စုန်းဘိုးဘေးအဆင့်ကိုးယောက်...
Vol. 37 Ch. 569
" ဒါနဲ့ အရှင် ရွှယ်ယုခန်းမက ရတဲ့ စုန်းဘိုးဘေးအဆင့် ကျင့်စဉ်တွေက မပြည့်စုံပါဘူး။ အရေးပါတဲ့ အဓိကအစိတ်အပိုင်းတွေကို မျိုးဆက်အချင်းချင်း လက်ဆင့်ကမ်းခဲ့ကြတာဆိုတော့ ရယူဖို့ ခက်ခဲပါတယ်။ " အဘိုးအိုက တစ်စုံတစ်ခုကို တွေးမိသွားပြီး ပြောလိုက်သည်။
အဓိကအစိတ်အပိုင်းများ မရှိဘဲ ထိုစုန်းဘိုးဘေးအဆင့် ကျင့်စဉ်များကို နက်နက်ရှိုင်းရှိုင်း ကျင့်ကြံရန် ခက်ခဲလှပြီး ကျင့်စဉ်ဖောက်ပြန်မှုများ ဖြစ်ပေါ်နိုင်လေသည်။
" ကျုပ်သိတယ်။ " လင်းယွမ်က စာအုပ်များကို သေချာကြည့်နေသည်။ သူက စုန်းဘိုးဘေးအဆင့် ကျင့်စဉ်များ၏ အနှစ်သာရကို ကြည့်ရှုခြင်းသာ ဖြစ်သည်။
ခဏကြာသောအခါ လင်းယွမ်က စုန်းဘိုးဘေးအဆင့် ကျင့်စဉ်အားလုံးကို ဖတ်ရှုပြီးသွားပြီး ထရပ္ကာ ထွက်ခွာသွားသည်။
လင်းယွမ် ပျောက်ကွယ်သွားချိန်တွင် အဘိုးအိုက စိတ်ထဲမှ တွေးလိုက်သည်။ " အရှင်က စုန်းဘိုးဘေးအဆင့် ကျင့်စဉ်အများကြီးကို ဝယ်ယူခဲ့တယ်။ ဖြစ်နိုင်တာက..."
တောင်ထိပ်တစ်ခုပေါ်တွင် လင်းယွမ်က ပေါ်လာပြီး သူက ခြေချိတ်ထိုင်လိုက်သည်။
" ဒီစုန်းဘိုးဘေးအဆင့် ကျင့်စဉ်ရှစ်ခုက စွမ်းအားအနှစ်သာရကို ဖော်ပြတာ မပြည့်စုံဘူး။ ဒါပေမယ့် တစ္ခုစီမွာ အချက်အလက်တွေ အများကြီးရှိတယ်။ "
အထူးသဖြင့် ချန်ချင်းရှေးဟောင်းနိုင်ငံမှ ချန်ချင်းကျင့်စဉ်ဖြစ်သည်။ ထိုကျင့်စဉ်က လင်းယွမ်ကို ဉာဏ်အလင်းတစ်ခု ပေးခဲ့ပြီး ၎က အသက်ရှည်ခြင်းဖြစ်သည်။ ထိုကျင့်စဉ်ဖြင့် စုန်းဘိုးဘေးအဆင့်သို့ ဝင်ရောက်ခဲ့သူများက အခြားစုန်းဘိုးဘေးများထက် အသက်ပိုရှည်ကြလေသည်။
သို့သော် ချန်ချင်းကျင့်စဉ်တွင်လည်း အားနည်းချက်ရှိပြီး တိုက်ခိုက်ခြင်းတွင် များစွားအသုံးမဝင်ပေ။ ချန်ချင်းစုန်းဘိုးဘေးက အသက်အရှည်ဆုံး နေထိုင်ခဲ့ရသော်လည်း သမိုင်းရှိ စုန်းဘိုးဘေးအားလုံးထဲတွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားက အနိမ့်ဆုံးဖြစ်လေသည်။
သို့သော် လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အသက်ရှည်ခြင်း၏ အနှစ်သာရကို သူ၏ ကိုယ်ပိုင်ကျင့်စဉ်ထဲတွင် ထည့်သွင်းနိုင်လေသည်။
အသက်ရှည်ခြင်းက ဒိုင်မန်ရှင်းနှစ်ခုကမ်ဘာထဲသို့ ကျရောက်ခဲ့သော ပင်မစကြာဝဠာမှ သက်ရှိတိုင်းအတွက် အရေးကြီးပြီး လင်းယွမ်အတွက် ၎က ဆုတ်ခွာရန် နည်းလမ်းတစ်ခုဖြစ်သည်။
ကောင်းကင်ဂိတ်တံခါးပေါ်လာချိန်တွင် လင်းယွမ်က အလွှာဆယ့်တစ်သက်ရှိများကို ကျော်ဖြတ်ပြီး ဂိတ်တံခါးသို့ မရောက်နိုင်ခဲ့လျှင် သူက ကောင်းကင်ဂိတ်တံခါး နောက်တစ်ကြိမ် ပေါ်လာမည်အချိန်ကို စောင့်ဆိုင်းနိုင်လေသည်။
