ဆုငွေတာဝန်ကို လက်ခံခြင်း...
Vol. 37 Ch. 563
" အရှင် ယွင်ရှန်းဓားပြ ၁၈ ယောက်ရဲ့ တည်နေရာကို အတည်ပြုပြီးပါပြီ။ "ကျားရန်ဂူက ညင်သာစွာ ပြောလိုက်သည်။
ယွင်ရှန်းဓားပြ ၁၈ ယောက်က အလွန်ဆိုးယုတ်သော စုန်းသခင်များအဖြစ် ကျော်ကြားကြသည်။ သူတို့က စုန်းသခင်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေကြပြီး သူတို့ကို ဆုငွေများစွာ ထုတ်ထားခဲ့သည်။
စုန်းသခင်တစ်ယောက်လျှင် ဆုငွေ စုန်းသလင်းကျောက် နှစ်သန်းကျော်ရရှိနိုင်ပြီး စုစုပေါင်း စုန်းသလင်းကျောက် သန်းလေးဆယ်နီးပါး ရရှိနိုင်လေသည်။
လင်းယွမ်က ကျင့်ကြံခြင်းအတွက် ကြီးမားသော အရင်းအမြစ်များကို လိုအပ်လေသည်။ အမြန်ဆုံးနည်းလမ်းက လုယက်ခြင်းဖြစ်သော်လည်း အန္တရာယ် များလေသည်။ ထို့ကြောင့် ရှေးဟောင်းနိုင်ငံများမှ ဆုငွေထုတ်ထားသော ရာဇဝတ်သားများကို လိုက်လံဖမ်းဆီးခြင်းက အလုံခြုံဆုံးနည်းလမ်းဖြစ်သည်။
ထိုရာဇဝတ်သားများကို သတ်လိုက်ခြင်းဖြင့် ရှေးဟာင်းနိုင်ငံများကလည်း သူ၏ အချက်အလက်များကို လျို့ဝှက်ထားပေလိမ့်မည်။ များပြားသော ဆုငွေများကို ရရှိခြင်းက လင်းယွမ်၏ မျှော်လင့်ချက်များနှင့် ကိုက်ညီလေသည်။ ထိုအထဲတွင် ယွင်ရှန်းဓားပြ ၁၈ ယောက်၏ ကိုယ်ပိုင်ပစ္စည်းဥစ္စာများ မပါသေးပေ။
" ငါသိပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ယွင်ရှန်းဓားပြ ၁၈ ယောက်က မကြာသေးခင်က ကြီးမားသော ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီး စုန်းဘုရင်အဆင့် အင်အားကြီးသူများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရပြီး အနီးအနား ပတ်ဝန်းကျင်များသို့ ထွက်ပြေးခဲ့ကြသည်။
လျိုချွမ်စုဝေးခြင်းနေရာ၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဤနေရာတွင် နှစ်ပေါင်းများစွာ ကျင်လည်နေခဲ့ပြီး ကျားရန်ဂူက ယွင်ရှန်းဓားပြ ၁၈ ယောက် ပုန်းအောင်းနိုင်ဖွယ်ရှိသော နေရာများကို လျင်မြန်စွာ ဖော်ထုတ်နိုင်လေသည်။
" အရှင် ယွင်ရှန်းဓားပြ ၁၈ ယောက်ကို ကိုင်တွယ်ဖို့ ရည်ရွယ်ထားရင် သတိထားပါ။ သူတို့က စုန်းသခင်တွေတောင် ရှောင်ရှားရမယ့် ပူးပေါင်းတိုက်ကွက်ကို လေ့ကျင့်ထားကြတယ်။ " ကျားရန်ဂူက သတိပေးလိုက်သည်။
ယွင်ရှန်းဓာပြ ၁၈ယောက်အပေါ်မှ ဆုငွေ စုန်းသလင်းကျောက် သန်းလေးဆယ်နီးပါးက စုန်းဘုရင်များပင် လိုချင်တပ်မက်သောအရာ ဖြစ်လေသည်။
သို့သော် ယွင်ရှန်းဓာပြ ၁၈ယောက်က လွတ်လပ်စွာ သွားလာနေကြပြီး စုန်းဘုရင်များ၏ လိုက်လံဖမ်းဆီးခြင်းမှ အကြိမ်များစွာ လွတ်မြောက်သွားခဲ့သည်။ စုန်းဘုရင်အနည်းငယ်ပင် သူတို့ကြောင့် ဒဏ်ရာများ ရရှိခဲ့ကြသည်။
