← Chapters

နှစ်ပေါင်းနှစ်ဆယ်...

Vol. 37 Ch. 561

နှစ်ပေါင်းနှစ်ဆယ်...

Vol. 37 Ch. 561

" ဒီအကြောင်းကို ကြီးမြတ်သူသိလား။ " လင်းယွမ်က မေးလိုက်သည်။

" ငါ ကြီးမြတ်သူကို တင်ပြပြီးသွားပြီ။ " နာလန်က ခေါင်းညိမ့်လိုက်သည်။ ကောင်းကင်ဂိတ်တံခါးနှင့်ပက်သက်၍ လျို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ သူမပြောလည်း လင်းယွမ်က မကြာခင် သိသွားပေလိမ့်မည်။

" ကြီးမြတ်သူရဲ့ အတွေးကတော့ ငါတို့တတ်နိုင်သမျှ လုပ်ဖို့ပဲ။ " နာလန်က ပြောလိုက်သည်။

လင်းယွမ်က တိတ်ဆိတ်နေသည်။ စကားလုံးအနည်းငယ်ဖြင့် သူက ပြိုင်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို ခံစားနိုင်လေသည်။

လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများ၏ ရန်သူများမှာ မျိုးနွယ်ခြားများဖြစ်သည်။ ဆဋ္ဌမအဆင့် အလွှာဆယ့်တစ်သက်ရှိများက ကြောက်စရာကောင်းသော မွေးရာပါစွမ်းရည်ရှိပြီး တူညီသော စမှတ်များမှပင် ယှဉ်ပြိုင်ရန် ခက်ခဲလေသည်။

အဖြူရောင်စာရွက်ထဲတွင် လင်းယွမ်က နာလန်ပေးသော ကျင့်စဉ်များကို စဉ်းစားနေသည်။

" စုစုပေါင်းကျင့်စဉ် ၁၃ခု ရှိပြီး ခြောက်ခုက စုန်းဘုရင်အဆင့်ထိ ကျင့်ကြံနိုင်တယ်။ ကျန်တဲ့ ခုနှစ်ခုက စုန်းသခင်အဆင့်ထိပဲ ရောက်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

သူက စုန်းသခင်အဆင့်သို့ ရောက်နေသော်လည်း သူလေ့ကျင့်ခဲ့သော ကျင့်စဉ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ယာယီဖန်တီးခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာသော ကျင့်စဉ်များနှင့်ယှဉ်လျှင် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။

" စုန်းဘုရင်အဆင့်က တောင်တွေကို ရွေ့ပြီး ကျောက်တုံးတွေကို ကွဲအက်စေနိုင်တယ်။ စုန်းဧကရာဇ်အဆင့်က တောင်တွေကို လက်သီးတစ်ချက်နဲ့ ဖြိုခွဲနိုင်ပြီး ခြေတစ်လှမ်းနဲ့ မိုင်ပေါင်းရာချီကို နင်းခြေနိုင်တယ်။ သိုင်းဘိုးဘေးအဆင့်ကတော့ တိကျတဲ့ မှတ်တမ်းတွေမရှိဘူး။ "

" အဲ့ဒီအလွှာဆယ့်တစ်သက်ရှိတွေ အခု ဘယ်လိုနေကြလဲမသိဘူး။ " လင်းယွမ်က အဝေးသို့ ကြည့်ပြီး တိတ်ဆိတ်စွာ တွေးလိုက်သည်။

တောအုပ်တစ်ခုအတွင်း သုံးမီတာမြင့်သော ပုံရိပ်တစ်ခုက သစ်ပင်ထိပ်တွင် ရပ်နေပြီး သူ၏ အော်ရာက မိုင်ပေါင်းများစွာအတွင်း သားရဲများကို တုန်ယင်သွားစေသည်။

" ငါ နောက်ဆုံးတော့ စုန်းသခင်အဆင့်ရောက်ပြီ။ " သုံးမီတာရှည်သော ပုံရိပ်က အေးစက်သော အကြည့်များ ရှိနေသည်။ " ငါက အလွှာဆယ့်တစ် ရှေးဟောင်းနတ်ဘုရားဖြစ်ပြီး ကြီးမြတ်သူအဆင့်ကို တက်လှမ်းဖို့ရည်ရွယ်ထားတယ်။ "