ကောင်းကင်ဂိတ်တံခါးက နှစ်ပေါင်းတစ်သောင်းလျှင် တစ်ကြိမ် ပေါ်လာလေသည်။ ၎က အဆိုးဆုံး အခြေအနေ ဖြစ်လေသည်။ လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် တူညီသော စမှတ်တစ်ခုမှ နှစ်ပေါင်းသုံးရာကျော် ကျင့်ကြံပြီးလျှင် ထိုအလွှာဆယ့်တစ်သက်ရှိများက သူ၏ ပြိုင်ဘက်များ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
" တကယ်လို့ ငါက ဒီချန်ချင်းကျင့်စဉ်ရဲ့ စွမ်းရည်ကို ငါ့ရဲ့ ကိုယ်ပိုင်ကျင့်စဉ်ထဲမှာ ပေါင်းထည့်နိုင်ခဲ့ရင် ငါ့ရဲ့ သက်တမ်းက အနည်းဆုံး နှစ်ပေါင်း နှစ်သောင်းကနေ သုံးသောင်းအထိ အသက်ရှည်နိုင်လိမ့်မယ်။ " လင်းယွမ်က တိတ္ဆိတ္စြာ တွေးလိုက်သည်။
နှစ်ပေါင်းနှစ်သောင်း၊ သုံးသောင်း အသက်ပိုရှည်ခြင်းက ကောင်းကင်ဂိတ်တံခါး ပေါ်လာခြင်းကို နှစ်ကြိမ်မှ သုံးကြိမ်အထိ ကြုံတွေ့နိုင်လေသည်။ ထိုသက်တမ်းနှင့် ကြီးမြတ်သူတစ်ယောက် ဆင်းသက်လာလျှင်တောင် လင်းယွမ်က အပြည့်အဝ ချေမှုန်းနိုင်ပေလိမ့်မည်။
" အခြားစုန်းဘိုးဘေးအဆင့် ခုနှစ်ခုက အနှစ်သာရနဲ့ဆိုရင် ငါ့ရဲ့ စုန်းဘိုးဘေးအဆင့် ကျင့်စဉ်ကို ဖန်တီးနိုင်လိမ့်မယ်။ " လင်းယွမ်က စုန်းဘိုးဘေးအဆင့် ကျင့်စဉ်များ၏ အချက်အလက်များကို စုစည်းလိုက်ပြီး သူ၏ ကိုယ်ပိုင်ကျင့်စဉ်ထဲသို့ ပေါင်းထည့်လိဿ်သည်။
ပင်မစကြာဝဠာ VR ကမ်ဘာတွင် လင်းယွမ်နှင့် နာလန်တို့က ပုံမှန်အတိုင်း အချက်အလက်များ ဖလှယ်နေကြသည်။
နာလန္က လူသားဆင့်ကဲပြောင်းလဲသူများနှင့် ရှေးဟောင်းနိုင်ငံတစ်ခု၏ မြို့တော်တွင် အင်အားစုတစ်ခုကို ထူထောင်ခဲ့ပြီး အဆက်မပြတ် တိုးတက်အောင် ပြုလုပ်နေခဲ့သည်။ သူတို့က လင်းယွမ်ထက် အချက်အလက်များ ပိုမိုစုဆောင်းနိုင်ကြလေသည်။
" နဂါးငွေ့တန်းကြယ်သခင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက မျိုးနွယ်စုအမျိုးမျိုးရဲ့ အင်အားကြီးပုဂ္ဂိုလ်တွေထဲက ၉၈ ယောက်က စုန်းဘိုးဘေးအဆင့်ကို ဝင်ရောက်သွားပြီ။ သူတို့ထဲက ကိုးယောက်က အခြားစုန်းဘိုးဘေးတွေထက် ပိုပြီးသာလွန်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်။ " နာလန်က လေးနက်စွာ ပြောလိုက်သည်။
" စုန်းဘိုးဘေး ၉၈ ယောက်လား။ " လင်းယွမ်၏ အမူအရာကလည်း လေးနက်သွား၏။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ သမိုင်းတွင် စုန်းဘိုးဘေးထွက်ပေါ်လာမှုက စုစုပေါင်း ၉၈ ယောက်ပင်မပြည့်ခဲ့ပေ။ ထို့အပြင် လက်ရှိထွက်ပေါ်လာသော စုန်းဘိုးဘေး ၉၈ ယောက်က သမိုင်းထဲမှ စုန်းဘိုးဘေးများထက် ပို၍ သာလွန်ပေလိမ့်မည်။
" ဒါက ငါစုဆောင်းထားတဲ့ အသန်မာဆုံး စုန်းဘိုးဘေးကိုးယောက်ရဲ့ တိုက်ပွဲဗီဒီယိုတွေပဲ။ " နာလန်က ပြောလိုက်ပြီး သူ၏ ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်။
