နှစ်တစ်ရာကြာပြီးနောက်...
Vol. 37 Ch. 570
" ငါတို့ လူသားမျိုးနွယ်က စုန်းဘိုးဘေးက နဝမအလွှာပဲရှိတယ်။ " နာလန်က ခေါင်းခါပြီး ပြောလိုက်သည်။
" နောက်ထပ် ဗီဒီယိုတွေရှိသေးလား။ " လင်းယွမ်က အခြားစုန်းဘိုးဘေးများ၏ တိုက်ပွဲများကို ဆက်လက်ကြည့်ရှုချင်နေသည်။
" ရှိသေးတယ်။ " နာလန်က ခေါင်းညိမ့်လိုက်သည်။
လင်းယွမ်က ခဏကြာအောင် ဆက်လက်ကြည့်ရှုခဲ့သည်။ ဆယ်ယောက်မြောက် စုန်းဘိုးဘေးက ယခင်ကိုးယောက်နှင့်ယှဉ်လျှင် ခွန်အားကွာခြားမှုက သိသားထင်ရှားလှသည်။
" ရှေးဟောင်းနတ်ဘုရားထို့ပါလား။ " လင်းယွမ်က ဆယ်နှစ်ယောက်မြောက်ဗီဒီယိုကို ကြည့်လိုက်သည်။
" ရှေးဟောင်းနတ်ဘုရားထို့ပါကလည်း မွေးရာပါအရည်အချင်းရှိတဲ့ အထူးသက်ရှိတစ်ယောက်ပဲ။ " နာလန်က ဘေးမှ ပြောလိုက်သည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက အထူးသက်ရှိများအတွက် ကိုယ်ပိုင်နယ်မြေတစ်ခုဖြစ်ပြီး အရည်အချင်းအရ သူတို့က သံသယဝင်စရာမလိုဘဲ အသန်မာဆုံးဖြစ်ကြသည်။
" ဒါနဲ့ နဂါးငွေ့တန်းကြယ်သခင် မင်းဘယ်အဆင့်ရောက်ပြီလဲ။ " နာလန်က သိလိုစိတ်နှင့် မေးလိုက်သည်။
" စုန်းဧကရာဇ်အဆင့်ကို ဝင်ရောက်သွားပြီ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
" အဲ့ဒါက အထင်ကြီးစရာကောင်းပါတယ်။ " နာလန်က ချီးကျူးစကားပြောလိုက်သည်။
လင်းယွမ်က လူသားမျိုးနွယ်၏ သမိုင်းတွင် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း အလွှာတစ်ဆယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး အလွှာဆယ့်တစ်တွင် ရှိနေသူများနှင့် ကွဲပြားလေသည်။
ထိုသို့ဖြစ်လျှင်တောင် နှစ်ပေါင်းနှစ်ဆယ်ကျော်နှင့် စုန်းဧကရာဇ်အဆင့်သို့ ဝင်ရောက်နိုင်ခြင်းမှာ သာမန် အလွှာဆယ့်တစ်သက်ရှိများနှင့် ယှဉ်နိုင်လေသည်။ နာလန်ကလည်း စုန်းဧကရာဇ်အဆင့်သို့ ဝင်ရောက်သည်မှာ မကြာသေးပေ။
အမှန်တော့ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ကျရောက်ခဲ့သော အလွှာဆယ့်တစ် သက်ရှိသုံးရာကျော်ထဲတွင် အများစုက စုန်းဧကရာဇ်အဆင့်တွင်သာ ရှိနေကြသေးသည်။
နာလန်မသိသောအရာမှာ လင်းယွမ်၏ စုန်းဧကရာဇ်အဆင့်က စုန်းဘိုးဘေးအဆင့်နှင့် ယှဉ်နိုင်သည်ကိုပင်ဖြစ်သည်။ ထို့အပြင် တိုးတက်မှုအလားအလာအရ လက်လေးဖက်နတ်ဘုရားပင် လင်းယွမ်နှင့် နှိုင်းယှဉ်နိုင်ရန် ဝေးကွာနေဆဲဖြစ်သည်။
လက်လေးဖက်နတ်ဘုရားက စုန်းဘိုးဘေးအဆင့်သို့ ဝင်ရောက်ပြီးနောက် သူ၏ ကျင့်ကြံမှုက သိသိသာသာ နှေးကွေးသွားပေလိမ့်မည်။ သို့သော် စုန်းဧကရာဇ်အဆင့်တွင်သာ ရှိသော လင်းယွမ်အတွက် တိုးတက်မှုများစွာ ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ကန့်သတ်ချက်နှင့် ပို၍ နီးကပ်လေ လင်းယွမ်၏ အားသာချက်က ပို၍ ကြီးမားလေဖြစ်သည်။
