← Chapters

ကောင်းကင်ဂိတ်တံခါး....

Vol. 37 Ch. 560

ကောင်းကင်ဂိတ်တံခါး....

Vol. 37 Ch. 560

လင်းယွမ်၏ အခြေအနေက အထူးကောင်းမွန်ခြင်းမဟုတ်သကဲ့သို့ အရမ်းလည်း မဆိုးပေ။

" ပါဒို အနီးဆုံး စုဝေးတဲ့ နေရာက ဘယ်မှာလဲ။ " လင်းယွမ်က သူ၏ ရှေ့မှ သက်လတ်ပိုင်းအမျိုးသားကို ကြည့်လိုက်သည်။

ထိုလူ၏ နာမည်က ပါဒိုဖြစ်ပြီး ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်းတို့ဖြင့် အသက်မွေးသူဖြစ်သည်။ လင်းယွမ်ကို တွေ့ပြီးနောက် သူက အိမ်သို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။

" အဲ့ဒီဦးတည်ချက်ပဲ။ " ပါဒိုက နေရာတစ်ခုသို့ ညွှန်ပြပြီး ပြောလိုက်သည်။ " ဒါပေမယ့် မင်းသွားချင်ရင် အခြားသူတွေကို စောင့်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် လမ်းမှာ သားရဲတွေနဲ့ ကြုံတွေ့ရလိမ့်မယ်။ "

ပါဒို၏ အိမ်အနီးတွင် အခြားဒေသခံများလည်း နေထိုင်ကြပြီး စုစုပေါင်း လူဒါဇင်ပေါင်းများစွာ ရှိလေသည်။ ဤတိုက်ကြီးပေါ်တွင် သားရဲအမျိုးမျိုး ရှိပြီး လူသားမျိုးက အတူနေထိုင်ခြင်းဖြင့် အသက်ရှင်နိုင်ကြလေသည်။

မြို့များနှင့် သန်မာသော အင်အားစုများက သားရဲများကို လိုက်လံဖမ်းဆီးနိုင်ပြီး ဘေးကင်းလုံခြုံမှုက ပြောစရာပင်မလိုပေ။ သို့သော် ထိုနေရာများတွင် နေထိုင်ရန် ကြီးမားသော စျေးနှုန်းကို ပေးရပြီး ပါဒိုကဲ့သို့ သာမန်လူများပင် အိပ်မက်မက်နိုင်မည်မဟုတ်ပေ။

ထိုညတွင် လင်းယွမ်က ခြေချိတ်ထိုင်လျက်ရှိသည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးများက တုန်ခါနေပြီး အမဲရောင်အညစ်အကြေးများက အရေပြားပေါ်မှ အဆက်မပြတ် စိမ့်ထွက်နေသည်။

အလွှာတစ်ဆယ်ရှိသူအနေဖြင့် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာပင် သူ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုကို အသုံးချပြီး ခြင်ဆီသန့်စင်ခြင်းနှင့် ဆင်တူသော အသွင်ပြောင်းလဲမှုတစ်ခုကို ပြုလုပ်နိုင်လေသည်။

" အခုတော့ ငါ့ကိုငါ ကာကွယ်နိုင်သွားပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

ပင်မစကြာဝဠာမှ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ကျရောက်ခဲ့သော သက်ရှိများ၏ အန္တရာယ်ရှိသော အချိန်က ပထမသုံးရက်ဖြစ်လေသည်။ ပထမဆုံးနှစ်ရက်က သတိမေ့မြောနေပြီး တတိယရက်က လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရလေသည်။ ထိုသုံးရက်ပြီးလျှင် လူတစ်ယောက်က အနည်းဆုံး ကိုယ်ကိုကိုယ် ကာကွယ်နိုင်စွမ်းရှိပြီဖြစ်သည်။

" ငါ့ရဲ့ ရုပ်ခန္ဓာက ဒီကမ္ဘာက စုန်းတွေရဲ့ အဆင့်ကို ရောက်သွားပြီလား။ " လင်းယွမ်က တွေးလိုက်သည်။

ဤဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ကျင့်ကြံခြင်းက အလွန်ရိုးရှင်းပြီး လူတစ်ယောက်၏ ရုပ်ခွန်အားကို အဆက်မပြတ် မြှင့်တင်ခြင်းဖြစ်သည်။ စုန်း၊ စုန်းသခင်၊ စုန်းဘုရင်၊ စုန်းဧကရာဇ် စသည်ဖြင့် ခွဲခြားထားသည်။ စုန်းဧကရာဇ်၏ အထက်တွင် စုန်းဘိုးဘေးရှိသည်ဟု ပြောကြသော်လည်း အလွန်ရှားပါးသောကြောင့် တစ်ယောက်ထွက်ပေါ်လာသည်နှင့် တိုက်ကြီးတစ်ခုလုံးက ကိုးကွယ်ကြပေလိမ့်မည်။

