှင် နိယာမကို နားလည်နိုင်စွမ်း၊ တိုက်ခိုက်ရေးစွမ်းအား အားလုံးက သက်ရောက်ခံရပြီး ပြင်းထန်စွာ ကျဆင်းသွားပေလိမ့်မည်။

ကိုယ်ပွားတစ်ခုက အပြင်တွင် သေဆုံးခဲ့လျှင် စိတ်အသိက ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ ထို့နောက် ကိုယ်ပွားကို ဖန်တီးရန် စိတ်အသိကို ဆက်လက် ဖြတ်တောက်နိုင်လေသည်။

သို့သော် ကြီးမြတ်သူရှချင်၏ ပြောစကားအရ ဒိုမန်ရှင်းနှစ်ခုကမ္ဘာတွင် ကိုယ်ပွားကို ဖျက်ဆီးလိုက်လျှင် ကိုယ်ပွားမှ စိတ်အသိကို ပြန်မရနိုင်ဘဲ မူလခန္ဓာကိုယ်၏ စိတ်အသိမှ တစ်စိတ်တစ်ပိုင်းကို ထာဝရဆုံးရှုံးသွားပေလိမ့်မည်။

မိမိ၏ စိတ်အသိမှ တစ်စိတ်တစ်ပိုင်းကို အမြဲတမ်းဆုံးရှုံးသွားခြင်းက စွမ်းအားကြီးသူတစ်ယောက်အတွက် အလားအလာနှင့် ခွန်အားကို အဆင့်ပေါင်းများစွာ လျှော့ချပစ်နိုင်လေသည်။

" ငါ.." လင်းယွမ်က သူ့ကိုသူ တွေးလိုက်သည်။

ထိုက်ယန်မူလစိတ်ဝိညာဉ်က အဖြူရောင်စာရွက်အတွင်းမှ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် သေဆုံးခဲ့လျှင် သူက ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ပြန်လည်စုစည်းမှု လုပ်လို့မရဘူးလို့ဆိုလိုတာလား။ ထို့အပြင် ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့က လင်းယွမ်ကို ထောက်ပံ့ပေးထားသော သိုင်းတာအို၏ အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။

ထိုက်ယန်မူလစိတ်ဝိညာဉ်ကို အမြဲတမ်းဆုံးရှုံးသွားလျှင် လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြီးမားသော သက်ရောက်မှုရှိပေလိမ့်မည်။ ထိုက်ယင်မူလစိတ်ဝိညာဉ်တစ်ခုတည်းနှင့် သိုင်းတာအို၏ ယင်နှင့်ယန် ဟန်ချက်ညီမှုက ပျက်သွားနိုင်ပြီး ပြိုလဲသွားနိုင်လေသည်။

" အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါး..." အဖြူရောင်စာရွက်အတွင်း ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လင်းယွမ်က သူ၏ စိတ်ထဲမှ ခမ်းနားသော ဂိတ်တံခါးကို ကြည့်လိုက်သည်။

သူ၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်ပြီး မူလခန္ဓာကိုယ်ဆီသို့ ပြန်ရောက်လာနိုင်လေသည်။ ထိုအခါ ထိုက်ယန်မူလစိတ်ဝိညာဉ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် သေဆုံးသွားလျှင် ထိုက်ယန်မူလစိတ်ဝိညာဉ်ကို အမြဲတမ်း ဆုံးရှုံးတော့မည်မဟုတ်ပေ။ သို့သော် လင်းယွမ်က မသေချာပေ။

" အကောင်းဆုံး ရွေးချယ်မှုက သဘာဝအတိုင်း ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက ထွက်သွားဖို့ပဲ။ ဒါပေမယ့် ဘယ်လိုထွက်သွားမှာလဲ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားနေသည်။

လူသားမျိုးနွယ်မှ ကြီးမြတ်သူများပင် အဖြူရောင်စာရွက်နှင့် ပက်သက်ပြီး ထိုက်ယွမ်အမွေအနှစ်မှ လာသည်မှလွဲ၍ ဘာမှမသိရပေ။

" ဟုတ်သားပဲ။ သူတို့ကို မေးကြည့်ရမယ်။ " လင်းယွမ်၏ အတွေးများက အနည်းငယ် လှုပ်ရှားသွားသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ။

လင်းယွမ်၏ စိတ်အသိက ထိုနေရာသို့ ဆင်းသက်သွားသည်။

" သခင် " လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်ကို အရိုအသေပေးလိုက်သည်။

" ဒီအဖြူရောင်စာရွက်အကြောင်းကို မင်းသိလား။ " လင်းယွမ်က အချိန်မဖြုန်းဘဲ အဖြူရောင်စာရွက်ကို ပုံဖော်ပြလိုက်သည်။

လက်ခြောက်ဖက်နှင့်ပုံရိပ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စိတ်ဝိညာဉ်ဖြစ်သောကြောင့် လူသားမျိုးနွယ်မှ ကြီးမြတ်သူများထက် ပို၍သိသည်မှာ သေချာလေသည်။

" ဒီအဖြူရောင်စာရွက်ထဲမှာ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရှိပြီး ပတ်ဝန်းကျင်က ဒိုင်မန်ရှင်းကို အတင်းအကျပ် လျှော့ချပြီး အဖြူရောင်စာရွက်ထဲ နစ်မြှုပ်သွားတယ်။ " လင်းယွမ်က သူသိသော အချက်အလက်များကို ပြောပြလိုက်သည်။

" ဒိုင်မန်ရှင်နှစ်ခုကမ္ဘာ၊ အဖြူရောင်စာရွက်..." ​လက်ခြောက်ဖက်နှင့်ပုံရိပ်က အနည်းငယ် အံ့ဩသွားသည်။