ထိုဗီဒီယိုများက စုန်းဘိုးဘေးကိုးယောက်၏ တိုက်ပွဲများကို မျက်မြင်တွေခဲ့ရသူများ၏ မှတ်ဉာဏ်များမှ ဖြစ်ကြလေသည်။ လင်းယွမ်က ဗီဒီယိုများကို ကြည့်လိုက်သည်။
ပထမဆုံးမြင်ကွင်းက လက်လေးဖက်ရှိသော လူတစ်ယောက် မြေပြင်တွင် လမ်းလျှောက်နေပြီး သူ၏ ပတ်ဝန်းကျင်တွင် လူအချို့က ချောင်းမြောင်းနေကြသည်။
" မင်းတို့ ပုရွက်ဆိတ်တွေက ငါ့ကို ဝန်းရံပြီး တိုက်ခိုက်ရဲတာလား။ " လက်လေးဖက်နှင့်လူက လှောင်ပြောင်လိုက်ပြီး သူ၏ ညာဘက်ခြေထောက်ကို မြေပြင်ပေါ်သို့ နင်းချလိုက်သည်။
ဝုန်း ဝုန်း ဝုန်း....
ကြောက်စရာကောင်းသော စွမ်းအားက နေရာအနှံ့ ပျံ့နှံ့သွားပြီး ချောင်းမြောင်းနေကြသော မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများကို ပြင်းထန်သော ဒဏ်ရာများ ရသွားကြသည်။
ခြေတစ်ချက်နင်းချလိုက်ခြင်စက ထိုကဲ့သို့ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။ လက်လေးဖက်နှင့် ပုံရိပ်က နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကျောတွင် တောင်ပံ ၁၆ခုပါသော အင်အားကြီးသူတစ်ယောက်ရှေ့သို့ ရောက်သွားခဲ့သည်။
ထိုတောင်ပံဆယ်ခြောက်ခုရှိသူက စုန်းဘိုးဘေးအဆင့်တွင် ရှိနေသော်လည်း လက်လေးဖက်နှင့်လူကို အသည်းအသန် ခုခံနေရသည်။ သို့သော် နောက်ဆုံးတွင် လက်လေးဖက်နှင့် လူက သူ၏ လက်လေးဖက်ကို ဆန့်လိုက်ပြီး ဆွဲဖြဲလိုက်ခြင်းဖြင့် တောင်ပံဆယ့်ခြောက်ခုရှိသူ၏ ခန္ဓာကိုယ်က ဆွဲဖြဲခံလိုက်ရပြီး သွေးများ မြေပေါ်သို့ ပျံ့ကြဲသွားသည်။
နာလန် စတင်ရှင်းပြလိုက်သည်။ " အဲ့ဒါက ထျန်းယုမျိုးနွယ်ရဲ့ အကြံအစည်ပဲ။ ခြုံခိုတိုက်ခိုက်ခံရသူက ကြယ်စကြာဝဠာမဟာမိတ်ရဲ့ နတ်ဘုရင်လေးပါးထဲက တစ်ပါး၊ အလွှာဆယ့်တစ် ဆဋ္ဌမအဆင့်ရှိတဲ့ အထူးသက်ရှိတစ်ယောက်ပဲ။ "
" တကယ်အစွမ်းထက်တာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထိုလက်လေးဖက်နှင့်လူက စုန်းဘိုးဘေးအဆင့်သို့ ဝင်ရောက်သည်မှာ ကြာပုံရပြီး သူ၏ ကိုယ်ပိုင်စွမ်းအားအပေါ် နားလည်မှုနှင့် အသုံးချမှုက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်နေပြီဖြစ်သည်။
" သူက မျိုးနွယ်အမျိုးမျိုးက အင်အားကြီးပုဂ္ဂိုလ်တွေထဲမှာ အစွမ်းအထက်ဆုံးပဲ။ " နာလန်က သက်ပြင်းချလိုက်ပြီး ဒုတိယဗီဒီယိုကို ဆက်ဖွင့်လိုက်သည်။
၎င်းက စုန်းဘိုးဘေးနှစ်ယောက်ကြားမှ တိုက်ပွဲဖြစ်သည်။ နှစ်ယောက်လုံးက ကြောက်စရာကောင်းသော အော်ရာများကို ထုတ်လွှတ်ခဲ့ကြပြီး တစ်ယောက်က တောင်ကုန်းငယ်တစ်ခုကဲ့သို့ သန်မာထွားကျိုင်းကာ တစ်ယောက်က ပိန်သော်လည်း သွေးရောင်ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။