" စုန်းဘိုးဘေးလား။ ဒါက ရုပ်ခန္ဓာကို အမြင့်ဆုံးအကန့်အသတ်ထိ ပြောင်းလဲတာကလွဲရင် ဘာမှမဟုတ်ဘူး။ အဋ္ဌမအလွှာ သက်ရှိတွေတောင် လုံလောက်တဲ့ အချိန်ပေးရင် ဒါကို အလွယ်တကူ ရရှိနိုင်တယ်။ "

လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ ပင်မစကြာဝဠာမှ သက်ရှိများက ဤကမ္ဘာနှင့် လိုက်လျောညီထွေဖြစ်လာသည်နျိင့် အလွန်ကြောက်စရာကောင်းသော အင်အားကြီးသူများက ဤတိုက်ကြီးပေါ်တွင် ထွက်ပေါ်လာကြပေလိမ့်မည်။

နောက်ပိုင်း လင်းယွမ်က နေ့အချိန်များတွင် နားနေခဲ့ပြီး ညအချိန်များတွင် သားရဲများကို လျို့ဝှက်စွာ အမဲလိုက်ခဲ့သည်။ အသွင်ပြောင်းလဲမှုတစ်ခုပြီးနောက် လင်းယွမ်က သူ၏ ရုပ်ခန္ဓာမှ အလားအလာကို မြှင့်တင်ရန် လုံလောက်သော စွမ်းအားများကို လိုအပ်ခဲ့သည်။

ထိုစွမ်းအားကို ဘယ်ကရနိုင်မလဲ။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားလား။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ကောင်ကင်နှင့် မြေကြီး၏ စွမ်းအား အယူအဆ မရှိပေ။ စွမ်းအားများကို အနိမ့်ဆုံး နည်းလမ်းဖြင့် ရယူပြီး ၎င်းမှာ အခြားစွမ်းအားကြီးသားရဲများကို ဝါးမျိုခြင်းဖြစ်သည်။

ဝုန်း....

ဆယ်မီတာမြင့်သော ဆင်ကြီးတစ်ကောင်က မြေပြင်သို့ လဲကျသွားပြီး လင်းယွမ်က ၎င်း၏ ရှေ့တွင် ထိုင်၍ ဆင်ကြီး၏ သွေးနှင့်အသားများကို စုပ်ယူလိုက်သည်။ သွေးစွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စုပ်ယူခဲ့ပြီး ထိုသို့ဖြင့် သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း အားကောင်းလာခဲ့သည်။

အချိန်များကုန်လွန်လာပြီး တစ်လခွဲကြာသွားခဲ့သည်။

" စုန်းသခင် " လင်းယွမ်၏ ခန္ဓာကိုယ်က ဒုတိယအသွင်ပြောင်းလဲမှု ပြီးဆုံးသွားခဲ့သည်။ သူ၏ ခွန်အားနှင့် အမြန်နှုန်းက စုန်းထက် သာလွန်ပြီး များစွာ တိုးတက်လာခဲ့သည်။

စုန်းသခင်တစ်ယောက်က ဧရိယာတစ်ခုကို အုပ်ချုပ်နိုင်ပြီး သာမန်စုဝေးခြင်းနေရာကို တည်ဆောက်နိုင်လေသည်။ မြို့အဆင့် အင်အားစုများထဲတွင် စုန်းသခင်တစ်ယောက်က အရေးပါသော လွှမ်းမိုးမှုရှိလေသည်။

လင်းယွမ်က မိုင်တစ်သောင်းအတွင်း ဆယ်မီတာထက် ကြီးသော သားရဲများကို လိုက်လံသတ်ဖြတ်၍ ဝါးမျိုပြီးနောက် စုန်းသခင်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဆယ်မီတာအောက် သားရဲများ၏ သွေးစွမ်းအားက အလွန်အားနည်းသောကြောင့် လင်းယွမ်က စိတ်ဝင်စားခြင်းမရှိပေ။အနီးရှိ သားရဲများ မျိုးတုန်းသွားလျှင် ပါဒိုနှင့် အခြားဒေသခံများက အခြားနေရာသို့ ရွှေ့ပြောင်းရမည်ဖြစ်သည်။

