← Chapters

လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်

Vol. 150 Ch. 2131

လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်

Vol. 150 Ch. 2131

ရီဖူရှင်းက နဝမတည်းခိုဆောင်၌ အခြေချပြီးနောက် သူသည် သတင်းတချို့ စုစည်းရန် အပြင်ထွက်သွားခဲ့သည်။ သူက ​ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ ထွက်လာသော သတင်းများကို ကြားပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ သူ ထင်ထားသလိုပင် ​ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက အချိန်တစ်ခုလောက်ထိ ဖန်းကိုင့်ကို မည်သို့မှ လုပ်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူက အလျင်မလိုဘဲ သူ့အစီအစဥ်ကို စိတ်သက်သာစွာနှင့် အကောင်အထည် ဖော်နိုင်ပေသည်။

ထိုအချိန်တွင် နဝမတည်းခိုဆောင်၏ အတွင်း၌ ရီဖူရှင်းက ခြံဝန်းအစွန်းတွင် ရပ်နေပြီး ကိုးလမ်းမှ မြင်ကွင်းများကို ငေးကြည့်နေသည်။ အမှန်တကယ်ပင် မဟာနတ်ဘုရားများမြို့၏ အစည်ကားဆုံးနေရာ ဖြစ်ထိုက်စွာ တန်ခိုးရှင်များစွာ သွားလိုက်လာလိုက် လုပ်နေကြသည်။ အကြည့်တစ်ချက်နှင့် ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များကို စူးစမ်းနိုင်ပြီး ရန်ဟောင်များကိုလည်း နေရာအနှံ့ မြင်တွေ့နိုင်ပေသည်။

ပြောကြသည်မှာ ဤနေရာက မဟာနတ်ဘုရားများမြို့အတွင်းမှ အစည်ကားဆုံးဖြစ်ပြီး ရှေး​ဟောင်းတော်ဝင် သွမ့်မိသားစု မပါဝင်ပေ။

ရီဖူရှင်းက အခြားလူများကို စတင်ချဥ်းကပ်ရန် အစီအစဥ် မရှိပေ။ သူက ပြန်လှည့်ကာ ခြံဝန်းထဲ၌ ခြေချလိုက်သည်။ သူ့လက်ဝါးကို ဝှေ့ယမ်းလိုက်ပြီး ဆေးပေါင်းဖိုတစ်ခုက ရုတ်တရက် လေထဲတွင် မျောလွင့်လာသည်။ ရီဖူရှင်းက ၎င်း၏ ရှေ့တွင် ခြေချိတ်ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ မီးလျှံများက သူ့ခန္ဓာကိုယ်မှ ဖြန့်ကျက်ထွက်ပေါ်လာပြီး ချက်ချင်းပင် မဟာလမ်းစဥ်များက ဆေးပေါင်းဖိုအား လွှမ်းခြုံသွားပေသည်။

သူက နဝမတည်းခိုဆောင်အတွင်း၌ ဆေးဖော်စပ်ခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။

အာခီမီဆရာသခင်များသည် ကျင့်ကြံခြင်းလောက၌ အလွန် ရှား​ပါးပေသည်။ အနည်းငယ်သာလျှင် ဆေးဖော်စပ်ခြင်း၌ ကျွမ်းကျင်သည်ဟု သတ်မှတ်နိုင်ပြီး အစွမ်းထက် အာခီမီဆရာသခင်များဟုလည်း ခေါ်နိုင်ပေသည်။ ထို့ကြောင့် အစွမ်းထက် အာခီမီဆရာသခင် တစ်ဦးချင်းစီသည် ကျင့်ကြံသူများအတွက် အလွန် အဖိုးတန်ပေသည်။ အထူးသဖြင့် အဆင့်တက်ရန် ခက်ခဲနေသူများသည် ပြင်ပအကူအညီ ရယူရမည် ဖြစ်သည်။  သို့သော် မည်သည့် ကျင့်ကြံခြင်းအဆင့်၌မဆို ထိုအဖိုးတန်ဆေးဝါးများ၏ တန်ဖိုးက သူတို့ အားထုတ်ရယူနိုင်သော တစ်စုံတစ်ခု မဟုတ်ပေ။