ကျားရန်ဂူက လင်းယွမ်၏ စွမ်းအားကို သိသော်လည်း ယွင်ရှန်းဓားပြ ၁၈ယောက်ကဲ့သို့ ကြောက်စရာကောင်းသော ရန်သူနှင့် ရင်ဆိုင်ရသောအခါ သတိထားခြင်းက မမှားပေ။
တုံးယွမ်မြို့။
၎င်းက လျိုချွမ်စုဝေးခြင်းနေရာနှင့် အနီးဆုံးမြို့တစ်မြို့ဖြစ်သည်။ လူစည်ကားသော လမ်းပေါ်တွင် လင်းယွမ်က ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေပြီး သူ၏ အသွင်အပြင်ကလည်း သိသိသာသာ ပြောင်းလဲနေခဲ့သည်။
ရွှယ်ယုခန်းမ။
၎င်းက ရွှယ်ယုရှေးဟောင်းနိုင်ငံမှ တည်ထောင်ထားသော တရားဝင် ဆုငွေတာဝန်များ ထုတ်ပေးသော နေရာတစ်ခုဖြစ်သည်။ အလွန်ဆိုးသွမ်းသော ရာဇဝတ်သားများကို ဖမ်းဆီးရန်အတွက် အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားသော ဆုငွေကိုလည်း ထုတ်နိုင်လေသည်။
" ဆုငွေတာဝန်လက်ခံဖို့လာတာလား ဒါမှမဟုတ် ဆုငွေထုတ်မှာလား။ " အဘိုးအိုတစ်ယောက်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဆုငွေတာဝန်ကို လက်ခံမှာ။ " လင်းယွမ်က အဘိုးအိုကို ကြည့်လိုက်သည်။
ထိုအဘိုးအိုက သူ၏ စွမ်းအားကို ဖုံးကွယ်ထားသော်လည်း စုန်းဘုရင်တစ်ယောက်ဖြစ်သည်ကို လင်းယွမ်က ချက်ချင်း သိလိုက်သည်။ သူက စုန်းဘုရင်အထွတ်အထိပ်တစ်ယောက်မဟုတ်ဘဲ အသက်ကြီးမှ အဆင့်တက်ထားသောကြောင့် ရုပ်ခန္ဓာက အားနည်းနေသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နိယာမများကို နားလည်နိုင်ခြင်းမရှိဘဲ စွမ်းအား၏ အခြေခံက ရုပ်ခန္ဓာသာဖြစ်သည်။ ထို့ကြောင့် အသက်ကြီးမှ အဆင့်တက်ခြင်းက ရုပ်ခန္ဓာကျဆင်းလာသည်နှင့်အမျှ စွမ်းအားကလည်း ကျဆင်းလာပေလိမ့်မည်။
စုန်းဘိုးဘေးဖြစ်လာမှသာ လူတစ်ယောက်၏ အသက်စွမ်းအားက သေဆုံးချိန်အထိ အထွတ်အထိပ်တွင် စုစည်းနေပေလိမ့်မည်။
" ဘယ်သူဆုငွေတာဝန်ကို လက်ခံမှာလဲ။ " အဘိုးအိုက မေးလိုက်သည်။
" ယွင်ရှန်းဓာပြ ၁၈ယောက်။ " လင်းယွမ်က ပြောလိုက်သည်။
ရွှယ်ယုခန်းမတွင် ဆုငွေတာဝန်ကို လက်ခံခြင်းဖြင့် လင်းယွမ်က ဆုငွေများကို ချောမွေ့စွာ စုဆောင်းနိုင်ပေလိမ့်မည်။ ရွှယ်ယုခန်းမက ဆုငွေကို စုန်းသလင်းကျောက်များဖြင့် ထုတ်ပေးပြီး ၎င်းက ရှေးဟောင်းနိုင်ငံ ၁၂ခုလုံးတွင် အသိအမှတ်ပြုထားသော ငွေကြေးဖြစ်သည်။
" ဘယ်သူဆုငွေတာဝန်ကို လက်ခံချင်တာ..." အဘိုးအိုက လင်းယွမ်ကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားသည်။
ယွင်ရှန်းဓားပြ ၁၈ယောက်တွင် တစ်ယောက်ချင်းစီက စုန်းသခင်အဆင့် အထွတ်အထိပ်တွင် ရှိနေကြပြီး သူတို့၏ ပူးပေါင်းမှုက စုန်းဘုရင်တစ်ယောက်ကိုပင် ခြိမ်းခြောက်နိုင်လေသည်။ ယွင်ရှန်းဓားပြ ၁၈ ယောက်၏ ဆုငွေတာဝန်ကို လက်ခံရန် အနည်းဆုံး စုန်းဘုရင်အဆင့် ရှိရမည်ဖြစ်သည်။
