← Chapters

နတ်ဆိုးကို ဟန့်တားရန် သေခြင်းကိုရွေးချယ်ခြင်း

Vol. 45 Ch. 662

နတ်ဆိုးကို ဟန့်တားရန် သေခြင်းကိုရွေးချယ်ခြင်း

Vol. 45 Ch. 662

ရှန်းကျန်းဆိပ်ကမ်းတွင်

တစ်ချိန်က စည်ကားခဲ့သော မြို့တော်သည် ယခုအခါ တစ္ဆေမြို့တော်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့အပြင် မြို့၏အစွန်အဖျားများတွင် မည်သူမျှမဝင်ရောက်နိုင်စေရန် တင်းကျပ်စွာ တားဆီးထားသော သတိပေးစည်းများကို အလွှာလိုက် ထူထပ်စွာတပ်ဆင်ထားသည်။

ထိုအချိန်တွင် မြို့လယ်ခေါင်တွင်မူ…

ဤနေရာတွင် ကြီးမားသော အနက်ရောင်စွမ်းအင်လုံးတစ်ခုသည် ဖြည်းညှင်းစွာ တုန်ခါနေပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပိုအားပြင်းလာသည်။ အဆုံးတွင် မြို့တစ်မြို့လုံးတွင် ဤအလုံး၏ တုန်ခါသံများမှာ ပဲ့တင်ထပ်နေသည်။

...

စုန်ယိသည် မြေပြင်ပေါ်တွင် ထိုင်နေလျက် သူ့မျက်နှာသည် ပြာနှမ်းနေကာ လက်ထဲရှိ မှော်ပစ္စည်းများမှာလည်း ကုန်လုနီးပါးဖြစ်နေသည်။

ထို့နောက်...

အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

မကြာမီကမှ တည်ဆောက်ထားသော ဖုန်းရွှေအစီအရင်သည် တစ်ဖန်ပြန်၍ ပျက်စီးသွားပြန်သည်။ စုန်ယိ၏ ပါးစပ်ထောင့်များမှ သွေးများ စိမ့်ထွက်လာပြန်သည်။ သို့သော် သူသည် လက်ထဲတွင် ကျန်ရှိနေသော ဖုန်းရွှေမှော်ပစ္စည်းများကို ပြန်လည်ဖွဲ့စည်းရန် တွန့်ဆုတ်မနေခဲ့ပေ။ အစီအရင် ပြီးဆုံးသွားသည်နှင့် အနက်ရောင်စွမ်းအင်အစုအဝေးသည် ခဏတာ ကျုံ့ဝင်သွားပြီး အတွင်းမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"စုန်ယိ ငါ လွတ်လာတာနဲ့ မင်းကို မြုပ်စရာမြေမရှိအောင် လုပ်ပစ်မယ်"

စုန်ယိ၏မျက်နှာသည် အနည်းငယ် ပြေလျော့သွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ငါ စုန်ယိ အသက်ရှင်နေသရွေ့ မင်း ပြန်လည်မွေးဖွားလာဖို့ စိတ်ကူးမယဉ်နဲ့"

"ဟားဟား မင်းရဲ့ မှော်ပစ္စည်းတွေ ကုန်သွားပြီလေ၊ မင်းက ဘာသုံးပြီး ငါ့ကို ချုပ်နှောင်မှာလဲ"

စုန်ယိသည် ခဏတာ တိတ်ဆိတ်သွားသည်။

"ငါ့မှာ မှော်ပစ္စည်း မရှိတော့ဘူးလို့ ဘယ်သူပြောလဲ"

"ဟားဟား ငါ့ကို လာဟန်ဆောင်မနေနဲ့၊ ငါဆိုတဲ့ ကြီးမြတ်တဲ့နတ်ဘုရားက ကောင်းကင်နဲ့ မြေကြီးကြားမှာ အမြင့်မြတ်ဆုံး နတ်ဆိုးတွေထဲက တစ်ပါးပဲ၊ မင်းလို ဖုန်းရွှေဆရာလေးတစ်ယောက်က ငါ့ကို ဘယ်လိုလုပ် ချည်နှောင်နိုင်မှာလဲ၊ ငါ့အတွက် ပျက်စီးသွားစမ်း"

