ရွှယ်ယုလက်ဖက်ရည်...
Vol. 37 Ch. 565
" ငါ့ အစေခံလုပ်မယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ " မလိုဘူးာယ "
လင်းယွမ်က သူ၏ ညီအကို ၁၇ ယောက်ကို သတ်ခဲ့ပြီးပြီဖြစ်သည်။ ယခုအချိန်တွင် ခေါင်းဆောင်က လင်းယွမ်၏ ခွန်အားကို ကြောက်ရွံ့သောကြောင့် မည်သည့်အတွေးမှ ထားရဲမည်မဟုတ်ပေ။ သို့သော် အနာဂတ်က မသေချာပေ။
လင်းယွမ်က အန္တရာယ်တစ်ခုကို သူ၏ ဘေးနားတွင် ထားမည်မဟုတ်ဘဲ သတ်ပစ်လိုက်ခြင်းက စိတ်အေးလက်အေးနေရပေလိမ့်မည်။
" မင်းတို့ ဆယ့်ရှစ်ယောက်လုံး အတူတူသွားသင့်တယ်။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး ခေါင်းဆောင်၏ လည်ပင်းကို လိမ်ချိုးလိုက်သည်။
" ငါ... " ခေါင်းဆောင်၏ မျက်လုံးများက ပြူးကျယ်ပြီး အသက်ထွက်သွားခဲ့သည်။
" ယွင်ရှန်းဓားပြ ၁၈ ယောက်လုံး သေသွားပြီ။ " လင်းယွမ်က သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
" စုန်းသလင်းကျောက် သန်းခြောက်ဆယ်အပြင် စုန်းသလင်းကျောက် သန်းကိုးဆယ်။ စုစုပေါင်း စုန်းသလင်းကျောက် သန်း၁၅၀။ ဒီလူဆယ့်ရှစ်ယောက်ရဲ့ စုဆောင်းမှုတွေနဲ့ဆို စုန်းဧကရာဇ်အဆင့်ကို တက်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးရပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
ယခုတစ်ကြိမ် အပြင်ထွက်ခြင်းက သူ၏ မျှော်လင့်ချက်များကို ပြည့်မီသွားစေခဲ့သည်။ လိုအပ်သော အရင်းအမြစ်များရရှိရန် သူက နောက်ထပ်တာဝန်များကို ယူရန် လိုအပ်လိမ့်မည်ဟု တွေးခဲ့သော်လည်း ယခုတော့ တစ်ခါတည်း အောင်မြင်သွားသည်။
" ဟမ် " လင်းယွမ်က ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ရှာဖွေလိုက်ပြီး သံလိုက်အိမ်မြှောင်တစ်ခုကို တွေ့လိုက်ရသည်။ သူက သံလိုက်အိမ်မြှောင်ကို ကြည့်ပြီး ထူးခြားသော အော်ရာတစ်ခုကို ခံစားလိုက်ရသည်။
" ဒီသံလိုက်အိမ်မြှောင်က..." လင်းယွမ်က အံ့ဩသော အမူအရာပေါ်လာသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် မည်မျှအစွမ်းထက်သော အရာဖြစ်စေ ဖိနှိပ်ခံရပြီး ရုပ်ပိုင်းဆိုင်ရာ ပုံစံသာ ကျန်ခဲ့လေသည်။ သို့သော် လင်းယွမ်က ထိုသံလိုက်အိမ်မြှောင်မှ နက်ရှိုင်းသော အော်ရာတစ်ခုကို ခံစားနေရသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ဖိနှိပ်မှုကို ကျော်လွန်သော ခံစားချက်က လင်းယွမ်ကို လေးနက်သွားစေသည်။
" ဒါကိုဘယ်လိုအသုံးပြုရမှာလဲ။ " လင်းယွမ်က သံလိုက်အိမ်မြှောင်ပေါ်မှ သွေးအနည်းငယ်ကို တွေ့လိုက်ရသည်။