သူတို့ရင်ဆိုင်မိသည်နှင့် သွေးရောင်ဓားရှည်ကို ကိုင်ဆောင်ထားသူက ထွားကျိုင်းသော လူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းဖြတ်သွားသည်။
" အဲ့ဒါပဲလား။ " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
လက်လေးဖက်နှင့်လူပင် ထျန်းယုမျိုးနွယ်၏ စုန်းဘိုးဘေးကို သတ်ဖြတ်ချိန်တွင် လှုပ်ရှားမှုအနည်းငယ် ပြုလုပ်ခဲ့ရသည်။ ယခု ထိုပိန်သွယ်သော ပုံရိပ်က ပြိုင်ဘက်ကို သတ်ရန် တစ်စက္ကန့်သာ လိုအပ်ခဲ့လေသည်။
" အဲ့ဒီဓားလား။ " လင်းယွမ်က သွေးနီရောင်ဓားရှည်ကို သတိထားမိခဲ့သည်။ ထိုဓားက အလွန်ထက်ရှပြီး လေဟာနယ်ကိုပင် ဆုတ်ဖြဲနိုင်ပုံရလေသည်။
" အဲ့ဒါက ကြီးမြတ်သူအဆင့် လက်နက်လား။ " လင်းယွမ်က သူရရှိခဲ့သော သံလိုက်အိမ်မြှောင်ကို တွေးမိသွားသည်။
" မှန်တယ်။ အဲ့ဒီဓားပဲ။ " နာလန်က ခေါင်းညိမ့်လိုက်သည်။
" ဓားကိုင်တဲ့လူကို ဟိုကျူးလို့ခေါ်ပြီး အကျဉ်းထောင်မျိုးနွယ်ရဲ့ အလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက်ပဲ။ သူက အလွှာဆယ့်တစ် စတုတ္ထအဆင့်လောက် ရှိလောက်ပြီ။ "
" ဟိုကျူးရဲ့ စွမ်းအားက အလွှာဆယ့်တစ်သက်ရှိတွေကြားမှာ သိပ်မထူးချွန်ဘူး။ ဒါပေမယ့် အဲ့ဒီဓားကြောင့် လက်လေးဖက်နတ်ဘုရားနောက်မှာ ဒုတိယအစွမ်းထက်ဆုံး ဖြစ်လာခဲ့တယ်။ "
နာလန်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ " ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာ ထူးဆန်းတဲ့ အရာတွေ အများကြီးရှိတယ်။ အဲ့ဒီအရာတွေက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရဲ့ ဖိနှိပ်မှုအောက်မှာတောင် အချို့စွမ်းအားကို အသုံးပြုနိုင်သေးတဲ့ ကြယ်၁၂လုံး အဆင့်မှာ ရှိနေနိုင်တယ်။ "
" အဲ့လိုကိုး။ " လင်းယွမ်က ရေရွတ်လိုက်သည်။
" အဲ့ဒီရတနာတွေရဲ့ အကျိုးသက်ရောက်မှုတွေက ကွဲပြားပေမယ့် သူတို့အားလုံးမှာ အရေးပါတဲ့ အသုံးဝင်မှုတွေ ရှိတယ်။ စုန်းဘိုးဘေးအများစုက နေရာတိုင်းမှာ အဲ့ဒါတွေကို ရှာဖွေနေကြတယ်။ " နာလန်က ပြောလိုက်သည်။
ထို့နောက် လင်းယွမ်က နောက်ထပ်ဗီဒီယိုများကို ဆက်လက်ကြည့်ရှုခဲ့သည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် အစွမ်းထက်ဆုံး စုန်းဘိုးဘေးကိုးယောက်ထဲတွင် အထူးသက်ရှိ ခြောက်ယောက်ပါဝင်နေသည်။ ကျန်သုံးယောက်မှာ အကျဉ်းထောင်မျိုးနွယ်မှ တစ်ယောက်၊ ယုမျိုးနွယ်မှ တစ်ယောက်နှင့် လူသားမျိုးနွယ်မှ တစ်ယောက်တို့ဖြစ်သည်။
ယုမျိုးနွယ်က အထွတ်အထိပ်မျိုးနွယ်များထဲရှိ အစွမ်းထက်ဆုံး မျိုးနွယ်များထဲမှ တစ်ခုဖြစ်ပြီး လူးသားမျိုးနွယ်ကဲ့သို့ ကြီးမြတ်သူကိုးယောက် ရှိလေသည်။ သူတို့က စကြာဝဠာ အစောဆုံးကာလတွင် မွေးဖွားခဲ့သော ကြောက်စရာကောင်းသည့် မျိုးနွယ်တစ်ခုဖြစ်သည်။