ထို ဒေါသတကြီး အော်ဟစ်သံနှင့်အတူ အသစ်တည်ဆောက်လိုက်သော ဖုန်းရွှေအစီအရင်သည် ပြင်းထန်စွာ တုန်ခါလာပြီး ပြိုလဲလုနီးပါး ဖြစ်နေသည်။ စုန်ယိ၏ မျက်လုံးများထဲတွင် ပြတ်သားသော အရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး ဖုန်းရွှေစာလုံးများ ထွင်းထုထားသော ဓားငယ်တစ်ချောင်းကို မြှောက်ကာ သူ့ရင်ဘတ်သူ တိုက်ရိုက်ထိုးစိုက်လိုက်သည်။

ဇွက်

ဓားသည် စိုက်ဝင်သွားသည်။ သို့သော် သွေးတစ်စက်မှ ထွက်မလာဘဲ စုန်ယိ၏ မျက်နှာရောင်သည် သိသိသာသာ ဆိုးရွားလာသည်။

"စုန်ယိ မင်း ဘာလုပ်မလို့လဲ"

နတ်ဘုရားသည် အံ့ဩမှုနှင့် ဒေါသကြောင့် မေးလိုက်သည်။

စုန်ယိသည် စကားပြန်မပြောဘဲ တုန်ယင်နေသော လက်များဖြင့် သူ့ရင်ဘတ်ထဲမှ ဓားငယ်ကို ဆွဲထုတ်လိုက်သည်။ မူလငွေရောင်ဓားသွားသည် ယခုအခါ နီရဲသောအရောင်သို့ ပြောင်းသွားကာ ၎င်းကို ဖုန်းရွှေအစီအရင်အလယ်ဗဟိုသို့ ထိုးစိုက်လိုက်သည်။ သူ ဓားကို ထိုးစိုက်လိုက်သည်နှင့် ပြိုလဲလုနီးပါး ဖြစ်နေသော ဖုန်းရွှေအစီအရင်သည် ချက်ချင်းခိုင်မာသွားပြီး ဖုန်းရွှေကြိုးများသည် အနက်ရောင်အလုံးကို တိုက်ရိုက် ချည်နှောင်လိုက်သည်။

"အား! စုန်ယိ၊ မင်းက မင်းရဲ့ကိုယ်ပိုင်အသက်သွေးကို အသုံးပြုနေတာပဲ၊ မင်းရဲ့ဝိညာဉ် လုံးဝပျက်သုဉ်းသွားမှာ မကြောက်ဘူးလားကွ"

နတ်ဘုရားသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

စုန်ယိ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသည်။

"ငါ စုန်ယိမှာ တခြားအရည်အချင်းမရှိဘူး၊ ငါ့မှာ ရဲစွမ်းသတ္တိရှိတဲ့ ဒီသွေးပဲရှိတယ်"

"ဒါကြောင့် ငါအသက်ရှင်နေသရွေ့ မင်းကို ဘယ်တော့မှ ထွက်လာခွင့်ပေးမှာ မဟုတ်ဘူး"

"စုန်ယိ၊ မင်းဒီလိုလုပ်လို့ ဘာအဓိပ္ပာယ်ရှိမှာလဲ၊ မင်းသေသွားရင် ငါက ချက်ချင်းပဲ လူ့လောကကို ပြန်လာနိုင်တယ်"

နတ်ဘုရားသည် လှောင်ရယ်လိုက်သည်။

"အဓိပ္ပာယ်လား" စုန်ယိက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"အဓိပ္ပာယ်ရှိရှိမရှိရှိ ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ သခင်က ငါ့ကို ရှန်းကျန်းဆိပ်ကမ်းကို စောင့်ရှောက်ဖို့ ညွှန်ကြားခဲ့တဲ့အတွက် ငါ့မှာ အသက်တစ်ရှိုက်ပဲကျန်တော့ရင်တောင် လက်မလျှော့ဘူး"

"ဒါက ငါ့ရဲ့အဓိပ္ပာယ်ပဲ"

"ဟားဟား တကယ့်ကို ထိလိုက်တဲ့စကားပဲ၊ ကောင်းပြီလေ၊ ဒီနေ့ ငါမင်းစကားကို တည်အောင်လုပ်ပေးမယ်"