" ငါ့ရဲ့ ကိုယ်ပွားသာ ဒီမှာသေဆုံးခဲ့ရင် စိတ်အသိက ထိခိုက်သွားပြီး ကြီးမြတ်သူအဆင့်ကို တက်လှမ်းဖို့ အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းရလိမ့်မယ်။ " သုံးမီတာရှည်သော ပုံရိ​ပ်က ရေရွတ်လိုက်သည်။ " ကောင်းကင်ဂိတ်တံခါးက နှစ်နှစ်ရာအတွင်း ပေါ်လာလိမ့်မယ်။ နောက်ဆုံးမှာ လူတစ်ယောက်ပဲ ဂိတ်တံခါးရှေ့မှာရပ်ပြီး ဒီကမ္ဘာက ထွက်ခွာနိုင်လိမ့်မယ်။ "

" နောက်နှစ်နှစ်ရာအတွင်း ငါ့ရဲ့ ခွန်အားကို အမြန်ဆုံးတိုးတက်ဖို့ အာရုံစိုက်ထားရမယ်။ " သုံးမီတာရှည်သော ပုံရိပ်က အဝေးသို့ ပျောက်ကွယ်သွားသည်။

သာမန်စုဝေးခြင်းနေရာတစ်ခုတွင် သာမန်လူတစ်ယောက်ပုံစံရှိသော ရှေးဟောင်းနတ်ဘုရားထို့ပါက လမ်းလျှောက်နေသည်။

" ငါ အင်းဆက်မျိုးနွယ်ရဲ့ ဖိတ်ခေါ်မှုကို လက်မခံခဲ့သင့်ဘူး။ " ရှေးဟောင်းနတ်ဘုရားထို့ပါက စိတ်ပျက်နေသည်။

နဂါးငွေ့တန်းကြယ်သခင်ကို ဆန့်ကျင်ပြီးနောက် သူက လုံးဝကံမကောင်းခဲ့ပေ။ ပထမဆုံး လူသားမျိုးနွယ်နှင့် ဆန့်ကျင်ဘက်တွင် လုံးဝရပ်တည်ခဲ့ရသည်။ ယခု သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ပိတ်မိနေခဲ့သည်။ သူက အင်းဆက်မျိုးနွယ်နှင့် သဘောတူညီမှုသာ မလုပ်ခဲ့လျှင် ဤနေရာသို့ ရောက်လာမည်မဟုတ်ပေ။

" အခု နောင်တရနေလို့ အဓိပ္ပါယ်မရှိဘူး။ အခု အရေးကြီးဆုံးက နှစ်နှစ်ရာအတွင်း ကောင်းကင်ဂိတ်တံခါး မပေါ်လာခင် ငါ့ကိုငါ အသန်မာဆုံးဖြစ်အောင် ကြိုးစားရမယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။

အစတွင် သူက နှစ်ပေါင်းသန်းအနည်းငယ်အတွင်း ကြီးမြတ်သူအဆင့်ကို တက်လှမ်းရန် စီစဉ်ထားခဲ့သည်။ အကယ်၍ သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင်သာ သေဆုံးခဲ့လျှင် ကြီးမြတ်သူအဆင့်ကို စိတ်ကူးမယဉ်သည်က အကောင်းဆုံးဖြစ်သည်။ အကြောင်းမှာ ၎င်းက ကျရှုံးရန် သတ်မှတ်ပြီးသား ဖြစ်သည်။

" ငါ စုန်းဘုရင်အဆင့်ကို တက်လှမ်းဖို့ အနည်းငယ်ဘဲ လိုတော့တယ်။ " ပင်လာ်ပြင်ပေါ်တွင် လက်လေးဖက်နှင့် လူတစ်ယောက်က ရပ်နေပြီး သူ၏ အော်ရာက ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေသည်။

" ကြီးမြတ်သူတစ်ယောက်တောင် ငါ့ကို သတ်ဖို့ မလွယ်တာ ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာ ငါက ဘယ်လိုလုပ်ကျဆုံးနိုင်မှာလဲ။ " လက်လေးဖက်နှင့် လူ၏ မျက်လုံးများက တောက်ပနေသည်။

သူက သစ်ပင်ကမ္ဘာ၏ မိခင်နှင့် ယှဉ်ရပ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်။ ယခင်ကတည်းက သူက ကြီးမြန်သူအဆင့်ကို စိန်ခေါ်ရန် လိုအပ်ချက်အားလုံး ပြည့်မီခဲ့သည်။ ကျရှုံးမှာမကြောက်လျှင် သူက ကြိုးစားပြီးနေပြီဖြစ်သည်။

" ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက ငါ့အတွက် အဆိုးကြီးတော့မဟုတ်ဘူး။ နောက်ဆုံး ငါသာထွက်သွားနိုင်ခဲ့ရင် ငါ့ရဲ့ စိတ်အခြေအနေက အများကြီး တိုးတက်လာလိမ့်မယ်။ " လက်လေးဖက်နှင့်လူက တွေးလိုက်သည်။