" ငါ မနက်ဖြန် အနီးဆုံး စုဝေးခြင်းနေရာကို သွားရမယ်။ " လင်းယွမ်က တွေးလိုက်သည်။ နှစ်လကြာတိုင်း ပါဒိုနှင့် အခြားသူများက သူတို့စုဆောင်းထားသော ကုန်ပစ္စည်းများကို လဲလှယ်ရန် အနီးရှိ အင်အားစုများဆီသို့ သွားရလေသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် တစ်လခွဲကျော်ကြာသွားသော်လည်း ပင်မစကြာဝဠာတွင် တစ်နာရီကျော်သာ ကြာသေးသည်။ VR ကမ္ဘာ ကိုယ်ပိုင်နေရာတွင် လင်းယွမ်နှင့် နာလန်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

အဖြူရောင်စာရွက်ဆင်းသက်လာချိန်တွင် နာလန်၏ ကိုယ်ပွားတစ်ခုကလည်း စစ်မြေပြင် A098 တွင် ရှိနေခဲ့သည်။ သူလည်း ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ကျဆင်းသွားခဲ့သည်။

သို့သော် နာလန်က လင်းယွမ်ထက် ပိုကံကောင်းပြီး မြို့တစ်မြို့သို့ ဆင်းသက်သွားခဲ့သည်။ မြို့သခင်၏ သမီးက သူ့ကို တွေ့သွားခဲ့ပြီး ကုသပေးရန် ခေါ်သွားခဲ့သည်။

" ဒီမှာ ငါ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာ စုဆောင်းထားတဲ့ ကျင့်စဉ်တွေပဲ။ တစ်ချက်ကြည့်ကြည့်ဦး။ " နာလန်က ကျင့်စဉ်များကို ထုတ်ပြီး လင်းယွမ်ကို ပေးလိုက်သည်။

နာလန်က မြို့သခင် သမီး၏ ဦးစားပေးခံရသောကြောင့် ကျင့်စဉ်များကို ကြည့်ရှုနိုင်ခဲ့သည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ကျင့်စဉ်များက အလွန်အဆင့်မြင့်ပြီး သာမန်လူများ ကြည့်ရှုနိုင်ခြင်းမရှိပေ။

" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ထိုကျင့်စဉ်များမှတစ်ဆင့် သူက ထိုကမ္ဘာ၏ စွမ်းအားအနှစ်သာရကို လေ့လာနိုင်လေသည်။

လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးရာတွင် အခြားဒိုင်မန်ရှင်းကမ္ဘာများမှ ကျင့်စဉ်များစွာကို လေ့လာခဲ့ရသည်။ ထို့ကြောင့် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်ကို လေ့လာခြင်းကလည်း သူ့အတွက် အသုံးဝင်လေသည်။

" ဒါနဲ့ ငါသတင်းအချို့ကြားထားတယ်။ " နာလန်က တစ်စုံတစ်ခုကို တွေးမိပြီး ပြောလိုက်သည်။

" ဘာသတင်းလဲ။ " လင်းယွမ်က ချက်ချင်း ပြန်မေးလိုက်သည်။

" ကောင်းကင်ဂိတ်တံခါး " နာလန်က ပြန်ဖြေလိုက်သည်။

" ကောင်းကင်ဂိတ်တံခါး " လင်းယွမ်က မျက်ခုံးများပင့်သွားသည်။

" ငါနေတဲ့ မြို့က မှတ်တမ်းတွေအရ နှစ်တစ်သောင်းကြာတိုင်းမှာ ကောင်းကင်ဂိတ်တံခါးက ကမ္ဘာထဲမှာ ထွက်ပေါ်လာလိမ့်မယ်။ အဲ့ဒီအချိန်မှာ စုန်းဧကရာဇ်အဆင့်နဲ့ စုန်းဘိုးဘေးအဆင့်တွေပဲ ကောင်းကင်ဂိတ်တံခါးဆီကို သွားနိုင်လိမ့်မယ်။ "

" နောက်ဆုံးမှာ လူတစ်ယောက်တည်းကသာ ကောင်းကင်ဂိတ်တံခါးရှေ့မှာ ရပ်နိုင်လိမ့်မယ်။ အဲ့ဒီလူက ကောင်းကင်ဂိတ်တံခါးကို ဖွင့်နိုင်ရင် ဒီကမ္ဘာထဲက ထွက်သွားနိုင်ပြီး ပိုအဆင့်မြင့်တဲ့ တစ်ခုဆီ ရောက်သွားလိမ့်မယ်။ "

ကောင်းကင်ဂိတ်တံခါးကို ဖွင့်ခြင်းက ပင်မစကြာဝဠာသို့ ပြန်နိုင်မလား သူမသေချာသော်လည်း ၎င်းက ထိုကမ္ဘာထဲမှ ထွက်သွားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

