ယွင်ရှန်းဓားပြများကို ရှင်းလင်းခြင်း..
Vol. 37 Ch. 564
" ဟားဟားဟား..." ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ခေါင်းဆောင်က ရယ်လိုက်သည်။ " မြောက်ပိုင်းမင်းသားက ဘာမလို့လဲ။ နောက်ကျရင် ငါတို့က ရွှယ်ယုရှေးဟောင်းနိုင်ငံရဲ့ ဘဏ္ဍာတိုက်ထဲကိုတောင် ဝင်ရောက်နိုင်လိမ့်မယ်။ "
" ခေါင်းဆောင်က အင်အားကြီးမားပါတယ်။ "
" ကျုပ်တို့က ခေါင်းဆောင်နောက်လိုက်တာကို ဘယ်တော့မှ နောင်တမရပါဘူး။ "
ဓားပြ ၁၈ယောက်က ချက်ချင်း ဂုဏ်ပြုလိုက်ကြသည်။
" ခေါင်းဆောင် ကျုပ်တို့ နောက်တစ်ကြိမ် ဘယ်မှာလုပ်ရှားမလဲ။ ငါတို့က မြောက်ပိုင်းမင်းသားရဲ့နေရာနဲ့ ဝေးနေပေမယ့် သတိပေါ့လို့တော့မရဘူး။ " ဒုတိယဓားပြက ပြောလိုက်သည်။
" ငါစဉ်းစားဦးမယ်။ " ခေါင်းဆောင်က ခေါင်းညိမ့်လိုက်သည်။
ယွင်ရှန်းဓားပြ ၁၈ယောက်က ယခုအချိန်ထိ ရှင်သန်နိုင်ကြခြင်းမှာ ခွန်အားကြောင့်သာမက အလွန်သတိကြီးခြင်းကြောင့်ဖြစ်သည်။
ထိုသို့ ပြောပြီး ခေါင်းဆောင်က သူ၏ ရင်ဘတ်ထဲမှ ကြေးနီသံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။ သံလိုက်အိမ်မြှောင်၏ အလယ်တွင် ကြေးအပ်တစ်ချောင်း ရှိနေသည်။
သူတို့က အသက်လုပြေးရသည့်အချိန်တိုင်း သံလိုက်အိမ်မြှောင်မှ ညွှန်ပြသော ဦးတည်ရာသို့ ပြေးခြင်းဖြင့် ဆိုးရွားသော အခြေအနေများမှ လွတ်မြောက်ခဲ့ကြသည်။
" သံလိုက်အိမ်မြှောင် ငါတို့ညီအကိုတွေ အန္တရာယ်ကင်းကင်းနဲ့ လှုပ်ရှားနိုင်ဖို့ ဘယ်ဦးတည်ရာကို ဆက်သွားသင့်လဲ။ " ခေါင်းဆောင်က သံလိုက်အိမ်မြှောင်ကို ကိုင်ပြီး သွေးတစ်စက်ကို ၎င်းအပေါ်သို့ ချလိုက်သည်။
ရုတ်တရက် သံလိုက်အိမ်မြှောင်၏ လက်တံက လျင်မြန်စွာ လည်ပတ်လာပြီး ခေါင်းဆောင်က စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ သူတို့က ၎င်းနှင့် အလွန်ရင်းနှီးကြလေသည်။ ခဏအတွင်း သံလိုက်အိမ်မြှောင်ပေါ်မှ လက်တံက ရပ်တန့်သွယးပေလိမ့်မည်။ ထို့နောက် သူတို့က လက်တံညွှန်ပြသော ဦးတည်ရာသို့ သွားပြီး ဘေးကင်းနိုင်ပေလိမ့်မည်။
သို့သော် နာရီဝက်ကြာကုန်ဆုံးသွားခဲ့ပြီး ခေါင်းဆောင်နှင့် ကျန်၁၇ယောက်တို့က အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ အကြောင်းမှာ သူတို့၏ ရှေ့မှ သံလိုက်အိမ်မြှောင်က ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လည်ပတ်နေသောကြောင့် ဖြစ်သည်။
" ဘာဖြစ်တာလဲ။ "