လျိုချွမ်စုဝေးခြင်းနေရာတွင် လင်းယွမ်၊ ပါဒိုနှင့် အခြားသူများက ဝင်ရောက်လာကြသည်။ ထိုနေရာတွင် လူအများအပြားက ဝင်ထွက်သွားလာနေကြပြီး အချို့က စုန်းများ၏ အော်ရာကို ထုတ်လွှတ်နေကြသည်။

သို့သော် စုန်းသခင်အဆင့်က ရှားပါးပြီး စုဝေးခြင်းနေရာ၏ အတွင်းပိုင်းတွင် ရှိနေသော စုန်းသခင်မှလွဲ၍ လင်းယွမ်က ဒုတိယတစ်ယောက်ကို မတွေ့ရသေးပေ။

" ပါဒို ငါသွားကြည့်လိုက်ဦးမယ်။ " လင်းယွမ်က ပါဒိုကို နှုတ်ဆက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ပြန်လာရန် အစီအစဉ်မရှိပေ။

စုဝေးခြင်းနေရာတွင် အခြေချခြင်းက လင်းယွမ်အတွက် အကျိုးရှိပြီး ကျင့်ကြံခြင်းအရင်းအမြစ်များ ရရှိနိုင်လေသည်။ ထို့အပြင် စုဝေးခြင်းနေရာတွင် လင်းယွမ်လိုအပ်သော အချက်အလက်များကို သိနိုင်လေသည်။ အခြေချရန် လိုအပ်သော တန်ဖိုးက စုန်းသခင်ဖြစ်နေသော လင်းယွမ်အတွက် ပို၍ လွယ်ကူလေသည်။

" ကောင်းပြီ။ " ပါဒိုက ခေါင်းညိမ့်လိုက်သည်။

လင်းယွမ်က ပါဒိုနှင့် ခွဲခွာပြီးနောက် ဆိုင်တစ်ဆိုင်သို့ ရောက်လာသည်။

" သခင်လေး " ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်သည်။ လင်းယွမ်က ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း သူထုတ်လွှတ်နေသော သိမ်မွေ့သည့် အော်ရာကို လျစ်လျူရှုမထားနိုင်ပေ။

" ငါ ပစ္စည်းအချို့ ရောင်းချင်တယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

" သခင်လေး ကျွန်မတို့ဆိုင်က အလွန်မျှတတဲ့ စျေးနှုန်းတွေကို ပေးထားပါတယ်။ သခင်လေး စိတ်ချစွာ ရောင်းချနိုင်ပါတယ်။ " အမျိုးသမီးက ပြောလိုက်သည်။

" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်ပြီး အဖြူရောင်သားမွေးတစ်ထုပ်ကို ထုတ်လိုက်သည်။

" အဲ့ဒါက " အမျိုးသမီး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ " အဖြူရောင်ကောင်းကင်မြေခွေးရဲ့ အမွေးလား။ ပြီးတော့ ဒါက တန်ဖိုးအရှိဆုံး အစိတ်အပိုင်း..."

အဖြူရောင်ကောင်းကင်မြေခွေးက စုန်းအဆင့် သားရဲတစ်မျိုးဖြစ်ပြီး စုန်းသခင်တစ်ယောက်ပင် ဖမ်းဆီးနိုင်ရန် ခက်ခဲလေသည်။ အဖြူရောင်မြေခွေးသားမွေးက မြို့ကြီးများတွင် လူကြိုက်များပြီး မိန်းကလေးများအတွက် သင့်တော်လေသည်။

" ဒါက ဘယ်လောက်တန်ဖိုးရှိလဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။

" သခင်လေး ကျွန်မ ဒါကို မဆုံးဖြတ်နိုင်ပါဘူး။ ကျွန်မတို့ မန်နေဂျာကို ခေါ်ပေးပါမယ်။ " အမျိုးသမီးက ပြောလိုက်သည်။

" သွားပါ။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။ သာမန်စုန်းသခင်များက အဖြူရောင်ကောင်းကင်မြေခွေးကို မဖမ်းနိုင်သော်လည်း လင်းယွမ်က သာမန်စုန်းသခင်တစ်ယောက်မဟုတ်ပေ။

" သခင်လေး " မကြာမီ မုတ်ဆိတ်မွေးများနှင့် လူတစ်ယောက် ရောက်လာသည်။

" ဒီအဖြူရောင်မြေခွေးသားမွေးတွေကို ကျုပ်တို့ဆိုင်က စုန်းသလင်းကျောက် သုံးသောင်းပေးချင်ပါတယ်။ " မန်နေဂျာက ခဏစဉ်းစားပြီး ပြောလိုက်သည်။

