တိုက်ပွဲ၏ သဲလွန်စများ...
Vol. 37 Ch. 566
ထိုအချိန်တွင် ဆံပင်ဖြူနှင့် လူတစ်ယောက်က အဘိုးအို၏ ဘေးတွင် ပေါ်လာခဲ့သည်။
" ခန်းမသခင် " ဆံပင်ဖြူနှင့်လူက အံ့ဩသွားသည်။ " ယွင်ရှန်းဓားပြ ၁၈ ယောက်ရဲ့ ဆုငွေကို ထုတ်သွားပြီလား။ "
" ဟုတ်တယ်။ " အဘိုးအိုက ခေါင်းညိမ့်လိုက်သည်။
" သူတို့ကို ဘယ်သူသတ်လိုက်တာလဲ။ " ဆံပင်ဖြူနှင့်လူက သိလိုစိတ်နှင့် မေးလိုက်သည်။
ယွင်ရှန်းဓားပြ၁၈ ယောက်က လိမ္မာပါးနပ်ပြီး အတိတ်တွင် စုန်းဘုရင်အဆင့်များက သူတို့ကို ဖမ်းရန် ကြိုးစားခဲ့သော်လည်း စုန်းဘုရင်အဆင့်များ ရောက်မလာမီ သူတို့က မကြာခဏ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ ယွင်ရှန်းဓားပြ ၁၈ ယောက်က ကြောက်စရာကောင်းသော ဉာဏ်ရည်ကို ပိုင်ဆိုင်ပြီး အန္တရာယ်ကို ကြိုသိကာ အထူးခြားဆုံး လွတ်မြောက်နိုင်သည့် လမ်းကြောင်းကို ရွေးချယ်နိုင်ကြလေသည်။
" မသိဘူး။ " အဘိုးအိုက ခေါင်းခါလိုက်သည်။
" မသိဘူးလား။ " ဆံပင်ဖြူနှင့်လူက ပို၍ အံ့အားသင့်သွားသည်။ အချက်အလက်များစွာကို သိထားသော အဘိုးအိုပင် သဲလွန်စမရပေ။
" ဒီကမ္ဘာကြီးက ဒီလောက်ကျယ်ပြောတာ ငါမသိတာ ပုံမှန်ပါပဲ။ " အဘိုးအိုက ဆံပင်ဖြူနှင့်လူကို လှမ်းကြည့်ပြီး ဆက်ပြောက်လိုက်သည်။ " ငါထင်တာက သူက ရွှယ်ယုရှေးဟောင်းနိုင်ငံရဲ့ အပြင်ကလာတဲ့ အင်အားကြီးသူတစ်ယောက်ဖြစ်ရမယ်။ "
ရွှမ်ယုရှေးဟောင်းနိုင်ငံထဲမှ အင်အားကြီးသူများစွာကို သူက သိထားသော်လည်း သူက လင်းယွမ်အကြောင်း ဘာမှမသိပေ။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ လင်းယွမ်က ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ အပြင်ဘက်မှ လာခြင်းဖြစ်နိုင်လေသည်။
" ကောင်းပြီ။ အဲ့ကိစ္စအကြောင်းမပြောနဲ့တော့။ " အဘိုးအိုက မတ်တပ်ရပ်လိုက်သည်။ " ပြီးတော့ ယွင်ရှန်းဓားပြ ၁၈ ယောက်ရဲ့ ဆုငွေတာဝန်ကိုလည်း ဖျက်လိုက်ဦး။ "
" ဟုတ်ကဲ့။ " ဆံပင်ဖြူနှင့်လူက ဘာမှဆက်မမေးတော့ပေ။
ရက်အနည်းငယ် ကြာပြီးနောက် ယွင်ရှန်းဓားပြများ ပုန်းအောင်းခဲ့သော ချိုင့်ဝှမ်းအတွင်း လူဆယ်ယောက်ကျော် ပေါ်လာခဲ့သည်။
" သတင်းအချက်အလက်တွေအရ ယွင်ရှန်းဓားပြ ၁၈ ယောက်က ဒီနေရာမှာ ခဏနားခဲ့ကြတယ်။ " စူးရှသော မျက်လုံးများနှင့် လူတစ်ယောက်က ပြောလိုက်သည်။
သူတို့က နိုင်ငံဆယ့်နှစ်နိုင်ငံကြား လှည့်လည်သွားလာနေကြသော ဆုငွေရှာဖွေသူများဖြစ်ကြပြီး အမြတ်အစွန်းများသော ဆုငွေတာဝန်များကို အထူးပြုယူကြလေသည်။