ဥပမာအားဖြင့် အဆင့်မြင့်ရန်ဟောင်အဆင့်မှ တန်ခိုးရှင်များအတွက် လိုအပ်သော ဆေးဝါးများမှာ ကုန်ကျစရိတ်မြင့်မားသော အကောင်းဆုံး ဆေးဝါးများ ဖြစ်ရန်လိုပေသည်။ ထိုဆေးဝါးများက ရှာဖွေတွေ့နိုင်ရန် ခက်ခဲလှသည်ကို မဆိုထားနှင့်။ သင့်တော်သော တစ်ခုကို တွေ့ခဲ့လျှင်ပင် ၎င်းအား သောက်သုံးနိုင်သည့် စွမ်းရည်ရှိမရှိက မတူညီသော ကိစ္စရပ်ပင် ဖြစ်လေသည်။

ကျင့်ကြံခြင်းလောကတွင် ထိပ်သီးအဆင့် အာခီမီဆရာသခင်များက မြင့်မားသော လေးစားမှုခံရသည့် အဆင့်အတန်းရှိပြီး အချို့သော အဓိကအင်အားစုများ၏ အိမ်တော်သို့ မြင့်မြတ်သည့် ဧည့်သည်တော်အဖြစ် ဖိတ်ကြားခံကြရသည်။

ရီဖူရှင်းသည် အစွမ်းထက် အာခီမီဆရာသခင်တစ်ယောက်၏ ဆွဲဆောင်နိုင်မှုကို ကောင်းစွာသိရှိသောကြောင့် ခြံဝန်းအတွင်းမှာပင် တိုက်ရိုက် ဆေးဝါးသန့်စင်ရန် စတင်လုပ်ဆောင်ခဲ့သည်။

မဟာလမ်းစဥ်မီးလျှံကို ဆေးပေါင်းဖိုအတွင်းသို့ အဆက်မပြတ် သွန်းလောင်းနေပြီး ဆေးပစ္စည်းများအားလည်း အဆက်မပြတ် တဖြေးဖြေး ပေါင်းထည့်နေ၏။ တဖြေးဖြေးနှင့် ဆေးရနံ့များက စတင်ထွက်ပေါ်လာသည်။ ၎င်းက အနီးဝန်းကျင်သို့ ပျံနှံ့သွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ အရှိန်အဝါတို့မှာ ပုံမှန်မဟုတ်စွာ ပြောင်းလဲလာကာ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် လေပွေတစ်ခု ဖြစ်တည်လာပြီး ကောင်းကင်နှင့် မြေကြီးကြားမှ စွမ်းအားများက အော်မြည်နေကာ ဆေးပေါင်းဖိုအတွင်း အဆက်မပြတ် ဝင်ရောက်နေသည်။

နဝမတည်းခိုဆောင်သည် ကိုးလမ်းတွင် နာမည်ကောင်းရှိပြီး အကျော်ကြားဆုံးဖြစ်ကာ ရန်ဟောင်များသာ ဝင်ရောက်နိုင်သည်။ တည်းခိုဆောင်အတွင်း၌ ကျင့်ကြံသူများစွာ ရှိပေသည်။

ထိုအချိန်တွင် တည်းခိုဆောင်၏ ခြံဝန်းတစ်ခုအတွင်းမှ လူအိုကြီးတစ်ယောက်က တစ်စုံတစ်ခုကို အနံ့ရလိုက်သည်။ သူက ကျင့်ကြံနေရင်း ​နှာခေါင်းက ရှုံ့ပွရှုံ့ပွဖြစ်လာကာ သူ၏ နတ်အာရုံကို အပြင်ဘက်သို့ ဖြန့်ကျက်လိုက်သည်။ တခဏကြာပြီးနောက် သူက မျက်လုံးများကို ဖွင့်ကာ မော့ကြည့်လိုက်သည်။

"စိတ်ဝင်စားစရာပဲ။ အာခီမီဆရာသခင်တစ်ယောက် ဒီမှာ ရောက်နေတယ်။" အဘိုးအိုတစ်ယောက်က ရေရွတ်လိုက်သည်။

သူသာလျှင်မဟုတ်ဘဲ အခြားလူများကလည်း အခြားသော ခြံဝန်းများထဲမှ တဖြေးဖြေး လျှောက်ထွက်လာကြသည်။ သူတို့ အားလုံးက နဝမတည်းခိုဆောင်၏ အလယ်ရှိ နေရာကို ဦးတည်ကြည့်လိုက်ကြပြီး ဤနေရာ၌ အာခီမီဆရာသခင်၏ တည်ရှိမှုကို ခံစားမိနေပုံပေါ်သည်။

