← Chapters

စုန်းဘုရင်အဆင့် အထွတ်အထိပ်....

Vol. 37 Ch. 562

စုန်းဘုရင်အဆင့် အထွတ်အထိပ်....

Vol. 37 Ch. 562

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နှစ်နှစ်ဆယ်ကြာသွားခဲ့သော်လည်း မူလကမ္ဘာတွင် နှစ်လသုံးလသာ ကြားခဲ့လေသည်။

VR ကမ္ဘာတွင် လင်းယွမ်က နာလန်နှင့် အချက်အလက်များ ဖလှယ်နေကြသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် အဓိကအင်အားစုများက ပူးပေါင်းမှုများကို စတင်နေကြပြီဖြစိသည်ယ.

ပင်မစကြာဝဠာတွင် အလွှာဆယ့်တစ် ဆဋ္ဌမအဆင့် သက်ရှိများက ကြောက်စရာကောင်းသော်လည်း ထိုကမ္ဘာတွင် သူတို့က အခြားသူများ၏ လက်ထဲတွင် သေဆုံးသွားနိုင်လေသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် အမြင့်ဆုံးအဆင့်က မမြင့်မားပေ။ အဋ္ဌမအလွှာများပင် ၎င်းကို အလွယ်တကူ ရောက်ရှိနိုင်လေသည်။ တူညီသော စွမ်းအားအဆင့်အမြင့်ဆုံးတွင် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က သူ၏ သန်မာသော စိတ်ဝိညာဉ်နှင့် မြင့်မားသော ထိုးထွင်းသိမြင်မှုကို မှီခိုပြီး အဆင့်တူရှိ ရှစ်ယောက် သို့မဟုတ် ဆယ်ယောက်ကို ရှင်းလင်းနိုင်လေသည်။

သို့သော် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ကျရောက်ခဲ့သော သက်ရှိအရေအတွက်က သန်းတစ်ရာကျော်လေသည်။ ကန့်သတ်ချက်ထိ မရောက်သေးသော အလွှာဆယ့်တစ်သက်ရှိများကလည်း သတိမမူလျှင် အရှုံးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အချိန်သာ လုံလောက်အောင် ရရှိလျှင် အလွှာဆယ့်တစ်သက်ရှိများက အစကနေ စတင်လျှင်တောင် ပြန်ပြီးတိုးတက်လာနိုင်လေသည်။

လင်းယွမ်ကလည်း အချိန်လိုအပ်လေသည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် တူညီသော စမှတ်မှ စတင်လျှင်တောင် လင်းယွမ်က ထိုအလွှာဆယ့်တစ်သက်ရှိများကို ကျော်လွန်နိုင်ရန် ယုံကြည်မှုရှိလေသည်။

" နဂါးငွေ့တန်းကြယ်သခင် ငါ မိုလန်ရှေးဟောင်းနိုင်ငံရဲ့ မြို့တော်မှာ နေရာတစ်ခု ထူထောင်ပြီးသွားပြီ။ လာဖို့ စိတ်ဝင်စားလား။ " နာလန်က ပြုံး၍ မေးလိုက်သည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ကောင်းကင်ဂိတ်တံခါး ပေါ်လာသည့်အချိန်တိုင်း လူတစ်ယောက်တည်းသာ ထွက်သွားနိုင်သော်လည်း လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက မျိုးနွယ်ခြားများကို မရှင်းလင်းပစ်မီ စည်းလုံးညီညွှတ်နေကြဆဲ ဖြစ်သည်။

" မိုလန်ရှေးဟောင်းနိုင်ငံ။ " လင်းယွမ်က မျက်ခုံးများပင့်သွားသည်။

ထိုကမ္ဘာ၏ ကျယ်ပြန့်သော တိုက်ကြီးတွင် ရှေးဟောင်းနိုင်ငံများက စုဝေးခြင်းနေရာနှင့် မြို့များထက် ကျော်လွန်သော နေရာများဖြစ်ကြသည်။ ယခုအချိန်ထိ လင်းယွမ်က ရှေးဟောင်းနိုင်ငံ ၁၂ခုကိုသာ သိခဲ့ပြီး တစ်ခုချင်းစီကို စုန်းဘိုးဘေးတစ်ယောက်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။

" ငါ့ရဲ့ လက်ရှိ​နေရာက မိုလန်ရှေးဟောင်းနိုင်ငံနဲ့ အရမ်းဝေးတယ်။ " လင်းယွမ်က အကြောင်းပြချက်ရှာပြီး ငြင်းလိုက်သည်။

