ထူးဆန်းသော သံလိုက်အိမ်မြှောင်....
Vol. 37 Ch. 567
အသန်မာဆုံး အလွှာဆယ့်တစ်သက်ရှိများပင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် မည်သည့်စွမ်းအားမှ ထုတ်ဖော်နိုင်ခြင်းမရှိတော့ပေ။ သို့သော် ထိုသံလိုက်အိမ်မြှောင်က လုပ်ဆောင်နိုင်လေသည်။
၎င်းက အနည်းဆုံး ကြယ်၁၂လုံး ရတနာတစ်ခုဖြစ်နိုင်လေသည်။ ကြယ် ၁၁လုံးကို ကျော်လွန်သော အရာများသာ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ စည်းမျဉ်းများကို ခံနိုင်ပေလိမ့်မည်။
" ဒီသံလိုက်အိမ်မြှောင်က ဒီကမ္ဘာထဲမှာ အရင်ကတည်းက ရှိနေခဲ့တာလား။ " လင်းယွမ်က တွေးလိုက်သည်။
သူ ရှိနေသော ကမ္ဘာက စကြာဝဠာ၏ အပြင်ဘက်ရှိ ထိုက်ယွမ်အမွေအနှစ်မှ ထုတ်လွှတ်ခဲ့သော စာရွက်တစ်ရွက်သာဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီးနောက် လူသားမျိုးနွယ်၏ စကြာဝဠာသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ထိုအဖြူရောင်စာရွက်က မည်သည့်နေရာများသို့ သွားပြီး မည်သည့်အရာများကို စုပ်ယူခဲ့လဲဆိုတာ မသိနိုင်ပေ။ သေချာသည်မှာ အချိန်မြစ်မှ လွတ်မြောက်သွားသော အလွှာဆယ့်နှစ် ကြီးမြတ်သူများသာ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ လွတ်မြောက်နိုင်ျလသည်။
အလွှာဆယ့်နှစ်ရှိသော ရတနာများက ထိန်းချုပ်ထားသော သခင်မရှိဘဲ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့လျှင် သံလိုက်အိမ်မြှောင်ကဲ့သို့ ဆန်းကြယ်သော အော်ရာတစ်ခုသာ ထုတ်လွှတ်နိုင်ပေလိမ့်မည်။
" ဒီသံလိုက်အိမ်မြှောင်က ကြယ်၁၂လုံး ရတနာလား။ ဒါမှမဟုတ် ကြီးမြတ်သူအဆင့် လက်နက်လား။ " လင်းယွမ်က ယုံကြည်ရန် ခက်ခဲနေသည်။
ပင်မစကြာဝဠာတွင် ကြယ်၁၂လုံးရတနာများက အလွန်တန်ဖိုးကြီးမားပြီး အထွတ်အထိပ်မျိုးနွယ်များ၏ အခြေခံဖြစ်လေသည်။
ကြီးမြတ်သူအဆင့် လက်နက်ကို ကိုင်ဆောင်ထားသူများက ကြီးမြတ်သူတစ်ယောက်၏ တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်လေသည်။ စစ်မြေပြင်ငယ်များရှိ ထာဝရလေဟာနယ်အက်ကြောင်းများက ထိုသို့ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကြယ်၁၂လုံးရတနာကို ထိတွေ့ရန် လင်းယွမ်အတွက် တစ်ခုတည်းသော အခွင့်အရေးက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ ပဉ္စမအထပ်ကို ဖြတ်ကျော်ခြင်းဖြစ်သည်။
အချိန်နိယာမကို နားလည်ပြီးနောက် လင်းယွမ်က မျှော်စင်၏ ပဉ္စမအထပ်ကို ဖြတ်ကျော်ခဲ့ပြီး ကြယ် ၁၂ လုံးရတနာများထဲမှ တစ်ခုကို ရွေးချယ်ခွင့်ရှိလေသည်။
ထိုအခွင့်အရေးက အလွန်တန်ဖိုးကြီးသောကြောင့် လင်းယွမ်က ယခုအချိန်ထိ မဆုံးဖြတ်ရသေးပေ။ ယခု ကြယ်၁၂လုံးရတနာဖြစ်နိုင်သော သံလိုက်အိမ်မြှောင်က လင်းယွမ်၏ ရှေ့တွင် အလွယ်တကူ ပေါ်လာခဲ့လေသည်။
