အခြေအနေများ....
Vol. 37 Ch. 559
စစ်မြေပြင် A098 က မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကြီးတစ်ခု ဖြစ်သည့်အတွက် ပုံမှန်အချိန်များတွင်လည်း အင်အားကြီးသူအများအပြား ရှိလေသည်။ အထူးသဖြင့် အဖြူရောင်စာရွက်ရောက်မလာမီ စစ်ပွဲပြင်းထန်လာတော့မည်ဖြစ်သောကြောင့် အခြားစစ်မြေပြင်မှ အင်အားကြီးသူများကလည်း ရောက်လာကြသည်။
လင်းယွမ်၏ ခန့်မှန်းချက်အရ စစ်မြေပြင်တွင် အလွှာဆယ့်တစ်သက်ရှိ အရေအတွက်က သုံးရာကျော်ပေလိမ့်မည်။ အလွှာတစ်ဆယ်က နှစ်သိန်းထိ ရှိပေလိမ့်မည်။ အောက်အဆင့်များက စုစုပေါင်း သန်းတစ်ရာလောက် ရှိပေလိမ့်မည်။
" သန်းတစ်ရာလား။ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာက သန်းတစ်ရာကို ဘယ်လိုလုပ်နေရာပေးနိုင်တာလဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က အံ့ဩသွားသည်။
ဧကရာဇ်ရွှမ်ဟွမ် ရရှိခဲ့သော အချက်အလက်များအရ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာက ဖျော်ဖြေရေးနှင့် အလောင်းအစားအတွက်သာဖြစ်ပြီး တစ်ချိန်တည်းတွင် အယောက်တစ်ရာအောက်သာ နေရာပေးနိုင်လေသည်။ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာ၏ အမွေအနှစ်နှင့် အနှစ်သာရက ဖရိုဖရဲဟင်းလင်းပြင်ထက် များစွာနိမ့်ကျပြီး သက်ရှိများစွာကို ရိုးရှင်းစွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိပေ။
လက်ခြောက်ဖက်နှင့် ပုံရိပ်၏ အမူအရာက လေးနက်သွားသည်။ " သခင် သခင်ကျသွားတဲ့ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာက ပြည့်စုံတဲ့ အချိန်သက်ရှိအဆင့်နဲ့ နီးစပ်တဲ့ သက်ရှိတွေ ကြီးမားတဲ့ အရင်းအမြစ်တွေကို ပေးဆပ်ပြီး ဖန်တီးထားတဲ့ မူလ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာဖြစ်နိုင်တယ်။ "
မူလ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာကို ပြည့်စုံသော အချိန်သက်ရှိအဆင့်နှင့် နီးစပ်သည့် သက်ရှိများဖန်တီးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာများက ၎င်းကို အတုယူထားကြခြင်းဖြစ်သည်။
" မူလ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာလား။ " လင်းယွမ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
" ဟုတ်ပါတယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။ " မူလ အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာတွေနဲ့ပက်သက်ပြီး အရှင်မင်းကြီးလည်း သိပ်မသိခဲ့ရဘူး။ အဲ့ဒါက ပြည့်စုံတဲ့ အချိန်သက်ရှိအဆင့်နဲ့ နီးစပ်တဲ့ သက်ရှိတွေ ပေးအပ်ထားတဲ့ အခွင့်အလမ်းတွေ ပါဝင်တယ်ဆိုတာပဲ သိပါတယ်။ "
" ဒီလိုအဆင့်နိမ့် ဒိုင်မန်ရှင်းနေရာထဲကို ကျသွားတဲ့ သူတွေက အခြေအနေတွေနဲ့ ကိုက်ညီနေသရွေ့ ပေးအပ်ထားတဲ့ လက်ဆောင်တွေကို ရရှိလိမ့်မယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။
" ဘယ်လိုထွက်ရမှာလဲ။ " လင်းယွမ်က အရေးကြီးဆုံးမေးခွန်းကို မေးလိုက်သည်။