နာလန်နှင့် စကားပြောပြီးနောက် လင်းယွမ်က စုန်းဘိုးဘေးအဆင့် ကျင့်စဉ်ဖန်တီးရာတွင် နစ်မြှုပ်သွားခဲ့သည်။
အချိန်များက လျင်မြန်စွာကုန်လွန်လာပြီး နှစ်ပေါင်းတစ်ရာကြာသွားခဲ့သည်။
လျိုချွမ်စုဝေးခြင်းနေရာ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်နှင့်ယှဉ်လျှင် လျိုချွမ်စုဝေးခြင်းနေရာက ပို၍ စည်ကားတိုးတက်လာခဲ့သည်။
လင်းယွမ်က ဆိုင်တစ်ဆိုင်ရှေ့တွင် သားရဲခြေထောက်တစ်ချောင်းကို စားသောက်နေသည်။ ဤကမ္ဘာတွင် သဘာဝစွမ်းအား သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအားများမရှိပေ။ ကုန်ဆုံးသွားသော အင်အားများကို ဖြည့်တင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ စားသောက်ခြင်းသာ ဖြစ်သည်။
" ဒီနှစ်တစ်ရာအတွင်း ပြောင်းလဲမှုတွေက အတော်သိသာတာပဲ။ " လင်းယွမ်က စားသောက်ပြီးနောက် ရေရွတ်လိုက်သည်။
နှစ်ပေါင်းများစွာတိုင်အောင် ရှေးဟောင်းနိုင်ငံများက ကြီးမားသော နယ်မြေများကို အုပ်ချုပ်ခဲ့ကြသည်။ သို့သော် မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ ဆင်းသက်လာပြီးနောက် နိုင်ငံဆယ့်နှစ်ခု၏ အုပ်ချုပ်မှုမှာ အဆက်မပြတ် တုန်လှုပ်နေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း၉၄ နှစ်တွင် ပင်မစကြာဝဠာမှ မျိုးနွယ်အမျိုးမျိုး၏ အင်အားကြီးသူတစ်ယောက်က ရှေးဟောင်းနိုင်ငံ၏ မြို့တော်တစ်ခုကို ခုနှစ်ကြိမ်တိုင်တိုင် ထွင်းဖောက်ဝင်ရောက်ခဲ့ပြီး ရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူများက ဘာမှမတတ်နိုင်ကြပေ။
သို့သော် သူတို့က မည်သည့်ပြစ်မှုကိုမှ ကျူးလွန်ခဲ့ကြခြင်းမရှိဘဲ ရှေးဟောင်းနိုင်ငံများမှ ကြေးဝါရောင် သံလိုက်အိမ်မြှောင်၊ သွေးနီရောင်ဓားရှည်ကဲ့သို့ ထူးခြားသော အရာများကိုသာ ယူဆောင်သွားကြသည်။
မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို အုပ်ချုပ်ရန် စိတ်မဝင်စားကြပေ။ သူတို့၏ ရည်ရွယ်ချက်မှာ ကောင်းကင်ဂိတ်တံခါးပေါ်လာချိန်တွင် နောက်ဆုံးကို ရောက်ရှိပြီး ပင်မစကြာဝဠာသို့ ပြန်နိုင်ရန်ဖြစ်သည်။
" လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၃နှစ်က ဒီကမ္ဘာကို ဆင်းသက်ခဲ့တဲ့ မျိုးနွယ်အမျိုးမျိုးက အင်အားကြီးသူစုစုပေါင်း သန်းတစ်ရာကျော်ရှိခဲ့တာ်။ "
" ဒါပေမယ့် အခုတော့ အရေအတွက် သေချာမသိပေမယ့် တစ်သန်းမကျော်လောက်တော့ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ပင်မစကြာဝဠာမှ အင်အားကြီးသူများက ပထမဆုံး ဆင်းသက်လာချိန်တွင် ကြီးမားသော ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရပြီး မကြာသေးခင် နှစ်များကလည်း အချင်းချင်း ပြန်လည်သတ်ဖြတ်မှုကြောင့် အရေအတွက်များစွာ လျော့ကျသွားခဲ့သည်။
" နှစ်တစ်ရာကျင့်ကြံမှုက..."