" သွေးနဲ့လား။ ပြန်ရောက်မှ သေချာလေ့လာကြည့်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က သံလိုက်အိမ်မြှောင်ကို သိမ်းဆည်းလိုက်ပြီး ဓားပြ ၁၈ ယောက်၏ ခန္ဓာကိုယ်များကို သေချာရှာဖွေလိုက်သည်။ သူက ဆုငွေကို ထုတ်ယူရန် ယွင်ရှန်းဓားပြများကို သတ်ခဲ့သည့် သက်သေအထောက်အထားကိုလည်း ပြနိုင်ရမည်ဖြစ်သည်။
တုံးယွမ်မြို့ ရွှယ်ယုခန်းမ။
အဘိုးအိုက ငိုက်မျည်းနေခဲ့သည်။ သူက အသက်ကြီး၍ အေးအေးဆေးဆေး နေချင်သောကြောင့် ယခုနေရာသို့ လာခဲ့ခြင်းဖြစ်သည်။
" ယွင်ရှန်းဓားပြတွေ ဒီဘက်ကို ရောက်လာတာကြောင့် ရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူတွေလည်း တဖြည်းဖြည်း စုစည်းလာကြပြီ။ " အဘိုးအိုက ခေါင်းခါလိုက်သည်။
ယွင်ရှန်းဓားပြများအတွက် ဆုငွေက စုန်းသလင်းကျောက် သန်းခြောက်ဆယ်ဖြစ်လေသည်။ ၎င်းက စုန်းဘုရင်များပင် မက်မောသော ပမာဏဖြစ်လေသည်။ သို့သော် စုန်းဘုရင်များက လူနည်းစုသာဖြစ်ပြီး အများစုက အဖွဲ့လိုက်လာရောက်ကြသူများဖြစ်ကြသည်။
" ဟမ် အဲ့ဒီကောင်လေး ပြန်ရောက်လာပြီလား။ " အဘိုးအိုက လင်းယွမ် ခန်းမထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။
အဘိုးအိုက လင်းယွမ်ကို လေးစားလေသည်။ ပထမဆုံး လင်းယွမ်က ယွင်ရှန်းဓားပြ၁၈ ယောက်၏ တာဝန်ကို လက်ခံရဲလေသည်။ ဒုတိယမှာ လင်းယွမ်က သူသိသော အင်အားကြီးသူများထဲမှ မဟုတ်ပေ။ တတိယတစ်ချက်မှာ လင်းယွမ် ပြန်လာသော အချိန်က တိုတောင်းလွန်းလှသည်။
သီးသန့် အခန်းတစ်ခုအတွင်း။
အဘိုးအိုက လင်းယွမ်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။
" ဘယ်လိုလဲ။ ဆုငွေတာဝန်ကို လက်လျှော့တော့မလို့လား။ " အဘိုးအိုက လှောင်ပြောလိုခြင်းမရှိဘဲ မေးလိုက်သည်။
ယွင်ရှန်းဓားပြ ၁၈ ယောက်က အစွမ်းထက်ပြီး ဝှက်ဖဲများစွာ ပိုင်ဆိုင်ကြလေသည်။ သူ၏ အထွတ်အထိပ် ကာလမှာပင် သူတို့ကို အနိုင်ယူရန် မသေချာခဲ့ပေ။
အဘိုးအိုက လင်းယွမ်ကို အချို့သော မိသားစုကြီးတစ်ခုမှ အတွေ့အကြုံရရှိရန် ခဏထွက်လာသော မျိုးဆက်တစ်ယောက် ဖြစ်လိမ့်မည်ဟု တွေးခဲ့သည်။ သူက ယွင်ရှန်းဓားပြ ၁၈ ယောက်၏ တာဝန်ကို ယူခဲ့ပြီး တစ်ရက်ကြာတွင် သူတို့ကို ခြေရာခံနိုင်ခြင်းမရှိသောကြောင့် တာဝန်ကို လက်လျှော့ရန် ပြန်လာခြင်းဖြစ်နိုင်လေသည်။
" မဟုတ်ဘူး။ ကျုပ်က ဆုငွေလာထုတ်တာ။ " လင်းယွမ်က ပြောလိုက်သည်။
" ဆုငွေလာထုတ်တာလား။ " အဘိုးအိုက လင်းယွမ်ကို ကြည့်ပြီး မှင်သက်နေသည်။
" ဒါက သူတို့ရဲ့ ဦးခေါင်းခွံတွေပဲ။ " လင်းယွမ်က သူယူလာသော အိတ်ကို ဖွင့်လိုက်ပြီး ဦးခေါင်းခွံ ၁၈ခုက ထွက်ပေါ်လာသည်။