အမှန်တော့ လင်းယွမ်က လူအများအပြားနှင့် စုဝေးမနေချင်ပေ။ ရှေးဟောင်းနိုင်ငံ၁၂ခုထဲမှ တစ်ခုအနေဖြင့် မိုလန်ရှေးဟောင်းနိုင်ငံက စည်ပင်ဝပြောလေသည်။ ၎င်းက အခြားအင်အားစုများသို့ သွားနိုင်ရန် အခွင့်အရေးရှိသော်လည်း ထိုနေရာတွင် ပင်မစကြာဝဠာမှ အင်အားကြီးသူများနှင့် ရင်ဆိုင်ရနိုင်လေသည်။

" စိတ်မကောင်းစရာပဲ။ " နာလန်က သက်ပြင်းချလိုက်သည်။

ထိုကမ္ဘာတွင် လေဟာနယ်နိယာမကို အသုံးပြုပြီး နေရာမရွှေ့ပြောင်းနိုင်သောကြောင့် ခရီးသွားရသည်မှာ ကြီးမားသော ပြဿနာတစ်ခုဖြစ်လေသည်။

ထို့နောက် လင်းယွမ်က နာလန်နှင့် အခြားအကြောင်းအရာများကို ဆက်လက်ပြောဆိုခဲ့သည်။

" ဒီအချိန်ထိ ငါနေတဲ့ လျိုချွမ်စုဝေးခြင်းနေရာက လုံခြုံသေးတယ်။ မျိုးနွယ်ခြားသန်မာသူတွေမရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

မျိုးနွယ်အသီးသီးမှ အင်အားကြီးသူ သန်းတစ်ရာကျော်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ကျရောက်ခဲ့သော်လည်း တိုက်ကြီးတစ်ခုလုံး ပျံ့နှံ့သွားသောကြောင့် ရှာတွေ့ရန် ခက်ခဲလှသည်။

လျိုချွမ်စုဝေးခြင်းနေရာက အဓိကစုဝေးခြင်းနေရာတစ်ခုဖြစ်သော်လည်း မြို့အဆင့်နေရာများလောက် အရေးပါခြင်းမရှိဘဲ ရှေးဟောင်းနိုင်ငံများဆို ပြောစရာပင်မလိုပေ။ အခြားသူများက စည်ပင်ဝပြောသော နေရာများသို့ သွားကြမည်ဖြစ်ပြီး အရင်းအမြစ်များစွာဖြင့် သူတို့၏ ခွန်အားကို မြှင့်တင်ကြမည်ဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင် မင်း မေးစရာရှိရင် ငါ့ကို ဆက်သွယ်လိုက်ပါ။ " နာလန်က ပြောလိုက်သည်။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လျိုချွမ်စုဝေးခြင်းနေရာတွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။

" ပြင်ပအင်အားစုတွေကို မှီခိုလို့မရသေးဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

နှစ်များတစ်လျှောက် သူက ကြီးမြတ်သူများ၏ သတင်းကို စောင့်နေခဲ့ပြီး ကြီးမြတ်သူများသာ ထိုအဖြူရောင်စာရွက်ကို သန့်စင်နိုင်လျှင် သူတို့ကို ဆွဲထုတ်နိုင်ပေလိမ့်မည်။ သို့သော် ထိုမျှော်လင့်ချက်က မဖြစ်နိုင်သည့်ပုံပေါ်လေသည်။

" အဲ့ဒီအလွှာဆယ့်တစ်သက်ရှိတွေနဲ့ ယှဉ်ရင် ငါ့ရဲ့ အကြီးမားဆုံး အားသာချက်က နားလည်နိုင်စွမ်းပဲ။ "

အလွှာဆယ့်တစ်သက်ရှိများ၏ တွေးခေါ်မှုအရှိန်နှင့် အခြေခံစွမ်းအားကို ကျွမ်းကျင်ခြင်းတို့မှာ လင်းယွမ်ကထက် သာလွန်ပေလိမ့်မည်။ သို့သော် နားလည်နိုင်စွမ်းတွင် လင်းယွမ်က ထိုအလွှာဆယ့်တစ်သက်ရှိများထက် သေချာပေါက် သာလွန်လေသည်။

သို့သော် ထိုအားသာချက်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ကျင့်ကြံခြင်းစနစ် အစောပိုင်းအဆင့်များတွင် တိုက်ခိုက်ရေးစွမ်းအားအဖြစ် တ်ုက်ရိုက်မပြောင်းလဲနိုင်ပေ။ ၎င်းက နားလည်နိုင်စွမ်းကို မလိုအပ်ပေ။