" အဆင်ပြေတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

စုန်းသလင်းကျောက် သုံးသောင်းက များပြားသော ပမာဏဖြစ်ပြီး အဖြူရောင်ကောင်းကင်မြေခွေးသားမွေး၏ စျေးနှုန်းနှင့်လည်း ကိုက်ညီလေသည်။ နှစ်ဖက်လုံးက အရောင်းအဝယ်တည့်သွားခဲ့သည်။

" မန်နေဂျာ စျေးဘာလို့ မနှိမ်တာလဲ။ " အမျိုးသမီးက ပြောလိုက်သည်။ လင်းယွမ်က အဖြူရောင်မြေခွေးသားမွေးကို ရောင်းချရန် စိတ်အားထက်သန်နေပြီး စျေးနှိမ်ရန် အကောင်းဆုံးအချိန်ဖြစ်လေသည်။

" စျေးနှိမ်ရမှာလား။ " မန်နေဂျာက အမျိုးသမီးကို ကြည့်လိုက်သည်။ " အဖြူရောင်ကောင်းကင်မြေခွေးကို အရှင်ဖမ်းပြီး သားမွေးကို ယူနိုင်တဲ့ စုန်းသခင်တစ်ယောက်ကို ငါတို့က ဖိအားပေးနိုင်မယ်လို့ မင်းထင်လား။ "

" စုန်းသခင်လား။ " အမျိုးသမီးက ထိတ်လန့်သွားသည်။

ထိုလူငယ်က စုန်းသခင်လား။ လျိုချွမ်စုဝေးခြင်းနေရာတွင် အသန်မားဆုံးမှာ စုန်းသခင်တစ်ယောက်သာဖြစ်လေသည်။

" ငါလည်းမသိဘူး။ " မတ်နေဂျာက ခေါင်းခါပြီး ​ပြောလိုက်သည်။ " ဒါပေမယ့် သူက အဖြူရောင်ကောင်းကင်မြေခွေးသားမွေးကို ပေးနိုင်လို့ ငါက သူ့ကို စုန်းသခင်တစ်ယောက်အဖြစ် သတ်မှတ်လိုက်တာပဲ။ "

လင်းယွမ်က အခြားဆိုင်များကိုလည်း ဝင်ရောက်ခဲ့သည်။ သူက ထိုအချိန်တွင်း အမဲလိုက်ခဲ့သော ပစ္စည်းများကို ရောင်းချခဲ့ပြီး နောက်ထပ် စုန်းသလင်းကျောက် ၂၃၀၀၀ကို ရရှိခဲ့သည်။

" ပါဒို ငါပြန်လာမှာမဟုတ်တော့ဘူး။ မင်း အနာဂတ်မှာ ကိစ္စအချို့ရှိရင် မင်း ဒီနေရာမှာ ငါ့ကို လာရှာနိုင်တယ်။ " လင်းယွမ်က ပါဒိုနှင့် နောက်တစ်ကြိမ် ထပ်တွေ့ခဲ့သည်။

ပါဒိုကို နှုတ်ဆက်ပြီးနောက် လင်းယွမ်က သူဝယ်ယူထားသော အိမ်သို့ သွားလိုက်သည်။ ၎င်းက စုန်းသလင်းကျောက် ၂၀၀၀၀ ပေး၍ ဝယ်ယူထားသော အိမ်ဖြစ်လေသည်။

" ကျင့်ကြံဖို့အတွက် အာရုံစိုက်ရမယ်။ " လင်းယွမ်က အချိန်တိုင်းကို တန်ဖိုးထားလေသည်။

ကောင်းကင်ဂိတ်တံခါး၏ သတင်း ပျံ့နှံ့သွားသည်နှင့် ဤကမ္ဘာသို့ ကျရောက်လာသော ပင်မစကြာဝဠာမှ သက်ရှိတိုင်းက သူတို့၏ စွမ်းအားကို မည်သည့်နည်းလမ်းဖြင့်မဆို မြှင့်တင်ရန် ကြိုးစားကြပေလိမ့်မည်။

ကောင်းကင်ဂိတ်တံခါးက နှစ်ထောင်ချီအတွင်းပွင့်ခဲ့လျှင် ပင်မစကြာဝဠာမှ အလွှာဆယ့်တစ်သက်ရှိများကို ရှင်းလင်းနိုင်ရန် ယုံကြည်မှုရှိလေသည်။ သို့သော် အချိန်နှစ် နှစ်ရာသာရှိသောကြောင့် အချိန်က တိုတောင်းလွန်းလှသည်။

မကြာမီ နှစ်ပေါင်းနှစ်ဆယ် ကုန်ဆုံးသွားခဲ့သည်။

All Chapters