" ယွင်ရှန်းဓားပြ ၁၈ ယောက်။ " လင်းယွမ်က ထပ်ဖြေလိုက်သည်။
" ယွင်ရှန်းဓားပြ ၁၈ယောက်ရဲ့ လက်ရှိဆုငွေက စုန်းသလင်းကျောက် သန်းခြောက်ဆယ်ကို ရောက်သွားပြီ။ မင်းက ဆုငွေတာဝန်ကို လက်ခံဖို့ စုန်းသလင်းကျောက် တစ်သောင်းပေးသွင်းရမယ်။ " အဘိုးအိုက ပြောလိုက်သည်။
တစ်စုံတစ်ယောက်က ဆုငွေတာဝန်အားလုံးကို တစ်ပြိုင်နက် လက်ခံခဲ့လျှင် ၎င်းက တာဝန်ကို အမှန်တကယ် လက်ခံချင်ကြသော အခြားသူများကို ထိခိုက်စေနိုင်လေသည်။
ထို့ကြောင့် ရွှယ်ယုခန်းမက စည်းမျဉ်းတစ်ခုကို ကြာမြင့်စွာကတည်းက သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ ဆုငွေတာဝန်ကို လက်ခံသူများက စုန်းသလင်းကျောက် ပမာဏတစ်ခုကို အာမခံငွေအဖြစ် ပေးဆောင်ကြရလေသည်။ နောက်ဆုံး ဆုငွေတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့လျှင် အာမခံငွေကိုလည်း ပြန်ရနိုင်မည်ဖြစ်သည်။
" သန်းခြောက်ဆယ်။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။
ယခင် ယွင်ရှန်းဓားပြ ၁၈ ယောက်အပေါ် ဆုငွေက သန်းလေးဆယ်ပင်မပြည့်ခဲ့ပေ။ လူတစ်ယောက်ကို နှစ်သန်းကျော်သာရှိပြီး ယခု စုစုပေါင်း သန်းခြောက်ဆယ်ဖြစ်သွားခဲ့သည်။
" လွန်ခဲဲ့တဲ့ ခြောက်လက ယွင်ရှန်းဓားပြ ၁၈ယောက်က ရွှယ်ယုရှေးဟောင်းနိုင်ငံ မြောက်ပိုင်း မင်းသားရဲ့ ဘဏ္ဍာတိုက်တစ်ခုကို လုယက်ခဲ့တယ်။ မင်းသားက ဒေါသထွက်ပြီး ဆုငွေကို တိုးမြှင့်က သန်းခြောက်ဆယ်အထိ ရောက်သွားခဲ့တာပဲ။ " အဘိုးအိုက ပြောလိုက်သည်။ " ယွင်ရှန်းဓားပြ၁၈ယောက်က မင်းသားရဲ့ ဘဏ္ဍာတိုက်ထဲကို ဝင်ရောက်နိုင်တာကို ကြည့်ရင် သူတို့ရဲ့ ခွန်အားက စိတ်ကူးထားတာထက် ပိုမြင့်လိမ့်မယ်။ "
" မင်း တာဝန်ကို လက်ခံချင်တာ သေချာလား။ "
" သေချာပါတယ်။ " လင်းယွမ်၏ အမူအရာက မပြောင်းလဲပေ။
ယွင်ရှန်းဓားပြ ၁၈ယောက်၏ ခွန်အားက မျှော်လင့်ထားသည်ထက် ပိုမိုသန်မာလျှင်တောင် စုန်းဧကရာဇ်နှင့် ယှဉ်နိုင်သော လင်းယွမ်အတွက် အလွယ်တကူ ထိုးဖောက်နိုင်လေသည်။
" ဒါက ဆုငွေတာဝန်ပဲ။ ယွင်ရှန်းဓားပြ ၁၈ယောက်ကို သတ်ပြီးရင် သူတို့ရဲ့ အရေးပါတာတစ်ခုကို ယူပြီး ဆုငွေကို လာထုတ်နိုင်တယ်။ " အဘိုးအိုက စည်းမျဉ်းများကို ပြောပြလိုက်သည်။
လင်းယွမ်က တာဝန်ကို လက်ခံပြီး ရွှယ်ယုခန်းမမှ ထွက်ခွာလာသည်။ သူက တောအုပ်တစ်ခု၏ အနီးတွင်း ပေါ်လာသည်။
" ကျားရန်ဂူ ရခဲ့တဲ့ အချက်အလက်တွေအရ ယွင်ရှန်းဓားပြ ၁၈ယောက်က ဒီတောအုပ်ထဲကို ဝင်သွားတာနောက်ဆုံးတွေ့ခဲ့ရတယ်။ " လင်းယွမ်က သူ၏ ရှေ့မှ စိမ်းလန်းနေသော သစ်ပင်များကို ကြည့်လိုက်သည်။