စုန်း၊ စုန်းသခင်၊ စုန်းဘုရင်၊ စုန်းဧကရာဇ်၊ စုန်းဘိုးဘေးဟူသော အဆင့်ငါးခုတွင် နားလည်နိုင်စွမ်းက စုန်းဘိုးဘေးအဆင့်ကို ရောက်မှလိုအပ်ပေလိမ့်မည်။ စုန်းဘိုးဘေးအဆင့်ကို ရောက်ပြီးနောက် ရှေ့တွင် လမ်းမရှိသောအခါ လူတစ်ယောက်က ခွန်အားကို ဆက်လက်မြှင့်တင်နိုင်ရန် မိမိကိုယ်ကို အားကိုးပြီး လမ်းကြောင်းအသစ်တစ်ခု ဖန်တီးရမည်ဖြစ်သည်။ ထိုအဆင့်တွင် လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက ကြီးမားသော အားသာချက်ကို ရရှိပေလိမ့်မည်။

စုန်းဘိုးဘေးအဆင့်မရောက်မီ လင်းယွမ်၏ ကျင့်ကြံခြင်းအမြန်နှုင်းက ထိုအလွှာဆယ့်တစ်သက်ရှိများကို ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် စုန်းဘိုးဘေးအဆင့်ကို ကျော်လွန်သည်နှင့် လင်းယွမ်က ထိုအလွှာဆယ့်တစ်သက်ရှိများကို လွှမ်းမိုးနိုင်ပေလိမ့်မည်။

၎င်းက လင်းယွမ် နာလန်၏ ဖိတ်ခေါ်မှုကို ငြင်းဆိုပြီး လျိုချွမ်စုဝေးခြင်းနေရာတွင် ပုန်းအောင်နေရသည့် အကြောင်းရင်းဖြစ်သည်။ သူက ကျင့်ကြံခြင်းအစောပိုင်းအဆင့်များကို ကျော်ဖြတ်နိုင်သရွေ့ အလွှာဆယ့်တစ်သက်ရှိများက သူ၏ ဖိနှိပ်ခြင်းကို ခံရန် ပြင်ဆင်ထားရပေလိမ့်မည်။

" နှစ်နှစ်ဆယ်အတွင်း ငါလည်း စုန်းဘုရင်အဆင့် အထွတ်အထိပ်ကို ကျင့်ကြံနိုင်ခဲ့ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

အကယ်၍ သူက ဤနေရာတွင်သာ ပုန်းအောင်းမနေဘဲ စည်ပင်ဝပြောသော နေရာတစ်ခုသို့ ရွေ့ပြီး ကျယ်ပြန့်သော အရင်းအမြစ်များကိုသာ အသုံးချခဲ့လျှင် လင်းယွမ်က စုန်းဧကရာဇ်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။

သို့သော် ထိုသို့ ပြုလုပ်ခြင်းက အန္တရာယ်များပြီး အခြားသူများနှင့် လျင်မြန်စွာ တွေ့ဆုံနိုင်လေသည်။ မိမိကိုယ်ကို ထုတ်ဖော်လိုက်ခြင်းက အများစု၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်လေသည်။

" စုန်းဘုရင်အထွတ်အထိပ်မှာ ငါရဲ့ တိုက်ခိုက်ရေးစွမ်းအားက စုန်းဧကရာဇ်အောက် မနိမ့်ဘူး။ " လင်းယွမ်က ယုံကြည်မှုရှိလေသည်။

ဒေသခံအင်အားကြီးသူများနှင့် ယှဉ်လျှင် လင်းယွမ်က ပြင်ပလူတစ်ယောက်အနေဖြင့် ပိုမိုကျယ်ပြန့်သော ရှုထောင့် ပိုမိုနက်ရှိုင်းသော စွမ်းအားအသုံးချမှုများရှိနေပြီး ဒေသခံစုန်းဘုရင်များထက် သာလွန်လေသည်။

နှစ်များကြာလာသည်နှင့်အမျှ လင်းယွမ်က သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နာယလည်နိုင်စွမ်းဖြင့် နည်းစနစ်အမျိုးမျိုးနှင့် တိုက်ခိုက်ရေးနည်းလမ်းများကို ဖန်တီးခဲ့ပြီး သူ၏ သတ်ဖြတ်ခြင်းနည်းဗျူဟာများက အံ့ဩစရာကောင်းသော အဆင့်သို့ ရောက်နေကြပြီဖြစ်သည်။

" စုန်းဧကရာဇ်အဆင့်ကို မကြာခင်ရောက်တော့မယ်။ စုန်းဘိုးဘေးအဆင့်ကို ရောက်တာနဲ့ ငါ့ရဲ့ အလားအလာအားလုံးကို ထုတ်ဖော်နိုင်လိမ့်မယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