ထိုသို့ပြောရင်း အနက်ရောင်အလုံးသည် ပြင်းထန်စွာ တုန်ခါလာကာ ၎င်းကို ချည်နှောင်ထားသော ကြိုးများလည်း တုန်ခါလာသည်။

စုန်ယိ အံ့အားသင့်သွားသည်။

"ဘာဖြစ်တာလဲ၊ မင်းရဲ့စွမ်းအားက ဘာလို့ ရုတ်တရက် ဒီလောက်တောင် တိုးလာရတာလဲ"

"ဟားဟား ဘာလို့လဲဆို ငါ့ကို သခင်အဖြစ် ကိုးကွယ်တဲ့ ယုံကြည်သူတွေရှိလို့ပဲကွ"

နတ်ဘုရားလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရယ်သံများလည်း တရိပ်ရိပ် ကျယ်လောင်လာကာ နန်ယန်ရှိဘုရားကျောင်းရှိ နတ်ဘုရားအစေခံများသည် သာမန်လူများအား သတ်ဖြတ်သည့်အရှိန်လည်း ပိုမြန်လာသည်။ သွေးနှင့် ဝိညာဉ်များကို နတ်ဘုရားရုပ်တုဆီ ပူဇော်ရန် လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် နတ်ဘုရားထံသို့ တိုက်ရိုက်ပြန်လည်ပို့ဆောင်ပေးသည့်အချိန် ရှန်းကျန်းဆိပ်ကမ်းရှိ သူ့မူလခန္ဓာကိုယ်ထဲသို့ ရောက်လာသည်။

စုန်ယိ၏ မျက်နှာသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဖြူဖျော့သွားပြီး သူ့ တစ်ကိုယ်လုံးရှိ သွေးနှင့် ချီစွမ်းအင်များသည် အဆက်မပြတ်တုန်ခါနေသော ဖုန်းရွှေအစီအရင်ကြောင့် မတည်ငြိမ်နိုင်တော့ချေ။

"စုန်ယိ မင်း ဒီမြို့က သာမန်လူတွေကို ရွှေ့ပြောင်းပေးခဲ့ပြီး ငါ့ကို ချိပ်ပိတ်ဖို့ မင်းရဲ့အသက်ကိုတောင် ရင်းဖို့ ပြင်ဆင်ခဲ့ပေမဲ့ ငါ့မှာ ဒီလိုအကွက်ရှိမယ်လို့ မင်း ဘယ်တော့မှ မမျှော်လင့်ခဲ့ဘူးမလား၊ ဟားဟားဟား... ငါပြန်ရှင်လာမယ့်နေ့က မင်းတို့လို ယုတ်ညံ့တဲ့ သာမန်လူတွေအားလုံးရဲ့ အဆုံးသတ်ပဲ"

စုန်ယိသည် နတ်ဘုရား၏ ဝါကြွားသော စကားများကို နားထောင်လျက် သူ့ခန္ဓာကိုယ်မှ သွေးများ အမြောက်အမြား စတင်စီးကျလာသည်။ ၎င်းသည် သူ၏ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လက္ခဏာပင်ဖြစ်သည်။

အဆုံးတွင် သူသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။

"အရှင်သခင်... ဒီစုန့်က ရှန်းကျန်းကို မကာကွယ်နိုင်ခဲ့တဲ့အတွက် ရှက်ရွံ့မိပါတယ်၊ ကျွန်တော့် သေဆုံးခြင်းနဲ့ နတ်ဆိုးတွေကို တားဖို့ ဆန္ဒရှိပါတယ်"

ထိုသို့ပြောပြီးနောက် စုန့်ရိသည် သူ့ နောက်ဆုံးသွေးအနှစ်ကို အသုံးပြုကာ ချိပ်ပိတ်ရန် အသင့်ဖြစ်နေသည်။

ထိုအချိန်တွင်ပင် လွှမ်းမိုးနိုင်လောက်အောင် ခန့်ညားထည်ဝါသော ဖုန်းရွှေစွမ်းအင်တစ်ခုသည် ရုတ်တရက်ပေါ်ထွက်လာပြီး ဖုန်းရွှေအစီအရင်ထဲသို့ စိမ့်ဝင်သွားသည်။

ပြိုလဲလုနီးပါး ဖြစ်နေသော ဖုန်းရွှေအစီအရင်သည် ချက်ချင်းပင် ထိုက်တောင်အလား ခိုင်ခံ့သွားသည်။

ထိုကြီးမားသော အနက်ရောင်အလုံးကြီးသည်လည်း နာကျင်စွာ အော်ဟစ်လိုက်ပြီး ထက်ဝက်ခန့် ပျက်ဆီးသွားသည်။

"ဘယ်သူလဲကွ!"