သူတို့က မကြာသေးမီက ယွင်ရှန်းဓားပြ ၁၈ ယောက်ကို အာရုံစိုက်ခဲ့ကြသည်။ အကြောင်းမှာ ဆုငွေ သန်းခုနှစ်ဆယ်အပြင် ယွင်ရှန်းဓားပြများက မြောက်ပိုင်းမင်းသား၏ ဘဏ္ဍာတိုက်ကို လုယယက်ခဲ့သောကြောင့်ဖြစ်သည်။ ထိုကဲ့သို့ ကြီးမားသော ကံကောင်းမှုက သူတို့ကို ဆွဲဆောင်ရန် လုံလောက်ခဲ့သည်။
" ဒီမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်။ " လူဝတစ်ယောက်က ခဏလေ့လာပြီးနောက် ပြောလိုက်သည်။
" တိုက်ပွဲတစ်ခုလား။ " အခြားသူများကလည်း တုန်လှုပ်သွားကြသည်။
" တိုက်ပွဲတစ်ခုမဟုတ်ဘူး။ " လူဝက သူ၏ စကားကို ပြန်ပြင်လိုက်သည်။ " သတ်ဖြတ်ခြင်းတစ်ခုပဲ။ "
၎င်းက လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။ တိုက်ပွဲတစ်ခုနှင့် သတ်ဖြတ်ခြင်းတစ်ခုက လုံးဝကွဲပြားသောအရာတစ်ခုဖြစ်သည်။
" ယွင်ရှန်းဓားပြ ၁၈ ယောက်လုံး သေသွားလောက်ပြီ။ " လူဝက ပတ်ဝန်းကျင်မှ သဲလွန်စများကို ရှာဖွေပြီး ကောက်ချက်ချလိုက်သည်။ " ၁၈ ယောက်ထဲမှာ တစ်ယောက်က အဲ့ဒီဘက်ကို ထွက်ပြေးခဲ့ပြီး ကျန်တဲ့ ၁၇ ယောက်က သေသွားပြီ။ "
" ဒီတိုက်ခိုက််မှုက လူတစ်ယောက်တည်းက လုပ်ဆောင်တာဖြစ်ရမယ်။ " လူဝက ပြောလိုက်သည်။
လူတိုင်းက ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို စိတ်ကူးကြည့်မိလိုက်ကြသည်။ ခွန်အားကြီးသော ပုံရိပ်တစ်ခုက ချိုင့်ဝှမ်း၏ အပြင်ဘက်တွင် ပေါ်လာပြီး ယွင်ရှန်းဓားပြ ၁၈ ယောက်ကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခဲ့သည်။ သူတို့က ခုခံရန် မည်မျှကြိုးစားသည်ဖြစ်စေ သေခြင်းမှ မလွတ်မြောက်နိုင်ခဲ့ကြပေ။
နောက်ဆုံးတွင် လူတစ်ယောက်က အခြားသူများ သတ်ခံနေရချိန်တွင် ထွက်ပြေးသွားခဲ့သည်။ လူဝက ထိုဦးတည်ရာသို့ ကြည့်လိုက်ပြီး သဲလွန်စများနောက် လိုက်သွားသည်။ မကြာမီ ရှေးဟောင်းသစ်ပင်တစ်ပင်၏ အောက်တွင် သူက ရပ်လိုက်သည်။
" ထွက်ပြေးသွားတဲ့ တစ်ယောက်လည်း သေသွားပြီ။ " လူဝက လေးနက်စွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ အခြားသူများ၏ စိတ်များက အေးစက်သွားကြသည်။ သူတို့က ယွင်ရှန်းဓားပြ ၁၈ ယောက်ကို ပစ်မှတ်ထားခဲ့ကြသော်လည်း သူတို့က တပြိုင်နက်တည်း အားလုံးကို ဖမ်းဆီးရန် တစ်ခါမှမစဉ်းစားခဲ့ပေ။
ယွင်ရှန်းဓားပြများက အရူးများ မဟုတ်ကြပေ။ ရန်သူက သူတို့ထက် သန်မာနေသည်ကို သိလျှင် လူစုခွဲပြီး ထွက်ပြေးကြပေလိမ့်မည်။ ထို့အပြင် သူတို့ရရှိထားသော အချက်အလက်များအရ ယွင်ရှန်းဓားပြများက သူတို့ထက် သန်မာသူများရောက်မလာခင် ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။