သူက ကျင့်ကြံခြင်းအစတွင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စုန်းဘိုးဘေးထက် ကျော်လွန်သော လမ်းကြောင်းကို တွက်ချက်ခဲ့ပြီး စုန်းဧကရာဇ်အဆင့်၏ အရေးပါမှုကိုလည်း သိရှိခဲ့သည်။

အမှန်တော့ စုန်းဘုရင်အဆင့်မှစ၍ လင်းယွမ်က ဤကမ္ဘာ၏ မူလကျင့်ကြံခြင်းစနစ်ကို တဖြည်းဖြည်း စွန့်လွှတ်ခဲ့ပြီး သူနှင့်ကိုက်ညီသော ဤကမ္ဘာနှင့် လိုက်လျောညီထွေဖြစ်သည့် ကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့သည်။

" ဒါတောင် ဒီကမ္ဘာက ကျင့်စဉ်တွေကို လိုအပ်နေတုန်းပဲ။ မဟုတ်ရင် စုန်းဧကရာဇ်အဆင့်ကို ဝင်ရောက်ဖို့ အချိန်အများကြီး ယူရလိမ့်မယ်။ "

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အမျိုးမျိုးကို လေ့လာခြင်းပြီး ပေါင်းစပ်ခြင်းဖြင့် တိုးတက်လာခြင်းဖြစ်သည်။

" အရှင် " လင်းယွမ်တွေးနေစဉ် ရုတ်ရက် အသံတစ်သံထွက်ပေါ်လာသည်။

" ဝင်ခဲ့။ " လင်းယွမ်က တံခါးသို့ လှမ်းကြည့်လိုက်သည်။

မကြာမီ ပိန်ပိန်နှင့်လူက အထဲသို့ ဝင်ရောက်လာသည်။ ထိုပိန်ပိန်နှင့်လူ၏ အမည်မှာ ကျားရန်ဂူဖြစ်ပြီး လျိုချွမ်စုဝေးခြင်းနေရာ၏ ထိန်းချုပ်သူ စုန်းသခင်အဆင့်တစ်ယောက်ဖြစ်သည်။

လွန်ခဲ့သော ၁၂နှစ်က လင်းယွမ်က စုန်းဘုရင်အဆင့်သို့ ဝင်ရောက်ခဲ့ပြီး သူက ကျားရန်ဂူကို လက်အောက်ခံစေ၍ ဤနေရာ၏ စစ်မှန်သော အရှင်သခင်ဖြစ်လာခဲ့သည်။

" အရှင် " ကျားရန်ဂူက ရိုသေစွာ ရပ်နေသည်။ လင်းယွမ်၏ စွမ်းအားက မည်မျှကြောက်စရာကောင်းသည်ကို သူတစ်ယောက်တည်းသာ သိလေသည်။

လင်းယွမ်က သူ၏ ရှေ့တွင် ပထမဆုံးပေါ်လာသောအခါ စုဝေးခြင်းနေရာကို တာဝန်ယူရန် ပြောခဲ့ပြီး ကျားရန်ဂူက သံသယဝင်ခဲ့သော်လည်း နောက်ပိုင်းဖြစ်ပျက်ခဲ့သော အရာများက သူ့ကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

လင်းယွမ်၏ စွမ်းအားက စုန်းသခင်အဆင့်ထက် များစွာသာလွန်နေပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ​သူကြုံတွေ့ခဲ့ရသော စုန်းဘုရင်အဆင့်ကပင် လင်းယွမ်ထက် နိမ့်ကျသည်ဟု ထင်ရလေသည်။

" ငါမင်းကို စုံစမ်းခိုင်းထားတာတွေ သိရပြီလား။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူက လျိုချွမ်စုဝေးခြင်းနေရာတစ်ခုလုံးကို ထိန်းချုပ်ချင်သောကြောင့် ကျားရန်ဂူကို လက်အောက်ခံစေခဲ့ခြင်းဖြစ်သည်။ လျိုချွမ်စုဝေးခြင်းနေရာကို ထိန်းချုပ်ပြီးနောက် လင်းယွမ်က စုန်းဘုရင်အဆင့်အတွက် လိုအပ်သော အရင်းအမြစ်များက အနည်းငယ် သက်သာသွားခဲ့သည်။

သို့သော် ၎င်းက သက်သာခြင်းသာဖြစ်ပြီး စုန်းဧကရာဇ်အဆင့်ကို ဝင်ရောက်ရန်အတွက် လျိုချွမ်စုဝေးခြင်းနေရာမှ မထောက်ပံ့နိုင်သော အရင်းအမြစ်များကို လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် လင်းယွမ်က ကျားရန်ဂူကို ပတ်ဝန်းကျင်မှ အချက်အလက်များစုံစမ်းရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

All Chapters