နတ်ဘုရားလည်း အံ့ဩတကြီး ဒေါသဖြင့် အော်လိုက်သည်။ ထိုစဥ် တည်ငြိမ်သောအသံတစ်ခုမှာ အနီးတစ်နေရာမှ ထွက်လာသည်။

"စုန်ယိ... မင်း နောက်ဆုတ်လိုက်"

စုန်ယိ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီးနောက် အံ့ဩစွာဖြင့် ခေါင်းလှည့်ကြည့်မိလိုက်သည်။

သူ့ အဝေးတစ်နေရာရှိ အဆောက်အအုံတစ်ခု၏ ထိပ်တွင် ရွှယ်အန်းသည် သူ့အား တည်ငြိမ်စွာ ထိုင်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူ့နောက်တွင် ရပ်နေသူမှာ အန်းယန်မှလွဲ၍ အခြားသူမဟုတ်ချေ။

"သခင်လား"

စုန်ယိသည် မယုံကြည်နိုင်သေးပဲ အိပ်မက်ဟုပင်ထင်နေမိသည်။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းတို့ပုံရိပ်များသည် အဆောက်အအုံထိပ်မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ၎င်းတို့ ပြန်ပေါ်လာသည့်အခါ စုန်ယိ၏ ဘေးတွင် ရောက်နေပြီဖြစ်သည်။

"မင်းကောင်းကောင်းလုပ်ခဲ့တယ်"

ရွှယ်အန်းသည် ညင်သာစွာ ပြောလိုက်သည်။

စုန်ယိသည် အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏အမြင်အာရုံများ ဝေဝါးလာသည်ကို ခံစားလိုက်ရသော်လည်း လေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

ရွှယ်အန်းသည် အနက်ရောင်အလုံး မော့ကြည့်လိုက်သည်။

"ဒါက သာ့နျိုကို သတ်ခဲ့တဲ့ နတ်ဘုရားလား"

စုန်ယိ ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် နတ်ဘုရားသည် ဖုန်းရွှေစွမ်းအင်၏ ဖိနှိပ်မှုအောက်တွင် နစ်မြုပ်နေပြီး အနက်ရောင်စွမ်းအင်များသည် သူ့ပတ်လည်တွင် လှိုင်းထနေပြီး နာကျင်စွာ ရုန်းကန်နေသည်။

သူသည် ရွှယ်အန်း၏ အသံနေအသံထားကို ကြားပြီးနောက် စုန်ယိ ခေါ်ဝေါ်ပုံနှင့် ဆက်စပ်ကြည့်လိုက်သောအခါ ပထမတွင် အံ့အားသင့်သွားသော်လည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းက ရွှယ်အန်းလား၊ ငါ့ရဲ့ နတ်သားတော် လုံကွမ်ယွီက မင်းလက်ချက်ကြောင့် သေသွားတာမလား"

လုံကွမ်ယွီဟုတ်လား။

ရွှယ်အန်းလည်း မျက်မှောင်အနည်းငယ်ကြုံ့လိုက်ပြီးနောက် မကြာမီပင် ပြန်သတိရသွားကာ အပြုံးဖြင့် ပြောလိုက်သည်။

"ဟုတ်တော့ရော ဘာဖြစ်လဲ"

"ဒီလောက်လေးနဲ့ ငါ့ကို ဖိနှိပ်နိုင်မယ်လို့ မထင်နဲ့၊ ငါ့နတ်သားတော်အတွက် လက်စားချေဖို့ မင်းကို သတ်ပစ်မယ်"