ရီဖူရှင်းက တမင်သက်သက် ဆေးဖော်စပ်နေသော အရှိန်အား တမင်သက်သက် နှေးချလိုက်ကာ ပိုမိုများပြားသော လူများကို ဆွဲဆောင်နေသည်။ မဟာလမ်းစဥ်၏ တောက်ပမှုက လေဟာနယ်ထဲတွင် ထွက်ပေါ်လာကာ လူအများအား အံ့အားတသင့် ရေရွတ်သံများ ထွက်ပေါ်လာစေသည်။ ကြည့်ရသည်မှာ သူ ဖော်စပ်နေသည့် ဆေးမှာ အလွန်တရာ အဆင့်မြင့်ရပေမည်။

"ဘယ်လောက် အားကောင်းလိုက်တဲ့ အသက်စွမ်းအား အရှိန်အဝါလဲ။" တစ်စုံတစ်ယောက်က သူ့အသံထဲမှ စိတ်အားထက်သန်မှုကိုပင် မဖုံးကွယ်နိုင်ဘဲ ပြောလိုက်သည်။ ထိုသည်ကို တည်းခိုဆောင်အတွင်းမှ လူတိုင်း ကြားနိုင်ပေသည်။

"သူ လုပ်နေတဲ့ ဆေးက မဟာလမ်းစဥ် အသက်စွမ်းအားဆေးလုံးပဲ။ အဲဒီထဲမှာ တည်ငြိမ်တဲ့ မဟာလမ်းစဥ်အုတ်မြစ် ပါဝင်တယ်။ အသက်စွမ်းအားက အရာအားလုံးရဲ့ အရင်းအမြစ်ပဲ။ ကြည့်ရတာ ဒီဆရာသခင်က မရိုးရှင်းဘူး။ မင်းတို့တွေ သူ့ကို သိကြလား။" တစ်စုံတစ်ယောက်က ရီဖူရှင်း၏ သရုပ်မှန်ကို သိချင်သဖြင့် မေးမြန်းလိုက်သည်။

"ဒါက အဲဒီလောက် မရိုးရှင်းဘူး။ ဆေးလုံးက မဖော်စပ်ရသေးခင်တောင် မဟာလမ်းစဥ် အလင်းတန်းတွေ ထွက်ပေါ်နေခဲ့ပြီ။ ဒီဆေးလုံးက ပြီးပြည့်စုံတဲ့အဆင့် ဆေးလုံးဖြစ်ရမယ်။ ကျုပ် သိသလောက် ဒီလိုအဆင့်ထိ လုပ်နိုင်စွမ်းရှိတဲ့ အာခီမီဆရာသခင် နှစ်ယောက်သုံးယောက်လောက်ပဲ ရှိတယ်။ အဲဒီလိုလုပ်နိုင်တဲ့ လူက ကိုးလမ်းမှာ တစ်ယောက်ပဲ ရှိတယ်။ ဒါပေမယ့် သူတို့က တူညီတဲ့ လူမျိုး မဟုတ်ဘူး။ အဲဒီ ဆရာသခင်က တည်းခိုဆောင်မှာ မနေဘူး။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။

လူအများက ကိုးလမ်းမှ အလွန် ကျော်ကြားသော ကုန်သွယ်ရေးအိမ်တော်အကြောင်း ကြားဖူးကြသည်။ ကိုးလမ်းမှ အကြီးဆုံးကုန်သွယ်ရေးအိမ်တော်မှာသာ အဖိုးတန်ဆေးလုံးများကို တွေ့ရှိနိုင်ပေသည်။ ထိုကုန်သွယ်ရေးအိမ်တော်ကို ထျန်းယိအိမ်တော်ဟု ခေါ်ပြီး ၎င်းကိုယ်တိုင်က အစွမ်းထက် အင်အားစုတစ်ခု ဖြစ်သည်။ ထိုဆရာသခင်ကို ထျန်းယိအိမ်တော်မှ ဧည့်သည်တော်ဟု ဆိုနိုင်သည်။ သူက မြင့်မားသော အဆင့်အတန်းနှင့် လေးစားခံရပေသည်။ မဟာနတ်ဘုရားများမြို့အတွင်းမှ လူအများက သူ့အား ဆေးအတွက် တောင်းဆိုကြရပေလိမ့်မည်။