လင်းယွမ်က လွန်ခဲ့သော နှစ်ပေါင်း ၈၇နှစ်ကတည်းက စုန်းဘိုးဘေးအဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ စုန်းဘိုးဘေးထက် ကျော်လွန်သော အဆင့်ကို မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ ရှာတွေ့ပြီးနောက် စုန်းဘိုးဘေးအဆင့်ကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင်ဟူ၍ ခွဲခြားခဲ့ကြသည်။
ထိုသို့ဆိုလျှင် လင်းယွမ်၏ အဆင့်က စုန်းဘိုးဘေး အဆင့်ဆယ့်ရှစ် ဖြစ်ပေလိမ့်မည်။ အဆင့်ကြီးတစ်ခုတွင် အဆင့်သေးသုံးခုအရ လင်းယွမ်က စုန်းဘိုးဘေးအဆင့်ထက် အဆင့်ငါခု ကျော်လွန်နေပြီဖြစ်သည်။
" ငါ့ရဲ့လက်ရှိခွန်အားက လက်လေးဖက်နတ်ဘုရားနဲ့ မယှဉ်နိုင်သေးပေမယ့် သိပ်မဝေးတော့ဘူး။ နောက်ထပ်နှစ်တစ်ရာလောက်ဆို မှီနိုင်သွားပြီ။ ကောင်းကင်ဂိတ်တံခါးပေါ်လာဖို့က နှစ်ပေါင်းနှစ်ရာလောက်လိုသေးတယ်။ "
လင်းယွမ်က သူ့ကိုသူ တွေးလိုက်သည်။ နှစ်ပေါင်းနှစ်ရာကြာပြီးလျှင် သူ၏ ခွန်အားက လက်လေးဖက်နတ်ဘုရားထက် သာလွန်သွားပေလိမ့်မည်။ သို့သော် လင်းယွမ်က သတိပေါ့လျှော့ခြင်းမရှိခဲ့ပေ။ ယနေ့အချိန်ထိ အင်အားကြီးသူတစ်သန်းနီးပါး အသက်ရှင်နေသေးသည်။ သူတို့ထဲတွင် လက်လေးဖက်နတ်ဘုရားထက် ပို၍ သန်မာသူများ ရှိမရှိကို ဘယ်သူမှသိနိုင်မည်မဟုတ်ပေ။
လက်လေးဖက်နတ်ဘုရားက မျိုးနွယ်အမျိုးမျိုး အသိအမှတ်ပြုထားသော အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော်လည်း လင်းယွမ်ကဲ့သို့ ခွန်အားကို လျို့ဝှက်စွာ တိုးမြှင့်ပြီး ကောင်းကင်ဂိတ်တံခါး ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသူများလည်း ရှိလေသည်။ ထိုဖြစ်နိုင်ခြေအပြင် ရတနာများ၏ လွှမ်းမိုးမှုကိုလည်း ထည့်တွက်ရပေလိမ့်မည်။
ရတနာများက သူတို့ကို အဆင့်များစွာ မြှင့်တင်ပေးနိုင်ပြီး အကျဉ်းထောင်မျိုးနွယ်မှ ဟိုကျူးကဲ့သို့ သူက အလွှာဆယ့်တစ်သက်ရှိများထဲတွင် ထူးချွန်ခြင်းမရှိခဲ့ပေ။ သို့သော် သွေးနီရောင်ဓားရှည်ကြောင့် လက်လေးဖက်နတ်ဘုရား၏ နောက် ဒုတိယ နေရာတွင် ရပ်တည်နေခဲ့သည်။
" ဖြည်းဖြည်းပေါ့ ဒီတစ်ကြိမ် မလုပ်နိုင်ရင်တောင် နောက်တစ်ကြိမ်လုပ်နိုင်သေးတယ်။ " လင်းယွမ်က အလျင်မလိုပေ။
ချန်ချင်းကျင့်စဉ်အပေါ် သူ၏ နားလည်မှုအရ သူ၏ သက်တမ်းကို အတိုင်းအတာတစ်ခုအထိ တိုးချဲ့ပေးနိုင်ခဲ့သည်။