" ထွက်သွားဖို့နည်းလမ်းက ရှာဖွေရခက်မှာမဟုတ်ဘူး။ သခင်က အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာကို ပိုပြီး ရှာဖွေဖို့ပဲလိုတယ်။ အချိန်တန်ရင် တွေ့သွားမှာပဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က တုန့်ဆိုင်းစွာ ပြောလိုက်သည်။
အဖြူရောင်စာရွက်အတွင်း လင်းယွမ်က ကျဉ်းမြောင်းသော အခန်းထဲတွင် ခြေချိတ်ထိုင်လျက်ရှိသည်။ ကြီးမြတ်သူရှချင်၊ ကျောက်ရုပ်တုရှန်းကျိနှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စိတ်ဝိညာဉ်တို့၏ စကားများမှတစ်ဆင့် သူက သူ၏ လက်ရှိအခြေအနေကို အခြေခံအကျဆုံး ဆုံးဖြတ်ချက်ရှိသွားခဲ့သည်။
ပထမအချက်မှာ ထိုက်ယန်မူလစိတ်ဝိညာဉ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် သေဆုံးခဲ့လျှင် သူက ထိုမူလစိတ်ဝိညာဉ်ကို လုံးဝ ဆုံးရှုံးသွားပေလိမ့်မည်။
ဒုတိယအချက်က ထွက်သွားရန် နည်းလမ်းတစ်ခုဖြစ်သော်လည်း ချောမွေ့စွာ ထွက်သွားနိုင်မည်မဟုတ်ပေ။ ထိုအဆင့်နိမ့် ဒိုင်မန်ရှင်းနေရာကို လမ်းတစ်ဝက်မှ ထွက်သွားလျှင် ပြင်းထန်သော ပြစ်ဒဏ်ကို ခံစားရမည်ဖြစ်ပြီး မထွက်ခွာနိုင်မီ အခြားသက်ရှိများနှင့်လည်း ယှဉ်ပြိုင်ရနိုင်ခြေများလေသည်။
တတိယအချက်အနေဖြင့် တိကျသော အခြေအနေများကိုက်ညီနေသရွေ့ လူတစ်ယောက်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ဖန်တီးသူဆီမှ ဆုလာဘ်များ ရရှိနိုင်လေသည်။
စတုတ္ထအချက်မှာ ဤနေရာမှ အချိန်စီးဆင်မှုက ပင်မစကြာဝဠာနှင့် ကွဲပြားပြီး ပင်မကြာဝဠာတွင် တစ်နှစ်ကုန်သွားလျှင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နှစ်တစ်ရာ ကုန်ဆုံးသွားမည်ဖြစ်သည်။
လက်ရှိတွင် လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ထွက်သွားရန်သာ အာရုံစိုက်နေပြီး ဆုလာဘ်များကို စိတ်ဝင်စားခြင်းမရှိပေ။
" ပင်မစကြာဝဠာက ခွန်အားကို မြှင့်တင်ပေးတဲ့ နည်းစနစ်တွေက ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာ ကိုးဆယ့်ကိုးရာခိုင်နှုန်း အသုံးမဝင်တော့ပါဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ပင်မစကြာဝဠာတွင် လူသားမျိုးနွယ်ဖြစ်စေ အခြားမျိုးနွယ်များဖြစ်စေ ခွန်အားကို မြှင့်တင်ခြင်းက နိယာမများစွာကို နားလည်မှုဆီသို့ ဦးတည်နေသည်။ နိယာမများ၏ စွမ်းအားကို အသုံးပြုခြင်းအားဖြင့် လူတစ်ယောက်က ကန့်သတ်ချက်များကို ကျော်လွန်သော ခွန်အားကို အလွယ်တကူ ထုတ်ဖော်နိုင်လေသည်။
ထို့နောက် နိယာမများအပေါ် နားလည်မှုက တိကျသော အဆင့်တစ်ခုသို့ ရောက်လျှင် အတွင်းကမ္ဘာတစ်ခုကို ဖန်တီးနိုင်ပြီး အတွင်းကမ္ဘာ၏ စွမ်းအားကို အသုံးပြုခြင်းဖြင့် အဆပေါင်းများစွာ သာလွန်သော ခွန်အားကို ရရှိမည်ဖြစ်သည်။
သို့သော် ဤနေရာတွင် နိယာမများမရှိပေ။ လေဟာနယ်အလွှာများမရှိသောကြောင့် အတွင်းကမ္ဘာကလည်း ပုံသဏ္ဍန်မရှိတော့ပေ။ ထို့ကြောင့် ဤကမ္ဘာတွင် ခွန်အားကို မြှင့်တင်နိုင်ရန် နည်းလမ်းနှစ်ခုသာ ရှိသည်။