" သံလိုက်အိမ်မြှောင်က ဘာလို့မရပ်သေးတာလဲ။ "
ယွင်ရှန်းဓားပြ ၁၈ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ယခင်အတိုင်းဆို သံလိုက်အိမ်မြှောင်ပေါ်မှ လက်တံက လျင်မြန်စွာ ရပ်တန့်သင့်ပေ။ မြောက်ပိုင်းမင်းသား၏ လူများ လိုက်လံဖမ်းဆီးခြင်းကို ခံရချိန်တွင် ၎င်းက အသက်ဆယ်ကြိမ်ရှူစာအတွင်း ရပ်တန့်ခဲ့သည်။ သို့သော် ယခု နာရီဝက်နီးပါး လည်ပတ်နေခဲ့သည်။
" နောက်ထပ် ထပ်စောင့်ကြည့်ရအောင်။ "
နောက်ထပ်နာရီဝက်ကြာသွားခဲ့သည်။ သူတို့အားလုံးရှေ့ရှိ သံလိုက်အိမ်မြှောင်က ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။
" သံလိုက်အိမ်မြှောင်မှာ ပြဿနာတစ်ခုခုရှိနေတာလား။ " ခေါင်းဆောင်က သံလိုက်အိမ်မြှောင်ကို သေချာစစ်ဆေးလိုက်သည်။
" အို သံလိုက်အိမ်မြှောင်ရေ ငါတို့ညီအကိုတွေ ဘေးကင်းဖို့ ဘယ်ဦးတည်ရာကို သွားရမှာလဲ။ " ခေါင်းဆောင်က နောက်ထပ် ထပ်မေးလိုက်သည်။ သူပြောလိုက်သည်နှင့် သံလိုက်အိမ်မြှောင်၏ လက်တံက ပို၍ လျင်မြန်စွာ လည်ပတ်လာခဲ့သည်။
" ဒါက ဘာကိုဆိုလိုတာလဲ။
ထိုမြင်ကွင်းက လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေသည်။ သံလိုက်အိမ်မြှောင်က ဘာကိုပြောပြဖို့ ကြိုးစားနေတာလဲ။
ခေါင်းဆောင်က မျက်ခုံးများပင့်သွားပြီး ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိလိုက်သည်။ သို့သော် ထိုဖြစ်နိုင်ချေက အလွန်ပင်ထူးဆန်းလှသည်။ မြောက်ပိုင်းမင်းသား၏ လိုက်ခံဖမ်းဆီခြင်းကို ခံရသောအချိန်ကပင် သူတို့က လွတ်မြောက်နိုင်မည့်လမ်းကြောင်းကို ရှာတွေ့နိုင်ခဲ့သည်။
" ငါတို့ အခုချက်ချင်း လူခွဲပြီး ဆုတ်ခွာရမယ်။ " ခေါင်းဆောင်က သံလိုက်အိမ်မြှောင်ကို မြှောက်ပြီး အခြားသူများကို လေးနက်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့။ "
" ကောင်းပြီ ခေါင်းဆောင်။ "
သူတို့ ၁၇ယောက်က ခေါင်းဆောင် အမိန့်ပေးသည့် အကြောင်းရင်းကို နားမလည်ကြသော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့က ခေါင်းဆောင်ကို လုံးဝ ယုံကြည်ကြလေသည်။ အန္တရာယ်များကို အကြိမ်ကြိမ် ရှောင်ရှားနိုင်ခြင်းမှာလည်း ထိုယုံကြည်မှုကြောင့် ဖြစ်သည်။
ဟူး...
ဓားပြများထဲမှ အနှေးဆုံး ၁၈ ယောက်မြောက် ဓားပြက ဦးတည်ရာတစ်ခုသို့ ရွေးချယ်ပြီး အရင်ဆုံး ပြေးထွက်သွားခဲ့သည်။ ကျန်သူများကလည်း ဦးတည်ရာအမျိုးမျိုးသို့ ထွက်ပြေးသွားကြသည်။
ဝှစ်...
