← Chapters

နဂါးအရွတ်ကို ဆွဲထုတ်ခြင်း

Vol. 45 Ch. 661

နဂါးအရွတ်ကို ဆွဲထုတ်ခြင်း

Vol. 45 Ch. 661

"မဟုတ်ဘူး… မင်းက ဓားကျင့်ကြံသူ မဟုတ်ဘူးလား၊ မင်းမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ် ဘယ်လိုလုပ်ရှိနိုင်ရမှာလဲ"

လုံအာသည် နာကျင်စွာ အော်ဟစ်လိုက်သည်။

"ငါက ဓားကျင့်ကြံသူလို့ ဘယ်သူက ပြောလဲ"ရွှယ်အန်းက အေးစက်စွာ ပြန်ဖြေသည်။

"ဒါပေမဲ့ မင်းရဲ့ ဓားချီက…"

"ငါ ဓားချီသုံးနိုင်တိုင်း ဓားကျင့်ကြံသူ ဖြစ်ရမှာလား၊ မင်းတို့ ကောင်းကင်နဂါးမျိုးနွယ်တွေက တကယ့်ကိုတုံးတာပဲ"

ရွှယ်အန်းက စကားပြောရင်း အခြားလက်တစ်ဖက်ဖြင့် နဂါးခေါင်းကို ဆုပ်ကိုင်လိုက်ပြီး ခွန်အားသုံးကာ ဧရာမနဂါးကြီးကို ပတ်ချာလည် ဝေ့ရမ်းလိုက်သည်။ လရောင်အောက်တွင် ရွှယ်အန်းသည် ဧရာမနဂါးကြီးတစ်ကောင်ကို ကြာပွတ်ရှည်တစ်ချောင်းကဲ့သို့ လွှဲရမ်းနေပုံပေါက်သည်။

...

ထိုမြင်ကွင်းသည် ရှီတုန်ကို ကျောချမ်းသွားစေပြီး သူ့မသိစိတ်အရ အော်ညည်းမိသွားသည်။ ထိုအချိန်တွင် အဝေးမှ ရွှယ်အန်းသည် သူ့ကို ကြောက်စရာကောင်းသော အပြုံးဖြင့် ပြုံးပြလိုက်သည်။ သူ၏ ခပ်တိုးတိုးအသံမှာ ရှီတုန် နားထဲသို့ ရောက်လာသည်။

"ရှီမျိုးနွယ်ရဲ့ မိသားစုခေါင်းဆောင်... မင်းအတွက် ငါ့မှာ လက်ဆောင်တစ်ခုရှိတယ်"

ထိုသို့ပြောပြီး ရွှယ်အန်းသည် ရုတ်တရက် နဂါးကြီး ပစ်ပေးလိုက်သည်။ ရွှယ်အန်းကြောင့် အရိုးအားလုံး ကြေမွသွားခဲ့သော လုံအာသည် အော်ဟစ်ကာ ပစ်လွှတ်ခံလိုက်ရသည်။ ရှီတုန် တစ်ကိုယ်လုံး တုန်ယင်လာပြီး လှည့်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် ရွှယ်အန်းမှ အားကုန်သုံးကာ ပစ်လွှတ်လိုက်သော လုံအာကို သူ ဘယ်လိုလုပ်ရှောင်နိုင်မည်နည်း။

ပြင်းထန်သော တိုက်မိသံကြီးမှာ ကျယ်လောင်စွာထွက်လာသည်။

ဗုံးတစ်လုံးကဲ့သို့ ကြီးမား မာကျောသော လုံအာ၏ ခန္ဓာကိုယ်သည် ရှီမျိုးနွယ်အိမ်တော်ကိုပင် တော်တော်များများ ဖျက်ဆီးပစ်လိုက်သည်။ သို့သော် လွန်ခဲ့သောနှစ်နှစ်အတွင်း ကျင့်ကြံမှုအဆင့် တိုးတက်လာခဲ့သော ရှီတုန်သည် ထိုထိခိုက်မှုကြောင့် သွေးအန်ခဲ့ရသော်လည်း နေရာတွင်ပင် သေဆုံးသွားခြင်းမရှိပေ။ သို့သော် သူ ဆက်ပြေး၍မရတော့ချေ။ အကြောင်းမှာ သူ့ခန္ဓာကိုယ်အောက်ပိုင်းသည် လုံအာ၏ ပျော့ခွေနေသော ခန္ဓာကိုယ်အောက်တွင် လုံးဝ ကြေမွသွားခဲ့သောကြောင့်ဖြစ်သည်။