တစ်ခုမှာ ရုပ်ခန္ဓာဖြစ်သည်။ ရုပ်ခန္ဓာသန်မာလာသည်နှင့် ခွန်အားက တိုးလာမည်ဖြစ်သည်။ ဒုတိယတစ်ခုမှာ နည်းစနစ်များဖြစ်သည်။ အကြွင်းမဲ့စွမ်းအာစအောက်တွင် နည်းစနစ်များက အသုံးမဝင်ပေ။ ခွန်အားက နိမ့်ကျနေပြီး များစွာကွာခြားခြင်းမရှိလျှင် သာလွန်သော နည်းစနစ်ရှိသူက အနိုင်ရရှိပေလိမ့်မည်။
လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ထွက်ခွာရန် မည်သည့်လိုအပ်ချက်ရှိသည်ကို မသိပေ။ သို့သော် သူ၏ ခွန်အားတိုးတက်ခြင်းက ကောင်းမွန်သော အရာဖြစ်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရုပ်ခန္ဓာကို အထူးပြုထားတာပဲ။ ဒါပေမယ့် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာ ရုပ်ခန္ဓာကို တိုးတက်စေတဲ့ နည်းလမ်းက ပင်မစကြာဝဠာနဲ့ နည်းနည်းကွဲပြားနေတယ်။ "
လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ ပြည့်စုံသော အချိန်အသက်ရှိက အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာကို ဖန်တီးခဲ့ခြင်းမှာ ဖျော်ဖြေရေးနှင့် အလောင်းအစားအတွက် ပင်ကိုစွမ်းရည်ကို စမ်းသပ်ရန်ဖြစ်သည်။
အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာတွင် သက်ရှိများက ပုံမှန်ကျင့်စဉ်ကို အသုံးမပြုနိုင်ဘဲ ပို၍ သန်မာချင်လျှင် အဆင့်နိမ့် ဒိုင်မန်ရှင်းနေရာနှင့် သင့်လျော်သော ကျင့်စဉ်အသစ်ကို ဖန်တီးရမည်ဖြစ်သည်။
" ငါ့မှာ ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းရှိလို့ ဒီကမ္ဘာနဲ့ ကျင့်စဉ်တစ်ခု ဖန်တီးတာက ခက်ခဲမှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
သို့သော် သူက ဤကမ္ဘာသို့ ကျရောက်ခဲ့သော အခြားသူများကိုလည်း အထင်မသေးပေ။ တူညီသော အဆင့်တွင် သူ၏ နားလည်နိုင်စွမ်းအား ဘယ်သူမှ မယှဉ်နိုင်သည်ကို လင်းယွမ်က ယုံကြည်လေသည်။ ကြီးမားသော အမြင့်မှ ကြည့်လျှင် ရှုထောင့်များကလည်း ကွဲပြားသွားပေလိမ့်မည်။
" အခန်းအပြင်ဘက်မှာ ဘာရှိလဲ ကြည့်ရအောင် " လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်ပြီး သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်။
တံခါး၏ အပြင်ဘက်တွင် စိမ်းလန်းစိုပြေနေပြီး အဝေးတစ်နေရာတွင် ချောင်းတစ်ခုရှိနေသည်။ အသားမဲသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ချောင်းဘေးတွင် ငါးဖမ်းနေသည်။
" ဝါ ကာ ကာ " လင်းယွမ် အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ သက်လတ်ပိုင်းအမျိုးသားက ခြေလှမ်းကျဲများဖြင့် လျှောက်လာပြီး လင်းယွမ် နားမလည်သော ဘာသာစကားနှင့် ပြောလိုက်သည်။
" ဘာသာစကားအသစ်လား။ " လင်းယွမ်က ဂရုတစိုက် နားထောင်နေပြီး သက်လတ်ပိုင်းအမျိုးသား၏ အမူအရာကို စောင့်ကြည့်နေသည်။
ခဏရပ်ပြီးနောက် သူက ဝန်လေးစွာဖြင့် စကားအနည်းငယ် ပြောလိုက်ပြီး သက်လတ်ပိုင်းအမျိုးသား၏ တုန့်ပြန်မှုကို စောင့်ကြည့်နေသည်။ သုံးလေးမိနစ်ကြာပြီးနောက် သူက သက်လတ်ပိုင်း အမျိုးသားနှင့် ပုံမှန်အားဖြင့် ပြောဆိုနိုင်ခဲ့သည်။
လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ဖိနှိပ်ခံလိုက်ရသော်လည်း သူက အလွှာတစ်ဆယ်တစ်ယောက်ဖြစ်သည့်အပြင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်သောကြောင့် ဤကမ္ဘာ၏ ဘာသာစကားကို သင်ယူရန် သူ့အတွက် လွယ်ကူလွန်းလှသည်။
" လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ဥက္ကာပျံတွေ ကောင်းကင်က ကျဆင်းလာပြီး ဥက္ကာပျံတစ်ခုက ဒီနေရာကို ကျလာလို့ မင်းလာကြည့်တော့ ငါ့ကိုတွေ့ခဲ့တာပေါ့။ "
သက်လတ်ပိုင်းအမျိုးသားနှင့် ခဏစကားပြောပြီးနောက် လင်းယွမ်က စဉ်းစားလိုက်သည်။ ဥက္ကာပျံဟုခေါ်သော အရာများက အဖြူရောင်စာရွက်ထဲသို့ စုပ်ယူခြင်းခံလိုက်ရသော စစ်မြေပြင်မှ သက်ရှိများဖြစ်ပေလိမ့်မည်။
ခဏကြာသောအခါ သက်လတ်ပိုင်းအမျိုးသား၏ ရှင်းပြမှုဖြင့် လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာနှင့် ပက်သက်သော အခြေခံအကြောင်းအရာများကို သိလိုက်ရသည်။
သက်လတ်ပိုင်းအမျိုးသား၏ ရှုထောင့်အရ သူတို့က ကျယ်ပြန့်ပြီး အဆုံးမရှိသော တိုက်ကြီးတစ်ခုပေါ်တွင် နေထိုင်ကြလေသည်။ ထိုတိုက်ကြီးမှ နေထိုင်မှုပုံစံက အလွန်ရှေးကျပြီး မျိုးနွယ်စုပုံစံများဖြင့် စုရုံးနေကြလေသည်။
မြို့တစ်မြို့လည်းရှိပြီး ထိုမြို့ကို စုန်းဘုရင်က အုပ်ချုပ်လေသည်။ စုန်းဘုရင်က အသန်မာဆုံး လူတစ်ယောက်ဖြစ်ပြီး တောင်များကို ရွှေ့ပြီး ကျောက်တုံးများကို ခွဲနိုင်လေသည်။
" ငါ့ကံက သိပ်မဆိုးတဲ့ပုံပဲ။ " လင်းယွမ်က သက်လတ်ပိုင်းအမျိုးသားကို ကြည့်ပြီး စဉ်းစားလိုက်သည်။
သက်လတ်ပိုင်းအမျိုးသားက သူ့ကိုတွေ့ချိန်တွင် မကောင်းသော ရည်ရွယ်ချက်များမရှိခဲ့ပေ။ ကြီးမြတ်သူရှချင်၏ ပြောစကားအရ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော သက်ရှိများက အလွန်ဆိုးရွားသော အခြေအနေတွင် ရှိကြလေသည်။ အချို့က ကံမကောင်းကြဘဲ လူသားစားမျိုးနွယ်များ၏ လက်ထဲသို့ ကျရောက်သွားပြီး မီးဖိုပေါ်တွင် ချိတ်ဆွဲခံခဲ့ရလေသည်။
မည်သည့်အဆင့်ရှိသူဖြစ်စေ ဤကမ္ဘာထဲသို့ ကျရောက်သွားလျှင် သူတို့၏ စွမ်းအားနှင့် နည်းစနစ်များက အသုံးမဝင်တော့ဘဲ ဤကမ္ဘာမှ သာမန်လူများနှင့် မခြားတော့ပေ။ တစ်ခုတည်း မပြောင်းလဲသောအရာမှာ သူတို့၏ မှတ်ဉာဏ်များသာ ဖြစ်သည်။
လူသားစားမျိုးနွယ်များ၏ လက်ထဲသို့ ကျရောက်သွားသော အင်အားကြီးသူများက အရှက်ကွဲမခံနိုင်ဘဲ သူတို့ကိုသူတို့ ဖျက်ဆီးခြင်း သို့မဟုတ် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော စိတ်အသိကို ဖျက်ဆီးပစ်ခြင်းတို့ လုပ်ကြလေသည်။ အချို့က ရက်စက်သော သားရဲများ၏ အသိုက်ထဲသို့ ကျရောက်သွားပြီး တိုက်ရိုက်ဝါးမျိုခြင်းခံခဲ့ရလေသည်။
အချို့က မြို့များပေါ်သို့ ကျဆင်းသွားပြီး ဒေသခံအင်အားကြီးသူများက ထူးဆန်းသောကြောင့် လေ့လာရန် ဖမ်းဆီးခြင်းခံခဲ့ရသည်။ အချို့ကလည်း ကောင်းမွန်သော အခြေအနေတွင် ရှိကြလေသည်။ ဥပမာ မျိုးနွယ်အချို့က ကောင်းကင်မှ ကျဆင်းလာသော သက်ရှိအဖြစ် သတ်မှတ်က သူတို့၏ တန်ဖိုးထားခြင်းကို ခံရလေသည်။