စုန်းဘုရင်အဆင့်ရှိသူများမပြောနှင့် စုန်းဧကရာဇ်အဆင်ရှိသူများပင် ဤတောအုပ်ထဲတွင် ယွင်ရှန်းဓားပြများကို ရှာဖွေရန် လွယ်ကူသောအလုပ်တစ်ခုမဟုတ်ပေ။ ယွင်ရှန်းဓားပြများက နှစ်ပေါင်းများစွာ ထွက်ပြေးနေကြသော ရာဇဝတ်သားများဖြစ်ပြီး အလွန်သတိရှိကာ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေမည်ဖြစ်သည်။
သို့သော် လင်းယွမ်ကတော့ ကွဲပြားလေသည်။ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေဖြင့် သူ၏ စွမ်းရည်များကို ဖိနှိပ်ခံထားရသော်လည်း သူ၏စူးရှသော အာရုံခံနိုင်စွမ်းက ရှိနေဆဲ ဖြစ်သည်။
" ရှာတွေ့ဖို့ အများဆုံး နေ့တစ်ဝက်လောက်ပဲ ကြာလိမ့်မယ်။ " လင်းယွမ်က နေရာမှ ပျောက်ကွယ်သွားပြီး တောအုပ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ချိုင့်ဝှမ်းတစ်ခုထဲတွင် ယွင်ရှန်းဓားပြ ၁၈ ယောက်က စုဝေးနေကြသည်။
" ဟားဟား မြောက်ပိုင်း မင်းသားရဲ့ ဘဏ္ဍာတိုက်ကို လုယက်ခဲ့တာ ငါတို့ညီကိုတွေအတွက် တကယ်အမြတ်ထွက်တာပဲ။ "
ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ မြောက်ပိုင်းမင်းသားက အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး စုန်းသခင်များ မက်မောစေနိုင်သော ဘဏ္ဍာတိုက်တစ်ခုကို ပိုင်ဆိုင်ထားသည်။
" ညီအကိုတို့ ဘဏ္ဍာတိုက်က ရတဲ့ အရင်းအမြစ်တွေနဲ့ဆို ငါတို့ညီအကိုတွေထဲက အနည်းဆုံး စုန်းဘုရင် သုံးယောက်ကနေ ငါးယောက်အထိ ထွက်ပေါ်လာနိုင်တယ်။ အဲ့ချိန်ကျရင် ငါတို့ ယွင်ရှန်းဓားပြ ၁၈ ယောက်က ကျော်ကြားလာလိမ့်မယ်။ " ခြောက်ယောက်မြောက် ဓားပြက ထွားကျိုင်းသော လူကို ကြည့်ပြီး ကျေနပ်စွာ ပြောလိုက်သည်။
ယွင်ရှန်းဓားပြ ၁၈ယောက်က စုန်းသခင်အဆင့်များဖြစ်ကြသော်လည်း ရွှယ်ယုရှေးဟောင်းနိုင်ငံမှ စုန်းဘုရင်အများအပြားကို အကူအညီမဲ့စေခဲ့ပြီး စုန်းဘုရင် သုံးယောက်မှ ငါးယောက်ထိ ထွက်ပေါ်လာလျှင် အခြေအနေကို စိတ်ကူးကြည့်နိုင်လေသည်။
" ငါတို့က ခေါင်းဆောင်ပိုင်ဆိုင်တဲ့ ထူးခြားတဲ့ ရတနာကြောင့်သာ မြောက်ပိုင်းမင်းသားရဲ့ လက်က လွတ်မြောက်နိုင်ခဲ့တာ။ အဲ့ဒီအရာသာမရှိရင် ငါတို့က ဆယ်ဆပိုပြီးသန်မာရင်တောင် အပြင်ထွက်နိုင်မှာမဟုတ်ဘူး။ " ဆယ့်ရှစ်ယောက်ထဲမှ ဒုတိယအသက်ကြီးဆုံးတစ်ယောက်က ပြောလိုက်သည်။
" မှန်တယ်။ ငါတို့က ခေါင်းဆောင်ကို ကျေးဇူးတင်ရမယ်။ သူ့ရဲ့ ထူးခြားတဲ့ ရတနာသာမရှိရင် ငါတို့တွင် သေတာကြာနေလောက်ပြီ။ " ကျန်သော အဖွဲ့ဝင်များကလည်း ပြောလိုက်ကြသည်။
မြောက်ပိုင်းမင်းသား၏ ဘဏ္ဍာတိုက်ကို လုယက်ရန် လွယ်ကူသလား။ အရေးကြီးသောအချိန်များတွင် ရှင်သန်နိုင်ရန် နည်းလမ်းတစ်ခုကို လမ်းညွှန်ပေးနိုင်သော ခေါင်းဆောင်၏ ထူးခြားသော သံလိုက်အိမ်မြှောင်သာမရှိလျှင် သူတို့က မင်းသား လက်အောက်ခံများ၏ လက်ထဲတွင် သေဆုံးခဲ့ကြပေလိမ့်မည်။