၁၈ ယောက်မြောက် ဓားပြ၏ နောက်တွင် အရိပ်တစ်ခုက တိတ်ဆိတ်စွာ ပေါ်လာပြီး သူ၏ လည်ပင်းကို ရိုက်ချိုးကာ အဝေးသို့ လွင့်ပစ်လိုက်သည်။
ကျန်သူများက ထိုမြင်ကွင်းကို မြင်ပြီး ထိတ်လန့်သွားကြသည်။ သူတို့က စုန်းသခင်အထွတ်အထိပ်အဆင့်များဖြစ်ကြပြီး သူတို့က ခွန်အားကွာခြားမှုက မကြီးမားပေ။
" နောက်ဆုံးတော့ မင်းတို့ကို ရှာတွေ့ပြီ။ " လင်းယွမ်က ယွင်ရှန်းဓားပြများကို ပြုံး၍ ကြည့်လိုက်သည်။
" မင်းက မြောက်ပိုင်းမင်းသား စေလွှတ်လိုက်တဲ့လူလား။ " ခေါင်းဆောင်က သူ့ကိုသူ တည်ငြိမ်အောင်ထိန်းပြီး ပြောလိုက်သည်။ ကျန်သူများကလည်း အာခေါင်များခြောက်လာပြီး လင်းယွမ်ကို စိုက်ကြည့်နေကြသည်။
" မြောက်ပိုင်းမင်းသားကိုတော့ ငါမသိဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ " ဒါပေမယ့် မင်းတို့ရဲ့ ဆုငွေကိုတော့ ငါအတော်လေး စိတ်ဝင်စားတယ်။ "
" ဆုငွေ " ယွင်ရှန်းဓားပြ ၁၇ ယောက်က တုန်လှုပ်သွားကြသည်။
သူတို့အတွက် လင်းယွမ်၏ ခွန်အားက စုန်းဧကရာဇ်အဆင့်မဟုတ်လျှင်တောင် စုန်းဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဟု ခန့်မှန်းနိုင်လေသည်။
" အရှင် အရှင်သာ ကျုပ်တို့ကို ထိခိုက်အောင် မလုပ်ရင် လျော်ကြေးအဖြစ် စုန်းသလင်းကျောက် သန်းခြောက်ဆယ် မဟုတ်ဘူး သန်းကိုးဆယ်ကို ပေးဖို့ဆန္ဒရှိပါတယ်။ "
ထိုအချိန်တွင် ယွင်ရှန်းဓားပြ ၁၇ ယောက်ထဲမှ ၁၀ ယောက်မြောက် ဓားပြက သတိထားပြီး ပြောလိုက်သည်။ သူက ခရမ်းရောင် စုန်းသလင်းကျောက်များပါဝင်သော သေတ္တာတစ်ခုကို ထုတ်လိုက်သည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် စုန်းသလင်းကျောက်များက အထူးသတ္တုတစ်မျိုးဖြစ်ပြီး ခရမ်းရောင်က အမြင့်ဆုံး အရည်အသွေး ရှိလေသည်။ ထိုသေတ္တာထဲတွင် ခရမ်းရောင်စုန်းသလင်းကျောက် သန်းတစ်ရာနီးပါး ရှိပေလိမ့်မည်။
" စုန်းသလင်းကျောက်တွေ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။ သူက ယွင်ရှန်းဓားပြများ၏ ဆုငွေ သန်းခြောက်ဆယ်နှင့် ကျေနပ်နေခဲ့ပြီး ဖြစ်သော်လည်း ယခု ပိုမိုကြီးမားသော အကျိုးအမြတ် ရှိပုံရလေသည်။
" အရှင် မကျေနပ်သေးရင် ထပ်ပေးပါမယ်။ " ယွင်ရှန်းဓားပြ ၁၇ ယောက်က အားတင်းပြုံး၍ ပြောလိုက်ကြသည်။
စုန်းသလင်းကျောက် သန်းကိုးဆယ်က သူတို့အတွက် များပြားသော ပမာဏဖြစ်သော်လည်း အခြေအနေက ဆိုးရွားနေသောကြောင့် ရွေးချယ်စရာမရှိပေ။ သူတို့က လင်းယွမ်ကို စည်းရုံးနိုင်သရွေ့ ထိုထက်ပိုများသော ပမာဏကို ပေးပေလိမ့်မည်။
" အရှင် ဘယ်လိုထင်ပါလဲ။ ကျုပ်တို့က စုန်းသလင်းကျောက် သန်းခြောက်ဆယ်ထက် ပိုပေးနိုင်ပါတယ်။ " ဆယ်ယောက်မြောက် ဓားပြက ဆက်လက်မေးမြန်းလိုက်သည်။
သို့သော် လင်းယွမ်၏ ပုံရိပ်က နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့သည်။
ဖြောင်း....