" တကယ်သေသွားကြတာလား။ " ခေါင်းဆောင်လုပ်သူက ပြောလိုက်သည်။
" သဲလွန်စတွေအရတော့ ယွင်ရှန်းဓားပြ ၁၈ ယောက်လုံး သေသွားလောက်ပြီ။ " လူဝက ပြောလိုက်သည်။
" အဲ့လိုလုပ်ခဲ့တဲ့ လူအကြောင်း ဘာမှမသိရဘူးလား။ " ခေါင်းဆောင်က ဆက်မေးလိုက်သည်။
" မသိဘူး။ ယွင်ရှန်းဓားပြ ၁၈ ယောက်လုံးက လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ မြန်မြန် သေဆုံးသွားခဲ့ကြတယ်။ " လူဝက ရှင်းပြလိုက်သည်။
ခုခံနိုင်စွမ်းရှိခဲ့လျှင် တိုက်ပွဲ၏ သဲလွန်စများမှ တစ်ဆင့် တိုက်ခိုက်သူ၏ အချက်အလက်အနည်းငယ်ကို သိနိုင်လေသည်။ သို့သော် ခုခံမှုမရှိဘဲ ယွင်ရှန်းဓားပြအားလုံးက တစ်ချက်တည်းနှင့် သေဆုံးခဲ့ကြသည်။
ထိုအချိန်တွင် ပိန်ပိန်နှင့်လူတစ်ယောက်က ပြေးလာသည်။
" ရွှယ်ယုခန်းမက ယွင်ရှန်းဓားပြ ၁၈ ယောက်အတွက် ဆုငွေတာဝန်ကို ရုတ်သိမ်းသွားပြီ။ "
ရွှမ်ယုခန်းမက ဆုငွေတာဝန်ကို ရုတ်သိမ်းခဲ့သည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်သော်လည်း သတင်းပျံ့နှံ့မှုက နောက်ကျသောကြောင့် သူတို့က ယခုမှ သတင်းရခဲ့ကြသည်။
" ယွင်ရှန်းဓားပြ ၁၈ ယောက်လုံးက တကယ်သေသွားကြတဲ့ပုံပဲ။ " ခေါင်းဆောင်က ခေါင်းညိမ့်လိုက်သည်။
ရွှယ်ယုခန်းမက ယွင်ရှန်းဓားပြများ သေဆုံးသွားသည်မှာ လုံးဝသေချာမှ တာဝန်ကို ပြန်လည်ရုတ်သိမ်းမည်ဖြစ်သည်။
" စိတ်ပျက်စရာပဲ။ ငါတို့က ရှေးဟောင်းနိုင်ငံ ခြောက်ခု ခုနှစ်ခုလောက်ကို ဖြတ်ကျော်ခဲ့ပြီးမှ လက်ဗလာနဲ့ ပြန်ရတော့မယ်။ "
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ယွင်ရှန်းဓားပြတွေကို ဒီလိုအလွယ်တကူ သတ်နိုင်တာ စုန်းဧကရာဇ်တစ်ယောက်ဖြစ်ရမယ်။ "
" ဒါပေမယ့် စုန်းဧကရာဇ်..." ခေါင်းဆောင်က သံသယများနှင့် စဉ်းစားနေသည်။ " စုန်းဧကရာဇ်တွေက နှစ်နှစ်ဆယ်အတွင်း ဘယ်လိုလုပ် ဒီလောက်များလာတာလဲ။ "
ရှေးဟောင်းနိုင်ငံများကို ဖြတ်ကျော်ပြီးနောက် သူက နှစ်ပေါင်းရာချီ သို့မဟုတ် ထောင်ချီအတွင်း ထွက်ပေါ်လာနိုင်သော စုန်းဧကရာဇ် အရေအတွက်က နှစ်နှစ်ဆယ်အတွင်း ထွက်ပေါ်လာခဲ့ကြသည်ကို သိခဲ့ရသည်။
အထူးသဖြင့် ရှေးဟောင်းနိုင်ငံကြီးများတွင် အရင်က တစ်ခါမှ မတွေ့ဖူးသော စုန်းဧကရာဇ်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ ရှေးဟောင်းနိုင်ငံများတွင် စုန်းဘိုးဘေးချန်ခဲ့သော အမွေအနှစ်များသာမရှိလျှင် လက်ရှိရှေးဟောင်းနိုင်ငံ ဆယ့်နှစ်ခုလုံးက ပုန်ကန်ခံနေရလောက်ပြီဖြစ်သည်။
လျိုချွမ်စုဝေးခြင်းနေရာ၏ လှိုဏ်ဂူတစ်ခုအတွင်း လင်းယွမ်က ထိုင်နေသည်။