" သခင်က အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာကို ပြောတာလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ချက်ချင်း ပြောလိုက်သည်။

" အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာ..." လင်းယွမ်က သိချင်သွားသည်။ " အသေးစိတ်ပြောပြပါဦး။ "

" ဟုတ်ကဲ့။ " လက်ခြောက်ဖက်နှင့်ပုံရိပ်က လင်းယွမ် အရေးကြီးနေသည်ကို သိသော​ကြောင့် နှောင့်နှေးခြင်းမရှိတော့ပေ။

" အန္တရာယ်ရှိတဲ့ နေရာတစ်ခုကနေ အရှင်မင်းကြီးရရှိခဲ့တဲ့ မှတ်တမ်းတွေအရ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာက အခြားဒိုင်မန်ရှင်းနေရာတွေကို ရှာဖွေဖို့ ပြည့်စုံတဲ့ အချိန်သက်ရှိတွေနဲ့ နီးစပ်တဲ့ သက်ရှိတွေ ဖန်တီးခဲ့တဲ့ အရာတစ်ခုပါ။ "

" ဒါပေမယ့် နောက်ပိုင်း စွမ်းအားကြီးသက်ရှိအချို့က အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာက မတူညီတဲ့ သက်ရှိနှစ်ယောက်ကို တူညီတဲ့ စမှတ်တစ်ခုကနေ စတင်နိုင်တယ်ဆိုတာ တွေ့ခဲ့ရတယ်။ ကိုယ်ပွားရဲ့ စိတ်အသိအပိုင်းအစတစ်ခုက အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာကို ဆင်းသက်လာပြီး အစကနေ စတင်နိုင်တယ်။ "

" အမွေအနှစ်၊ နည်းစနစ်တွေ၊ နိယာမအပေါ်နားလည်မှုတွေ အားလုံးကို စွန့်လွှတ်ပြီး အသစ်က ပြန်စတာပဲ။ ဒါကြောင့် အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာရဲ့ အသုံးပြုမှုက ပင်ကိုစွမ်းရည်ကို စမ်းသပ်ဖို့ ဖြစ်တယ်။ "

" တူညီတဲ့ စမှတ်တစ်ခုမှာ တူညီတဲ့ ပတ်ဝန်းကျင်နဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း ဘယ်သူရဲ့ ခွန်အားက အမြန်ဆုံးတိုးတက်လာလဲဆိုတာ ဘယ်သူက အသန်မာဆုံး ပင်ကိုစွမ်းရည်ရှိတယ်ဆိုတာကို ဖော်ပြတယ်။ "

" နောက်ဆုံးမှာ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာက ဖျော်ဖြေရေးတစ်မျိုးဖြစ်လာပြီး မတူညီတဲ့အဆင့်ရှိတဲ့ သက်ရှိတွေက အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာကို စိတ်အသိအပိုင်းအစတစ်ခု စေလွှတ်ပြီး တိုက်ပွဲတစ်ခု တိုက်ခိုက်စေကြတယ်။ "

လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောရင်း ခဏရပ်သွားပြီး တစ်စုံတစ်ခုကို ပြန်သတိရသွားသည်။ " အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာက နှစ်မျိုးရှိတယ်။ "

" တစ်ခုက ကန့်သတ်ချက်တွေမရှိတဲ့ ဖျော်ဖြေရေး အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာဖြစ်တယ်။ နောက်တစ်ခုက အလောင်းအစား ဒိုင်မန်ရှင်းနေရာပဲ။ ဒီအမျိုးအစားက နိယာမအများကြီးပါဝင်ပြီး လမ်းတစ်ဝက်က ထွက်သွားရင် ပြင်းထန်တဲ့ အပြစ်ဒဏ်ကို ခံစားရလိမ့်မယ်။ နောက်ဆုံး ပြိုင်ဘက်ကို အနိုင်ယူနိုင်ရင်တော့ ဆုလာဘ်ကို ရရှိလိမ့်မယ်။ "

" အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာမှာ နောက်ဆုံး အနိုင်ရရှိတဲ့သူက အားလုံးကို ရရှိလိမ့်မယ်လို့ အရှင်မင်းကြီး ပြောဖူးတယ်။ "

" အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

လက်ခြောက်ဖက်နှင့် ပုံရိပ်၏ ပြောပြချက်အရ အဖြူရောင်စာရွက်မှာ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာ ဖြစ်သည်မှာ သေချာလေသည်။

" သခင်က အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာနဲ့ ကြုံတွေ့ခဲ့လို့လား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က သိလိုစိတ်နှင့် မေးလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်က စကြာဝဠာခေတ်များစွာကို ဖြတ်သန်းခဲ့ပြီး ထူးဆန်းသော ရတနာများစွာက အတိတ်တွင် ပျောက်ကွယ်သွားကြသည်။ ဧကရာဇ်ရွှမ်ဟွမ်က အန္တရာယ်ကြီးသော နေရာများစွာကို ရှာဖွေခဲ့သော်လည်း အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာနှင့် ပက်သက်သော အချက်အလက်အနည်းငယ်သာ ရှာတွေ့ခဲ့သည်။

" ငါ အဲ့ဒါကို တွေ့ရုံတင်မဟုတ်ဘူး။ ငါ့ကိုယ်ပွားတစ်ခုပါ အဲ့ထဲကျသွားခဲ့တယ်။ " လင်းယွမ်က အခြေအနေကို အကြမ်းဖျင်းပြောပြလိုက်သည်။

" သခင်နဲ့အတူ သက်ရှိတွေအများကြီး အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာထဲကျသွားတာလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က မျက်လုံးပြူးသွားသည်။

" မှန်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " အရေအတွက်က သန်းတစ်ရာကျော်လောက် ရှိလောက်တယ်။ "

All Chapters