လင်းယွမ်က ထိုသံလိုက်အိမ်မြှောင်ကို ကြယ်၁၂လုံးရတနာဖြစ်နိုင်သည်ဟု ယုံကြည်လေသည်။ အကြောင်းမှာ ၎င်းက သဘာဝအတိုင်း ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ပေ။ ၎င်းက သန့်စင်ပြီးသားဖြစ်သောကြောင့် သံလိုက်အိမ်မြှောင်တစ်ခုကဲ့သို့ ထူးဆန်းသော ပုံစံဖြစ်နေခြင်းဖြစ်သည်။
" ငါ ဒီကမ္ဘာထဲကသာ ထွက်သွားနိုင်ခဲ့ရင် သံလိုက်အိမ်မြှောင်ကို ငါနဲ့ အတူယူသွားနိုင်လောက်လား။ " လင်းယွမ်က စိတ်လှုပ်ရှားသွား၏။
ကြယ်၁၂လုံး ရတနာတစ်ခုက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ထူးဆန်းသော အော်ရာတစ်ခုသာ ထုတ်လွှတ်နိုင်သော်လည်း ပင်မစကြာဝဠာသို့ ပြန်ရောက်လျှင် ၎င်းက အကန့်အသတ်မရှိသော နတ်လက်နက်တစ်ခုအဖြစ်ပြောင်းသွားပေလိမ့်မည်။
" ဒီသံလိုက်အိမ်မြှောင်တင်မဟုတ်ဘူး။ ရွှယ်ယု ရှေးဟောင်းနိုင်ငံက ရွှယ်ယုလက်ဖက်ပင်ကလည်း ကြယ်၁၂လုံး ရတနာတစ်ခုဖြစ်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
" အခြားသူတွေက အဲ့ဒါကို သတိထားမိကြလား မသိဘူး။ " လင်းယွမ်က နာလန်ဆီမှ ထိုအကြောင်းကို မကြားခဲ့ရပေ။
အမှန်တော့ လင်းယွမ်က သံလိုက်အိမ်မြှောင်ကို ရှာတွေ့ခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီး အခြားသူများလည်း အလားတူ ကြုံတွေ့ခဲ့လျှင် သေချာပေါက် လျို့ဝှက်ထားကြပေလိမ့်မည်။
ဤကမ္ဘာသို့ ကျလာသော သက်ရှိများထဲမှ အသန်မာဆုံးမှာ စုန်းဧကရာဇ်အဆင့်သာ ဖြစ်ပြီး ဘယ်သူမှ စုန်းဘိုးဘေးအဆင့်သို့ မရောက်ကြသေးပေ။ ထိုအခြေအနေတွင် ရှေးဟောင်းနိုင်ငံများကို စိန်ခေါ်ရန် မဖြစ်နိုင်သေးပေ။ သို့သော် ထိုနေ့က သိပ်မဝေးတော့သည်ကို လင်းယွမ်က ခန့်မှန်းမိလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ပင်မစကြာဝဠာမှ သက်ရှိများက စုန်းဘိုးဘေးများ ဖြစ်လာကြပေလိမ့်မည်။ အလွှာဆယ့်တစ် သက်ရှိများက သူတို့၏ နားလည်နိုင်စွမ်းနှင့် စုန်းဘိုးဘေးအဆင့်ကို ကျော်လွန်ပြီး သူတို့၏ လမ်းကြောင်းများကိုပင် ရှာဖွေနိုင်လောက်ပေသည်။ ထိုအချိန်ကျလျှင် သံလိုက်အိမ်မြှောင်ကဲ့သို့သော ရတနာများက လျို့ဝှက်ထားနိုင်တော့မည်မဟုတ်ပေ။
" ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှာ ကြယ်၁၂လုံးရတနာတွေ တော်တော် ရှိလောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
"ထားလိုက်တော့။ အနည်းဆုံးတော့ ငါတစ်ခု ရထားပြီ။ " လင်းယွမ်က သူ၏ ရှေ့မှ သံလိုက်အိမ်မြှောင်ကို အာရုံစိုက်ထားသည်။
" ဒီသံလိုက်အိမ်မြှောင်ကို အသုံးပြုဖို့ သွေး လိုအပ်တာလား။ " လင်းယွမ်က တွေးလိုက်သည်။
" စမ်းကြည့်တာပေါ့။ " လင်းယွမ်က သူ၏ ညာဘက်လက်ကို မြှောက်ပြီး သံလိုက်အိမ်မြှောင်ပေါ်သို့ သွေးအနည်းငယ် ချလိုက်သည်။
တစ်ချိန်တည်းတွင် သံလိုက်အိမ်မြှောင်၏ အလယ်မှ ရပ်နေသော လက်တံက လျင်မြန်စွာ လည်ပတ်လာသည်။ မကြာမီ လင်းယွမ်၏ စိတ်ထဲတွင် အချက်အလက်တစ်ခု ပေါ်လာသည်။