ရှီတုန်သည် ပြင်းထန်သော နာကျင်မှုနှင့်အတူ နောင်တကြောင့်ပါ သွေးများ အဆက်မပြတ်အန်ချလာပြီး မသိစိတ်အရ ကောင်းကင်ကိုသာ မော့ကြည့်မိလိုက်သည်။ ထို့နောက် ရွှယ်အန်း၏ပုံရိပ်သည် သူ့အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။ ရှီတုန်၏မျက်လုံးများ အနည်းငယ် လင်းလက်လာပြီး သူ့နှုတ်ခမ်းများမှာ အားနည်းစွာ လှုပ်ရှားသွားသည်။

"သခင်… သခင်ရွှယ်"

သို့သော် ရွှယ်အန်းသည် သူ့ကို ဂရုမစိုက်ဘဲ အနားသို့လျှောက်လာပြီး ထရန်ကြိုးစားနေဆဲဖြစ်သော လုံအာ ခေါင်းပေါ်သို့ တက်နင်းလိုက်သည်။ လုံအာသည် နာကျင်စွာ အကြိမ်အနည်းငယ် ညည်းညူပြီးနောက် တောင်းပန်တော့သည်။

"အရှင် အ...အသက်ကို ချမ်းသာပေးပါ"

"ဒီစကားတွေကို မင်းသတ်ခဲ့တဲ့ သာမန်လူတွေကို သွားပြောလိုက်" ရွှယ်အန်းက အေးစက်စွာပြောသည်။

ထိုသို့ပြောရင်း ရွှယ်အန်းသည် လုံအာ၏ ခေါင်းကို ထိန်းထားပြီး သူ့အခြားလက်တစ်ဖက်သည် ပုဆိန်တစ်လက်ကဲ့သို့ နဂါး၏လည်ပင်းထဲသို့ တိုက်ရိုက်ထိုးစိုက်ဝင်သွားပြီး ရုတ်တရက် ဆွဲထုတ်လိုက်သည်။

လုံအာသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်လည်း တုန်ခါသွားသည်။

သက်တံ့ရောင်အလင်းများ တောက်ပနေသော နဂါးအရွတ်တစ်ချောင်းမှာ ရွှယ်အန်းကြောင့် အတင်းအဓမ္မဆွဲထုတ်ခံလိုက်ရသည်။ နဂါးမျိုးနွယ်သည် ဤအရာကို အကြောက်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကျင့်ကြံမှုအားလုံးသည် ဤနဂါးအရွတ်ထဲတွင် စုစည်းနေသောကြောင့်ဖြစ်သည်။

နဂါးအရွတ်ဆုံးရှုံးသွားခြင်းသည် အရာရာပျက်စီးသွားသည်ဟု အဓိပ္ပာယ်ရသည်။

လုံအာက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။

"ဓားကျင့်ကြံသူ... မင်းက ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးရဲတယ်၊ မင်းကို စောင့်နေတာက ကောင်းကင်နဂါးမျိုးနွယ်ရဲ့ အဆုံးမရှိတဲ့ လက်စားချေခြင်းပဲ"

"စိတ်မပူနဲ့၊ အနာဂတ်မှာ ကောင်းကင်နဂါးမျိုးနွယ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး"ရွှယ်အန်း အေးစက်စွာသာ တုံ့ပြန်သည်။

လုံအာလည်း အံ့အားသင့်သွားသည်။

ရွှယ်အန်း၏ မျက်လုံးထဲမှ နတ်ဘုရားအလင်းရောင်သည် ပြင်းထန်စွာ တောက်လောင်လာပြီး မီးလျှံအချို့သည် လုံအာ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ အသားနှင့်သွေးများကို ဝါးမြိုသွားပြီး ဗလာနတ္ထိအဖြစ်သို့ပြောင်းလဲပစ်လိုက်သည်။