ယွင်ရှန်းဓားပြ ၁၈ယောက်ကို သတ်ခဲ့သည့် သက်သေက ဦးခေါင်းခွံများကဲ့သို့ အရေးပါသော ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သည်။ လင်းယွမ်က တာဝန်ကို လက်မခံခင်ကတည်းက အားလုံးကို စဉ်းစားခဲ့သောကြောင့် ယခုအချိန်တွင် ပြဿနာရှိမည်မဟုတ်ပေ။ ဦးခေါင်းခွံ ၁၈ ခုက ယွင်ရှန်းဓားပြ ၁၈ ယောက်ဆီမှ လာခြင်းကို အတည်ပြုရန် ရွှယ်ယုခမ်းမတွင် နည်းလမ်းများ ရှိလေသည်။
" ဦးခေါင်းခွံတွေလား။ " အဘိုးအို၏ အမူအရာက လေးနက်သွားသည်။
ယခုအချိန်တွင် သူက ဦးခေါင်းခွံ ၁၈ ခုမှာ ယွင်ရှန်းဓားပြများဖြစ်ကြောင်း မသေချာသော်လည်း ၎င်းတို့မှာ စုန်းဘုရင်အဆင့်နှင့် နီးစပ်သူများ၏ ဦးခေါင်းခွံဖြစ်သည်ကို တိုက်ရိုက်သိနိုင်လေသည်။
စုန်းသခင်၊ စုန်းဘုရင်နှင့် စုန်းဧကရာဇ်တို့ပင် သူတို့၏ ခန္ဓာကိုယ်များကို အားဖြည့်ခြင်းက ကြီးမားသော ကွာခြားချက်ရှိပြီး သူတို့၏ အရိုးများ၏ မာကျော်မှုနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံအပေါ် သက်ရောက်မှုရှိလေသည်။
" ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ " အဘိုးအို၏ လေသံက ချက်ချင်း ပြောလဲသွားသည်။ သူက သူ၏ လက်အောက်ခံများကို ဦးခေါင်းခွံ ၁၈ခုအား အပြင်သို့ ယူဆောင်လာရန် လျင်မြန်စွာ ခေါ်ခဲ့လေသည်။
ခဏကြာသောအခါ အဘိုးအိုက သီးသန့်အခန်းထဲသို့ လျင်မြန်စွာ ပြန်ရောက်လာပြီး အနည်းငယ် ရိုသေစွာ ပြောလိုက်သည်။
" သခင်လေး ဦးခေါင်းခွံတွေက ယွင်ရှန်းဓားပြ ၁၈ ယောက်ဖြစ်ကြောင်း အတည်ပြုပြီးပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
လင်းယွမ်က ရွှယ်ယုခန်းမတွင် ဆုငွေတာဝန်ကို လက်ခံရန် ရွေးချယ်ခဲ့ခြင်းမှာ အဆင်ပြေမှုကြောင့် ဖြစ်သည်။ ဘယ်သူမဆို ကိုယ်ရေးအချက်အလက်များကို ဖော်ပြရန် မလိုအပ်ဘဲ ဆုငွေတာဝန်များကို ရွှယ်ယုခန်းမတွင် တင်နိုင်ပြီး လက်ခံနိုင်လေသည်။
ရွှယ်ယုခန်းမက ရွှယ်ယုရှေးဟောင်းနိုင်ငံမှ လာခဲ့ခြင်းဖြစ်သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့က လွတ်လပ်သွားခဲ့ပြီး ရှေးဟောင်းနိုင်ငံ ဆယ့်နှစ်ခုလုံးမှ အင်အားကြီးသူများကို ဝန်ဆောင်မှုပေးလေသည်။
" ဒါက ရွှယ်ယုလက်ဖက်ရည်ပါ။ ရွှယ်ယုရှေးဟောင်းနိုင်ငံရဲ့ မင်းမျိုးမင်းနွယ်တွေသာ သောက်သုံးနိုင်တဲ့ လက်ဖက်ရည်ဖြစ်ပါတယ်။ " အဘိုးအိုက လက်ဖက်ရည်တစ်ခွက် ယူလာသည်။
လက်ဖက်ရည်က သွေးနီရောင်ဖြစ်ပြီး အတွင်းမှာ နက်ရှိုင်းသော အော်ရာများ စီးဆင်းနေသည်။
" ဒီလက်ဖက်ရည်က " လင်းယွမ်က မျက်ခုံးများပင့်သွားသည်။
လက်ဖက်ရည်ထဲမှ ဆန်းကြယ်သော အတက်အကျများက သူ့ကို သံလိုက်အိမ်မြှောင်နှင့် တူညီသော ခံစားချက်ကို ပေးနိုင်သော်လည်း ပြင်းထန်မှုနှင့် နက်ရှိုင်းမှုတွင် များစွာ အားနည်းလေသည်။