နတ်ဘုရားလည်း ကျယ်လောင်စွာပြောလိုက်သည်။

ထိုအချိန်တွင် နန်ယန်ရှိ ဘုရားကျောင်းများတွင် နတ်အရာရှိများနှင့် သာမန်လူအားလုံးသည် မြည်သံကြီးတစ်ခုနှင့်အတူ သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး ပူဇော်ပစ္စည်းများ ဖြစ်သွားကြသည်။

ဤအားကောင်းသော စွမ်းအားကို လက်ခံရရှိပြီးနောက် အနက်ရောင်အလုံးသည် ပိုလို့ပင်လှိုင်းထလာပြီး ကြီးမားလာကာ အသံများအဆက်မပြတ် ထွက်ပေါ်လာပြီး လူတစ်ယောက်၏ ပုံသဏ္ဌာန်သည် ဖြည်းညှင်းစွာ ထင်ရှားလာသည်။

စုန်ယိသည် တုန်လှုပ်သွားပြီးနောက် တည်ကြည်စွာ ပြောလိုက်သည်။

"သခင် အဲ့နတ်ဆိုးက လူတွေရဲ့ နှလုံးသားထဲက ကြောက်ရွံ့မှုနဲ့ လောဘကို စားသုံးတဲ့သူပဲ၊ သူက အရမ်းကို လှည့်စားတတ်သလို သတ်ရလည်းခက်တယ်၊ သူသာ ဒီလောကထဲကို ပြန်ရောက်လာရင် အဆုံးမရှိတဲ့ ဘေးဒုက္ခကို ယူဆောင်လာပါလိမ့်မယ်"

ရွှယ်အန်းက အေးစက်စွာ ဆိုလိုက်သည်။

"ကြောက်ရွံ့မှုနဲ့ လောဘလားကွ။ ဟား... ဒီနေ့ ငါသူ့ကို ကြောက်ရွံ့မှုဆိုတာ ဘာလဲဆိုတာပြမယ်"

တစ်ချိန်တည်းမှာပင် နတ်ဘုရား၏ ပုံရိပ်သည် အနက်ရောင်မြူများထဲမှ နာကျင်စွာ ထွက်ပေါ်လာပြီး သူ၏ ခန့်ညားသော နတ်ဘုရားမျက်နှာသည် ဆိုးယုတ်သော အပြုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

"မင်း…"

သူစကားမဆုံးမီမှာပင် သူ၏ခေါင်းပေါ်သို့ မည်သည့်အချိန်ရောက်ရှိနေမှန်းမသိသော ရွှယ်အန်းသည် လက်သီးဖြင့် ထိုးလာခဲ့သည်။

ခွက်

ကြွား၀ါခွင့်ပင် မရလိုက်ချိန် အသစ်ဖွဲ့စည်းထားသောနတ်ဘုရားသည် မြေကြီးထဲသို့ စိုက်ဝင်သွားသည်။

ထို့နောက် ရွှယ်အန်းသည် မြေပေါ်သို့ ဆင်းသက်လာပြီး ထပ်လှုပ်ရှားရန် ခွင့်မပြုဘဲ နတ်ဘုရားကို မြေကြီးထဲမှ ဆွဲထုတ်လိုက်သည်။

နတ်ဘုရားသည် သူ့လက်သီးကြောင့် မူးဝေနေပြီး ဤအခြေအနေကို နားလည်ရန် ရုန်းကန်နေရသည်။

ရွှယ်အန်းသည် အေးစက်သော မျက်နှာထားဖြင့် နောက်တစ်ချက် ထပ်ထိုးလိုက်သည်

နတ်ဘုရား၏ ဦးခေါင်းမှာ ကြေမွသွားသည်။ အနက်ရောင်မြူများလည်း ချက်ချင်း ပျံ့နှံ့လာသည်။ ပုံရိပ်တစ်ခုသည် ၎င်းထဲမှ လွတ်မြောက်ရန် ကြိုးစားနေသည်။

ရွှယ်အန်းကအေးစက်စွာ ပြောလိုက်သည်။

"ငါ့လူကို သေအောင်လုပ်ပြီးမှ မင်းထွက်ပြေးလို့ရမယ်ထင်နေလား၊ ဒီနေ့... မင်းရဲ့ဝိညာဉ်ကို သန့်စင်ပြီး သာ့နျိုကို ပြန်အသက်သွင်းမယ်"

All Chapters