" အခုထိ အန္တရာယ်မတွေ့ရသေးဘူး။ အန္တရာယ်ကို ရှာဖွေနိုင်တာလား။ " လင်းယွမ်က တွေးလိုက်သည်။ " ဒီသံလိုက်အိမ်မြှောင်က လာတော့မယ့် အန္တရာယ်ကို ရှာဖွေပြီး အသက်ရှင်နိုင်မယ့် နည်းလမ်းတစ်ခုကို ညွှန်ပြနိုင်တာပေါ့။ "
လင်းယွမ်က ကောက်ချက်ချလိုက်သော အချက်အလက်များက သံလိုက်အိမ်မြှောင်ထုတ်လွှတ်ခဲ့သော အချက်အလက်တစ်ခုတည်းသာမက အတိတ်မှ ယွင်ရှန်းဓားပြများ၏ စွမ်းဆောင်ရည်များအပေါ်တွင်လည်း အခြေခံထားသည်။
အပြင်လူများ၏ အမြင်တွင် ယွင်ရှန်းဓားပြများက အလွန်ပါးနပ်ကြပြီး ခွန်အားကြီးသူများ ရောက်မလာမီ ကြိုတင်လွတ်မြောက်နိုင်ကြလေသည်။ လင်းယွမ်က သံလိုက်အိမ်မြှောင်ကို တွေ့မှ အကြောင်းရင်းကို နားလည်သွားသည်။
" ဒါက တကယ်ကောင်းတဲ့အရာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သံလိုက်အိမ်မြှောင်၏ အသုံးပြုပုံက တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ပေးခြင်းမဟုတ်ဘဲ အန္တရာယ်ကို ရှာဖွေနိုင်သော ရှားပါးသည့် စွမ်းရည်တစ်ခုဖြစ်သည်။
အရေးကြီးဆုံးမှာ ထိုစွမ်းရည်က ဤကမ္ဘာတွင် လင်းယွမ်၏ အဓိက ရည်ရွယ်ချက်များနှင့် ကိုက်ညီလေသည်။ သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ဤကမ္ဘာတွင် သူ၏ အကန့်အသတ်က အလွှာဆယ်တစ်သက်ရှိများ၏ အကန့်အသတ်ထက် ကျော်လွန်လေသည်။
အချိန်ရလျှင် သူက အားလုံးကို ရှင်းပစ်နိုင်ပေလိမ့်မည်။ ထိုအချိန်မတိုင်မီ အန္တရာယ်များကို ရှာဖွေနိုင်သော စွမ်းရည်နှင့် ကြီးထွက်မှုအချိန်ကို တိုးမြှင့်ပေးနိုင်ပေလိမ့်မည်။
" ဒီသံလိုက်အိမ်မြှောင်က နိမိတ်ဖတ်ခြင်းအမျိုးအစား ဖြစ်လောက်တယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
နီးကပ်လာသော အန္တရာယ်များကို နိမိတ်ဖတ်နိုင်ခြင်းက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ဖိနှိပ်ခံရသော သံလိုအိမ်မြှောင်၏ စွမ်းရည်သာ ဖြစ်သည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ လွတ်မြောက်သွားလျှင် သံလိုက်အိမ်မြှောင်က အနာဂတ်အချိန်များကိုပင် နိမိတ်ဖတ်နိုင်လောက်ပေသည်။
ထိုရတနာမျိုးကို လင်းယွမ်က ပင်မစကြာဝဠာတွင် မကြားဖူးခဲ့ပေ။ အလွှာဆယ့်နှစ်မှ ကြီးမြတ်သူများက ပြည့်စုံသော အချိန်သက်ရှိများအဖြစ် ပြောင်းလဲနိုင်ရန် ဖြစ်သည်။
ပြည့်စုံသော အချိန်သက်ရှိများက အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သိရှိနိုင်ပြီး သူတို့သာ ဆန္ဒရှိလျှင် အနာဂတ်ကို မြင်နိုင်ပေလိမ့်မည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ငါးနှစ် ကြာသွားခဲ့သည်။ လင်းယွမ်က ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်မှ အသက်စွမ်းအားက သမုဒ္ဒရာတစ်ခုကဲ့သို့ လှိုင်းထန်နေသည်။ ထိုစွမ်းအားက ပြင်းထန်လွန်းလှပြီး စုန်းသခင်အဆင့်များက အနားကပ်နိုင်မည်မဟုတ်ပေ။