" ဒါပေမယ့် မကြာသေးခင်က ဆယ်စုနှစ်တွေမှာ မျိုးနွယ်အမျိုးမျိုးက အင်အားကြီးသူတွေက မဟာမိတ်ဖွဲ့ပြီး နေရာအနှံ့မှာ ရတနာတွေကို ရှာဖွေနေကြတယ်။ သူတို့ကအခြားသူတွေကို တွေ့ရင် တစ်ခါတည်း ရှင်းပစ်ကြတယ်။ " လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။
၎င်းက ပုံမှန်သာဖြစ်သည်။ မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက နှစ်ပေါင်းနှစ်ရာကြာပြီးနောက် ကောင်းကင်ဂိတ်တံခါး၏ နေရာတစ်ခုအတွက် ယှဉ်ပြိုင်နေကြခြင်းဖြစ်လေသည်။ ပြိုင်ဘက်များကို အရင်ဖယ်ရှားလိုက်ခြင်းက လုံးဝ သာမန်သာဖြစ်သည်။
အမှန်တော့ နောက်ထပ် နှစ်ပေါင်း ၁၀၂၀၀ ကြာပြီးလျှင် ကောင်းကင်ဂိတ်တံခါးက ဒုတိယအကြိမ် ပေါ်လာဦးမည်ဖြစ်သည်။ သို့သော် သူတို့က နှစ်ပေါင်းတစ်သောင်းကျော် အသက်ရှင်နိုင်ကြမည်မဟုတ်ပေ။
မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများကလည်း လင်းယွမ်ကဲ့သို့ သက်တမ်းတိုးမည့် နည်းလမ်းတစ်ခုကို အလွယ်တကူ မဆုံးဖြတ်နိုင်ခဲ့ကြပေ။ ထို့ကြောင့် အင်အားကြီးသူများ၏ ပစ်မှတ်က ရတနာများဖြစ်နေဆဲ ဖြစ်သည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် သေးငယ်သော စွမ်းအားကို ထုတ်ဖော်နိုင်သော ရတနာများက ပင်မစကြာဝဠာတွင် ကြယ် ၁၂လုံး ရတနာများဖြစ်ကြလေသည်။
ထို့အပြင် ရတနာများက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာတိုးမြှင့်ပေးရုံသာမက ပင်မစကြာဝဠာသို့ ပြန်ယူသွားနိုင်လျှင်လည်း ကြီးမားသော အကျိုးအမြတ်ကို ရရှိမည်ဖြစ်သည်။
" ရတနာတွေ " လင်းယွမ်က စိတ်ထဲမှ စဉ်းစားနေသည်။
နှစ်ပေါင်းတစ်ရာအတွင်း သူက ကျင့်ကြံခြင်းတွင်သာ နစ်မြှုပ်နေခဲ့ပြီး အဝေးဆုံးရောက်ရှိသော နေရာမှာ တုံးယွမ်မြို့ဖြစ်သည်။ သူ၏ လက်ထဲတွင် ရှိသော ရတနာမှာ ကြေးသံလိုက်အိမ်မြှောင်သာဖြစ်သည်။
" ငါလည်း ကာကွယ်မှုအတွက် ရတနာတွေကို ရှာရမယ်ထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဆန်းကြယ်သော ရတနာများနှင့်ပင် သူ၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်မှုက ကန့်သတ်ထားလေသည်။ သူ၏ လက်ရှိခွန်အားနှင့် ရတနာများကို ကိုင်ဆောင်ထားသော စုန်းဘိုးဘေး အဆင့်ဆယ့်သုံးနှင့် အဆင့်ဆယ့်ငါးများက သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။