သူပြန်ပေါ်လာသည့် အချိန်တွင် ဆယ်ယောက်မြောက် ဓားပြ၏ ဘေးတွင် ရပ်နေခဲ့သည်။ သူက ဆယ်ယောက်မြောက် ဓားပြ၏ လည်ပင်းကို ရိုက်ချိုးပြီး ခရမ်းရောင် စုန်းသလင်းကျောက် သေတ္တာကို ဖမ်းလိုက်သည်။
" ငါ မင်းကို သတ်လိုက်ရင် ဒါတွေက ငါပိုင်သွားပြီမဟုတ်ဘူးလား။ " လင်းယွမ်က သေတ္တာကို သိမ်းဆည်းလိုက်သည်။
" ပြေးကြ။ " ၎င်းကို မြင်သောအခါ ခေါင်းဆောင်က ချက်ချင်း နောက်ဆုတ်သွားသည်။ ကျန်သော ၁၅ ယောက်ကလည်း ဦးတည်ချက်အမျိုးမျိုးကို ထွက်ပြေးသွားကြသည်။
" မင်းတို့ လွတ်မယ်ထင်နေတာလား။ " လင်းယွမ်က သူ၏ ပါးစပ်ကိုဟ၍ အသက်ရှူသွင်းလိုက်သည်။
ကြောက်စရာကောင်းသော လေစီးကြောင်းများက လင်းယွမ်ကို ဗဟိုပြု၍ တိုက်ခတ်လာပြီး ထွက်ပြေးနေသော ဓားပြ ၁၅ ယောက်တို့ကလည်း ရပ်တန့်သွားကြသည်။
" ဘာလဲ။ " ဓားပြများက ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။
" သေစမ်း " လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ခြောက်ယောက်မြောက် ဓားပြ၏ လည်ပင်းကို ချိုးပစ်လိုက်သည်။
" ပေါက်ကွဲစမ်း။ " ခေါင်းဆောင်က သူ၏ သွေးများကို လောင်ကျွမ်းစေလိုက်ပြီး သူ၏ အော်ရာက စုန်းဘုရင်အဆင့်သို့ ဝင်ရောက်သွားသည်။
ယွင်ရှန်းဓားပြများ၏ ခေါင်းဆောင်ဖြစ်သကဲ့သို့ သူက ဝှက်ဖဲများစွာရှိပြီး ယခု ခွန်အားကို ပေါက်ကွဲစေသော နည်းလမ်းက ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။ ခွန်အားက ချက်ချင်းပေါက်ကွဲသွားပြီး စုန်းဘုရင်အဆင့်သို့ ဝင်ရောက်သွားသော်လည်း သူပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလှသည်။ သို့သော် သူအသက်ရှင်နေသရွေ့ အားလုံးက ထိုက်တန်ပေသည်။
" ပြေး။ " စုန်းဘုရင်အဆင့်သို့ ဝင်ရောက်သွားသော ခေါင်းဆောင်က သူ၏ ညီအကိုများကို ကာကွယ်ရန် သို့မဟုတ် လင်းယွမ်ကို တားဆီးရန် ရည်ရွယ်ချက်မရှိဘဲ ထွက်ပြေးသွားခဲ့သည်။
သူက လင်းယွမ်၏ အဆင့်ကို မသိသော်လည်း သူက စုန်းဘုရင်အဆင့်သို့ ဝင်ရောက်ပြီးနောက်မှာပင် လင်းယွမ်ဆီမှ ကြောက်စရာကောင်းသော ဖိအားကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။
" ပြေး ပြေး ပြေး..." ယခုအချိန်တွင် ခေါင်းဆောင်၏ စိတ်ထဲ၌ ထိုအတွေးတစ်ခုသာ ရှိလေသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိဘဲ နောက်ဆုံးတွင် ခေါင်းဆောင်က ရပ်တန့်သွားသည်။ အကြောင်းမှာ သူ၏ ရှေ့တွင် လင်းယွမ်က ရပ်ပြီး ကြည့်နေသောကြောင့်ဖြစ်သည်။
" အရှင် " ခေါင်းဆောင်က ထိတ်လန့်နေသည်။ သူ၏ သွေးကို လောင်ကျွမ်းပြီး စုန်းဘုရင်အဆင့်သို့ ဝင်ရောက်ခဲ့သော်လည်း လင်းယွမ်၏ လက်ထဲမှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိပေ။
နောက်ဆုံးတွင် သူက သံလိုက်အိမ်မြှောင် မရပ်မနား လည်ပတ်နေသည့်အကြောင်းရင်းကို နားလည်သွားခဲ့သည်။
" ဒါဆို သံလိုက်အိမ်မြှောင်က အလုပ်မလုပ်တာ မဟုတ်ဘူးပဲ။ "
သံလိုက်အိမ်မြှောင်က မရပ်တန့်ဘဲ လည်ပတ်နေခဲ့သည့် အကြောင်းရင်းမှာ သူတို့ ညီအကို ၁၈ ယောက်လုံး ရှင်သန်နိုင်ရန် နည်းလမ်းမရှိသောကြောင့်ပင် ဖြစ်သည်။ မည်သည့်ဦးတည်ရာသို့ ထွက်ပြေးသည်ဖြစ်စေ သေခြင်းက သူတို့နောက်သို့ လိုက်နေပေလိမ့်မည်။
၎င်းကို နားလည်သွားသော ခေါင်းဆောင်က ချက်ချင်း ဒူးထောက်ပြီး တောင်းပန်လိုက်သည်။
" အရှင် ကျုပ်တို့က အရှင်ကို မယှဉ်နိုင်ပါဘူး။ ကျုပ်အသက်ကို ချမ်းသာပေးပါ။ ကျုပ်အရှင်ရဲ့ အမိန့်ကို နာခံပြီး တစ်သက်လုံး အရှင်ရဲ့ အစေခံလုပ်ပါမယ်။ "