" ဒီတာဝန်က ရှင်းလောက်ပါတယ်။ " လင်းယွမ်က ရွှယ်ယုခန်းမမှ ဆုငွေတာဝန်ယူချိန်မှစ၍ ဆုငွေထုတ်သည့်အချိန်ထိ သူ၏ အချက်အလက်များကို ထုတ်ဖော်နိုင်ရန် မည်သည့်သဲလွန်စမှ မချန်ခဲ့သည်ကို စဉ်းစားနေသည်။
ယွင်ရှန်းဓားပြများအပေါ် ဆုငွေက များပြားလွန်းလှပြီး နိုင်ငံဆယ့်နှစ်နိုင်ငံမှ ဆုငွေရှာဖွေသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လေသည်။ ဤတစ်ကြိမ်တွင် လင်းယွမ်၏ လှုပ်ရှားမှုကို အခြားနိုင်ငံမှ လာသော ခွန်အားကြီးသူတစ်ယောက်ဟုသာ ထင်ကြပေလိမ့်မည်။
အကြောင်းရင်းတစ်ခုမှာ သူက ကျားရန်ဂူကို ယွင်ရှန်းဓားပြများအကြောင်း စုံစမ်းရန် စေလွှတ်ခဲ့ခြင်းသာဖြစ်သည်။ လင်းယွမ်က ကျားရန်ဂူကို အနိုင်ယူချိန်တွင် သူ၏ သွေးအဆီအနှစ်တစ်စက်ကို ကျားရန်ဂူ၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းခဲ့သောကြောင့် သူ့ကို သစ္စာဖောက်မည်မဟုတ်ပေ။အတွေးတစ်ချက်နှင့် သူက ကျားရန်ဂူ၏ ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်နိုင်လေသည်။
လင်းယွမ်၏ လက်ထဲတွင် လက်ဖက်ရည်ခွက်တစ်ခုပေါ်လာသည်။ လက်ဖက်ရည်ခွက်က စျေးကြီးသော ကျောက်စိမ်းတစ်ခုနှင့် ပြုလုပ်ထားပြီး စုန်းသလင်းကျောက် တစ်ခုတန်ဖိုးရှိလေသည်။ သို့သော် လင်းယွမ်၏ အာရုံစိုက်မှုက လက်ဖက်ရည်ခွက်မဟုတ်ဘဲ အတွင်းမှ သွေးနီရောင်လက်ဖက်ရည်ဖြစ်သည်။
" ရွှယ်ယုလက်ဖက်ရည် " လင်းယွမ်က သေချာစောင့်ကြည့်နေသည်။
ရွှယ်ယုခန်းမတွင် လင်းယွမ်က ထိုလက်ဖက်ရည်ကို မသောက်ခဲ့ပေ။ ဖြစ်နိုင်ခြေနည်းသော်လည်း ရွှယ်ယုခန်းမက မကောင်းသော ရည်ရွယ်ချက်များ ရှိလျှင် သူက ဒုက္ခရောက်သွားနိုင်လေသည်။
" အဆိပ်မရှိဘူး။ " လင်းယွမ်က စစ်ဆေးပြီးနောက် တစ်ငုံသောက်လိုက်သည်။
အေးစက်သော လက်ဖက်ရည်က သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး ခြေလက်များသို့ ပျံ့နှံ့သွားသည်။
" ဒါက တကယ် ခန္ဓာကိုယ်အတွက် နည်းနည်းအကျိုးရှိတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
လင်းယွမ်၏ ရုပ်ခန္ဓာက ယခုအချိန်တွင် အလွန်သန်မာနေသောကြောင့် ဖြစ်သည်။ စုန်းသခင်တစ်ယောက်က ထိုရွှယ်ယုလက်ဖက်ရည်ကို သောက်ခဲ့လျှင် ခန္ဓာကိုယ်အတွက် ကြီးမားသော မြှင့်တင်မှုကို ရရှိပေလိမ့်မည်။
လင်းယွမ်က သံလိုက်အိမ်မြှောင်ကို ထုတ်လိုက်သည်။ " ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရဲ့ ဖိနှိပ်မှုရှိနေပေမယ့် ထူးဆန်းတဲ့ အော်ရာကို ထုတ်လွှတ်နေတုန်းပဲ။ "