" ငါးနှစ်ကြာပြီးတဲ့နောက်မှာ ငါက စုန်းဧကရာဇ်အဆင့် ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး စုန်းဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ " လင်းယွမ်က သူ၏ အော်ရာကို ထိန်းချုပ်ပြီး ခေါင်းညိမ့်လိုက်သည်။ " ငါ့ရဲ့ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနဲ့ ငါ ဖန်တီးခဲ့တဲ့ စုန်းဧကရာဇ်ကျင့်စဉ်က ဒီကမ္ဘာက အခြားစုန်းဧကရာဇ်တွေထက် သာလွန်တယ်။ "
ရိုးရှင်းစွာပြောရလျှင် လင်းယွမ်က ယခု စုန်းဧကရာဇ်အဆင့်တွင် ပြိုင်ဘက်ကင်းဖြစ်လေသည်။ ဤကမ္ဘာသို့ ကျရောက်ခဲ့သော အလွှာဆယ့်တစ်သက်ရှိများပင် သူတို့က စုန်းဧကရာဇ်အဆင့်တွင် ရှိနေသရွေ့ လင်းယွမ်ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။
" ဒါပေမယ့် ငါ့ရဲ့ ကိုယ်ပိုင် စုန်းဘိုးဘေး ကျင့်စဉ်ကို ဖန်တီးဖို့ ရှေးဟောင်းနိုင်ငံဆယ့်နှစ်ခုက စုစည်းထားတဲ့ စုန်းဘိုးဘေး ကျင့်စဉ်တွေကို လေ့လာကြည့်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်၏။
ဤကမ္ဘာမှ ရှေးဟောင်းနိုင်ငံဆယ့်နှစ်ခု၏ တည်ထောင်သူတစ်ယောက်စီက စုန်းဘိုးဘေးများဖြစ်ကြသည်။ သူတို့လက်ဆင့်ကမ်းခဲ့သော စုန်းဘိုးဘေးကျင့်စဉ်များက ရှေးဟောင်းနိုင်ငံ တော်ဝင်မိသားစုများအတွက် အခြေခံဖြစ်ခဲ့လေသည်။
လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စုန်းဘိုးဘေးကျင့်စဉ်များမရှိလျှင်တောင် သူ၏ ကိုယ်ပိုင်စုန်းဘိုးဘေး ကျင့်စဉ်ကို ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော် ၎င်းက အချိန်များစွာ ကုန်ပေလိမ့်မည်။ လင်းယွမ်က စုန်းဘိုးဘေးကျင့်စဉ်များကို ပြန်လည်သုံးသပ်ခြင်းဖြင့် အတိတ်မှ စုန်းဘိုးဘေးများ၏ ပခုံးပေါ်တွင် ရပ်နေခြင်းနှင့် ဆင်တူပြီး သူ၏ ကိုယ်ပိုင် စုန်းဘိုးဘေး ကျင့်စဉ်အတွက် များစွာ အထောက်အကူဖြစ်ပေလိမ့်မည်။
" လက်ရှိ ငါ့ရဲ့ စွမ်းအားက စုန်းဧကရာဇ်အဆင့်မှာ ပြိုင်ဘက်ကင်းပြီး စုန်းဘိုးဘေးအဆင့်နဲ့ ယှဉ်နိုင်လောက်တယ်။ " လင်းယွမ်က သူ့ကိုသူ အကဲဖြတ်လိုက်သည်။
တိုက်ခိုက်ရေးစွမ်းအားအရ သူက စုန်းဘိုးဘေးများအောက် နိမ့်ကျခြင်းမရှိပေ။ သို့သော် စုန်းဘိုးဘေးဟူသည်မှာ ဒေသခံစုန်းဘိုးဘေးများကို ရည်ညွှန်းခြင်းသာဖြစ်ပြီး ပင်မစကြာဝဠာမှ စွမ်းအားကြီးသူများ မပါဝင်ပေ။
ပင်မစကြာဝဠာမှ အလွှာဆယ့်တစ်သက်ရှိများက စုန်းဘိုးဘေးများဖြစ်လာသည်နှင့် သူတို့၏ စွမ်းအားကို ကျွမ်းကျင်မှုဖြင့် အတိတ်မှ ဒေသခံ စုန်းဘိုးဘေးများထက် သာလွန်ပေလိမ့်မည်။ သို့သော် သူတို့က စုန်းဘိုးဘေးအဆင့်သို့ ဝင်ရောက်ပြီးသည်နှင့် သူတို့၏ ကျင့်ကြံမှုအရှိန်က နှေးကွေးသွားပေလိမ့်မည်။ အကြောင်းမှာ ရှေ့တွင် လမ်းမရှိသောကြောင့်ပင် ဖြစ်သည်။