သိသာစွာပင် ထိုဆရာသခင်က ဤနေရာ၌ ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။ ထျန်းယိအိမ်တော်နှင့် နဝမတည်းခိုဆောင်က မတူညီသော အင်အားစုနှစ်ခုမှ ဖြစ်လေသည်။ ထို့အပြင် ထိုဆရာသခင်က မျက်နှာဖုံးဝတ်ဆင်လိမ့်မည်မဟုတ်ဘဲ သူ ဖော်စပ်သော ဆေးဝါးများမှာ အသက်ဓာတ်အမျိုးအစား မဟုတ်ပေ။

သူတို့က အချင်းချင်း ဆွေးနွေးနေကြစဥ် သူတို့က တောက်ပသော အလင်းတစ်ခုကို မြင်လိုက်ကြရပြီး လူတိုင်းက ဖော်စပ်ပြီးစီးသွားသည့် တောက်ပသော မဟာလမ်းစဥ် ဆေးလုံးကို မြင်တွေ့လိုက်ရသည်။ ၎င်းက လေထဲတွင် ရစ်ဝဲနေပြီး ပြင်းထန်သော ရနံ့များကို ထုတ်လွှတ်နေသည်။ လူအများက ယစ်မူးနေပုံရပြီး ဆေးလုံးက ကြီးစွာသော သက်ရောက်မှု ရှိစေပုံရ​လေသည်။

အဆင့်မြင့်ရန်ဟောင်အဆင့်မှ အဘိုးအိုတစ်ယောက်သည်ပင် အားကောင်းလှသော ဆွဲဆောင်မှုကို ခံစားရကာ ပြောလိုက်သည်။ "ဒီဆေးတွေက အဆင့်မြင့် ရန်ဟောင်အဆင့်မှာ ကျင့်ကြံနေတဲ့ လူတွေအတွက်တောင် အကျိုးအမြတ်ရနိုင်တယ်။ ဒီဆရာသခင်ရဲ့ ဆေးပညာက ဆရာသခင်ထျန်းပေါင်ထက် နည်းနည်းလေးတောင် လျော့မှာ မဟုတ်ဘူး။"

"အဲဒါက တကယ်ပဲ အစွမ်းထက်တာလား။" တစ်စုံတစ်ယောက်က မေးလိုက်သည်။

"အဲဒါက သိပ်မကောင်းဘူးဆိုရင်တောင် အရည်အသွေးအဆင့်က သိပ်ကွာခြားမှာ မဟုတ်ဘူး။" အဆင့်မြင့်ရန်ဟောင်တစ်ပါးက ပြောလိုက်သည်။ အဆင့်နှစ်ဆင့်မှာ ဆေး၏ အဆင့်ကွာခြားချက်ကို ရည်ညွှန်းပေသည်။

သိသာစွာပင် ရီဖူရှင်းက သူတို့ ပြောဆိုနေသော အသံများကို ကြားပေသည်။ သူက လက်ကို ဆန့်ထုတ်လိုက်လျှင် ရုတ်ချည်းပင် သူ့လက်ထဲသို့ ဆေးလုံး ကျဆင်းလာပေသည်။ သူက ချက်ချင်းပင် သိမးဆည်းလိုက်ပြီး ဆေးပေါင်းဖိုအတွင်းမှ မီးလျှံများအား ငြှိမ်းသတ်လိုက်သည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က မေးလိုက်၏။ "ဆရာသခင်ကို ဘယ်လိုခေါ်ရမလဲ မေးလို့ရမလား။"

ရီဖူရှင်းက မေးခွန်းကို လျစ်လျူရှုလိုက်လျှင် တည်းခိုဆောင်က တခဏမျှ တိတ်ဆိတ်သွားပေသည်။

ထိုဆရာသခင်က မေးခွန်းကိုပင် လျစ်လျူရှုကာ အမှန်တကယ် မောက်မာလှသည်ဟု လူအများက တိတ်တဆိတ် တွေးလိုက်ကြသည်။ သို့သော် ဤအစွမ်းထက်လှသော အာခီမီဆရာသခင်များက ဆရာသခင်ထျန်းပေါင်ကဲ့သို့ သူတို့၏ ခေါင်းများကို မော်ထားပေလိမ့်မည်။ သူတို့က အလွန် ဟိတ်ဟန်များလှသော်လည်း ထိုသို့ လုပ်နိုင်သည့် စွမ်းရည် ရှိပေသည်။