"မဟုတ်ဘူး၊ ဒါက…"

လုံအာသည် အလွန်အမင်း ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီးနောက် ခဏအကြာ သူ့အော်သံများသည် ရုတ်တရက် ရပ်တန့်သွားသည်။ မီးလျှံများသည် သူ့ခန္ဓာကိုယ်ကို လုံးဝ ဖုံးလွှမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်းပင် သူ့ကို ဘာမှမရှိတော့သည်အဖြစ်သို့ ပျောက်ကွယ်သွားစေပြီး လေထဲတွင် သွေးအလုံးတစ်ခုသာ ကျန်ခဲ့သည်။

ရှီတုန်သည် အနည်းငယ် တုန်ယင်နေလျက် ထိုမြင်ကွင်းကို ကြည့်နေမိသည်။ မီးလျှံများသည် သူ့ကို ဖြတ်သန်းသွားသော်လည်း အနည်းငယ်မျှ ထိခိုက်စေခြင်း မရှိခဲ့ချေ။

သို့သော် ထိုသို့မြင်လေလေ သူ့တွက် ကြောက်ရွံ့မှုနှင့် နောင်တများ ပို၍ပြည့်လျှံလာလေဖြစ်သည်။

အကယ်၍ သူသာ ထိုစဉ်က သူ့သား၏ အကြံဉာဏ်ကို နားထောင်ပြီး နတ်ဘုရားများနှင့် နတ်ဆိုးများထံ ဦးမညွှတ်ဘဲ ခိုင်မာစွာ ရပ်တည်ခဲ့လျှင် ယခုအချိန်တွင် သခင်ရွှယ်၏လက်အောက်ငယ်သား ဖြစ်နေနိုင်သေးသည်။ သို့သော် ယခုတော့ နောင်တရလည်း မတတ်နိုင်တော့ချေ။

ရှီတုန်သည် သွေးများစွာ ထပ်မံအန်ထုတ်လိုက်ပြီး သူ့မျက်လုံးထဲမှ အလင်းရောင်သည် တဖြည်းဖြည်း မှေးမှိန်သွားသော်လည်း ရွှယ်အန်းကို ကြည့်ရန် မျက်လုံးများကို အတင်းဖွင့်ထားဆဲဖြစ်သည်။ ရွှယ်အန်းသည် သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သွေးလုံးကို လက်ဖြင့်ယူကာ လှည့်ထွက်သွားသည်။

ရှီတုန်၏ ပါးစပ်ထောင့်များမှ သွေးများ ယိုစီးကျနေကာ သူ့မျက်လုံးများထဲတွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

အကယ်၍များ…

ထိုအတွေးပေါ်လာသည်နှင့် ဓားအလင်းတန်းတစ်ခုမှာ သူ့ကို ဖြတ်သန်းသွားပြီး သူ၏တည်ရှိမှုကို လုံးဝ ဖယ်ရှားပစ်လိုက်သည်။

"ဒီအချိန်ရောက်နေတာတောင် မင်းက ပရိယာယ်များဖို့ စဉ်းစားနေတုန်းပဲ၊ မင်းရဲ့သားက အသိတရားရှိလို့သာ မဟုတ်ရင် မင်းတို့ ရှီမျိုးနွယ်တောင်မှ ထာ၀ရပျောက်ကွယ်သွားရလိမ့်မယ်"

ရွှယ်အန်းက ခေါင်းပြန်လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်။ ထိုစဉ် ဖုန်းချောင်စီသည် လမ်းပေါ်သို့ အရူးအမူး ပြေးထွက်လာပြီး ကောင်းကင်ပေါ်မှ ရွှယ်အန်းကို အော်ခေါ်လိုက်သည်။

"ဆရာ၊ သခင်ရွှယ်"

ရွှယ်အန်းသည် စုတ်ပြဲနေသော ဖုန်းချောင်စီနှင့် သူ့နောက်မှ ချီတုံချတုံဖြင့် လိုက်ထွက်လာသော မိန်းကလေးငယ်ကို ကြည့်ကာ အပြုံးတစ်ချက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အရမ်းကောင်းတယ်၊ မင်း ကောင်းကောင်းလုပ်ခဲ့တယ်"