သူက သံလိုက်အိမ်မြှောင်ကို မတွေ့မီ လက်ဖက်ရည်ကို တွေ့ခဲ့လျှင် ထူးဆန်းသည်ဟုသာ တွေးမိပြီး ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ဖိနှိပ်မှုမှ လွတ်မြောက်နိုင်သော ရှုထောင့်ကို တွေးမိမည်မဟုတ်ပေ။
" ကျုပ် ပြန်ရောက်ရင် သောက်ကြည့်လိုက်ပါမယ်။ " လင်းယွမ်က လက်ဖက်ရည်ခွက်ကို သိမ်းဆည်းလိုက်သည်။
အဘိုးအိုက ၎င်းကို မြင်သောအခါ အံ့အားသင့်သွားသော်လည်း မတားခဲ့ပေ။ လင်းယွမ်က ယွင်ရှန်းဓားပြ ၁၈ ယောက်ကို သတ်နိုင်ခဲ့သောကြောင့် စုန်းဧကရာဇ်အဆင့် မရှိလျှင်တောင် နီးစပ်နေမည်ဖြစ်သည်။
" ရွှယ်ယုလက်ဖက်ရည်က ရွှယ်ယုလက်ဖက်ပင်က လာတာဖြစ်ပြီး ရွှမ်ယုရှေးဟောင်းနိုင်ငံ တည်ထောင်ချိန်ကတည်းက ရှိနေတဲ့ အမွေအနှစ်ပစ္စည်းတစ်ခုပဲ။ "
" ရွှယ်ယုလက်ဖက်ရည်ကို သောက်တာက ခန္ဓာကိုယ်ကို တိုးတက်စေပြီး ကျင့်ကြံခြင်းအတွက် အကျိုးရှိတယ်။ "
လင်းယွမ်က ရွှယ်ယုလက်ဖက်ရည်ကို စိတ်ဝင်စားသောကြောင့် အဘိုးအိုက ပြောပြလိုက်သည်။
" ရွှယ်ယုလက်ဖက်ပင် " လင်းယွမ်က မှတ်သားထားလိုက်သည်။
အရွက်များက နက်ရှိုင်းသော အော်ရာတစ်ခုပါဝင်နေလျှင် ရွှယ်ယုလက်ဖက်ပင်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ဖိနှိပ်မှုကို ခုခံနိုင်သော သံလိုက်အိမ်မြှောင်ကဲ့သို့ ထူးဆန်းသောအရာ ဖြစ်ပေလိမ့်မည်။
" ဒါက ဆုငွေ စုန်းသလင်းကျောက် သန်းခုနှစ်ဆယ်ပါ။ " အဘိုးအိုက နိုင်ငံဆယ့်နှစ်နိုင်ငံ၏ ဘဏ်များမှ ထုတ်ပေးထားသော စုန်းသလင်းကျောက် ငွေစက္ကူများကို ထုတ်ပေးလိုက်သည်။
" အင်း " လင်းယွမ်က ခေါင်းညိမ့်ပြီး ငွေစက္ကူများကို ယူလိုက်သည်။
" မင်း ငါတို့ ရွှယ်ယုခန်းမနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလား။ မင်းရဲ့ ခွန်အားနဲ့ဆိုရင် ပူးပေါင်းရုံနဲ့ ခန်းမရဲ့ အဆင့်တစ် အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး ဆုငွေတာဝန်ကိုလည်း ဦးစားပေးယူနိုင်တဲ့အပြင် ပိုမြင့်တဲ့ ဆုငွေတွေကိုလည်း ရရှိနိုင်တယ်။ " အဘိုးအိုက ပြောလိုက်သည်။
ရွှယ်ယုခန်းမက မည်သည့်ဆုငွေတာဝန်ကိုမဆို ထုတ်ပြန်နိုင်ပြီး နေ့စဉ်လုပ်ဆောင်ချက်များကို ထိန်းသိမ်းနိုင်ရန် ဝန်ဆောင်ခကို ယူရလေသည်။ ဥပမာ ယွင်ရှန်းဓားပြ ၁၈ ယောက်အတွက် ဆုငွေက သန်းခုနှစ်ဆယ်ဖြစ်လျှင် သူတို့က ဝန်ဆောင်ခအဖြစ် စုန်းသလင်းကျောက် သန်းနှစ်ဆယ်ကို ယူလေသည်။ ဆိုလိုသည်မှာ လင်းယွမ်က ရွှယ်ယုခန်းမနှင့် ပူးပေါင်းသည်နှင့် စုန်းသလင်းကျောက် သန်းကိုးဆယ်ကို ရရှိပေလိမ့်မည်။
" ကျုပ်စဉ်းစားကြည့်လိုက်မယ်။ " လင်းယွမ်က ခန်းမနှင့် ပူးပေါင်းရန် လက်ခံခြင်းမရှိသလို ငြင်းပယ်ခြင်းလည်း မရှိခဲ့ပေ။
အဘိုးအိုက လင်းယွမ်ကို လိုက်ပို့ခဲ့ပြီး လင်းယွမ်ပျောက်ကွယ်သွားမှသာ သူ၏ နေရာတွင် ပြန်ထိုင်လိုက်သည်။