ထို့ကြောင့် မေးခွန်းမေးလိုက်သည့် ရန်ဟောင်က စိတ်ထဲမထားပေ။

"အရင်က ဆရာသခင်ရဲ့ အမည်ကို မကြားဖူးတာကြောင့် ဆရာသခင်က အဝေးကနေ လာခဲ့တာ ဖြစ်ရမယ်။ ဘယ်လိုအရေးကြီးကိစ္စကြောင့် ကိုးလမ်းကို ရောက်လာတာလဲ မေးလို့ရမလား။ ကျုပ်တို့က အကူအညီ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။" နောက်တစ်ယောက်က ပြောလိုက်သည်။ ကိုးလမ်းသည် မဟာနတ်ဘုရားများမြို့၌ အကြီးဆုံး ကုန်သွယ်ရေးစျေး တည်ရှိသည့်အတွက် ဤနေရာသို့ လာရောက်သူများမှာ ကုန်သွယ်ရေးအတွက် လာရောက်ကြသူများ ဖြစ်သည်။ သူတို့က အာခီမီဆရာသခင်၏ ရည်ရွယ်ချက်ကို သိနိုင်လျှင် သူတို့က သူနှင့်အတူ ဆက်ဆံရေး တည်ဆောက်နိုင်စွမ်း ရှိပေလိမ့်မည်။

"မင်းတို့ ငါ့ကို မကူညီနိုင်ဘူး။" ရီဖူရှင်းက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ သူ့အသံက အနည်းငယ် ရှတတနိုင်နေသည်။ ထိုသည်မှာ သူ့ကို သက်လတ်ပိုင်းအရွယ်အဖြစ် ထင်မြင်ချက်ကို ပေးစွမ်းသည်။

"ဆရာသခင်က ကျုပ်တို့ကို မပြောရင် ကျုပ်တို့က ဘယ်လို သိနိုင်မှလဲ။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ကျုပ်က ကိုးလမ်းကို ကံစမ်းမလို့ ရောက်လာတာ။ ဒီနေရာမှာ ကျုပ် ရှာနေတာ မရှိနိုင်ဘူး။" ရီဖူရှင်း၏ အသံက ထူးမခြားနားပင် ဖြစ်သည်။ သူက လျှို့ဝှက်ဆန်းကြယ်ပုံပေါ်နေသည့်အတွက် တည်းခိုဆောင်အတွင်းမှ လူများ၏ အမြင်၌ ပို၍ မြင့်မားသော အဆင့်အတန်းမျိုး ဖြစ်လာစေသည်။ သူ၏ မောက်မာသော အသံက သူ ရှာနေသည့် တစ်စုံတစ်ခုက အလွန် ထူးခြားလိမ့်မည်ဟု သူတို့အား ပြောပြနေပုံရသည်။ အဆင့်မြင့် ရန်ဟောင်အဆင့်မှ ထိုလူများကို ရီဖူရှင်းက စကားလုံး အနည်းငယ်နှင့် ငြင်းပယ်ခဲ့သည်။ သူရှာနေသော အရာက အလွန်တရာ အဖိုးတန်သည့် တစ်စုံတစ်ခု ဖြစ်ရပေမည်

"ခင်ဗျား စကားလုံးတွေက အရမ်း ရယ်စရာကောင်းတယ်။ ကိုးလမ်းမှာ ရှာမတွေ့နိုင်တဲ့ ရတနာဆိုတာ မရှိဘူး။ ခင်ဗျားရဲ့ ဆေးပညာစွမ်းရည်က ထူးချွန်ပြောင်မြောက်ပေမယ့် ခင်ဗျားက အတော်လေး စိတ်ကြီးဝင်နေတာပဲ။" တည်းခိုဆောင်၏ ခြံဝန်းတစ်ခုထဲ၌ ထိုင်နေသူက လက်ဖက်ရည်အား စုပ်​သောက်နေရင်း စကားပြောလိုက်သည်။ ထိုလူက မြင့်မားသော ကျင့်ကြံဆင့်ရှိပြီး အစွမ်းထက် အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်​လေသည်။

"အဲဒီလိုလား။" ရီဖူရှင်းက အက်ရှသော အသံနှင့် ပြောလိုက်သည်။ "ကျုပ်က နှစ်တစ်သောင်းခြင်ဆီကို ရှာနေတာ။ ကူညီပြီး ရှာပေးနိုင်မလား။"

လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် ထိုလူ၏ လက်က လေထဲတွင် အေးခဲသွားခဲ့သည်။ သူက လက်ဖက်ရည်မသောက်ခင် ခေတ္တမျှ တွေဝေသွားသော်လည်း သူ့အမူအရာက အနည်းငယ် လေးနက်လာပေသည်။ သူက ပြောလိုက်၏။ "ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က ထူးချွန်ထက်မြက်​ပြီး ဆေးဖော်စပ်ခြင်းစွမ်းရည်ကလည်း ထိပ်တန်းလို့ဆိုနိုင်ပေမယ့် နှစ်တစ်သောင်းဖီးနစ်ခြင်ဆီက ဘယ်လိုရတနာမျိုးလဲဆိုတာ သိသင့်တယ်။ ခင်ဗျား အဲဒါကို ဘာအတွက် သုံးမလို့လဲ။"

"ကိစ္စမရှိဘူး။ ကျုပ် ကိုးလမ်းကို လာခဲ့တာ ကံစမ်းဖို့ သက်သက်ပဲ။" ရီဖူရှင်းက ပေါ့ပါးစွာ ပြန်ဖြေလိုက်ကာ တံခါးကို ဖွင့်၍ အခန်းတွင်း ဝင်သွား​လေသည်။ သူက နဝမတည်းခိုဆောင်အတွင်းမှ လူတိုင်းကို လျစ်လျူရှုထားပြီး အစွမ်းထက် တန်ခိုးရှင်များအားလုံးကို နောက်တွင် ချန်ရစ်ထားခဲ့သည်။

သို့သော် သူက ထိုသို့ပြုမူလေ ပို၍ လျှို့ဝှက်ဆန်းကြယ်သော ထင်မြင်ချက်ကို ပေးစွမ်းလေ ဖြစ်သည်။ အထူးသဖြင့် သူ၏ တောင်းဆိုချက်ဖြစ်သော ဖီးနစ်ခြင်ဆီက နတ်ဘုရားရတနာတစ်ခု ဖြစ်သည်။ ၎င်းက ဆေးဝါးဖော်စပ်သူလောက၏ အပြင်ဘက်၌ပင် ရှားပါးသော ရတနာတစ်ပါး ဖြစ်သည်။ သူက ၎င်းကို ဆေးဝါးဖော်စပ်သည့်ထဲသို့ ထည့်သွင်းလိုက်ပါက ထိုဆေးက မည်သည့်အဆင့်သို့ ရောက်ရှိသွားမည်နည်း။

ရီဖူရှင်း၏ လျှို့ဝှက်ဆန်းကြယ်မှုကြောင့် သူ့ ဆေးဖော်စပ်ခြင်း၌ အားထုတ်မှုတို့က နဝမတည်းခိုဆောင်မှနေ၍ ကိုးလမ်းတစ်ခွင်သို့ ပျံ့နှံ့သွားကာ လှုပ်လှုပ်ရှားရှား ဖြစ်လာစေသည်။ မကြာခင်၌ လူအများစုသည် နဝမတည်းခိုဆောင်သို့ ရောက်ရှိနေသော အာခီမီဆရာသခင်၏ သတင်းကို ရရှိသွားကြပေသည်။ သူက အဆင့်မြင့်ရန်ဟောင်များအတွက် လိုအပ်သည့် မဟာလမ်းစဥ် ဆေးလုံးကို ထုတ်လုပ်နိုင်သည့်အတွက် အတော်လေး မုန်တိုင်းထန်သွားစေသည်။

ရန်ဟောင်အဆင့်မှ တန်ခိုးရှင်များသည် ရီဖူရှင်းနှင့် တွေ့ဆုံရန် နဝမတည်းခိုဆောင်သို့ လာရောက်ကြသော်လည်း မည်သူမှ ခြွင်းချက်မရှိ သူ၏ ငြင်းပယ်ခြင်းကို ခံလိုက်ကြရလေသည်။

ထပ်၍ဆိုရလျှင် သူက ဒုတိယမြောက်ဆေးလုံးကို ဖော်စပ်ခဲ့ပြီး ၎င်းက ပိုမိုမြင့်မားသော အဆင့်ရှိပေသည်။ မဟာလမ်းစဥ် ဆေးလုံး ဖော်စပ်ပြီးစီးသွားသည့်အခါ တောက်ပသော အလင်းများက ကိုးလမ်းတစ်ခွင်ကို လွှမ်းခြုံသွားပြီး လမ်းပေါ်မှ လူတိုင်း မြင်တွေ့လိုက်ကြရသည်။ သို့သော် မျက်နှာဖုံးနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်က ထျန်းယိအိမ်တော်၏ အာရုံစိုက်မှုကို ရလောက်အောင် မကျော်ကြားသေးပေ။

***

All Chapters