ဖုန်းချောင်စီသည် ဝမ်းသာလွန်းသောကြောင့် မျက်ရည်များကျလာပြီး သူ သည်းခံခဲ့ရသော အရှက်တရားများအားလုံးလည်း အဆုံးတွင် ထိုက်တန်လာသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူသည် လေးစားမှုအပြည့်ဖြင့် ဦးညွှတ်လိုက်သည်။

"ဆရာ မြို့ကို ဒုက္ခပေးနေတဲ့ နတ်ဆိုးတွေကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

ရွှယ်အန်းက ပေါ့ပါးစွာ ပြုံးလိုက်သည်။

"ထတော့"

"ဟုတ်ကဲ့"

ဖုန်းချောင်စီ စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်သည်။

"ဆရာ၊ ရှီမျိုးနွယ်ရဲ့ ပုန်ကန်မှုက ရှီတုန် တစ်ယောက်တည်းရဲ့ အကြံပါ၊ ဒါက ရှီမျိုးနွယ်ကို ကိုယ်စားမပြုပါဘူး၊ အထူးသဖြင့်… ရှီဟောက်က"

ရွှယ်အန်း လက်ခါပြလိုက်သည်။

"ငါသိတယ်၊ ဒါကြောင့် ရှီမျိုးနွယ်ရဲ့ တခြား လူတွေကို ငါမတိုက်ခိုက်ဘူး၊ အခု စီရင်စုမြို့တော်က နတ်ဆိုးတွေ ရှင်းလင်းသွားပြီဆိုတော့ အခြေအနေကို မင်းနဲ့ ရှီဟောက်တို့နှစ်ယောက် ပေါင်းပြီးထိန်းချုပ်ရမယ်၊ နားလည်လား..."

ဖုန်းချောင်စီ၏ မျက်နှာအမူအရာလည်း တည်ကြည်သွားသည်။

"နားလည်ပါပြီ"

ထို့နောက် သူသည် တိုးညင်းစွာ မေးလိုက်သည်။

"ဆရာ၊ နောက်ထက်ဘယ်ကို သွားမှာလဲ"

ရွှယ်အန်း ပေါ့ပါးစွာပြောလိုက်သည်။

"ငါ့လက်အောက်ငယ်သားတစ်ယောက် ရှန်းကျန်းမှာ သေသွားခဲ့တယ်၊ ငါ့လူကို ဘယ်သူ သတ်ရဲလဲဆိုတာ သွားကြည့်မလို့လေ"

ထိုသို့ပြောပြီး ရွှယ်အန်းသည် ကောင်းကင်သို့ ပျံတက်သွားကာ အန်းယန်ကိုပါ ခေါ်ဆောင်လျက် ပျံသန်းသွားသည်။

ဖုန်းချောင်စီသည် နေရာတွင်ပင်ရပ်ကာ ဝေးကွာသွားသော ရွှယ်အန်း၏ပုံရိပ်ကို ငေးမောစွာ ကြည့်နေမိသည်။

ဖုန်းချောင်စီ ကယ်တင်ခဲ့သော မိန်းကလေးငယ်သည် ခပ်တိုးတိုးမေးလာသည်။

"အစ်ကိုကြီး၊ သူ…သူက နတ်ဘုရားလား"

ဖုန်းချောင်စီက ခေါင်းကို ပြတ်သားစွာ ခါယမ်းလိုက်သည်။

"မဟုတ်ဘူး၊ ဆရာက နတ်ဘုရားထက်တောင် ပိုပြီး အစွမ်းထက်တယ်"

ထို့နောက် သူသည် လှပသော မိန်းကလေးဘက်သို့ လှည့်ကာ အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။

"မင်္ဂလာပါ၊ ကျွန်တော့်နာမည် ဖုန်းချောင်စီလို့ခေါ်ပါတယ်၊ တွေ့ရတာ ဝမ်းသာပါတယ်"

တစ်ချိန်တည်းမှာပင်...