" ကောင်းကင်ဂိတ်တံခါးကို လူတစ်ယောက်တည်းကသာ ချဉ်းကပ်နိုင်မှာခါး။ " လင်းယွမ်က မေးလိုက်သည်။

" မှန်တယ်။ " နာလန်က အတည်ပြုလိုက်သည်။

သူရရှိခဲ့သော အချက်အလက်များအရ ကောင်းကင်ဂိတ်တံခါး ပေါ်လာသည့်အချိန်တိုင်း တိုက်ကြီးတစ်ခုလုံး သွေးလွှမ်းပြီး ရက်စက်ကြမ်းကြုတ်သော အချိန်ဖြစ်လေသည်။ ထိုအချိန်တွင် လူတိုင်းက ကောင်းကင်ဂိတ်တံခါးထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားကြပေလိမ့်မည်။

စုန်းဘိုးဘေးက ခေတ်တိုင်းတွင် တစ်ယောက်မှ မထွက်ပေါ်လာဖူးပေ။ သို့သော် ကောင်းကင်ဂိတ်တံခါးပေါ်လာသည့်အချိန်တွင် စုန်းဘိုးဘေးတစ်ယောက်ရှိလျှင် ဂိတ်တံခါးရှေ့တွင် နောက်ဆုံး ရပ်နေနိုင်သူက စုန်းဘိုးဘေးသာ ဖြစ်ပေလိမ့်မည်။

" ကောင်းကင်ဂိတ်တံခါး နောက်ဆုံးပွင့်ခဲ့တာ ဘယ်အချိန်ကလဲ။ " လင်းယွမ်က မေးလိုက်သည်။

" လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၈၀၀ " နာလန်က ဖြေလိုက်သည်။ သူက ကောင်းကင်ဂိတ်တံခါးအကြောင်းကို သေချာစုံစမ်းထားခဲ့သည်။

" ဒါဆို နောက်နှစ်နှစ်ရာကြာပြီးရင် ကောင်းကင်ဂိတ်တံခါး ပေါ်လာမှာပေါ့။ " လင်းယွမ်က မျက်ခုံးများ တွန့်သွားသည်။

၎င်းက သတင်းကောင်းမဟုတ်ပေ။ ပင်မစကြာဝဠာမှ စွမ်းအားကြီးသူများ မရှိလျှင် လင်းယွမ်က ကောင်းကင်ဂိတ်တံခါးကို ယုံကြည်မှုရှိလေသည်။ သို့သော် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ပင်မစကြာဝဠာမှ ကျသွားသော အလွှာဆယ့်တစ်သက်ရှိ သုံးရာကျော် ရှိနေလေသည်။

လင်းယွမ်က အလွှာဆယ့်တစ်သက်ရှိအားလုံးကို ဖယ်ရှားပစ်ရန် မသေချာပေ။ အထူးသဖြင့် ဆဋ္ဌမအဆင့် အလွှာဆယ့်တစ်သက်ရှိများက ကြီးမြတ်သူအဆင့်ကို အချိန်မရွေး ကြိုးစားနိုင်ပြီး သူတို့က ရှုထောင့်အမျိုးမျိုးတွင် ပြည့်စုံကြလေသည်။

နားလည်နိုင်စွမ်းကလည်း အချိန်ကြာသည်နှင့် ကြီးမားသော အားသာချက်ကို ရရှိပေလိမ့်မည်။ အချိန်ကို ကြည့်ခြင်းဖြင့် နောက်တစ်ကြိမ် ကောင်းကင်ဂိတ်တံခါး ပေါ်လာမည့်အချိန်က နောက်ထပ် နှစ်ပေါင်းတစ်သောင်းနှစ်ရာ ဖြစ်လေသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နိယာမများကို နားမလည်နိုင်ဘဲ အတွင်းကမ္ဘာကို မဖန်တီးနိုင်သောကြောင့် သက်တမ်းက သိသိသာသာတိုတောင်းပေလိမ့်မည်။ လင်းယွမ်က နှစ်ပေါင်းတစ်သောင်းကျော် အသက်ရှင်နိုင်လိမ့်မည်ဟု ယုံကြည်မှုမရှိပေ။

ထို့အပြင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် သူများသတ်၍ဖြစ်စေ အသက်ကြီး၍ ဖြစ်စေ သေဆုံးခြင်းသာဖြစ်ပြီး စိတ်အသိကို ဆုံးရှုံးရပေလိမ့်မည်။

All Chapters