ပင်လယ်ဆိပ်ကမ်းမြို့ ရှန်းကျန်းသို့ သွားရာလမ်းတွင် ရွှယ်အန်းသည် အန်းယန်ကို တောက်ပလင်းလက်နေသော ဆံထိုးတစ်ခု ပေးလိုက်သည်။

"ဒါက ဘာလဲ"

အန်းယန် အနည်းငယ် အံ့အားသင့်စွာဖြင့် ယူကာ မေးလိုက်သည်။

"ဘာလို့ထင်လဲ"

"ရှင်က ကျွန်မ မခန့်မှန်းနိုင်ဘူးလို့ ထင်နေတာလား"

အန်းယန်က စနောက်လာကာ လျှာထုတ်ပြလိုက်သည်။

"ဟုတ်တယ်"

ရွှယ်အန်းသည် အန်းယန်၏ နှာခေါင်းကို ချစ်စနိုးပွတ်လိုက်ပြီး ပြုံးကာပြောသည်။

"ဒါက ဟိုကောင် လုံအာရဲ့ နဂါးအရွတ်နဲ့ လုပ်ထားတာ၊ စမ်းထိုးကြည့်လိုက်"

အန်းယန်သည် အနည်းငယ် ရှက်သွေးဖြန်းသွားကာ ဆံပင်ကို စုစည်းလိုက်ပြီး ဆံထိုးကို ထိုးစိုက်လိုက်သည်။

ထိုအလင်းရောင်များ၏ တောက်ပမှုအောက်တွင် အန်းယန်သည် ပိုလို့ပင် အံ့မခန်း လှပနေသည်။

ရွှယ်အန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ကို့ဇနီးက တကယ့်ကို လှတာပဲ"

ရွှယ်အန်းသာ ကောင်းကင်နဂါးမျိုးနွယ်၏ နဂါးအရွတ်ကို ဆံထိုးအဖြစ် ပြောင်းလဲလိုက်သည်ကို တစ်စုံတစ်ယောက်သာ သိခဲ့ပါလျှင် ဤသို့ ရတနာတစ်ခုကို ဖြုန်းတီးခြင်းအတွက် အံ့ဩမိကြမှာသေချာသည်။

သို့သော် မတက်နိုင်ပေ။ သူ့ကဲ့သို့ နတ်ဘုရားတစ်ပါးသည် သူ့ဇနီးကို အလိုလိုက်သည့်အချိန်တွင် ထင်ရာစိုင်းတတ်သည်။ ထို့နောက် ရွှယ်အန်းသည် သွေးအလုံးတစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါကရောဘာလဲ"

အန်းယန်က စပ်စုစွာ မေးလာသည်။ သူမ၏ အမြင်တွင် သူမခင်ပွန်းသည် အမြဲတမ်း ထူးဆန်းအံ့ဩဖွယ်ရာ အရာများစွာကို ပိုင်ဆိုင်ထားသည်။

"ဒါက နဂါးအသည်းလေ"

အန်းယန် ခဏရပ်သွားပြီး အံ့ဩစွာ မေးလိုက်သည်။

"ဒါက နဂါးအသည်းကြီးလား"

"ဟုတ်တယ်၊ မင်းက နဂါးအသည်းကို ဝက်အသည်းလိုမျိုး အသားတုံးတစ်ခုလို့ ထင်နေတာလား"

ရွှယ်အန်းက ရယ်မောလျက် ပြောလိုက်သည်။

အန်းယန်လည်း ရယ်လိုက်သည်။

"ကျွန်မ အစကတော့ တကယ်ပဲ အဲ့လိုထင်တာ၊ ဒါပေမဲ့ ဒါကို စားလို့ရလား"

"နဂါးအသည်းနဲ့ ဖီးနစ်ခြင်ဆီက စကြဝဠာ ပေါင်းများစွာမှာ တော်တော်လေး နာမည်ကြီးတဲ့ ဟင်းလျာတစ်ခုပဲ၊ စားလို့ရတာပေါ့၊ ဒီအမှိုက်တွေကို ရှင်းလင်းပြီးရင် ကိုယ် မင်းအတွက် ချက်ကျွေးမယ်"

"အွန်း"

အန်းယန် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

All Chapters